0:00:03.141,0:00:05.676 ကျွန်တော်ဟာ တစ်ယောက်ကိုတစ်ယောက်[br]အရမ်းချစ်ကြတဲ့ 0:00:06.461,0:00:08.925 အမြွာညီအစ်ကိုတစ်ယောက်နဲ့[br]အတူတူကြီးပြင်းခဲ့ပါတယ်။ 0:00:09.477,0:00:12.549 အမြွာအဖြစ်ကြီးပြင်းခဲ့ရတဲ့ကျွန်တော်ဟာ 0:00:12.573,0:00:16.161 အခုဆိုရင် ဘက်လိုက်ခြင်းကို [br]ရှာဖွေတဲ့နေရာမှာဆရာတစ်ဆူဖြစ်နေပါပြီ။ 0:00:16.642,0:00:20.809 သူ့ရဲ့ကွတ်ကီးတွေဟာကျွန်တော့်ထက်[br]နည်းနည်းလေးပိုကြီးနေခဲ့ရင် 0:00:21.723,0:00:23.075 ကျွန်တော်မှာ မေးခွန်းတေွရှိတယ် 0:00:23.099,0:00:25.517 ရှင်းနေတာက ဆာနေလို့တော့မဟုတ်ပါဘူး 0:00:26.300,0:00:28.302 (ရယ်သံများ) 0:00:28.873,0:00:32.996 ကျွန်တော်စိတ်ပညာရှင်တစ်ယောက်ဖြစ်လာတော့[br]သူမတူတဲ့ဘက်လိုက်နည်းတစ်ခုကို 0:00:33.020,0:00:34.734 စတင်သတိထားမိလာတယ် 0:00:34.758,0:00:39.542 ဘယ်လိုလဲဆိုတော့-လူတွေဟာ စိတ်ထက်[br]ကိုယ်ခန္ဓာကို ပိုပြီးတန်ဖိုးထားကြတယ်။ 0:00:40.187,0:00:46.221 ကျွန်တော်ဟာစိတ်ပညာပါရဂူဘွဲ့အတွက်[br]တက္ကသိုလ်မှာကိုးနှစ်တာပညာဆည်းပူးခဲ့တယ်။ 0:00:46.245,0:00:50.499 လူတွေက ကျွန်တော်လိပ်စာကဒ်ကိုကြည့်ပြီး 0:00:50.523,0:00:54.843 အိုး..စိတ်ပညာရှင်ပဲဆရာဝန်အစစ်မှမဟုတ်ဘဲ[br]လို့ ဘယ်နှစ်ယောက်တောင်ပြောကြမလဲမသိဘူး 0:00:56.209,0:00:58.007 တကယ်တော့လိပ်စာကဒ်ကို[br]ဒီလိုရေးထားသင့်တာ 0:00:58.031,0:01:00.816 [Dr. Guy Winch, စိတ်ပညာရှင်[br](ဆရာဝန်အစစ်မဟုတ်)] 0:01:00.840,0:01:02.442 (ရယ်သံများ) 0:01:02.952,0:01:07.336 ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာကို စိတ်ထက်[br]ဘက်လိုက်အသားပေးနေတာကို 0:01:07.360,0:01:08.799 ကျွန်တော်နေရာတိုင်းမှာတွေ့ရတယ် 0:01:09.718,0:01:11.385 ဟိုတလောက[br]သူငယ်ချင်းအိမ်ကိုရောက်တော့ 0:01:11.409,0:01:13.931 သူတို့ရဲ့ငါးနှစ်အရွယ်ကလေးက[br]အိပ်ရာဝင်ဖို့ပြင်ဆင်နေတယ် 0:01:13.955,0:01:17.560 ကလေးဟာ မျက်နှာသစ်ဘေစင်ရှေ့ခုံပေါ်[br]မတ်တပ်ရပ်သွားတိုက်နေတုန်း 0:01:17.584,0:01:21.392 ခုံပေါ်ကချော်ကျပြီး[br]သူ့ရဲ့ခြေထောက်က ခုံနဲ့ခြစ်မိသွားတယ်ကလေးက 0:01:21.996,0:01:24.968 ခဏလောက်ငိုသွားပါတယ်[br]နောက် ပြန်ထလာတယ်။ 0:01:24.992,0:01:28.506 ခုံပေါ်ပြန်တက်ပြီး[br]အနာကပ်ပလာစတာရှိတဲ့ပုံးကိုယူတယ် 0:01:28.530,0:01:30.294 ပလာစတာ ၁ခုယူပြီး[br]သူ့အနာပေါ်ကပ်လိုက်တယ် 0:01:31.050,0:01:34.987 ကောင်းလေးက ဖိနပ်ကြိုးကို[br]ချည်ချင်မှ ချည်တတ်လိမ့်မယ် 0:01:35.011,0:01:39.438 ဒါပေမဲ့ သူကအနာကိုအုပ်ထားရမယ်ဆိုတာ[br]သိပါတယ် ဒါမှ အနာပိုးမဝင်မှာလေ 0:01:39.462,0:01:42.798 နောက်ပြီး သင်တို့ရဲ့သွားကို ဂရုစိုက်လို့[br]တစ်နေ့နှစ်ကြိမ်သွားတိုက်တယ် 0:01:43.365,0:01:46.345 ကျွန်တော်တို့ကိုယ်ခန္ဓာကျန်းမာဖို့[br]ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာရယ် 0:01:46.369,0:01:48.884 သွားကျန်းမာဖို့ဘယ်လိုပြုမူရမယ်ဆိုတာ[br]သိကြတယ်ဟုတ်။ 0:01:48.908,0:01:51.697 ကျွန်တော်တို့တွေဟာ ငါးနှစ်သားလောက်ကတည်းက[br]ဒါတွေကိုသိခဲ့ကြတယ် 0:01:52.442,0:01:57.066 ဒါပေမယ့်စိတ်ကျန်းမာရေးကိုဘယ်လို[br]ထိန်းသိမ်းရမယ်ဆိုတာသိကြပါသလား။ 0:01:57.240,0:01:59.428 အဖြေကတော့ ရှင်းပါတယ်။[br]မသိခဲ့ပါဘူး။ 0:01:59.778,0:02:03.568 ကလေးတွေရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာအတွက်[br]ကျွန်တော်တို့ဘာတွေသင်ကြားပေးလဲ။ 0:02:04.740,0:02:05.945 ဘာမှမသင်ကြားပေးပါဘူး။ 0:02:06.767,0:02:11.215 စိတ်ကိုဂရုစိုက်တာထက်[br]သွားကိုဂရုစိုက်တဲ့အချိန်တွေ 0:02:11.595,0:02:13.379 ပိုများနေတော့ဘာဖြစ်လဲ။ 0:02:14.202,0:02:19.012 စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထက်[br]ကိုယ်ခန္ဓာကျန်းမာရေးက 0:02:19.036,0:02:21.115 ကျွန်တော်တို့အတွက်ဘာလို့ပိုအရေးကြီးနေတာလဲ။ 0:02:21.393,0:02:26.387 ကျွန်တော်တို့ဟာရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေ[br]ထက် စိတ်ဒဏ်ရာတွေကို ပိုခံစားရပါတယ် 0:02:26.387,0:02:30.187 စိတ်ဒဏ်ရာဆိုရာမှာကျရှုံးမှု၊ငြင်းပယ်ခံရမှု[br]အထီးကျန်မှု မျိုးတွေဖြစ်နိုင်တယ် 0:02:30.187,0:02:33.808 အဲ့ဒါကိုမှ လစ်လျှူရှုမယ်ဆို[br]သူတို့ခံစားနေရတာပိုဆိုးလာလိမ့်မယ် 0:02:33.832,0:02:37.162 ဒါအပြင်သူတို့ဟာကျွန်တော်တို့၏လူနေမှုကိုပါ[br]သိသိသာသာထိခိုက်နိုင်ပါတယ် 0:02:37.285,0:02:41.465 အဲ့လိုစိတ်ဒဏ်ရာတွေကိုကုစားဖို့[br]အသုံးပြုနိုင်တဲ့သိပ္ပံနည်းကျရှာဖွေထားသော 0:02:41.489,0:02:45.382 နည်းလမ်းတွေရှိတာတောင်မှ[br]ကျွန်တော်တို့အသုံးပြုဖို့ 0:02:45.803,0:02:46.962 ဝန်လေးနေကြပါတယ်။ 0:02:47.374,0:02:49.915 ကျွန်တော်တို့ဟာ ဖြစ်သင့်တာတွေလည်း[br]ဖြစ်မလာတတ်ပါဘူး။ 0:02:50.434,0:02:54.491 "အိုး..စိတ်ညစ်နေတာလား၊ခါထုတ်ပစ်လိုက်စမ်းပါ[br]ဒါတွေကသင့်ဦးနှောက်ထဲကဖြစ်နေတာပါ" 0:02:54.920,0:02:57.911 ခြေကျိုးနေတဲ့သူတစ်ယောက်ကို[br]သင်ဒီလိုပြောဖို့စိတ်ကူးဖူးလား။ 0:02:57.911,0:03:01.037 "လမ်းလျှောက်လိုက်စမ်းပါ၊[br]ကျိုးတယ်ဆိုတာခြေထောက်ထဲမှာဖြစ်နေတာပါ"လို့ 0:03:01.037,0:03:02.852 (ရယ်သံများ)[br] 0:03:03.249,0:03:06.107 ကိုယ်ခန္ဓာနဲ့စိတ်ကျန်းမာရေးကြားဟနေတဲ့ 0:03:06.131,0:03:09.219 ကွက်လပ်ကလေးကိုပြန်ဖြည့်ဖို့အချိန်တန်ပါပြီ။[br]ကိုယ်ခန္ဓာ နဲ့ 0:03:09.243,0:03:11.362 စိတ်ကျန်းမာရေးကို[br]တန်းတူထားဖို့အချိန်ကျပါပြီ။ 0:03:12.385,0:03:14.203 အမြွာတွေလိုပေါ့ 0:03:15.148,0:03:18.921 ပြောရင်းနဲ့မှ ကျွန်တော့်[br]အမြွာညီ ကလည်း စ်တ်ပညာရှင်ပဲ 0:03:18.945,0:03:21.376 ဒါဆို သူလည်းဆရာဝန်အစစ်မဟုတ်ဘူးပေါ့ 0:03:21.400,0:03:23.128 (ရယ်သံများ) 0:03:23.708,0:03:25.680 ကျွန်တော်တို့က[br]တူတူသင်ယူခဲ့ရတာမဟုတ်ပါဘူး 0:03:25.704,0:03:30.095 ကျွန်တော့်ဘဝမှာအခက်ခဲဆုံးလုပ်ခဲ့ရတာက 0:03:30.119,0:03:32.865 စိတ်ပညာပါရဂူဘွဲ့အတွက်[br]အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး 0:03:32.889,0:03:34.776 နယူးယောက်မြို့ကိုသွားရတာပါပဲ 0:03:35.698,0:03:38.661 ကျွန်တော်တို့ဘဝမှာ ပထမဆုံးအကြိမ်[br]ခွဲခွာရခြင်းဖြစ်ခဲ့တယ် 0:03:38.685,0:03:41.970 အဲဒီလိုခွဲခွာရခြင်းဟာ ကျွန်တော်တို့[br]၂ယောက်လုံးအတွက်စိတ်မအီမသာဖြစ်စေတယ် 0:03:42.295,0:03:45.542 ဒါပေမယ့် သူကတော့ မိသားစုတွေ[br]သူငယ်ချင်းတွေနဲ့ကျန်ခဲ့ပါတယ် 0:03:45.566,0:03:47.551 ကျွန်တော်တော့နိုင်ငံခြားမှာ[br]တစ်ယောက်တည်း 0:03:47.551,0:03:49.971 ကျွန်တော်တို့ဟာတစ်ဦးကိုတစ်ဦး[br]အရမ်းလွမ်းကြပါတယ် 0:03:49.995,0:03:53.148 သို့သော် နိုင်ငံခြားဖုန်းခေါ်ဆိုခတွေက[br]စျေးကြီးတော့ 0:03:53.172,0:03:57.601 ကျွန်တော်တို့ဟာ ရက်သတ္တပတ်၁ပတ်ကို[br]၅မိနစ်ပဲဖုန်းပြောဖို့ တတ်နိုင်ပါတယ်။ 0:03:58.459,0:03:59.985 ကျွန်တော်တို့မွေးနေ့ရောက်လာတော့ 0:04:00.009,0:04:02.561 ပထမဆုံးအကြိမ်မွေးနေ့တူတူမကျင်းပရဘူးပေါ့ 0:04:02.585,0:04:03.994 ဒါကြောင့် ပုံအောပြီးဖုန်းကို 0:04:03.994,0:04:06.104 ဒီတပတ် ၁ဝမိနစ်ကြာအောင်ပြောကြမယ်[br]ဆုံးဖြတ်ကြတယ် 0:04:06.128,0:04:07.421 (ရယ်သံများ) 0:04:07.445,0:04:11.509 မနက်ခင်းကျတော့ အခန်းထဲမှာ[br]ဟိုဟိုဒီဒီလမ်းလျှောက်နေရင်း 0:04:11.604,0:04:13.681 သူဖုန်းခေါ်လာမှာကိုစောင့်နေတယ် 0:04:14.103,0:04:15.280 စောင့်နေတယ်... 