WEBVTT 00:00:00.233 --> 00:00:03.040 ကျွန်မ ရှင်တို့အားလုံးကို ရှုထောင့်သစ်ကို ပြပေးချင်ပါတယ်။ 00:00:04.000 --> 00:00:06.840 တကယ့်ကို ကြီးကျယ်တဲ့ အကြောင်းအရာပါ။ 00:00:06.960 --> 00:00:09.440 ကျွန်မဟာ မနေ့ကနံနက်တွင် အိုင်ယာလန်မှ ထွက်လာခဲ့တယ်။ 00:00:09.880 --> 00:00:12.336 ကျွန်မဟာ Dublin မှနေပြီး New York ကို လာခဲ့တာပါ။ 00:00:12.360 --> 00:00:13.560 တစ်ယောက်တည်း လာခဲ့တာ။ 00:00:14.080 --> 00:00:15.976 ဒါပေမဲ့ လေဆိပ်ရဲ့ ဒီဇိုင်း၊ 00:00:16.000 --> 00:00:18.536 လေယာဉ်နှင့် terminal ရဲ့ ဒီဇိုင်းဟာဖြင့် 00:00:18.560 --> 00:00:22.480 ကိုယ့်အရပ်က ၁၀၅ စင်တီမီတာတည်းဆိုတော့ လွတ်လပ်မှု သိပ် မရှိချင်ပါ။ 00:00:23.200 --> 00:00:26.440 အမေရိကန်တွေအတွက် အဲဒါက ၃ ပေ ၅ လက်မပါ။ 00:00:27.680 --> 00:00:31.400 ကျွန်မကို လေဆိပ်ဝန်ထမ်းက ကျွန်မကို ဘီးတပ်ကုလားထိုင်နဲ့ လိုက်ပို့ပေးခဲ့တယ်။ 00:00:32.000 --> 00:00:35.000 ကျွန်မဟာ ဘီးတပ်ကုလားထိုင်ကို သုံးလေ့ မရှိပါဘူး။ 00:00:35.680 --> 00:00:37.776 ဒါပေမဲ့ လေဆိပ်တွေရဲ့ ဒီဇိုင်းကြောင့် 00:00:37.800 --> 00:00:40.056 အသုံးပြုနိုင်ဖို့ ခက်လွန်းလို့ 00:00:40.080 --> 00:00:42.800 အဲဒီလိုနည်းနဲ့သာ လိုတာတွေ လုပ်လို့ ရနိုင်ပါတယ်။ 00:00:43.280 --> 00:00:46.016 ကျွန်မရဲ့ ခြေတွေ အကြားမှာ သယ်နေကျ အိတ်ကို ချထားလျက် 00:00:46.040 --> 00:00:49.416 ကျွန်မကို လုံခြုံရေး၊ ကြိုတင်စစ်ဆေးမှုကို ကူဖြတ်ပြီးလို့ 00:00:49.440 --> 00:00:51.800 လေယာဉ်ပေါ် တက်ရမယ့် ဂိတ်ဆီကို ရောက်လာခဲ့တယ်။ 00:00:52.880 --> 00:00:55.736 ကျွန်မဟာ လေဆိပ်တွင် အသုံးပြုရေး ဝန်ဆောင်မှုကို သုံးရပါတယ်၊ 00:00:55.760 --> 00:00:59.000 terminal အများစုကို ကျွန်မလို လူတွေကို ထည့်မစဉ်းစားဘဲ ဆောက်ထားလို့ပါ။ 00:00:59.920 --> 00:01:01.960 ဥပမာအဖြစ် လုံခြုံရေးကို ယူကြည့်ကြပါစို့။ 00:01:02.320 --> 00:01:05.416 ကျွန်မ ကျွန်မရဲ့ အိတ်ကို ကြမ်းပေါ်မှနေပြီး 00:01:05.440 --> 00:01:07.840 ပစ္စည်းတင် ချားပေါ်ကို မတင်နိုင်စွမ်း မရှိပါဘူး။ 00:01:07.840 --> 00:01:10.080 အဲဒါက ကျွန်မ မျက်စိနဲ့ တစ်တန်းထည်းမှာ ရှိနေတယ်။ 00:01:10.560 --> 00:01:15.496 ပြီးတော့ လုံခြုံရေးနေရာမှာ လုပ်ကိုင်ကြသူ တို့ဟာ ကျွန်မကို ကူပေးလို့ မရနိုင်ပါဘူး။ 00:01:15.520 --> 00:01:17.670 ကျွန်မကိုယ်စား သူတို့ လုပ်မပေးနိုင်ကြပါဘူး။ 00:01:18.200 --> 00:01:21.960 ဒီဇိုင်းက ကျွန်မရဲ့ လုပ်ပိုင်ခွင့်နဲ့ လွတ်လပ်မှု ကန့်သတ်ထားပါတယ်။ 00:01:23.000 --> 00:01:26.480 ဒါပေမဲ့ ဒီလိုအရွယ်အစားနဲ့ ခရီးသွားရတာ သိပ်မဆိုးလှပါဘူး။ 00:01:26.960 --> 00:01:29.736 ချွေတာရေး အတန်းအစားထဲမှာတောင် ခြေဆန့်စရာ နေရာအကျယ်ကြီးပဲ။ 00:01:29.760 --> 00:01:31.640 (ရယ်သံများ) 00:01:32.760 --> 00:01:34.840 ကျွန်မ အရပ်ပုတာကို မကြာခဏ မေ့နေတတ်ပါတယ်။ 00:01:35.360 --> 00:01:39.320 ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကသာ အဲဒါကို သတိပေးနေကြတာပါ။ 00:01:40.120 --> 00:01:44.080 အများပြည်သူသုံး သန့်စင်ခန်း အသုံးပြုရေးဟာ တကယ့်ကို မချိမဆံ့ခံရတဲ့ အတွေ့အကြုံပါ။ 00:01:44.880 --> 00:01:47.056 ကျွန်မ အိမ်သာအကန့်ရဲ့ ရှေ့ကို ရောက်လာပြီ 00:01:47.080 --> 00:01:49.438 ဒါပေမဲ့ တံခါးထဲက သော့ခလောက်ကို မမှီနိုင်ဘူး။ 00:01:49.880 --> 00:01:52.240 ကျွန်မဟာ တီထွင်ဉာဏ်ကို သုံးရတယ် သည်းခံရတယ်။ 00:01:53.000 --> 00:01:56.400 အနီးအနားမှာ မှောက်သုံးလို့ရနိုင်မယ့် ပုံးလိုဟာမျိုးကို လိုက်ရှာရတယ်။ 00:01:57.400 --> 00:01:58.600 အဲဒါ ဘေးကင်းပါ့မလား။ 00:01:59.040 --> 00:02:00.240 မသေချာပါ။ 00:02:00.640 --> 00:02:03.400 အဲဒါ ကျန်းမာရေးအတွက် အန္တရာယ်မရှိဘူးလား၊ သန့်ရှင်းရဲ့လား။ 00:02:03.440 --> 00:02:04.970 မသန့်ရှင်းမှန်း ရှင်းနေတယ်။ 00:02:05.400 --> 00:02:07.380 ဒါပေမဲ့ ဒီ့ပြင်ရွေးစရာက ဘာများ ရှိလို့လဲ။ 00:02:07.910 --> 00:02:10.780 အဲဒါအလုပ်မဖြစ်ရင်၊ ကျွန်မက ကျွန်မဖုန်းကို သုံးရတယ်။ 00:02:11.160 --> 00:02:14.216 အဲဒါက နောက်ထပ် လေး-ခြောက်လက်မ တိုးပေးတဲ့ သဘောပါ။ 00:02:14.240 --> 00:02:17.650 ပြီးတော့ သော့ခတ်တဲ့ သော့ခလောက်ကို ပိတ်ဆို့ထားရန် iPhone ကို သုံးရသေးတယ်။ 00:02:17.720 --> 00:02:22.136 iPhone ရဲ့ ဒီဇိုင်းဆရာ Jony Ive က ဒီလို သုံးမှာကို စိတ်ကူးမိရဲ့လား။ 00:02:22.160 --> 00:02:23.360 အဲဒါ အလုပ်ဖြစ်တယ်။ 00:02:24.960 --> 00:02:27.440 အဲဒီလိုမှ မဟုတ်ရင် လူစိမ်း တစ်ဦးဦးကို ချဉ်းကပ်ရတယ်။ 