WEBVTT 00:00:06.983 --> 00:00:10.684 ပုံပြင်အရဆိုရင် ဒဏ္ဍာရီလာ လက်ဖြောင့်သမား William Tell ဟာ 00:00:10.684 --> 00:00:15.430 အကျင့်ပျက် Lord တဦးရဲ့ ရက်စက်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရတယ်။ 00:00:15.430 --> 00:00:17.652 William က သူ့သားရဲ့ ဦးခေါင်းက ပန်းသီးကို မှန်အောင် မပစ်နိုင်ရင် 00:00:17.652 --> 00:00:21.959 William ရဲ့ သားဟာ နှိပ်ကွပ်ခံရမယ်လို့ ပြောခဲ့တယ်။ 00:00:21.959 --> 00:00:26.933 William ဟာ ပန်းသီးကိုမှန်အောင် ပစ်နိုင်ခဲ့ပေမဲ့၊ အဲဒီပုံပြင်အကြောင်း စဉ်းစားကြည့်ရအောင်။ 00:00:26.933 --> 00:00:28.573 ပထမဖြစ်နိုင်ခြေရှိတာက- 00:00:28.573 --> 00:00:33.070 အဲဒီ lord ဟာ လူဆိုးကို စေလွှတ်လျက် William ရဲ့ လက်သုံး ဒူးလေးကို ခိုးခိုင်းခဲ့လို့ 00:00:33.070 --> 00:00:37.341 သူဟာ တောင်သူ တယောက်ထံမှ ရိုးရိုးဒူးလေးကို ငှါးယူခဲ့ရတယ်။ 00:00:37.341 --> 00:00:41.357 ဒါပေမဲ့ ငှါးယူခဲ့တဲ့ ဒူးလေးဟာ အသေအချာ ညှိမထားဘူးဆိုတော့၊ 00:00:41.357 --> 00:00:43.446 William ပစ်လိုက်သမျှဟာ ပစ်မှတ်တည့်တည့်ကို 00:00:43.446 --> 00:00:47.752 မထိမှန်ဘဲ ဘေးကိုသွားပြီး ပစ်မိနေပါတယ်။ 00:00:47.752 --> 00:00:52.608 ကံကောင်းလို့၊ သူ့ဟာ အချိန်မီ အဲဒါကို ညှိဖို့ အချိန် ရှိခဲ့ပါတယ်။ 00:00:52.608 --> 00:00:54.372 ဒုတိယဖြစ်နိုင်ခြေရှိတာက- 00:00:54.372 --> 00:00:58.805 William ဟာ တကယ့်ပစ်ရမယ့် အချိန်မတိုင်မီ ကိုယ့်ကိုကိုယ် စိတ်မချ သံသယစိတ်ဝင်နေခဲ့လို့ 00:00:58.805 --> 00:01:01.502 သူရဲ့ လက်တွေဟာ တုန်ရင်နေခဲ့ကြပါတယ်။ 00:01:01.502 --> 00:01:04.619 သူဟာ စမ်းပစ်ကြည့်တော့ ပန်းသီး တဝိုက်ကို ထိမှန်ပေမယ့်၊ 00:01:04.619 --> 00:01:06.677 အလယ်တည့်တည့်မှာ မဟုတ်ခဲ့ပါ။ 00:01:06.677 --> 00:01:08.732 သူဟာ ပန်းသီးကို ထိမှန်နိုင်ဖွယ် ရှိခဲ့ပေမဲ့၊ 00:01:08.732 --> 00:01:12.619 လက်တုန်နေတော့ သေချာပေါက် ပစ်နိုင်မှာကို အာမခံမရခဲ့ပါ။ 00:01:12.619 --> 00:01:14.512 သူဟာ လက်တုန်နေကာ စိတ်လှုပ်ရှားမှုကို ငြိမ်းသွားစေကာ 00:01:14.512 --> 00:01:19.201 