မှန်ကန်မှု နဲ့ တိကျမှု ဘယ်လို ခြားနားကြသလဲ? - Matt Anticole
-
0:07 - 0:11ပုံပြင်အရဆိုရင် ဒဏ္ဍာရီလာ
လက်ဖြောင့်သမား William Tell ဟာ -
0:11 - 0:15အကျင့်ပျက် Lord တဦးရဲ့
ရက်စက်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရတယ်။ -
0:15 - 0:18William က သူ့သားရဲ့ ဦးခေါင်းက
ပန်းသီးကို မှန်အောင် မပစ်နိုင်ရင် -
0:18 - 0:22William ရဲ့ သားဟာ နှိပ်ကွပ်ခံရမယ်လို့
ပြောခဲ့တယ်။ -
0:22 - 0:27William ဟာ ပန်းသီးကိုမှန်အောင် ပစ်နိုင်ခဲ့ပေမဲ့၊
အဲဒီပုံပြင်အကြောင်း စဉ်းစားကြည့်ရအောင်။ -
0:27 - 0:29ပထမဖြစ်နိုင်ခြေရှိတာက-
-
0:29 - 0:33အဲဒီ lord ဟာ လူဆိုးကို စေလွှတ်လျက် William ရဲ့
လက်သုံး ဒူးလေးကို ခိုးခိုင်းခဲ့လို့ -
0:33 - 0:37သူဟာ တောင်သူ တယောက်ထံမှ
ရိုးရိုးဒူးလေးကို ငှါးယူခဲ့ရတယ်။ -
0:37 - 0:41ဒါပေမဲ့ ငှါးယူခဲ့တဲ့ ဒူးလေးဟာ
အသေအချာ ညှိမထားဘူးဆိုတော့၊ -
0:41 - 0:43William ပစ်လိုက်သမျှဟာ
ပစ်မှတ်တည့်တည့်ကို -
0:43 - 0:48မထိမှန်ဘဲ ဘေးကိုသွားပြီး ပစ်မိနေပါတယ်။
-
0:48 - 0:53ကံကောင်းလို့၊ သူ့ဟာ အချိန်မီ
အဲဒါကို ညှိဖို့ အချိန် ရှိခဲ့ပါတယ်။ -
0:53 - 0:54ဒုတိယဖြစ်နိုင်ခြေရှိတာက-
-
0:54 - 0:59William ဟာ တကယ့်ပစ်ရမယ့် အချိန်မတိုင်မီ
ကိုယ့်ကိုကိုယ် စိတ်မချ သံသယစိတ်ဝင်နေခဲ့လို့ -
0:59 - 1:02သူရဲ့ လက်တွေဟာ တုန်ရင်နေခဲ့ကြပါတယ်။
-
1:02 - 1:05သူဟာ စမ်းပစ်ကြည့်တော့ ပန်းသီး
တဝိုက်ကို ထိမှန်ပေမယ့်၊ -
1:05 - 1:07အလယ်တည့်တည့်မှာ မဟုတ်ခဲ့ပါ။
-
1:07 - 1:09သူဟာ ပန်းသီးကို ထိမှန်နိုင်ဖွယ် ရှိခဲ့ပေမဲ့၊
-
1:09 - 1:13လက်တုန်နေတော့ သေချာပေါက်
ပစ်နိုင်မှာကို အာမခံမရခဲ့ပါ။ -
1:13 - 1:15သူဟာ လက်တုန်နေကာ စိတ်လှုပ်ရှားမှုကို
ငြိမ်းသွားစေကာ -
1:15 - 1:19တည့်မတ်စွာ ပစ်နိုင်စွမ်းကို
ပြန်ထိန်းချုပ်နိုင်မှ သူ့သားကို ကယ်နိုင်မယ်။ -
1:19 - 1:24ကျွန်တော်တို့ ဒီလို ဆွေးနွေးရာမှာ
မကြာခဏသုံးတဲ့ အသုံးအနှုန်း နှစ်ခုရှိပါတယ်- -
1:24 - 1:26မှန်ကန်မှု နဲ့ တိကျမှုပါပဲ။
-
1:26 - 1:28အဲဒီနှစ်ခုရဲ့ ခြားနားချက်ဟာဖြင့်
-
1:28 - 1:32သိပ္ပံဆိုင်ရာ ကိစ္စ အများအပြားအတွက်
သိပ်ကို အရေးကြီးပါတယ်။ -
1:32 - 1:36မှန်ကန်မှု ဆိုတာက ရလဒ်အမှန်နဲ့
