ဒီဇိုင်းကို ရေးဆွဲရာတွင် လူတိုင်းကို ထည့်စဉ်းစားရန် လိုအပ်တာ ဘာကြောင့်လဲ။
-
0:00 - 0:03ကျွန်မ ရှင်တို့အားလုံးကို ရှုထောင့်သစ်ကို
ပြပေးချင်ပါတယ်။ -
0:04 - 0:07တကယ့်ကို ကြီးကျယ်တဲ့ အကြောင်းအရာပါ။
-
0:07 - 0:09ကျွန်မဟာ မနေ့ကနံနက်တွင်
အိုင်ယာလန်မှ ထွက်လာခဲ့တယ်။ -
0:10 - 0:12ကျွန်မဟာ Dublin မှနေပြီး
New York ကို လာခဲ့တာပါ။ -
0:12 - 0:14တစ်ယောက်တည်း လာခဲ့တာ။
-
0:14 - 0:16ဒါပေမဲ့ လေဆိပ်ရဲ့ ဒီဇိုင်း၊
-
0:16 - 0:19လေယာဉ်နှင့် terminal ရဲ့ ဒီဇိုင်းဟာဖြင့်
-
0:19 - 0:22ကိုယ့်အရပ်က ၁၀၅ စင်တီမီတာတည်းဆိုတော့
လွတ်လပ်မှု သိပ် မရှိချင်ပါ။ -
0:23 - 0:26အမေရိကန်တွေအတွက်
အဲဒါက ၃ ပေ ၅ လက်မပါ။ -
0:28 - 0:31ကျွန်မကို လေဆိပ်ဝန်ထမ်းက ကျွန်မကို
ဘီးတပ်ကုလားထိုင်နဲ့ လိုက်ပို့ပေးခဲ့တယ်။ -
0:32 - 0:35ကျွန်မဟာ ဘီးတပ်ကုလားထိုင်ကို
သုံးလေ့ မရှိပါဘူး။ -
0:36 - 0:38ဒါပေမဲ့ လေဆိပ်တွေရဲ့ ဒီဇိုင်းကြောင့်
-
0:38 - 0:40အသုံးပြုနိုင်ဖို့ ခက်လွန်းလို့
-
0:40 - 0:43အဲဒီလိုနည်းနဲ့သာ လိုတာတွေ
လုပ်လို့ ရနိုင်ပါတယ်။ -
0:43 - 0:46ကျွန်မရဲ့ ခြေတွေ အကြားမှာ
သယ်နေကျ အိတ်ကို ချထားလျက် -
0:46 - 0:49ကျွန်မကို လုံခြုံရေး၊ ကြိုတင်စစ်ဆေးမှုကို
ကူဖြတ်ပြီးလို့ -
0:49 - 0:52လေယာဉ်ပေါ် တက်ရမယ့်
ဂိတ်ဆီကို ရောက်လာခဲ့တယ်။ -
0:53 - 0:56ကျွန်မဟာ လေဆိပ်တွင်
အသုံးပြုရေး ဝန်ဆောင်မှုကို သုံးရပါတယ်၊ -
0:56 - 0:59terminal အများစုကို ကျွန်မလို လူတွေကို
ထည့်မစဉ်းစားဘဲ ဆောက်ထားလို့ပါ။ -
1:00 - 1:02ဥပမာအဖြစ် လုံခြုံရေးကို ယူကြည့်ကြပါစို့။
-
1:02 - 1:05ကျွန်မ ကျွန်မရဲ့ အိတ်ကို ကြမ်းပေါ်မှနေပြီး
-
1:05 - 1:08ပစ္စည်းတင် ချားပေါ်ကို
မတင်နိုင်စွမ်း မရှိပါဘူး။ -
1:08 - 1:10အဲဒါက ကျွန်မ မျက်စိနဲ့
တစ်တန်းထည်းမှာ ရှိနေတယ်။ -
1:11 - 1:15ပြီးတော့ လုံခြုံရေးနေရာမှာ လုပ်ကိုင်ကြသူ
တို့ဟာ ကျွန်မကို ကူပေးလို့ မရနိုင်ပါဘူး။ -
1:16 - 1:18ကျွန်မကိုယ်စား သူတို့
