ပုံပြင်အရဆိုရင် ဒဏ္ဍာရီလာ
လက်ဖြောင့်သမား William Tell ဟာ
အကျင့်ပျက် Lord တဦးရဲ့
ရက်စက်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရတယ်။
William က သူ့သားရဲ့ ဦးခေါင်းက
ပန်းသီးကို မှန်အောင် မပစ်နိုင်ရင်
William ရဲ့ သားဟာ နှိပ်ကွပ်ခံရမယ်လို့
ပြောခဲ့တယ်။
William ဟာ ပန်းသီးကိုမှန်အောင် ပစ်နိုင်ခဲ့ပေမဲ့၊
အဲဒီပုံပြင်အကြောင်း စဉ်းစားကြည့်ရအောင်။
ပထမဖြစ်နိုင်ခြေရှိတာက-
အဲဒီ lord ဟာ လူဆိုးကို စေလွှတ်လျက် William ရဲ့
လက်သုံး ဒူးလေးကို ခိုးခိုင်းခဲ့လို့
သူဟာ တောင်သူ တယောက်ထံမှ
ရိုးရိုးဒူးလေးကို ငှါးယူခဲ့ရတယ်။
ဒါပေမဲ့ ငှါးယူခဲ့တဲ့ ဒူးလေးဟာ
အသေအချာ ညှိမထားဘူးဆိုတော့၊
William ပစ်လိုက်သမျှဟာ
ပစ်မှတ်တည့်တည့်ကို
မထိမှန်ဘဲ ဘေးကိုသွားပြီး ပစ်မိနေပါတယ်။
ကံကောင်းလို့၊ သူ့ဟာ အချိန်မီ
အဲဒါကို ညှိဖို့ အချိန် ရှိခဲ့ပါတယ်။
ဒုတိယဖြစ်နိုင်ခြေရှိတာက-
William ဟာ တကယ့်ပစ်ရမယ့် အချိန်မတိုင်မီ
ကိုယ့်ကိုကိုယ် စိတ်မချ သံသယစိတ်ဝင်နေခဲ့လို့
သူရဲ့ လက်တွေဟာ တုန်ရင်နေခဲ့ကြပါတယ်။
သူဟာ စမ်းပစ်ကြည့်တော့ ပန်းသီး
တဝိုက်ကို ထိမှန်ပေမယ့်၊
အလယ်တည့်တည့်မှာ မဟုတ်ခဲ့ပါ။
သူဟာ ပန်းသီးကို ထိမှန်နိုင်ဖွယ် ရှိခဲ့ပေမဲ့၊
လက်တုန်နေတော့ သေချာပေါက်
ပစ်နိုင်မှာကို အာမခံမရခဲ့ပါ။
သူဟာ လက်တုန်နေကာ စိတ်လှုပ်ရှားမှုကို
ငြိမ်းသွားစေကာ
တည့်မတ်စွာ ပစ်နိုင်စွမ်းကို
ပြန်ထိန်းချုပ်နိုင်မှ သူ့သားကို ကယ်နိုင်မယ်။
ကျွန်တော်တို့ ဒီလို ဆွေးနွေးရာမှာ
မကြာခဏသုံးတဲ့ အသုံးအနှုန်း နှစ်ခုရှိပါတယ်-
မှန်ကန်မှု နဲ့ တိကျမှုပါပဲ။
အဲဒီနှစ်ခုရဲ့ ခြားနားချက်ဟာဖြင့်
သိပ္ပံဆိုင်ရာ ကိစ္စ အများအပြားအတွက်
သိပ်ကို အရေးကြီးပါတယ်။
မှန်ကန်မှု ဆိုတာက ရလဒ်အမှန်နဲ့
ကျွန်တော်တို့ရဲ့ နီးစပ်နေမှုကို ပြပါတယ်။
ကိုယ်က အသုံးပြုတဲ့ ကိရိယာတွေကို
လိုအပ်သလို ညှိထားမှု နဲ့ အသုံးပြုပုံကို
ကိုယ်က လေ့ကျင့်ထားမှု အပေါ်မှာ
မှန်ကန်မှု မူတည်ပါလိမ့်မည်။
နောက်တဖက်တွင်၊ တိကျမှုကျတော့၊