00:02:28.480 --> 00:02:30.736 ငါ အနူးအညွဝ် တောင်းပန်ရတယ်၊ 00:02:30.760 --> 00:02:33.840 အိမ်သာအခန်းရဲ့ အပြင်မှာ ရပ်စောင့်ပေးဖို့ တောင်းပန်ရတယ်။ 00:02:35.000 --> 00:02:36.536 သူတို့က ကူညီပေးပါတယ်။ 00:02:36.560 --> 00:02:38.520 ကျွန်မက ထွက်လာရင်း ကျေးဇူးတင်ပါတယ်၊ 00:02:39.480 --> 00:02:41.160 ဒါပေမဲ့ ရှက်ရလိုက်တာ။ 00:02:41.520 --> 00:02:43.776 သန့်စင်ခန်းထဲ လက်ကိုမဆေးဘဲ ကျွန်မ ထွက်သွားတာကို 00:02:43.800 --> 00:02:46.454 သူတို့ အဲဒါကို သတိမထားမိကြဘူးလို့ မျှော်လင့်ပါတယ်။ 00:02:47.200 --> 00:02:50.440 ကျွန်မဟာ ကိုယ်နဲ့အတူ လက်သန့်စင်ရေးဘူးကို တချိန်လုံး သယ်ရပါတယ်။ 00:02:51.240 --> 00:02:56.576 လက်ဆေးကန်၊ ဆပ်ပြာရည်ဘူး၊ လက်လေမှုတ်စက်၊ မှန် စတဲ့ အရာတွေအားလုံး 00:02:56.600 --> 00:02:57.960 ကျွန်မ မမှီနိုင်လို့ပါ။ 00:02:58.550 --> 00:03:01.856 ဒီနေရာမှာကျတော့ သန့်စင်ခန်းဟာ အသုံးပြုလို့ရနိုင်တယ် ပြောနိုင်ပါတယ်။ 00:03:01.880 --> 00:03:04.750 ဒီနေရာတွင် ကျွန်မဟာ တံခါးပေါ်က သော့ခလောက်ကို လက်နဲ့မှီပါတယ်၊ 00:03:04.840 --> 00:03:09.200 လက်ဆေးကန်၊ ဆပ်ပြာရည်ဘူး၊ လက်လေမှုတ်စက်နှင့် မှန်ကို သုံးလို့ရပါတယ်။ 00:03:10.400 --> 00:03:13.320 ဒါတောင် အိမ်သာကိုတော့ မသုံးနိုင်ဘူး။ 00:03:14.520 --> 00:03:16.976 တမင်ကို မြင့်အောင် ဒီဇိုင်းထုတ်ထားတယ်၊ 00:03:17.000 --> 00:03:20.560 ဘီးတပ်ကုလားထိုင်သုံးသူတွေ လွယ်ကူစွာ ရွှေ့ပြောင်း ထိုင်နိုင်ဖို့ အတွက်ပါ။ 00:03:21.200 --> 00:03:24.560 အဲဒါဟာ အံ့သြစရာကောင်းတဲ့ လိုအပ်တဲ့ တီထွင်မှုမှန်ပေမဲ့၊ 00:03:25.440 --> 00:03:29.680 ဒီဇိုင်းလောကကြီးတွင် ကျွန်မတို့က စိတ်ကူး တစ်ခုဟာ သုံးလွယ်တယ်လို့ ဆိုကြရာတွင် 00:03:30.680 --> 00:03:31.880 ဘာကိုဆိုလိုကြတာလဲ။ 00:03:32.920 --> 00:03:34.840 အဲဒါကို သုံးပြုနိုင်သူတွေက ဘယ်သူတွေလဲ။ 00:03:35.840 --> 00:03:38.600 ပြီးတော့ ဘယ်သူတွေရဲ့ လိုအပ်ချက်တွေကို ထည့်မတွက်ထားတာလဲ။ 00:03:40.000 --> 00:03:41.496 ဒီ သန့်စင်ခန်းဟာ ဥပမာ တစ်ခုပါ၊ 00:03:41.520 --> 00:03:44.040 ဒီဇိုင်းက ကျွန်မရဲ့ သိက္ခာကို နှိမ့်ချနေတယ်၊ 00:03:44.920 --> 00:03:48.440 တကယ်တော့ ဝန်းရံနေတဲ့ ရုပ်ပိုင်းအရာတွေကလည်း