ကျွန်မ ရှင်တို့အားလုံးကို ရှုထောင့်သစ်ကို
ပြပေးချင်ပါတယ်။
တကယ့်ကို ကြီးကျယ်တဲ့ အကြောင်းအရာပါ။
ကျွန်မဟာ မနေ့ကနံနက်တွင်
အိုင်ယာလန်မှ ထွက်လာခဲ့တယ်။
ကျွန်မဟာ Dublin မှနေပြီး
New York ကို လာခဲ့တာပါ။
တစ်ယောက်တည်း လာခဲ့တာ။
ဒါပေမဲ့ လေဆိပ်ရဲ့ ဒီဇိုင်း၊
လေယာဉ်နှင့် terminal ရဲ့ ဒီဇိုင်းဟာဖြင့်
ကိုယ့်အရပ်က ၁၀၅ စင်တီမီတာတည်းဆိုတော့
လွတ်လပ်မှု သိပ် မရှိချင်ပါ။
အမေရိကန်တွေအတွက်
အဲဒါက ၃ ပေ ၅ လက်မပါ။
ကျွန်မကို လေဆိပ်ဝန်ထမ်းက ကျွန်မကို
ဘီးတပ်ကုလားထိုင်နဲ့ လိုက်ပို့ပေးခဲ့တယ်။
ကျွန်မဟာ ဘီးတပ်ကုလားထိုင်ကို
သုံးလေ့ မရှိပါဘူး။
ဒါပေမဲ့ လေဆိပ်တွေရဲ့ ဒီဇိုင်းကြောင့်
အသုံးပြုနိုင်ဖို့ ခက်လွန်းလို့
အဲဒီလိုနည်းနဲ့သာ လိုတာတွေ
လုပ်လို့ ရနိုင်ပါတယ်။
ကျွန်မရဲ့ ခြေတွေ အကြားမှာ
သယ်နေကျ အိတ်ကို ချထားလျက်
ကျွန်မကို လုံခြုံရေး၊ ကြိုတင်စစ်ဆေးမှုကို
ကူဖြတ်ပြီးလို့
လေယာဉ်ပေါ် တက်ရမယ့်
ဂိတ်ဆီကို ရောက်လာခဲ့တယ်။
ကျွန်မဟာ လေဆိပ်တွင်
အသုံးပြုရေး ဝန်ဆောင်မှုကို သုံးရပါတယ်၊
terminal အများစုကို ကျွန်မလို လူတွေကို
ထည့်မစဉ်းစားဘဲ ဆောက်ထားလို့ပါ။
ဥပမာအဖြစ် လုံခြုံရေးကို ယူကြည့်ကြပါစို့။
ကျွန်မ ကျွန်မရဲ့ အိတ်ကို ကြမ်းပေါ်မှနေပြီး
ပစ္စည်းတင် ချားပေါ်ကို
မတင်နိုင်စွမ်း မရှိပါဘူး။
အဲဒါက ကျွန်မ မျက်စိနဲ့
တစ်တန်းထည်းမှာ ရှိနေတယ်။
ပြီးတော့ လုံခြုံရေးနေရာမှာ လုပ်ကိုင်ကြသူ
တို့ဟာ ကျွန်မကို ကူပေးလို့ မရနိုင်ပါဘူး။
ကျွန်မကိုယ်စား သူတို့
လုပ်မပေးနိုင်ကြပါဘူး။
ဒီဇိုင်းက ကျွန်မရဲ့ လုပ်ပိုင်ခွင့်နဲ့
လွတ်လပ်မှု ကန့်သတ်ထားပါတယ်။
ဒါပေမဲ့ ဒီလိုအရွယ်အစားနဲ့
ခရီးသွားရတာ သိပ်မဆိုးလှပါဘူး။
ချွေတာရေး အတန်းအစားထဲမှာတောင်
ခြေဆန့်စရာ နေရာအကျယ်ကြီးပဲ။
