ဘာလို့ယားယံတာကိုခံစားရတာလဲ?
-
0:07 - 0:10သင်ဟာဂိုးတိုင်ရှေ့မှာရပ်နေပြီး
ဂိုးစောင့်နေတယ်ဆိုပါစို့ -
0:10 - 0:14အဲ့အချိန်မှာ ခေါင်းနောက်ဘက်ကနေ
အရမ်းယားလာရင်ဘာလုပ်မလဲ -
0:14 - 0:18ကျွန်တော်တို့အားလုံးဒီလိုယားယံမှုတွေကို
ခံစားရဖူးမှာပါ -
0:18 - 0:23သင်ရောဘယ်ဖြစ်လို့ဒီလိုယားယံရလဲဆိုတာ
သေချာအလေးထားစဉ်းစားခဲ့ဖူးလား -
0:23 - 0:28လူတစ်ယောက်ကတစ်နေ့ကိုအခါပေါင်းများစွာ
ယားယံမှုကိုခံစားရပါတယ် -
0:28 - 0:30ဒီလိုယားယံမှုတွေက
-
0:30 - 0:32ဓာတ်မတည့်တာ
-
0:32 - 0:33အသားအရည်ခြောက်တာနဲ့
-
0:33 - 0:35ရောဂါတချို့ကြောင့်လဲဖြစ်နိုင်ပါတယ်
-
0:35 - 0:39နောက်ပြီး
-
0:39 - 0:42ဒါမှမဟုတ်ယားယံမှုအကြောင်း
ပြောနေရင်းနဲ့ပေါ့ -
0:42 - 0:46သင်ရောအခုခေါင်းကုတ်နေပြီမဟုတ်လား
-
0:46 - 0:50ဘယ်လိုပဲဖြစ်ဖြစ် အဓိကအကြောင်းအရင်းဖြစ်တဲ့
အကောင်ကိုက်တာကိုပဲကြည့်လိုက်ရအောင် -
0:50 - 0:51သင့်ကိုခြင်ကိုက်လိုက်တဲ့အခါ
-
0:51 - 0:56သင့်ခန္ဒာကိုယ်ထဲကို anticoagulant ခေါ်
သွေးခဲတာကိုရပ်တန့်စေတဲ့ -
0:56 - 0:59ဒြပ်ပေါင်းတစ်မျိုးကိုထိုးသွင်းလိုက်ပါတယ်
-
0:59 - 1:01ဒီဒြပ်ပေါင်းက
အသေးစားဓာတ်မတည့်မှုကိုဖြစ်စေပြီး -
1:01 - 1:04ဆံခြည်မျှင်သွေးကြောတွေကိုဖောင်းလာစေတဲ့
-
1:04 - 1:07Histamine ထုတ်လုပ်မှုကိုလဲ
အားပေးပါတယ် -
1:07 - 1:09သွေးကြောဖောင်းလာတာနဲ့အမျှ
-
1:09 - 1:12သွေးစီးဆင်းမှုကိုများလာပြီး
ခန္ဒာကိုယ်ရဲ့ခုခံအားစနစ်ကို -
1:12 - 1:14ခြင်ကိုက်ခံရတဲ့နေရာမှာ
တုန့်ပြန်မှုဖြစ်စေပါတယ် -
1:14 - 1:16ဒါကြောင့်
အသားမှာအဖုတွေဖြစ်လာတာပါ -
1:16 - 1:20တခါတလေပန်းဝတ်မှုန်တွေကြောင့်
မျက်လုံးဖောင်းလာတာလဲဒီအချက်ကြောင့်ပါပဲ -
1:20 - 1:24Histamine ကယားယံခြင်းကိုဖြစ်စေတဲ့
အာရုံကြောကိုလှုံဆော်စေတဲ့အတွက် -
1:24 - 1:28အကောင်တွေကိုက်တဲ့အခါ
ကျွန်တော်တို့ကုတ်နေရတာသူ့ကြောင့်ပါပဲ -
1:28 - 1:32ဒါပေမယ့်ယားယံတဲ့ခံစားမှုနဲ့ပိတ်သက်ပြီး
ဘယ်သူမှာသေသေချာချာမသိကြသေးပါဘူး -
1:32 - 1:33ကျွန်တော်တို့ဒီလေ့လာမှုကို
-
1:33 - 1:38ကြွက်တွေမှာပါစမ်းသပ်ခဲ့ကြပါသေးတယ်
-
1:38 - 1:41လေ့လာချက်အရ သူတို့ရဲ့ကိုယ်ကယားယံမှုကို
-
1:41 - 1:47နာကျင်ခြင်းနဲ့ပတ်သက်တဲ့အာရုံကြောအခွဲကနေ
တစ်ဆင့်အချက်ပေးပြီးသယ်ဆောင်သွားလေ့ရှိပါတယ် -
1:47 - 1:53ဒီအာရုံကြောအခွဲကnatriuretic polypetide B
မော်လီကျူးတစ်မျိုးကိုထုတ်လုပ်တယ်၊ -
