Return to Video

ဘာလို့ကျွန်တော်တို့အားလုံးစိတ်ခံစားမှုဆိုင်ရာအခြေခံအတတ်ပညာကိုလေ့ကျင့်ဖို့လိုအပ်တာလဲ

  • 0:03 - 0:06
    ကျွန်တော်ဟာ တစ်ယောက်ကိုတစ်ယောက်
    အရမ်းချစ်ကြတဲ့
  • 0:06 - 0:09
    အမြွာညီအစ်ကိုတစ်ယောက်နဲ့
    အတူတူကြီးပြင်းခဲ့ပါတယ်။
  • 0:09 - 0:13
    အမြွာအဖြစ်ကြီးပြင်းခဲ့ရတဲ့ကျွန်တော်ဟာ
  • 0:13 - 0:16
    အခုဆိုရင် ဘက်လိုက်ခြင်းကို
    ရှာဖွေတဲ့နေရာမှာဆရာတစ်ဆူဖြစ်နေပါပြီ။
  • 0:17 - 0:21
    သူ့ရဲ့ကွတ်ကီးတွေဟာကျွန်တော့်ထက်
    နည်းနည်းလေးပိုကြီးနေခဲ့ရင်
  • 0:22 - 0:23
    ကျွန်တော်မှာ မေးခွန်းတေွရှိတယ်
  • 0:23 - 0:26
    ရှင်းနေတာက ဆာနေလို့တော့မဟုတ်ပါဘူး
  • 0:26 - 0:28
    (ရယ်သံများ)
  • 0:29 - 0:33
    ကျွန်တော်စိတ်ပညာရှင်တစ်ယောက်ဖြစ်လာတော့
    သူမတူတဲ့ဘက်လိုက်နည်းတစ်ခုကို
  • 0:33 - 0:35
    စတင်သတိထားမိလာတယ်
  • 0:35 - 0:40
    ဘယ်လိုလဲဆိုတော့-လူတွေဟာ စိတ်ထက်
    ကိုယ်ခန္ဓာကို ပိုပြီးတန်ဖိုးထားကြတယ်။
  • 0:40 - 0:46
    ကျွန်တော်ဟာစိတ်ပညာပါရဂူဘွဲ့အတွက်
    တက္ကသိုလ်မှာကိုးနှစ်တာပညာဆည်းပူးခဲ့တယ်။
  • 0:46 - 0:50
    လူတွေက ကျွန်တော်လိပ်စာကဒ်ကိုကြည့်ပြီး
  • 0:51 - 0:55
    အိုး..စိတ်ပညာရှင်ပဲဆရာဝန်အစစ်မှမဟုတ်ဘဲ
    လို့ ဘယ်နှစ်ယောက်တောင်ပြောကြမလဲမသိဘူး
  • 0:56 - 0:58
    တကယ်တော့လိပ်စာကဒ်ကို
    ဒီလိုရေးထားသင့်တာ
  • 0:58 - 1:01
    [Dr. Guy Winch, စိတ်ပညာရှင်
    (ဆရာဝန်အစစ်မဟုတ်)]
  • 1:01 - 1:02
    (ရယ်သံများ)
  • 1:03 - 1:07
    ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာကို စိတ်ထက်
    ဘက်လိုက်အသားပေးနေတာကို
  • 1:07 - 1:09
    ကျွန်တော်နေရာတိုင်းမှာတွေ့ရတယ်
  • 1:10 - 1:11
    ဟိုတလောက
    သူငယ်ချင်းအိမ်ကိုရောက်တော့
  • 1:11 - 1:14
    သူတို့ရဲ့ငါးနှစ်အရွယ်ကလေးက
    အိပ်ရာဝင်ဖို့ပြင်ဆင်နေတယ်
  • 1:14 - 1:18
    ကလေးဟာ မျက်နှာသစ်ဘေစင်ရှေ့ခုံပေါ်
    မတ်တပ်ရပ်သွားတိုက်နေတုန်း
  • 1:18 - 1:21
    ခုံပေါ်ကချော်ကျပြီး
    သူ့ရဲ့ခြေထောက်က ခုံနဲ့ခြစ်မိသွားတယ်ကလေးက
  • 1:22 - 1:25
    ခဏလောက်ငိုသွားပါတယ်
    နောက် ပြန်ထလာတယ်။
  • 1:25 - 1:29
    ခုံပေါ်ပြန်တက်ပြီး
    အနာကပ်ပလာစတာရှိတဲ့ပုံးကိုယူတယ်
  • 1:29 - 1:30
    ပလာစတာ ၁ခုယူပြီး
    သူ့အနာပေါ်ကပ်လိုက်တယ်
  • 1:31 - 1:35
    ကောင်းလေးက ဖိနပ်ကြိုးကို
    ချည်ချင်မှ ချည်တတ်လိမ့်မယ်
  • 1:35 - 1:39
    ဒါပေမဲ့ သူကအနာကိုအုပ်ထားရမယ်ဆိုတာ
    သိပါတယ် ဒါမှ အနာပိုးမဝင်မှာလေ
  • 1:39 - 1:43
    နောက်ပြီး သင်တို့ရဲ့သွားကို ဂရုစိုက်လို့
    တစ်နေ့နှစ်ကြိမ်သွားတိုက်တယ်
  • 1:43 - 1:46
    ကျွန်တော်တို့ကိုယ်ခန္ဓာကျန်းမာဖို့
    ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာရယ်
  • 1:46 - 1:49
    သွားကျန်းမာဖို့ဘယ်လိုပြုမူရမယ်ဆိုတာ
    သိကြတယ်ဟုတ်။
  • 1:49 - 1:52
    ကျွန်တော်တို့တွေဟာ ငါးနှစ်သားလောက်ကတည်းက
    ဒါတွေကိုသိခဲ့ကြတယ်
  • 1:52 - 1:57
    ဒါပေမယ့်စိတ်ကျန်းမာရေးကိုဘယ်လို
    ထိန်းသိမ်းရမယ်ဆိုတာသိကြပါသလား။
  • 1:57 - 1:59
    အဖြေကတော့ ရှင်းပါတယ်။
    မသိခဲ့ပါဘူး။
  • 2:00 - 2:04
    ကလေးတွေရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာအတွက်
    ကျွန်တော်တို့ဘာတွေသင်ကြားပေးလဲ။
  • 2:05 - 2:06
    ဘာမှမသင်ကြားပေးပါဘူး။
  • 2:07 - 2:11
    စိတ်ကိုဂရုစိုက်တာထက်
    သွားကိုဂရုစိုက်တဲ့အချိန်တွေ
  • 2:12 - 2:13