ကျွန်တော်တို့ရဲ့ နီးစပ်နေမှုကို ပြပါတယ်။ -
1:36 - 1:40ကိုယ်က အသုံးပြုတဲ့ ကိရိယာတွေကို
လိုအပ်သလို ညှိထားမှု နဲ့ အသုံးပြုပုံကို -
1:40 - 1:42ကိုယ်က လေ့ကျင့်ထားမှု အပေါ်မှာ
မှန်ကန်မှု မူတည်ပါလိမ့်မည်။ -
1:42 - 1:44နောက်တဖက်တွင်၊ တိကျမှုကျတော့၊
-
1:44 - 1:48နည်းလမ်း တခုတည်းကို အသုံးပြုလျက်
ရလဒ် တစ်ခုကိုဘဲ တချိန်လုံးရရှိခြင်းပါ။ -
1:48 - 1:52ပိုပြီး နူးညံ့တဲ့ ကိရိယာတွေဟာ
တိကျမှုကို မြှင့်ပေးနိုင်ကြကာ -
1:52 - 1:55ခန့်မှန်းဖို့ သိပ်လိုမှာ မဟုတ်ပါဘူး။
-
1:55 - 1:59အထက်က ဒူးလေး ခိုးယူခဲ့ခြင်း ဖြစ်ရပ်ဟာ
တိကျခဲ့ပေမယ့် မမှန်ဘဲ လွဲနေတဲ့ ဖြစ်ရပ်ပါ။ -
1:59 - 2:03William ဟာ ပစ်လိုက်တိုင်းမှာ
လွဲမှားနေတဲ့ ရလဒ်ကိုသာ ရရှိနေခဲ့ပါတယ်။ -
2:03 - 2:08တုန်နေကြတဲ့ လက်များရဲ့ အဖြစ်ဟာ
မှန်ကန်ပေမဲ့ တိကျမှုမရှိတဲ့ ဖြစ်ရပ်ပါပဲ။ -
2:08 - 2:11William ရဲ့ ပစ်ချက်တွေဟာ
ပစ်မှတ် တဝိုက်မှာ ပျံ့ကြဲနေခဲ့တယ်၊ -
2:11 - 2:15ဒါပေမဲ့ ပစ်ချက် တစ်ချက်ဟာ
ပစ်မှတ်ကို ထိမှာကို အာမခံချက် မရှိခဲ့ပါ။ -
2:15 - 2:18နေ့စဉ်ဘဝထဲမှာ ကျွန်တော်တို့ဟာ
မှန်ကန်မှု နိမ့်နေတာမျိုး -
2:18 - 2:21ဒါမှမဟုတ် တိကျမှု နိမ့်ကျနေတာမျိုး
ကြုံရတတ်ပါတယ်။ -
2:21 - 2:25ဒါပေမဲ့ အင်ဂျင်နီယာတွေ နဲ့ သုတေသီတွေကျတော့
မကြာခဏဆိုသလို တိကျမှုကို -
2:25 - 2:30မိုက်ခရိုအဆင့်မျိုးဖြင့် တိုင်းလိုကာ ရလဒ်
တိကျမှု အဆင့်မြင့်တာကို အာမခံရပါမယ်။ -
2:30 - 2:33စက်ရုံများ နဲ့ ဓာတ်ခွဲခန်းများဟာ ပိုကောင်းတဲ့
စက်ပစ္စည်းတွေကို သုံးကာ -
2:33 - 2:36ပိုပြီးတိကျတဲ့ လုပ်ငန်းစဉ်များဖြင့်
တိကျမှုကို မြှင့်တင်ကြပါတယ်။ -
2:36 - 2:39အဲဒီလို မြှင့်တင်မှုဟာ အကုန်အကျများတာမို့
မန်နေဂျာတို့ဟာ -
2:39 - 2:44ပရိုဂျက် တခုစီအတွက် လက်ခံလို့ ရနိုင်တဲ့
မတိကျမှုကို ဆုံးဖြတ်ပေးကြရပါတယ်။ -
2:44 - 2:46ဘယ်လိုပဲဖြစ်ဖြစ်၊ တိကျမှုထဲကို
ရင်းနှီးမြှုပ်နှံမှုများဟာ၊ -
2:46 - 2:49အရင်တုန်းက လုပ်နိုင်ခဲ့တာထက်ကို
ကျော်လွန်တဲ့ အလားအလာတွေ ဖွင့်ပေးနိုင်ရာ၊ -
2:49 - 2:52အင်္ဂါဂြိုဟ်အထိကိုတောင်
ရောက်သွားနိုင်ကြပါတယ်။ -
2:52 - 2:55NASA ဟာ သူတို့ ပစ်လွှတ်လိုက်တဲ့ စက်ဟာ
တခြားဂြိုဟ်ပေါ်မှာ ဘယ်နေရာမှာ -
2:55 - 2:59ဆင်းနိုင်ကြမယ်ဆိုတာ တိကျစွာ မသိဘူးလို့
ပြောလိုက်ရင် ခင်ဗျားတို့ အံ့ဩသွားကြမှာပါ။ -
2:59 - 3:02အဲဒီစက် ဘယ်မှာ ဆင်းသက်မယ် ဆိုတာကို
ခန့်မှန်းရတာဟာ တွက်ချက်မှု အများကြီးလိုပြီး -
3:02 - 3:06သိပ်ကို တိကျလှတာ မဟုတ်တဲ့ တိုင်းထွားမှု
ရလဒ်တွေကို ထည့်သွင်းပေးရပါတယ်။ -
3:06 - 3:11ဥပမာ၊ အင်္ဂါဂြိုဟ်ရဲ့ လေထုသိပ်သည်းဆဟာ
အမြင့်နေရာကို လိုက်ပြီး ဘယ်လိုပြောင်းသလဲ? -
3:11 - 3:14လွှတ်လိုက်တဲ့ စက်ဟာ လေထုကို
ဘယ်လို ထောင့်မျိုးဖြင့် တိုးဝင်မှာလဲ? -
3:14 - 3:17ပြီးတော့ ထိုးဖောက် ဝင်ချိန်မှာ
အမြန်နှုန်းဟာ ဘယ်လောက် ရှိမလဲ? -
3:17 - 3:21ကွန်ပျူတာဟာ ခုနက ပြောခဲ့တဲ့
ကိန်းရှင်တွေရဲ့ တန်ဖိုး အမျိုးမျိုးကို -
3:21 - 3:24မွှေနောက်လျက် ဖြစ်နိုင်တဲ့ ရလဒ်တွေကို
တွက်ချက်ပေးပါတယ်။ -
3:24 - 3:26အဲဒီလို ရှိနိုင်တဲ့ အလားအလာတွေ အားလုံးကို
ချင့်ချိန်ပြီး -
3:26 - 3:29ကွန်ပျူတာဟာ ဂြိုဟ်နဲ့ ထိတွေ့မယ်
ဒေသကို -
3:29 - 3:33ဘဲဥပုံစံမျိုးဖြင့် ရေးဆွဲပေးပါတယ်။
-
3:33 - 3:38၁၉၇၆ ခုနှစ်တုန်းက အင်္ဂါဂြိုဟ်ဆင်း Viking Lander
အတွက် ဆွဲပေးခဲ့တဲ့ ဘဲဥပုံဟာ -
3:38 - 3:44၆၂ x ၁၇၄ မိုင် ကျယ်ဝန်းခဲ့ရာ
New Jersey ရဲ့ ဧရိယာနီးပါးပါပဲ။ -
3:44 - 3:46အဲဒီလို ကန့်သတ်ချက်နဲ့ဆိုတော့
-
3:46 - 3:51NASA ဟာ စိတ်ဝင်စားစရာ ကောင်းပေမဲ့
အန္တရာယ်များတဲ့ ဒေသတွေကို ရှောင်ခဲ့ရပါတယ်။ -
3:51 - 3:54အဲဒီနောက်မှာ အင်္ဂါဂြိုဟ်ဆိုင်ရာ
အချက်အလက် အသစ်တွေ ရလာခဲ့ကာ -
3:54 - 3:56အာကာသသွား စက်ပစ္စည်း ထုတ်လုပ်မှု
ပိုအဆင့်မြင့်မားလာခဲ့ရာ၊ -
3:56 - 4:02ကွန်ပျူတာတွေရဲ့ ခန့်မှန်းတွက်ချက်မှုကပါ
ပအားကောင်းလာရာ မတိကျမှုကို လျှော့ချနိုင်ပြီ။ -
4:02 - 4:06၂၀၁၂ ခုနှစ်ထဲမှာ Curiosity Lander ဆင်းဖို့
ဘဲဥပုံဒေသဟာ -
4:06 - 4:10၄ မိုင် x ၁၂ မိုင် မျှသာ ကျယ်ဝန်းခဲ့ပါတယ်။
-
4:10 - 4:14Viking တုန်းကနဲ့ စာရင်
အဆ ၂၀၀ အထိကို သေးလာခဲ့ပါတယ်။ -
4:14 - 4:18အဲဒါကြောင့်မို့လို့ NASA ဟာ အရင်တုန်းက
ဆင်းသက်မရနိုင်ခဲ့တဲ့ -
4:18 - 4:23သိပ္ပံပညာရှင်တွေ စိတ်ဝင်စားနေခဲ့ကြတဲ့
Gale Crater ထဲက အထူးနေရာကို ရွေးနိုင်တယ်။ -
4:23 - 4:26တချိန်လုံး ပိုမှန်ကန်လာဖို့ အတွက်
ကြိုးစားကြရာမှာ -
4:26 - 4:30တိကျမှုကျတော့ ရလဒ်ကို ဘယ်လောက်
စိတ်ချရနိုင်ကြောင်းကို ပြသပါတယ်။ -
