သင့် လုပ်ကိုင်ဖက်တွေရဲ့ လခကို သင် သိသင့်တာ ဘာကြောင့်လဲ။
-
0:01 - 0:03သင် လစာ ဘယ်လောက်ရလဲ။
-
0:03 - 0:05အသံကျယ်ကြီး မဖြေပါနဲ့။
-
0:06 - 0:07ဒါပေမဲ့ ခေါင်းထဲမှာ ကိန်းတစ်ခုထည့်ပါ။
-
0:08 - 0:13ကဲ သင့်ဘေးမှာ ထိုင်နေတဲ့သူ လစာ
ဘယ်လောက် ရတယ်ထင်လဲ။ -
0:13 - 0:15ထပ်ပြီးဗျာ၊ အသံကျယ်ကြီးနဲ့ မဖြေပါနဲ့။
-
0:15 - 0:16(ရယ်သံများ)
-
0:17 - 0:20အလုပ်မှာ သင့်ဘေးက အခန်းလေး ဒါမှမဟုတ်
-
0:20 - 0:23စားပွဲမှာ ထိုင်နေတဲ့လူ
လစာဘယ်လောက် ရတယ်ထင်လဲ။ -
0:23 - 0:25သင်သိပါသလား။
-
0:25 - 0:26သင် သိသင့်လား။
-
0:27 - 0:31သတိပြုပါ၊ ကျွန်တော့အတွက် ဒီမေးခွန်းတွေ
မေးဖို့ဆိုတာတောင် အားနာစရာပါ။ -
0:31 - 0:34ဒါပေမဲ့ ဝန်ခံရမှာက၊
လူတိုင်းသိချင်တာမျိုးလေ။ -
0:35 - 0:39အများစုဟာ ကိုယ့်လစာကို အများသိအောင်
ပြောရမှာကို စိတ်မသက်မသာဖြစ်တယ်။ -
0:39 - 0:41အိမ်နီးနားချင်းတွေကို မပြောချင်ဘူး၊
-
0:41 - 0:44ရုံးနီးနားချင်းတွေကို
လုံးဝ မပြောသင့်ဘူးပေါ့။ -
0:44 - 0:47လက်ခံထားတဲ့ အကြောင်းရင်းက
လူတိုင်းရတဲ့ လစာတွေ လူတိုင်းသိသွားရင် -
0:47 - 0:49ပွက်လောရိုက်သွားမယ်ပေါ့။
-
0:49 - 0:51ငြင်းခုံတာတွေ၊ ခိုက်ရန်တွေ ဖြစ်လာမယ်။
-
0:51 - 0:54အလုပ်ထွက်တဲ့သူ တစ်ချို့တောင်
ရှိနိုင်တယ်ပေါ့။ -
0:54 - 0:57ဒါပေမဲ့ လျှို့ဝှက်မှုက ဒီပဋိပက္ခအားလုံး
အတွက် တကယ့် အကြောင်းရင်းပဲလား။ -
0:57 - 1:00ဒီလျှို့ဝှက်မှုကို ဖယ်လိုက်ရင် ဘာဖြစ်မလဲ။
-
1:01 - 1:05ပွင့်လင်းမှုက ကုမ္ပဏီအတွင်းမှာ
မျှတမှုနဲ့ စုပေါင်းလုပ်ဆောင်မှုကို -
1:05 - 1:06တိုးစေတယ်ဆိုရင်ရော။
-
1:06 - 1:09လစာပေးတာ လုံးဝ ပွင့်လင်းမြင်သာမှု
ရှိရင် ဘာဖြစ်လာမလဲ။ -
1:10 - 1:12လွန်ခဲ့တဲ့ နှစ်များစွာမှာ
-
1:12 - 1:15ကုမ္ပဏီလည်ပတ်ပုံရဲ့
အစဉ်အလာ အတွေးအမြင်ကို မေးခွန်းထုတ်တဲ့ -
1:15 - 1:18ကုမ္ပဏီတွေနဲ့ စွန့်ဦးထွင်
ခေါင်းဆောင်တွေကို လေ့လာနေခဲ့တယ်။ -
1:18 - 1:21လစာပေးတဲ့ ပြဿနာက ဆက်ဆက်ပေါ်လာတယ်။
-
1:21 - 1:24အဖြေတွေက ဆက်ပြီး အံ့သြစရာပါ။
-
1:24 - 1:26ဖြစ်သွားတာက လစာ ပွင့်လင်းမြင်သာမှု၊
-
1:26 - 1:28ကုမ္ပဏီက လစာတွေကို ပွင့်လင်းစွာ အသိပေးတာဟာ
-
1:28 - 1:31ဝန်ထမ်းရော၊ အဖွဲ့အစည်း
နှစ်ရပ်လုံးအတွက်ပါ ပိုကောင်းတဲ့ -
1:31 - 1:33အလုပ်ခွင်ဖြစ်စေတာပါ။
-
1:33 - 1:36လူတွေဟာ အဖော်တွေနဲ့
သူတို့ လစာကို ဘယ်လိုယှဉ်ရမှန်း မသိတဲ့အခါ -
1:36 - 1:38လစာလျှော့ပေးခံရတယ်၊ ခွဲခြားဆက်ဆံခံရတယ်
-
1:38 - 1:40လို့တောင် ပိုခံစားမိနိုင်ပါတယ်။
-
1:41 - 1:43ကိုယ်ဟာ လစာလျှော့ရတယ်၊
ခွဲခြားဆက်ခံရတယ်ဆိုတဲ့ အတွေးကို -
1:43 - 1:46ခွင့်ပြုထားတဲ့ နေရာတစ်ခုမှာ
သင်ဟာ အလုပ်လုပ်ချင်လား။ -
1:47 - 1:49ဒါပေမဲ့ လစာတွေ
လျှို့ဝှက်ထားခြင်းက အဲဒီလိုဖြစ်စေကာ -
1:49 - 1:52အဲဒါဟာ ရိုးအီနေတဲ့ အကျင့်ဟောင်းတစ်ခုပါ။
-
1:53 - 1:55အမေရိကမှာ လုပ်သားတွေရဲ့
-
1:55 - 1:58သူတို့လစာအား ဆွေးနွေးပိုင်ခွင့်ကို ဥပဒေနဲ့
ကာကွယ်ထားတာတောင် ရှိနေတယ်။ -
1:59 - 2:02လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက
ကျော်ကြားတဲ့ ဥပမာတစ်ခုမှာ -
2:02 - 2:04Vanity Fair မဂ္ဂဇင်းရဲ့ စီမံအုပ်ချုပ်မှုဟာ
-
2:04 - 2:06"ဝန်ထမ်းများအကြား လစာရရှိမှုအပေါ်
-
2:06 - 2:09ဆွေးနွေးခြင်းမပြုရ"လို့ ခေါင်းစဉ်
တပ်ထားတဲ့ စာကို ဖြန့်ဝေခဲ့တယ်။ -
2:10 - 2:13ဝန်ထမ်းများအကြား ရတဲ့လစာအား
ဆွေးနွေးခြင်းကို "တားမြစ်သည်"တဲ့။ -
2:13 - 2:16ကဲ ဒီစာက လူတိုင်းနဲ့တော့ အဆင်မပြေဘူးပေါ့။
-
2:16 - 2:18New York စာပေ အထင်ကရ
Dorothy Parker -
2:18 - 2:19Robert Benchley၊ Robert Sherwood
-
2:20 - 2:22တို့ဟာ Algonquin Round Table က
စာရေးဆရာတွေဖြစ်ပြီး -
2:22 - 2:24ပွင့်လင်းမြင်သာရေးအတွက် ရပ်တည်ဖို့
-
2:24 - 2:26ဆုံးဖြတ်ကာ နောက်နေ့ လစာရေးထားတဲ့
-
2:26 - 2:29ဆိုင်းဘုတ်ကို သူတို့လည်ပင်းမှာ
ချိတ်ပြီး သူတို့ရဲ့ လစာကို ပြခဲ့တယ်။ -
2:29 - 2:30(ရယ်သံများ)
-
2:31 - 2:32အားလုံး မြင်ဖို့ ရင်ဘတ်မှာ
-
2:32 - 2:36လစာရေးထားတာနဲ့ အလုပ်ကို
လာတာကို မြင်ယောင်ကြည့်ပါ။ -
2:38 - 2:41ဒါပေမဲ့ ဘာလို့ ကုမ္ပဏီတွေ လစာငွေ
ဆွေးနွေးမှုကို အားမပေးတာလဲ။ -
2:41 - 2:44ဘာလို့ တစ်ချို့က ဒါနဲ့ အဆင်ပြေပြီး
တစ်ချို့က ဆန့်ကျင်ကြတာလဲ။ -
2:46 - 2:49ဖြစ်သွားတာက လက်ခံထားတဲ့
အကြောင်းရင်းတွေအပြင် -
2:49 - 2:52လစာ လျှို့ဝှက်မှုဟာ တကယ်တော့