လုပ်မပေးနိုင်ကြပါဘူး။ -
1:18 - 1:22ဒီဇိုင်းက ကျွန်မရဲ့ လုပ်ပိုင်ခွင့်နဲ့
လွတ်လပ်မှု ကန့်သတ်ထားပါတယ်။ -
1:23 - 1:26ဒါပေမဲ့ ဒီလိုအရွယ်အစားနဲ့
ခရီးသွားရတာ သိပ်မဆိုးလှပါဘူး။ -
1:27 - 1:30ချွေတာရေး အတန်းအစားထဲမှာတောင်
ခြေဆန့်စရာ နေရာအကျယ်ကြီးပဲ။ -
1:30 - 1:32(ရယ်သံများ)
-
1:33 - 1:35ကျွန်မ အရပ်ပုတာကို မကြာခဏ မေ့နေတတ်ပါတယ်။
-
1:35 - 1:39ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကသာ
အဲဒါကို သတိပေးနေကြတာပါ။ -
1:40 - 1:44အများပြည်သူသုံး သန့်စင်ခန်း အသုံးပြုရေးဟာ
တကယ့်ကို မချိမဆံ့ခံရတဲ့ အတွေ့အကြုံပါ။ -
1:45 - 1:47ကျွန်မ အိမ်သာအကန့်ရဲ့ ရှေ့ကို ရောက်လာပြီ
-
1:47 - 1:49ဒါပေမဲ့ တံခါးထဲက
သော့ခလောက်ကို မမှီနိုင်ဘူး။ -
1:50 - 1:52ကျွန်မဟာ တီထွင်ဉာဏ်ကို သုံးရတယ်
သည်းခံရတယ်။ -
1:53 - 1:56အနီးအနားမှာ မှောက်သုံးလို့ရနိုင်မယ့်
ပုံးလိုဟာမျိုးကို လိုက်ရှာရတယ်။ -
1:57 - 1:59အဲဒါ ဘေးကင်းပါ့မလား။
-
1:59 - 2:00မသေချာပါ။
-
2:01 - 2:03အဲဒါ ကျန်းမာရေးအတွက် အန္တရာယ်မရှိဘူးလား၊
သန့်ရှင်းရဲ့လား။ -
2:03 - 2:05မသန့်ရှင်းမှန်း ရှင်းနေတယ်။
-
2:05 - 2:07ဒါပေမဲ့ ဒီ့ပြင်ရွေးစရာက ဘာများ ရှိလို့လဲ။
-
2:08 - 2:11အဲဒါအလုပ်မဖြစ်ရင်၊
ကျွန်မက ကျွန်မဖုန်းကို သုံးရတယ်။ -
2:11 - 2:14အဲဒါက နောက်ထပ် လေး-ခြောက်လက်မ
တိုးပေးတဲ့ သဘောပါ။ -
2:14 - 2:18ပြီးတော့ သော့ခတ်တဲ့ သော့ခလောက်ကို
ပိတ်ဆို့ထားရန် iPhone ကို သုံးရသေးတယ်။ -
2:18 - 2:22iPhone ရဲ့ ဒီဇိုင်းဆရာ Jony Ive က
ဒီလို သုံးမှာကို စိတ်ကူးမိရဲ့လား။ -
2:22 - 2:23အဲဒါ အလုပ်ဖြစ်တယ်။
-
2:25 - 2:27အဲဒီလိုမှ မဟုတ်ရင် လူစိမ်း
တစ်ဦးဦးကို ချဉ်းကပ်ရတယ်။ -
2:28 - 2:31ငါ အနူးအညွဝ် တောင်းပန်ရတယ်၊
-
2:31 - 2:34အိမ်သာအခန်းရဲ့ အပြင်မှာ ရပ်စောင့်ပေးဖို့
တောင်းပန်ရတယ်။ -
2:35 - 2:37သူတို့က ကူညီပေးပါတယ်။
-
2:37 - 2:39ကျွန်မက ထွက်လာရင်း ကျေးဇူးတင်ပါတယ်၊
-
2:39 - 2:41ဒါပေမဲ့ ရှက်ရလိုက်တာ။
