1 00:00:06,983 --> 00:00:10,684 ပုံပြင်အရဆိုရင် ဒဏ္ဍာရီလာ လက်ဖြောင့်သမား William Tell ဟာ 2 00:00:10,684 --> 00:00:15,430 အကျင့်ပျက် Lord တဦးရဲ့ ရက်စက်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရတယ်။ 3 00:00:15,430 --> 00:00:17,652 William က သူ့သားရဲ့ ဦးခေါင်းက ပန်းသီးကို မှန်အောင် မပစ်နိုင်ရင် 4 00:00:17,652 --> 00:00:21,959 William ရဲ့ သားဟာ နှိပ်ကွပ်ခံရမယ်လို့ ပြောခဲ့တယ်။ 5 00:00:21,959 --> 00:00:26,933 William ဟာ ပန်းသီးကိုမှန်အောင် ပစ်နိုင်ခဲ့ပေမဲ့၊ အဲဒီပုံပြင်အကြောင်း စဉ်းစားကြည့်ရအောင်။ 6 00:00:26,933 --> 00:00:28,573 ပထမဖြစ်နိုင်ခြေရှိတာက- 7 00:00:28,573 --> 00:00:33,070 အဲဒီ lord ဟာ လူဆိုးကို စေလွှတ်လျက် William ရဲ့ လက်သုံး ဒူးလေးကို ခိုးခိုင်းခဲ့လို့ 8 00:00:33,070 --> 00:00:37,341 သူဟာ တောင်သူ တယောက်ထံမှ ရိုးရိုးဒူးလေးကို ငှါးယူခဲ့ရတယ်။ 9 00:00:37,341 --> 00:00:41,357 ဒါပေမဲ့ ငှါးယူခဲ့တဲ့ ဒူးလေးဟာ အသေအချာ ညှိမထားဘူးဆိုတော့၊ 10 00:00:41,357 --> 00:00:43,446 William ပစ်လိုက်သမျှဟာ ပစ်မှတ်တည့်တည့်ကို 11 00:00:43,446 --> 00:00:47,752 မထိမှန်ဘဲ ဘေးကိုသွားပြီး ပစ်မိနေပါတယ်။ 12 00:00:47,752 --> 00:00:52,608 ကံကောင်းလို့၊ သူ့ဟာ အချိန်မီ အဲဒါကို ညှိဖို့ အချိန် ရှိခဲ့ပါတယ်။ 13 00:00:52,608 --> 00:00:54,372 ဒုတိယဖြစ်နိုင်ခြေရှိတာက- 14 00:00:54,372 --> 00:00:58,805 William ဟာ တကယ့်ပစ်ရမယ့် အချိန်မတိုင်မီ ကိုယ့်ကိုကိုယ် စိတ်မချ သံသယစိတ်ဝင်နေခဲ့လို့ 15 00:00:58,805 --> 00:01:01,502 သူရဲ့ လက်တွေဟာ တုန်ရင်နေခဲ့ကြပါတယ်။ 16 00:01:01,502 --> 00:01:04,619 သူဟာ စမ်းပစ်ကြည့်တော့ ပန်းသီး တဝိုက်ကို ထိမှန်ပေမယ့်၊ 17 00:01:04,619 --> 00:01:06,677 အလယ်တည့်တည့်မှာ မဟုတ်ခဲ့ပါ။ 18 00:01:06,677 --> 00:01:08,732 သူဟာ ပန်းသီးကို ထိမှန်နိုင်ဖွယ် ရှိခဲ့ပေမဲ့၊ 19 00:01:08,732 --> 00:01:12,619 လက်တုန်နေတော့ သေချာပေါက် ပစ်နိုင်မှာကို အာမခံမရခဲ့ပါ။ 20 00:01:12,619 --> 00:01:14,512 သူဟာ လက်တုန်နေကာ စိတ်လှုပ်ရှားမှုကို ငြိမ်းသွားစေကာ 21 00:01:14,512 --> 00:01:19,201 