1 00:00:01,178 --> 00:00:02,590 သင် လစာ ဘယ်လောက်ရလဲ။ 2 00:00:03,155 --> 00:00:05,043 အသံကျယ်ကြီး မဖြေပါနဲ့။ 3 00:00:05,666 --> 00:00:07,447 ဒါပေမဲ့ ခေါင်းထဲမှာ ကိန်းတစ်ခုထည့်ပါ။ 4 00:00:08,017 --> 00:00:12,660 ကဲ သင့်ဘေးမှာ ထိုင်နေတဲ့သူ လစာ ဘယ်လောက် ရတယ်ထင်လဲ။ 5 00:00:13,176 --> 00:00:15,335 ထပ်ပြီးဗျာ၊ အသံကျယ်ကြီးနဲ့ မဖြေပါနဲ့။ 6 00:00:15,359 --> 00:00:16,461 (ရယ်သံများ) 7 00:00:17,144 --> 00:00:19,502 အလုပ်မှာ သင့်ဘေးက အခန်းလေး ဒါမှမဟုတ် 8 00:00:19,526 --> 00:00:23,464 စားပွဲမှာ ထိုင်နေတဲ့လူ လစာဘယ်လောက် ရတယ်ထင်လဲ။ 9 00:00:23,488 --> 00:00:24,643 သင်သိပါသလား။ 10 00:00:24,977 --> 00:00:26,342 သင် သိသင့်လား။ 11 00:00:26,961 --> 00:00:30,938 သတိပြုပါ၊ ကျွန်တော့အတွက် ဒီမေးခွန်းတွေ မေးဖို့ဆိုတာတောင် အားနာစရာပါ။ 12 00:00:30,962 --> 00:00:34,112 ဒါပေမဲ့ ဝန်ခံရမှာက၊ လူတိုင်းသိချင်တာမျိုးလေ။ 13 00:00:34,993 --> 00:00:38,518 အများစုဟာ ကိုယ့်လစာကို အများသိအောင် ပြောရမှာကို စိတ်မသက်မသာဖြစ်တယ်။ 14 00:00:38,542 --> 00:00:40,691 အိမ်နီးနားချင်းတွေကို မပြောချင်ဘူး၊ 15 00:00:40,715 --> 00:00:43,907 ရုံးနီးနားချင်းတွေကို လုံးဝ မပြောသင့်ဘူးပေါ့။ 16 00:00:43,931 --> 00:00:47,445 လက်ခံထားတဲ့ အကြောင်းရင်းက လူတိုင်းရတဲ့ လစာတွေ လူတိုင်းသိသွားရင် 17 00:00:47,469 --> 00:00:49,259 ပွက်လောရိုက်သွားမယ်ပေါ့။ 18 00:00:49,283 --> 00:00:51,384 ငြင်းခုံတာတွေ၊ ခိုက်ရန်တွေ ဖြစ်လာမယ်။ 19 00:00:51,408 --> 00:00:53,597 အလုပ်ထွက်တဲ့သူ တစ်ချို့တောင် ရှိနိုင်တယ်ပေါ့။ 20 00:00:53,621 --> 00:00:57,400 ဒါပေမဲ့ လျှို့ဝှက်မှုက ဒီပဋိပက္ခအားလုံး အတွက် တကယ့် အကြောင်းရင်းပဲလား။ 21 00:00:57,424 --> 00:01:00,042 ဒီလျှို့ဝှက်မှုကို ဖယ်လိုက်ရင် ဘာဖြစ်မလဲ။ 22 00:01:00,599 --> 00:01:04,590 ပွင့်လင်းမှုက ကုမ္ပဏီအတွင်းမှာ မျှတမှုနဲ့ စုပေါင်းလုပ်ဆောင်မှုကို 23 00:01:04,614 --> 00:01:05,836 တိုးစေတယ်ဆိုရင်ရော။ 24 00:01:05,860 --> 00:01:09,446 လစာပေးတာ လုံးဝ ပွင့်လင်းမြင်သာမှု