0:04:15.817,0:04:17.248 ဒါပေမဲ့ ဖုန်းမလာခဲ့ပါဘူး 0:04:17.915,0:04:20.143 စံတော်ချိန်ကွာနေလို့[br]ကျွန်တော်ဒီလိုယူဆလိုက်တယ် 0:04:20.167,0:04:22.915 "အိုကေ ဘော်ဒါတွေနဲ့ထွက်လည်နေတာ[br]နေမှာ ပြီးရင်သူဆက်မှာပေါ့" 0:04:22.915,0:04:24.647 ဖုန်းမရှိသေးလို့နေမှာပါ လို့ 0:04:24.805,0:04:26.598 ဒါပေမဲ့ သူ့ဆီကဖုန်းမလာပါဘူး။ 0:04:27.041,0:04:31.675 ဒါနဲ့ ဆယ်လတာဝေးကွာနေခဲ့ပြီး[br]ကျွန်တော်စတင်သတိထားမိတာလာက 0:04:32.253,0:04:35.088 ကျွန်တော်လွမ်းနေသလောက်[br]သူမလွမ်းဘူးဆိုတာပဲ 0:04:36.028,0:04:38.531 မနက်မှာဖုန်းခေါ်မယ်လို့သိနေပေမဲ့ 0:04:38.555,0:04:43.070 အဲဒီညဟာကျွန်တော့်ဘဝအတွက်ဝမ်းအနည်းဆုံးနဲ့[br]အကြာဆုံးညတွေထဲကညတစ်ညဖြစ်ခဲ့တယ် 0:04:44.717,0:04:46.586 နောက်နေ့မနက်အိပ်ရာနိုးလာပြီး 0:04:46.688,0:04:48.335 ဖုန်းကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ 0:04:48.359,0:04:51.113 မနေ့ကဟိုဟိုဒီဒီလမ်းလျှောက်ရင်း[br]ဖုန်းကြိုးကိုတိုက်မိသွားတာ 0:04:51.137,0:04:52.814 တွေ့လိုက်တယ် 0:04:54.612,0:04:56.263 အိပ်ရာကနေချက်ချင်းထ 0:04:56.287,0:04:59.500 ၁စက္ကန့်ကြာတော့[br]ဖုန်းမြည်လာတယ် 0:04:59.764,0:05:01.424 ကျွန်တော့်ညီဆီကဖုန်းပေါ့ 0:05:01.448,0:05:03.116 ဟုတ်တယ်[br]ဒီကောင်မူးများမူးနေလားမသိဘူး 0:05:03.140,0:05:05.344 (ရယ်သံများ) 0:05:05.368,0:05:08.618 သူ့ဘဝအတွက်လည်း ဝမ်းအနည်းဆုံးနဲ့[br]အကြာဆုံးသောညဖြစ်ခဲ့တာပဲ။ 0:05:08.926,0:05:11.537 ဘာဖြစ်ခဲ့တယ်ဆိုတာကျွန်တော်ပြောပြဖို့[br]ကြိုးစားနေတုန်းသူက 0:05:11.561,0:05:12.780 "ငါဖုန်းမခေါ်မှန်းသိရင် 0:05:12.804,0:05:14.719 မင်းကဘာလို့[br]ငါ့ဆီကိုဖုန်းမဆက်လာတာလဲ 0:05:14.743,0:05:17.559 ငါနားမလည်ဘူး"[br]လို့ပြောတယ် 0:05:19.057,0:05:20.237 သူမှန်တယ်လေ 0:05:20.761,0:05:23.004 ကျွန်တော်ဘာလို့သူဆီ[br]ဖုန်းမဆက်ခဲ့မိပါလိမ့်? 0:05:23.187,0:05:24.861 ကျွန်တော့်အတွက်အဖြေမရှိခဲ့ပါဘူး။ 0:05:25.608,0:05:27.059 သို့သော်[br]ဒီနေ့တော့ဖြေနိုင်ပါပြီ 0:05:27.083,0:05:28.404 ရိုးရိုးလေးပါပဲ။ 0:05:29.688,0:05:30.861 အထီးကျန်ဆန်မှု။ 0:05:31.948,0:05:35.997 အထီးကျန်ဆန်တာကနက်ရှိုင်းတဲ့[br]စိတ်ဒဏ်ရာတစ်ခုအဖြစ်ဖန်တီးပါတယ် 0:05:36.021,0:05:39.708 အဲ့ဒဏ်ရာက အသိအမြင်တွေဝေဝါးစေတယ်[br]အတွေးအခေါ်တွေ ရောထွေးစေတယ် 0:05:39.708,0:05:44.958 အထီးကျန်ဆန်တာဟာ ပတ်ဝန်းကျင်က[br]တကယ်ဂရုစိုက်ပေမယ့် ဂရုမစိုက်ဘူးလို့ 0:05:45.544,0:05:48.328 ငါတို့စိတ်ကိုအယုံသွင်းပါတယ်[br]အထီးကျန်ဆန်တာကသင့်နှလုံးသားကို 0:05:48.352,0:05:52.442 ခံနိုင်တာထက်ပိုပြီးနာကျင်လာရတဲ့အခါ[br]ငြင်းဆန်မှုတွေ စိတ်နှလုံးပူဆွေးမှုတွေက 0:05:52.466,0:05:55.519 သင့်ကိုလွမ်းခြုံလိုက်တော့[br]လူတွေနဲ့ဆက်ဆံရမှာကိုကြောက်လာစေတယ် 0:05:56.432,0:05:59.515 ကျွန်တော်ဟာတကယ်ကို[br]အထီးကျန်ဆန်ခဲ့ရတယ်ဆိုပေမယ့် 0:05:59.539,0:06:03.408 အချိန်တိုင်းလူတွေကကျွန်တော့်အနားမှာရှိပေး[br]နေကြတော့လူတွေနဲ့ထိတွေရမှာမကြောက်တော့ဘူး 0:06:04.273,0:06:07.892 သို့သော် အထီးကျန်ဆန်မှုကို ကိုယ့်ဘာသာကိုယ်[br]အဓိပ္ပာယ်ဖွင့်ကြည့်တော့ 0:06:08.415,0:06:14.179 အထီးကျန်တာဟာ သင်က သင့်ရဲ့ပတ်ဝန်းကျင်ကို[br]ခံစားချက်အရ သို့ လူမှုရေးအရ 0:06:14.203,0:06:15.361 အဆက်အသွယ်ဖြတ်တောက်တာပါပဲ 0:06:15.385,0:06:16.542 ကျွန်တော်လည်းလုပ်ခဲ့တယ် 0:06:17.249,0:06:22.515 အထီးကျန်ဆန်မှုအတွက်သုတေသနစာတမ်းတွေ[br]အများကြီးရှိပါတယ် နောက်ပြီးအားလုံးက 0:06:22.599,0:06:25.959 ကြောက်စရာကောင်းနေတယ်[br]အထီးကျန်ဆန်တာကစိတ်မအီမသာရုံလေးမဟုတ်ဘူးနော် 0:06:25.977,0:06:27.457 သင့်အသက်ကိုပါနုတ်သွားနိုင်တယ် 0:06:27.500,0:06:28.960 ကျွန်တော် စနေတာမဟုတ်ဘူးနော် 0:06:28.984,0:06:32.575 နာတာရှည်အထီးကျန်ဆန်နေသူက[br]စောစောသေဖို့ 0:06:32.599,0:06:34.495 ၁၄ရာနှုန်းပိုများပါတယ် 0:06:34.902,0:06:36.267 တစ်ဆယ့်လေးရာခိုင်နှုန်းပါ 0:06:36.520,0:06:39.099 အထီးကျန်ဆန်မှုဟာ သွေးကိုတိုးစေတယ် 0:06:39.099,0:06:40.784 သွေးတွင်းအဆီဓာတ်တွေများစေပါတယ် 0:06:40.808,0:06:44.533 ကိုယ်ခန္ဓာရဲ့ခုခံစွမ်းအားစနစ်ကိုတောင်[br]ဖိနှိပ်ကာ 