0:00:00.233,0:00:03.040 ကျွန်မ ရှင်တို့အားလုံးကို ရှုထောင့်သစ်ကို[br]ပြပေးချင်ပါတယ်။ 0:00:04.000,0:00:06.840 တကယ့်ကို ကြီးကျယ်တဲ့ အကြောင်းအရာပါ။ 0:00:06.960,0:00:09.440 ကျွန်မဟာ မနေ့ကနံနက်တွင်[br]အိုင်ယာလန်မှ ထွက်လာခဲ့တယ်။ 0:00:09.880,0:00:12.336 ကျွန်မဟာ Dublin မှနေပြီး [br]New York ကို လာခဲ့တာပါ။ 0:00:12.360,0:00:13.560 တစ်ယောက်တည်း လာခဲ့တာ။ 0:00:14.080,0:00:15.976 ဒါပေမဲ့ လေဆိပ်ရဲ့ ဒီဇိုင်း၊ 0:00:16.000,0:00:18.536 လေယာဉ်နှင့် terminal ရဲ့ ဒီဇိုင်းဟာဖြင့် 0:00:18.560,0:00:22.480 ကိုယ့်အရပ်က ၁၀၅ စင်တီမီတာတည်းဆိုတော့[br]လွတ်လပ်မှု သိပ် မရှိချင်ပါ။ 0:00:23.200,0:00:26.440 အမေရိကန်တွေအတွက်[br]အဲဒါက ၃ ပေ ၅ လက်မပါ။ 0:00:27.680,0:00:31.400 ကျွန်မကို လေဆိပ်ဝန်ထမ်းက ကျွန်မကို[br]ဘီးတပ်ကုလားထိုင်နဲ့ လိုက်ပို့ပေးခဲ့တယ်။ 0:00:32.000,0:00:35.000 ကျွန်မဟာ ဘီးတပ်ကုလားထိုင်ကို[br]သုံးလေ့ မရှိပါဘူး။ 0:00:35.680,0:00:37.776 ဒါပေမဲ့ လေဆိပ်တွေရဲ့ ဒီဇိုင်းကြောင့် 0:00:37.800,0:00:40.056 အသုံးပြုနိုင်ဖို့ ခက်လွန်းလို့ 0:00:40.080,0:00:42.800 အဲဒီလိုနည်းနဲ့သာ လိုတာတွေ[br]လုပ်လို့ ရနိုင်ပါတယ်။ 0:00:43.280,0:00:46.016 ကျွန်မရဲ့ ခြေတွေ အကြားမှာ[br]သယ်နေကျ အိတ်ကို ချထားလျက် 0:00:46.040,0:00:49.416 ကျွန်မကို လုံခြုံရေး၊ ကြိုတင်စစ်ဆေးမှုကို[br]ကူဖြတ်ပြီးလို့ 0:00:49.440,0:00:51.800 လေယာဉ်ပေါ် တက်ရမယ့် [br]ဂိတ်ဆီကို ရောက်လာခဲ့တယ်။ 0:00:52.880,0:00:55.736 ကျွန်မဟာ လေဆိပ်တွင်[br]အသုံးပြုရေး ဝန်ဆောင်မှုကို သုံးရပါတယ်၊ 0:00:55.760,0:00:59.000 terminal အများစုကို ကျွန်မလို လူတွေကို[br]ထည့်မစဉ်းစားဘဲ ဆောက်ထားလို့ပါ။ 0:00:59.920,0:01:01.960 ဥပမာအဖြစ် လုံခြုံရေးကို ယူကြည့်ကြပါစို့။ 0:01:02.320,0:01:05.416 ကျွန်မ ကျွန်မရဲ့ အိတ်ကို ကြမ်းပေါ်မှနေပြီး 0:01:05.440,0:01:07.840 ပစ္စည်းတင် ချားပေါ်ကို [br]မတင်နိုင်စွမ်း မရှိပါဘူး။ 0:01:07.840,0:01:10.080 အဲဒါက ကျွန်မ မျက်စိနဲ့[br]တစ်တန်းထည်းမှာ ရှိနေတယ်။ 0:01:10.560,0:01:15.496 ပြီးတော့ လုံခြုံရေးနေရာမှာ လုပ်ကိုင်ကြသူ[br]တို့ဟာ ကျွန်မကို ကူပေးလို့ မရနိုင်ပါဘူး။ 0:01:15.520,0:01:17.670 ကျွန်မကိုယ်စား သူတို့ [br]လုပ်မပေးနိုင်ကြပါဘူး။ 0:01:18.200,0:01:21.960 ဒီဇိုင်းက ကျွန်မရဲ့ လုပ်ပိုင်ခွင့်နဲ့[br]လွတ်လပ်မှု ကန့်သတ်ထားပါတယ်။ 0:01:23.000,0:01:26.480 ဒါပေမဲ့ ဒီလိုအရွယ်အစားနဲ့[br]ခရီးသွားရတာ သိပ်မဆိုးလှပါဘူး။ 0:01:26.960,0:01:29.736 ချွေတာရေး အတန်းအစားထဲမှာတောင်[br]ခြေဆန့်စရာ နေရာအကျယ်ကြီးပဲ။ 0:01:29.760,0:01:31.640 (ရယ်သံများ) 0:01:32.760,0:01:34.840 ကျွန်မ အရပ်ပုတာကို မကြာခဏ မေ့နေတတ်ပါတယ်။ 0:01:35.360,0:01:39.320 ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကသာ[br]အဲဒါကို သတိပေးနေကြတာပါ။ 0:01:40.120,0:01:44.080 အများပြည်သူသုံး သန့်စင်ခန်း အသုံးပြုရေးဟာ[br]တကယ့်ကို မချိမဆံ့ခံရတဲ့ အတွေ့အကြုံပါ။ 0:01:44.880,0:01:47.056 ကျွန်မ အိမ်သာအကန့်ရဲ့ ရှေ့ကို ရောက်လာပြီ 0:01:47.080,0:01:49.438 ဒါပေမဲ့ တံခါးထဲက [br]သော့ခလောက်ကို မမှီနိုင်ဘူး။ 0:01:49.880,0:01:52.240 ကျွန်မဟာ တီထွင်ဉာဏ်ကို သုံးရတယ်[br]သည်းခံရတယ်။ 0:01:53.000,0:01:56.400 အနီးအနားမှာ မှောက်သုံးလို့ရနိုင်မယ့်[br]ပုံးလိုဟာမျိုးကို လိုက်ရှာရတယ်။ 0:01:57.400,0:01:58.600 အဲဒါ ဘေးကင်းပါ့မလား။ 0:01:59.040,0:02:00.240 မသေချာပါ။ 0:02:00.640,0:02:03.400 အဲဒါ ကျန်းမာရေးအတွက် အန္တရာယ်မရှိဘူးလား၊[br]သန့်ရှင်းရဲ့လား။ 0:02:03.440,0:02:04.970 မသန့်ရှင်းမှန်း ရှင်းနေတယ်။ 0:02:05.400,0:02:07.380 ဒါပေမဲ့ ဒီ့ပြင်ရွေးစရာက ဘာများ ရှိလို့လဲ။ 0:02:07.910,0:02:10.780 အဲဒါအလုပ်မဖြစ်ရင်၊[br]ကျွန်မက ကျွန်မဖုန်းကို သုံးရတယ်။ 0:02:11.160,0:02:14.216 အဲဒါက နောက်ထပ် လေး-ခြောက်လက်မ[br]တိုးပေးတဲ့ သဘောပါ။ 0:02:14.240,0:02:17.650 ပြီးတော့ သော့ခတ်တဲ့ သော့ခလောက်ကို[br]ပိတ်ဆို့ထားရန် iPhone ကို သုံးရသေးတယ်။ 0:02:17.720,0:02:22.136 iPhone ရဲ့ ဒီဇိုင်းဆရာ Jony Ive က[br]ဒီလို သုံးမှာကို စိတ်ကူးမိရဲ့လား။ 0:02:22.160,0:02:23.360 အဲဒါ အလုပ်ဖြစ်တယ်။ 0:02:24.960,0:02:27.440 အဲဒီလိုမှ မဟုတ်ရင် လူစိမ်း[br]တစ်ဦးဦးကို ချဉ်းကပ်ရတယ်။ 