ရှိရင် ဘာဖြစ်လာမလဲ။ 25 00:01:10,254 --> 00:01:11,571 လွန်ခဲ့တဲ့ နှစ်များစွာမှာ 26 00:01:11,595 --> 00:01:14,508 ကုမ္ပဏီလည်ပတ်ပုံရဲ့ အစဉ်အလာ အတွေးအမြင်ကို မေးခွန်းထုတ်တဲ့ 27 00:01:14,532 --> 00:01:18,081 ကုမ္ပဏီတွေနဲ့ စွန့်ဦးထွင် ခေါင်းဆောင်တွေကို လေ့လာနေခဲ့တယ်။ 28 00:01:18,105 --> 00:01:20,557 လစာပေးတဲ့ ပြဿနာက ဆက်ဆက်ပေါ်လာတယ်။ 29 00:01:21,105 --> 00:01:23,555 အဖြေတွေက ဆက်ပြီး အံ့သြစရာပါ။ 30 00:01:24,458 --> 00:01:26,265 ဖြစ်သွားတာက လစာ ပွင့်လင်းမြင်သာမှု၊ 31 00:01:26,289 --> 00:01:28,399 ကုမ္ပဏီက လစာတွေကို ပွင့်လင်းစွာ အသိပေးတာဟာ 32 00:01:28,423 --> 00:01:31,072 ဝန်ထမ်းရော၊ အဖွဲ့အစည်း နှစ်ရပ်လုံးအတွက်ပါ ပိုကောင်းတဲ့ 33 00:01:31,096 --> 00:01:32,683 အလုပ်ခွင်ဖြစ်စေတာပါ။ 34 00:01:33,362 --> 00:01:36,461 လူတွေဟာ အဖော်တွေနဲ့ သူတို့ လစာကို ဘယ်လိုယှဉ်ရမှန်း မသိတဲ့အခါ 35 00:01:36,485 --> 00:01:38,301 လစာလျှော့ပေးခံရတယ်၊ ခွဲခြားဆက်ဆံခံရတယ် 36 00:01:38,325 --> 00:01:40,260 လို့တောင် ပိုခံစားမိနိုင်ပါတယ်။ 37 00:01:40,646 --> 00:01:43,221 ကိုယ်ဟာ လစာလျှော့ရတယ်၊ ခွဲခြားဆက်ခံရတယ်ဆိုတဲ့ အတွေးကို 38 00:01:43,245 --> 00:01:46,049 ခွင့်ပြုထားတဲ့ နေရာတစ်ခုမှာ သင်ဟာ အလုပ်လုပ်ချင်လား။ 39 00:01:46,697 --> 00:01:49,207 ဒါပေမဲ့ လစာတွေ လျှို့ဝှက်ထားခြင်းက အဲဒီလိုဖြစ်စေကာ 40 00:01:49,231 --> 00:01:52,114 အဲဒါဟာ ရိုးအီနေတဲ့ အကျင့်ဟောင်းတစ်ခုပါ။ 41 00:01:52,674 --> 00:01:54,766 အမေရိကမှာ လုပ်သားတွေရဲ့ 42 00:01:54,790 --> 00:01:58,240 သူတို့လစာအား ဆွေးနွေးပိုင်ခွင့်ကို ဥပဒေနဲ့ ကာကွယ်ထားတာတောင် ရှိနေတယ်။ 43 00:01:59,417 --> 00:02:01,975 လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ကျော်ကြားတဲ့ ဥပမာတစ်ခုမှာ 44 00:02:01,999 --> 00:02:04,105 Vanity Fair မဂ္ဂဇင်းရဲ့ စီမံအုပ်ချုပ်မှုဟာ 45 00:02:04,129 --> 00:02:06,249 "ဝန်ထမ်းများအကြား လစာရရှိမှုအပေါ် 46 00:02:06,273 --> 00:02:09,478 ဆွေးနွေးခြင်းမပြုရ"လို့ ခေါင်းစဉ် တပ်ထားတဲ့ စာကို ဖြန့်ဝေခဲ့တယ်။ 47 