သင်ဟာဂိုးတိုင်ရှေ့မှာရပ်နေပြီး
ဂိုးစောင့်နေတယ်ဆိုပါစို့
အဲ့အချိန်မှာ ခေါင်းနောက်ဘက်ကနေ
အရမ်းယားလာရင်ဘာလုပ်မလဲ
ကျွန်တော်တို့အားလုံးဒီလိုယားယံမှုတွေကို
ခံစားရဖူးမှာပါ
သင်ရောဘယ်ဖြစ်လို့ဒီလိုယားယံရလဲဆိုတာ
သေချာအလေးထားစဉ်းစားခဲ့ဖူးလား
လူတစ်ယောက်ကတစ်နေ့ကိုအခါပေါင်းများစွာ
ယားယံမှုကိုခံစားရပါတယ်
ဒီလိုယားယံမှုတွေက
ဓာတ်မတည့်တာ
အသားအရည်ခြောက်တာနဲ့
ရောဂါတချို့ကြောင့်လဲဖြစ်နိုင်ပါတယ်
နောက်ပြီး
ဒါမှမဟုတ်ယားယံမှုအကြောင်း
ပြောနေရင်းနဲ့ပေါ့
သင်ရောအခုခေါင်းကုတ်နေပြီမဟုတ်လား
ဘယ်လိုပဲဖြစ်ဖြစ် အဓိကအကြောင်းအရင်းဖြစ်တဲ့
အကောင်ကိုက်တာကိုပဲကြည့်လိုက်ရအောင်
သင့်ကိုခြင်ကိုက်လိုက်တဲ့အခါ
သင့်ခန္ဒာကိုယ်ထဲကို anticoagulant ခေါ်
သွေးခဲတာကိုရပ်တန့်စေတဲ့
ဒြပ်ပေါင်းတစ်မျိုးကိုထိုးသွင်းလိုက်ပါတယ်
ဒီဒြပ်ပေါင်းက
အသေးစားဓာတ်မတည့်မှုကိုဖြစ်စေပြီး
ဆံခြည်မျှင်သွေးကြောတွေကိုဖောင်းလာစေတဲ့
Histamine ထုတ်လုပ်မှုကိုလဲ
အားပေးပါတယ်
သွေးကြောဖောင်းလာတာနဲ့အမျှ
သွေးစီးဆင်းမှုကိုများလာပြီး
ခန္ဒာကိုယ်ရဲ့ခုခံအားစနစ်ကို
ခြင်ကိုက်ခံရတဲ့နေရာမှာ
တုန့်ပြန်မှုဖြစ်စေပါတယ်
ဒါကြောင့်
အသားမှာအဖုတွေဖြစ်လာတာပါ
တခါတလေပန်းဝတ်မှုန်တွေကြောင့်
မျက်လုံးဖောင်းလာတာလဲဒီအချက်ကြောင့်ပါပဲ
Histamine ကယားယံခြင်းကိုဖြစ်စေတဲ့
အာရုံကြောကိုလှုံဆော်စေတဲ့အတွက်
အကောင်တွေကိုက်တဲ့အခါ
ကျွန်တော်တို့ကုတ်နေရတာသူ့ကြောင့်ပါပဲ
ဒါပေမယ့်ယားယံတဲ့ခံစားမှုနဲ့ပိတ်သက်ပြီး
ဘယ်သူမှာသေသေချာချာမသိကြသေးပါဘူး
ကျွန်တော်တို့ဒီလေ့လာမှုကို
ကြွက်တွေမှာပါစမ်းသပ်ခဲ့ကြပါသေးတယ်
လေ့လာချက်အရ သူတို့ရဲ့ကိုယ်ကယားယံမှုကို
နာကျင်ခြင်းနဲ့ပတ်သက်တဲ့အာရုံကြောအခွဲကနေ
တစ်ဆင့်အချက်ပေးပြီးသယ်ဆောင်သွားလေ့ရှိပါတယ်
ဒီအာရုံကြောအခွဲကnatriuretic polypetide B
မော်လီကျူးတစ်မျိုးကိုထုတ်လုပ်တယ်၊
ဒါက ကျောရိုးကတဆင့်ဦးနှောက်ထဲရောက်အောင်
အချက်အလက်ပေးပို့ပေးပါတယ်
အဲဒီမှာ ယားယံတဲ့ခံစားမှုဖြစ်ပေါ်လာတာပါ
ယားယံတဲ့နေရာတွေကို လက်နဲ့ဖြစ်ဖြစ်
ကုတ်လိုက်တဲ့အခါ
ဒီအချက်အလက်ပေးမှုကလျော့နည်းသွားပြီး
ယားယံတဲ့ခံစားချက်ကိုသက်သာစေပါတယ်
သက်သာတဲ့ခံစားမှုကိုဖန်တီးပေးတဲ့
နှောင့်ယှက်မှုတစ်ခုဆိုလဲမမှားပါဘူး
ဒါပေမဲ့ ယားယံတာနဲ့ပတ်သက်ပြီး
အခြားရည်ရွယ်ချက်ရှိလား ဒါမှမဟုတ်