နည်းလမ်း တခုတည်းကို အသုံးပြုလျက်
ရလဒ် တစ်ခုကိုဘဲ တချိန်လုံးရရှိခြင်းပါ။
ပိုပြီး နူးညံ့တဲ့ ကိရိယာတွေဟာ
တိကျမှုကို မြှင့်ပေးနိုင်ကြကာ
ခန့်မှန်းဖို့ သိပ်လိုမှာ မဟုတ်ပါဘူး။
အထက်က ဒူးလေး ခိုးယူခဲ့ခြင်း ဖြစ်ရပ်ဟာ
တိကျခဲ့ပေမယ့် မမှန်ဘဲ လွဲနေတဲ့ ဖြစ်ရပ်ပါ။
William ဟာ ပစ်လိုက်တိုင်းမှာ
လွဲမှားနေတဲ့ ရလဒ်ကိုသာ ရရှိနေခဲ့ပါတယ်။
တုန်နေကြတဲ့ လက်များရဲ့ အဖြစ်ဟာ
မှန်ကန်ပေမဲ့ တိကျမှုမရှိတဲ့ ဖြစ်ရပ်ပါပဲ။
William ရဲ့ ပစ်ချက်တွေဟာ
ပစ်မှတ် တဝိုက်မှာ ပျံ့ကြဲနေခဲ့တယ်၊
ဒါပေမဲ့ ပစ်ချက် တစ်ချက်ဟာ
ပစ်မှတ်ကို ထိမှာကို အာမခံချက် မရှိခဲ့ပါ။
နေ့စဉ်ဘဝထဲမှာ ကျွန်တော်တို့ဟာ
မှန်ကန်မှု နိမ့်နေတာမျိုး
ဒါမှမဟုတ် တိကျမှု နိမ့်ကျနေတာမျိုး
ကြုံရတတ်ပါတယ်။
ဒါပေမဲ့ အင်ဂျင်နီယာတွေ နဲ့ သုတေသီတွေကျတော့
မကြာခဏဆိုသလို တိကျမှုကို
မိုက်ခရိုအဆင့်မျိုးဖြင့် တိုင်းလိုကာ ရလဒ်
တိကျမှု အဆင့်မြင့်တာကို အာမခံရပါမယ်။
စက်ရုံများ နဲ့ ဓာတ်ခွဲခန်းများဟာ ပိုကောင်းတဲ့
စက်ပစ္စည်းတွေကို သုံးကာ
ပိုပြီးတိကျတဲ့ လုပ်ငန်းစဉ်များဖြင့်
တိကျမှုကို မြှင့်တင်ကြပါတယ်။
အဲဒီလို မြှင့်တင်မှုဟာ အကုန်အကျများတာမို့
မန်နေဂျာတို့ဟာ
ပရိုဂျက် တခုစီအတွက် လက်ခံလို့ ရနိုင်တဲ့
မတိကျမှုကို ဆုံးဖြတ်ပေးကြရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ တိကျမှုထဲကို
ရင်းနှီးမြှုပ်နှံမှုများဟာ၊
အရင်တုန်းက လုပ်နိုင်ခဲ့တာထက်ကို
ကျော်လွန်တဲ့ အလားအလာတွေ ဖွင့်ပေးနိုင်ရာ၊
အင်္ဂါဂြိုဟ်အထိကိုတောင်
ရောက်သွားနိုင်ကြပါတယ်။
NASA ဟာ သူတို့ ပစ်လွှတ်လိုက်တဲ့ စက်ဟာ
တခြားဂြိုဟ်ပေါ်မှာ ဘယ်နေရာမှာ
ဆင်းနိုင်ကြမယ်ဆိုတာ တိကျစွာ မသိဘူးလို့
ပြောလိုက်ရင် ခင်ဗျားတို့ အံ့ဩသွားကြမှာပါ။
အဲဒီစက် ဘယ်မှာ ဆင်းသက်မယ် ဆိုတာကို
ခန့်မှန်းရတာဟာ တွက်ချက်မှု အများကြီးလိုပြီး
သိပ်ကို တိကျလှတာ မဟုတ်တဲ့ တိုင်းထွားမှု
ရလဒ်တွေကို ထည့်သွင်းပေးရပါတယ်။
ဥပမာ၊ အင်္ဂါဂြိုဟ်ရဲ့ လေထုသိပ်သည်းဆဟာ
အမြင့်နေရာကို လိုက်ပြီး ဘယ်လိုပြောင်းသလဲ?