1:53 - 1:57ဒါက ကျောရိုးကတဆင့်ဦးနှောက်ထဲရောက်အောင်
အချက်အလက်ပေးပို့ပေးပါတယ် -
1:57 - 2:01အဲဒီမှာ ယားယံတဲ့ခံစားမှုဖြစ်ပေါ်လာတာပါ
-
2:01 - 2:04ယားယံတဲ့နေရာတွေကို လက်နဲ့ဖြစ်ဖြစ်
ကုတ်လိုက်တဲ့အခါ -
2:04 - 2:10ဒီအချက်အလက်ပေးမှုကလျော့နည်းသွားပြီး
ယားယံတဲ့ခံစားချက်ကိုသက်သာစေပါတယ် -
2:10 - 2:15သက်သာတဲ့ခံစားမှုကိုဖန်တီးပေးတဲ့
နှောင့်ယှက်မှုတစ်ခုဆိုလဲမမှားပါဘူး -
2:15 - 2:20ဒါပေမဲ့ ယားယံတာနဲ့ပတ်သက်ပြီး
အခြားရည်ရွယ်ချက်ရှိလား ဒါမှမဟုတ် -
2:20 - 2:23တမင်ကျွန်တော်တို့ကိုနှောင့်ယှက်ဖို့
သက်သက်ပဲလား -
2:23 - 2:28နောက်ဆုံးယူဆချက်အရကျွန်တော်တိုရဲ့အရေပြားက
အထိအတွေ့ကိုသာမက -
2:28 - 2:32အပြင်ပတ်ဝန်းကျင်ကအရာတွေနဲ့
လိုက်လျောညီထွေအောင်ဖန်တီးထားတာပါ -
2:32 - 2:33သေချာစဉ်းစားကြည့်ပါ
-
2:33 - 2:37မသိစိတ်ကကုတ်လိုက်တဲ့တုန့်ပြန်မှုက
-
2:37 - 2:40အဆိပ်ရှိတဲ့ဆူးတွေ
-
2:40 - 2:41ကိုက်တတ်တဲ့ပိုးမွှားတွေနဲ့
-
2:41 - 2:43အဆိပ်ပင်ရဲ့အစိတ်အပိုင်းတွေ
-
2:43 - 2:46စတာတွေကိုအရေပြားပေါ်ကနေ
ဖယ်ထုတ်လိုက်သလိုဖြစ်စေပါတယ် -
2:46 - 2:49အူလို ခန္ဒာကိုယ်အတွင်းပိုင်းတွေက
ပြင်ပကအနှောင့်အယှက်တွေမရှိတဲ့အတွက် -
2:51 - 2:53ယားယံတာကိုမခံစားရတာပါ
-
2:53 - 2:57ဒီလိုမှမဟုတ်ဘူးဆိုရင်ဘယ်လောက်
ခံရခက်မလဲဆိုတာတွေးကြည့်လိုက်ပါ -
2:57 - 3:01တချို့လူတွေမှာ သာမန်ထက်ပိုတဲ့ယားယံခြင်းကို
ခံစားနေရပြီး -
3:01 - 3:06ဒါဟာကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်
-
3:06 - 3:11ဥပမာတစ်ခုပြောရရင် delusory parasitosis
စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုမှာ -
3:11 - 3:16လူတွေကသူတို့ခန္ဒာကိုယ်ဟာ
ပင့်ကူတွေသန်းတွေတွယ်နေပြီး -
3:16 - 3:18အရေပြားပေါ်နဲ့အောက်တွေမှာ
ပြေးလွှားနေတယ်ထင်နေတဲ့အတွက် -
3:18 - 3:22မရပ်မနားပဲယားယံမှုကိုခံစားနေရပါတယ်
-
3:22 - 3:24နောက်ပြီးခြေထောက်ဖြတ်ထုတ်ထားတဲ့လူနာတွေမှာ
-
3:24 - 3:28ယားယံတဲ့ဝေဒနာတစ်မျိုးခံစားနိုင်ပါတယ်
ဒီလိုခွဲစိတ်ဖြတ်တောက်မှုတွေမှာ -
3:28 - 3:32အာရုံကြောစနစ်ကို
ပြင်းပြင်းထန်ထန်ထိခိုက်နိုင်ပြီး -
3:32 - 3:35အချက်ပေးအာရုံကြောတွေကို
ကမောက်ကမဖြစ်စေတဲ့အတွက် -
3:35 - 3:40ခြေလက်တွေမရှိတော့ပေမယ့်လဲ အဲ့ဒီနေရာတွေမှာ
ယားယံနေသလိုခံစားရစေနိုင်ပါတယ် -
3:40 - 3:45အခုဆိုရင်တော့ဆရာဝန်တွေလဲဒီလိုသာမန်မဟုတ်တဲ့
ယားယံမှုတွေကိုသက်သာအောင်ဆောင်ရွက်နေပါတယ် -