00:02:09,502 --> 00:02:12,824 ဝန်ထမ်းများအကြား ရတဲ့လစာအား ဆွေးနွေးခြင်းကို "တားမြစ်သည်"တဲ့။ 48 00:02:13,482 --> 00:02:15,629 ကဲ ဒီစာက လူတိုင်းနဲ့တော့ အဆင်မပြေဘူးပေါ့။ 49 00:02:15,653 --> 00:02:17,699 New York စာပေ အထင်ကရ Dorothy Parker 50 00:02:17,723 --> 00:02:19,485 Robert Benchley၊ Robert Sherwood 51 00:02:19,509 --> 00:02:21,950 တို့ဟာ Algonquin Round Table က စာရေးဆရာတွေဖြစ်ပြီး 52 00:02:21,974 --> 00:02:23,755 ပွင့်လင်းမြင်သာရေးအတွက် ရပ်တည်ဖို့ 53 00:02:23,779 --> 00:02:25,511 ဆုံးဖြတ်ကာ နောက်နေ့ လစာရေးထားတဲ့ 54 00:02:25,535 --> 00:02:28,749 ဆိုင်းဘုတ်ကို သူတို့လည်ပင်းမှာ ချိတ်ပြီး သူတို့ရဲ့ လစာကို ပြခဲ့တယ်။ 55 00:02:28,773 --> 00:02:30,321 (ရယ်သံများ) 56 00:02:30,716 --> 00:02:32,291 အားလုံး မြင်ဖို့ ရင်ဘတ်မှာ 57 00:02:32,315 --> 00:02:35,805 လစာရေးထားတာနဲ့ အလုပ်ကို လာတာကို မြင်ယောင်ကြည့်ပါ။ 58 00:02:37,573 --> 00:02:40,843 ဒါပေမဲ့ ဘာလို့ ကုမ္ပဏီတွေ လစာငွေ ဆွေးနွေးမှုကို အားမပေးတာလဲ။ 59 00:02:40,867 --> 00:02:44,199 ဘာလို့ တစ်ချို့က ဒါနဲ့ အဆင်ပြေပြီး တစ်ချို့က ဆန့်ကျင်ကြတာလဲ။ 60 00:02:45,906 --> 00:02:48,950 ဖြစ်သွားတာက လက်ခံထားတဲ့ အကြောင်းရင်းတွေအပြင် 61 00:02:48,974 --> 00:02:52,277 လစာ လျှို့ဝှက်မှုဟာ တကယ်တော့ ငွေအမြောက်အများချွေတာဖို့ပါ။ 62 00:02:52,301 --> 00:02:54,212 မြင်ပြီနော် လစာတွေကို လျှို့ဝှက်ခြင်းဟာ 63 00:02:54,236 --> 00:02:57,187 စီးပွားရေးပညာရှင်တွေ ဆိုတဲ့ "သတင်း အချိုးမညီမှု" ကိုဖြစ်စေတယ်။ 64 00:02:57,211 --> 00:02:59,482 ဒါက ညှိနှိုင်းမှုတစ်ခုမှာ တစ်ဖွဲ့က တစ်ဖွဲ့ထက် 65 00:02:59,506 --> 00:03:02,504 သတင်းအချက်တွေ တစ်လှေကြီးပိုရတဲ့ အခြေအနေတစ်ခုရှိရာပါ။ 66 00:03:02,887 --> 00:03:06,297 ခန့်ထားခြင်း (သို့) ရာထူတိုး (သို့) နှစ်စဉ် လစာတိုး ဆွေးနွေးမှုတွေမှာ 67 00:03:06,321 --> 00:03:09,979 အလုပ်ရှင်ဟာ ငွေအများကြီး သက်သာဖို့ ဒီလျှို့ဝှက်မှုကို သုံးနိုင်ပါတယ်။ 68 00:03:10,518 --> 00:03:13,142 လူတိုင်းရဲ့ လစာသိရင် လစာတိုးဖို့ ဘယ်လို အချက်ကျကျ 69 00:03:13,166 --> 00:03:14,973 ညှိနှိုင်းနိုင်မှာကို မြင်ကြည့်ပါ။ 70 00:03:17,612 --> 00:03:20,053 စီးပွားရေးပညာရှင်တွေက သတင်း အချိုးမညီမှုဟာ စျေးကွက် 71 00:03:20,077 --> 00:03:21,724 ချော်နိုင်တယ်လို့ သတိပေးတယ်။ 72 00:03:21,748 --> 00:03:23,654 တစ်ယောက်က လစာဖြတ်ပိုင်းကို ကူးစက်ပေါ်မှာ 73 00:03:23,678 --> 00:03:26,096 ထားတော့ ရုတ်တရက် အချင်းချင်း ထအော်ကြရောလေ။ 74 00:03:26,866 --> 00:03:28,572 တကယ်က သတင်းအချက်အလက် အချိုးမညီမှုဟာ 75 00:03:28,596 --> 00:03:33,413 စျေးကွက် လုံးဝပျက်တဲ့အထိ ဖြစ်နိုင် တယ်လို့ သတိပေးတာတောင်နော်။ 76 00:03:34,095 --> 00:03:36,109 ကျွန်တော်တို့ အဲဒီကို ရောက်လုပြီ ထင်တယ်။ 77 00:03:36,133 --> 00:03:37,299 ဒီမှာ အကြောင်းပြချက်ပါ။ 78 00:03:37,323 --> 00:03:42,251 ပထမက ဝန်ထမ်းအများစုဟာ အဖော်တွေနဲ့ .ယှဉ်ရင် သူတို့ လစာ ဘယ်လိုနေမှန်း မသိတာပါ။ 79 00:03:42,834 --> 00:03:46,684 ဝန်ထမ်း ၇၀၀၀၀ ကို ၂၀၁၅ စစ်တမ်း ကောက်ခဲ့ရာ 80 00:03:46,708 --> 00:03:50,089 စျေးကွက်နှုန်းအတိုင်းရတဲ့ လူတိုင်းထဲက သုံးပုံနှစ်ပုံက 81 00:03:50,113 --> 00:03:52,345 သူတို့ဟာ လျှော့ပေးတာခံရတယ်လို့ ခံစားမိတယ်တဲ့။ 82 00:03:53,036 --> 00:03:55,915 လစာလျှော့ပေးတယ်လို့ ခံစားမိသူတိုင်းရဲ့ 83 00:03:55,939 --> 00:03:58,892 ၆၀ ရာခိုင်နှုန်းက ထွက်ဖို့ ရည်ရွယ်ထားတယ်တဲ့။ 84 00:03:58,916 --> 00:04:01,804 လျော့ပေးပေး၊ ပိုပေးပေးဒါမှမဟုတ် စျေးကွက်နှုန်းအတိုင်း 85 00:04:01,828 --> 00:04:03,407 အမှန်ပဲဆိုဆို ဘယ်နေရာဖြစ်ဖြစ်ပါ။ 86 00:04:04,200 --> 00:04:06,660 သင်ဟာ ဒီစစ်တမ်းမှာပါခဲ့မယ်ဆိုရင် ဘာပြောမလဲ။ 87 00:04:06,684 --> 00:04:07,960 လျှော့ပေးခံရလား။ 88 00:04:07,984 --> 00:04:10,309 ကောင်းပြီ၊ နေဦး ဘယ်လိုလုပ်ပြီး သိခဲ့ရမှာလဲ၊ 89 00:04:10,333 --> 00:04:12,466 အကြောင်းက ဒီအကြောင်း ပြောလို့မှမရတာ။ 90 00:04:12,911 --> 00:04:16,510 နောက်တစ်ခုက သတင်း အချိုးမညီမှု၊ လစာ လျှို့ဝှက်မှုဟာ 91 00:04:16,534 --> 00:04:19,313 ယနေ့ စျေးကွက်မှာ ရှိပြီးဖြစ်တဲ့ ခွဲခြားဆက်ဆံမှုကို 92 00:04:19,337 --> 00:04:21,804 ပိုပြီး ဂရုမစိုက်ဖို့ ပိုလွယ်လာစေတယ်လေ။ 93 00:04:22,217 --> 00:04:25,914 Institute for Women's Policy Research က ၂၀၁၁ ခု အစီရင်ခံစာမှာ 94 00:04:25,938 --> 00:04:28,062 အမျိုးသားနဲ့ အမျိုးသမီးကြားက ကျား၊မ လုပ်ခ 95 00:04:28,086 --> 00:04:29,824 ကွာခြားချက်က ၂၃ ရာခိုင်နှုန်းပါ။ 96 00:04:30,451 --> 00:04:33,070 ဒါက တစ်ဒေါ်လာ ရတဲ့အပေါ်မှာ ၇၇ ဆင့်ရှိရာပါ။ 97 00:04:33,641 --> 00:04:35,104 ဒါပေမဲ့ လစာအဆင့်အချို့မှာ 98 00:04:35,128 --> 00:04:37,191 တွဲထားတဲ့ ပြည်ထောင်စုအစိုးရမှာနဲ့ 99 00:04:37,215 --> 00:04:39,255 လူတိုင်းက အဲဒီအဆင့်တွေကို သိထားကြရာ 100 00:04:39,279 --> 00:04:41,364 ကျား၊မ လုပ်ခကွာခြားချက်က ၁၁ % ထိကျုံ့သွားကာ 101 00:04:41,388 --> 00:04:43,964 ဒါ စီးပွားရေးပညာရှင်တွေ ထိန်းချုပ်၊ မချုပ် 102 00:04:43,988 --> 00:04:46,881 အငြင်းပွားတဲ့ အကြောင်းရင်းတွေ အတွက် မထိန်းချုပ်ခင်ကပါ။ 103 00:04:47,264 --> 00:04:49,936 ကျား၊ မ လုပ်ခကွာခြားချက်ကို တကယ်ပဲ ပိတ်ချင်ရင် 104 00:04:49,960 --> 00:04:52,448 လစာ စာရင်းကို ဖွင့်လိုက်မှုဖြင့် စတင်သင့်တယ်။ 105 00:04:52,864 --> 00:04:56,086 ဒါက လုံးဝ စျေးကွက် ကျဆုံးမှုဟာ ဒီပုံပေါက်တယ်ဆိုရင် 106 00:04:56,110 --> 00:04:59,378 ပွင့်လင်းမှုဟာ သေချာပေါက်မျှာစေဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါမယ်။ 107 00:05:00,274 --> 00:05:02,775 ကဲ သဘောပေါက်တာက ကိုယ့်ကို ကသိကအောက် ဖြစ်စေလောက်တာကို 108 00:05:02,799 --> 00:05:04,445 လူတွေကို အသိပေးခြင်းဟာ 109 00:05:04,469 --> 00:05:05,984 ခွဲခြားဆက်ဆံတာခံနေရတယ်လို့ 110 00:05:06,008 --> 00:05:08,888 သင်အမြဲတွေးနေမိတာ၊ ဒါမှမဟုတ် ကိုယ့်ဇနီး၊ သမီး (သို့) 111 00:05:08,912 --> 00:05:12,674 ညီမဟာ မမျှမတ လစာရနေလား ဆိုတာထက် ကသိကအောက် နည်းတာမဟုတ်တာပါ။ 112 00:05:13,353 --> 00:05:17,293 ပွင့်လင်းမှုဟာ သေချာပေါက် မျှတစေဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ကျန်နေပြီး 