0:06:44.557,0:06:48.589 ရောဂါဘယပေါင်းစုံကို လက်ယက်ခေါ်ပေးနေသေးတယ် 0:06:48.613,0:06:52.151 တကယ်တော့[br]အားလုံးပေါင်းပြီးနိဂုံးချုပ်ပြောရရင် 0:06:52.175,0:06:55.831 နာတာရှည်အထီးကျန်ဆန်နေသူဟာ[br]သူ့ရဲ့ရေရှည်ကျန်းမာရေးအတွက်ကော 0:06:55.855,0:06:58.624 အသက်ရှည်ဖို့အတွက်ပါ[br]စီးကရက်သောက်တာလောက်နီးနီး 0:06:58.648,0:06:59.996 အန္တရာယ်များပါတယ် 0:07:00.464,0:07:04.571 အခုဆိုဆေးလိပ်ဗူးတွေမှာ သင့်ကိုသေစေနိုင်တယ်[br]လို့သတိပေးစာတွေကပ်ထားပါတယ် 0:07:04.833,0:07:06.777 ဒါပေမယ့် အထီးကျန်ဆန်မှုမှာတော့မကပ်ထားဘူး 0:07:07.335,0:07:09.260 ဒါမို့ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ 0:07:09.284,0:07:12.347 ကျန်းမာရေးကို[br]ဦးစားပေးဖို့အရေးကြီးတာပေါ့ 0:07:12.371,0:07:15.073 စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့[br]ကျွန်တော်တို့လေ့ကျင့်ရပါတယ် 0:07:15.405,0:07:18.182 ဘာကြောင့်လဲဆိုတော့[br]စိတ်ဒဏ်ရာကိုကျွန်တော်တို့မကုသနိုင်ဘူးလေ 0:07:18.182,0:07:22.051 အကယ်၍သင်စိတ်ဒဏ်ရာရတာလုံး၀မသိခဲ့ဘူးဆိုရင်[br]ခံစားချက်ပိုင်းဆိုင်ရာနာကျင်မှုကိုသတိရပါ 0:07:22.076,0:07:24.920 အထီးကျန်ဆန်မှုဟာ [br]ကျွန်တော်တို့ရဲ့အတွေးအမြင်တွေကို 0:07:24.944,0:07:27.833 ကောက်ကွေးစေရုံတင်မကဘူး[br]ကျွန်တော်တို့ကိုပါအမှားတွေလုပ်မိစေတယ် 0:07:28.540,0:07:30.803 ရှုံးနိမ့်မှုကလည်းအလားတူပါပဲ။ 0:07:31.568,0:07:34.081 ကျွန်တော်ကလေးထိန်းကျောင်းတစ်ခုကို[br]သွားလည်တော့ 0:07:34.105,0:07:38.592 ကလေးသုံးယောက်ဟာ တူညီတဲ့[br]ပလပ်စတစ်ရုပ်လေးတွေနဲ့ကစားနေတာတွေ့ခဲ့တယ် 0:07:39.140,0:07:43.179 အနီရောင်ခလုပ်လေးကိုတွန်းလိုက်ရင်[br]ချစ်စရာခွေးရုပ်လေးထွက်လာတယ် 0:07:43.817,0:07:48.388 မိန်းကလေးတစ်ယောက်က ခရမ်းရောင်ခလုပ်ကို[br]ဆွဲလိုက်တွန်းလိုက်လုပ်နေတယ် 0:07:48.412,0:07:51.206 ပြီးတော့ထိုင်ချလိုက်ပြီး[br]အောက်နှုတ်ခမ်းတုန်တုန်နဲ့ 0:07:51.230,0:07:53.005 အရုပ်ကိုကြည့်နေတယ် 0:07:53.029,0:07:56.080 သူ့ဘေးနားကကောင်လေးကတော့[br]သူ့ရဲ့ဖြစ်ပျက်ပုံကိုကြည့်နေပြီး 0:07:56.104,0:07:59.939 သူ့အရုပ်ပေါ်ကခလုပ်တွေကိုနှိပ်ကြည့်မနေ[br]တော့ဘဲ မျက်ရည်ပေါက်ပေါက်ကျအောင်ငိုတော့တယ် 0:08:01.141,0:08:04.583 အဲ့အချိန်မှာ နောက်ကောင်မလေးတစ်ယောက်က[br]အနီရောင်ခလုပ်ကို တွန်းမမိမချင်း 0:08:04.607,0:08:06.391 သူနားလည်သမျှကြိုးစားနေပါတယ် 0:08:06.415,0:08:09.893 ချစ်စရာခွေးရုပ်လေးထွက်လာတော့[br]ပျော်ရွှင်စွာအော်ဟစ်ပါလေရော 0:08:10.421,0:08:14.209 ဒါကြောင့် တူညီတဲ့ပလပ်စတစ်ရုပ်တွေနဲ့[br]ကလေး၃ယောက်ဟာ 0:08:14.233,0:08:17.344 ရှုံးနိမ့်မှုကို ကွဲပြားစွာတုံ့ပြန်ကြပါတယ် 0:08:17.893,0:08:21.788 ပထမကလေးနှစ်ယောက်ဟာ အနီရောင်ခလုပ်ကို[br]အောင်မြင်စွာတွန်းနိုင်စွမ်းရှိပါတယ် 0:08:22.455,0:08:25.566 ဒီလိုအောင်မြင်မှုမရအောင်[br]တစ်ခုတည်းသောတားဆီးထားတဲ့အရာကတော့ 0:08:25.590,0:08:29.265 အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးလေလို့[br]သူတို့ကိုလှည့်စားထားတဲ့စိတ် ပါပဲ 0:08:29.920,0:08:33.624 လူကြီးတွေလည်းဒီလိုပါပဲ[br]အချိန်တိုင်းလှည့်စားခံနေရပါတယ် 0:08:34.028,0:08:39.181 တကယ်တော့ကျွန်တော်တို့မှာ စိတ်အနှောက်အယှက်[br]ဖြစ်စရာတွေ ပြဿနာတွေပေါ်လာတိုင်း 0:08:39.205,0:08:43.300 ထကြွလာတတ်တဲ့ မကောင်းတဲ့စိတ်ခံစားချက်နဲ့[br]ယုံကြည်မှုတွေရှိနေပါတယ် 0:08:43.324,0:08:46.180 သင်ဟာရှုံနိမ့်မှုကို ဘယ်လိုတုံ့ပြန်လဲဆိုတာ[br]သတိထားမိပါသလား။ 0:08:46.783,0:08:48.009 သတိထားမိသင့်ပါတယ်။ 0:08:48.033,0:08:51.830 ဘာလို့လဲဆိုတော့[br]သင့်ကိုမလုပ်နိုင်လောက်ပါဘူးလို့ 0:08:51.830,0:08:53.933 သင့်စိတ်ကိုအယုံသွင်းရင်[br]သင်ယုံမိမှာမလို့ပဲ။ 