-
2:42 - 2:44သန့်စင်ခန်းထဲ လက်ကိုမဆေးဘဲ
ကျွန်မ ထွက်သွားတာကို -
2:44 - 2:46သူတို့ အဲဒါကို သတိမထားမိကြဘူးလို့
မျှော်လင့်ပါတယ်။ -
2:47 - 2:50ကျွန်မဟာ ကိုယ်နဲ့အတူ လက်သန့်စင်ရေးဘူးကို
တချိန်လုံး သယ်ရပါတယ်။ -
2:51 - 2:57လက်ဆေးကန်၊ ဆပ်ပြာရည်ဘူး၊ လက်လေမှုတ်စက်၊
မှန် စတဲ့ အရာတွေအားလုံး -
2:57 - 2:58ကျွန်မ မမှီနိုင်လို့ပါ။
-
2:59 - 3:02ဒီနေရာမှာကျတော့ သန့်စင်ခန်းဟာ
အသုံးပြုလို့ရနိုင်တယ် ပြောနိုင်ပါတယ်။ -
3:02 - 3:05ဒီနေရာတွင် ကျွန်မဟာ တံခါးပေါ်က
သော့ခလောက်ကို လက်နဲ့မှီပါတယ်၊ -
3:05 - 3:09လက်ဆေးကန်၊ ဆပ်ပြာရည်ဘူး၊
လက်လေမှုတ်စက်နှင့် မှန်ကို သုံးလို့ရပါတယ်။ -
3:10 - 3:13ဒါတောင် အိမ်သာကိုတော့ မသုံးနိုင်ဘူး။
-
3:15 - 3:17တမင်ကို မြင့်အောင် ဒီဇိုင်းထုတ်ထားတယ်၊
-
3:17 - 3:21ဘီးတပ်ကုလားထိုင်သုံးသူတွေ လွယ်ကူစွာ
ရွှေ့ပြောင်း ထိုင်နိုင်ဖို့ အတွက်ပါ။ -
3:21 - 3:25အဲဒါဟာ အံ့သြစရာကောင်းတဲ့
လိုအပ်တဲ့ တီထွင်မှုမှန်ပေမဲ့၊ -
3:25 - 3:30ဒီဇိုင်းလောကကြီးတွင် ကျွန်မတို့က စိတ်ကူး
တစ်ခုဟာ သုံးလွယ်တယ်လို့ ဆိုကြရာတွင် -
3:31 - 3:32ဘာကိုဆိုလိုကြတာလဲ။
-
3:33 - 3:35အဲဒါကို သုံးပြုနိုင်သူတွေက ဘယ်သူတွေလဲ။
-
3:36 - 3:39ပြီးတော့ ဘယ်သူတွေရဲ့ လိုအပ်ချက်တွေကို
ထည့်မတွက်ထားတာလဲ။ -
3:40 - 3:41ဒီ သန့်စင်ခန်းဟာ ဥပမာ တစ်ခုပါ၊
-
3:42 - 3:44ဒီဇိုင်းက ကျွန်မရဲ့
သိက္ခာကို နှိမ့်ချနေတယ်၊ -
3:45 - 3:48တကယ်တော့ ဝန်းရံနေတဲ့ ရုပ်ပိုင်းအရာတွေကလည်း
သက်ရောက်မှုရှိကြတာ မနည်းပါဘူး၊ -
3:49 - 3:51ကော်ဖီ မှာရတာမျိုး
ရိုးရှင်းတဲ့ ဥပမာ ဆိုပါစို့။ -
3:52 - 3:54ကျွန်မ ဝန်ခံစရာ တစ်ခုရှိတယ်။
-
3:54 - 3:56ကျွန်မဟာ ကော်ဖီသောက်တာ များလွန်းတယ်။
-
3:56 - 3:59ကျွန်မ မှာလေ့ရှိတာက
skinny vanilla latte ပါ၊ -
3:59 - 4:02ဒါပေမဲ့ ကျွန်မက အဲဒီအကျင့်ကို
ပြောင်းပစ်ရန် အားထုတ်နေပါတယ်။ -
4:02 - 4:06ဒါပေမဲ့ ကော်ဖီဆိုင်ရဲ့
