1 00:00:03,141 --> 00:00:05,676 ကျွန်တော်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ 2 00:00:06,461 --> 00:00:08,925 အမြွာညီအစ်ကိုတစ်ယောက်နဲ့ အတူတူကြီးပြင်းခဲ့ပါတယ်။ 3 00:00:09,477 --> 00:00:12,549 အမြွာအဖြစ်ကြီးပြင်းခဲ့ရတဲ့ကျွန်တော်ဟာ 4 00:00:12,573 --> 00:00:16,161 အခုဆိုရင် ဘက်လိုက်ခြင်းကို ရှာဖွေတဲ့နေရာမှာဆရာတစ်ဆူဖြစ်နေပါပြီ။ 5 00:00:16,642 --> 00:00:20,809 သူ့ရဲ့ကွတ်ကီးတွေဟာကျွန်တော့်ထက် နည်းနည်းလေးပိုကြီးနေခဲ့ရင် 6 00:00:21,723 --> 00:00:23,075 ကျွန်တော်မှာ မေးခွန်းတေွရှိတယ် 7 00:00:23,099 --> 00:00:25,517 ရှင်းနေတာက ဆာနေလို့တော့မဟုတ်ပါဘူး 8 00:00:26,300 --> 00:00:28,302 (ရယ်သံများ) 9 00:00:28,873 --> 00:00:32,996 ကျွန်တော်စိတ်ပညာရှင်တစ်ယောက်ဖြစ်လာတော့ သူမတူတဲ့ဘက်လိုက်နည်းတစ်ခုကို 10 00:00:33,020 --> 00:00:34,734 စတင်သတိထားမိလာတယ် 11 00:00:34,758 --> 00:00:39,542 ဘယ်လိုလဲဆိုတော့-လူတွေဟာ စိတ်ထက် ကိုယ်ခန္ဓာကို ပိုပြီးတန်ဖိုးထားကြတယ်။ 12 00:00:40,187 --> 00:00:46,221 ကျွန်တော်ဟာစိတ်ပညာပါရဂူဘွဲ့အတွက် တက္ကသိုလ်မှာကိုးနှစ်တာပညာဆည်းပူးခဲ့တယ်။ 13 00:00:46,245 --> 00:00:50,499 လူတွေက ကျွန်တော်လိပ်စာကဒ်ကိုကြည့်ပြီး 14 00:00:50,523 --> 00:00:54,843 အိုး..စိတ်ပညာရှင်ပဲဆရာဝန်အစစ်မှမဟုတ်ဘဲ လို့ ဘယ်နှစ်ယောက်တောင်ပြောကြမလဲမသိဘူး 15 00:00:56,209 --> 00:00:58,007 တကယ်တော့လိပ်စာကဒ်ကို ဒီလိုရေးထားသင့်တာ 16 00:00:58,031 --> 00:01:00,816 [Dr. Guy Winch, စိတ်ပညာရှင် (ဆရာဝန်အစစ်မဟုတ်)] 17 00:01:00,840 --> 00:01:02,442 (ရယ်သံများ) 18 00:01:02,952 --> 00:01:07,336 ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာကို စိတ်ထက် ဘက်လိုက်အသားပေးနေတာကို 19 00:01:07,360 --> 00:01:08,799 ကျွန်တော်နေရာတိုင်းမှာတွေ့ရတယ် 20 00:01:09,718 --> 00:01:11,385 ဟိုတလောက သူငယ်ချင်းအိမ်ကိုရောက်တော့ 21 00:01:11,409 --> 00:01:13,931 သူတို့ရဲ့ငါးနှစ်အရွယ်ကလေးက အိပ်ရာဝင်ဖို့ပြင်ဆင်နေတယ် 22 00:01:13,955 --> 00:01:17,560 ကလေးဟာ မျက်နှာသစ်ဘေစင်ရှေ့ခုံပေါ် မတ်တပ်ရပ်သွားတိုက်နေတုန်း 23 00:01:17,584 --> 00:01:21,392 ခုံပေါ်ကချော်ကျပြီး သူ့ရဲ့ခြေထောက်က ခုံနဲ့ခြစ်မိသွားတယ်ကလေးက 24 00:01:21,996 --> 00:01:24,968 ခဏလောက်ငိုသွားပါတယ် နောက် ပြန်ထလာတယ်။ 25 00:01:24,992 --> 00:01:28,506 ခုံပေါ်ပြန်တက်ပြီး အနာကပ်ပလာစတာရှိတဲ့ပုံးကိုယူတယ် 26 00:01:28,530 --> 00:01:30,294 ပလာစတာ ၁ခုယူပြီး သူ့အနာပေါ်ကပ်လိုက်တယ် 27 00:01:31,050 --> 00:01:34,987 ကောင်းလေးက ဖိနပ်ကြိုးကို ချည်ချင်မှ ချည်တတ်လိမ့်မယ် 28 00:01:35,011 --> 00:01:39,438 ဒါပေမဲ့ သူကအနာကိုအုပ်ထားရမယ်ဆိုတာ သိပါတယ် ဒါမှ အနာပိုးမဝင်မှာလေ 29 00:01:39,462 --> 00:01:42,798 နောက်ပြီး သင်တို့ရဲ့သွားကို ဂရုစိုက်လို့ တစ်နေ့နှစ်ကြိမ်သွားတိုက်တယ် 30 00:01:43,365 --> 00:01:46,345 ကျွန်တော်တို့ကိုယ်ခန္ဓာကျန်းမာဖို့ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာရယ် 31 00:01:46,369 --> 00:01:48,884 သွားကျန်းမာဖို့ဘယ်လိုပြုမူရမယ်ဆိုတာ သိကြတယ်ဟုတ်။ 32 00:01:48,908 --> 00:01:51,697 ကျွန်တော်တို့တွေဟာ ငါးနှစ်သားလောက်ကတည်းက ဒါတွေကိုသိခဲ့ကြတယ် 33 00:01:52,442 --> 00:01:57,066 ဒါပေမယ့်စိတ်ကျန်းမာရေးကိုဘယ်လို ထိန်းသိမ်းရမယ်ဆိုတာသိကြပါသလား။ 34 00:01:57,240 --> 00:01:59,428 အဖြေကတော့ ရှင်းပါတယ်။ မသိခဲ့ပါဘူး။ 35 00:01:59,778 --> 00:02:03,568 ကလေးတွေရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာအတွက် ကျွန်တော်တို့ဘာတွေသင်ကြားပေးလဲ။ 36 00:02:04,740 --> 00:02:05,945 ဘာမှမသင်ကြားပေးပါဘူး။ 37 00:02:06,767 --> 00:02:11,215 စိတ်ကိုဂရုစိုက်တာထက် သွားကိုဂရုစိုက်တဲ့အချိန်တွေ 38 00:02:11,595 --> 00:02:13,379 ပိုများနေတော့ဘာဖြစ်လဲ။ 39 00:02:14,202 --> 00:02:19,012 စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထက် ကိုယ်ခန္ဓာကျန်းမာရေးက 40 00:02:19,036 --> 00:02:21,115 ကျွန်တော်တို့အတွက်ဘာလို့ပိုအရေးကြီးနေတာလဲ။ 41 00:02:21,393 --> 00:02:26,387 