0:00:06.983,0:00:10.684 ပုံပြင်အရဆိုရင် ဒဏ္ဍာရီလာ[br]လက်ဖြောင့်သမား William Tell ဟာ 0:00:10.684,0:00:15.430 အကျင့်ပျက် Lord တဦးရဲ့[br]ရက်စက်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရတယ်။ 0:00:15.430,0:00:17.652 William က သူ့သားရဲ့ ဦးခေါင်းက[br]ပန်းသီးကို မှန်အောင် မပစ်နိုင်ရင် 0:00:17.652,0:00:21.959 William ရဲ့ သားဟာ နှိပ်ကွပ်ခံရမယ်လို့[br]ပြောခဲ့တယ်။ 0:00:21.959,0:00:26.933 William ဟာ ပန်းသီးကိုမှန်အောင် ပစ်နိုင်ခဲ့ပေမဲ့၊[br]အဲဒီပုံပြင်အကြောင်း စဉ်းစားကြည့်ရအောင်။ 0:00:26.933,0:00:28.573 ပထမဖြစ်နိုင်ခြေရှိတာက- 0:00:28.573,0:00:33.070 အဲဒီ lord ဟာ လူဆိုးကို စေလွှတ်လျက် William ရဲ့ [br]လက်သုံး ဒူးလေးကို ခိုးခိုင်းခဲ့လို့ 0:00:33.070,0:00:37.341 သူဟာ တောင်သူ တယောက်ထံမှ[br]ရိုးရိုးဒူးလေးကို ငှါးယူခဲ့ရတယ်။ 0:00:37.341,0:00:41.357 ဒါပေမဲ့ ငှါးယူခဲ့တဲ့ ဒူးလေးဟာ[br]အသေအချာ ညှိမထားဘူးဆိုတော့၊ 0:00:41.357,0:00:43.446 William ပစ်လိုက်သမျှဟာ[br]ပစ်မှတ်တည့်တည့်ကို 0:00:43.446,0:00:47.752 မထိမှန်ဘဲ ဘေးကိုသွားပြီး ပစ်မိနေပါတယ်။ 0:00:47.752,0:00:52.608 ကံကောင်းလို့၊ သူ့ဟာ အချိန်မီ[br]အဲဒါကို ညှိဖို့ အချိန် ရှိခဲ့ပါတယ်။ 0:00:52.608,0:00:54.372 ဒုတိယဖြစ်နိုင်ခြေရှိတာက- 0:00:54.372,0:00:58.805 William ဟာ တကယ့်ပစ်ရမယ့် အချိန်မတိုင်မီ[br]ကိုယ့်ကိုကိုယ် စိတ်မချ သံသယစိတ်ဝင်နေခဲ့လို့ 0:00:58.805,0:01:01.502 သူရဲ့ လက်တွေဟာ တုန်ရင်နေခဲ့ကြပါတယ်။ 0:01:01.502,0:01:04.619 သူဟာ စမ်းပစ်ကြည့်တော့ ပန်းသီး[br]တဝိုက်ကို ထိမှန်ပေမယ့်၊ 0:01:04.619,0:01:06.677 အလယ်တည့်တည့်မှာ မဟုတ်ခဲ့ပါ။ 0:01:06.677,0:01:08.732 သူဟာ ပန်းသီးကို ထိမှန်နိုင်ဖွယ် ရှိခဲ့ပေမဲ့၊ 0:01:08.732,0:01:12.619 လက်တုန်နေတော့ သေချာပေါက်[br]ပစ်နိုင်မှာကို အာမခံမရခဲ့ပါ။ 0:01:12.619,0:01:14.512 သူဟာ လက်တုန်နေကာ စိတ်လှုပ်ရှားမှုကို[br]ငြိမ်းသွားစေကာ 0:01:14.512,0:01:19.201 တည့်မတ်စွာ ပစ်နိုင်စွမ်းကို [br]ပြန်ထိန်းချုပ်နိုင်မှ သူ့သားကို ကယ်နိုင်မယ်။ 0:01:19.201,0:01:23.639 ကျွန်တော်တို့ ဒီလို ဆွေးနွေးရာမှာ[br]မကြာခဏသုံးတဲ့ အသုံးအနှုန်း နှစ်ခုရှိပါတယ်- 0:01:23.639,0:01:26.369 မှန်ကန်မှု နဲ့ တိကျမှုပါပဲ။ 0:01:26.369,0:01:27.942 အဲဒီနှစ်ခုရဲ့ ခြားနားချက်ဟာဖြင့် 0:01:27.942,0:01:31.517 သိပ္ပံဆိုင်ရာ ကိစ္စ အများအပြားအတွက်[br]သိပ်ကို အရေးကြီးပါတယ်။ 0:01:31.517,0:01:35.501 မှန်ကန်မှု ဆိုတာက ရလဒ်အမှန်နဲ့[br]ကျွန်တော်တို့ရဲ့ နီးစပ်နေမှုကို ပြပါတယ်။ 0:01:35.501,0:01:39.636 ကိုယ်က အသုံးပြုတဲ့ ကိရိယာတွေကို[br]လိုအပ်သလို ညှိထားမှု နဲ့ အသုံးပြုပုံကို 0:01:39.636,0:01:42.013 ကိုယ်က လေ့ကျင့်ထားမှု အပေါ်မှာ[br]မှန်ကန်မှု မူတည်ပါလိမ့်မည်။ 0:01:42.013,0:01:43.714 နောက်တဖက်တွင်၊ တိကျမှုကျတော့၊ 0:01:43.714,0:01:48.212 နည်းလမ်း တခုတည်းကို အသုံးပြုလျက်[br]ရလဒ် တစ်ခုကိုဘဲ တချိန်လုံးရရှိခြင်းပါ။ 0:01:48.212,0:01:52.034 ပိုပြီး နူးညံ့တဲ့ ကိရိယာတွေဟာ[br]တိကျမှုကို မြှင့်ပေးနိုင်ကြကာ 0:01:52.034,0:01:54.511 ခန့်မှန်းဖို့ သိပ်လိုမှာ မဟုတ်ပါဘူး။ 0:01:54.511,0:01:59.327 အထက်က ဒူးလေး ခိုးယူခဲ့ခြင်း ဖြစ်ရပ်ဟာ[br]တိကျခဲ့ပေမယ့် မမှန်ဘဲ လွဲနေတဲ့ ဖြစ်ရပ်ပါ။ 0:01:59.327,0:02:02.888 William ဟာ ပစ်လိုက်တိုင်းမှာ[br]လွဲမှားနေတဲ့ ရလဒ်ကိုသာ ရရှိနေခဲ့ပါတယ်။ 0:02:02.888,0:02:08.065 တုန်နေကြတဲ့ လက်များရဲ့ အဖြစ်ဟာ[br]မှန်ကန်ပေမဲ့ တိကျမှုမရှိတဲ့ ဖြစ်ရပ်ပါပဲ။ 0:02:08.065,0:02:11.241 William ရဲ့ ပစ်ချက်တွေဟာ[br]ပစ်မှတ် တဝိုက်မှာ ပျံ့ကြဲနေခဲ့တယ်၊ 0:02:11.241,0:02:15.449 ဒါပေမဲ့ ပစ်ချက် တစ်ချက်ဟာ[br]ပစ်မှတ်ကို ထိမှာကို အာမခံချက် မရှိခဲ့ပါ။ 0:02:15.449,0:02:18.179 နေ့စဉ်ဘဝထဲမှာ ကျွန်တော်တို့ဟာ[br]မှန်ကန်မှု နိမ့်နေတာမျိုး 0:02:18.179,0:02:21.076 ဒါမှမဟုတ် တိကျမှု နိမ့်ကျနေတာမျိုး[br]ကြုံရတတ်ပါတယ်။ 0:02:21.076,0:02:24.580 ဒါပေမဲ့ အင်ဂျင်နီယာတွေ နဲ့ သုတေသီတွေကျတော့[br]မကြာခဏဆိုသလို