0:08:53.943,0:08:57.241 ရှုံးနိမ့်ခဲ့တဲ့ကလေးနှစ်ယောက်လိုပဲ[br]သင်လည်းအားကိုးရာမဲ့ဖြစ်သွားလိမ့်မယ် 0:08:57.251,0:09:01.010 နောက် သင်ကြိုးစားနေတာကိုရပ်ချင်ရပ်လိုက်မယ်[br](သို့)မကြိုးစားတော့ပဲနေချင်နေလိုက်မယ် 0:09:01.010,0:09:04.003 ဒါဆို မအောင်မြင်နိုင်တော့ပါဘူးလို့[br]သင့်ကိုယ်သင် ပိုထင်လာလိမ့်မယ် 0:09:04.003,0:09:08.561 ဒါကြောင့် လူတွေဟာသူတို့တကယ်ရှိရမယ့်[br]စွမ်းရည်ထက်နိမ့်ပြီးလုပ်ဆောင်နေကြတာပါ 0:09:08.951,0:09:12.235 ဘာလို့လဲဆိုတော့ ဘဝတစ်လျှောက် တစ်နေရာမှာ[br]တခါတရံ ရှုံးနိမ့်မှုတစ်ခုဟာ 0:09:12.259,0:09:15.687 သူတို့မအောင်မြင်နိုင်ဘူးလို့အယုံသွင်းတယ်[br]နောက်ပြီး သူတို့က ယုံလိုက်ကြတယ် 0:09:16.900,0:09:21.160 ကျွန်တော်တို့ဟာတစုံတခုကိုယုံကြည်လိုက်ပြီ[br]ဆိုရင်ပြန်ပြင်ဖို့အတော်ခဲယဉ်းသွားပါပြီ 0:09:21.831,0:09:25.521 ကျွန်တော်ဒီသင်ခန်းစာကိုခက်ခဲစွာသင်ယူခဲ့ရတာ[br]ကျွန်တော်နဲ့ကျွန်တော့်ညီ 0:09:25.521,0:09:28.840 ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်တော်တို့[br]သူငယ်ချင်းတွေနဲ့ညအမှောင်ထဲ 0:09:28.850,0:09:31.070 ကားမောင်းတော့ ရဲကားက[br]ကျွန်တော်တို့ကားကိုတားတယ် 0:09:31.094,0:09:34.657 ဒီနယ်မြေမှာ လုယက်မှုတွေရှိတော့ [br]သံသယဖြစ်ဖွယ်တွေရှာပါတယ် 0:09:34.681,0:09:38.425 ရဲအရာရှိက ကားအနားကပ်လာပြီး[br]သူ့ဓာတ်မီးက ကားမောင်းသူကိုထိုးလိုက်တယ် 0:09:38.839,0:09:40.847 ကားရှေ့ခန်းမှာကျွန်တော့်ညီထိုင်တယ် 0:09:41.095,0:09:42.365 နောက်မှာကျွန်တော်ပေါ့ 0:09:42.365,0:09:44.933 ရဲအရာရှိက မျက်ဆန်ပြူးကြီးနဲ့ကြည့်ပြီး[br]ဒီလိုပြောလိုက်တယ် 0:09:44.933,0:09:47.254 မင်းမျက်နှာကိုငါအရင်က[br]ဘယ်နေရာမှာတွေ့ဖူးတာပါလိမ့်? 0:09:47.254,0:09:49.761 (ရယ်သံများ) 0:09:50.075,0:09:51.226 ကျွန်တော်က 0:09:51.683,0:09:53.358 ရှေ့ခုံမှာလေ လို့ပြောလိုက်တယ် 0:09:53.382,0:09:55.869 (ရယ်သံများ) 0:09:55.995,0:09:58.439 ဒါပေမဲ့ အဲ့လိုပြောလိုက်တာသူ့ဖို့[br]အဓိပ္ပါယ်မရှိစေဘဲ 0:09:58.439,0:10:00.488 ကျွန်တော့်ကိုဆေးကြောင်နေတယ်လို့[br]သူထင်သွားတယ် 0:10:00.512,0:10:02.072 (ရယ်သံများ) 0:10:02.096,0:10:04.667 ဒါနဲ့ကားထဲကကျွန်တော့်ကိုဆွဲထုတ်ပြီး[br]ရှာဖွေပါတော့တယ် 0:10:04.691,0:10:06.518 ရဲကားနားခေါ်သွားပြီး 0:10:06.542,0:10:10.042 ကျွန်တော့်မှာရဲမှုခင်းလုံးဝမရှိကြောင်း[br]အတည်ပြုပြီးမှ 0:10:10.066,0:10:13.576 ကျွန်တော့်အမြွာညီကားရှေ့မှာထိုင်နေတာ[br]သူ့ကိုပြလိုက်တယ် 0:10:14.077,0:10:16.189 ကျွန်တော်တို့ကားမောင်းထွက်သွား[br]ပြီးတာတောင်မှ 0:10:16.213,0:10:19.201 သူ့မျက်နှာကိုကြည့်လိုက်ရင်[br]ကျွန်တော်တစ်ခုခုခိုးပြီး 0:10:19.225,0:10:21.269 ထွက်ပြေးသွားတယ်လို့သူ့စိတ်ထဲထင်နေတုန်းပဲ 0:10:21.293,0:10:22.923 (ရယ်သံများ) 0:10:22.923,0:10:26.645 ကျွန်တော်တို့ရဲ့စိတ်ကတစ်ခါယုံမိပြီးသွားရင်[br]ပြန်ပြင်ဖို့တော်တော်ခက်သွားပါတယ် 0:10:26.669,0:10:30.109 ရှုံးနိမ့်ပြီးလို့ စိတ်ဓာတ်ကျတာတွေ[br]လက်လျှော့လိုက်တာတွေဟာ 0:10:30.133,0:10:31.820 သဘာဝကျလွန်းပါတယ် 0:10:31.844,0:10:36.218 ဒါပေမဲ့ သင့်ကိုမအောင်မြင်နိုင်တော့ဘူးလို့[br]အယုံသွင်းတာကိုငြင်းဆန်နိုင်ပါတယ် 0:10:36.242,0:10:39.090 အားကိုးရာမဲ့နေတဲ့ခံစားချက်ကို[br]သင်ကိုယ်တိုင်ဖယ်ရှားရလိမ့်မယ် 0:10:39.114,0:10:42.369 အခြေအနေပေါ်မူတည်ပြီး[br]ကျွန်တော်တို့စိတ်ကို ထိန်းချုပ်ရပါလိမ့်မယ် 0:10:42.393,0:10:44.985 အဲဒီလိုဆန့်ကျင်ဖက်သဘောဆောင်တဲ့[br]စက်ဝန်းတွေ မဖြစ်တည်ကပင် 0:10:45.009,0:10:46.492 ကျွန်တော်တို့ဖြတ်ထားဖို့လိုတယ် 0:10:46.492,0:10:48.497 (စိတ်ပိုင်းဆိုင်ရာယိုစိမ့်မှု[br]ရပ်တန့်ပစ်ပါ) 0:10:48.497,0:10:50.602 ကျွန်တော်တို့ရဲ့စိတ်နဲ့ခံစားချက်တွေဟာ 