(ရယ်သံများ)
ကျွန်မ အရပ်ပုတာကို မကြာခဏ မေ့နေတတ်ပါတယ်။
ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကသာ
အဲဒါကို သတိပေးနေကြတာပါ။
အများပြည်သူသုံး သန့်စင်ခန်း အသုံးပြုရေးဟာ
တကယ့်ကို မချိမဆံ့ခံရတဲ့ အတွေ့အကြုံပါ။
ကျွန်မ အိမ်သာအကန့်ရဲ့ ရှေ့ကို ရောက်လာပြီ
ဒါပေမဲ့ တံခါးထဲက
သော့ခလောက်ကို မမှီနိုင်ဘူး။
ကျွန်မဟာ တီထွင်ဉာဏ်ကို သုံးရတယ်
သည်းခံရတယ်။
အနီးအနားမှာ မှောက်သုံးလို့ရနိုင်မယ့်
ပုံးလိုဟာမျိုးကို လိုက်ရှာရတယ်။
အဲဒါ ဘေးကင်းပါ့မလား။
မသေချာပါ။
အဲဒါ ကျန်းမာရေးအတွက် အန္တရာယ်မရှိဘူးလား၊
သန့်ရှင်းရဲ့လား။
မသန့်ရှင်းမှန်း ရှင်းနေတယ်။
ဒါပေမဲ့ ဒီ့ပြင်ရွေးစရာက ဘာများ ရှိလို့လဲ။
အဲဒါအလုပ်မဖြစ်ရင်၊
ကျွန်မက ကျွန်မဖုန်းကို သုံးရတယ်။
အဲဒါက နောက်ထပ် လေး-ခြောက်လက်မ
တိုးပေးတဲ့ သဘောပါ။
ပြီးတော့ သော့ခတ်တဲ့ သော့ခလောက်ကို
ပိတ်ဆို့ထားရန် iPhone ကို သုံးရသေးတယ်။
iPhone ရဲ့ ဒီဇိုင်းဆရာ Jony Ive က
ဒီလို သုံးမှာကို စိတ်ကူးမိရဲ့လား။
အဲဒါ အလုပ်ဖြစ်တယ်။
အဲဒီလိုမှ မဟုတ်ရင် လူစိမ်း
တစ်ဦးဦးကို ချဉ်းကပ်ရတယ်။
ငါ အနူးအညွဝ် တောင်းပန်ရတယ်၊
အိမ်သာအခန်းရဲ့ အပြင်မှာ ရပ်စောင့်ပေးဖို့
တောင်းပန်ရတယ်။
သူတို့က ကူညီပေးပါတယ်။
ကျွန်မက ထွက်လာရင်း ကျေးဇူးတင်ပါတယ်၊
ဒါပေမဲ့ ရှက်ရလိုက်တာ။
သန့်စင်ခန်းထဲ လက်ကိုမဆေးဘဲ
ကျွန်မ ထွက်သွားတာကို
သူတို့ အဲဒါကို သတိမထားမိကြဘူးလို့
မျှော်လင့်ပါတယ်။
ကျွန်မဟာ ကိုယ်နဲ့အတူ လက်သန့်စင်ရေးဘူးကို
တချိန်လုံး သယ်ရပါတယ်။
လက်ဆေးကန်၊ ဆပ်ပြာရည်ဘူး၊ လက်လေမှုတ်စက်၊
မှန် စတဲ့ အရာတွေအားလုံး
ကျွန်မ မမှီနိုင်လို့ပါ။
ဒီနေရာမှာကျတော့ သန့်စင်ခန်းဟာ
အသုံးပြုလို့ရနိုင်တယ် ပြောနိုင်ပါတယ်။
ဒီနေရာတွင် ကျွန်မဟာ တံခါးပေါ်က
သော့ခလောက်ကို လက်နဲ့မှီပါတယ်၊
လက်ဆေးကန်၊ ဆပ်ပြာရည်ဘူး၊
လက်လေမှုတ်စက်နှင့် မှန်ကို သုံးလို့ရပါတယ်။
ဒါတောင် အိမ်သာကိုတော့ မသုံးနိုင်ဘူး။
တမင်ကို မြင့်အောင် ဒီဇိုင်းထုတ်ထားတယ်၊
ဘီးတပ်ကုလားထိုင်သုံးသူတွေ လွယ်ကူစွာ
ရွှေ့ပြောင်း ထိုင်နိုင်ဖို့ အတွက်ပါ။
အဲဒါဟာ အံ့သြစရာကောင်းတဲ့
လိုအပ်တဲ့ တီထွင်မှုမှန်ပေမဲ့၊
ဒီဇိုင်းလောကကြီးတွင် ကျွန်မတို့က စိတ်ကူး
တစ်ခုဟာ သုံးလွယ်တယ်လို့ ဆိုကြရာတွင်
ဘာကိုဆိုလိုကြတာလဲ။
အဲဒါကို သုံးပြုနိုင်သူတွေက ဘယ်သူတွေလဲ။
ပြီးတော့ ဘယ်သူတွေရဲ့ လိုအပ်ချက်တွေကို
ထည့်မတွက်ထားတာလဲ။
ဒီ သန့်စင်ခန်းဟာ ဥပမာ တစ်ခုပါ၊
ဒီဇိုင်းက ကျွန်မရဲ့
သိက္ခာကို နှိမ့်ချနေတယ်၊
တကယ်တော့ ဝန်းရံနေတဲ့ ရုပ်ပိုင်းအရာတွေကလည်း
သက်ရောက်မှုရှိကြတာ မနည်းပါဘူး၊
ကော်ဖီ မှာရတာမျိုး
ရိုးရှင်းတဲ့ ဥပမာ ဆိုပါစို့။
ကျွန်မ ဝန်ခံစရာ တစ်ခုရှိတယ်။
ကျွန်မဟာ ကော်ဖီသောက်တာ များလွန်းတယ်။
ကျွန်မ မှာလေ့ရှိတာက
skinny vanilla latte ပါ၊
ဒါပေမဲ့ ကျွန်မက အဲဒီအကျင့်ကို
ပြောင်းပစ်ရန် အားထုတ်နေပါတယ်။
ဒါပေမဲ့ ကော်ဖီဆိုင်ရဲ့
ဒီဇိုင်းဟာ အနည်းဆုံးအားဖြင့် ကျွန်မအတွက်
အဆင်မပြေတာ ပြောပြချင်တယ်။
ကျွန်မ မုန့်တွေ ချပြထားတဲ့နေရမှာ
တန်းစီးနေတယ်
ကော်ဖီရောင်းသူက နောက်လူကို ခေါ်လိုက်တယ်။
"နောက် တစ်ယောက်!" ဆိုပြီး ခေါ်လိုက်တယ်။
သူတို့က ကျွန်မကို မမြင်နိုငပါ။
ကျွန်မရဲ့ နောက်မှာ ရပ်နေသူက
ကျွန်မရှိနေတာကို လက်ညှိုးထိုးပြတယ်။
အဲဒါက လူတိုင်းအတွက် စိတ်ညစ်စရာကြီးပါ။
ကျွန်မက အမြန်ဆုံး အော်ဒါပေးလိုက်ပြီး
ကိုယ့်ကော်ဖီ ယူဖို့ ရှေ့ကိုတိုးလိုက်တယ်။
အဲဒါကို ရှင်တို့ တစ်စက္ကန့်လောက်
စဉ်းစားကြည့်ကြပါ။
သူတို့က ကော်ဖီကို ဘယ်မှာ ချပေးမလဲ?