ဒီဇိုင်းဟာ အနည်းဆုံးအားဖြင့် ကျွန်မအတွက် -
4:06 - 4:07အဆင်မပြေတာ ပြောပြချင်တယ်။
-
4:08 - 4:10ကျွန်မ မုန့်တွေ ချပြထားတဲ့နေရမှာ
တန်းစီးနေတယ် -
4:10 - 4:12ကော်ဖီရောင်းသူက နောက်လူကို ခေါ်လိုက်တယ်။
-
4:13 - 4:15"နောက် တစ်ယောက်!" ဆိုပြီး ခေါ်လိုက်တယ်။
-
4:16 - 4:18သူတို့က ကျွန်မကို မမြင်နိုငပါ။
-
4:18 - 4:21ကျွန်မရဲ့ နောက်မှာ ရပ်နေသူက
ကျွန်မရှိနေတာကို လက်ညှိုးထိုးပြတယ်။ -
4:21 - 4:24အဲဒါက လူတိုင်းအတွက် စိတ်ညစ်စရာကြီးပါ။
-
4:24 - 4:28ကျွန်မက အမြန်ဆုံး အော်ဒါပေးလိုက်ပြီး
ကိုယ့်ကော်ဖီ ယူဖို့ ရှေ့ကိုတိုးလိုက်တယ်။ -
4:28 - 4:31အဲဒါကို ရှင်တို့ တစ်စက္ကန့်လောက်
စဉ်းစားကြည့်ကြပါ။ -
4:32 - 4:33သူတို့က ကော်ဖီကို ဘယ်မှာ ချပေးမလဲ?
-
4:34 - 4:36မြင့်လှပြီး အဖုံးနဲ့ ပိတ်မထားပါ။
-
4:36 - 4:39ကျွန်မက ငွေပေးပြီး မှာလိုက်တဲ့ ကော်ဖီကို
ယူဖို့ အရေးဟာ -
4:39 - 4:42မယုံနိုင်လောက်အောင်ကို
အန္တရာယ်များတဲ့ ကိစ္စဖြစ်နေတယ်။ -
4:42 - 4:45ကျွန်မဝတ်ချင်တဲ့ အဝတ်အစားရဲ့ ဒီဇိုင်းကလည်း
ပြဿနာကြီးပါ။ -
4:45 - 4:49ကျွန်မဟာ ကျွန်မရဲ့ ကိုယ်ရည်ကိုယ်သွေးကို
ထင်ဟပ်ပေးတဲ့ အဝတ်မျိုးကို ဝတ်ချင်ပါတယ်။ -
4:49 - 4:52အဲဒါမျိုးကို ကလေးတွေအတွက် ဌာနခွဲမှာ
ရှာတွေ့ဖို့ မလွယ်ပါ။ -
4:53 - 4:56အမျိုးသမီးတွေ ဝတ်ကြတာကို ယူမယ်ဆိုရင်
ပြင်ရတာပြောင်းရတာ သိပ်ကို များပါလိမ့်မည်။ -
4:57 - 5:01ကျွန်မရဲ့ အသက်၊ ကျွမ်းကျင် သိမ်မွေ့မှုကို
ပေါ်လွင်စေမယ့် ဖိနပ်ကို စီးချင်ပါတယ်။ -
5:02 - 5:06အဲဒါအစား ကျွန်မအတွက် ရှာတွေ့နိုင်တာဆိုလို့
မီးလင်းပေးတဲ့ ပတ္တူဖိနပ်တွေပါပဲ။ -
5:07 - 5:11ကျွန်မဟာ မီးလုံးလေးတွေ လင်းတဲ့
ဖိနပ်တွေကို ကန့်ကွက်လိုတာ မဟုတ်ပါ။ -
5:11 - 5:12(ရယ်သံများ)
-
5:13 - 5:16ကုလားထိုင်မှာ ထိုင်ဖို့ကိစ္စကလည်း
ဒီဇိုင်းနဲ့ ဆက်စပ်နေပြန်ပါတယ်။ -
5:17 - 5:19ကုလားထိုင်မှာ ထိုင်ရေးကို ယူကြည့်ပါစို့။
-
5:19 - 5:22ကျွန်မဟာ မတ်တတ်ရပ်နေရင်းကနေပြီး