0:10:50.626,0:10:53.967 ကျွန်တော်တို့ထင်သလို့[br]ကျွန်တော်တို့အပေါ်သစ္စာရှိတာမဟုတ်ပါဘူး 0:10:53.991,0:10:56.833 သူတို့ဟာ စိတ်ဂနာမငြိမ်တဲ့သူငယ်ချင်းတွေနဲ့[br]တူတယ် 0:10:56.857,0:11:01.540 တစ်မိနစ်လောက် အားပေးထောက်ခံနေပေမယ့်[br]နောက်မိနစ်မှာစိတ်မချမ်းမြေ့စရာတွေဖြစ်စေတယ် 0:11:02.175,0:11:05.858 ကျွန်တော်ဟာ အိမ်ထောင်သက်အနှစ်၂ဝလောက်ရှိတဲ့ 0:11:05.882,0:11:08.287 ဆိုးဆိုးဝါးဝါး အိမ်ထောင်ကွဲထားတဲ့ 0:11:08.311,0:11:10.548 အမျိုးသမီးတစ်ယောက်နဲ့အလုပ်တူတူလုပ်ဖူးတယ် 0:11:10.572,0:11:12.965 သူမဟာ အွန်လိုင်းပေါ်မှာတွေ့တဲ့[br]အမျိုးသားတစ်ယောက်နဲ့ 0:11:12.965,0:11:15.649 ပထမအကြိမ်တွေ့ဆုံဖို့အဆင်သင့်ဖြစ်နေပါပြီ[br]သူဟာအောင်မြင်ပြီး 0:11:15.659,0:11:18.795 ကြည့်ကောင်းတဲ့သူတစ်ယောက်[br]အရေးကြီးဆုံးကသူမအတွက်အမှန်ကန်လို့ထင်ခဲ့တယ် 0:11:18.795,0:11:21.577 ဒါမို့သူမစိတ်တွေလုပ်ရှားနေတယ်[br]အ၀တ်အစားတစ်စုံအသစ်ဝယ်လိုက်တယ် 0:11:21.577,0:11:25.332 သူတို့နှစ်ယောက်ဂုဏ်သရေရှိတဲ့နယူးယောက်က[br]ဘားတစ်ခုမှာဆုံကြရင်းအဖျော်ယမကာသောက်ကြတယ် 0:11:25.332,0:11:29.051 ဆုံကြပြီး ၁ဝမိနစ်လောက်နေတော့[br]အဲ့အမျိုးသားဟာ မတ်တပ်ထရပ်ကာ 0:11:29.051,0:11:31.920 ကျွန်တော် ခင်ဗျားကိုစိတ်မဝင်စားဘူး[br]လို့ပြောပြီးထွက်သွားတယ် 0:11:33.798,0:11:36.913 ငြင်းပယ်ခြင်းဟာသိပ်ကိုနာကျင်လွန်းလှပါတယ် 0:11:37.200,0:11:39.427 ဒီအမျိုးသမီးဟာမလှုပ်နိုင်အောင်[br]နာကျင်ခဲ့ရပါတယ် 0:11:39.427,0:11:41.801 သူလုပ်နိုင်ခဲ့တာက[br]သူ့သူငယ်ချင်းဆီဖုန်းဆက်ဖို့ပဲ 0:11:42.198,0:11:46.388 အဲ့မှာ သူငယ်ချင်းကပြောတယ်[br]"ဟုတ်ပြီ မင်းကဘာကိုမျှော်လင့်နေတာလဲ 0:11:46.816,0:11:50.088 မင်းမှာတင်ပါးကြီးကြီးရှိတယ်[br]မင်းမှာစိတ်ဝင်စားစရာစကားပြောဖို့မရှိဘူး 0:11:50.203,0:11:52.737 ဘာလို့ချောမောခန့်ညားတဲ့[br]အမျိုးသားတစ်ယောက်က 0:11:53.051,0:11:56.152 နင့်လို အရှုံးသမားတစ်ယောက်အနေနဲ့[br]ချိန်းရတာလဲ 0:11:56.152,0:11:59.861 သိပ်ကိုကြမ်းကြုတ်တဲ့သူငယ်ချင်းပဲဆိုပြီး[br]အံသြမှင်သက်သွားတယ်မလား။ဟုတ်တယ်။ 0:11:59.861,0:12:03.183 သို့သော် အကယ်၍ အဲ့လိုပြောတာတွေက[br]သူငယ်ချင်းမဟုတ်ဘူးလို့ကျွန်တော်ပြောရင် 0:12:03.183,0:12:05.833 ခင်ဗျားတို့အဲ့လောက်ကြီးအံ့သြမှင်သက်[br]နေတော့မှာမဟုတ်ဘူး 0:12:05.957,0:12:07.973 အဲ့ဒီမျိုးသမီးက သူ့ဘာသာပြန်ပြောတာမျိုးပေါ့ 0:12:07.973,0:12:10.964 အဲဒီလိုပဲ ကျွန်တော်တို့တွေကတစ်စုံတစ်ခုကို[br]လုပ်လိုက်ကြတယ် 0:12:11.024,0:12:13.227 အထူးသဖြင့် ငြင်းပယ်ခြင်းခံရပြီးတဲ့အခါပေါ့ 0:12:13.251,0:12:16.570 ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမှားတွေ[br]ချို့ယွင်းချက်တွေ 0:12:16.570,0:12:18.860 ဖြစ်ချင်ခဲ့တာတွေ မဖြစ်ချင်ခဲ့တာတွေ[br]ကို စတွေးတယ်၊ 0:12:18.860,0:12:20.265 ကိုယ့်အမည်နာမတွေရေရွတ်တော့တယ် 0:12:20.289,0:12:22.775 ကြမ်းကြမ်းတမ်းတမ်းမဟုတ်တောင်[br]အဲဒီလိုလုပ်ကြတယ် 0:12:23.034,0:12:24.896 ကျွန်တော်တို့လုပ်တာတွေကစိတ်ဝင်စားစရာပဲ 0:12:24.920,0:12:27.783 ဘာလို့လဲဆိုတော့အတွင်းစိတ်ကထိခိုက်နေလို့ပဲ 0:12:28.189,0:12:30.761 ဒါကိုမှ ဘာလို့ ထပ်ထပ်ပြီး [br]ဖျက်ဆီးချင်ရတာလဲ။ 0:12:30.796,0:12:33.858 ကျနော်တို့ဟာ ကိုယ်ခန္ဓာဒဏ်ရာကို [br]ပိုဆိုးအောင် တမင်လုပ်လေ့မရှိဘူး၊ 0:12:33.882,0:12:36.784 ဓားတစ်ချောင်းယူပြီး ဘယ်လောက် [br]နက်အောင် လုပ်လို့ရမလဲ 0:12:36.808,0:12:40.344 ဆိုပြီး ကိုယ့်လက်မောင်းကို [br]လှီးဖြတ်မှာ မဟုတ်ပါဘူး 0:12:40.368,0:12:43.949 စိတ်ဒဏ်ရာတွေကိုကျတော့ အချိန်တိုင်း [br]ကျွန်တော်တို့ အဲ့လိုပြုမူကြတယ် 0:12:43.973,0:12:47.158 ဘာလို့လဲ။ ဘာလို့လဲဆို[br]စိတ်ကျန်းမာရေးဆိုင်ရာအားနည်းနေလို့ပါ 0:12:47.302,0:12:50.140 ဘာလို့လဲဆို