WEBVTT 00:00:03.141 --> 00:00:05.676 ကျွန်တော်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ 00:00:06.461 --> 00:00:08.925 အမြွာညီအစ်ကိုတစ်ယောက်နဲ့ အတူတူကြီးပြင်းခဲ့ပါတယ်။ 00:00:09.477 --> 00:00:12.549 အမြွာအဖြစ်ကြီးပြင်းခဲ့ရတဲ့ကျွန်တော်ဟာ 00:00:12.573 --> 00:00:16.161 အခုဆိုရင် ဘက်လိုက်ခြင်းကို ရှာဖွေတဲ့နေရာမှာဆရာတစ်ဆူဖြစ်နေပါပြီ။ 00:00:16.642 --> 00:00:20.809 သူ့ရဲ့ကွတ်ကီးတွေဟာကျွန်တော့်ထက် နည်းနည်းလေးပိုကြီးနေခဲ့ရင် 00:00:21.723 --> 00:00:23.075 ကျွန်တော်မှာ မေးခွန်းတေွရှိတယ် 00:00:23.099 --> 00:00:25.517 ရှင်းနေတာက ဆာနေလို့တော့မဟုတ်ပါဘူး NOTE Paragraph 00:00:26.300 --> 00:00:28.302 (ရယ်သံများ) NOTE Paragraph 00:00:28.873 --> 00:00:32.996 ကျွန်တော်စိတ်ပညာရှင်တစ်ယောက်ဖြစ်လာတော့ သူမတူတဲ့ဘက်လိုက်နည်းတစ်ခုကို 00:00:33.020 --> 00:00:34.734 စတင်သတိထားမိလာတယ် 00:00:34.758 --> 00:00:39.542 ဘယ်လိုလဲဆိုတော့-လူတွေဟာ စိတ်ထက် ကိုယ်ခန္ဓာကို ပိုပြီးတန်ဖိုးထားကြတယ်။ 00:00:40.187 --> 00:00:46.221 ကျွန်တော်ဟာစိတ်ပညာပါရဂူဘွဲ့အတွက် တက္ကသိုလ်မှာကိုးနှစ်တာပညာဆည်းပူးခဲ့တယ်။ 00:00:46.245 --> 00:00:50.499 လူတွေက ကျွန်တော်လိပ်စာကဒ်ကိုကြည့်ပြီး 00:00:50.523 --> 00:00:54.843 အိုး..စိတ်ပညာရှင်ပဲဆရာဝန်အစစ်မှမဟုတ်ဘဲ လို့ ဘယ်နှစ်ယောက်တောင်ပြောကြမလဲမသိဘူး 00:00:56.209 --> 00:00:58.007 တကယ်တော့လိပ်စာကဒ်ကို ဒီလိုရေးထားသင့်တာ NOTE Paragraph 00:00:58.031 --> 00:01:00.816 [Dr. Guy Winch, စိတ်ပညာရှင် (ဆရာဝန်အစစ်မဟုတ်)] NOTE Paragraph 00:01:00.840 --> 00:01:02.442 (ရယ်သံများ) NOTE Paragraph 00:01:02.952 --> 00:01:07.336 ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာကို စိတ်ထက် ဘက်လိုက်အသားပေးနေတာကို 00:01:07.360 --> 00:01:08.799 ကျွန်တော်နေရာတိုင်းမှာတွေ့ရတယ် NOTE Paragraph 00:01:09.718 --> 00:01:11.385 ဟိုတလောက သူငယ်ချင်းအိမ်ကိုရောက်တော့ 00:01:11.409 --> 00:01:13.931 သူတို့ရဲ့ငါးနှစ်အရွယ်ကလေးက အိပ်ရာဝင်ဖို့ပြင်ဆင်နေတယ် 00:01:13.955 --> 00:01:17.560 ကလေးဟာ မျက်နှာသစ်ဘေစင်ရှေ့ခုံပေါ် မတ်တပ်ရပ်သွားတိုက်နေတုန်း 00:01:17.584 --> 00:01:21.392 ခုံပေါ်ကချော်ကျပြီး သူ့ရဲ့ခြေထောက်က ခုံနဲ့ခြစ်မိသွားတယ်ကလေးက 00:01:21.996 --> 00:01:24.968 ခဏလောက်ငိုသွားပါတယ် နောက် ပြန်ထလာတယ်။ 00:01:24.992 --> 00:01:28.506 ခုံပေါ်ပြန်တက်ပြီး အနာကပ်ပလာစတာရှိတဲ့ပုံးကိုယူတယ် 00:01:28.530 --> 00:01:30.294 ပလာစတာ ၁ခုယူပြီး သူ့အနာပေါ်ကပ်လိုက်တယ် 00:01:31.050 --> 00:01:34.987 