ငွေအမြောက်အများချွေတာဖို့ပါ။ -
2:52 - 2:54မြင်ပြီနော် လစာတွေကို လျှို့ဝှက်ခြင်းဟာ
-
2:54 - 2:57စီးပွားရေးပညာရှင်တွေ ဆိုတဲ့ "သတင်း
အချိုးမညီမှု" ကိုဖြစ်စေတယ်။ -
2:57 - 2:59ဒါက ညှိနှိုင်းမှုတစ်ခုမှာ တစ်ဖွဲ့က
တစ်ဖွဲ့ထက် -
3:00 - 3:03သတင်းအချက်တွေ တစ်လှေကြီးပိုရတဲ့
အခြေအနေတစ်ခုရှိရာပါ။ -
3:03 - 3:06ခန့်ထားခြင်း (သို့) ရာထူတိုး (သို့)
နှစ်စဉ် လစာတိုး ဆွေးနွေးမှုတွေမှာ -
3:06 - 3:10အလုပ်ရှင်ဟာ ငွေအများကြီး သက်သာဖို့
ဒီလျှို့ဝှက်မှုကို သုံးနိုင်ပါတယ်။ -
3:11 - 3:13လူတိုင်းရဲ့ လစာသိရင် လစာတိုးဖို့
ဘယ်လို အချက်ကျကျ -
3:13 - 3:15ညှိနှိုင်းနိုင်မှာကို မြင်ကြည့်ပါ။
-
3:18 - 3:20စီးပွားရေးပညာရှင်တွေက သတင်း
အချိုးမညီမှုဟာ စျေးကွက် -
3:20 - 3:22ချော်နိုင်တယ်လို့ သတိပေးတယ်။
-
3:22 - 3:24တစ်ယောက်က လစာဖြတ်ပိုင်းကို
ကူးစက်ပေါ်မှာ -
3:24 - 3:26ထားတော့ ရုတ်တရက် အချင်းချင်း ထအော်ကြရောလေ။
-
3:27 - 3:29တကယ်က သတင်းအချက်အလက် အချိုးမညီမှုဟာ
-
3:29 - 3:33စျေးကွက် လုံးဝပျက်တဲ့အထိ ဖြစ်နိုင်
တယ်လို့ သတိပေးတာတောင်နော်။ -
3:34 - 3:36ကျွန်တော်တို့ အဲဒီကို ရောက်လုပြီ ထင်တယ်။
-
3:36 - 3:37ဒီမှာ အကြောင်းပြချက်ပါ။
-
3:37 - 3:42ပထမက ဝန်ထမ်းအများစုဟာ အဖော်တွေနဲ့
.ယှဉ်ရင် သူတို့ လစာ ဘယ်လိုနေမှန်း မသိတာပါ။ -
3:43 - 3:47ဝန်ထမ်း ၇၀၀၀၀ ကို ၂၀၁၅ စစ်တမ်း ကောက်ခဲ့ရာ
-
3:47 - 3:50စျေးကွက်နှုန်းအတိုင်းရတဲ့
လူတိုင်းထဲက သုံးပုံနှစ်ပုံက -
3:50 - 3:52သူတို့ဟာ လျှော့ပေးတာခံရတယ်လို့
ခံစားမိတယ်တဲ့။ -
3:53 - 3:56လစာလျှော့ပေးတယ်လို့ ခံစားမိသူတိုင်းရဲ့
-
3:56 - 3:59၆၀ ရာခိုင်နှုန်းက ထွက်ဖို့
ရည်ရွယ်ထားတယ်တဲ့။ -
3:59 - 4:02လျော့ပေးပေး၊ ပိုပေးပေးဒါမှမဟုတ်
စျေးကွက်နှုန်းအတိုင်း -
4:02 - 4:03အမှန်ပဲဆိုဆို
ဘယ်နေရာဖြစ်ဖြစ်ပါ။ -
4:04 - 4:07သင်ဟာ ဒီစစ်တမ်းမှာပါခဲ့မယ်ဆိုရင်
ဘာပြောမလဲ။ -
4:07 - 4:08လျှော့ပေးခံရလား။
-
4:08 - 4:10ကောင်းပြီ၊ နေဦး ဘယ်လိုလုပ်ပြီး
သိခဲ့ရမှာလဲ၊ -
4:10 - 4:12အကြောင်းက ဒီအကြောင်း ပြောလို့မှမရတာ။
-
4:13 - 4:17နောက်တစ်ခုက သတင်း အချိုးမညီမှု၊
လစာ လျှို့ဝှက်မှုဟာ -