မြင့်လှပြီး အဖုံးနဲ့ ပိတ်မထားပါ။
ကျွန်မက ငွေပေးပြီး မှာလိုက်တဲ့ ကော်ဖီကို
ယူဖို့ အရေးဟာ
မယုံနိုင်လောက်အောင်ကို
အန္တရာယ်များတဲ့ ကိစ္စဖြစ်နေတယ်။
ကျွန်မဝတ်ချင်တဲ့ အဝတ်အစားရဲ့ ဒီဇိုင်းကလည်း
ပြဿနာကြီးပါ။
ကျွန်မဟာ ကျွန်မရဲ့ ကိုယ်ရည်ကိုယ်သွေးကို
ထင်ဟပ်ပေးတဲ့ အဝတ်မျိုးကို ဝတ်ချင်ပါတယ်။
အဲဒါမျိုးကို ကလေးတွေအတွက် ဌာနခွဲမှာ
ရှာတွေ့ဖို့ မလွယ်ပါ။
အမျိုးသမီးတွေ ဝတ်ကြတာကို ယူမယ်ဆိုရင်
ပြင်ရတာပြောင်းရတာ သိပ်ကို များပါလိမ့်မည်။
ကျွန်မရဲ့ အသက်၊ ကျွမ်းကျင် သိမ်မွေ့မှုကို
ပေါ်လွင်စေမယ့် ဖိနပ်ကို စီးချင်ပါတယ်။
အဲဒါအစား ကျွန်မအတွက် ရှာတွေ့နိုင်တာဆိုလို့
မီးလင်းပေးတဲ့ ပတ္တူဖိနပ်တွေပါပဲ။
ကျွန်မဟာ မီးလုံးလေးတွေ လင်းတဲ့
ဖိနပ်တွေကို ကန့်ကွက်လိုတာ မဟုတ်ပါ။
(ရယ်သံများ)
ကုလားထိုင်မှာ ထိုင်ဖို့ကိစ္စကလည်း
ဒီဇိုင်းနဲ့ ဆက်စပ်နေပြန်ပါတယ်။
ကုလားထိုင်မှာ ထိုင်ရေးကို ယူကြည့်ပါစို့။
ကျွန်မဟာ မတ်တတ်ရပ်နေရင်းကနေပြီး
ထိုင်ချင်ရင် ကျော့ရှင်းစွာ လုပ်မရနိုင်ပါ။
ကုလားထိုင်တွေဆိုင်ရာ
အမြင့်စံနှုန်းတွေကြောင့်၊
ကျွန်မဟာ ၎င်းပေါ်ကို
တက်ထိုင်နိုင်ဖို့အတွက်ကို
လက်တွေနဲ့ ဒူးဖြင့် တွယ်လျက်
မနည်းကြီး တက်ယူရပါမယ်။
အချိန်မရွေး မှောက်လဲကျသွားမှာကိုလည်း
သတိထားရပါသေးတယ်။
ကုလားထိုင်၊ ရေချိုးခန်း၊ ကော်ဖီဆိုင်၊
အဝတ်အစား ဘယ်ကိစ္စကိုပဲ
ဘာကိုပဲ ယူကြည့်ကြည့် ဒီဇိုင်းက ကျွန်မ
အပေါ်မှာ အဲဒီလို သက်ရောက်မှုရှိနေတော့၊
ကျွန်မဟာ လူစိမ်းတွေရဲ့ ကြင်နာမှုတရားကို
အားကိုး အသုံးချရပါတယ်။
ဒါပေမဲ့ လူတိုင်း ကောင်းကြတာ မဟုတ်ပါ။
လူစိမ်းတစ်ဦးက ကျွန်မကို
လက်ညှိုးထိုးပြတဲ့အခါမှာ
မျက်လုံးပြူးလျက် ကြည့်တဲ့အခါ၊
ရယ်တဲ့အခါမှာ
ကျွန်မကို လှောင်ပြောင်တဲ့အခါ၊
ကျွန်မကို ဓာတ်ပုံရိုက်တဲ့အခါ၊
ကျွန်မဟာ အရပ်ပုတာကို သတိရစေပါတယ်။
အဲဒါမျိုး နေ့တိုင်းလိုလို ကြုံရပါတယ်။
လူမှုမီဒီယာတွေ အသုံးများလာတာနဲ့အတူ
ကျွန်မအတွက် အခွင့်အလမ်း ပေါ်လာပါတယ်၊
ကိုယ့်အသံကို တင်ပြနိုင်တဲ့ နေရာ၊
ဘလော့ဂါ ဒါမှမဟုတ် တက်ကြွလှုပ်ရှားသူအဖြစ်
ပါဝင်ခွင့် ရလာပြီလို့ ဆိုနိုင်ပေမဲ့
ကျွန်မဟာ ရယ်စရာမျိုး ဒါမှမဟုတ်
