သင်ဟာဂိုးတိုင်ရှေ့မှာရပ်နေပြီး ဂိုးစောင့်နေတယ်ဆိုပါစို့ အဲ့အချိန်မှာ ခေါင်းနောက်ဘက်ကနေ အရမ်းယားလာရင်ဘာလုပ်မလဲ ကျွန်တော်တို့အားလုံးဒီလိုယားယံမှုတွေကို ခံစားရဖူးမှာပါ သင်ရောဘယ်ဖြစ်လို့ဒီလိုယားယံရလဲဆိုတာ သေချာအလေးထားစဉ်းစားခဲ့ဖူးလား လူတစ်ယောက်ကတစ်နေ့ကိုအခါပေါင်းများစွာ ယားယံမှုကိုခံစားရပါတယ် ဒီလိုယားယံမှုတွေက ဓာတ်မတည့်တာ အသားအရည်ခြောက်တာနဲ့ ရောဂါတချို့ကြောင့်လဲဖြစ်နိုင်ပါတယ် နောက်ပြီး ဒါမှမဟုတ်ယားယံမှုအကြောင်း ပြောနေရင်းနဲ့ပေါ့ သင်ရောအခုခေါင်းကုတ်နေပြီမဟုတ်လား ဘယ်လိုပဲဖြစ်ဖြစ် အဓိကအကြောင်းအရင်းဖြစ်တဲ့ အကောင်ကိုက်တာကိုပဲကြည့်လိုက်ရအောင် သင့်ကိုခြင်ကိုက်လိုက်တဲ့အခါ သင့်ခန္ဒာကိုယ်ထဲကို anticoagulant ခေါ် သွေးခဲတာကိုရပ်တန့်စေတဲ့ ဒြပ်ပေါင်းတစ်မျိုးကိုထိုးသွင်းလိုက်ပါတယ် ဒီဒြပ်ပေါင်းက အသေးစားဓာတ်မတည့်မှုကိုဖြစ်စေပြီး ဆံခြည်မျှင်သွေးကြောတွေကိုဖောင်းလာစေတဲ့ Histamine ထုတ်လုပ်မှုကိုလဲ အားပေးပါတယ် သွေးကြောဖောင်းလာတာနဲ့အမျှ သွေးစီးဆင်းမှုကိုများလာပြီး ခန္ဒာကိုယ်ရဲ့ခုခံအားစနစ်ကို ခြင်ကိုက်ခံရတဲ့နေရာမှာ တုန့်ပြန်မှုဖြစ်စေပါတယ် ဒါကြောင့် အသားမှာအဖုတွေဖြစ်လာတာပါ တခါတလေပန်းဝတ်မှုန်တွေကြောင့် မျက်လုံးဖောင်းလာတာလဲဒီအချက်ကြောင့်ပါပဲ Histamine ကယားယံခြင်းကိုဖြစ်စေတဲ့ အာရုံကြောကိုလှုံဆော်စေတဲ့အတွက် အကောင်တွေကိုက်တဲ့အခါ ကျွန်တော်တို့ကုတ်နေရတာသူ့ကြောင့်ပါပဲ ဒါပေမယ့်ယားယံတဲ့ခံစားမှုနဲ့ပိတ်သက်ပြီး ဘယ်သူမှာသေသေချာချာမသိကြသေးပါဘူး ကျွန်တော်တို့ဒီလေ့လာမှုကို ကြွက်တွေမှာပါစမ်းသပ်ခဲ့ကြပါသေးတယ် လေ့လာချက်အရ သူတို့ရဲ့ကိုယ်ကယားယံမှုကို နာကျင်ခြင်းနဲ့ပတ်သက်တဲ့အာရုံကြောအခွဲကနေ တစ်ဆင့်အချက်ပေးပြီးသယ်ဆောင်သွားလေ့ရှိပါတယ် ဒီအာရုံကြောအခွဲကnatriuretic polypetide B မော်လီကျူးတစ်မျိုးကိုထုတ်လုပ်တယ်၊ ဒါက ကျောရိုးကတဆင့်ဦးနှောက်ထဲရောက်အောင် အချက်အလက်ပေးပို့ပေးပါတယ် အဲဒီမှာ ယားယံတဲ့ခံစားမှုဖြစ်ပေါ်လာတာပါ ယားယံတဲ့နေရာတွေကို လက်နဲ့ဖြစ်ဖြစ် ကုတ်လိုက်တဲ့အခါ ဒီအချက်အလက်ပေးမှုကလျော့နည်းသွားပြီး ယားယံတဲ့ခံစားချက်ကိုသက်သာစေပါတယ် သက်သာတဲ့ခံစားမှုကိုဖန်တီးပေးတဲ့ နှောင့်ယှက်မှုတစ်ခုဆိုလဲမမှားပါဘူး ဒါပေမဲ့ ယားယံတာနဲ့ပတ်သက်ပြီး အခြားရည်ရွယ်ချက်ရှိလား