113 00:05:17,317 --> 00:05:19,230 လစာ ပွင့်လင်းမြင်သာမှုက ဒါကိုလုပ်ပါတယ်။ 114 00:05:19,991 --> 00:05:22,671 ဒါကြောင့် စွန့်ဦးထွင်နဲ့ လုပ်ငန်းစု ခေါင်းဆောင်တွေဟာ 115 00:05:22,695 --> 00:05:25,488 လစာတွေကို အသိပေးတာနဲ့ စမ်းသပ်နေတာ နှစ်တွေချီနေပါပြီ။ 116 00:05:25,512 --> 00:05:26,925 ဥပမာ Dane Atkinson ပါ။ 117 00:05:26,949 --> 00:05:30,828 Dane ဟာ လစာငွေ လျှို့ဝှက်မှု စည်းကမ်း ချက်ထဲမှာ ကုမ္ပဏီများစွာကို စခဲ့တဲ့ 118 00:05:30,852 --> 00:05:32,434 ဆက်တိုက် စွန့်ဦးထွင်ဖြစ်ပြီး 119 00:05:32,458 --> 00:05:35,811 ဒီစည်းကမ်းကို အရည်အချင်းတူတဲ့ လူနှစ်ယောက်ကို 120 00:05:35,835 --> 00:05:37,531 ညှိနှိုင်းနိုင်ပုံအပေါ် မူတည်ပြီး 121 00:05:37,555 --> 00:05:39,724 အင်မတန် မတူတဲ့ လစာတွေ ပေးဖို့တောင် သုံးခဲ့တယ်။ 122 00:05:40,091 --> 00:05:43,422 ဒါရဲ့ အကျိုးဆက်အဖြစ် ဖြစ်ခဲ့တဲ့ ပဋိပက္ခကို မြင်မိတယ်။ 123 00:05:43,888 --> 00:05:46,115 ဒါကြောင့် သူ့ရဲ့ အသစ်ဆုံး ကုမ္ပဏီ SumAll စတော့ 124 00:05:46,139 --> 00:05:49,249 အစတည်းက လစာ ပွင့်လင်း မြင်သာမှုကို လုပ်ဆောင်ခဲ့တယ်။ 125 00:05:49,821 --> 00:05:51,559 အကျိုးဆက်တွေက အံ့သြစရာပါ။ 126 00:05:52,424 --> 00:05:54,046 လေ့လာမှု တစ်ခုပြီး တစ်ခုမှာ 127 00:05:54,070 --> 00:05:55,946 လူတွေ သူတို့ လစာရပုံနဲ့ သူတို့ 128 00:05:55,970 --> 00:05:57,999 အဖော်တွေရဲ့ လစာနဲ့ နှိုင်းယှဉ်ပုံ သိတော့ 129 00:05:58,023 --> 00:06:00,956 သူတို့ဟာ လုပ်ဆောင်မှုကို တိုးတက်အောင် ကြိုးစားဖို့၊ 130 00:06:00,980 --> 00:06:03,829 ပိုအံကျဖို့ ပိုဖြစ်နိုင်ကာ အလုပ်ထွက်နိုင်ခြေ ပိုနည်းသွားတယ်။ 131 00:06:03,853 --> 00:06:05,255 ဒါကြောင့် Dane တင် မကဘူး။ 132 00:06:05,279 --> 00:06:07,450 Buffer လို နည်းပညာ ကနဦး လုပ်ငန်းတွေကနေ 133 00:06:07,915 --> 00:06:11,261 ဝန်ထမ်း သိန်းချီရှိတဲ့ Whole Foods အထိပါ၊ 134 00:06:11,285 --> 00:06:14,452 အဲဒီမှာ သင့်လစာကို လူတိုင်း မြင်နိုင်ရုံမက 135 00:06:14,476 --> 00:06:17,476 စတိုးနဲ့ ဌာနအတွက် အတွက် လုပ်ဆောင်မှု