    ပိုများနေတော့ဘာဖြစ်လဲ။
  • 2:14 - 2:19
    စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထက်
    ကိုယ်ခန္ဓာကျန်းမာရေးက
  • 2:19 - 2:21
    ကျွန်တော်တို့အတွက်ဘာလို့ပိုအရေးကြီးနေတာလဲ။
  • 2:21 - 2:26
    ကျွန်တော်တို့ဟာရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေ
    ထက် စိတ်ဒဏ်ရာတွေကို ပိုခံစားရပါတယ်
  • 2:26 - 2:30
    စိတ်ဒဏ်ရာဆိုရာမှာကျရှုံးမှု၊ငြင်းပယ်ခံရမှု
    အထီးကျန်မှု မျိုးတွေဖြစ်နိုင်တယ်
  • 2:30 - 2:34
    အဲ့ဒါကိုမှ လစ်လျှူရှုမယ်ဆို
    သူတို့ခံစားနေရတာပိုဆိုးလာလိမ့်မယ်
  • 2:34 - 2:37
    ဒါအပြင်သူတို့ဟာကျွန်တော်တို့၏လူနေမှုကိုပါ
    သိသိသာသာထိခိုက်နိုင်ပါတယ်
  • 2:37 - 2:41
    အဲ့လိုစိတ်ဒဏ်ရာတွေကိုကုစားဖို့
    အသုံးပြုနိုင်တဲ့သိပ္ပံနည်းကျရှာဖွေထားသော
  • 2:41 - 2:45
    နည်းလမ်းတွေရှိတာတောင်မှ
    ကျွန်တော်တို့အသုံးပြုဖို့
  • 2:46 - 2:47
    ဝန်လေးနေကြပါတယ်။
  • 2:47 - 2:50
    ကျွန်တော်တို့ဟာ ဖြစ်သင့်တာတွေလည်း
    ဖြစ်မလာတတ်ပါဘူး။
  • 2:50 - 2:54
    "အိုး..စိတ်ညစ်နေတာလား၊ခါထုတ်ပစ်လိုက်စမ်းပါ
    ဒါတွေကသင့်ဦးနှောက်ထဲကဖြစ်နေတာပါ"
  • 2:55 - 2:58
    ခြေကျိုးနေတဲ့သူတစ်ယောက်ကို
    သင်ဒီလိုပြောဖို့စိတ်ကူးဖူးလား။
  • 2:58 - 3:01
    "လမ်းလျှောက်လိုက်စမ်းပါ၊
    ကျိုးတယ်ဆိုတာခြေထောက်ထဲမှာဖြစ်နေတာပါ"လို့
  • 3:01 - 3:03
    (ရယ်သံများ)
  • 3:03 - 3:06
    ကိုယ်ခန္ဓာနဲ့စိတ်ကျန်းမာရေးကြားဟနေတဲ့
  • 3:06 - 3:09
    ကွက်လပ်ကလေးကိုပြန်ဖြည့်ဖို့အချိန်တန်ပါပြီ။
    ကိုယ်ခန္ဓာ နဲ့
  • 3:09 - 3:11
    စိတ်ကျန်းမာရေးကို
    တန်းတူထားဖို့အချိန်ကျပါပြီ။
  • 3:12 - 3:14
    အမြွာတွေလိုပေါ့
  • 3:15 - 3:19
    ပြောရင်းနဲ့မှ ကျွန်တော့်
    အမြွာညီ ကလည်း စ်တ်ပညာရှင်ပဲ
  • 3:19 - 3:21
    ဒါဆို သူလည်းဆရာဝန်အစစ်မဟုတ်ဘူးပေါ့
  • 3:21 - 3:23
    (ရယ်သံများ)
  • 3:24 - 3:26
    ကျွန်တော်တို့က
    တူတူသင်ယူခဲ့ရတာမဟုတ်ပါဘူး
  • 3:26 - 3:30
    ကျွန်တော့်ဘဝမှာအခက်ခဲဆုံးလုပ်ခဲ့ရတာက
  • 3:30 - 3:33
    စိတ်ပညာပါရဂူဘွဲ့အတွက်
    အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး
  • 3:33 - 3:35
    နယူးယောက်မြို့ကိုသွားရတာပါပဲ
  • 3:36 - 3:39
    ကျွန်တော်တို့ဘဝမှာ ပထမဆုံးအကြိမ်
    ခွဲခွာရခြင်းဖြစ်ခဲ့တယ်
  • 3:39 - 3:42
    အဲဒီလိုခွဲခွာရခြင်းဟာ ကျွန်တော်တို့
    ၂ယောက်လုံးအတွက်စိတ်မအီမသာဖြစ်စေတယ်
  • 3:42 - 3:46
    ဒါပေမယ့် သူကတော့ မိသားစုတွေ
    သူငယ်ချင်းတွေနဲ့ကျန်ခဲ့ပါတယ်
  • 3:46 - 3:48
    ကျွန်တော်တော့နိုင်ငံခြားမှာ
    တစ်ယောက်တည်း
  • 3:48 - 3:50
    ကျွန်တော်တို့ဟာတစ်ဦးကိုတစ်ဦး
    အရမ်းလွမ်းကြပါတယ်
  • 3:50 - 3:53
    သို့သော် နိုင်ငံခြားဖုန်းခေါ်ဆိုခတွေက
    စျေးကြီးတော့
  • 3:53 - 3:58
    ကျွန်တော်တို့ဟာ ရက်သတ္တပတ်၁ပတ်ကို
    ၅မိနစ်ပဲဖုန်းပြောဖို့ တတ်နိုင်ပါတယ်။
  • 3:58 - 4:00
    ကျွန်တော်တို့မွေးနေ့ရောက်လာတော့
  • 4:00 - 4:03
    ပထမဆုံးအကြိမ်မွေးနေ့တူတူမကျင်းပရဘူးပေါ့
  • 4:03 - 4:04
    ဒါကြောင့် ပုံအောပြီးဖုန်းကို
  • 4:04 - 4:06
    ဒီတပတ် ၁ဝမိနစ်ကြာအောင်ပြောကြမယ်
    ဆုံးဖြတ်ကြတယ်
  • 4:06 - 4:07
    (ရယ်သံများ)
  • 4:07 - 4:12
    မနက်ခင်းကျတော့ အခန်းထဲမှာ
    ဟိုဟိုဒီဒီလမ်းလျှောက်နေရင်း
  • 4:12 - 4:14
    သူဖုန်းခေါ်လာမှာကိုစောင့်နေတယ်
  • 4:14 - 4:15
    စောင့်နေတယ်...