ကျွန်တော်တို့ဟာ[br]စိတ်ကျန်းမာရေးကိုဦးစားမပေးလို့ပဲ 0:12:50.862,0:12:54.422 လေ့လာမှုပေါင်းဒါဇင်နဲ့ချီပြီးသိလာရတာက[br]ကိုယ့်ဘာသာကိုယ်ယုံကြည်မှုနည်းလေလေ 0:12:54.446,0:12:57.907 စိတ်ဖိစီးမှုတွေပူပန်သောကတွေများများလာပါတယ် 0:12:57.931,0:13:00.715 အဲ့ဒါကြောင့်ကျဆုံးမှုတွေ[br]ငြင်းပယ်မှုတွေကိုပိုခံစားရစေပါတယ် 0:13:00.854,0:13:03.507 နောက်ပြီးပြန်ကောင်းဖို့အချိန်တွေအများကြီး[br]ကြာပါလိမ့်မယ် 0:13:03.507,0:13:06.759 ဒါကြောင့်ကျွန်တော်တို့ငြင်းပယ်ခံရပြီဆိုရင်[br]ပထမဆုံးလုပ်သင့်တာကတော့ 0:13:06.783,0:13:08.844 ကိုယ့်ရဲ့ယုံကြည်မှုကိုအားပေးဖို့ပါပဲ 0:13:08.868,0:13:11.827 ငြင်းပယ်မှုတွေတိုက်ပွဲမဝင်ဘဲ[br]အားပျော့သွားအောင်လုပ်လိုက်ပါ 0:13:13.180,0:13:14.936 သင်စိတ်ပိုင်းဆိုင်ရာ နာကျင်နေတဲ့အခါ 0:13:15.459,0:13:18.497 သူငယ်ချင်းကောင်းတစ်ယောက်ဆီက[br]သင်မျှော်လင့်နေတဲ့ 0:13:18.521,0:13:21.154 မေတ္တာအကြင်နာအတိုင်း သင့်ကိုသင်[br]ပေးလိုက်ပါ 0:13:21.361,0:13:23.249 (သင့်တန်ဖိုး သင်ကာကွယ်ပါ) 0:13:23.273,0:13:27.574 ကျွန်တော်တို့ဆီမှာစိတ်ပိုင်းဆိုင်ရာ[br]အကျင့်ဆိုးတွေရှိနေတတ်ပါတယ် ပြောင်းလဲပစ်ပါ 0:13:27.598,0:13:31.816 အဆိုးဆုံးနဲ့ အဖြစ်များဆုံးသော[br]အကျင့်ဆိုးတစ်ခုကတော့ စားမြုံပြန်ခြင်းပါပဲ 0:13:32.228,0:13:34.728 စားမြုံပြန်တယ်ဆိုတာ[br]အေးဆေးစဉ်းစားတွေးတောတာပေါ့ 0:13:34.752,0:13:36.725 သင့်သူဌေးက သင့်ကိုအော်ငေါက်လိုက်တဲ့အခါ 0:13:36.725,0:13:39.586 (သို့)သင့်ဆရာကသင့်ကိုအခန်းထဲ[br]အသုံးမကျသူလို့ထင်အောင်လုပ်တဲ့အခါ 0:13:39.610,0:13:41.859 (သို့)သင့်သူငယ်ချင်းနဲ့[br]အကြီးအကျယ်ရန်ဖြစ်တဲ့အခါ 0:13:41.883,0:13:45.944 အဲ့ဒီဖြစ်စဉ်တွေကို ပြန်တွေးတောစဉ်းစားနေတာ[br]ကိုရပ်တန့်ဖို့ 0:13:45.968,0:13:48.357 ရက်အတော်ကြာ တခါတလေ[br]ရက်သတ္တပတ်တွေထိကြာတတ်ပါတယ် 0:13:48.494,0:13:52.177 အဲ့လိုစိတ်ရှုပ်စရာကောင်းတဲ့ဖြစ်စဉ်တွေကို[br]စားမြုံပြန်နေတာဟာ အလွယ်တကူအကျင့်တစ်ခု 0:13:52.177,0:13:55.426 ဖြစ်လာနိုင်ပြီးသိပ်ကိုရင်းနှီးမှုများပါတယ်[br]ဘာလို့လဲဆိုတော့ 0:13:55.426,0:14:00.151 သင့်အချိန်တွေကိုစိတ်ပျက်စရာကောင်းတဲ့[br]မကောင်းတဲ့အတွေးတွေပေါ်အာရုံထားလို့ပဲ 0:14:00.175,0:14:03.124 အဲဒီတော့ သင့်ကိုသိသာတဲ့အန္တရာယ်တွေ[br]ဖြစ်လာပါတယ် 0:14:03.148,0:14:04.885 စိတ်ဓာတ်ကျစေတာတွေ[br] 0:14:05.370,0:14:06.636 အရက်သမားဖြစ်လာတာတွေ 0:14:06.660,0:14:07.822 အစားအသောက်ပျက်လာတာ[br] 0:14:07.846,0:14:09.952 နှလုံးရောဂါလိုမျိုးတောင်မှဖြစ်လာနိုင်တယ် 0:14:10.682,0:14:11.874 ပြဿနာက 0:14:11.898,0:14:15.839 စားမြုံပြန်ဖို့ဆော်သြတာဟာသိပ်ပြင်းထန်ပြီး[br]သိပ်အရေးကြီးတဲ့အကျင်းဆိုးမို့ 0:14:15.863,0:14:17.916 ဟန့်တားဖို့ခက်ခဲပါတယ် 0:14:18.324,0:14:20.427 ကျွန်တော်ဟာဒါကိုအချက်တစ်ခုအနေနဲ့[br]သိခဲ့ပါတယ် 0:14:20.451,0:14:23.987 တစ်နှစ်စွန်းစွန်းလောက်တုန်းက[br]ကိုယ့်ဘာသာကိုယ် အဲ့အကျင့်ကိုဖန်တီးခဲ့တယ် 0:14:24.540,0:14:30.101 ကျွန်တော့်အမြွာညီမှာ[br]အဆင့် ၃အဆင့် သွေးကင်ဆာရှိနေတာသိလိုက်ရတယ် 0:14:30.965,0:14:33.109 ကင်ဆာကအတော်အပျံ့မြန်တာပဲ 0:14:33.133,0:14:36.199 ဒါနဲ့သူ့ခန္ဓာတစ်ခုလုံးအကျိတ်တွေထွက်လာပါရော 0:14:36.904,0:14:40.260 နောက်သူ့ကိုကင်ဆာဆေးတွေစပေးပါတော့တယ် 0:14:41.627,0:14:45.567 သူအဲဒီလိုဖြစ်နေတာကို[br]ကျွန်တော်မတွေးဘဲမနေနိုင်ဘူး 0:14:46.226,0:14:49.306 သူတစ်ခါလေးတောင်မှစောတကမတက်တောင်မှပဲ[br]သူဘယ်လောက်ခံစားနေရမလဲလို့လည်း 0:14:50.322,0:14:53.591 ကျွန်တော်မတွေးဘဲမနေနိုင်ပြန်ဘူး 0:14:54.070,0:14:56.997 သူ့ဆီမှာအံ့သြစရာကောင်းလောက်တဲ့[br]သဘောထားကောင်းရှိနေခဲ့တယ် 0:14:57.021,0:14:59.508 သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက[br]သြချရလောက်တယ် 