0:02:28.480,0:02:30.736 ငါ အနူးအညွဝ် တောင်းပန်ရတယ်၊ 0:02:30.760,0:02:33.840 အိမ်သာအခန်းရဲ့ အပြင်မှာ ရပ်စောင့်ပေးဖို့[br]တောင်းပန်ရတယ်။ 0:02:35.000,0:02:36.536 သူတို့က ကူညီပေးပါတယ်။ 0:02:36.560,0:02:38.520 ကျွန်မက ထွက်လာရင်း ကျေးဇူးတင်ပါတယ်၊ 0:02:39.480,0:02:41.160 ဒါပေမဲ့ ရှက်ရလိုက်တာ။ 0:02:41.520,0:02:43.776 သန့်စင်ခန်းထဲ လက်ကိုမဆေးဘဲ[br]ကျွန်မ ထွက်သွားတာကို 0:02:43.800,0:02:46.454 သူတို့ အဲဒါကို သတိမထားမိကြဘူးလို့ [br]မျှော်လင့်ပါတယ်။ 0:02:47.200,0:02:50.440 ကျွန်မဟာ ကိုယ်နဲ့အတူ လက်သန့်စင်ရေးဘူးကို[br]တချိန်လုံး သယ်ရပါတယ်။ 0:02:51.240,0:02:56.576 လက်ဆေးကန်၊ ဆပ်ပြာရည်ဘူး၊ လက်လေမှုတ်စက်၊[br]မှန် စတဲ့ အရာတွေအားလုံး 0:02:56.600,0:02:57.960 ကျွန်မ မမှီနိုင်လို့ပါ။ 0:02:58.550,0:03:01.856 ဒီနေရာမှာကျတော့ သန့်စင်ခန်းဟာ[br]အသုံးပြုလို့ရနိုင်တယ် ပြောနိုင်ပါတယ်။ 0:03:01.880,0:03:04.750 ဒီနေရာတွင် ကျွန်မဟာ တံခါးပေါ်က[br]သော့ခလောက်ကို လက်နဲ့မှီပါတယ်၊ 0:03:04.840,0:03:09.200 လက်ဆေးကန်၊ ဆပ်ပြာရည်ဘူး၊ [br]လက်လေမှုတ်စက်နှင့် မှန်ကို သုံးလို့ရပါတယ်။ 0:03:10.400,0:03:13.320 ဒါတောင် အိမ်သာကိုတော့ မသုံးနိုင်ဘူး။ 0:03:14.520,0:03:16.976 တမင်ကို မြင့်အောင် ဒီဇိုင်းထုတ်ထားတယ်၊ 0:03:17.000,0:03:20.560 ဘီးတပ်ကုလားထိုင်သုံးသူတွေ လွယ်ကူစွာ[br]ရွှေ့ပြောင်း ထိုင်နိုင်ဖို့ အတွက်ပါ။ 0:03:21.200,0:03:24.560 အဲဒါဟာ အံ့သြစရာကောင်းတဲ့[br]လိုအပ်တဲ့ တီထွင်မှုမှန်ပေမဲ့၊ 0:03:25.440,0:03:29.680 ဒီဇိုင်းလောကကြီးတွင် ကျွန်မတို့က စိတ်ကူး [br]တစ်ခုဟာ သုံးလွယ်တယ်လို့ ဆိုကြရာတွင် 0:03:30.680,0:03:31.880 ဘာကိုဆိုလိုကြတာလဲ။ 0:03:32.920,0:03:34.840 အဲဒါကို သုံးပြုနိုင်သူတွေက ဘယ်သူတွေလဲ။ 0:03:35.840,0:03:38.600 ပြီးတော့ ဘယ်သူတွေရဲ့ လိုအပ်ချက်တွေကို[br]ထည့်မတွက်ထားတာလဲ။ 0:03:40.000,0:03:41.496 ဒီ သန့်စင်ခန်းဟာ ဥပမာ တစ်ခုပါ၊ 0:03:41.520,0:03:44.040 ဒီဇိုင်းက ကျွန်မရဲ့ [br]သိက္ခာကို နှိမ့်ချနေတယ်၊ 0:03:44.920,0:03:48.440 တကယ်တော့ ဝန်းရံနေတဲ့ ရုပ်ပိုင်းအရာတွေကလည်း[br]သက်ရောက်မှုရှိကြတာ မနည်းပါဘူး၊ 0:03:49.240,0:03:51.480 ကော်ဖီ မှာရတာမျိုး[br]ရိုးရှင်းတဲ့ ဥပမာ ဆိုပါစို့။ 0:03:52.320,0:03:53.680 ကျွန်မ ဝန်ခံစရာ တစ်ခုရှိတယ်။ 0:03:54.160,0:03:56.040 ကျွန်မဟာ ကော်ဖီသောက်တာ များလွန်းတယ်။ 0:03:56.480,0:03:59.056 ကျွန်မ မှာလေ့ရှိတာက [br]skinny vanilla latte ပါ၊ 0:03:59.080,0:04:02.090 ဒါပေမဲ့ ကျွန်မက အဲဒီအကျင့်ကို[br]ပြောင်းပစ်ရန် အားထုတ်နေပါတယ်။ 0:04:02.500,0:04:05.536 ဒါပေမဲ့ ကော်ဖီဆိုင်ရဲ့[br]ဒီဇိုင်းဟာ အနည်းဆုံးအားဖြင့် ကျွန်မအတွက် 0:04:05.560,0:04:06.760 အဆင်မပြေတာ ပြောပြချင်တယ်။ 0:04:07.520,0:04:10.296 ကျွန်မ မုန့်တွေ ချပြထားတဲ့နေရမှာ[br]တန်းစီးနေတယ် 0:04:10.320,0:04:12.360 ကော်ဖီရောင်းသူက နောက်လူကို ခေါ်လိုက်တယ်။ 0:04:13.200,0:04:15.400 "နောက် တစ်ယောက်!" ဆိုပြီး ခေါ်လိုက်တယ်။ 0:04:16.140,0:04:17.640 သူတို့က ကျွန်မကို မမြင်နိုငပါ။ 0:04:18.350,0:04:21.456 ကျွန်မရဲ့ နောက်မှာ ရပ်နေသူက[br]ကျွန်မရှိနေတာကို လက်ညှိုးထိုးပြတယ်။ 0:04:21.480,0:04:23.720 အဲဒါက လူတိုင်းအတွက် စိတ်ညစ်စရာကြီးပါ။ 0:04:24.240,0:04:28.090 ကျွန်မက အမြန်ဆုံး အော်ဒါပေးလိုက်ပြီး[br]ကိုယ့်ကော်ဖီ ယူဖို့ ရှေ့ကိုတိုးလိုက်တယ်။ 0:04:28.480,0:04:30.920 အဲဒါကို ရှင်တို့ တစ်စက္ကန့်လောက် [br]စဉ်းစားကြည့်ကြပါ။ 0:04:31.560,0:04:33.360 သူတို့က ကော်ဖီကို ဘယ်မှာ ချပေးမလဲ? 0:04:33.960,0:04:35.800 မြင့်လှပြီး အဖုံးနဲ့ ပိတ်မထားပါ။ 0:04:36.480,0:04:39.376 ကျွန်မက ငွေပေးပြီး မှာလိုက်တဲ့ ကော်ဖီကို[br]ယူဖို့ အရေးဟာ 0:04:39.400,0:04:42.110 မယုံနိုင်လောက်အောင်ကို[br]အန္တရာယ်များတဲ့ ကိစ္စဖြစ်နေတယ်။ 0:04:42.310,0:04:45.180 ကျွန်မဝတ်ချင်တဲ့ အဝတ်အစားရဲ့ ဒီဇိုင်းကလည်း[br]ပြဿနာကြီးပါ။ 0:04:45.180,0:04:49.010 ကျွန်မဟာ ကျွန်မရဲ့ ကိုယ်ရည်ကိုယ်သွေးကို[br]ထင်ဟပ်ပေးတဲ့ အဝတ်မျိုးကို ဝတ်ချင်ပါတယ်။ 0:04:49.320,0:04:52.000 အဲဒါမျိုးကို ကလေးတွေအတွက် ဌာနခွဲမှာ[br]ရှာတွေ့ဖို့ မလွယ်ပါ။ 0:04:52.640,0:04:56.380 အမျိုးသမီးတွေ ဝတ်ကြတာကို ယူမယ်ဆိုရင်[br]ပြင်ရတာပြောင်းရတာ သိပ်ကို