ထိုင်ချင်ရင် ကျော့ရှင်းစွာ လုပ်မရနိုင်ပါ။ -
5:23 - 5:27ကုလားထိုင်တွေဆိုင်ရာ
အမြင့်စံနှုန်းတွေကြောင့်၊ -
5:27 - 5:29ကျွန်မဟာ ၎င်းပေါ်ကို
တက်ထိုင်နိုင်ဖို့အတွက်ကို -
5:29 - 5:32လက်တွေနဲ့ ဒူးဖြင့် တွယ်လျက်
မနည်းကြီး တက်ယူရပါမယ်။ -
5:32 - 5:35အချိန်မရွေး မှောက်လဲကျသွားမှာကိုလည်း
သတိထားရပါသေးတယ်။ -
5:35 - 5:38ကုလားထိုင်၊ ရေချိုးခန်း၊ ကော်ဖီဆိုင်၊
အဝတ်အစား ဘယ်ကိစ္စကိုပဲ -
5:38 - 5:43ဘာကိုပဲ ယူကြည့်ကြည့် ဒီဇိုင်းက ကျွန်မ
အပေါ်မှာ အဲဒီလို သက်ရောက်မှုရှိနေတော့၊ -
5:43 - 5:46ကျွန်မဟာ လူစိမ်းတွေရဲ့ ကြင်နာမှုတရားကို
-
5:46 - 5:48အားကိုး အသုံးချရပါတယ်။
-
5:50 - 5:52ဒါပေမဲ့ လူတိုင်း ကောင်းကြတာ မဟုတ်ပါ။
-
5:52 - 5:55လူစိမ်းတစ်ဦးက ကျွန်မကို
လက်ညှိုးထိုးပြတဲ့အခါမှာ -
5:55 - 5:56မျက်လုံးပြူးလျက် ကြည့်တဲ့အခါ၊
-
5:58 - 5:59ရယ်တဲ့အခါမှာ
-
5:59 - 6:01ကျွန်မကို လှောင်ပြောင်တဲ့အခါ၊
-
6:01 - 6:03ကျွန်မကို ဓာတ်ပုံရိုက်တဲ့အခါ၊
-
6:03 - 6:05ကျွန်မဟာ အရပ်ပုတာကို သတိရစေပါတယ်။
-
6:05 - 6:07အဲဒါမျိုး နေ့တိုင်းလိုလို ကြုံရပါတယ်။
-
6:08 - 6:12လူမှုမီဒီယာတွေ အသုံးများလာတာနဲ့အတူ
ကျွန်မအတွက် အခွင့်အလမ်း ပေါ်လာပါတယ်၊ -
6:12 - 6:16ကိုယ့်အသံကို တင်ပြနိုင်တဲ့ နေရာ၊
ဘလော့ဂါ ဒါမှမဟုတ် တက်ကြွလှုပ်ရှားသူအဖြစ် -
6:16 - 6:18ပါဝင်ခွင့် ရလာပြီလို့ ဆိုနိုင်ပေမဲ့
-
6:18 - 6:21ကျွန်မဟာ ရယ်စရာမျိုး ဒါမှမဟုတ်
ကျွန်မရဲ့ သဘောတူချက် -
6:21 - 6:22မပါရှိဘဲနဲ့ ဟိုလေးတကျော်
-
6:23 - 6:25ဖြစ်လာမှာကိုလည်း ကြောက်မိပါတယ်။
-
6:26 - 6:29ဒီတော့ အဲဒီကိစ္စကို ပြတ်သားစွာ ရှင်းပြဖို့
-
6:29 - 6:31အခုနည်းနည်းလေး အချိန်ယူချင်ပါတယ်။
-
6:31 - 6:34တကယ်တော့ "လူပု"ဆိုတဲ့ စကားလုံးဟာ
စွပ်စွဲချက်နဲ့ တူပါတယ်။ -
6:35 - 6:39PT Barnum ရဲ့ ဆပ်ကပ်ပွဲနှင့် လူထူးလူဆန်း
ခေတ်က စတင်လာခဲ့တဲ့ စကားလုံးပါ။ -
6:40 - 6:42လူ့အဖွဲ့အစည်းရော
သုံးနှုန်းတဲ့ စကားလုံးတွေပါ -