3:45 - 3:49ဒီလိုမျိုးလူနာတွေကို မှန်ရှေ့မှာ
ကျန်ရှိနေတဲ့ခြေလက်တွေကိုကုတ်ခိုင်းပြီး -
3:49 - 3:52သူတို့ကုတ်နေတာကို
မှန်ထဲကနေပြန်ကြည့်ခိုင်းပါတယ် -
3:52 - 3:54ဒါကဦးနှောက်ကို
အမြင်အားဖြင့်လှည့်စားမှုလုပ်ပြီး -
3:54 - 3:59စိတ်ထဲမှာယားယံတာကို
သက်သာသွားစေပါတယ် -
3:59 - 4:02ထူးဆန်းပေမဲ့လည်း
ဒီနည်းကတကယ်အလုပ်ဖြစ်ပါတယ် -
4:02 - 4:06လေ့လာသူတွေကယားယံတာနဲ့ပတ်သက်တဲ့
မျိုးရိုးဗီဇတွေကိုရှာဖွေနေပြီး -
4:06 - 4:09တချို့ပြင်းထန်တဲ့ကိစ္စမျိုးမှာ
အဓိကဖြစ်စေတဲ့အရာတွေကိုပိတ်ပြစ်ပြီး -
4:09 - 4:12ယားယံတာသက်သာအောင်လုပ်တဲ့
ကုသမှုမျိုးကိုရှာဖွေနေကြပါတယ် -
4:12 - 4:17လက်လှမ်းမမှီတဲ့နေရာမျိုးမှာ
ယားယံတာလောက် ခံစားရခက်တာမရှိပါဘူး။ -
4:17 - 4:19Dante က သဘောတူခဲ့တယ်။
-
4:19 - 4:21အီတလီကဗျာဆရာက
ငရဲခန်းတစ်ခုအကြောင်းရေးသားခဲ့တယ်။ -
4:21 - 4:29လူတွေကို ထာဝရ ယားယံတာ ခံစားဖို့
တွင်းတွေထဲထားကာ အပြစ်ပေးတဲ့နေရာပေါ့။
- Title:
- ဘာလို့ယားယံတာကိုခံစားရတာလဲ?
- Speaker:
- Emma Bryce
- Description:
-
အပြည့်အစုံလေ.လာရန်။ /http://ed.ted.com/lessons/why-do-we-itch-emma-bryce
လူတစ်ယောက်ဟာ တစ်နေ့အတွင်း အခါများစွာယားယံခြင်းကို ခံစားရပါတယ်. ကျွန်တော်တို့အားလုံးလဲ ဒီ်လိုနေရခက်တဲ့ယားယံတာမျိုးကိုခံစားရရဖူးပါတယ် — ဒါပေမယ့်ဘာလို့ယားယံရတာလဲဆိုတဲ့အဖြေကိုရော သေချာစဉ်းစားကြဖူးသလား? ဒီလိုယားယံတာက တစ်ခုခုကိုတုန့်ပြန်ဖို့ ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်ဖို့သက်သက်ပဲလား? Emma Bryce ကတော့အခုလိုပဲသေချာလေ့လာပြီးတင်ပြထားပါတယ်
သင်ခန်းစာကို Emma Bryce မှပြုစုပြီး လှုပ်ရှားမှုရုပ်ပုံများကို Sashko Danylenko.က ဖန်တီးပါသည်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:44
sann tint approved Burmese subtitles for Why do we itch? | ||
sann tint edited Burmese subtitles for Why do we itch? | ||
sann tint accepted Burmese subtitles for Why do we itch? | ||
sann tint edited Burmese subtitles for Why do we itch? | ||
sann tint edited Burmese subtitles for Why do we itch? | ||
sann tint edited Burmese subtitles for Why do we itch? | ||
Pyae Phyo Aung edited Burmese subtitles for Why do we itch? | ||
Pyae Phyo Aung edited Burmese subtitles for Why do we itch? |