  • 4:16 - 4:17
    ဒါပေမဲ့ ဖုန်းမလာခဲ့ပါဘူး
  • 4:18 - 4:20
    စံတော်ချိန်ကွာနေလို့
    ကျွန်တော်ဒီလိုယူဆလိုက်တယ်
  • 4:20 - 4:23
    "အိုကေ ဘော်ဒါတွေနဲ့ထွက်လည်နေတာ
    နေမှာ ပြီးရင်သူဆက်မှာပေါ့"
  • 4:23 - 4:25
    ဖုန်းမရှိသေးလို့နေမှာပါ လို့
  • 4:25 - 4:27
    ဒါပေမဲ့ သူ့ဆီကဖုန်းမလာပါဘူး။
  • 4:27 - 4:32
    ဒါနဲ့ ဆယ်လတာဝေးကွာနေခဲ့ပြီး
    ကျွန်တော်စတင်သတိထားမိတာလာက
  • 4:32 - 4:35
    ကျွန်တော်လွမ်းနေသလောက်
    သူမလွမ်းဘူးဆိုတာပဲ
  • 4:36 - 4:39
    မနက်မှာဖုန်းခေါ်မယ်လို့သိနေပေမဲ့
  • 4:39 - 4:43
    အဲဒီညဟာကျွန်တော့်ဘဝအတွက်ဝမ်းအနည်းဆုံးနဲ့
    အကြာဆုံးညတွေထဲကညတစ်ညဖြစ်ခဲ့တယ်
  • 4:45 - 4:47
    နောက်နေ့မနက်အိပ်ရာနိုးလာပြီး
  • 4:47 - 4:48
    ဖုန်းကိုတစ်ချက်ဝေ့ကြည့်လိုက်တော့
  • 4:48 - 4:51
    မနေ့ကဟိုဟိုဒီဒီလမ်းလျှောက်ရင်း
    ဖုန်းကြိုးကိုတိုက်မိသွားတာ
  • 4:51 - 4:53
    တွေ့လိုက်တယ်
  • 4:55 - 4:56
    အိပ်ရာကနေချက်ချင်းထ
  • 4:56 - 5:00
    ၁စက္ကန့်ကြာတော့
    ဖုန်းမြည်လာတယ်
  • 5:00 - 5:01
    ကျွန်တော့်ညီဆီကဖုန်းပေါ့
  • 5:01 - 5:03
    ဟုတ်တယ်
    ဒီကောင်မူးများမူးနေလားမသိဘူး
  • 5:03 - 5:05
    (ရယ်သံများ)
  • 5:05 - 5:09
    သူ့ဘဝအတွက်လည်း ဝမ်းအနည်းဆုံးနဲ့
    အကြာဆုံးသောညဖြစ်ခဲ့တာပဲ။
  • 5:09 - 5:12
    ဘာဖြစ်ခဲ့တယ်ဆိုတာကျွန်တော်ပြောပြဖို့
    ကြိုးစားနေတုန်းသူက
  • 5:12 - 5:13
    "ငါဖုန်းမခေါ်မှန်းသိရင်
  • 5:13 - 5:15
    မင်းကဘာလို့
    ငါ့ဆီကိုဖုန်းမဆက်လာတာလဲ
  • 5:15 - 5:18
    ငါနားမလည်ဘူး"
    လို့ပြောတယ်
  • 5:19 - 5:20
    သူမှန်တယ်လေ
  • 5:21 - 5:23
    ကျွန်တော်ဘာလို့သူဆီ
    ဖုန်းမဆက်ခဲ့မိပါလိမ့်?
  • 5:23 - 5:25
    ကျွန်တော့်အတွက်အဖြေမရှိခဲ့ပါဘူး။
  • 5:26 - 5:27
    သို့သော်
    ဒီနေ့တော့ဖြေနိုင်ပါပြီ
  • 5:27 - 5:28
    ရိုးရိုးလေးပါပဲ။
  • 5:30 - 5:31
    အထီးကျန်ဆန်မှု။
  • 5:32 - 5:36
    အထီးကျန်ဆန်တာကနက်ရှိုင်းတဲ့
    စိတ်ဒဏ်ရာတစ်ခုအဖြစ်ဖန်တီးပါတယ်
  • 5:36 - 5:40
    အဲ့ဒဏ်ရာက အသိအမြင်တွေဝေဝါးစေတယ်
    အတွေးအခေါ်တွေ ရောထွေးစေတယ်
  • 5:40 - 5:45
    အထီးကျန်ဆန်တာဟာ ပတ်ဝန်းကျင်က
    တကယ်ဂရုစိုက်ပေမယ့် ဂရုမစိုက်ဘူးလို့
  • 5:46 - 5:48
    ငါတို့စိတ်ကိုအယုံသွင်းပါတယ်
    အထီးကျန်ဆန်တာကသင့်နှလုံးသားကို
  • 5:48 - 5:52
    ခံနိုင်တာထက်ပိုပြီးနာကျင်လာရတဲ့အခါ
    ငြင်းဆန်မှုတွေ စိတ်နှလုံးပူဆွေးမှုတွေက
  • 5:52 - 5:56
    သင့်ကိုလွမ်းခြုံလိုက်တော့
    လူတွေနဲ့ဆက်ဆံရမှာကိုကြောက်လာစေတယ်
  • 5:56 - 6:00
    ကျွန်တော်ဟာတကယ်ကို
    အထီးကျန်ဆန်ခဲ့ရတယ်ဆိုပေမယ့်
  • 6:00 - 6:03
    အချိန်တိုင်းလူတွေကကျွန်တော့်အနားမှာရှိပေး
    နေကြတော့လူတွေနဲ့ထိတွေရမှာမကြောက်တော့ဘူး
  • 6:04 - 6:08
    သို့သော် အထီးကျန်ဆန်မှုကို ကိုယ့်ဘာသာကိုယ်
    အဓိပ္ပာယ်ဖွင့်ကြည့်တော့
  • 6:08 - 6:14
    အထီးကျန်တာဟာ သင်က သင့်ရဲ့ပတ်ဝန်းကျင်ကို
    ခံစားချက်အရ သို့ လူမှုရေးအရ
  • 6:14 - 6:15
    အဆက်အသွယ်ဖြတ်တောက်တာပါပဲ
  • 6:15 - 6:17
    ကျွန်တော်လည်းလုပ်ခဲ့တယ်
  • 6:17 - 6:23
    အထီးကျန်ဆန်မှုအတွက်သုတေသနစာတမ်းတွေ
    အများကြီးရှိပါတယ် နောက်ပြီးအားလုံးက
  • 6:23 - 6:26
    ကြောက်စရာကောင်းနေတယ်
    အထီးကျန်ဆန်တာကစိတ်မအီမသာရုံလေးမဟုတ်ဘူးနော်
  • 6:26 - 6:27
    သင့်အသက်ကိုပါနုတ်သွားနိုင်တယ်
  • 6:28 - 6:29
    ကျွန်တော် စနေတာမဟုတ်ဘူးနော်
  • 6:29 - 6:33
    နာတာရှည်အထီးကျန်ဆန်နေသူက
    စောစောသေဖို့
  • 6:33 - 6:34
    ၁၄ရာနှုန်းပိုများပါတယ်
  • 6:35 - 6:36
    တစ်ဆယ့်လေးရာခိုင်နှုန်းပါ
  • 6:37 - 6:39
    အထီးကျန်ဆန်မှုဟာ သွေးကိုတိုးစေတယ်
  • 6:39 - 6:41
    သွေးတွင်းအဆီဓာတ်တွေများစေပါတယ်
  • 6:41 - 6:45
    ကိုယ်ခန္ဓာရဲ့ခုခံစွမ်းအားစနစ်ကိုတောင်