6:44 - 6:45ပြောင်းလဲလာခဲ့ကြပါပြီ။
-
6:46 - 6:48ဘာသာစကား ဆိုတာ သိပ်အားကောင်းတဲ့
ကိရိယာတခုပါ။ -
6:48 - 6:50၎င်းဟာ လူ့အဖွဲ့အစည်းကို အမည်ပေးရုံသာ မကပါ။
-
6:51 - 6:52၎င်းဟာ ပုံစံသွင်းပေးပါသေးတယ်။
-
6:53 - 6:56ကျွန်မဟာ သေးငယ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရတာကို
မယုံနိုင်လောက်အောင် ဂုဏ်ယူမိပါတယ်။ -
6:56 - 7:00achondroplasia ဆိုတာကို
အမွေဆက်ခံခဲ့ရသူပါ။ -
7:00 - 7:02ပြီးတော့ ကျွန်မ Sinead ဖြစ်တာကို
အများဆုံးဂုဏ်ယူမိပါတယ်။ -
7:03 - 7:06Achondroplasia ဆိုတာက လူအရပ်ပုရခြင်းရဲ့
တွေ့နေကျ အကြောင်းရင်းပါ။ -
7:06 - 7:10Achondroplasia ကို ဘာသာပြန်ပေးရရင်
"အရိုးနုဖွဲ့စည်းမှုမရှိမှု" ဖြစ်ပါတယ်။ -
7:11 - 7:14ကျွန်မရဲ့ ခြေလက်တွေ တိုကြပြီး
မျက်နှာ၊ နဖူးနဲ့ နှာခေါင်းမှာ -
7:15 - 7:17Achondroplasia လက္ခဏာရှိနေပါတယ်။
-
7:17 - 7:20ကျွန်မဟာ လက်မောင်းတွေကို အပြည့်အဝ
ဖြောင့်တန်းအောင် လုပ်မရပါ။ -
7:20 - 7:23ဒါပေမဲ့ ကျွန်မစာ တံတောင်ဆစ်ကို
လျှာနဲ့ လျက်နိုင်ပါတယ်။ -
7:23 - 7:25ရှင်တို့ကို အဲဒါကိုတော့
ပြပေးမှာ မဟုတ်ပါဘူး။ -
7:25 - 7:30Achondroplasia ကို ကလေးမွေးမှု ၂၀၀၀၀
ထဲတွင် တစ်ကြိမ် မွေးတတ်ပါတယ်။ -
7:31 - 7:34အရပ်ပုကြသူတို့ရဲ့ ၈၀ ရာခိုင်နှုန်းတို့ဟာ
ပုံမှန်အမြင့်ရှိ မိဘများတွင် မွေးကြတာပါ။ -
7:35 - 7:39ဒီအခန်းထဲက ဘယ်သမဆိုဟာ achondroplasia
ရှိတဲ့ ကလေးကို မွေးနိုင်တာကို ဆိုလိုပါတယ်။ -
7:40 - 7:43ကျွန်မကတော့ ကျွန်မရဲ့ ဖခင်ထံမှ
ဒီအဖြစ်ကို အမွေရခဲ့တာပါ။ -
7:44 - 7:47ကျွန်မက ရှင်တို့ကို ကျွန်မမိသားစု
ဓာတ်ပုံကို ပြပေးချင်ပါတယ်။ -
7:47 - 7:49ငါ့ကျွန်မ မိခင်ဟာ ပျမ်းမျှ အရပ်ရှိသူပါ။
-
7:49 - 7:52ဖင်က အရပ်ပုသူ တစ်ဦးပါ။
-
7:52 - 7:54ကလေးငါးဦးထဲတွင်
ကျွန်မက အသက်ကြီးဆုံးသူပါ။ -
7:54 - 7:57ကျွန်မမှာ နှမသုံးယောက်နှင့်
မောင်လေးတဦးရှိပါတယ်။ -
7:58 - 8:00သူတို့အားလုံး ပျမ်းမျှ
အရပ်ရှိကြသူတွေပါ။ -