ကျွန်မရဲ့ သဘောတူချက်
မပါရှိဘဲနဲ့ ဟိုလေးတကျော်
ဖြစ်လာမှာကိုလည်း ကြောက်မိပါတယ်။
ဒီတော့ အဲဒီကိစ္စကို ပြတ်သားစွာ ရှင်းပြဖို့
အခုနည်းနည်းလေး အချိန်ယူချင်ပါတယ်။
တကယ်တော့ "လူပု"ဆိုတဲ့ စကားလုံးဟာ
စွပ်စွဲချက်နဲ့ တူပါတယ်။
PT Barnum ရဲ့ ဆပ်ကပ်ပွဲနှင့် လူထူးလူဆန်း
ခေတ်က စတင်လာခဲ့တဲ့ စကားလုံးပါ။
လူ့အဖွဲ့အစည်းရော
သုံးနှုန်းတဲ့ စကားလုံးတွေပါ
ပြောင်းလဲလာခဲ့ကြပါပြီ။
ဘာသာစကား ဆိုတာ သိပ်အားကောင်းတဲ့
ကိရိယာတခုပါ။
၎င်းဟာ လူ့အဖွဲ့အစည်းကို အမည်ပေးရုံသာ မကပါ။
၎င်းဟာ ပုံစံသွင်းပေးပါသေးတယ်။
ကျွန်မဟာ သေးငယ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရတာကို
မယုံနိုင်လောက်အောင် ဂုဏ်ယူမိပါတယ်။
achondroplasia ဆိုတာကို
အမွေဆက်ခံခဲ့ရသူပါ။
ပြီးတော့ ကျွန်မ Sinead ဖြစ်တာကို
အများဆုံးဂုဏ်ယူမိပါတယ်။
Achondroplasia ဆိုတာက လူအရပ်ပုရခြင်းရဲ့
တွေ့နေကျ အကြောင်းရင်းပါ။
Achondroplasia ကို ဘာသာပြန်ပေးရရင်
"အရိုးနုဖွဲ့စည်းမှုမရှိမှု" ဖြစ်ပါတယ်။
ကျွန်မရဲ့ ခြေလက်တွေ တိုကြပြီး
မျက်နှာ၊ နဖူးနဲ့ နှာခေါင်းမှာ
Achondroplasia လက္ခဏာရှိနေပါတယ်။
ကျွန်မဟာ လက်မောင်းတွေကို အပြည့်အဝ
ဖြောင့်တန်းအောင် လုပ်မရပါ။
ဒါပေမဲ့ ကျွန်မစာ တံတောင်ဆစ်ကို
လျှာနဲ့ လျက်နိုင်ပါတယ်။
ရှင်တို့ကို အဲဒါကိုတော့
ပြပေးမှာ မဟုတ်ပါဘူး။
Achondroplasia ကို ကလေးမွေးမှု ၂၀၀၀၀
ထဲတွင် တစ်ကြိမ် မွေးတတ်ပါတယ်။
အရပ်ပုကြသူတို့ရဲ့ ၈၀ ရာခိုင်နှုန်းတို့ဟာ
ပုံမှန်အမြင့်ရှိ မိဘများတွင် မွေးကြတာပါ။
ဒီအခန်းထဲက ဘယ်သမဆိုဟာ achondroplasia
ရှိတဲ့ ကလေးကို မွေးနိုင်တာကို ဆိုလိုပါတယ်။
ကျွန်မကတော့ ကျွန်မရဲ့ ဖခင်ထံမှ
ဒီအဖြစ်ကို အမွေရခဲ့တာပါ။
ကျွန်မက ရှင်တို့ကို ကျွန်မမိသားစု
ဓာတ်ပုံကို ပြပေးချင်ပါတယ်။
ငါ့ကျွန်မ မိခင်ဟာ ပျမ်းမျှ အရပ်ရှိသူပါ။
ဖင်က အရပ်ပုသူ တစ်ဦးပါ။
ကလေးငါးဦးထဲတွင်
ကျွန်မက အသက်ကြီးဆုံးသူပါ။
ကျွန်မမှာ နှမသုံးယောက်နှင့်
မောင်လေးတဦးရှိပါတယ်။
သူတို့အားလုံး ပျမ်းမျှ
အရပ်ရှိကြသူတွေပါ။
ကျွန်မဟာ ကျွန်မရဲ့ စပ်စုလိုစိတ်နဲ့
ဇွဲနဘဲမျိုးကို ပျိုးထောင်ပေးခဲ့ပြီး
လူစိမ်းတွေရဲ့ မကြင်နာမှုနဲ့ လျစ်လျူရှုမှု