သက်ရောက်မှုရှိကြတာ မနည်းပါဘူး၊ 00:03:49.240 --> 00:03:51.480 ကော်ဖီ မှာရတာမျိုး ရိုးရှင်းတဲ့ ဥပမာ ဆိုပါစို့။ 00:03:52.320 --> 00:03:53.680 ကျွန်မ ဝန်ခံစရာ တစ်ခုရှိတယ်။ 00:03:54.160 --> 00:03:56.040 ကျွန်မဟာ ကော်ဖီသောက်တာ များလွန်းတယ်။ 00:03:56.480 --> 00:03:59.056 ကျွန်မ မှာလေ့ရှိတာက skinny vanilla latte ပါ၊ 00:03:59.080 --> 00:04:02.090 ဒါပေမဲ့ ကျွန်မက အဲဒီအကျင့်ကို ပြောင်းပစ်ရန် အားထုတ်နေပါတယ်။ 00:04:02.500 --> 00:04:05.536 ဒါပေမဲ့ ကော်ဖီဆိုင်ရဲ့ ဒီဇိုင်းဟာ အနည်းဆုံးအားဖြင့် ကျွန်မအတွက် 00:04:05.560 --> 00:04:06.760 အဆင်မပြေတာ ပြောပြချင်တယ်။ 00:04:07.520 --> 00:04:10.296 ကျွန်မ မုန့်တွေ ချပြထားတဲ့နေရမှာ တန်းစီးနေတယ် 00:04:10.320 --> 00:04:12.360 ကော်ဖီရောင်းသူက နောက်လူကို ခေါ်လိုက်တယ်။ 00:04:13.200 --> 00:04:15.400 "နောက် တစ်ယောက်!" ဆိုပြီး ခေါ်လိုက်တယ်။ 00:04:16.140 --> 00:04:17.640 သူတို့က ကျွန်မကို မမြင်နိုငပါ။ 00:04:18.350 --> 00:04:21.456 ကျွန်မရဲ့ နောက်မှာ ရပ်နေသူက ကျွန်မရှိနေတာကို လက်ညှိုးထိုးပြတယ်။ 00:04:21.480 --> 00:04:23.720 အဲဒါက လူတိုင်းအတွက် စိတ်ညစ်စရာကြီးပါ။ 00:04:24.240 --> 00:04:28.090 ကျွန်မက အမြန်ဆုံး အော်ဒါပေးလိုက်ပြီး ကိုယ့်ကော်ဖီ ယူဖို့ ရှေ့ကိုတိုးလိုက်တယ်။ 00:04:28.480 --> 00:04:30.920 အဲဒါကို ရှင်တို့ တစ်စက္ကန့်လောက် စဉ်းစားကြည့်ကြပါ။ 00:04:31.560 --> 00:04:33.360 သူတို့က ကော်ဖီကို ဘယ်မှာ ချပေးမလဲ? 00:04:33.960 --> 00:04:35.800 မြင့်လှပြီး အဖုံးနဲ့ ပိတ်မထားပါ။ 00:04:36.480 --> 00:04:39.376 ကျွန်မက ငွေပေးပြီး မှာလိုက်တဲ့ ကော်ဖီကို ယူဖို့ အရေးဟာ 00:04:39.400 --> 00:04:42.110 မယုံနိုင်လောက်အောင်ကို အန္တရာယ်များတဲ့ ကိစ္စဖြစ်နေတယ်။ 00:04:42.310 --> 00:04:45.180 ကျွန်မဝတ်ချင်တဲ့ အဝတ်အစားရဲ့ ဒီဇိုင်းကလည်း ပြဿနာကြီးပါ။ 00:04:45.180 --> 00:04:49.010 ကျွန်မဟာ ကျွန်မရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်ပေးတဲ့ အဝတ်မျိုးကို ဝတ်ချင်ပါတယ်။ 00:04:49.320 --> 00:04:52.000 အဲဒါမျိုးကို ကလေးတွေအတွက် ဌာနခွဲမှာ ရှာတွေ့ဖို့ မလွယ်ပါ။ 00:04:52.640 --> 00:04:56.380 အမျိုးသမီးတွေ ဝတ်ကြတာကို ယူမယ်ဆိုရင် ပြင်ရတာပြောင်းရတာ သိပ်ကို များပါလိမ့်မည်။ 00:04:56.600 --> 00:05:01.320 ကျွန်မရဲ့ အသက်၊ ကျွမ်းကျင် သိမ်မွေ့မှုကို ပေါ်လွင်စေမယ့် ဖိနပ်ကို စီးချင်ပါတယ်။ 00:05:02.160 --> 00:05:06.400 အဲဒါအစား ကျွန်မအတွက် ရှာတွေ့နိုင်တာဆိုလို့ မီးလင်းပေးတဲ့ ပတ္တူဖိနပ်တွေပါပဲ။ 00:05:07.200 --> 00:05:10.976 ကျွန်မဟာ မီးလုံးလေးတွေ လင်းတဲ့ ဖိနပ်တွေကို ကန့်ကွက်လိုတာ မဟုတ်ပါ။ 00:05:11.000 --> 00:05:12.200 (ရယ်သံများ) 00:05:13.080 --> 00:05:16.496 ကုလားထိုင်မှာ ထိုင်ဖို့ကိစ္စကလည်း ဒီဇိုင်းနဲ့ ဆက်စပ်နေပြန်ပါတယ်။ 00:05:16.520 --> 00:05:18.580 ကုလားထိုင်မှာ ထိုင်ရေးကို ယူကြည့်ပါစို့။ 00:05:18.920 --> 00:05:22.440 ကျွန်မဟာ မတ်တတ်ရပ်နေရင်းကနေပြီး ထိုင်ချင်ရင် ကျော့ရှင်းစွာ လုပ်မရနိုင်ပါ။ 00:05:23.320 --> 00:05:26.576 ကုလားထိုင်တွေဆိုင်ရာ အမြင့်စံနှုန်းတွေကြောင့်၊ 00:05:26.600 --> 00:05:29.296 ကျွန်မဟာ ၎င်းပေါ်ကို တက်ထိုင်နိုင်ဖို့အတွက်ကို 00:05:29.320 --> 00:05:31.806 လက်တွေနဲ့ ဒူးဖြင့် တွယ်လျက် မနည်းကြီး တက်ယူရပါမယ်။ 00:05:31.806 --> 00:05:34.600 အချိန်မရွေး မှောက်လဲကျသွားမှာကိုလည်း သတိထားရပါသေးတယ်။ 00:05:34.980 --> 00:05:37.936 ကုလားထိုင်၊ ရေချိုးခန်း၊ ကော်ဖီဆိုင်၊ အဝတ်အစား ဘယ်ကိစ္စကိုပဲ 00:05:37.960 --> 00:05:42.736 ဘာကိုပဲ ယူကြည့်ကြည့် ဒီဇိုင်းက ကျွန်မ အပေါ်မှာ အဲဒီလို သက်ရောက်မှုရှိနေတော့၊ 00:05:42.760 --> 00:05:45.936 ကျွန်မဟာ လူစိမ်းတွေရဲ့ ကြင်နာမှုတရားကို 00:05:45.960 --> 00:05:47.760 အားကိုး အသုံးချရပါတယ်။ 00:05:49.520 --> 00:05:51.500 ဒါပေမဲ့ လူတိုင်း ကောင်းကြတာ မဟုတ်ပါ။ 00:05:52.400 --> 00:05:54.976 လူစိမ်းတစ်ဦးက ကျွန်မကို လက်ညှိုးထိုးပြတဲ့အခါမှာ 00:05:55.000 --> 00:05:56.440 မျက်လုံးပြူးလျက် ကြည့်တဲ့အခါ၊ 00:05:57.520 --> 00:05:58.720 ရယ်တဲ့အခါမှာ 00:05:59.320 --> 00:06:01.000 ကျွန်မကို လှောင်ပြောင်တဲ့အခါ၊ 00:06:01.360 --> 00:06:03.136 ကျွန်မကို ဓာတ်ပုံရိုက်တဲ့အခါ၊ 00:06:03.160 --> 00:06:05.030 ကျွန်မဟာ အရပ်ပုတာကို သတိရစေပါတယ်။ 00:06:05.440 --> 00:06:07.389 အဲဒါမျိုး နေ့တိုင်းလိုလို ကြုံရပါတယ်။ 00:06:08.200 --> 00:06:11.616 လူမှုမီဒီယာတွေ အသုံးများလာတာနဲ့အတူ ကျွန်မအတွက် အခွင့်အလမ်း ပေါ်လာပါတယ်၊ 00:06:11.640 --> 00:06:15.600 ကိုယ့်အသံကို တင်ပြနိုင်တဲ့ နေရာ၊ ဘလော့ဂါ ဒါမှမဟုတ် တက်ကြွလှုပ်ရှားသူအဖြစ် 00:06:15.980 --> 00:06:18.280 ပါဝင်ခွင့် ရလာပြီလို့ ဆိုနိုင်ပေမဲ့ 00:06:18.280 --> 00:06:20.856 ကျွန်မဟာ ရယ်စရာမျိုး ဒါမှမဟုတ် ကျွန်မရဲ့ သဘောတူချက် 00:06:20.880 --> 00:06:22.440 မပါရှိဘဲနဲ့ ဟိုလေးတကျော် 00:06:22.960 --> 00:06:24.800 ဖြစ်လာမှာကိုလည်း ကြောက်မိပါတယ်။ 00:06:26.240 --> 00:06:28.936 ဒီတော့ အဲဒီကိစ္စကို ပြတ်သားစွာ ရှင်းပြဖို့ 00:06:28.960 --> 00:06:30.560 အခုနည်းနည်းလေး အချိန်ယူချင်ပါတယ်။ 00:06:31.290 --> 00:06:34.120 တကယ်တော့ "လူပု"ဆိုတဲ့ စကားလုံးဟာ စွပ်စွဲချက်နဲ့ တူပါတယ်။ 00:06:35.360 --> 00:06:39.480 PT Barnum ရဲ့ ဆပ်ကပ်ပွဲနှင့် လူထူးလူဆန်း ခေတ်က စတင်လာခဲ့တဲ့ စကားလုံးပါ။ 00:06:40.110 --> 00:06:42.360 လူ့အဖွဲ့အစည်းရော သုံးနှုန်းတဲ့ စကားလုံးတွေပါ 00:06:43.520 --> 00:06:45.040 ပြောင်းလဲလာခဲ့ကြပါပြီ။ 00:06:45.840 --> 00:06:48.216 ဘာသာစကား ဆိုတာ သိပ်အားကောင်းတဲ့ ကိရိယာတခုပါ။ 00:06:48.240 --> 00:06:50.240 ၎င်းဟာ လူ့အဖွဲ့အစည်းကို အမည်ပေးရုံသာ မကပါ။ 00:06:50.720 --> 00:06:52.160 ၎င်းဟာ ပုံစံသွင်းပေးပါသေးတယ်။ 00:06:52.580 --> 00:06:56.296 ကျွန်မဟာ သေးငယ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရတာကို မယုံနိုင်လောက်အောင် ဂုဏ်ယူမိပါတယ်။ 00:06:56.320 --> 00:06:59.576 achondroplasia ဆိုတာကို အမွေဆက်ခံခဲ့ရသူပါ။ 00:06:59.600 --> 00:07:02.290 ပြီးတော့ ကျွန်မ Sinead ဖြစ်တာကို အများဆုံးဂုဏ်ယူမိပါတယ်။ 00:07:02.680 --> 00:07:05.720 Achondroplasia ဆိုတာက လူအရပ်ပုရခြင်းရဲ့ တွေ့နေကျ အကြောင်းရင်းပါ။ 00:07:06.400 --> 00:07:09.960 Achondroplasia ကို ဘာသာပြန်ပေးရရင် "အရိုးနုဖွဲ့စည်းမှုမရှိမှု" ဖြစ်ပါတယ်။ 00:07:10.760 --> 00:07:14.496 ကျွန်မရဲ့ ခြေလက်တွေ တိုကြပြီး မျက်နှာ၊ နဖူးနဲ့ နှာခေါင်းမှာ 00:07:14.520 --> 00:07:16.840 Achondroplasia လက္ခဏာရှိနေပါတယ်။ 00:07:16.990 --> 00:07:19.890 ကျွန်မဟာ လက်မောင်းတွေကို အပြည့်အဝ ဖြောင့်တန်းအောင် လုပ်မရပါ။ 00:07:19.890 --> 