တမင်ကျွန်တော်တို့ကိုနှောင့်ယှက်ဖို့
သက်သက်ပဲလား
နောက်ဆုံးယူဆချက်အရကျွန်တော်တိုရဲ့အရေပြားက
အထိအတွေ့ကိုသာမက
အပြင်ပတ်ဝန်းကျင်ကအရာတွေနဲ့
လိုက်လျောညီထွေအောင်ဖန်တီးထားတာပါ
သေချာစဉ်းစားကြည့်ပါ
မသိစိတ်ကကုတ်လိုက်တဲ့တုန့်ပြန်မှုက
အဆိပ်ရှိတဲ့ဆူးတွေ
ကိုက်တတ်တဲ့ပိုးမွှားတွေနဲ့
အဆိပ်ပင်ရဲ့အစိတ်အပိုင်းတွေ
စတာတွေကိုအရေပြားပေါ်ကနေ
ဖယ်ထုတ်လိုက်သလိုဖြစ်စေပါတယ်
အူလို ခန္ဒာကိုယ်အတွင်းပိုင်းတွေက
ပြင်ပကအနှောင့်အယှက်တွေမရှိတဲ့အတွက်
ယားယံတာကိုမခံစားရတာပါ
ဒီလိုမှမဟုတ်ဘူးဆိုရင်ဘယ်လောက်
ခံရခက်မလဲဆိုတာတွေးကြည့်လိုက်ပါ
တချို့လူတွေမှာ သာမန်ထက်ပိုတဲ့ယားယံခြင်းကို
ခံစားနေရပြီး
ဒါဟာကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်
ဥပမာတစ်ခုပြောရရင် delusory parasitosis
စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုမှာ
လူတွေကသူတို့ခန္ဒာကိုယ်ဟာ
ပင့်ကူတွေသန်းတွေတွယ်နေပြီး
အရေပြားပေါ်နဲ့အောက်တွေမှာ
ပြေးလွှားနေတယ်ထင်နေတဲ့အတွက်
မရပ်မနားပဲယားယံမှုကိုခံစားနေရပါတယ်
နောက်ပြီးခြေထောက်ဖြတ်ထုတ်ထားတဲ့လူနာတွေမှာ
ယားယံတဲ့ဝေဒနာတစ်မျိုးခံစားနိုင်ပါတယ်
ဒီလိုခွဲစိတ်ဖြတ်တောက်မှုတွေမှာ
အာရုံကြောစနစ်ကို
ပြင်းပြင်းထန်ထန်ထိခိုက်နိုင်ပြီး
အချက်ပေးအာရုံကြောတွေကို
ကမောက်ကမဖြစ်စေတဲ့အတွက်
ခြေလက်တွေမရှိတော့ပေမယ့်လဲ အဲ့ဒီနေရာတွေမှာ
ယားယံနေသလိုခံစားရစေနိုင်ပါတယ်
အခုဆိုရင်တော့ဆရာဝန်တွေလဲဒီလိုသာမန်မဟုတ်တဲ့
ယားယံမှုတွေကိုသက်သာအောင်ဆောင်ရွက်နေပါတယ်
ဒီလိုမျိုးလူနာတွေကို မှန်ရှေ့မှာ
ကျန်ရှိနေတဲ့ခြေလက်တွေကိုကုတ်ခိုင်းပြီး
သူတို့ကုတ်နေတာကို
မှန်ထဲကနေပြန်ကြည့်ခိုင်းပါတယ်
ဒါကဦးနှောက်ကို
အမြင်အားဖြင့်လှည့်စားမှုလုပ်ပြီး
စိတ်ထဲမှာယားယံတာကို
သက်သာသွားစေပါတယ်
ထူးဆန်းပေမဲ့လည်း
ဒီနည်းကတကယ်အလုပ်ဖြစ်ပါတယ်
လေ့လာသူတွေကယားယံတာနဲ့ပတ်သက်တဲ့
မျိုးရိုးဗီဇတွေကိုရှာဖွေနေပြီး
တချို့ပြင်းထန်တဲ့ကိစ္စမျိုးမှာ
အဓိကဖြစ်စေတဲ့အရာတွေကိုပိတ်ပြစ်ပြီး
ယားယံတာသက်သာအောင်လုပ်တဲ့
ကုသမှုမျိုးကိုရှာဖွေနေကြပါတယ်
လက်လှမ်းမမှီတဲ့နေရာမျိုးမှာ
ယားယံတာလောက် ခံစားရခက်တာမရှိပါဘူး။
Dante က သဘောတူခဲ့တယ်။
အီတလီကဗျာဆရာက
ငရဲခန်းတစ်ခုအကြောင်းရေးသားခဲ့တယ်။
လူတွေကို ထာဝရ ယားယံတာ ခံစားဖို့
တွင်းတွေထဲထားကာ အပြစ်ပေးတဲ့နေရာပေါ့။