များပါလိမ့်မည်။ 0:04:56.600,0:05:01.320 ကျွန်မရဲ့ အသက်၊ ကျွမ်းကျင် သိမ်မွေ့မှုကို[br]ပေါ်လွင်စေမယ့် ဖိနပ်ကို စီးချင်ပါတယ်။ 0:05:02.160,0:05:06.400 အဲဒါအစား ကျွန်မအတွက် ရှာတွေ့နိုင်တာဆိုလို့[br]မီးလင်းပေးတဲ့ ပတ္တူဖိနပ်တွေပါပဲ။ 0:05:07.200,0:05:10.976 ကျွန်မဟာ မီးလုံးလေးတွေ လင်းတဲ့[br]ဖိနပ်တွေကို ကန့်ကွက်လိုတာ မဟုတ်ပါ။ 0:05:11.000,0:05:12.200 (ရယ်သံများ) 0:05:13.080,0:05:16.496 ကုလားထိုင်မှာ ထိုင်ဖို့ကိစ္စကလည်း[br]ဒီဇိုင်းနဲ့ ဆက်စပ်နေပြန်ပါတယ်။ 0:05:16.520,0:05:18.580 ကုလားထိုင်မှာ ထိုင်ရေးကို ယူကြည့်ပါစို့။ 0:05:18.920,0:05:22.440 ကျွန်မဟာ မတ်တတ်ရပ်နေရင်းကနေပြီး[br]ထိုင်ချင်ရင် ကျော့ရှင်းစွာ လုပ်မရနိုင်ပါ။ 0:05:23.320,0:05:26.576 ကုလားထိုင်တွေဆိုင်ရာ [br]အမြင့်စံနှုန်းတွေကြောင့်၊ 0:05:26.600,0:05:29.296 ကျွန်မဟာ ၎င်းပေါ်ကို [br]တက်ထိုင်နိုင်ဖို့အတွက်ကို 0:05:29.320,0:05:31.806 လက်တွေနဲ့ ဒူးဖြင့် တွယ်လျက်[br]မနည်းကြီး တက်ယူရပါမယ်။ 0:05:31.806,0:05:34.600 အချိန်မရွေး မှောက်လဲကျသွားမှာကိုလည်း [br]သတိထားရပါသေးတယ်။ 0:05:34.980,0:05:37.936 ကုလားထိုင်၊ ရေချိုးခန်း၊ ကော်ဖီဆိုင်၊ [br]အဝတ်အစား ဘယ်ကိစ္စကိုပဲ 0:05:37.960,0:05:42.736 ဘာကိုပဲ ယူကြည့်ကြည့် ဒီဇိုင်းက ကျွန်မ[br]အပေါ်မှာ အဲဒီလို သက်ရောက်မှုရှိနေတော့၊ 0:05:42.760,0:05:45.936 ကျွန်မဟာ လူစိမ်းတွေရဲ့ ကြင်နာမှုတရားကို 0:05:45.960,0:05:47.760 အားကိုး အသုံးချရပါတယ်။ 0:05:49.520,0:05:51.500 ဒါပေမဲ့ လူတိုင်း ကောင်းကြတာ မဟုတ်ပါ။ 0:05:52.400,0:05:54.976 လူစိမ်းတစ်ဦးက ကျွန်မကို [br]လက်ညှိုးထိုးပြတဲ့အခါမှာ 0:05:55.000,0:05:56.440 မျက်လုံးပြူးလျက် ကြည့်တဲ့အခါ၊ 0:05:57.520,0:05:58.720 ရယ်တဲ့အခါမှာ 0:05:59.320,0:06:01.000 ကျွန်မကို လှောင်ပြောင်တဲ့အခါ၊ 0:06:01.360,0:06:03.136 ကျွန်မကို ဓာတ်ပုံရိုက်တဲ့အခါ၊ 0:06:03.160,0:06:05.030 ကျွန်မဟာ အရပ်ပုတာကို သတိရစေပါတယ်။ 0:06:05.440,0:06:07.389 အဲဒါမျိုး နေ့တိုင်းလိုလို ကြုံရပါတယ်။ 0:06:08.200,0:06:11.616 လူမှုမီဒီယာတွေ အသုံးများလာတာနဲ့အတူ[br]ကျွန်မအတွက် အခွင့်အလမ်း