00:07:22.520 ဒါပေမဲ့ ကျွန်မစာ တံတောင်ဆစ်ကို လျှာနဲ့ လျက်နိုင်ပါတယ်။ 00:07:22.640 --> 00:07:24.821 ရှင်တို့ကို အဲဒါကိုတော့ ပြပေးမှာ မဟုတ်ပါဘူး။ 00:07:25.200 --> 00:07:29.680 Achondroplasia ကို ကလေးမွေးမှု ၂၀၀၀၀ ထဲတွင် တစ်ကြိမ် မွေးတတ်ပါတယ်။ 00:07:30.520 --> 00:07:34.380 အရပ်ပုကြသူတို့ရဲ့ ၈၀ ရာခိုင်နှုန်းတို့ဟာ ပုံမှန်အမြင့်ရှိ မိဘများတွင် မွေးကြတာပါ။ 00:07:35.000 --> 00:07:38.920 ဒီအခန်းထဲက ဘယ်သမဆိုဟာ achondroplasia ရှိတဲ့ ကလေးကို မွေးနိုင်တာကို ဆိုလိုပါတယ်။ 00:07:39.960 --> 00:07:43.480 ကျွန်မကတော့ ကျွန်မရဲ့ ဖခင်ထံမှ ဒီအဖြစ်ကို အမွေရခဲ့တာပါ။ 00:07:43.880 --> 00:07:46.720 ကျွန်မက ရှင်တို့ကို ကျွန်မမိသားစု ဓာတ်ပုံကို ပြပေးချင်ပါတယ်။ 00:07:47.280 --> 00:07:49.296 ငါ့ကျွန်မ မိခင်ဟာ ပျမ်းမျှ အရပ်ရှိသူပါ။ 00:07:49.320 --> 00:07:51.536 ဖင်က အရပ်ပုသူ တစ်ဦးပါ။ 00:07:51.560 --> 00:07:53.560 ကလေးငါးဦးထဲတွင် ကျွန်မက အသက်ကြီးဆုံးသူပါ။ 00:07:54.200 --> 00:07:56.720 ကျွန်မမှာ နှမသုံးယောက်နှင့် မောင်လေးတဦးရှိပါတယ်။ 00:07:57.560 --> 00:07:59.670 သူတို့အားလုံး ပျမ်းမျှ အရပ်ရှိကြသူတွေပါ။ 00:08:00.160 --> 00:08:03.576 ကျွန်မဟာ ကျွန်မရဲ့ စပ်စုလိုစိတ်နဲ့ ဇွဲနဘဲမျိုးကို ပျိုးထောင်ပေးခဲ့ပြီး 00:08:03.600 --> 00:08:07.250 လူစိမ်းတွေရဲ့ မကြင်နာမှုနဲ့ လျစ်လျူရှုမှု တွေမှ ကျွန်မကို ကာကွယ်ပေးခဲ့လျက် 00:08:07.720 --> 00:08:12.696 ရုပ်ပိုင်း ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းမှာ ရပ်တည်ရန်နှင့် ကျင်လည်နိုင်စွမ်းရှိတဲ့ 00:08:12.720 --> 00:08:16.896 ကြံ့ခံနိုင်စွမ်း၊ ဆန်းသစ်တီထွင်ဉာဏ်နှင့် စိတ်ချယုံကြည်မှုတွေကို 00:08:16.920 --> 00:08:21.560 ပျိုးထောင်ပြုစုပေးနိုင်ခဲ့တဲ့ မိသားစုထဲ မွေးခဲ့တာကို သိပ်ကို အားရဂုဏ်ယူပါတယ်။ 00:08:22.800 --> 00:08:26.616 ကျွန်မဟာအောင်မြင်သူ ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ထောက်ြပရပါက၊ 00:08:26.640 --> 00:08:30.760 ကျွန်မဟာ ချစ်ခင်ခံခဲ့ရပြီး အခုလည်း ချစ်ခင်ခံနေရတဲ့ ကလေးဖြစ်လို့ပါ၊ 00:08:31.560 --> 00:08:35.456 ကြွားဝါးတတ်ပြီး သူများကို ထေ့ငေါ့ ပြောနိုင်တဲ့ ကလေးဖြစ်ပေမဲ့၊ 00:08:35.480 --> 