ကျွန်တော်တို့ဟာရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ထက် စိတ်ဒဏ်ရာတွေကို ပိုခံစားရပါတယ် 42 00:02:26,387 --> 00:02:30,187 စိတ်ဒဏ်ရာဆိုရာမှာကျရှုံးမှု၊ငြင်းပယ်ခံရမှု အထီးကျန်မှု မျိုးတွေဖြစ်နိုင်တယ် 43 00:02:30,187 --> 00:02:33,808 အဲ့ဒါကိုမှ လစ်လျှူရှုမယ်ဆို သူတို့ခံစားနေရတာပိုဆိုးလာလိမ့်မယ် 44 00:02:33,832 --> 00:02:37,162 ဒါအပြင်သူတို့ဟာကျွန်တော်တို့၏လူနေမှုကိုပါ သိသိသာသာထိခိုက်နိုင်ပါတယ် 45 00:02:37,285 --> 00:02:41,465 အဲ့လိုစိတ်ဒဏ်ရာတွေကိုကုစားဖို့ အသုံးပြုနိုင်တဲ့သိပ္ပံနည်းကျရှာဖွေထားသော 46 00:02:41,489 --> 00:02:45,382 နည်းလမ်းတွေရှိတာတောင်မှ ကျွန်တော်တို့အသုံးပြုဖို့ 47 00:02:45,803 --> 00:02:46,962 ဝန်လေးနေကြပါတယ်။ 48 00:02:47,374 --> 00:02:49,915 ကျွန်တော်တို့ဟာ ဖြစ်သင့်တာတွေလည်း ဖြစ်မလာတတ်ပါဘူး။ 49 00:02:50,434 --> 00:02:54,491 "အိုး..စိတ်ညစ်နေတာလား၊ခါထုတ်ပစ်လိုက်စမ်းပါ ဒါတွေကသင့်ဦးနှောက်ထဲကဖြစ်နေတာပါ" 50 00:02:54,920 --> 00:02:57,911 ခြေကျိုးနေတဲ့သူတစ်ယောက်ကို သင်ဒီလိုပြောဖို့စိတ်ကူးဖူးလား။ 51 00:02:57,911 --> 00:03:01,037 "လမ်းလျှောက်လိုက်စမ်းပါ၊ ကျိုးတယ်ဆိုတာခြေထောက်ထဲမှာဖြစ်နေတာပါ"လို့ 52 00:03:01,037 --> 00:03:02,852 (ရယ်သံများ) 53 00:03:03,249 --> 00:03:06,107 ကိုယ်ခန္ဓာနဲ့စိတ်ကျန်းမာရေးကြားဟနေတဲ့ 54 00:03:06,131 --> 00:03:09,219 ကွက်လပ်ကလေးကိုပြန်ဖြည့်ဖို့အချိန်တန်ပါပြီ။ ကိုယ်ခန္ဓာ နဲ့ 55 00:03:09,243 --> 00:03:11,362 စိတ်ကျန်းမာရေးကို တန်းတူထားဖို့အချိန်ကျပါပြီ။ 56 00:03:12,385 --> 00:03:14,203 အမြွာတွေလိုပေါ့ 57 00:03:15,148 --> 00:03:18,921 ပြောရင်းနဲ့မှ ကျွန်တော့် အမြွာညီ ကလည်း စ်တ်ပညာရှင်ပဲ 58 00:03:18,945 --> 00:03:21,376 ဒါဆို သူလည်းဆရာဝန်အစစ်မဟုတ်ဘူးပေါ့ 59 00:03:21,400 --> 00:03:23,128 (ရယ်သံများ) 60 00:03:23,708 --> 00:03:25,680 ကျွန်တော်တို့က တူတူသင်ယူခဲ့ရတာမဟုတ်ပါဘူး 61 00:03:25,704 --> 00:03:30,095 ကျွန်တော့်ဘဝမှာအခက်ခဲဆုံးလုပ်ခဲ့ရတာက 62 00:03:30,119 --> 00:03:32,865 စိတ်ပညာပါရဂူဘွဲ့အတွက် အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး 63 00:03:32,889 --> 00:03:34,776 နယူးယောက်မြို့ကိုသွားရတာပါပဲ 64 00:03:35,698 --> 00:03:38,661 ကျွန်တော်တို့ဘဝမှာ ပထမဆုံးအကြိမ် ခွဲခွာရခြင်းဖြစ်ခဲ့တယ် 65 00:03:38,685 --> 00:03:41,970 အဲဒီလိုခွဲခွာရခြင်းဟာ ကျွန်တော်တို့ ၂ယောက်လုံးအတွက်စိတ်မအီမသာဖြစ်စေတယ် 66 00:03:42,295 --> 00:03:45,542 ဒါပေမယ့် သူကတော့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ကျန်ခဲ့ပါတယ် 67 00:03:45,566 --> 00:03:47,551 ကျွန်တော်တော့နိုင်ငံခြားမှာ တစ်ယောက်တည်း 68 00:03:47,551 --> 00:03:49,971 ကျွန်တော်တို့ဟာတစ်ဦးကိုတစ်ဦး အရမ်းလွမ်းကြပါတယ် 69 00:03:49,995 --> 00:03:53,148 သို့သော် နိုင်ငံခြားဖုန်းခေါ်ဆိုခတွေက စျေးကြီးတော့ 70 00:03:53,172 --> 00:03:57,601 ကျွန်တော်တို့ဟာ ရက်သတ္တပတ်၁ပတ်ကို ၅မိနစ်ပဲဖုန်းပြောဖို့ တတ်နိုင်ပါတယ်။ 71 00:03:58,459 --> 00:03:59,985 ကျွန်တော်တို့မွေးနေ့ရောက်လာတော့ 72 00:04:00,009 --> 00:04:02,561 ပထမဆုံးအကြိမ်မွေးနေ့တူတူမကျင်းပရဘူးပေါ့ 73 00:04:02,585 --> 00:04:03,994 ဒါကြောင့် ပုံအောပြီးဖုန်းကို 74 00:04:03,994 --> 00:04:06,104 ဒီတပတ် ၁ဝမိနစ်ကြာအောင်ပြောကြမယ် ဆုံးဖြတ်ကြတယ် 75 00:04:06,128 --> 00:04:07,421 (ရယ်သံများ) 76 00:04:07,445 --> 00:04:11,509 မနက်ခင်းကျတော့ အခန်းထဲမှာ ဟိုဟိုဒီဒီလမ်းလျှောက်နေရင်း 77 00:04:11,604 --> 00:04:13,681 သူဖုန်းခေါ်လာမှာကိုစောင့်နေတယ် 78 00:04:14,103 --> 00:04:15,280 စောင့်နေတယ်... 