4:17 - 4:19ယနေ့ စျေးကွက်မှာ ရှိပြီးဖြစ်တဲ့
ခွဲခြားဆက်ဆံမှုကို -
4:19 - 4:22ပိုပြီး ဂရုမစိုက်ဖို့ ပိုလွယ်လာစေတယ်လေ။
-
4:22 - 4:26Institute for Women's Policy Research က
၂၀၁၁ ခု အစီရင်ခံစာမှာ -
4:26 - 4:28အမျိုးသားနဲ့ အမျိုးသမီးကြားက ကျား၊မ လုပ်ခ
-
4:28 - 4:30ကွာခြားချက်က ၂၃ ရာခိုင်နှုန်းပါ။
-
4:30 - 4:33ဒါက တစ်ဒေါ်လာ ရတဲ့အပေါ်မှာ ၇၇ ဆင့်ရှိရာပါ။
-
4:34 - 4:35ဒါပေမဲ့ လစာအဆင့်အချို့မှာ
-
4:35 - 4:37တွဲထားတဲ့ ပြည်ထောင်စုအစိုးရမှာနဲ့
-
4:37 - 4:39လူတိုင်းက အဲဒီအဆင့်တွေကို သိထားကြရာ
-
4:39 - 4:41ကျား၊မ လုပ်ခကွာခြားချက်က
၁၁ % ထိကျုံ့သွားကာ -
4:41 - 4:44ဒါ စီးပွားရေးပညာရှင်တွေ
ထိန်းချုပ်၊ မချုပ် -
4:44 - 4:47အငြင်းပွားတဲ့ အကြောင်းရင်းတွေ
အတွက် မထိန်းချုပ်ခင်ကပါ။ -
4:47 - 4:50ကျား၊ မ လုပ်ခကွာခြားချက်ကို
တကယ်ပဲ ပိတ်ချင်ရင် -
4:50 - 4:52လစာ စာရင်းကို ဖွင့်လိုက်မှုဖြင့်
စတင်သင့်တယ်။ -
4:53 - 4:56ဒါက လုံးဝ စျေးကွက် ကျဆုံးမှုဟာ
ဒီပုံပေါက်တယ်ဆိုရင် -
4:56 - 4:59ပွင့်လင်းမှုဟာ သေချာပေါက်မျှာစေဖို့
တစ်ခုတည်းသော နည်းလမ်းဖြစ်ပါမယ်။ -
5:00 - 5:03ကဲ သဘောပေါက်တာက ကိုယ့်ကို
ကသိကအောက် ဖြစ်စေလောက်တာကို -
5:03 - 5:04လူတွေကို အသိပေးခြင်းဟာ
-
5:04 - 5:06ခွဲခြားဆက်ဆံတာခံနေရတယ်လို့
-
5:06 - 5:09သင်အမြဲတွေးနေမိတာ၊
ဒါမှမဟုတ် ကိုယ့်ဇနီး၊ သမီး (သို့) -
5:09 - 5:13ညီမဟာ မမျှမတ လစာရနေလား ဆိုတာထက်
ကသိကအောက် နည်းတာမဟုတ်တာပါ။ -
5:13 - 5:17ပွင့်လင်းမှုဟာ သေချာပေါက် မျှတစေဖို့
အကောင်းဆုံး နည်းလမ်း ဖြစ်ကျန်နေပြီး -
5:17 - 5:19လစာ ပွင့်လင်းမြင်သာမှုက ဒါကိုလုပ်ပါတယ်။
-
5:20 - 5:23ဒါကြောင့် စွန့်ဦးထွင်နဲ့ လုပ်ငန်းစု
ခေါင်းဆောင်တွေဟာ -
5:23 - 5:25လစာတွေကို အသိပေးတာနဲ့ စမ်းသပ်နေတာ
နှစ်တွေချီနေပါပြီ။ -
5:26 - 5:27ဥပမာ Dane Atkinson ပါ။
-
5:27 - 5:31Dane ဟာ လစာငွေ လျှို့ဝှက်မှု စည်းကမ်း
ချက်ထဲမှာ ကုမ္ပဏီများစွာကို စခဲ့တဲ့ -
5:31 - 5:32ဆက်တိုက် စွန့်ဦးထွင်ဖြစ်ပြီး
-
5:32 - 5:36ဒီစည်းကမ်းကို အရည်အချင်းတူတဲ့
လူနှစ်ယောက်ကို -
5:36 - 5:38ညှိနှိုင်းနိုင်ပုံအပေါ် မူတည်ပြီး