00:08:37.889 ဘယ်လိုပဲဖြစ်ဖြစ် ချစ်ခင်ခံရတဲ့ ကလေးဖြစ်ပါတယ်။ 00:08:38.360 --> 00:08:41.800 ကျွန်မ ဘယ်သူလဲ အခုလို အတွင်းကျကျ ကျွန်မက ရှင်တို့ကို ပြောပြပေးနေတာက 00:08:41.960 --> 00:08:44.910 ရှင်တို့အားလုံးကို ရှုထောင့်အသစ် တစ်မျိုးကို ပြသပေးဖို့အတွက်ပါ။ 00:08:44.910 --> 00:08:48.116 ဒီဇိုင်းဆိုတာ လုပ်ကိုင်နိုင်စွမ်းနဲ့ အလှအပကို တီထွင်ပေးတဲ့ ကိရိယာပါ 00:08:48.116 --> 00:08:50.910 ဆိုတဲ့ ခံယူချက်ကို ကျွန်မဟာ စိန်ခေါ် ထောက်ပြချင်ပါတယ်။ 00:08:51.280 --> 00:08:54.650 ဒီဇိုင်းဟာ တကယ့်ကို လူတွေရဲ့ သက်ရှိဘဝ၊ သက်ရှိမှန်သမျှ အားလုံးတို့ကို 00:08:55.160 --> 00:08:56.940 ကြီးမားစွာ သက်ရောက်မှုရှိပါတယ်။ 00:08:56.940 --> 00:09:01.056 ဒီဇိုင်းဆိုတာကို ကျွန်မတို့ ကမ္ဘာကြီးထဲမှာ ပါဝင်နေတာကို ခံစားလာစေတဲ့ နည်းလမ်းဖြစ်သလို 00:09:01.080 --> 00:09:05.336 လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ လူ့ရပိုင်ခွင့်များကို ထောက်ပံ့ ပေးနိုင်တဲ့ 00:09:05.360 --> 00:09:06.920 နည်းလမ်း တစ်ခုလည်း ဖြစ်ပါသေးတယ်။ 00:09:06.920 --> 00:09:10.436 တချိန်တည်းမှာ လူတစ်စုရဲ့ လိုအပ်ချက်တွေကို ထည့်တွက် မပေးနိုင်တဲ့ ဒီဇိုင်းဟာ 00:09:10.436 --> 00:09:13.210 ထိုသူတွေရဲ့ ထိခိုက်လွယ်မှုကို ပိုဆိုးဝါးသွားစေနိုင်ပါတယ်။ 00:09:14.320 --> 00:09:18.160 ဒါကြောင့်မို့လို့ ဒီနေ့တွင် ကျွန်မဟာ ရှင်တို့ရဲ့ အမြင်တွေကို စိန်ခေါ်လိုပါတယ်။ 00:09:18.400 --> 00:09:20.976 ကျွန်မတို့က ဘယ်သူတွေအတွက် ဒီဇိုင်းကို ထုတ်မပေးကြတာလဲ။ 00:09:21.000 --> 00:09:23.816 ကျွန်မတို့က ထိုသူတွေရဲ့ အသံတွေနဲ့ အတွေ့အကြုံတွေကို 00:09:23.840 --> 00:09:25.740 ဘယ်လိုနည်းနဲ့ တိုးချဲ့ပေးနိုင်ကြမလဲ။ 00:09:26.200 --> 00:09:28.050 ဒီတော့ ရှေ့ဆက်ကြရမယ့် ခြေလှမ်းကဘာလဲ။ 00:09:28.400 --> 00:09:30.976 ဒီဇိုင်းဆိုတာ တကယ့်ကို အားတက်ဖွယ်ရာ အခွင့်ထူး တစ်ရပ်ပါ၊ 00:09:31.000 --> 00:09:33.660 ပြီးတော့ ပိုကြီမားတဲ့ တာဝန်လည်း ဖြစ်ပါတယ်။ 00:09:33.680 --> 00:09:36.460 ကျွန်မက ရှင်တို့ရဲ့ မျက်လုံးများကို ဖွင့်ကြည့်စေလိုပါတယ်။ 00:09:36.760 --> 00:09:37.976 ကျေးဇူးအများကြီးတင်ပါတယ်။ 00:09:38.000 --> 00:09:41.760 (လက်ခုပ်သံများ)