လွှတ်လိုက်တဲ့ စက်ဟာ လေထုကို
ဘယ်လို ထောင့်မျိုးဖြင့် တိုးဝင်မှာလဲ?
ပြီးတော့ ထိုးဖောက် ဝင်ချိန်မှာ
အမြန်နှုန်းဟာ ဘယ်လောက် ရှိမလဲ?
ကွန်ပျူတာဟာ ခုနက ပြောခဲ့တဲ့
ကိန်းရှင်တွေရဲ့ တန်ဖိုး အမျိုးမျိုးကို
မွှေနောက်လျက် ဖြစ်နိုင်တဲ့ ရလဒ်တွေကို
တွက်ချက်ပေးပါတယ်။
အဲဒီလို ရှိနိုင်တဲ့ အလားအလာတွေ အားလုံးကို
ချင့်ချိန်ပြီး
ကွန်ပျူတာဟာ ဂြိုဟ်နဲ့ ထိတွေ့မယ်
ဒေသကို
ဘဲဥပုံစံမျိုးဖြင့် ရေးဆွဲပေးပါတယ်။
၁၉၇၆ ခုနှစ်တုန်းက အင်္ဂါဂြိုဟ်ဆင်း Viking Lander
အတွက် ဆွဲပေးခဲ့တဲ့ ဘဲဥပုံဟာ
၆၂ x ၁၇၄ မိုင် ကျယ်ဝန်းခဲ့ရာ
New Jersey ရဲ့ ဧရိယာနီးပါးပါပဲ။
အဲဒီလို ကန့်သတ်ချက်နဲ့ဆိုတော့
NASA ဟာ စိတ်ဝင်စားစရာ ကောင်းပေမဲ့
အန္တရာယ်များတဲ့ ဒေသတွေကို ရှောင်ခဲ့ရပါတယ်။
အဲဒီနောက်မှာ အင်္ဂါဂြိုဟ်ဆိုင်ရာ
အချက်အလက် အသစ်တွေ ရလာခဲ့ကာ
အာကာသသွား စက်ပစ္စည်း ထုတ်လုပ်မှု
ပိုအဆင့်မြင့်မားလာခဲ့ရာ၊
ကွန်ပျူတာတွေရဲ့ ခန့်မှန်းတွက်ချက်မှုကပါ
ပအားကောင်းလာရာ မတိကျမှုကို လျှော့ချနိုင်ပြီ။
၂၀၁၂ ခုနှစ်ထဲမှာ Curiosity Lander ဆင်းဖို့
ဘဲဥပုံဒေသဟာ
၄ မိုင် x ၁၂ မိုင် မျှသာ ကျယ်ဝန်းခဲ့ပါတယ်။
Viking တုန်းကနဲ့ စာရင်
အဆ ၂၀၀ အထိကို သေးလာခဲ့ပါတယ်။
အဲဒါကြောင့်မို့လို့ NASA ဟာ အရင်တုန်းက
ဆင်းသက်မရနိုင်ခဲ့တဲ့
သိပ္ပံပညာရှင်တွေ စိတ်ဝင်စားနေခဲ့ကြတဲ့
Gale Crater ထဲက အထူးနေရာကို ရွေးနိုင်တယ်။
တချိန်လုံး ပိုမှန်ကန်လာဖို့ အတွက်
ကြိုးစားကြရာမှာ
တိကျမှုကျတော့ ရလဒ်ကို ဘယ်လောက်
စိတ်ချရနိုင်ကြောင်းကို ပြသပါတယ်။
အဲဒီအခြေခံမူ နှစ်ရပ်ကို သိနားလည်ထားရင်
ကျွန်တော်တို့ဟာ ကြယ်တွေဆီကို
ပစ်လွှတ်နိုင်ကြကာ
ပစ်လွှတ်တိုင်း ကျွန်တော်တို့ ၎င်းတို့ကို
ထိမှန်ကြမှာကို စိတ်ချနိုင်ကြပါတယ်။