တွေမှ ကျွန်မကို ကာကွယ်ပေးခဲ့လျက်
ရုပ်ပိုင်း ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းမှာ
ရပ်တည်ရန်နှင့် ကျင်လည်နိုင်စွမ်းရှိတဲ့
ကြံ့ခံနိုင်စွမ်း၊ ဆန်းသစ်တီထွင်ဉာဏ်နှင့်
စိတ်ချယုံကြည်မှုတွေကို
ပျိုးထောင်ပြုစုပေးနိုင်ခဲ့တဲ့ မိသားစုထဲ
မွေးခဲ့တာကို သိပ်ကို အားရဂုဏ်ယူပါတယ်။
ကျွန်မဟာအောင်မြင်သူ ဖြစ်ရခြင်းရဲ့
အကြောင်းရင်းကို ထောက်ြပရပါက၊
ကျွန်မဟာ ချစ်ခင်ခံခဲ့ရပြီး အခုလည်း
ချစ်ခင်ခံနေရတဲ့ ကလေးဖြစ်လို့ပါ၊
ကြွားဝါးတတ်ပြီး သူများကို ထေ့ငေါ့
ပြောနိုင်တဲ့ ကလေးဖြစ်ပေမဲ့၊
ဘယ်လိုပဲဖြစ်ဖြစ် ချစ်ခင်ခံရတဲ့
ကလေးဖြစ်ပါတယ်။
ကျွန်မ ဘယ်သူလဲ အခုလို အတွင်းကျကျ
ကျွန်မက ရှင်တို့ကို ပြောပြပေးနေတာက
ရှင်တို့အားလုံးကို ရှုထောင့်အသစ်
တစ်မျိုးကို ပြသပေးဖို့အတွက်ပါ။
ဒီဇိုင်းဆိုတာ လုပ်ကိုင်နိုင်စွမ်းနဲ့
အလှအပကို တီထွင်ပေးတဲ့ ကိရိယာပါ
ဆိုတဲ့ ခံယူချက်ကို ကျွန်မဟာ စိန်ခေါ်
ထောက်ပြချင်ပါတယ်။
ဒီဇိုင်းဟာ တကယ့်ကို လူတွေရဲ့
သက်ရှိဘဝ၊ သက်ရှိမှန်သမျှ အားလုံးတို့ကို
ကြီးမားစွာ သက်ရောက်မှုရှိပါတယ်။
ဒီဇိုင်းဆိုတာကို ကျွန်မတို့ ကမ္ဘာကြီးထဲမှာ
ပါဝင်နေတာကို ခံစားလာစေတဲ့ နည်းလမ်းဖြစ်သလို
လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့
လူ့ရပိုင်ခွင့်များကို ထောက်ပံ့ ပေးနိုင်တဲ့
နည်းလမ်း တစ်ခုလည်း ဖြစ်ပါသေးတယ်။
တချိန်တည်းမှာ လူတစ်စုရဲ့ လိုအပ်ချက်တွေကို
ထည့်တွက် မပေးနိုင်တဲ့ ဒီဇိုင်းဟာ
ထိုသူတွေရဲ့ ထိခိုက်လွယ်မှုကို
ပိုဆိုးဝါးသွားစေနိုင်ပါတယ်။
ဒါကြောင့်မို့လို့ ဒီနေ့တွင် ကျွန်မဟာ
ရှင်တို့ရဲ့ အမြင်တွေကို စိန်ခေါ်လိုပါတယ်။
ကျွန်မတို့က ဘယ်သူတွေအတွက်
ဒီဇိုင်းကို ထုတ်မပေးကြတာလဲ။
ကျွန်မတို့က ထိုသူတွေရဲ့ အသံတွေနဲ့
အတွေ့အကြုံတွေကို
ဘယ်လိုနည်းနဲ့ တိုးချဲ့ပေးနိုင်ကြမလဲ။
ဒီတော့ ရှေ့ဆက်ကြရမယ့် ခြေလှမ်းကဘာလဲ။
ဒီဇိုင်းဆိုတာ တကယ့်ကို အားတက်ဖွယ်ရာ
အခွင့်ထူး တစ်ရပ်ပါ၊
ပြီးတော့ ပိုကြီမားတဲ့ တာဝန်လည်း ဖြစ်ပါတယ်။
ကျွန်မက ရှင်တို့ရဲ့ မျက်လုံးများကို
ဖွင့်ကြည့်စေလိုပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်။
(လက်ခုပ်သံများ)