    ဖိနှိပ်ကာ
  • 6:45 - 6:49
    ရောဂါဘယပေါင်းစုံကို လက်ယက်ခေါ်ပေးနေသေးတယ်
  • 6:49 - 6:52
    တကယ်တော့
    အားလုံးပေါင်းပြီးနိဂုံးချုပ်ပြောရရင်
  • 6:52 - 6:56
    နာတာရှည်အထီးကျန်ဆန်နေသူဟာ
    သူ့ရဲ့ရေရှည်ကျန်းမာရေးအတွက်ကော
  • 6:56 - 6:59
    အသက်ရှည်ဖို့အတွက်ပါ
    စီးကရက်သောက်တာလောက်နီးနီး
  • 6:59 - 7:00
    အန္တရာယ်များပါတယ်
  • 7:00 - 7:05
    အခုဆိုဆေးလိပ်ဗူးတွေမှာ သင့်ကိုသေစေနိုင်တယ်
    လို့သတိပေးစာတွေကပ်ထားပါတယ်
  • 7:05 - 7:07
    ဒါပေမယ့် အထီးကျန်ဆန်မှုမှာတော့မကပ်ထားဘူး
  • 7:07 - 7:09
    ဒါမို့ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ
  • 7:09 - 7:12
    ကျန်းမာရေးကို
    ဦးစားပေးဖို့အရေးကြီးတာပေါ့
  • 7:12 - 7:15
    စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့
    ကျွန်တော်တို့လေ့ကျင့်ရပါတယ်
  • 7:15 - 7:18
    ဘာကြောင့်လဲဆိုတော့
    စိတ်ဒဏ်ရာကိုကျွန်တော်တို့မကုသနိုင်ဘူးလေ
  • 7:18 - 7:22
    အကယ်၍သင်စိတ်ဒဏ်ရာရတာလုံး၀မသိခဲ့ဘူးဆိုရင်
    ခံစားချက်ပိုင်းဆိုင်ရာနာကျင်မှုကိုသတိရပါ
  • 7:22 - 7:25
    အထီးကျန်ဆန်မှုဟာ
    ကျွန်တော်တို့ရဲ့အတွေးအမြင်တွေကို
  • 7:25 - 7:28
    ကောက်ကွေးစေရုံတင်မကဘူး
    ကျွန်တော်တို့ကိုပါအမှားတွေလုပ်မိစေတယ်
  • 7:29 - 7:31
    ရှုံးနိမ့်မှုကလည်းအလားတူပါပဲ။
  • 7:32 - 7:34
    ကျွန်တော်ကလေးထိန်းကျောင်းတစ်ခုကို
    သွားလည်တော့
  • 7:34 - 7:39
    ကလေးသုံးယောက်ဟာ တူညီတဲ့
    ပလပ်စတစ်ရုပ်လေးတွေနဲ့ကစားနေတာတွေ့ခဲ့တယ်
  • 7:39 - 7:43
    အနီရောင်ခလုပ်လေးကိုတွန်းလိုက်ရင်
    ချစ်စရာခွေးရုပ်လေးထွက်လာတယ်
  • 7:44 - 7:48
    မိန်းကလေးတစ်ယောက်က ခရမ်းရောင်ခလုပ်ကို
    ဆွဲလိုက်တွန်းလိုက်လုပ်နေတယ်
  • 7:48 - 7:51
    ပြီးတော့ထိုင်ချလိုက်ပြီး
    အောက်နှုတ်ခမ်းတုန်တုန်နဲ့
  • 7:51 - 7:53
    အရုပ်ကိုကြည့်နေတယ်
  • 7:53 - 7:56
    သူ့ဘေးနားကကောင်လေးကတော့
    သူ့ရဲ့ဖြစ်ပျက်ပုံကိုကြည့်နေပြီး
  • 7:56 - 8:00
    သူ့အရုပ်ပေါ်ကခလုပ်တွေကိုနှိပ်ကြည့်မနေ
    တော့ဘဲ မျက်ရည်ပေါက်ပေါက်ကျအောင်ငိုတော့တယ်
  • 8:01 - 8:05
    အဲ့အချိန်မှာ နောက်ကောင်မလေးတစ်ယောက်က
    အနီရောင်ခလုပ်ကို တွန်းမမိမချင်း
  • 8:05 - 8:06
    သူနားလည်သမျှကြိုးစားနေပါတယ်
  • 8:06 - 8:10
    ချစ်စရာခွေးရုပ်လေးထွက်လာတော့
    ပျော်ရွှင်စွာအော်ဟစ်ပါလေရော
  • 8:10 - 8:14
    ဒါကြောင့် တူညီတဲ့ပလပ်စတစ်ရုပ်တွေနဲ့
    ကလေး၃ယောက်ဟာ
  • 8:14 - 8:17
    ရှုံးနိမ့်မှုကို ကွဲပြားစွာတုံ့ပြန်ကြပါတယ်
  • 8:18 - 8:22
    ပထမကလေးနှစ်ယောက်ဟာ အနီရောင်ခလုပ်ကို
    အောင်မြင်စွာတွန်းနိုင်စွမ်းရှိပါတယ်
  • 8:22 - 8:26
    ဒီလိုအောင်မြင်မှုမရအောင်
    တစ်ခုတည်းသောတားဆီးထားတဲ့အရာကတော့
  • 8:26 - 8:29
    အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးလေလို့
    သူတို့ကိုလှည့်စားထားတဲ့စိတ် ပါပဲ
  • 8:30 - 8:34
    လူကြီးတွေလည်းဒီလိုပါပဲ
    အချိန်တိုင်းလှည့်စားခံနေရပါတယ်
  • 8:34 - 8:39
    တကယ်တော့ကျွန်တော်တို့မှာ စိတ်အနှောက်အယှက်
    ဖြစ်စရာတွေ ပြဿနာတွေပေါ်လာတိုင်း
  • 8:39 - 8:43
    ထကြွလာတတ်တဲ့ မကောင်းတဲ့စိတ်ခံစားချက်နဲ့
    ယုံကြည်မှုတွေရှိနေပါတယ်
  • 8:43 - 8:46
    သင်ဟာရှုံနိမ့်မှုကို ဘယ်လိုတုံ့ပြန်လဲဆိုတာ
    သတိထားမိပါသလား။
  • 8:47 - 8:48
    သတိထားမိသင့်ပါတယ်။
  • 8:48 - 8:52
    ဘာလို့လဲဆိုတော့
    သင့်ကိုမလုပ်နိုင်လောက်ပါဘူးလို့
  • 8:52 - 8:54
    သင့်စိတ်ကိုအယုံသွင်းရင်
    သင်ယုံမိမှာမလို့ပဲ။
  • 8:54 - 8:57
    ရှုံးနိမ့်ခဲ့တဲ့ကလေးနှစ်ယောက်လိုပဲ
    သင်လည်းအားကိုးရာမဲ့ဖြစ်သွားလိမ့်မယ်
  • 8:57 - 9:01
    နောက် သင်ကြိုးစားနေတာကိုရပ်ချင်ရပ်လိုက်မယ်
    (သို့)မကြိုးစားတော့ပဲနေချင်နေလိုက်မယ်
  • 9:01 - 9:04