ဒါမှမဟုတ် တမင်ကျွန်တော်တို့ကိုနှောင့်ယှက်ဖို့ သက်သက်ပဲလား နောက်ဆုံးယူဆချက်အရကျွန်တော်တိုရဲ့အရေပြားက အထိအတွေ့ကိုသာမက အပြင်ပတ်ဝန်းကျင်ကအရာတွေနဲ့ လိုက်လျောညီထွေအောင်ဖန်တီးထားတာပါ သေချာစဉ်းစားကြည့်ပါ မသိစိတ်ကကုတ်လိုက်တဲ့တုန့်ပြန်မှုက အဆိပ်ရှိတဲ့ဆူးတွေ ကိုက်တတ်တဲ့ပိုးမွှားတွေနဲ့ အဆိပ်ပင်ရဲ့အစိတ်အပိုင်းတွေ စတာတွေကိုအရေပြားပေါ်ကနေ ဖယ်ထုတ်လိုက်သလိုဖြစ်စေပါတယ် အူလို ခန္ဒာကိုယ်အတွင်းပိုင်းတွေက ပြင်ပကအနှောင့်အယှက်တွေမရှိတဲ့အတွက် ယားယံတာကိုမခံစားရတာပါ ဒီလိုမှမဟုတ်ဘူးဆိုရင်ဘယ်လောက် ခံရခက်မလဲဆိုတာတွေးကြည့်လိုက်ပါ တချို့လူတွေမှာ သာမန်ထက်ပိုတဲ့ယားယံခြင်းကို ခံစားနေရပြီး ဒါဟာကျန်းမာရေးကိုထိခိုက်နိုင်ပါတယ် ဥပမာတစ်ခုပြောရရင် delusory parasitosis စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုမှာ လူတွေကသူတို့ခန္ဒာကိုယ်ဟာ ပင့်ကူတွေသန်းတွေတွယ်နေပြီး အရေပြားပေါ်နဲ့အောက်တွေမှာ ပြေးလွှားနေတယ်ထင်နေတဲ့အတွက် မရပ်မနားပဲယားယံမှုကိုခံစားနေရပါတယ် နောက်ပြီးခြေထောက်ဖြတ်ထုတ်ထားတဲ့လူနာတွေမှာ ယားယံတဲ့ဝေဒနာတစ်မျိုးခံစားနိုင်ပါတယ် ဒီလိုခွဲစိတ်ဖြတ်တောက်မှုတွေမှာ အာရုံကြောစနစ်ကို ပြင်းပြင်းထန်ထန်ထိခိုက်နိုင်ပြီး အချက်ပေးအာရုံကြောတွေကို ကမောက်ကမဖြစ်စေတဲ့အတွက် ခြေလက်တွေမရှိတော့ပေမယ့်လဲ အဲ့ဒီနေရာတွေမှာ ယားယံနေသလိုခံစားရစေနိုင်ပါတယ် အခုဆိုရင်တော့ဆရာဝန်တွေလဲဒီလိုသာမန်မဟုတ်တဲ့ ယားယံမှုတွေကိုသက်သာအောင်ဆောင်ရွက်နေပါတယ် ဒီလိုမျိုးလူနာတွေကို မှန်ရှေ့မှာ ကျန်ရှိနေတဲ့ခြေလက်တွေကိုကုတ်ခိုင်းပြီး သူတို့ကုတ်နေတာကို မှန်ထဲကနေပြန်ကြည့်ခိုင်းပါတယ် ဒါကဦးနှောက်ကို အမြင်အားဖြင့်လှည့်စားမှုလုပ်ပြီး စိတ်ထဲမှာယားယံတာကို သက်သာသွားစေပါတယ် ထူးဆန်းပေမဲ့လည်း ဒီနည်းကတကယ်အလုပ်ဖြစ်ပါတယ် လေ့လာသူတွေကယားယံတာနဲ့ပတ်သက်တဲ့ မျိုးရိုးဗီဇတွေကိုရှာဖွေနေပြီး တချို့ပြင်းထန်တဲ့ကိစ္စမျိုးမှာ အဓိကဖြစ်စေတဲ့အရာတွေကိုပိတ်ပြစ်ပြီး ယားယံတာသက်သာအောင်လုပ်တဲ့ ကုသမှုမျိုးကိုရှာဖွေနေကြပါတယ် လက်လှမ်းမမှီတဲ့နေရာမျိုးမှာ ယားယံတာလောက် ခံစားရခက်တာမရှိပါဘူး။ Dante က သဘောတူခဲ့တယ်။ အီတလီကဗျာဆရာက ငရဲခန်းတစ်ခုအကြောင်းရေးသားခဲ့တယ်။ လူတွေကို ထာဝရ ယားယံတာ ခံစားဖို့ တွင်းတွေထဲထားကာ အပြစ်ပေးတဲ့နေရာပေါ့။