4:30 - 4:33အဲဒီအခြေခံမူ နှစ်ရပ်ကို သိနားလည်ထားရင်
-
4:33 - 4:34ကျွန်တော်တို့ဟာ ကြယ်တွေဆီကို
ပစ်လွှတ်နိုင်ကြကာ -
4:34 - 4:37ပစ်လွှတ်တိုင်း ကျွန်တော်တို့ ၎င်းတို့ကို
ထိမှန်ကြမှာကို စိတ်ချနိုင်ကြပါတယ်။
- Title:
- မှန်ကန်မှု နဲ့ တိကျမှု ဘယ်လို ခြားနားကြသလဲ? - Matt Anticole
- Speaker:
- Matt Anticole
- Description:
-
သင်ခန်းစာ အပြည့်ကို ကြည့်ရန်: http://ed.ted.com/lessons/what-s-the-difference-between-accuracy-and-precision-matt-anticole
အရာတွေကို တိုင်းထွာရာတွင်၊ လူအများစုဟာ သူတို့ဟာ တကယ်ရှိတဲ့ တန်ဖိုးနဲ့ ဘယ်လောက် နီးကပ်တာကို၊ ဘယ်လောက် မှန်ကန်တာကိုသာ စဉ်းစားတတ်ကြပါတယ်။ တိုင်းထွာရေး လုပ်ငန်းကို ပိုပြီးဂရုစိုက် လေ့လာကြည့်မယ်ဆိုရင်၊ ကျွန်တော်တို့ အနေနဲ့ ထည့်စဉ်းစားရမယ့် နောက်တချက် ရှိသေးတာကို တွေ့လာရပါမယ်။ အဲဒါက တိကျမှုပါ။ တိကျမှုဆိုတာ တကယ်တမ်းမှာ ဘာပါလိမ့်၊ ပြီးတော့ အဲဒါက အရာတွေကို ပိုပြီး ကောင်းမွန်စွာ တိုင်းထွာလာအောင် ဘယ်လို ကူပေးနိုင်သလဲ ဆိုတာကို Matt Anticole က ရှင်းလင်း ပြောပြထားပါတယ်။
Matt Anticole ၏ သင်ခန်းစာကို Anton Bogaty က သရုပ်ဖေါ်ပေးထားသည်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:53
Myo Aung edited Burmese subtitles for What's the difference between accuracy and precision? | ||
Myo Aung edited Burmese subtitles for What's the difference between accuracy and precision? | ||
Myo Aung edited Burmese subtitles for What's the difference between accuracy and precision? | ||
Myo Aung approved Burmese subtitles for What's the difference between accuracy and precision? | ||
sann tint accepted Burmese subtitles for What's the difference between accuracy and precision? | ||
sann tint edited Burmese subtitles for What's the difference between accuracy and precision? | ||
sann tint edited Burmese subtitles for What's the difference between accuracy and precision? | ||
sann tint edited Burmese subtitles for What's the difference between accuracy and precision? |