0:15:00.212,0:15:04.327 ကျွန်တော်ကရုပ်ပိုင်းဆိုင်ရာကျန်းမာပေမယ့်[br]စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတော့သုံစားမရဘူး 0:15:04.813,0:15:06.544 ဒါပေမယ့်ဘာလုပ်ရမလဲဆိုတာ[br]သိပါတယ် 0:15:06.568,0:15:11.123 လေ့လာမှုတွေအရ[br]၂မိနစ်စာအာရုံအပြောင်းအလဲလေးကတောင်မှ 0:15:11.123,0:15:13.697 ဒီအချိန်တွေမှာစားမြုံပြန်တာကို[br]ချေဖျက်ဖို့လုံလောက်ပါတယ် 0:15:14.110,0:15:17.758 ဒါကြောင့်ကျွန်တော်စိုးရိမ်ပူပန်[br]သောကရောက်ပြီးအတွေးဆိုးတွေဝင်လာရင် 0:15:17.782,0:15:22.137 အခြားတစ်ခုကိုအာရုံစိုက်ဖို့ဖိအားပေးခဲ့တယ်[br]အတွေးဆိုးတွေမရှိတော့တဲ့အချိန်အထိပေါ့ 0:15:22.161,0:15:26.626 တစ်ပါတ်အတွင်းကျွန်တော်အတွေးတွေ[br]ပြောင်းသွားခဲ့တယ် 0:15:26.650,0:15:29.378 နောက်ပြီးအကောင်းမြင်တတ်လာပြီး[br]မျှော်လင့်ချက်ထားတတ်လာတယ် 0:15:29.509,0:15:31.243 (အတွေးဆိုးတွေကိုတိုက်ထုတ်ပစ်လိုက်ပါ) 0:15:31.267,0:15:35.710 ကျွန်တော့်ညီကိုကင်ဆာဆေးပေးပြီး ၉ပတ်ကြာတော့[br]ကွန်ပြူတာဓာတ်မှန်ရိုက်တယ် 0:15:36.167,0:15:38.524 သူ့အဖြေတွေရလာတော့[br]ကျွန်တော်သူ့ဘေးမှာရှိနေတယ် 0:15:39.125,0:15:40.964 အကျိတ်တွေပြုတ်ပြုတ်ပြုန်းကုန်ပါပြီ 0:15:42.297,0:15:45.271 သူနောက်ထပ်[br]ကင်ဆာဆေး၃ခါစာခံယူရဦးမယ်ဆိုပေမယ့် 0:15:45.295,0:15:47.255 သူနေပြန်ကောင်းလာပြီးဆိုတာသိလိုက်ရတယ် 0:15:47.659,0:15:50.518 ဒီဓာတ်ပုံလေးကလွန်ခဲ့တဲ့[br]၂ပတ်ကရိုက်ထားတာပါ 0:15:53.807,0:15:56.312 သင်အထီးကျန်ဆန်နေတာကို အရေးယူလိုက်တာ 0:15:56.848,0:15:59.698 ရှုံးနိမ့်မှုအတွက်တုန့်ပြန်မှုတွေ[br]အမျိုးမျိုးပြောင်းလိုက်တာ 0:16:00.225,0:16:02.621 သင့်တန်ဖိုးကို သင်ကာကွယ်တာ 0:16:02.645,0:16:04.927 အတွေးဆိုးအတွေးညစ်တွေကို[br]တိုက်ထုတ်ပစ်တာတွေဟာ 0:16:04.951,0:16:08.180 သင့်ရဲ့စိတ်ဒဏ်ရာတွေကို[br]မပျောက်ကင်းစေနိုင်ပါဘူး 0:16:08.204,0:16:10.763 စိတ်ဓာတ်ကြံ့ခိုင်အောင်တည်ဆောက်ပါ[br] 0:16:10.787,0:16:12.015 မွေးမြူပါ 0:16:12.774,0:16:16.720 လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်ကလူတွေဟာ[br]တကိုယ်ရည်သန့်ရှင်းကိုလုပ်ဆောင်လာကြတယ် 0:16:17.267,0:16:21.518 လူ့သက်တမ်းရှည်နှုန်းလည်း[br]ဆယ်စုနှစ်အတွင်း 0:16:21.542,0:16:23.260 ၅ဝရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့တယ် 0:16:23.947,0:16:28.036 အကယ်၍ကျွန်တော်တို့သာစိတ်ပိုင်းဆိုင်ရာ[br]ကျန်းမာကြံ့ခိုင်ရေးကိုစတင်လေ့ကျင်မယ်ဆိုရင် 0:16:28.060,0:16:31.369 ကျွန်တော်တို့ ပျော်ရွှင်မှုတွေကလည်း[br]တဟုန်ထိုးတိုးတက်လာမှာယုံကြည်ပါတယ် 0:16:31.624,0:16:34.257 အကယ်၍သာလူတိုင်း[br]စိတ်ပိုင်းဆိုင်ရာကျန်းမာနေကြမယ်ဆိုရင် 0:16:34.281,0:16:36.817 ကမ္ဘာကြီးကဘယ်လိုဖြစ်နေမလဲလို့[br]စိတ်ကူးကြည့်ဖူးလား။ 0:16:36.841,0:16:39.762 အထီးကျန်ဆန်မှုတွေနည်းလာရင်[br]စိတ်ဓာတ်ကျတာတွေနည်းလာရင် 0:16:40.240,0:16:42.967 လူတွေကရှုံးနိမ့်မှုကိုဘယ်လိုကျော်လွှားရမယ်[br]ဆိုတာသိလာကြရင် 0:16:43.224,0:16:46.489 သူတို့ဘဝကို သူတို့ကျေနပ်ပြီး[br]ပိုအားပေးလာကြရင် 0:16:46.513,0:16:48.914 သူတို့ဘဝတွေဟာပိုပျော်လာပြီး[br]ပြီးပြည့်စုံလာရင် 0:16:49.760,0:16:53.037 အဲဒီလိုကမ္ဘာမျိုးက[br]ကျွန်တော်နေချင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ 0:16:54.021,0:16:57.707 ကျွန်တော့်ညီလည်းဒီလိုကမ္ဘာလေးမှာ[br]နေချင်မှာပါပဲ 0:16:58.366,0:17:02.866 သင်ဗဟုသုတတွေရပြီး[br]ရိုးရှင်းတဲ့အကျင့်အချို့ကိုပြင်မယ်ဆိုရင် 0:17:03.551,0:17:07.021 ကျွန်တော်တို့အားလုံး[br]နေနိုင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ 0:17:07.367,0:17:08.747 အားလုံးကိုကျေးဇူးတင်ပါတယ်[br] 0:17:08.747,0:17:11.267 (လက်ခုပ်သံများ)