79 00:04:15,817 --> 00:04:17,248 ဒါပေမဲ့ ဖုန်းမလာခဲ့ပါဘူး 80 00:04:17,915 --> 00:04:20,143 စံတော်ချိန်ကွာနေလို့ ကျွန်တော်ဒီလိုယူဆလိုက်တယ် 81 00:04:20,167 --> 00:04:22,915 "အိုကေ ဘော်ဒါတွေနဲ့ထွက်လည်နေတာ နေမှာ ပြီးရင်သူဆက်မှာပေါ့" 82 00:04:22,915 --> 00:04:24,647 ဖုန်းမရှိသေးလို့နေမှာပါ လို့ 83 00:04:24,805 --> 00:04:26,598 ဒါပေမဲ့ သူ့ဆီကဖုန်းမလာပါဘူး။ 84 00:04:27,041 --> 00:04:31,675 ဒါနဲ့ ဆယ်လတာဝေးကွာနေခဲ့ပြီး ကျွန်တော်စတင်သတိထားမိတာလာက 85 00:04:32,253 --> 00:04:35,088 ကျွန်တော်လွမ်းနေသလောက် သူမလွမ်းဘူးဆိုတာပဲ 86 00:04:36,028 --> 00:04:38,531 မနက်မှာဖုန်းခေါ်မယ်လို့သိနေပေမဲ့ 87 00:04:38,555 --> 00:04:43,070 အဲဒီညဟာကျွန်တော့်ဘဝအတွက်ဝမ်းအနည်းဆုံးနဲ့ အကြာဆုံးညတွေထဲကညတစ်ညဖြစ်ခဲ့တယ် 88 00:04:44,717 --> 00:04:46,586 နောက်နေ့မနက်အိပ်ရာနိုးလာပြီး 89 00:04:46,688 --> 00:04:48,335 ဖုန်းကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ 90 00:04:48,359 --> 00:04:51,113 မနေ့ကဟိုဟိုဒီဒီလမ်းလျှောက်ရင်း ဖုန်းကြိုးကိုတိုက်မိသွားတာ 91 00:04:51,137 --> 00:04:52,814 တွေ့လိုက်တယ် 92 00:04:54,612 --> 00:04:56,263 အိပ်ရာကနေချက်ချင်းထ 93 00:04:56,287 --> 00:04:59,500 ၁စက္ကန့်ကြာတော့ ဖုန်းမြည်လာတယ် 94 00:04:59,764 --> 00:05:01,424 ကျွန်တော့်ညီဆီကဖုန်းပေါ့ 95 00:05:01,448 --> 00:05:03,116 ဟုတ်တယ် ဒီကောင်မူးများမူးနေလားမသိဘူး 96 00:05:03,140 --> 00:05:05,344 (ရယ်သံများ) 97 00:05:05,368 --> 00:05:08,618 သူ့ဘဝအတွက်လည်း ဝမ်းအနည်းဆုံးနဲ့ အကြာဆုံးသောညဖြစ်ခဲ့တာပဲ။ 98 00:05:08,926 --> 00:05:11,537 ဘာဖြစ်ခဲ့တယ်ဆိုတာကျွန်တော်ပြောပြဖို့ ကြိုးစားနေတုန်းသူက 99 00:05:11,561 --> 00:05:12,780 "ငါဖုန်းမခေါ်မှန်းသိရင် 100 00:05:12,804 --> 00:05:14,719 မင်းကဘာလို့ ငါ့ဆီကိုဖုန်းမဆက်လာတာလဲ 101 00:05:14,743 --> 00:05:17,559 ငါနားမလည်ဘူး" လို့ပြောတယ် 102 00:05:19,057 --> 00:05:20,237 သူမှန်တယ်လေ 103 00:05:20,761 --> 00:05:23,004 ကျွန်တော်ဘာလို့သူဆီ ဖုန်းမဆက်ခဲ့မိပါလိမ့်? 104 00:05:23,187 --> 00:05:24,861 ကျွန်တော့်အတွက်အဖြေမရှိခဲ့ပါဘူး။ 105 00:05:25,608 --> 00:05:27,059 သို့သော် ဒီနေ့တော့ဖြေနိုင်ပါပြီ 106 00:05:27,083 --> 00:05:28,404 ရိုးရိုးလေးပါပဲ။ 107 00:05:29,688 --> 00:05:30,861 အထီးကျန်ဆန်မှု။ 108 00:05:31,948 --> 00:05:35,997 အထီးကျန်ဆန်တာကနက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတစ်ခုအဖြစ်ဖန်တီးပါတယ် 109 00:05:36,021 --> 00:05:39,708 အဲ့ဒဏ်ရာက အသိအမြင်တွေဝေဝါးစေတယ် အတွေးအခေါ်တွေ ရောထွေးစေတယ် 110 00:05:39,708 --> 00:05:44,958 အထီးကျန်ဆန်တာဟာ ပတ်ဝန်းကျင်က တကယ်ဂရုစိုက်ပေမယ့် ဂရုမစိုက်ဘူးလို့ 111 00:05:45,544 --> 00:05:48,328 ငါတို့စိတ်ကိုအယုံသွင်းပါတယ် အထီးကျန်ဆန်တာကသင့်နှလုံးသားကို 112 00:05:48,352 --> 00:05:52,442 ခံနိုင်တာထက်ပိုပြီးနာကျင်လာရတဲ့အခါ ငြင်းဆန်မှုတွေ စိတ်နှလုံးပူဆွေးမှုတွေက 113 00:05:52,466 --> 00:05:55,519 သင့်ကိုလွမ်းခြုံလိုက်တော့ လူတွေနဲ့ဆက်ဆံရမှာကိုကြောက်လာစေတယ် 114 00:05:56,432 --> 00:05:59,515 ကျွန်တော်ဟာတကယ်ကို အထီးကျန်ဆန်ခဲ့ရတယ်ဆိုပေမယ့် 115 00:05:59,539 --> 00:06:03,408 အချိန်တိုင်းလူတွေကကျွန်တော့်အနားမှာရှိပေး နေကြတော့လူတွေနဲ့ထိတွေရမှာမကြောက်တော့ဘူး 116 00:06:04,273 --> 00:06:07,892 သို့သော် အထီးကျန်ဆန်မှုကို ကိုယ့်ဘာသာကိုယ် အဓိပ္ပာယ်ဖွင့်ကြည့်တော့ 117 00:06:08,415 --> 00:06:14,179 အထီးကျန်တာဟာ သင်က သင့်ရဲ့ပတ်ဝန်းကျင်ကို ခံစားချက်အရ သို့ လူမှုရေးအရ 118 00:06:14,203 --> 00:06:15,361 အဆက်အသွယ်ဖြတ်တောက်တာပါပဲ 119 00:06:15,385 --> 00:06:16,542 ကျွန်တော်လည်းလုပ်ခဲ့တယ် 120 00:06:17,249 --> 00:06:22,515 အထီးကျန်ဆန်မှုအတွက်သုတေသနစာတမ်းတွေ အများကြီးရှိပါတယ် နောက်ပြီးအားလုံးက 121 00:06:22,599 --> 00:06:25,959 ကြောက်စရာကောင်းနေတယ် အထီးကျန်ဆန်တာကစိတ်မအီမသာရုံလေးမဟုတ်ဘူးနော် 122 00:06:25,977 --> 00:06:27,457 သင့်အသက်ကိုပါနုတ်သွားနိုင်တယ် 123 00:06:27,500 --> 00:06:28,960 ကျွန်တော် စနေတာမဟုတ်ဘူးနော် 124 00:06:28,984 --> 00:06:32,575 နာတာရှည်အထီးကျန်ဆန်နေသူက စောစောသေဖို့ 125 00:06:32,599 --> 00:06:34,495 ၁၄ရာနှုန်းပိုများပါတယ် 126 00:06:34,902 --> 00:06:36,267 တစ်ဆယ့်လေးရာခိုင်နှုန်းပါ 127 00:06:36,520 --> 00:06:39,099 အထီးကျန်ဆန်မှုဟာ သွေးကိုတိုးစေတယ် 128 00:06:39,099 --> 00:06:40,784 သွေးတွင်းအဆီဓာတ်တွေများစေပါတယ် 129 