တည့်မတ်စွာ ပစ်နိုင်စွမ်းကို ပြန်ထိန်းချုပ်နိုင်မှ သူ့သားကို ကယ်နိုင်မယ်။ 00:01:19.201 --> 00:01:23.639 ကျွန်တော်တို့ ဒီလို ဆွေးနွေးရာမှာ မကြာခဏသုံးတဲ့ အသုံးအနှုန်း နှစ်ခုရှိပါတယ်- 00:01:23.639 --> 00:01:26.369 မှန်ကန်မှု နဲ့ တိကျမှုပါပဲ။ 00:01:26.369 --> 00:01:27.942 အဲဒီနှစ်ခုရဲ့ ခြားနားချက်ဟာဖြင့် 00:01:27.942 --> 00:01:31.517 သိပ္ပံဆိုင်ရာ ကိစ္စ အများအပြားအတွက် သိပ်ကို အရေးကြီးပါတယ်။ 00:01:31.517 --> 00:01:35.501 မှန်ကန်မှု ဆိုတာက ရလဒ်အမှန်နဲ့ ကျွန်တော်တို့ရဲ့ နီးစပ်နေမှုကို ပြပါတယ်။ 00:01:35.501 --> 00:01:39.636 ကိုယ်က အသုံးပြုတဲ့ ကိရိယာတွေကို လိုအပ်သလို ညှိထားမှု နဲ့ အသုံးပြုပုံကို 00:01:39.636 --> 00:01:42.013 ကိုယ်က လေ့ကျင့်ထားမှု အပေါ်မှာ မှန်ကန်မှု မူတည်ပါလိမ့်မည်။ 00:01:42.013 --> 00:01:43.714 နောက်တဖက်တွင်၊ တိကျမှုကျတော့၊ 00:01:43.714 --> 00:01:48.212 နည်းလမ်း တခုတည်းကို အသုံးပြုလျက် ရလဒ် တစ်ခုကိုဘဲ တချိန်လုံးရရှိခြင်းပါ။ 00:01:48.212 --> 00:01:52.034 ပိုပြီး နူးညံ့တဲ့ ကိရိယာတွေဟာ တိကျမှုကို မြှင့်ပေးနိုင်ကြကာ 00:01:52.034 --> 00:01:54.511 ခန့်မှန်းဖို့ သိပ်လိုမှာ မဟုတ်ပါဘူး။ 00:01:54.511 --> 00:01:59.327 အထက်က ဒူးလေး ခိုးယူခဲ့ခြင်း ဖြစ်ရပ်ဟာ တိကျခဲ့ပေမယ့် မမှန်ဘဲ လွဲနေတဲ့ ဖြစ်ရပ်ပါ။ 00:01:59.327 --> 00:02:02.888 William ဟာ ပစ်လိုက်တိုင်းမှာ လွဲမှားနေတဲ့ ရလဒ်ကိုသာ ရရှိနေခဲ့ပါတယ်။ 00:02:02.888 --> 00:02:08.065 တုန်နေကြတဲ့ လက်များရဲ့ အဖြစ်ဟာ မှန်ကန်ပေမဲ့ တိကျမှုမရှိတဲ့ ဖြစ်ရပ်ပါပဲ။ 00:02:08.065 --> 00:02:11.241 William ရဲ့ ပစ်ချက်တွေဟာ ပစ်မှတ် တဝိုက်မှာ ပျံ့ကြဲနေခဲ့တယ်၊ 00:02:11.241 --> 00:02:15.449 ဒါပေမဲ့ ပစ်ချက် တစ်ချက်ဟာ ပစ်မှတ်ကို ထိမှာကို အာမခံချက် မရှိခဲ့ပါ။ 00:02:15.449 --> 00:02:18.179 နေ့စဉ်ဘဝထဲမှာ ကျွန်တော်တို့ဟာ မှန်ကန်မှု နိမ့်နေတာမျိုး 00:02:18.179 --> 00:02:21.076 ဒါမှမဟုတ် တိကျမှု နိမ့်ကျနေတာမျိုး ကြုံရတတ်ပါတယ်။ 00:02:21.076 --> 00:02:24.580 ဒါပေမဲ့ အင်ဂျင်နီယာတွေ နဲ့ သုတေသီတွေကျတော့ မကြာခဏဆိုသလို တိကျမှုကို 00:02:24.580 --> 00:02:30.262 မိုက်ခရိုအဆင့်မျိုးဖြင့် တိုင်းလိုကာ ရလဒ် တိကျမှု အဆင့်မြင့်တာကို အာမခံရပါမယ်။ 00:02:30.262 --> 00:02:32.772 စက်ရုံများ နဲ့ ဓာတ်ခွဲခန်းများဟာ ပိုကောင်းတဲ့ စက်ပစ္စည်းတွေကို သုံးကာ 00:02:32.772 --> 00:02:36.333 ပိုပြီးတိကျတဲ့ လုပ်ငန်းစဉ်များဖြင့် တိကျမှုကို မြှင့်တင်ကြပါတယ်။ 00:02:36.333 --> 00:02:39.170 အဲဒီလို မြှင့်တင်မှုဟာ အကုန်အကျများတာမို့ မန်နေဂျာတို့ဟာ 00:02:39.170 --> 00:02:44.013 ပရိုဂျက် တခုစီအတွက် လက်ခံလို့ ရနိုင်တဲ့ မတိကျမှုကို ဆုံးဖြတ်ပေးကြရပါတယ်။ 00:02:44.013 --> 00:02:46.098 ဘယ်လိုပဲဖြစ်ဖြစ်၊ တိကျမှုထဲကို ရင်းနှီးမြှုပ်နှံမှုများဟာ၊ 00:02:46.098 --> 00:02:49.317 အရင်တုန်းက လုပ်နိုင်ခဲ့တာထက်ကို ကျော်လွန်တဲ့ အလားအလာတွေ ဖွင့်ပေးနိုင်ရာ၊ 00:02:49.317 --> 00:02:51.532 အင်္ဂါဂြိုဟ်အထိကိုတောင် ရောက်သွားနိုင်ကြပါတယ်။ 00:02:51.532 --> 00:02:54.551 NASA ဟာ သူတို့ ပစ်လွှတ်လိုက်တဲ့ စက်ဟာ တခြားဂြိုဟ်ပေါ်မှာ ဘယ်နေရာမှာ 00:02:54.551 --> 00:02:58.535 ဆင်းနိုင်ကြမယ်ဆိုတာ တိကျစွာ မသိဘူးလို့ ပြောလိုက်ရင် ခင်ဗျားတို့ အံ့ဩသွားကြမှာပါ။ 00:02:58.535 --> 00:03:02.484 အဲဒီစက် ဘယ်မှာ ဆင်းသက်မယ် ဆိုတာကို ခန့်မှန်းရတာဟာ တွက်ချက်မှု အများကြီးလိုပြီး 00:03:02.484 --> 00:03:06.247 သိပ်ကို တိကျလှတာ မဟုတ်တဲ့ တိုင်းထွားမှု ရလဒ်တွေကို ထည့်သွင်းပေးရပါတယ်။ 00:03:06.247 --> 00:03:11.254 ဥပမာ၊ အင်္ဂါဂြိုဟ်ရဲ့ လေထုသိပ်သည်းဆဟာ အမြင့်နေရာကို လိုက်ပြီး ဘယ်လိုပြောင်းသလဲ? 00:03:11.254 --> 00:03:14.049 လွှတ်လိုက်တဲ့ စက်ဟာ လေထုကို ဘယ်လို ထောင့်မျိုးဖြင့် တိုးဝင်မှာလဲ? 00:03:14.049 --> 00:03:17.227 ပြီးတော့ ထိုးဖောက် ဝင်ချိန်မှာ အမြန်နှုန်းဟာ ဘယ်လောက် ရှိမလဲ? 