ပေါ်လာပါတယ်၊ 0:06:11.640,0:06:15.600 ကိုယ့်အသံကို တင်ပြနိုင်တဲ့ နေရာ၊[br]ဘလော့ဂါ ဒါမှမဟုတ် တက်ကြွလှုပ်ရှားသူအဖြစ် 0:06:15.980,0:06:18.280 ပါဝင်ခွင့် ရလာပြီလို့ ဆိုနိုင်ပေမဲ့ 0:06:18.280,0:06:20.856 ကျွန်မဟာ ရယ်စရာမျိုး ဒါမှမဟုတ်[br]ကျွန်မရဲ့ သဘောတူချက် 0:06:20.880,0:06:22.440 မပါရှိဘဲနဲ့ ဟိုလေးတကျော် 0:06:22.960,0:06:24.800 ဖြစ်လာမှာကိုလည်း ကြောက်မိပါတယ်။ 0:06:26.240,0:06:28.936 ဒီတော့ အဲဒီကိစ္စကို ပြတ်သားစွာ ရှင်းပြဖို့ 0:06:28.960,0:06:30.560 အခုနည်းနည်းလေး အချိန်ယူချင်ပါတယ်။ 0:06:31.290,0:06:34.120 တကယ်တော့ "လူပု"ဆိုတဲ့ စကားလုံးဟာ[br]စွပ်စွဲချက်နဲ့ တူပါတယ်။ 0:06:35.360,0:06:39.480 PT Barnum ရဲ့ ဆပ်ကပ်ပွဲနှင့် လူထူးလူဆန်း[br]ခေတ်က စတင်လာခဲ့တဲ့ စကားလုံးပါ။ 0:06:40.110,0:06:42.360 လူ့အဖွဲ့အစည်းရော [br]သုံးနှုန်းတဲ့ စကားလုံးတွေပါ 0:06:43.520,0:06:45.040 ပြောင်းလဲလာခဲ့ကြပါပြီ။ 0:06:45.840,0:06:48.216 ဘာသာစကား ဆိုတာ သိပ်အားကောင်းတဲ့[br]ကိရိယာတခုပါ။ 0:06:48.240,0:06:50.240 ၎င်းဟာ လူ့အဖွဲ့အစည်းကို အမည်ပေးရုံသာ မကပါ။ 0:06:50.720,0:06:52.160 ၎င်းဟာ ပုံစံသွင်းပေးပါသေးတယ်။ 0:06:52.580,0:06:56.296 ကျွန်မဟာ သေးငယ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရတာကို[br]မယုံနိုင်လောက်အောင် ဂုဏ်ယူမိပါတယ်။ 0:06:56.320,0:06:59.576 achondroplasia ဆိုတာကို[br]အမွေဆက်ခံခဲ့ရသူပါ။ 0:06:59.600,0:07:02.290 ပြီးတော့ ကျွန်မ Sinead ဖြစ်တာကို[br]အများဆုံးဂုဏ်ယူမိပါတယ်။ 0:07:02.680,0:07:05.720 Achondroplasia ဆိုတာက လူအရပ်ပုရခြင်းရဲ့[br]တွေ့နေကျ အကြောင်းရင်းပါ။ 0:07:06.400,0:07:09.960 Achondroplasia ကို ဘာသာပြန်ပေးရရင်[br]"အရိုးနုဖွဲ့စည်းမှုမရှိမှု" ဖြစ်ပါတယ်။ 0:07:10.760,0:07:14.496 ကျွန်မရဲ့ ခြေလက်တွေ တိုကြပြီး[br]မျက်နှာ၊ နဖူးနဲ့ နှာခေါင်းမှာ 0:07:14.520,0:07:16.840 Achondroplasia လက္ခဏာရှိနေပါတယ်။ 0:07:16.990,0:07:19.890 ကျွန်မဟာ လက်မောင်းတွေကို အပြည့်အဝ[br]ဖြောင့်တန်းအောင် လုပ်မရပါ။ 0:07:19.890,0:07:22.520 ဒါပေမဲ့ ကျွန်မစာ တံတောင်ဆစ်ကို[br]လျှာနဲ့ လျက်နိုင်ပါတယ်။ 0:07:22.640,0:07:24.821 ရှင်တို့ကို အဲဒါကိုတော့[br]ပြပေးမှာ မဟုတ်ပါဘူး။ 0:07:25.200,0:07:29.680 Achondroplasia ကို ကလေးမွေးမှု ၂၀၀၀၀[br]ထဲတွင် တစ်ကြိမ် မွေးတတ်ပါတယ်။ 0:07:30.520,0:07:34.380 အရပ်ပုကြသူတို့ရဲ့ ၈၀ ရာခိုင်နှုန်းတို့ဟာ[br]ပုံမှန်အမြင့်ရှိ မိဘများတွင် မွေးကြတာပါ။ 0:07:35.000,0:07:38.920 ဒီအခန်းထဲက ဘယ်သမဆိုဟာ achondroplasia[br]ရှိတဲ့ ကလေးကို မွေးနိုင်တာကို ဆိုလိုပါတယ်။ 0:07:39.960,0:07:43.480 ကျွန်မကတော့ ကျွန်မရဲ့ ဖခင်ထံမှ[br]ဒီအဖြစ်ကို အမွေရခဲ့တာပါ။ 0:07:43.880,0:07:46.720 ကျွန်မက ရှင်တို့ကို ကျွန်မမိသားစု[br]ဓာတ်ပုံကို ပြပေးချင်ပါတယ်။ 0:07:47.280,0:07:49.296 ငါ့ကျွန်မ မိခင်ဟာ ပျမ်းမျှ အရပ်ရှိသူပါ။ 0:07:49.320,0:07:51.536 ဖင်က အရပ်ပုသူ တစ်ဦးပါ။ 0:07:51.560,0:07:53.560 ကလေးငါးဦးထဲတွင်[br]ကျွန်မက အသက်ကြီးဆုံးသူပါ။ 0:07:54.200,0:07:56.720 ကျွန်မမှာ နှမသုံးယောက်နှင့် [br]မောင်လေးတဦးရှိပါတယ်။ 0:07:57.560,0:07:59.670 သူတို့အားလုံး ပျမ်းမျှ [br]အရပ်ရှိကြသူတွေပါ။ 0:08:00.160,0:08:03.576 ကျွန်မဟာ ကျွန်မရဲ့ စပ်စုလိုစိတ်နဲ့ [br]ဇွဲနဘဲမျိုးကို ပျိုးထောင်ပေးခဲ့ပြီး 0:08:03.600,0:08:07.250 လူစိမ်းတွေရဲ့ မကြင်နာမှုနဲ့ လျစ်လျူရှုမှု[br]တွေမှ ကျွန်မကို ကာကွယ်ပေးခဲ့လျက် 0:08:07.720,0:08:12.696 ရုပ်ပိုင်း ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းမှာ[br]ရပ်တည်ရန်နှင့် ကျင်လည်နိုင်စွမ်းရှိတဲ့ 0:08:12.720,0:08:16.896 ကြံ့ခံနိုင်စွမ်း၊ ဆန်းသစ်တီထွင်ဉာဏ်နှင့်[br]စိတ်ချယုံကြည်မှုတွေကို 0:08:16.920,0:08:21.560 ပျိုးထောင်ပြုစုပေးနိုင်ခဲ့တဲ့ မိသားစုထဲ[br]မွေးခဲ့တာကို သိပ်ကို အားရဂုဏ်ယူပါတယ်။ 0:08:22.800,0:08:26.616 ကျွန်မဟာအောင်မြင်သူ ဖြစ်ရခြင်းရဲ့[br]အကြောင်းရင်းကို ထောက်ြပရပါက၊ 0:08:26.640,0:08:30.760 ကျွန်မဟာ ချစ်ခင်ခံခဲ့ရပြီး အခုလည်း[br]ချစ်ခင်ခံနေရတဲ့ ကလေးဖြစ်လို့ပါ၊ 0:08:31.560,0:08:35.456 ကြွားဝါးတတ်ပြီး သူများကို ထေ့ငေါ့[br]ပြောနိုင်တဲ့ ကလေးဖြစ်ပေမဲ့၊ 0:08:35.480,0:08:37.889 