00:06:40,808 --> 00:06:44,533 ကိုယ်ခန္ဓာရဲ့ခုခံစွမ်းအားစနစ်ကိုတောင် ဖိနှိပ်ကာ 130 00:06:44,557 --> 00:06:48,589 ရောဂါဘယပေါင်းစုံကို လက်ယက်ခေါ်ပေးနေသေးတယ် 131 00:06:48,613 --> 00:06:52,151 တကယ်တော့ အားလုံးပေါင်းပြီးနိဂုံးချုပ်ပြောရရင် 132 00:06:52,175 --> 00:06:55,831 နာတာရှည်အထီးကျန်ဆန်နေသူဟာ သူ့ရဲ့ရေရှည်ကျန်းမာရေးအတွက်ကော 133 00:06:55,855 --> 00:06:58,624 အသက်ရှည်ဖို့အတွက်ပါ စီးကရက်သောက်တာလောက်နီးနီး 134 00:06:58,648 --> 00:06:59,996 အန္တရာယ်များပါတယ် 135 00:07:00,464 --> 00:07:04,571 အခုဆိုဆေးလိပ်ဗူးတွေမှာ သင့်ကိုသေစေနိုင်တယ် လို့သတိပေးစာတွေကပ်ထားပါတယ် 136 00:07:04,833 --> 00:07:06,777 ဒါပေမယ့် အထီးကျန်ဆန်မှုမှာတော့မကပ်ထားဘူး 137 00:07:07,335 --> 00:07:09,260 ဒါမို့ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ 138 00:07:09,284 --> 00:07:12,347 ကျန်းမာရေးကို ဦးစားပေးဖို့အရေးကြီးတာပေါ့ 139 00:07:12,371 --> 00:07:15,073 စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ ကျွန်တော်တို့လေ့ကျင့်ရပါတယ် 140 00:07:15,405 --> 00:07:18,182 ဘာကြောင့်လဲဆိုတော့ စိတ်ဒဏ်ရာကိုကျွန်တော်တို့မကုသနိုင်ဘူးလေ 141 00:07:18,182 --> 00:07:22,051 အကယ်၍သင်စိတ်ဒဏ်ရာရတာလုံး၀မသိခဲ့ဘူးဆိုရင် ခံစားချက်ပိုင်းဆိုင်ရာနာကျင်မှုကိုသတိရပါ 142 00:07:22,076 --> 00:07:24,920 အထီးကျန်ဆန်မှုဟာ ကျွန်တော်တို့ရဲ့အတွေးအမြင်တွေကို 143 00:07:24,944 --> 00:07:27,833 ကောက်ကွေးစေရုံတင်မကဘူး ကျွန်တော်တို့ကိုပါအမှားတွေလုပ်မိစေတယ် 144 00:07:28,540 --> 00:07:30,803 ရှုံးနိမ့်မှုကလည်းအလားတူပါပဲ။ 145 00:07:31,568 --> 00:07:34,081 ကျွန်တော်ကလေးထိန်းကျောင်းတစ်ခုကို သွားလည်တော့ 146 00:07:34,105 --> 00:07:38,592 ကလေးသုံးယောက်ဟာ တူညီတဲ့ ပလပ်စတစ်ရုပ်လေးတွေနဲ့ကစားနေတာတွေ့ခဲ့တယ် 147 00:07:39,140 --> 00:07:43,179 အနီရောင်ခလုပ်လေးကိုတွန်းလိုက်ရင် ချစ်စရာခွေးရုပ်လေးထွက်လာတယ် 148 00:07:43,817 --> 00:07:48,388 မိန်းကလေးတစ်ယောက်က ခရမ်းရောင်ခလုပ်ကို ဆွဲလိုက်တွန်းလိုက်လုပ်နေတယ် 149 00:07:48,412 --> 00:07:51,206 ပြီးတော့ထိုင်ချလိုက်ပြီး အောက်နှုတ်ခမ်းတုန်တုန်နဲ့ 150 00:07:51,230 --> 00:07:53,005 အရုပ်ကိုကြည့်နေတယ် 151 00:07:53,029 --> 00:07:56,080 သူ့ဘေးနားကကောင်လေးကတော့ သူ့ရဲ့ဖြစ်ပျက်ပုံကိုကြည့်နေပြီး 152 00:07:56,104 --> 00:07:59,939 သူ့အရုပ်ပေါ်ကခလုပ်တွေကိုနှိပ်ကြည့်မနေ တော့ဘဲ မျက်ရည်ပေါက်ပေါက်ကျအောင်ငိုတော့တယ် 153 00:08:01,141 --> 00:08:04,583 အဲ့အချိန်မှာ နောက်ကောင်မလေးတစ်ယောက်က အနီရောင်ခလုပ်ကို တွန်းမမိမချင်း 154 00:08:04,607 --> 00:08:06,391 သူနားလည်သမျှကြိုးစားနေပါတယ် 155 00:08:06,415 --> 00:08:09,893 ချစ်စရာခွေးရုပ်လေးထွက်လာတော့ ပျော်ရွှင်စွာအော်ဟစ်ပါလေရော 156 00:08:10,421 --> 00:08:14,209 ဒါကြောင့် တူညီတဲ့ပလပ်စတစ်ရုပ်တွေနဲ့ ကလေး၃ယောက်ဟာ 157 00:08:14,233 --> 00:08:17,344 ရှုံးနိမ့်မှုကို ကွဲပြားစွာတုံ့ပြန်ကြပါတယ် 158 00:08:17,893 --> 00:08:21,788 ပထမကလေးနှစ်ယောက်ဟာ အနီရောင်ခလုပ်ကို အောင်မြင်စွာတွန်းနိုင်စွမ်းရှိပါတယ် 159 00:08:22,455 --> 00:08:25,566 ဒီလိုအောင်မြင်မှုမရအောင် တစ်ခုတည်းသောတားဆီးထားတဲ့အရာကတော့ 160 00:08:25,590 --> 00:08:29,265 အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးလေလို့ သူတို့ကိုလှည့်စားထားတဲ့စိတ် ပါပဲ 161 00:08:29,920 --> 00:08:33,624 လူကြီးတွေလည်းဒီလိုပါပဲ အချိန်တိုင်းလှည့်စားခံနေရပါတယ် 162 00:08:34,028 --> 00:08:39,181 တကယ်တော့ကျွန်တော်တို့မှာ စိတ်အနှောက်အယှက် ဖြစ်စရာတွေ ပြဿနာတွေပေါ်လာတိုင်း 163 00:08:39,205 --> 00:08:43,300 ထကြွလာတတ်တဲ့ မကောင်းတဲ့စိတ်ခံစားချက်နဲ့ ယုံကြည်မှုတွေရှိနေပါတယ် 164 00:08:43,324 --> 00:08:46,180 သင်ဟာရှုံနိမ့်မှုကို ဘယ်လိုတုံ့ပြန်လဲဆိုတာ သတိထားမိပါသလား။ 165 00:08:46,783 --> 00:08:48,009 သတိထားမိသင့်ပါတယ်။ 166 00:08:48,033 --> 00:08:51,830 ဘာလို့လဲဆိုတော့ သင့်ကိုမလုပ်နိုင်လောက်ပါဘူးလို့ 167 00:08:51,830 --> 00:08:53,933 