8:00 - 8:04ကျွန်မဟာ ကျွန်မရဲ့ စပ်စုလိုစိတ်နဲ့
ဇွဲနဘဲမျိုးကို ပျိုးထောင်ပေးခဲ့ပြီး -
8:04 - 8:07လူစိမ်းတွေရဲ့ မကြင်နာမှုနဲ့ လျစ်လျူရှုမှု
တွေမှ ကျွန်မကို ကာကွယ်ပေးခဲ့လျက် -
8:08 - 8:13ရုပ်ပိုင်း ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းမှာ
ရပ်တည်ရန်နှင့် ကျင်လည်နိုင်စွမ်းရှိတဲ့ -
8:13 - 8:17ကြံ့ခံနိုင်စွမ်း၊ ဆန်းသစ်တီထွင်ဉာဏ်နှင့်
စိတ်ချယုံကြည်မှုတွေကို -
8:17 - 8:22ပျိုးထောင်ပြုစုပေးနိုင်ခဲ့တဲ့ မိသားစုထဲ
မွေးခဲ့တာကို သိပ်ကို အားရဂုဏ်ယူပါတယ်။ -
8:23 - 8:27ကျွန်မဟာအောင်မြင်သူ ဖြစ်ရခြင်းရဲ့
အကြောင်းရင်းကို ထောက်ြပရပါက၊ -
8:27 - 8:31ကျွန်မဟာ ချစ်ခင်ခံခဲ့ရပြီး အခုလည်း
ချစ်ခင်ခံနေရတဲ့ ကလေးဖြစ်လို့ပါ၊ -
8:32 - 8:35ကြွားဝါးတတ်ပြီး သူများကို ထေ့ငေါ့
ပြောနိုင်တဲ့ ကလေးဖြစ်ပေမဲ့၊ -
8:35 - 8:38ဘယ်လိုပဲဖြစ်ဖြစ် ချစ်ခင်ခံရတဲ့
ကလေးဖြစ်ပါတယ်။ -
8:38 - 8:42ကျွန်မ ဘယ်သူလဲ အခုလို အတွင်းကျကျ
ကျွန်မက ရှင်တို့ကို ပြောပြပေးနေတာက -
8:42 - 8:45ရှင်တို့အားလုံးကို ရှုထောင့်အသစ်
တစ်မျိုးကို ပြသပေးဖို့အတွက်ပါ။ -
8:45 - 8:48ဒီဇိုင်းဆိုတာ လုပ်ကိုင်နိုင်စွမ်းနဲ့
အလှအပကို တီထွင်ပေးတဲ့ ကိရိယာပါ -
8:48 - 8:51ဆိုတဲ့ ခံယူချက်ကို ကျွန်မဟာ စိန်ခေါ်
ထောက်ပြချင်ပါတယ်။ -
8:51 - 8:55ဒီဇိုင်းဟာ တကယ့်ကို လူတွေရဲ့
သက်ရှိဘဝ၊ သက်ရှိမှန်သမျှ အားလုံးတို့ကို -
8:55 - 8:57ကြီးမားစွာ သက်ရောက်မှုရှိပါတယ်။
-
8:57 - 9:01ဒီဇိုင်းဆိုတာကို ကျွန်မတို့ ကမ္ဘာကြီးထဲမှာ
ပါဝင်နေတာကို ခံစားလာစေတဲ့ နည်းလမ်းဖြစ်သလို -
9:01 - 9:05လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့
လူ့ရပိုင်ခွင့်များကို ထောက်ပံ့ ပေးနိုင်တဲ့ -
9:05 - 9:07နည်းလမ်း တစ်ခုလည်း ဖြစ်ပါသေးတယ်။
-
9:07 - 9:10တချိန်တည်းမှာ လူတစ်စုရဲ့ လိုအပ်ချက်တွေကို
ထည့်တွက် မပေးနိုင်တဲ့ ဒီဇိုင်းဟာ -
9:10 - 9:13ထိုသူတွေရဲ့ ထိခိုက်လွယ်မှုကို
ပိုဆိုးဝါးသွားစေနိုင်ပါတယ်။ -