ဘယ်လိုပဲဖြစ်ဖြစ် ချစ်ခင်ခံရတဲ့[br]ကလေးဖြစ်ပါတယ်။ 0:08:38.360,0:08:41.800 ကျွန်မ ဘယ်သူလဲ အခုလို အတွင်းကျကျ[br]ကျွန်မက ရှင်တို့ကို ပြောပြပေးနေတာက 0:08:41.960,0:08:44.910 ရှင်တို့အားလုံးကို ရှုထောင့်အသစ်[br]တစ်မျိုးကို ပြသပေးဖို့အတွက်ပါ။ 0:08:44.910,0:08:48.116 ဒီဇိုင်းဆိုတာ လုပ်ကိုင်နိုင်စွမ်းနဲ့[br]အလှအပကို တီထွင်ပေးတဲ့ ကိရိယာပါ 0:08:48.116,0:08:50.910 ဆိုတဲ့ ခံယူချက်ကို ကျွန်မဟာ စိန်ခေါ်[br]ထောက်ပြချင်ပါတယ်။ 0:08:51.280,0:08:54.650 ဒီဇိုင်းဟာ တကယ့်ကို လူတွေရဲ့[br]သက်ရှိဘဝ၊ သက်ရှိမှန်သမျှ အားလုံးတို့ကို 0:08:55.160,0:08:56.940 ကြီးမားစွာ သက်ရောက်မှုရှိပါတယ်။ 0:08:56.940,0:09:01.056 ဒီဇိုင်းဆိုတာကို ကျွန်မတို့ ကမ္ဘာကြီးထဲမှာ[br]ပါဝင်နေတာကို ခံစားလာစေတဲ့ နည်းလမ်းဖြစ်သလို 0:09:01.080,0:09:05.336 လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ [br]လူ့ရပိုင်ခွင့်များကို ထောက်ပံ့ ပေးနိုင်တဲ့ 0:09:05.360,0:09:06.920 နည်းလမ်း တစ်ခုလည်း ဖြစ်ပါသေးတယ်။ 0:09:06.920,0:09:10.436 တချိန်တည်းမှာ လူတစ်စုရဲ့ လိုအပ်ချက်တွေကို[br]ထည့်တွက် မပေးနိုင်တဲ့ ဒီဇိုင်းဟာ 0:09:10.436,0:09:13.210 ထိုသူတွေရဲ့ ထိခိုက်လွယ်မှုကို [br]ပိုဆိုးဝါးသွားစေနိုင်ပါတယ်။ 0:09:14.320,0:09:18.160 ဒါကြောင့်မို့လို့ ဒီနေ့တွင် ကျွန်မဟာ[br]ရှင်တို့ရဲ့ အမြင်တွေကို စိန်ခေါ်လိုပါတယ်။ 0:09:18.400,0:09:20.976 ကျွန်မတို့က ဘယ်သူတွေအတွက်[br]ဒီဇိုင်းကို ထုတ်မပေးကြတာလဲ။ 0:09:21.000,0:09:23.816 ကျွန်မတို့က ထိုသူတွေရဲ့ အသံတွေနဲ့[br]အတွေ့အကြုံတွေကို 0:09:23.840,0:09:25.740 ဘယ်လိုနည်းနဲ့ တိုးချဲ့ပေးနိုင်ကြမလဲ။ 0:09:26.200,0:09:28.050 ဒီတော့ ရှေ့ဆက်ကြရမယ့် ခြေလှမ်းကဘာလဲ။ 0:09:28.400,0:09:30.976 ဒီဇိုင်းဆိုတာ တကယ့်ကို အားတက်ဖွယ်ရာ[br]အခွင့်ထူး တစ်ရပ်ပါ၊ 0:09:31.000,0:09:33.660 ပြီးတော့ ပိုကြီမားတဲ့ တာဝန်လည်း ဖြစ်ပါတယ်။ 0:09:33.680,0:09:36.460 ကျွန်မက ရှင်တို့ရဲ့ မျက်လုံးများကို [br]ဖွင့်ကြည့်စေလိုပါတယ်။ 0:09:36.760,0:09:37.976 ကျေးဇူးအများကြီးတင်ပါတယ်။ 0:09:38.000,0:09:41.760 (လက်ခုပ်သံများ)