သင့်စိတ်ကိုအယုံသွင်းရင် သင်ယုံမိမှာမလို့ပဲ။ 168 00:08:53,943 --> 00:08:57,241 ရှုံးနိမ့်ခဲ့တဲ့ကလေးနှစ်ယောက်လိုပဲ သင်လည်းအားကိုးရာမဲ့ဖြစ်သွားလိမ့်မယ် 169 00:08:57,251 --> 00:09:01,010 နောက် သင်ကြိုးစားနေတာကိုရပ်ချင်ရပ်လိုက်မယ် (သို့)မကြိုးစားတော့ပဲနေချင်နေလိုက်မယ် 170 00:09:01,010 --> 00:09:04,003 ဒါဆို မအောင်မြင်နိုင်တော့ပါဘူးလို့ သင့်ကိုယ်သင် ပိုထင်လာလိမ့်မယ် 171 00:09:04,003 --> 00:09:08,561 ဒါကြောင့် လူတွေဟာသူတို့တကယ်ရှိရမယ့် စွမ်းရည်ထက်နိမ့်ပြီးလုပ်ဆောင်နေကြတာပါ 172 00:09:08,951 --> 00:09:12,235 ဘာလို့လဲဆိုတော့ ဘဝတစ်လျှောက် တစ်နေရာမှာ တခါတရံ ရှုံးနိမ့်မှုတစ်ခုဟာ 173 00:09:12,259 --> 00:09:15,687 သူတို့မအောင်မြင်နိုင်ဘူးလို့အယုံသွင်းတယ် နောက်ပြီး သူတို့က ယုံလိုက်ကြတယ် 174 00:09:16,900 --> 00:09:21,160 ကျွန်တော်တို့ဟာတစုံတခုကိုယုံကြည်လိုက်ပြီ ဆိုရင်ပြန်ပြင်ဖို့အတော်ခဲယဉ်းသွားပါပြီ 175 00:09:21,831 --> 00:09:25,521 ကျွန်တော်ဒီသင်ခန်းစာကိုခက်ခဲစွာသင်ယူခဲ့ရတာ ကျွန်တော်နဲ့ကျွန်တော့်ညီ 176 00:09:25,521 --> 00:09:28,840 ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ညအမှောင်ထဲ 177 00:09:28,850 --> 00:09:31,070 ကားမောင်းတော့ ရဲကားက ကျွန်တော်တို့ကားကိုတားတယ် 178 00:09:31,094 --> 00:09:34,657 ဒီနယ်မြေမှာ လုယက်မှုတွေရှိတော့ သံသယဖြစ်ဖွယ်တွေရှာပါတယ် 179 00:09:34,681 --> 00:09:38,425 ရဲအရာရှိက ကားအနားကပ်လာပြီး သူ့ဓာတ်မီးက ကားမောင်းသူကိုထိုးလိုက်တယ် 180 00:09:38,839 --> 00:09:40,847 ကားရှေ့ခန်းမှာကျွန်တော့်ညီထိုင်တယ် 181 00:09:41,095 --> 00:09:42,365 နောက်မှာကျွန်တော်ပေါ့ 182 00:09:42,365 --> 00:09:44,933 ရဲအရာရှိက မျက်ဆန်ပြူးကြီးနဲ့ကြည့်ပြီး ဒီလိုပြောလိုက်တယ် 183 00:09:44,933 --> 00:09:47,254 မင်းမျက်နှာကိုငါအရင်က ဘယ်နေရာမှာတွေ့ဖူးတာပါလိမ့်? 184 00:09:47,254 --> 00:09:49,761 (ရယ်သံများ) 185 00:09:50,075 --> 00:09:51,226 ကျွန်တော်က 186 00:09:51,683 --> 00:09:53,358 ရှေ့ခုံမှာလေ လို့ပြောလိုက်တယ် 187 00:09:53,382 --> 00:09:55,869 (ရယ်သံများ) 188 00:09:55,995 --> 00:09:58,439 ဒါပေမဲ့ အဲ့လိုပြောလိုက်တာသူ့ဖို့ အဓိပ္ပါယ်မရှိစေဘဲ 189 00:09:58,439 --> 00:10:00,488 ကျွန်တော့်ကိုဆေးကြောင်နေတယ်လို့ သူထင်သွားတယ် 190 00:10:00,512 --> 00:10:02,072 (ရယ်သံများ) 191 00:10:02,096 --> 00:10:04,667 ဒါနဲ့ကားထဲကကျွန်တော့်ကိုဆွဲထုတ်ပြီး ရှာဖွေပါတော့တယ် 192 00:10:04,691 --> 00:10:06,518 ရဲကားနားခေါ်သွားပြီး 193 00:10:06,542 --> 00:10:10,042 ကျွန်တော့်မှာရဲမှုခင်းလုံးဝမရှိကြောင်း အတည်ပြုပြီးမှ 194 00:10:10,066 --> 00:10:13,576 ကျွန်တော့်အမြွာညီကားရှေ့မှာထိုင်နေတာ သူ့ကိုပြလိုက်တယ် 195 00:10:14,077 --> 00:10:16,189 ကျွန်တော်တို့ကားမောင်းထွက်သွား ပြီးတာတောင်မှ 196 00:10:16,213 --> 00:10:19,201 သူ့မျက်နှာကိုကြည့်လိုက်ရင် ကျွန်တော်တစ်ခုခုခိုးပြီး 197 00:10:19,225 --> 00:10:21,269 ထွက်ပြေးသွားတယ်လို့သူ့စိတ်ထဲထင်နေတုန်းပဲ 198 00:10:21,293 --> 00:10:22,923 (ရယ်သံများ) 199 00:10:22,923 --> 00:10:26,645 ကျွန်တော်တို့ရဲ့စိတ်ကတစ်ခါယုံမိပြီးသွားရင် ပြန်ပြင်ဖို့တော်တော်ခက်သွားပါတယ် 200 00:10:26,669 --> 00:10:30,109 ရှုံးနိမ့်ပြီးလို့ စိတ်ဓာတ်ကျတာတွေ လက်လျှော့လိုက်တာတွေဟာ 201 00:10:30,133 --> 00:10:31,820 သဘာဝကျလွန်းပါတယ် 202 00:10:31,844 --> 00:10:36,218 ဒါပေမဲ့ သင့်ကိုမအောင်မြင်နိုင်တော့ဘူးလို့ အယုံသွင်းတာကိုငြင်းဆန်နိုင်ပါတယ် 203 00:10:36,242 --> 00:10:39,090 အားကိုးရာမဲ့နေတဲ့ခံစားချက်ကို သင်ကိုယ်တိုင်ဖယ်ရှားရလိမ့်မယ် 204 00:10:39,114 --> 00:10:42,369 အခြေအနေပေါ်မူတည်ပြီး ကျွန်တော်တို့စိတ်ကို ထိန်းချုပ်ရပါလိမ့်မယ် 205 00:10:42,393 --> 00:10:44,985 အဲဒီလိုဆန့်ကျင်ဖက်သဘောဆောင်တဲ့ စက်ဝန်းတွေ မဖြစ်တည်ကပင် 206 00:10:45,009 --> 00:10:46,492 ကျွန်တော်တို့ဖြတ်ထားဖို့လိုတယ် 207 00:10:46,492 --> 00:10:48,497 (စိတ်ပိုင်းဆိုင်ရာယိုစိမ့်မှု ရပ်တန့်ပစ်ပါ) 208 00:10:48,497 --> 00:10:50,602 ကျွန်တော်တို့ရဲ့စိတ်နဲ့ခံစားချက်တွေဟာ 