00:03:17.227 --> 00:03:20.764 ကွန်ပျူတာဟာ ခုနက ပြောခဲ့တဲ့ ကိန်းရှင်တွေရဲ့ တန်ဖိုး အမျိုးမျိုးကို 00:03:20.764 --> 00:03:24.391 မွှေနောက်လျက် ဖြစ်နိုင်တဲ့ ရလဒ်တွေကို တွက်ချက်ပေးပါတယ်။ 00:03:24.391 --> 00:03:26.058 အဲဒီလို ရှိနိုင်တဲ့ အလားအလာတွေ အားလုံးကို ချင့်ချိန်ပြီး 00:03:26.058 --> 00:03:29.439 ကွန်ပျူတာဟာ ဂြိုဟ်နဲ့ ထိတွေ့မယ် ဒေသကို 00:03:29.439 --> 00:03:32.840 ဘဲဥပုံစံမျိုးဖြင့် ရေးဆွဲပေးပါတယ်။ 00:03:32.840 --> 00:03:37.528 ၁၉၇၆ ခုနှစ်တုန်းက အင်္ဂါဂြိုဟ်ဆင်း Viking Lander အတွက် ဆွဲပေးခဲ့တဲ့ ဘဲဥပုံဟာ 00:03:37.528 --> 00:03:44.336 ၆၂ x ၁၇၄ မိုင် ကျယ်ဝန်းခဲ့ရာ New Jersey ရဲ့ ဧရိယာနီးပါးပါပဲ။ 00:03:44.336 --> 00:03:45.918 အဲဒီလို ကန့်သတ်ချက်နဲ့ဆိုတော့ 00:03:45.918 --> 00:03:50.608 NASA ဟာ စိတ်ဝင်စားစရာ ကောင်းပေမဲ့ အန္တရာယ်များတဲ့ ဒေသတွေကို ရှောင်ခဲ့ရပါတယ်။ 00:03:50.608 --> 00:03:53.975 အဲဒီနောက်မှာ အင်္ဂါဂြိုဟ်ဆိုင်ရာ အချက်အလက် အသစ်တွေ ရလာခဲ့ကာ 00:03:53.975 --> 00:03:56.451 အာကာသသွား စက်ပစ္စည်း ထုတ်လုပ်မှု ပိုအဆင့်မြင့်မားလာခဲ့ရာ၊ 00:03:56.451 --> 00:04:02.333 ကွန်ပျူတာတွေရဲ့ ခန့်မှန်းတွက်ချက်မှုကပါ ပအားကောင်းလာရာ မတိကျမှုကို လျှော့ချနိုင်ပြီ။ 00:04:02.333 --> 00:04:06.186 ၂၀၁၂ ခုနှစ်ထဲမှာ Curiosity Lander ဆင်းဖို့ ဘဲဥပုံဒေသဟာ 00:04:06.186 --> 00:04:10.046 ၄ မိုင် x ၁၂ မိုင် မျှသာ ကျယ်ဝန်းခဲ့ပါတယ်။ 00:04:10.046 --> 00:04:14.251 Viking တုန်းကနဲ့ စာရင် အဆ ၂၀၀ အထိကို သေးလာခဲ့ပါတယ်။ 00:04:14.251 --> 00:04:18.492 အဲဒါကြောင့်မို့လို့ NASA ဟာ အရင်တုန်းက ဆင်းသက်မရနိုင်ခဲ့တဲ့ 00:04:18.492 --> 00:04:23.341 သိပ္ပံပညာရှင်တွေ စိတ်ဝင်စားနေခဲ့ကြတဲ့ Gale Crater ထဲက အထူးနေရာကို ရွေးနိုင်တယ်။ 00:04:23.341 --> 00:04:26.199 တချိန်လုံး ပိုမှန်ကန်လာဖို့ အတွက် ကြိုးစားကြရာမှာ 00:04:26.199 --> 00:04:30.480 တိကျမှုကျတော့ ရလဒ်ကို ဘယ်လောက် စိတ်ချရနိုင်ကြောင်းကို ပြသပါတယ်။ 00:04:30.480 --> 00:04:32.501 အဲဒီအခြေခံမူ နှစ်ရပ်ကို သိနားလည်ထားရင် 00:04:32.501 --> 00:04:34.202 ကျွန်တော်တို့ဟာ ကြယ်တွေဆီကို ပစ်လွှတ်နိုင်ကြကာ 00:04:34.202 --> 00:04:37.121 ပစ်လွှတ်တိုင်း ကျွန်တော်တို့ ၎င်းတို့ကို ထိမှန်ကြမှာကို စိတ်ချနိုင်ကြပါတယ်။