9:14 - 9:18ဒါကြောင့်မို့လို့ ဒီနေ့တွင် ကျွန်မဟာ
ရှင်တို့ရဲ့ အမြင်တွေကို စိန်ခေါ်လိုပါတယ်။ -
9:18 - 9:21ကျွန်မတို့က ဘယ်သူတွေအတွက်
ဒီဇိုင်းကို ထုတ်မပေးကြတာလဲ။ -
9:21 - 9:24ကျွန်မတို့က ထိုသူတွေရဲ့ အသံတွေနဲ့
အတွေ့အကြုံတွေကို -
9:24 - 9:26ဘယ်လိုနည်းနဲ့ တိုးချဲ့ပေးနိုင်ကြမလဲ။
-
9:26 - 9:28ဒီတော့ ရှေ့ဆက်ကြရမယ့် ခြေလှမ်းကဘာလဲ။
-
9:28 - 9:31ဒီဇိုင်းဆိုတာ တကယ့်ကို အားတက်ဖွယ်ရာ
အခွင့်ထူး တစ်ရပ်ပါ၊ -
9:31 - 9:34ပြီးတော့ ပိုကြီမားတဲ့ တာဝန်လည်း ဖြစ်ပါတယ်။
-
9:34 - 9:36ကျွန်မက ရှင်တို့ရဲ့ မျက်လုံးများကို
ဖွင့်ကြည့်စေလိုပါတယ်။ -
9:37 - 9:38ကျေးဇူးအများကြီးတင်ပါတယ်။
-
9:38 - 9:42(လက်ခုပ်သံများ)
- Title:
- ဒီဇိုင်းကို ရေးဆွဲရာတွင် လူတိုင်းကို ထည့်စဉ်းစားရန် လိုအပ်တာ ဘာကြောင့်လဲ။
- Speaker:
- Sinead Burke
- Description:
-
Sinéad Burke က ကျွန်ုပ်တို့ အားလုံးအနေနဲ့ မြင်တွေ့ဖို့ မလွယ်ကူလှတဲ့ (တံခါးထဲက သော့ခလောက်ရဲ့ အမြင့်မှအစ ဖိနပ်ဆိုက်တွေအဆုံး) အရာတွေကို၊ သူ့ဘဝကို ခက်ခဲအောင် လုပ်ပစ်ကြတဲ့ အရာတွကို၊ သူမရဲ့ ၁၀၅ စင်တီမီတာ (သို့မဟုတ် 3' 5") သာရှိတဲ့ အရပ်ဖြင့် ခံစားသိရှိထားသူပါ။ အရပ်နိမ့်တဲ့ လူတစ်ယောက်အနေနဲ့ လှုပ်ရှားသွားရပုံ ဘယ်လို ရှိမှန်းကို သူမက ပြောပြထားပြီး "ကျွန်မတို့ရဲ့ ဒီဇိုင်းတွေထဲမှာ ထည့်မတွက်ထားတာက ဘယ်သူတွေလဲ" ဆိုပြီး မေးခွန်းထုတ်ထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 09:57
sann tint approved Burmese subtitles for Why design should include everyone | ||
Myo Aung accepted Burmese subtitles for Why design should include everyone | ||
Myo Aung edited Burmese subtitles for Why design should include everyone | ||
Sanda Aung edited Burmese subtitles for Why design should include everyone | ||
Sanda Aung edited Burmese subtitles for Why design should include everyone |