209 00:10:50,626 --> 00:10:53,967 ကျွန်တော်တို့ထင်သလို့ ကျွန်တော်တို့အပေါ်သစ္စာရှိတာမဟုတ်ပါဘူး 210 00:10:53,991 --> 00:10:56,833 သူတို့ဟာ စိတ်ဂနာမငြိမ်တဲ့သူငယ်ချင်းတွေနဲ့ တူတယ် 211 00:10:56,857 --> 00:11:01,540 တစ်မိနစ်လောက် အားပေးထောက်ခံနေပေမယ့် နောက်မိနစ်မှာစိတ်မချမ်းမြေ့စရာတွေဖြစ်စေတယ် 212 00:11:02,175 --> 00:11:05,858 ကျွန်တော်ဟာ အိမ်ထောင်သက်အနှစ်၂ဝလောက်ရှိတဲ့ 213 00:11:05,882 --> 00:11:08,287 ဆိုးဆိုးဝါးဝါး အိမ်ထောင်ကွဲထားတဲ့ 214 00:11:08,311 --> 00:11:10,548 အမျိုးသမီးတစ်ယောက်နဲ့အလုပ်တူတူလုပ်ဖူးတယ် 215 00:11:10,572 --> 00:11:12,965 သူမဟာ အွန်လိုင်းပေါ်မှာတွေ့တဲ့ အမျိုးသားတစ်ယောက်နဲ့ 216 00:11:12,965 --> 00:11:15,649 ပထမအကြိမ်တွေ့ဆုံဖို့အဆင်သင့်ဖြစ်နေပါပြီ သူဟာအောင်မြင်ပြီး 217 00:11:15,659 --> 00:11:18,795 ကြည့်ကောင်းတဲ့သူတစ်ယောက် အရေးကြီးဆုံးကသူမအတွက်အမှန်ကန်လို့ထင်ခဲ့တယ် 218 00:11:18,795 --> 00:11:21,577 ဒါမို့သူမစိတ်တွေလုပ်ရှားနေတယ် အ၀တ်အစားတစ်စုံအသစ်ဝယ်လိုက်တယ် 219 00:11:21,577 --> 00:11:25,332 သူတို့နှစ်ယောက်ဂုဏ်သရေရှိတဲ့နယူးယောက်က ဘားတစ်ခုမှာဆုံကြရင်းအဖျော်ယမကာသောက်ကြတယ် 220 00:11:25,332 --> 00:11:29,051 ဆုံကြပြီး ၁ဝမိနစ်လောက်နေတော့ အဲ့အမျိုးသားဟာ မတ်တပ်ထရပ်ကာ 221 00:11:29,051 --> 00:11:31,920 ကျွန်တော် ခင်ဗျားကိုစိတ်မဝင်စားဘူး လို့ပြောပြီးထွက်သွားတယ် 222 00:11:33,798 --> 00:11:36,913 ငြင်းပယ်ခြင်းဟာသိပ်ကိုနာကျင်လွန်းလှပါတယ် 223 00:11:37,200 --> 00:11:39,427 ဒီအမျိုးသမီးဟာမလှုပ်နိုင်အောင် နာကျင်ခဲ့ရပါတယ် 224 00:11:39,427 --> 00:11:41,801 သူလုပ်နိုင်ခဲ့တာက သူ့သူငယ်ချင်းဆီဖုန်းဆက်ဖို့ပဲ 225 00:11:42,198 --> 00:11:46,388 အဲ့မှာ သူငယ်ချင်းကပြောတယ် "ဟုတ်ပြီ မင်းကဘာကိုမျှော်လင့်နေတာလဲ 226 00:11:46,816 --> 00:11:50,088 မင်းမှာတင်ပါးကြီးကြီးရှိတယ် မင်းမှာစိတ်ဝင်စားစရာစကားပြောဖို့မရှိဘူး 227 00:11:50,203 --> 00:11:52,737 ဘာလို့ချောမောခန့်ညားတဲ့ အမျိုးသားတစ်ယောက်က 228 00:11:53,051 --> 00:11:56,152 နင့်လို အရှုံးသမားတစ်ယောက်အနေနဲ့ ချိန်းရတာလဲ 229 00:11:56,152 --> 00:11:59,861 သိပ်ကိုကြမ်းကြုတ်တဲ့သူငယ်ချင်းပဲဆိုပြီး အံသြမှင်သက်သွားတယ်မလား။ဟုတ်တယ်။ 230 00:11:59,861 --> 00:12:03,183 သို့သော် အကယ်၍ အဲ့လိုပြောတာတွေက သူငယ်ချင်းမဟုတ်ဘူးလို့ကျွန်တော်ပြောရင် 231 00:12:03,183 --> 00:12:05,833 ခင်ဗျားတို့အဲ့လောက်ကြီးအံ့သြမှင်သက် နေတော့မှာမဟုတ်ဘူး 232 00:12:05,957 --> 00:12:07,973 အဲ့ဒီမျိုးသမီးက သူ့ဘာသာပြန်ပြောတာမျိုးပေါ့ 233 00:12:07,973 --> 00:12:10,964 အဲဒီလိုပဲ ကျွန်တော်တို့တွေကတစ်စုံတစ်ခုကို လုပ်လိုက်ကြတယ် 234 00:12:11,024 --> 00:12:13,227 အထူးသဖြင့် ငြင်းပယ်ခြင်းခံရပြီးတဲ့အခါပေါ့ 235 00:12:13,251 --> 00:12:16,570 ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမှားတွေ ချို့ယွင်းချက်တွေ 236 00:12:16,570 --> 00:12:18,860 ဖြစ်ချင်ခဲ့တာတွေ မဖြစ်ချင်ခဲ့တာတွေ ကို စတွေးတယ်၊ 237 00:12:18,860 --> 00:12:20,265 ကိုယ့်အမည်နာမတွေရေရွတ်တော့တယ် 238 00:12:20,289 --> 00:12:22,775 ကြမ်းကြမ်းတမ်းတမ်းမဟုတ်တောင် အဲဒီလိုလုပ်ကြတယ် 239 00:12:23,034 --> 00:12:24,896 ကျွန်တော်တို့လုပ်တာတွေကစိတ်ဝင်စားစရာပဲ 240 00:12:24,920 --> 00:12:27,783 ဘာလို့လဲဆိုတော့အတွင်းစိတ်ကထိခိုက်နေလို့ပဲ 241 00:12:28,189 --> 00:12:30,761 ဒါကိုမှ ဘာလို့ ထပ်ထပ်ပြီး ဖျက်ဆီးချင်ရတာလဲ။ 242 00:12:30,796 --> 00:12:33,858 ကျနော်တို့ဟာ ကိုယ်ခန္ဓာဒဏ်ရာကို ပိုဆိုးအောင် တမင်လုပ်လေ့မရှိဘူး၊ 243 00:12:33,882 --> 00:12:36,784 ဓားတစ်ချောင်းယူပြီး ဘယ်လောက် နက်အောင် လုပ်လို့ရမလဲ 244 00:12:36,808 --> 00:12:40,344 ဆိုပြီး ကိုယ့်လက်မောင်းကို လှီးဖြတ်မှာ မဟုတ်ပါဘူး 245 00:12:40,368 --> 00:12:43,949 စိတ်ဒဏ်ရာတွေကိုကျတော့ အချိန်တိုင်း ကျွန်တော်တို့ အဲ့လိုပြုမူကြတယ် 246 00:12:43,973 --> 00:12:47,158 ဘာလို့လဲ။ ဘာလို့လဲဆို စိတ်ကျန်းမာရေးဆိုင်ရာအားနည်းနေလို့ပါ 247 00:12:47,302 --> 00:12:50,140 ဘာလို့လဲဆို ကျွန်တော်တို့ဟာ စိတ်ကျန်းမာရေးကိုဦးစားမပေးလို့ပဲ 248 00:12:50,862 --> 00:12:54,422 လေ့လာမှုပေါင်းဒါဇင်နဲ့ချီပြီးသိလာရတာက ကိုယ့်ဘာသာကိုယ်ယုံကြည်မှုနည်းလေလေ 249 00:12:54,446 --> 00:12:57,907 စိတ်ဖိစီးမှုတွေပူပန်သောကတွေများများလာပါတယ် 250 00:12:57,931 --> 00:13:00,715 အဲ့ဒါကြောင့်ကျဆုံးမှုတွေ ငြင်းပယ်မှုတွေကိုပိုခံစားရစေပါတယ် 251 00:13:00,854 --> 00:13:03,507 နောက်ပြီးပြန်ကောင်းဖို့အချိန်တွေအများကြီး ကြာပါလိမ့်မယ် 252 00:13:03,507 --> 00:13:06,759 ဒါကြောင့်ကျွန်တော်တို့ငြင်းပယ်ခံရပြီဆိုရင် ပထမဆုံးလုပ်သင့်တာကတော့ 253 00:13:06,783 --> 00:13:08,844 ကိုယ့်ရဲ့ယုံကြည်မှုကိုအားပေးဖို့ပါပဲ 254 00:13:08,868 --> 00:13:11,827 ငြင်းပယ်မှုတွေတိုက်ပွဲမဝင်ဘဲ အားပျော့သွားအောင်လုပ်လိုက်ပါ 255 00:13:13,180 --> 00:13:14,936 သင်စိတ်ပိုင်းဆိုင်ရာ နာကျင်နေတဲ့အခါ 256 00:13:15,459 --> 00:13:18,497 သူငယ်ချင်းကောင်းတစ်ယောက်ဆီက သင်မျှော်လင့်နေတဲ့ 257 00:13:18,521 --> 00:13:21,154 မေတ္တာအကြင်နာအတိုင်း သင့်ကိုသင် ပေးလိုက်ပါ 258 00:13:21,361 --> 00:13:23,249 (သင့်တန်ဖိုး သင်ကာကွယ်ပါ) 259 00:13:23,273 --> 00:13:27,574 ကျွန်တော်တို့ဆီမှာစိတ်ပိုင်းဆိုင်ရာ အကျင့်ဆိုးတွေရှိနေတတ်ပါတယ် ပြောင်းလဲပစ်ပါ 260 00:13:27,598 --> 00:13:31,816 အဆိုးဆုံးနဲ့ အဖြစ်များဆုံးသော အကျင့်ဆိုးတစ်ခုကတော့ စားမြုံပြန်ခြင်းပါပဲ 261 00:13:32,228 --> 00:13:34,728 စားမြုံပြန်တယ်ဆိုတာ အေးဆေးစဉ်းစားတွေးတောတာပေါ့ 262 00:13:34,752 --> 00:13:36,725 သင့်သူဌေးက သင့်ကိုအော်ငေါက်လိုက်တဲ့အခါ 263 00:13:36,725 --> 00:13:39,586 (သို့)သင့်ဆရာကသင့်ကိုအခန်းထဲ အသုံးမကျသူလို့ထင်အောင်လုပ်တဲ့အခါ 264 00:13:39,610 --> 00:13:41,859 (သို့)သင့်သူငယ်ချင်းနဲ့ အကြီးအကျယ်ရန်ဖြစ်တဲ့အခါ 265 00:13:41,883 --> 00:13:45,944 အဲ့ဒီဖြစ်စဉ်တွေကို ပြန်တွေးတောစဉ်းစားနေတာ ကိုရပ်တန့်ဖို့ 266 00:13:45,968 --> 00:13:48,357 ရက်အတော်ကြာ တခါတလေ ရက်သတ္တပတ်တွေထိကြာတတ်ပါတယ် 267 00:13:48,494 --> 00:13:52,177 အဲ့လိုစိတ်ရှုပ်စရာကောင်းတဲ့ဖြစ်စဉ်တွေကို စားမြုံပြန်နေတာဟာ အလွယ်တကူအကျင့်တစ်ခု 268 00:13:52,177 --> 00:13:55,426 ဖြစ်လာနိုင်ပြီးသိပ်ကိုရင်းနှီးမှုများပါတယ် ဘာလို့လဲဆိုတော့ 269 00:13:55,426 --> 00:14:00,151 သင့်အချိန်တွေကိုစိတ်ပျက်စရာကောင်းတဲ့ မကောင်းတဲ့အတွေးတွေပေါ်အာရုံထားလို့ပဲ 270 00:14:00,175 --> 00:14:03,124 အဲဒီတော့ သင့်ကိုသိသာတဲ့အန္တရာယ်တွေ ဖြစ်လာပါတယ် 271 00:14:03,148 --> 00:14:04,885 စိတ်ဓာတ်ကျစေတာတွေ 272 00:14:05,370 --> 00:14:06,636 အရက်သမားဖြစ်လာတာတွေ 273 00:14:06,660 --> 00:14:07,822 အစားအသောက်ပျက်လာတာ 274 00:14:07,846 --> 00:14:09,952 နှလုံးရောဂါလိုမျိုးတောင်မှဖြစ်လာနိုင်တယ် 275 00:14:10,682 --> 00:14:11,874 ပြဿနာက 276 00:14:11,898 --> 00:14:15,839 စားမြုံပြန်ဖို့ဆော်သြတာဟာသိပ်ပြင်းထန်ပြီး သိပ်အရေးကြီးတဲ့အကျင်းဆိုးမို့ 277 00:14:15,863 --> 00:14:17,916 ဟန့်တားဖို့ခက်ခဲပါတယ် 278 00:14:18,324 --> 00:14:20,427 ကျွန်တော်ဟာဒါကိုအချက်တစ်ခုအနေနဲ့ သိခဲ့ပါတယ် 279 00:14:20,451 --> 00:14:23,987 တစ်နှစ်စွန်းစွန်းလောက်တုန်းက ကိုယ့်ဘာသာကိုယ် အဲ့အကျင့်ကိုဖန်တီးခဲ့တယ် 280 00:14:24,540 --> 00:14:30,101 ကျွန်တော့်အမြွာညီမှာ အဆင့် ၃အဆင့် သွေးကင်ဆာရှိနေတာသိလိုက်ရတယ် 281 00:14:30,965 --> 00:14:33,109 ကင်ဆာကအတော်အပျံ့မြန်တာပဲ 282 00:14:33,133 --> 00:14:36,199 ဒါနဲ့သူ့ခန္ဓာတစ်ခုလုံးအကျိတ်တွေထွက်လာပါရော 283 00:14:36,904 --> 00:14:40,260 နောက်သူ့ကိုကင်ဆာဆေးတွေစပေးပါတော့တယ် 284 00:14:41,627 --> 00:14:45,567 သူအဲဒီလိုဖြစ်နေတာကို ကျွန်တော်မတွေးဘဲမနေနိုင်ဘူး 285 00:14:46,226 --> 00:14:49,306 သူတစ်ခါလေးတောင်မှစောတကမတက်တောင်မှပဲ သူဘယ်လောက်ခံစားနေရမလဲလို့လည်း 286 00:14:50,322 --> 00:14:53,591 ကျွန်တော်မတွေးဘဲမနေနိုင်ပြန်ဘူး 287 00:14:54,070 --> 00:14:56,997 သူ့ဆီမှာအံ့သြစရာကောင်းလောက်တဲ့ သဘောထားကောင်းရှိနေခဲ့တယ် 288 00:14:57,021 --> 00:14:59,508 သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက သြချရလောက်တယ် 289 00:15:00,212 --> 00:15:04,327 ကျွန်တော်ကရုပ်ပိုင်းဆိုင်ရာကျန်းမာပေမယ့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတော့သုံစားမရဘူး 290 00:15:04,813 --> 00:15:06,544 ဒါပေမယ့်ဘာလုပ်ရမလဲဆိုတာ သိပါတယ် 291 00:15:06,568 --> 00:15:11,123 လေ့လာမှုတွေအရ ၂မိနစ်စာအာရုံအပြောင်းအလဲလေးကတောင်မှ 292 00:15:11,123 --> 00:15:13,697 ဒီအချိန်တွေမှာစားမြုံပြန်တာကို ချေဖျက်ဖို့လုံလောက်ပါတယ် 293 00:15:14,110 --> 00:15:17,758 ဒါကြောင့်ကျွန်တော်စိုးရိမ်ပူပန် သောကရောက်ပြီးအတွေးဆိုးတွေဝင်လာရင် 294 00:15:17,782 --> 00:15:22,137 အခြားတစ်ခုကိုအာရုံစိုက်ဖို့ဖိအားပေးခဲ့တယ် အတွေးဆိုးတွေမရှိတော့တဲ့အချိန်အထိပေါ့ 295 00:15:22,161 --> 00:15:26,626 တစ်ပါတ်အတွင်းကျွန်တော်အတွေးတွေ ပြောင်းသွားခဲ့တယ် 296 00:15:26,650 --> 00:15:29,378 နောက်ပြီးအကောင်းမြင်တတ်လာပြီး မျှော်လင့်ချက်ထားတတ်လာတယ် 297 00:15:29,509 --> 00:15:31,243 (အတွေးဆိုးတွေကိုတိုက်ထုတ်ပစ်လိုက်ပါ) 298 00:15:31,267 --> 00:15:35,710 ကျွန်တော့်ညီကိုကင်ဆာဆေးပေးပြီး ၉ပတ်ကြာတော့ ကွန်ပြူတာဓာတ်မှန်ရိုက်တယ် 299 00:15:36,167 --> 00:15:38,524 သူ့အဖြေတွေရလာတော့ ကျွန်တော်သူ့ဘေးမှာရှိနေတယ် 300 00:15:39,125 --> 00:15:40,964 အကျိတ်တွေပြုတ်ပြုတ်ပြုန်းကုန်ပါပြီ 301 00:15:42,297 --> 00:15:45,271 သူနောက်ထပ် ကင်ဆာဆေး၃ခါစာခံယူရဦးမယ်ဆိုပေမယ့် 302 00:15:45,295 --> 00:15:47,255 သူနေပြန်ကောင်းလာပြီးဆိုတာသိလိုက်ရတယ် 303 00:15:47,659 --> 00:15:50,518 ဒီဓာတ်ပုံလေးကလွန်ခဲ့တဲ့ ၂ပတ်ကရိုက်ထားတာပါ 304 00:15:53,807 --> 00:15:56,312 သင်အထီးကျန်ဆန်နေတာကို အရေးယူလိုက်တာ 305 00:15:56,848 --> 00:15:59,698 ရှုံးနိမ့်မှုအတွက်တုန့်ပြန်မှုတွေ အမျိုးမျိုးပြောင်းလိုက်တာ 306 00:16:00,225 --> 00:16:02,621 သင့်တန်ဖိုးကို သင်ကာကွယ်တာ 307 00:16:02,645 --> 00:16:04,927 အတွေးဆိုးအတွေးညစ်တွေကို တိုက်ထုတ်ပစ်တာတွေဟာ 308 00:16:04,951 --> 00:16:08,180 သင့်ရဲ့စိတ်ဒဏ်ရာတွေကို မပျောက်ကင်းစေနိုင်ပါဘူး 309 00:16:08,204 --> 00:16:10,763 စိတ်ဓာတ်ကြံ့ခိုင်အောင်တည်ဆောက်ပါ 310 00:16:10,787 --> 00:16:12,015 မွေးမြူပါ 311 00:16:12,774 --> 00:16:16,720 လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်ကလူတွေဟာ တကိုယ်ရည်သန့်ရှင်းကိုလုပ်ဆောင်လာကြတယ် 312 00:16:17,267 --> 00:16:21,518 လူ့သက်တမ်းရှည်နှုန်းလည်း ဆယ်စုနှစ်အတွင်း 313 00:16:21,542 --> 00:16:23,260 ၅ဝရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့တယ် 314 00:16:23,947 --> 00:16:28,036 အကယ်၍ကျွန်တော်တို့သာစိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးကိုစတင်လေ့ကျင်မယ်ဆိုရင် 315 00:16:28,060 --> 00:16:31,369 ကျွန်တော်တို့ ပျော်ရွှင်မှုတွေကလည်း တဟုန်ထိုးတိုးတက်လာမှာယုံကြည်ပါတယ် 316 00:16:31,624 --> 00:16:34,257 အကယ်၍သာလူတိုင်း စိတ်ပိုင်းဆိုင်ရာကျန်းမာနေကြမယ်ဆိုရင် 317 00:16:34,281 --> 00:16:36,817 ကမ္ဘာကြီးကဘယ်လိုဖြစ်နေမလဲလို့ စိတ်ကူးကြည့်ဖူးလား။ 318 00:16:36,841 --> 00:16:39,762 အထီးကျန်ဆန်မှုတွေနည်းလာရင် စိတ်ဓာတ်ကျတာတွေနည်းလာရင် 319 00:16:40,240 --> 00:16:42,967 လူတွေကရှုံးနိမ့်မှုကိုဘယ်လိုကျော်လွှားရမယ် ဆိုတာသိလာကြရင် 320 00:16:43,224 --> 00:16:46,489 သူတို့ဘဝကို သူတို့ကျေနပ်ပြီး ပိုအားပေးလာကြရင် 321 00:16:46,513 --> 00:16:48,914 သူတို့ဘဝတွေဟာပိုပျော်လာပြီး ပြီးပြည့်စုံလာရင် 322 00:16:49,760 --> 00:16:53,037 အဲဒီလိုကမ္ဘာမျိုးက ကျွန်တော်နေချင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ 323 00:16:54,021 --> 00:16:57,707 ကျွန်တော့်ညီလည်းဒီလိုကမ္ဘာလေးမှာ နေချင်မှာပါပဲ 324 00:16:58,366 --> 00:17:02,866 သင်ဗဟုသုတတွေရပြီး ရိုးရှင်းတဲ့အကျင့်အချို့ကိုပြင်မယ်ဆိုရင် 325 00:17:03,551 --> 00:17:07,021 ကျွန်တော်တို့အားလုံး နေနိုင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ 326 00:17:07,367 --> 00:17:08,747 အားလုံးကိုကျေးဇူးတင်ပါတယ် 327 00:17:08,747 --> 00:17:11,267 (လက်ခုပ်သံများ)