တိကျမှုကို 0:02:24.580,0:02:30.262 မိုက်ခရိုအဆင့်မျိုးဖြင့် တိုင်းလိုကာ ရလဒ်[br]တိကျမှု အဆင့်မြင့်တာကို အာမခံရပါမယ်။ 0:02:30.262,0:02:32.772 စက်ရုံများ နဲ့ ဓာတ်ခွဲခန်းများဟာ ပိုကောင်းတဲ့[br]စက်ပစ္စည်းတွေကို သုံးကာ 0:02:32.772,0:02:36.333 ပိုပြီးတိကျတဲ့ လုပ်ငန်းစဉ်များဖြင့်[br]တိကျမှုကို မြှင့်တင်ကြပါတယ်။ 0:02:36.333,0:02:39.170 အဲဒီလို မြှင့်တင်မှုဟာ အကုန်အကျများတာမို့[br]မန်နေဂျာတို့ဟာ 0:02:39.170,0:02:44.013 ပရိုဂျက် တခုစီအတွက် လက်ခံလို့ ရနိုင်တဲ့[br]မတိကျမှုကို ဆုံးဖြတ်ပေးကြရပါတယ်။ 0:02:44.013,0:02:46.098 ဘယ်လိုပဲဖြစ်ဖြစ်၊ တိကျမှုထဲကို[br]ရင်းနှီးမြှုပ်နှံမှုများဟာ၊ 0:02:46.098,0:02:49.317 အရင်တုန်းက လုပ်နိုင်ခဲ့တာထက်ကို[br]ကျော်လွန်တဲ့ အလားအလာတွေ ဖွင့်ပေးနိုင်ရာ၊ 0:02:49.317,0:02:51.532 အင်္ဂါဂြိုဟ်အထိကိုတောင် [br]ရောက်သွားနိုင်ကြပါတယ်။ 0:02:51.532,0:02:54.551 NASA ဟာ သူတို့ ပစ်လွှတ်လိုက်တဲ့ စက်ဟာ[br]တခြားဂြိုဟ်ပေါ်မှာ ဘယ်နေရာမှာ 0:02:54.551,0:02:58.535 ဆင်းနိုင်ကြမယ်ဆိုတာ တိကျစွာ မသိဘူးလို့ [br]ပြောလိုက်ရင် ခင်ဗျားတို့ အံ့ဩသွားကြမှာပါ။ 0:02:58.535,0:03:02.484 အဲဒီစက် ဘယ်မှာ ဆင်းသက်မယ် ဆိုတာကို [br]ခန့်မှန်းရတာဟာ တွက်ချက်မှု အများကြီးလိုပြီး 0:03:02.484,0:03:06.247 သိပ်ကို တိကျလှတာ မဟုတ်တဲ့ တိုင်းထွားမှု[br]ရလဒ်တွေကို ထည့်သွင်းပေးရပါတယ်။ 0:03:06.247,0:03:11.254 ဥပမာ၊ အင်္ဂါဂြိုဟ်ရဲ့ လေထုသိပ်သည်းဆဟာ[br]အမြင့်နေရာကို လိုက်ပြီး ဘယ်လိုပြောင်းသလဲ? 0:03:11.254,0:03:14.049 လွှတ်လိုက်တဲ့ စက်ဟာ လေထုကို[br]ဘယ်လို ထောင့်မျိုးဖြင့် တိုးဝင်မှာလဲ? 0:03:14.049,0:03:17.227 ပြီးတော့ ထိုးဖောက် ဝင်ချိန်မှာ[br]အမြန်နှုန်းဟာ ဘယ်လောက် ရှိမလဲ? 