    ဒါဆို မအောင်မြင်နိုင်တော့ပါဘူးလို့
    သင့်ကိုယ်သင် ပိုထင်လာလိမ့်မယ်
  • 9:04 - 9:09
    ဒါကြောင့် လူတွေဟာသူတို့တကယ်ရှိရမယ့်
    စွမ်းရည်ထက်နိမ့်ပြီးလုပ်ဆောင်နေကြတာပါ
  • 9:09 - 9:12
    ဘာလို့လဲဆိုတော့ ဘဝတစ်လျှောက် တစ်နေရာမှာ
    တခါတရံ ရှုံးနိမ့်မှုတစ်ခုဟာ
  • 9:12 - 9:16
    သူတို့မအောင်မြင်နိုင်ဘူးလို့အယုံသွင်းတယ်
    နောက်ပြီး သူတို့က ယုံလိုက်ကြတယ်
  • 9:17 - 9:21
    ကျွန်တော်တို့ဟာတစုံတခုကိုယုံကြည်လိုက်ပြီ
    ဆိုရင်ပြန်ပြင်ဖို့အတော်ခဲယဉ်းသွားပါပြီ
  • 9:22 - 9:26
    ကျွန်တော်ဒီသင်ခန်းစာကိုခက်ခဲစွာသင်ယူခဲ့ရတာ
    ကျွန်တော်နဲ့ကျွန်တော့်ညီ
  • 9:26 - 9:29
    ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်တော်တို့
    သူငယ်ချင်းတွေနဲ့ညအမှောင်ထဲ
  • 9:29 - 9:31
    ကားမောင်းတော့ ရဲကားက
    ကျွန်တော်တို့ကားကိုတားတယ်
  • 9:31 - 9:35
    ဒီနယ်မြေမှာ လုယက်မှုတွေရှိတော့
    သံသယဖြစ်ဖွယ်တွေရှာပါတယ်
  • 9:35 - 9:38
    ရဲအရာရှိက ကားအနားကပ်လာပြီး
    သူ့ဓာတ်မီးက ကားမောင်းသူကိုထိုးလိုက်တယ်
  • 9:39 - 9:41
    ကားရှေ့ခန်းမှာကျွန်တော့်ညီထိုင်တယ်
  • 9:41 - 9:42
    နောက်မှာကျွန်တော်ပေါ့
  • 9:42 - 9:45
    ရဲအရာရှိက မျက်ဆန်ပြူးကြီးနဲ့ကြည့်ပြီး
    ဒီလိုပြောလိုက်တယ်
  • 9:45 - 9:47
    မင်းမျက်နှာကိုငါအရင်က
    ဘယ်နေရာမှာတွေ့ဖူးတာပါလိမ့်?
  • 9:47 - 9:50
    (ရယ်သံများ)
  • 9:50 - 9:51
    ကျွန်တော်က
  • 9:52 - 9:53
    ရှေ့ခုံမှာလေ လို့ပြောလိုက်တယ်
  • 9:53 - 9:56
    (ရယ်သံများ)
  • 9:56 - 9:58
    ဒါပေမဲ့ အဲ့လိုပြောလိုက်တာသူ့ဖို့
    အဓိပ္ပါယ်မရှိစေဘဲ
  • 9:58 - 10:00
    ကျွန်တော့်ကိုဆေးကြောင်နေတယ်လို့
    သူထင်သွားတယ်
  • 10:01 - 10:02
    (ရယ်သံများ)
  • 10:02 - 10:05
    ဒါနဲ့ကားထဲကကျွန်တော့်ကိုဆွဲထုတ်ပြီး
    ရှာဖွေပါတော့တယ်
  • 10:05 - 10:07
    ရဲကားနားခေါ်သွားပြီး
  • 10:07 - 10:10
    ကျွန်တော့်မှာရဲမှုခင်းလုံးဝမရှိကြောင်း
    အတည်ပြုပြီးမှ
  • 10:10 - 10:14
    ကျွန်တော့်အမြွာညီကားရှေ့မှာထိုင်နေတာ
    သူ့ကိုပြလိုက်တယ်
  • 10:14 - 10:16
    ကျွန်တော်တို့ကားမောင်းထွက်သွား
    ပြီးတာတောင်မှ
  • 10:16 - 10:19
    သူ့မျက်နှာကိုကြည့်လိုက်ရင်
    ကျွန်တော်တစ်ခုခုခိုးပြီး
  • 10:19 - 10:21
    ထွက်ပြေးသွားတယ်လို့သူ့စိတ်ထဲထင်နေတုန်းပဲ
  • 10:21 - 10:23
    (ရယ်သံများ)
  • 10:23 - 10:27
    ကျွန်တော်တို့ရဲ့စိတ်ကတစ်ခါယုံမိပြီးသွားရင်
    ပြန်ပြင်ဖို့တော်တော်ခက်သွားပါတယ်
  • 10:27 - 10:30
    ရှုံးနိမ့်ပြီးလို့ စိတ်ဓာတ်ကျတာတွေ
    လက်လျှော့လိုက်တာတွေဟာ
  • 10:30 - 10:32
    သဘာဝကျလွန်းပါတယ်
  • 10:32 - 10:36
    ဒါပေမဲ့ သင့်ကိုမအောင်မြင်နိုင်တော့ဘူးလို့
    အယုံသွင်းတာကိုငြင်းဆန်နိုင်ပါတယ်
  • 10:36 - 10:39
    အားကိုးရာမဲ့နေတဲ့ခံစားချက်ကို
    သင်ကိုယ်တိုင်ဖယ်ရှားရလိမ့်မယ်
  • 10:39 - 10:42
    အခြေအနေပေါ်မူတည်ပြီး
    ကျွန်တော်တို့စိတ်ကို ထိန်းချုပ်ရပါလိမ့်မယ်
  • 10:42 - 10:45
    အဲဒီလိုဆန့်ကျင်ဖက်သဘောဆောင်တဲ့
    စက်ဝန်းတွေ မဖြစ်တည်ကပင်
  • 10:45 - 10:46
    ကျွန်တော်တို့ဖြတ်ထားဖို့လိုတယ်
  • 10:46 - 10:48
    (စိတ်ပိုင်းဆိုင်ရာယိုစိမ့်မှု
    ရပ်တန့်ပစ်ပါ)
  • 10:48 - 10:51
    ကျွန်တော်တို့ရဲ့စိတ်နဲ့ခံစားချက်တွေဟာ
  • 10:51 - 10:54
    ကျွန်တော်တို့ထင်သလို့
    ကျွန်တော်တို့အပေါ်သစ္စာရှိတာမဟုတ်ပါဘူး
  • 10:54 - 10:57
    သူတို့ဟာ စိတ်ဂနာမငြိမ်တဲ့သူငယ်ချင်းတွေနဲ့
    တူတယ်
  • 10:57 - 11:02
    တစ်မိနစ်လောက် အားပေးထောက်ခံနေပေမယ့်
    နောက်မိနစ်မှာစိတ်မချမ်းမြေ့စရာတွေဖြစ်စေတယ်
  • 11:02 - 11:06
    ကျွန်တော်ဟာ အိမ်ထောင်သက်အနှစ်၂ဝလောက်ရှိတဲ့
  • 11:06 - 11:08
    ဆိုးဆိုးဝါးဝါး အိမ်ထောင်ကွဲထားတဲ့
  • 11:08 - 11:11