အချက်အလက်ပါ 136 00:06:17,500 --> 00:06:19,419 ကုမ္ပဏီ ရုံးတွင်းကွန်ရက်မှာ 137 00:06:19,443 --> 00:06:20,665 အားလုံးမြင်နိုင်ပါတယ်။ 138 00:06:21,985 --> 00:06:24,447 ကဲ လစာ ပွင့်လင်းမြင်သာမှုက ပုံစံအများကြီးရှိပါတယ်။ 139 00:06:24,471 --> 00:06:26,069 အားလုံးနဲ့ ကိုက်တဲ့ ပုံစံမရှိပါ။။ 140 00:06:26,093 --> 00:06:28,589 တစ်ချို့က သူတို့လစာကို အားလုံးမြင်ဖို့ တင်တယ်။ 141 00:06:28,613 --> 00:06:30,914 တစ်ချို့က ကုမ္ပဏီတွင်းမှာပဲ သိစေချင်တယ်။ 142 00:06:30,938 --> 00:06:33,523 တစ်ချို့က လစာတွက်တဲ့ ပုံသေနည်းတင်ပြီး 143 00:06:33,547 --> 00:06:35,321 အခြားသူတွေက လစာအဆင့်တွေတင်ကာ 144 00:06:35,345 --> 00:06:37,123 ဒီအဆင့်တွေက လူတိုင်းနဲ့ တွဲလိုက်တယ်။ 145 00:06:37,147 --> 00:06:39,196 ဒီတော့ ရုံးဝန်းကျင်က သင့်ဝန်ထမ်းတွေ 146 00:06:39,220 --> 00:06:41,744 အားလုံးအတွက် ဆိုင်းဘုတ်တွေ လုပ်ပေးစရာမလိုပါဘူး။ 147 00:06:41,768 --> 00:06:44,682 အိမ်မှာ လုပ်ခဲ့တဲ့ ဆိုင်းဘုတ်ဆွဲသူဟာ သင်တစ်ယောက်တည်း 148 00:06:44,706 --> 00:06:45,928 ဖြစ်ဖို့ မလိုပါဘူ။ 149 00:06:46,494 --> 00:06:49,698 ဒါပေမဲ့ အားလုံး လစာ ပွင့်လင်းမှုဆီ ခြေလှမ်းကျဲတွေ လှမ်းနိုင်တယ်။ 150 00:06:50,233 --> 00:06:52,261 လုပ်ပိုင်ခွင့်ရှိတဲ့ လူတွေအတွက် 151 00:06:52,285 --> 00:06:54,079 လစာ ပွင့်လင်းမြင်သာမှုဆီ ရှေ့ဆက်ဖို့ 152 00:06:54,103 --> 00:06:55,578 ဒါဟာ ရှေ့ဆက်ဖို့ အချိန်ပါ။ 153 00:06:55,943 --> 00:06:58,411 လုပ်ပိုင်ခွင့် မရှိသူတွေအတွက်တော့ သင့်တို့ရဲ့ 154 00:06:58,435 --> 00:07:00,414 အခွင့်အရေးအတွက် ထတောင်းဖို့ အချိန်ပါ။ 155 00:07:01,263 --> 00:07:02,988 ဒီတော့ သင် လစာ ဘယ်လောက်ရလဲ။ 156 00:07:04,186 --> 00:07:06,813 ကိုယ့်နဲ့အတူ အလုပ်လုပ်သူတွေနဲ့ ဘယ်လို နှိုင်းယှဉ်လဲ။ 157 00:07:07,190 --> 00:07:08,496 သင် သိသင့်တယ်လေ။ 158 00:07:09,312 --> 00:07:10,587 သူတို့ရော သိသင့်တာပေါ့။ 159 00:07:11,936 --> 00:07:13,104 ကျေးဇူးတင်ပါတယ်။ 160 00:07:13,128 --> 00:07:16,306 (လက်ခုပ်သံများ)