-
5:38 - 5:40အင်မတန် မတူတဲ့ လစာတွေ
ပေးဖို့တောင် သုံးခဲ့တယ်။ -
5:40 - 5:43ဒါရဲ့ အကျိုးဆက်အဖြစ် ဖြစ်ခဲ့တဲ့
ပဋိပက္ခကို မြင်မိတယ်။ -
5:44 - 5:46ဒါကြောင့် သူ့ရဲ့ အသစ်ဆုံး ကုမ္ပဏီ
SumAll စတော့ -
5:46 - 5:49အစတည်းက လစာ ပွင့်လင်း
မြင်သာမှုကို လုပ်ဆောင်ခဲ့တယ်။ -
5:50 - 5:52အကျိုးဆက်တွေက အံ့သြစရာပါ။
-
5:52 - 5:54လေ့လာမှု တစ်ခုပြီး တစ်ခုမှာ
-
5:54 - 5:56လူတွေ သူတို့ လစာရပုံနဲ့ သူတို့
-
5:56 - 5:58အဖော်တွေရဲ့ လစာနဲ့ နှိုင်းယှဉ်ပုံ သိတော့
-
5:58 - 6:01သူတို့ဟာ လုပ်ဆောင်မှုကို
တိုးတက်အောင် ကြိုးစားဖို့၊ -
6:01 - 6:04ပိုအံကျဖို့ ပိုဖြစ်နိုင်ကာ
အလုပ်ထွက်နိုင်ခြေ ပိုနည်းသွားတယ်။ -
6:04 - 6:05ဒါကြောင့် Dane တင် မကဘူး။
-
6:05 - 6:07Buffer လို နည်းပညာ ကနဦး လုပ်ငန်းတွေကနေ
-
6:08 - 6:11ဝန်ထမ်း သိန်းချီရှိတဲ့ Whole Foods အထိပါ၊
-
6:11 - 6:14အဲဒီမှာ သင့်လစာကို လူတိုင်း မြင်နိုင်ရုံမက
-
6:14 - 6:17စတိုးနဲ့ ဌာနအတွက် အတွက်
လုပ်ဆောင်မှု အချက်အလက်ပါ -
6:18 - 6:19ကုမ္ပဏီ ရုံးတွင်းကွန်ရက်မှာ
-
6:19 - 6:21အားလုံးမြင်နိုင်ပါတယ်။
-
6:22 - 6:24ကဲ လစာ ပွင့်လင်းမြင်သာမှုက
ပုံစံအများကြီးရှိပါတယ်။ -
6:24 - 6:26အားလုံးနဲ့ ကိုက်တဲ့ ပုံစံမရှိပါ။။
-
6:26 - 6:29တစ်ချို့က သူတို့လစာကို
အားလုံးမြင်ဖို့ တင်တယ်။ -
6:29 - 6:31တစ်ချို့က ကုမ္ပဏီတွင်းမှာပဲ သိစေချင်တယ်။
-
6:31 - 6:34တစ်ချို့က လစာတွက်တဲ့ ပုံသေနည်းတင်ပြီး
-
6:34 - 6:35အခြားသူတွေက လစာအဆင့်တွေတင်ကာ
-
6:35 - 6:37ဒီအဆင့်တွေက လူတိုင်းနဲ့ တွဲလိုက်တယ်။
-
6:37 - 6:39ဒီတော့ ရုံးဝန်းကျင်က သင့်ဝန်ထမ်းတွေ
-
6:39 - 6:42အားလုံးအတွက် ဆိုင်းဘုတ်တွေ
လုပ်ပေးစရာမလိုပါဘူး။ -
6:42 - 6:45အိမ်မှာ လုပ်ခဲ့တဲ့ ဆိုင်းဘုတ်ဆွဲသူဟာ
သင်တစ်ယောက်တည်း -
6:45 - 6:46ဖြစ်ဖို့ မလိုပါဘူ။
-
6:46 - 6:50ဒါပေမဲ့ အားလုံး လစာ ပွင့်လင်းမှုဆီ
ခြေလှမ်းကျဲတွေ လှမ်းနိုင်တယ်။ -
6:50 - 6:52လုပ်ပိုင်ခွင့်ရှိတဲ့ လူတွေအတွက်
-
6:52 - 6:54လစာ ပွင့်လင်းမြင်သာမှုဆီ ရှေ့ဆက်ဖို့
-
6:54 - 6:56ဒါဟာ ရှေ့ဆက်ဖို့ အချိန်ပါ။
-
6:56 - 6:58လုပ်ပိုင်ခွင့် မရှိသူတွေအတွက်တော့