    အမျိုးသမီးတစ်ယောက်နဲ့အလုပ်တူတူလုပ်ဖူးတယ်
  • 11:11 - 11:13
    သူမဟာ အွန်လိုင်းပေါ်မှာတွေ့တဲ့
    အမျိုးသားတစ်ယောက်နဲ့
  • 11:13 - 11:16
    ပထမအကြိမ်တွေ့ဆုံဖို့အဆင်သင့်ဖြစ်နေပါပြီ
    သူဟာအောင်မြင်ပြီး
  • 11:16 - 11:19
    ကြည့်ကောင်းတဲ့သူတစ်ယောက်
    အရေးကြီးဆုံးကသူမအတွက်အမှန်ကန်လို့ထင်ခဲ့တယ်
  • 11:19 - 11:22
    ဒါမို့သူမစိတ်တွေလုပ်ရှားနေတယ်
    အ၀တ်အစားတစ်စုံအသစ်ဝယ်လိုက်တယ်
  • 11:22 - 11:25
    သူတို့နှစ်ယောက်ဂုဏ်သရေရှိတဲ့နယူးယောက်က
    ဘားတစ်ခုမှာဆုံကြရင်းအဖျော်ယမကာသောက်ကြတယ်
  • 11:25 - 11:29
    ဆုံကြပြီး ၁ဝမိနစ်လောက်နေတော့
    အဲ့အမျိုးသားဟာ မတ်တပ်ထရပ်ကာ
  • 11:29 - 11:32
    ကျွန်တော် ခင်ဗျားကိုစိတ်မဝင်စားဘူး
    လို့ပြောပြီးထွက်သွားတယ်
  • 11:34 - 11:37
    ငြင်းပယ်ခြင်းဟာသိပ်ကိုနာကျင်လွန်းလှပါတယ်
  • 11:37 - 11:39
    ဒီအမျိုးသမီးဟာမလှုပ်နိုင်အောင်
    နာကျင်ခဲ့ရပါတယ်
  • 11:39 - 11:42
    သူလုပ်နိုင်ခဲ့တာက
    သူ့သူငယ်ချင်းဆီဖုန်းဆက်ဖို့ပဲ
  • 11:42 - 11:46
    အဲ့မှာ သူငယ်ချင်းကပြောတယ်
    "ဟုတ်ပြီ မင်းကဘာကိုမျှော်လင့်နေတာလဲ
  • 11:47 - 11:50
    မင်းမှာတင်ပါးကြီးကြီးရှိတယ်
    မင်းမှာစိတ်ဝင်စားစရာစကားပြောဖို့မရှိဘူး
  • 11:50 - 11:53
    ဘာလို့ချောမောခန့်ညားတဲ့
    အမျိုးသားတစ်ယောက်က
  • 11:53 - 11:56
    နင့်လို အရှုံးသမားတစ်ယောက်အနေနဲ့
    ချိန်းရတာလဲ
  • 11:56 - 12:00
    သိပ်ကိုကြမ်းကြုတ်တဲ့သူငယ်ချင်းပဲဆိုပြီး
    အံသြမှင်သက်သွားတယ်မလား။ဟုတ်တယ်။
  • 12:00 - 12:03
    သို့သော် အကယ်၍ အဲ့လိုပြောတာတွေက
    သူငယ်ချင်းမဟုတ်ဘူးလို့ကျွန်တော်ပြောရင်
  • 12:03 - 12:06
    ခင်ဗျားတို့အဲ့လောက်ကြီးအံ့သြမှင်သက်
    နေတော့မှာမဟုတ်ဘူး
  • 12:06 - 12:08
    အဲ့ဒီမျိုးသမီးက သူ့ဘာသာပြန်ပြောတာမျိုးပေါ့
  • 12:08 - 12:11
    အဲဒီလိုပဲ ကျွန်တော်တို့တွေကတစ်စုံတစ်ခုကို
    လုပ်လိုက်ကြတယ်
  • 12:11 - 12:13
    အထူးသဖြင့် ငြင်းပယ်ခြင်းခံရပြီးတဲ့အခါပေါ့
  • 12:13 - 12:17
    ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမှားတွေ
    ချို့ယွင်းချက်တွေ
  • 12:17 - 12:19
    ဖြစ်ချင်ခဲ့တာတွေ မဖြစ်ချင်ခဲ့တာတွေ
    ကို စတွေးတယ်၊
  • 12:19 - 12:20
    ကိုယ့်အမည်နာမတွေရေရွတ်တော့တယ်
  • 12:20 - 12:23
    ကြမ်းကြမ်းတမ်းတမ်းမဟုတ်တောင်
    အဲဒီလိုလုပ်ကြတယ်
  • 12:23 - 12:25
    ကျွန်တော်တို့လုပ်တာတွေကစိတ်ဝင်စားစရာပဲ
  • 12:25 - 12:28
    ဘာလို့လဲဆိုတော့အတွင်းစိတ်ကထိခိုက်နေလို့ပဲ
  • 12:28 - 12:31
    ဒါကိုမှ ဘာလို့ ထပ်ထပ်ပြီး
    ဖျက်ဆီးချင်ရတာလဲ။
  • 12:31 - 12:34
    ကျနော်တို့ဟာ ကိုယ်ခန္ဓာဒဏ်ရာကို
    ပိုဆိုးအောင် တမင်လုပ်လေ့မရှိဘူး၊
  • 12:34 - 12:37
    ဓားတစ်ချောင်းယူပြီး ဘယ်လောက်
    နက်အောင် လုပ်လို့ရမလဲ
  • 12:37 - 12:40
    ဆိုပြီး ကိုယ့်လက်မောင်းကို
    လှီးဖြတ်မှာ မဟုတ်ပါဘူး
  • 12:40 - 12:44
    စိတ်ဒဏ်ရာတွေကိုကျတော့ အချိန်တိုင်း
    ကျွန်တော်တို့ အဲ့လိုပြုမူကြတယ်
  • 12:44 - 12:47
    ဘာလို့လဲ။ ဘာလို့လဲဆို
    စိတ်ကျန်းမာရေးဆိုင်ရာအားနည်းနေလို့ပါ
  • 12:47 - 12:50
    ဘာလို့လဲဆို ကျွန်တော်တို့ဟာ
    စိတ်ကျန်းမာရေးကိုဦးစားမပေးလို့ပဲ
  • 12:51 - 12:54
    လေ့လာမှုပေါင်းဒါဇင်နဲ့ချီပြီးသိလာရတာက
    ကိုယ့်ဘာသာကိုယ်ယုံကြည်မှုနည်းလေလေ
  • 12:54 - 12:58
    စိတ်ဖိစီးမှုတွေပူပန်သောကတွေများများလာပါတယ်
  • 12:58 - 13:01
    အဲ့ဒါကြောင့်ကျဆုံးမှုတွေ
    ငြင်းပယ်မှုတွေကိုပိုခံစားရစေပါတယ်
  • 13:01 - 13:04
    နောက်ပြီးပြန်ကောင်းဖို့အချိန်တွေအများကြီး
    ကြာပါလိမ့်မယ်
  • 13:04 - 13:07
    ဒါကြောင့်ကျွန်တော်တို့ငြင်းပယ်ခံရပြီဆိုရင်
    ပထမဆုံးလုပ်သင့်တာကတော့
  • 13:07 - 13:09
    ကိုယ့်ရဲ့ယုံကြည်မှုကိုအားပေးဖို့ပါပဲ
  • 13:09 - 13:12