0:03:17.227,0:03:20.764 ကွန်ပျူတာဟာ ခုနက ပြောခဲ့တဲ့[br]ကိန်းရှင်တွေရဲ့ တန်ဖိုး အမျိုးမျိုးကို 0:03:20.764,0:03:24.391 မွှေနောက်လျက် ဖြစ်နိုင်တဲ့ ရလဒ်တွေကို[br]တွက်ချက်ပေးပါတယ်။ 0:03:24.391,0:03:26.058 အဲဒီလို ရှိနိုင်တဲ့ အလားအလာတွေ အားလုံးကို[br]ချင့်ချိန်ပြီး 0:03:26.058,0:03:29.439 ကွန်ပျူတာဟာ ဂြိုဟ်နဲ့ ထိတွေ့မယ်[br]ဒေသကို 0:03:29.439,0:03:32.840 ဘဲဥပုံစံမျိုးဖြင့် ရေးဆွဲပေးပါတယ်။ 0:03:32.840,0:03:37.528 ၁၉၇၆ ခုနှစ်တုန်းက အင်္ဂါဂြိုဟ်ဆင်း Viking Lander[br]အတွက် ဆွဲပေးခဲ့တဲ့ ဘဲဥပုံဟာ 0:03:37.528,0:03:44.336 ၆၂ x ၁၇၄ မိုင် ကျယ်ဝန်းခဲ့ရာ[br]New Jersey ရဲ့ ဧရိယာနီးပါးပါပဲ။ 0:03:44.336,0:03:45.918 အဲဒီလို ကန့်သတ်ချက်နဲ့ဆိုတော့ 0:03:45.918,0:03:50.608 NASA ဟာ စိတ်ဝင်စားစရာ ကောင်းပေမဲ့[br]အန္တရာယ်များတဲ့ ဒေသတွေကို ရှောင်ခဲ့ရပါတယ်။ 0:03:50.608,0:03:53.975 အဲဒီနောက်မှာ အင်္ဂါဂြိုဟ်ဆိုင်ရာ[br]အချက်အလက် အသစ်တွေ ရလာခဲ့ကာ 0:03:53.975,0:03:56.451 အာကာသသွား စက်ပစ္စည်း ထုတ်လုပ်မှု[br]ပိုအဆင့်မြင့်မားလာခဲ့ရာ၊ 0:03:56.451,0:04:02.333 ကွန်ပျူတာတွေရဲ့ ခန့်မှန်းတွက်ချက်မှုကပါ[br]ပအားကောင်းလာရာ မတိကျမှုကို လျှော့ချနိုင်ပြီ။ 0:04:02.333,0:04:06.186 ၂၀၁၂ ခုနှစ်ထဲမှာ Curiosity Lander ဆင်းဖို့[br]ဘဲဥပုံဒေသဟာ 0:04:06.186,0:04:10.046 ၄ မိုင် x ၁၂ မိုင် မျှသာ ကျယ်ဝန်းခဲ့ပါတယ်။ 0:04:10.046,0:04:14.251 Viking တုန်းကနဲ့ စာရင်[br]အဆ ၂၀၀ အထိကို သေးလာခဲ့ပါတယ်။ 0:04:14.251,0:04:18.492 အဲဒါကြောင့်မို့လို့ NASA ဟာ အရင်တုန်းက[br]ဆင်းသက်မရနိုင်ခဲ့တဲ့ 0:04:18.492,0:04:23.341 သိပ္ပံပညာရှင်တွေ စိတ်ဝင်စားနေခဲ့ကြတဲ့[br]Gale Crater ထဲက အထူးနေရာကို ရွေးနိုင်တယ်။ 0:04:23.341,0:04:26.199 တချိန်လုံး ပိုမှန်ကန်လာဖို့ အတွက်[br]ကြိုးစားကြရာမှာ 0:04:26.199,0:04:30.480 တိကျမှုကျတော့ ရလဒ်ကို ဘယ်လောက်[br]စိတ်ချရနိုင်ကြောင်းကို ပြသပါတယ်။ 0:04:30.480,0:04:32.501 အဲဒီအခြေခံမူ နှစ်ရပ်ကို သိနားလည်ထားရင် 0:04:32.501,0:04:34.202 ကျွန်တော်တို့ဟာ ကြယ်တွေဆီကို [br]ပစ်လွှတ်နိုင်ကြကာ 0:04:34.202,0:04:37.121 ပစ်လွှတ်တိုင်း ကျွန်တော်တို့ ၎င်းတို့ကို[br]ထိမှန်ကြမှာကို စိတ်ချနိုင်ကြပါတယ်။