တည့်မတ်စွာ ပစ်နိုင်စွမ်းကို ပြန်ထိန်းချုပ်နိုင်မှ သူ့သားကို ကယ်နိုင်မယ်။ 22 00:01:19,201 --> 00:01:23,639 ကျွန်တော်တို့ ဒီလို ဆွေးနွေးရာမှာ မကြာခဏသုံးတဲ့ အသုံးအနှုန်း နှစ်ခုရှိပါတယ်- 23 00:01:23,639 --> 00:01:26,369 မှန်ကန်မှု နဲ့ တိကျမှုပါပဲ။ 24 00:01:26,369 --> 00:01:27,942 အဲဒီနှစ်ခုရဲ့ ခြားနားချက်ဟာဖြင့် 25 00:01:27,942 --> 00:01:31,517 သိပ္ပံဆိုင်ရာ ကိစ္စ အများအပြားအတွက် သိပ်ကို အရေးကြီးပါတယ်။ 26 00:01:31,517 --> 00:01:35,501 မှန်ကန်မှု ဆိုတာက ရလဒ်အမှန်နဲ့ ကျွန်တော်တို့ရဲ့ နီးစပ်နေမှုကို ပြပါတယ်။ 27 00:01:35,501 --> 00:01:39,636 ကိုယ်က အသုံးပြုတဲ့ ကိရိယာတွေကို လိုအပ်သလို ညှိထားမှု နဲ့ အသုံးပြုပုံကို 28 00:01:39,636 --> 00:01:42,013 ကိုယ်က လေ့ကျင့်ထားမှု အပေါ်မှာ မှန်ကန်မှု မူတည်ပါလိမ့်မည်။ 29 00:01:42,013 --> 00:01:43,714 နောက်တဖက်တွင်၊ တိကျမှုကျတော့၊ 30 00:01:43,714 --> 00:01:48,212 နည်းလမ်း တခုတည်းကို အသုံးပြုလျက် ရလဒ် တစ်ခုကိုဘဲ တချိန်လုံးရရှိခြင်းပါ။ 31 00:01:48,212 --> 00:01:52,034 ပိုပြီး နူးညံ့တဲ့ ကိရိယာတွေဟာ တိကျမှုကို မြှင့်ပေးနိုင်ကြကာ 32 00:01:52,034 --> 00:01:54,511 ခန့်မှန်းဖို့ သိပ်လိုမှာ မဟုတ်ပါဘူး။ 33 00:01:54,511 --> 00:01:59,327 အထက်က ဒူးလေး ခိုးယူခဲ့ခြင်း ဖြစ်ရပ်ဟာ တိကျခဲ့ပေမယ့် မမှန်ဘဲ လွဲနေတဲ့ ဖြစ်ရပ်ပါ။ 34 00:01:59,327 --> 00:02:02,888 William ဟာ ပစ်လိုက်တိုင်းမှာ လွဲမှားနေတဲ့ ရလဒ်ကိုသာ ရရှိနေခဲ့ပါတယ်။ 35 00:02:02,888 --> 00:02:08,065 တုန်နေကြတဲ့ လက်များရဲ့ အဖြစ်ဟာ မှန်ကန်ပေမဲ့ တိကျမှုမရှိတဲ့ ဖြစ်ရပ်ပါပဲ။ 36 00:02:08,065 --> 00:02:11,241 William ရဲ့ ပစ်ချက်တွေဟာ ပစ်မှတ် တဝိုက်မှာ ပျံ့ကြဲနေခဲ့တယ်၊ 37 00:02:11,241 --> 00:02:15,449 ဒါပေမဲ့ ပစ်ချက် တစ်ချက်ဟာ ပစ်မှတ်ကို ထိမှာကို အာမခံချက် မရှိခဲ့ပါ။ 38 00:02:15,449 --> 00:02:18,179 နေ့စဉ်ဘဝထဲမှာ ကျွန်တော်တို့ဟာ မှန်ကန်မှု နိမ့်နေတာမျိုး 39 00:02:18,179 --> 00:02:21,076 ဒါမှမဟုတ် တိကျမှု နိမ့်ကျနေတာမျိုး ကြုံရတတ်ပါတယ်။ 40 00:02:21,076 --> 00:02:24,580 ဒါပေမဲ့ အင်ဂျင်နီယာတွေ နဲ့ သုတေသီတွေကျတော့ မကြာခဏဆိုသလို တိကျမှုကို 41 00:02:24,580 --> 00:02:30,262 မိုက်ခရိုအဆင့်မျိုးဖြင့် တိုင်းလိုကာ ရလဒ် တိကျမှု အဆင့်မြင့်တာကို အာမခံရပါမယ်။ 42 00:02:30,262 --> 00:02:32,772 စက်ရုံများ နဲ့ ဓာတ်ခွဲခန်းများဟာ ပိုကောင်းတဲ့ စက်ပစ္စည်းတွေကို သုံးကာ 43 00:02:32,772 --> 00:02:36,333 ပိုပြီးတိကျတဲ့ လုပ်ငန်းစဉ်များဖြင့် တိကျမှုကို မြှင့်တင်ကြပါတယ်။ 44 00:02:36,333 --> 00:02:39,170 အဲဒီလို မြှင့်တင်မှုဟာ အကုန်အကျများတာမို့ မန်နေဂျာတို့ဟာ 45 00:02:39,170 --> 00:02:44,013 ပရိုဂျက် တခုစီအတွက် လက်ခံလို့ ရနိုင်တဲ့ မတိကျမှုကို ဆုံးဖြတ်ပေးကြရပါတယ်။ 46 00:02:44,013 --> 00:02:46,098 ဘယ်လိုပဲဖြစ်ဖြစ်၊ တိကျမှုထဲကို ရင်းနှီးမြှုပ်နှံမှုများဟာ၊ 47 00:02:46,098 --> 00:02:49,317 အရင်တုန်းက လုပ်နိုင်ခဲ့တာထက်ကို ကျော်လွန်တဲ့ အလားအလာတွေ ဖွင့်ပေးနိုင်ရာ၊ 48 00:02:49,317 --> 00:02:51,532 အင်္ဂါဂြိုဟ်အထိကိုတောင် ရောက်သွားနိုင်ကြပါတယ်။ 49 00:02:51,532 --> 00:02:54,551 NASA ဟာ သူတို့ ပစ်လွှတ်လိုက်တဲ့ စက်ဟာ တခြားဂြိုဟ်ပေါ်မှာ ဘယ်နေရာမှာ 50 00:02:54,551 --> 00:02:58,535 ဆင်းနိုင်ကြမယ်ဆိုတာ တိကျစွာ မသိဘူးလို့ ပြောလိုက်ရင် ခင်ဗျားတို့ အံ့ဩသွားကြမှာပါ။ 51 00:02:58,535 --> 00:03:02,484 အဲဒီစက် ဘယ်မှာ ဆင်းသက်မယ် ဆိုတာကို ခန့်မှန်းရတာဟာ တွက်ချက်မှု အများကြီးလိုပြီး 52 00:03:02,484 --> 00:03:06,247 သိပ်ကို တိကျလှတာ မဟုတ်တဲ့ တိုင်းထွားမှု ရလဒ်တွေကို ထည့်သွင်းပေးရပါတယ်။ 53 00:03:06,247 --> 00:03:11,254 ဥပမာ၊ အင်္ဂါဂြိုဟ်ရဲ့ လေထုသိပ်သည်းဆဟာ အမြင့်နေရာကို လိုက်ပြီး ဘယ်လိုပြောင်းသလဲ? 54 00:03:11,254 --> 00:03:14,049 လွှတ်လိုက်တဲ့ စက်ဟာ လေထုကို ဘယ်လို ထောင့်မျိုးဖြင့် တိုးဝင်မှာလဲ? 55 00:03:14,049 --> 00:03:17,227 ပြီးတော့ ထိုးဖောက် ဝင်ချိန်မှာ အမြန်နှုန်းဟာ ဘယ်လောက် ရှိမလဲ? 