    ငြင်းပယ်မှုတွေတိုက်ပွဲမဝင်ဘဲ
    အားပျော့သွားအောင်လုပ်လိုက်ပါ
  • 13:13 - 13:15
    သင်စိတ်ပိုင်းဆိုင်ရာ နာကျင်နေတဲ့အခါ
  • 13:15 - 13:18
    သူငယ်ချင်းကောင်းတစ်ယောက်ဆီက
    သင်မျှော်လင့်နေတဲ့
  • 13:19 - 13:21
    မေတ္တာအကြင်နာအတိုင်း သင့်ကိုသင်
    ပေးလိုက်ပါ
  • 13:21 - 13:23
    (သင့်တန်ဖိုး သင်ကာကွယ်ပါ)
  • 13:23 - 13:28
    ကျွန်တော်တို့ဆီမှာစိတ်ပိုင်းဆိုင်ရာ
    အကျင့်ဆိုးတွေရှိနေတတ်ပါတယ် ပြောင်းလဲပစ်ပါ
  • 13:28 - 13:32
    အဆိုးဆုံးနဲ့ အဖြစ်များဆုံးသော
    အကျင့်ဆိုးတစ်ခုကတော့ စားမြုံပြန်ခြင်းပါပဲ
  • 13:32 - 13:35
    စားမြုံပြန်တယ်ဆိုတာ
    အေးဆေးစဉ်းစားတွေးတောတာပေါ့
  • 13:35 - 13:37
    သင့်သူဌေးက သင့်ကိုအော်ငေါက်လိုက်တဲ့အခါ
  • 13:37 - 13:40
    (သို့)သင့်ဆရာကသင့်ကိုအခန်းထဲ
    အသုံးမကျသူလို့ထင်အောင်လုပ်တဲ့အခါ
  • 13:40 - 13:42
    (သို့)သင့်သူငယ်ချင်းနဲ့
    အကြီးအကျယ်ရန်ဖြစ်တဲ့အခါ
  • 13:42 - 13:46
    အဲ့ဒီဖြစ်စဉ်တွေကို ပြန်တွေးတောစဉ်းစားနေတာ
    ကိုရပ်တန့်ဖို့
  • 13:46 - 13:48
    ရက်အတော်ကြာ တခါတလေ
    ရက်သတ္တပတ်တွေထိကြာတတ်ပါတယ်
  • 13:48 - 13:52
    အဲ့လိုစိတ်ရှုပ်စရာကောင်းတဲ့ဖြစ်စဉ်တွေကို
    စားမြုံပြန်နေတာဟာ အလွယ်တကူအကျင့်တစ်ခု
  • 13:52 - 13:55
    ဖြစ်လာနိုင်ပြီးသိပ်ကိုရင်းနှီးမှုများပါတယ်
    ဘာလို့လဲဆိုတော့
  • 13:55 - 14:00
    သင့်အချိန်တွေကိုစိတ်ပျက်စရာကောင်းတဲ့
    မကောင်းတဲ့အတွေးတွေပေါ်အာရုံထားလို့ပဲ
  • 14:00 - 14:03
    အဲဒီတော့ သင့်ကိုသိသာတဲ့အန္တရာယ်တွေ
    ဖြစ်လာပါတယ်
  • 14:03 - 14:05
    စိတ်ဓာတ်ကျစေတာတွေ
  • 14:05 - 14:07
    အရက်သမားဖြစ်လာတာတွေ
  • 14:07 - 14:08
    အစားအသောက်ပျက်လာတာ
  • 14:08 - 14:10
    နှလုံးရောဂါလိုမျိုးတောင်မှဖြစ်လာနိုင်တယ်
  • 14:11 - 14:12
    ပြဿနာက
  • 14:12 - 14:16
    စားမြုံပြန်ဖို့ဆော်သြတာဟာသိပ်ပြင်းထန်ပြီး
    သိပ်အရေးကြီးတဲ့အကျင်းဆိုးမို့
  • 14:16 - 14:18
    ဟန့်တားဖို့ခက်ခဲပါတယ်
  • 14:18 - 14:20
    ကျွန်တော်ဟာဒါကိုအချက်တစ်ခုအနေနဲ့
    သိခဲ့ပါတယ်
  • 14:20 - 14:24
    တစ်နှစ်စွန်းစွန်းလောက်တုန်းက
    ကိုယ့်ဘာသာကိုယ် အဲ့အကျင့်ကိုဖန်တီးခဲ့တယ်
  • 14:25 - 14:30
    ကျွန်တော့်အမြွာညီမှာ
    အဆင့် ၃အဆင့် သွေးကင်ဆာရှိနေတာသိလိုက်ရတယ်
  • 14:31 - 14:33
    ကင်ဆာကအတော်အပျံ့မြန်တာပဲ
  • 14:33 - 14:36
    ဒါနဲ့သူ့ခန္ဓာတစ်ခုလုံးအကျိတ်တွေထွက်လာပါရော
  • 14:37 - 14:40
    နောက်သူ့ကိုကင်ဆာဆေးတွေစပေးပါတော့တယ်
  • 14:42 - 14:46
    သူအဲဒီလိုဖြစ်နေတာကို
    ကျွန်တော်မတွေးဘဲမနေနိုင်ဘူး
  • 14:46 - 14:49
    သူတစ်ခါလေးတောင်မှစောတကမတက်တောင်မှပဲ
    သူဘယ်လောက်ခံစားနေရမလဲလို့လည်း
  • 14:50 - 14:54
    ကျွန်တော်မတွေးဘဲမနေနိုင်ပြန်ဘူး
  • 14:54 - 14:57
    သူ့ဆီမှာအံ့သြစရာကောင်းလောက်တဲ့
    သဘောထားကောင်းရှိနေခဲ့တယ်
  • 14:57 - 15:00
    သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက
    သြချရလောက်တယ်
  • 15:00 - 15:04
    ကျွန်တော်ကရုပ်ပိုင်းဆိုင်ရာကျန်းမာပေမယ့်
    စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတော့သုံစားမရဘူး
  • 15:05 - 15:07
    ဒါပေမယ့်ဘာလုပ်ရမလဲဆိုတာ
    သိပါတယ်
  • 15:07 - 15:11
    လေ့လာမှုတွေအရ
    ၂မိနစ်စာအာရုံအပြောင်းအလဲလေးကတောင်မှ
  • 15:11 - 15:14
    ဒီအချိန်တွေမှာစားမြုံပြန်တာကို
    ချေဖျက်ဖို့လုံလောက်ပါတယ်
  • 15:14 - 15:18
    ဒါကြောင့်ကျွန်တော်စိုးရိမ်ပူပန်
    သောကရောက်ပြီးအတွေးဆိုးတွေဝင်လာရင်
  • 15:18 - 15:22
    အခြားတစ်ခုကိုအာရုံစိုက်ဖို့ဖိအားပေးခဲ့တယ်
    အတွေးဆိုးတွေမရှိတော့တဲ့အချိန်အထိပေါ့
  • 15:22 - 15:27
    တစ်ပါတ်အတွင်းကျွန်တော်အတွေးတွေ
    ပြောင်းသွားခဲ့တယ်
  • 15:27 - 15:29
    နောက်ပြီးအကောင်းမြင်တတ်လာပြီး