သင့်တို့ရဲ့ -
6:58 - 7:00အခွင့်အရေးအတွက် ထတောင်းဖို့ အချိန်ပါ။
-
7:01 - 7:03ဒီတော့ သင် လစာ ဘယ်လောက်ရလဲ။
-
7:04 - 7:07ကိုယ့်နဲ့အတူ အလုပ်လုပ်သူတွေနဲ့
ဘယ်လို နှိုင်းယှဉ်လဲ။ -
7:07 - 7:08သင် သိသင့်တယ်လေ။
-
7:09 - 7:11သူတို့ရော သိသင့်တာပေါ့။
-
7:12 - 7:13ကျေးဇူးတင်ပါတယ်။
-
7:13 - 7:16(လက်ခုပ်သံများ)
- Title:
- သင့် လုပ်ကိုင်ဖက်တွေရဲ့ လခကို သင် သိသင့်တာ ဘာကြောင့်လဲ။
- Speaker:
- David Burkus
- Description:
-
သင်လခ ဘယ်လောက်ရလဲ။ ဒါကို သင် အလုပ်အတူလုပ်တဲ့ လူတွေနဲ့ နှိုင်းကြည့်ရင် ဘယ်လိုရှိလဲ။ သင် သိသင့်ပါတယ်၊ အခြားသူတွေလည်း သိသင့်တယ်လို့ ပြောသူကတော့ စီမံခန့်ခွဲ့ရေး သုတေသီ
David Burkus ပါ။ Burkus ကနေပြီး ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ လစာတွေကို လျှို့ဝှက်ထားခြင်းနဲ့ဆိုင်တဲ့ ထင်မြင်ချက်တွေကို မေးခွန်းထုတ်လိုက်ပြီး ဒါတွေကို မျှဝေအသိပေးခြင်းက ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ လူ့အဖွဲ့အစည်းကို ဘယ်လို အကျိုးပြုနိုင်အကြာင်း အလွန်စိတ်ဝင်စားဖွယ် ဆွေးနွေးထားပါတယ်။ - Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 07:29
sann tint approved Burmese subtitles for Why you should know how much your coworkers get paid | ||
sann tint edited Burmese subtitles for Why you should know how much your coworkers get paid | ||
sann tint edited Burmese subtitles for Why you should know how much your coworkers get paid | ||
sann tint edited Burmese subtitles for Why you should know how much your coworkers get paid | ||
sann tint edited Burmese subtitles for Why you should know how much your coworkers get paid | ||
sann tint edited Burmese subtitles for Why you should know how much your coworkers get paid | ||
sann tint edited Burmese subtitles for Why you should know how much your coworkers get paid | ||
sann tint edited Burmese subtitles for Why you should know how much your coworkers get paid |