56 00:03:17,227 --> 00:03:20,764 ကွန်ပျူတာဟာ ခုနက ပြောခဲ့တဲ့ ကိန်းရှင်တွေရဲ့ တန်ဖိုး အမျိုးမျိုးကို 57 00:03:20,764 --> 00:03:24,391 မွှေနောက်လျက် ဖြစ်နိုင်တဲ့ ရလဒ်တွေကို တွက်ချက်ပေးပါတယ်။ 58 00:03:24,391 --> 00:03:26,058 အဲဒီလို ရှိနိုင်တဲ့ အလားအလာတွေ အားလုံးကို ချင့်ချိန်ပြီး 59 00:03:26,058 --> 00:03:29,439 ကွန်ပျူတာဟာ ဂြိုဟ်နဲ့ ထိတွေ့မယ် ဒေသကို 60 00:03:29,439 --> 00:03:32,840 ဘဲဥပုံစံမျိုးဖြင့် ရေးဆွဲပေးပါတယ်။ 61 00:03:32,840 --> 00:03:37,528 ၁၉၇၆ ခုနှစ်တုန်းက အင်္ဂါဂြိုဟ်ဆင်း Viking Lander အတွက် ဆွဲပေးခဲ့တဲ့ ဘဲဥပုံဟာ 62 00:03:37,528 --> 00:03:44,336 ၆၂ x ၁၇၄ မိုင် ကျယ်ဝန်းခဲ့ရာ New Jersey ရဲ့ ဧရိယာနီးပါးပါပဲ။ 63 00:03:44,336 --> 00:03:45,918 အဲဒီလို ကန့်သတ်ချက်နဲ့ဆိုတော့ 64 00:03:45,918 --> 00:03:50,608 NASA ဟာ စိတ်ဝင်စားစရာ ကောင်းပေမဲ့ အန္တရာယ်များတဲ့ ဒေသတွေကို ရှောင်ခဲ့ရပါတယ်။ 65 00:03:50,608 --> 00:03:53,975 အဲဒီနောက်မှာ အင်္ဂါဂြိုဟ်ဆိုင်ရာ အချက်အလက် အသစ်တွေ ရလာခဲ့ကာ 66 00:03:53,975 --> 00:03:56,451 အာကာသသွား စက်ပစ္စည်း ထုတ်လုပ်မှု ပိုအဆင့်မြင့်မားလာခဲ့ရာ၊ 67 00:03:56,451 --> 00:04:02,333 ကွန်ပျူတာတွေရဲ့ ခန့်မှန်းတွက်ချက်မှုကပါ ပအားကောင်းလာရာ မတိကျမှုကို လျှော့ချနိုင်ပြီ။ 68 00:04:02,333 --> 00:04:06,186 ၂၀၁၂ ခုနှစ်ထဲမှာ Curiosity Lander ဆင်းဖို့ ဘဲဥပုံဒေသဟာ 69 00:04:06,186 --> 00:04:10,046 ၄ မိုင် x ၁၂ မိုင် မျှသာ ကျယ်ဝန်းခဲ့ပါတယ်။ 70 00:04:10,046 --> 00:04:14,251 Viking တုန်းကနဲ့ စာရင် အဆ ၂၀၀ အထိကို သေးလာခဲ့ပါတယ်။ 71 00:04:14,251 --> 00:04:18,492 အဲဒါကြောင့်မို့လို့ NASA ဟာ အရင်တုန်းက ဆင်းသက်မရနိုင်ခဲ့တဲ့ 72 00:04:18,492 --> 00:04:23,341 သိပ္ပံပညာရှင်တွေ စိတ်ဝင်စားနေခဲ့ကြတဲ့ Gale Crater ထဲက အထူးနေရာကို ရွေးနိုင်တယ်။ 73 00:04:23,341 --> 00:04:26,199 တချိန်လုံး ပိုမှန်ကန်လာဖို့ အတွက် ကြိုးစားကြရာမှာ 74 00:04:26,199 --> 00:04:30,480 တိကျမှုကျတော့ ရလဒ်ကို ဘယ်လောက် စိတ်ချရနိုင်ကြောင်းကို ပြသပါတယ်။ 75 00:04:30,480 --> 00:04:32,501 အဲဒီအခြေခံမူ နှစ်ရပ်ကို သိနားလည်ထားရင် 76 00:04:32,501 --> 00:04:34,202 ကျွန်တော်တို့ဟာ ကြယ်တွေဆီကို ပစ်လွှတ်နိုင်ကြကာ 77 00:04:34,202 --> 00:04:37,121 ပစ်လွှတ်တိုင်း ကျွန်တော်တို့ ၎င်းတို့ကို ထိမှန်ကြမှာကို စိတ်ချနိုင်ကြပါတယ်။