    မျှော်လင့်ချက်ထားတတ်လာတယ်
  • 15:30 - 15:31
    (အတွေးဆိုးတွေကိုတိုက်ထုတ်ပစ်လိုက်ပါ)
  • 15:31 - 15:36
    ကျွန်တော့်ညီကိုကင်ဆာဆေးပေးပြီး ၉ပတ်ကြာတော့
    ကွန်ပြူတာဓာတ်မှန်ရိုက်တယ်
  • 15:36 - 15:39
    သူ့အဖြေတွေရလာတော့
    ကျွန်တော်သူ့ဘေးမှာရှိနေတယ်
  • 15:39 - 15:41
    အကျိတ်တွေပြုတ်ပြုတ်ပြုန်းကုန်ပါပြီ
  • 15:42 - 15:45
    သူနောက်ထပ်
    ကင်ဆာဆေး၃ခါစာခံယူရဦးမယ်ဆိုပေမယ့်
  • 15:45 - 15:47
    သူနေပြန်ကောင်းလာပြီးဆိုတာသိလိုက်ရတယ်
  • 15:48 - 15:51
    ဒီဓာတ်ပုံလေးကလွန်ခဲ့တဲ့
    ၂ပတ်ကရိုက်ထားတာပါ
  • 15:54 - 15:56
    သင်အထီးကျန်ဆန်နေတာကို အရေးယူလိုက်တာ
  • 15:57 - 16:00
    ရှုံးနိမ့်မှုအတွက်တုန့်ပြန်မှုတွေ
    အမျိုးမျိုးပြောင်းလိုက်တာ
  • 16:00 - 16:03
    သင့်တန်ဖိုးကို သင်ကာကွယ်တာ
  • 16:03 - 16:05
    အတွေးဆိုးအတွေးညစ်တွေကို
    တိုက်ထုတ်ပစ်တာတွေဟာ
  • 16:05 - 16:08
    သင့်ရဲ့စိတ်ဒဏ်ရာတွေကို
    မပျောက်ကင်းစေနိုင်ပါဘူး
  • 16:08 - 16:11
    စိတ်ဓာတ်ကြံ့ခိုင်အောင်တည်ဆောက်ပါ
  • 16:11 - 16:12
    မွေးမြူပါ
  • 16:13 - 16:17
    လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်ကလူတွေဟာ
    တကိုယ်ရည်သန့်ရှင်းကိုလုပ်ဆောင်လာကြတယ်
  • 16:17 - 16:22
    လူ့သက်တမ်းရှည်နှုန်းလည်း
    ဆယ်စုနှစ်အတွင်း
  • 16:22 - 16:23
    ၅ဝရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့တယ်
  • 16:24 - 16:28
    အကယ်၍ကျွန်တော်တို့သာစိတ်ပိုင်းဆိုင်ရာ
    ကျန်းမာကြံ့ခိုင်ရေးကိုစတင်လေ့ကျင်မယ်ဆိုရင်
  • 16:28 - 16:31
    ကျွန်တော်တို့ ပျော်ရွှင်မှုတွေကလည်း
    တဟုန်ထိုးတိုးတက်လာမှာယုံကြည်ပါတယ်
  • 16:32 - 16:34
    အကယ်၍သာလူတိုင်း
    စိတ်ပိုင်းဆိုင်ရာကျန်းမာနေကြမယ်ဆိုရင်
  • 16:34 - 16:37
    ကမ္ဘာကြီးကဘယ်လိုဖြစ်နေမလဲလို့
    စိတ်ကူးကြည့်ဖူးလား။
  • 16:37 - 16:40
    အထီးကျန်ဆန်မှုတွေနည်းလာရင်
    စိတ်ဓာတ်ကျတာတွေနည်းလာရင်
  • 16:40 - 16:43
    လူတွေကရှုံးနိမ့်မှုကိုဘယ်လိုကျော်လွှားရမယ်
    ဆိုတာသိလာကြရင်
  • 16:43 - 16:46
    သူတို့ဘဝကို သူတို့ကျေနပ်ပြီး
    ပိုအားပေးလာကြရင်
  • 16:47 - 16:49
    သူတို့ဘဝတွေဟာပိုပျော်လာပြီး
    ပြီးပြည့်စုံလာရင်
  • 16:50 - 16:53
    အဲဒီလိုကမ္ဘာမျိုးက
    ကျွန်တော်နေချင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ
  • 16:54 - 16:58
    ကျွန်တော့်ညီလည်းဒီလိုကမ္ဘာလေးမှာ
    နေချင်မှာပါပဲ
  • 16:58 - 17:03
    သင်ဗဟုသုတတွေရပြီး
    ရိုးရှင်းတဲ့အကျင့်အချို့ကိုပြင်မယ်ဆိုရင်
  • 17:04 - 17:07
    ကျွန်တော်တို့အားလုံး
    နေနိုင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ
  • 17:07 - 17:09
    အားလုံးကိုကျေးဇူးတင်ပါတယ်
  • 17:09 - 17:11
    (လက်ခုပ်သံများ)
Title:
ဘာလို့ကျွန်တော်တို့အားလုံးစိတ်ခံစားမှုဆိုင်ရာအခြေခံအတတ်ပညာကိုလေ့ကျင့်ဖို့လိုအပ်တာလဲ
Speaker:
Guy Winch
Description:

ဒီဆွေးနွေးချက်ဟာဒေသဆိုင်ရာTEDxပွဲတစ်ခုမှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ဖျားနာရင် နေမကောင်းဖြစ်ရင် ဆရာဝန်ဆီသွားပြကြပါတယ်။ ဒါပေမယ့် အပြစ်တွေ ဆုံးရှုံးမှုတွေ အထီးကျန်ဆန်မှုတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကျ ကျန်းမာရေးပညာရှင်တွေနဲ့မပြသတာလဲ။ ကျွန်တော်တို့အများစုဟာ တစ်ဦးတစ်ယောက်ချင်းရဲ့စိတ်ကျန်းမာရေးတွေနဲ့ဆက်စပ်နေတယ်လို့ Guy Winch ကဆိုပါတယ်။ ဒါပေမယ့် ကျွန်တေ်ာတို့တော့မတွေးမိဘူး။ ဒါကြောင့် သူက ကျွန်တော်တို့ကိုယ်ခန္ဓာကြီးကိုဂရုစိုက်သလို စိတ် ခံစားချက်တွေကိုလည်း ဂရုစိုက်တတ်ဖို့ စိတ်ကျန်းမာသန်စွမ်းအောင်ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာသက်သေသာဓကတွေနဲ့ပြောပြသွားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
17:24

Burmese subtitles

Revisions