ကောင်းလေးက ဖိနပ်ကြိုးကို ချည်ချင်မှ ချည်တတ်လိမ့်မယ် 00:01:35.011 --> 00:01:39.438 ဒါပေမဲ့ သူကအနာကိုအုပ်ထားရမယ်ဆိုတာ သိပါတယ် ဒါမှ အနာပိုးမဝင်မှာလေ 00:01:39.462 --> 00:01:42.798 နောက်ပြီး သင်တို့ရဲ့သွားကို ဂရုစိုက်လို့ တစ်နေ့နှစ်ကြိမ်သွားတိုက်တယ် 00:01:43.365 --> 00:01:46.345 ကျွန်တော်တို့ကိုယ်ခန္ဓာကျန်းမာဖို့ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာရယ် 00:01:46.369 --> 00:01:48.884 သွားကျန်းမာဖို့ဘယ်လိုပြုမူရမယ်ဆိုတာ သိကြတယ်ဟုတ်။ 00:01:48.908 --> 00:01:51.697 ကျွန်တော်တို့တွေဟာ ငါးနှစ်သားလောက်ကတည်းက ဒါတွေကိုသိခဲ့ကြတယ် 00:01:52.442 --> 00:01:57.066 ဒါပေမယ့်စိတ်ကျန်းမာရေးကိုဘယ်လို ထိန်းသိမ်းရမယ်ဆိုတာသိကြပါသလား။ 00:01:57.240 --> 00:01:59.428 အဖြေကတော့ ရှင်းပါတယ်။ မသိခဲ့ပါဘူး။ 00:01:59.778 --> 00:02:03.568 ကလေးတွေရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာအတွက် ကျွန်တော်တို့ဘာတွေသင်ကြားပေးလဲ။ 00:02:04.740 --> 00:02:05.945 ဘာမှမသင်ကြားပေးပါဘူး။ 00:02:06.767 --> 00:02:11.215 စိတ်ကိုဂရုစိုက်တာထက် သွားကိုဂရုစိုက်တဲ့အချိန်တွေ 00:02:11.595 --> 00:02:13.379 ပိုများနေတော့ဘာဖြစ်လဲ။ 00:02:14.202 --> 00:02:19.012 စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထက် ကိုယ်ခန္ဓာကျန်းမာရေးက 00:02:19.036 --> 00:02:21.115 ကျွန်တော်တို့အတွက်ဘာလို့ပိုအရေးကြီးနေတာလဲ။ NOTE Paragraph 00:02:21.393 --> 00:02:26.387 ကျွန်တော်တို့ဟာရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ထက် စိတ်ဒဏ်ရာတွေကို ပိုခံစားရပါတယ် 00:02:26.387 --> 00:02:30.187 စိတ်ဒဏ်ရာဆိုရာမှာကျရှုံးမှု၊ငြင်းပယ်ခံရမှု အထီးကျန်မှု မျိုးတွေဖြစ်နိုင်တယ် 00:02:30.187 --> 00:02:33.808 အဲ့ဒါကိုမှ လစ်လျှူရှုမယ်ဆို သူတို့ခံစားနေရတာပိုဆိုးလာလိမ့်မယ် 00:02:33.832 --> 00:02:37.162 ဒါအပြင်သူတို့ဟာကျွန်တော်တို့၏လူနေမှုကိုပါ သိသိသာသာထိခိုက်နိုင်ပါတယ် 00:02:37.285 --> 00:02:41.465 အဲ့လိုစိတ်ဒဏ်ရာတွေကိုကုစားဖို့ အသုံးပြုနိုင်တဲ့သိပ္ပံနည်းကျရှာဖွေထားသော 00:02:41.489 --> 00:02:45.382 နည်းလမ်းတွေရှိတာတောင်မှ ကျွန်တော်တို့အသုံးပြုဖို့ 00:02:45.803 --> 00:02:46.962 ဝန်လေးနေကြပါတယ်။ 00:02:47.374 --> 00:02:49.915 ကျွန်တော်တို့ဟာ ဖြစ်သင့်တာတွေလည်း ဖြစ်မလာတတ်ပါဘူး။ 00:02:50.434 --> 00:02:54.491 "အိုး..စိတ်ညစ်နေတာလား၊ခါထုတ်ပစ်လိုက်စမ်းပါ ဒါတွေကသင့်ဦးနှောက်ထဲကဖြစ်နေတာပါ" 00:02:54.920 --> 00:02:57.911 ခြေကျိုးနေတဲ့သူတစ်ယောက်ကို သင်ဒီလိုပြောဖို့စိတ်ကူးဖူးလား။ 00:02:57.911 --> 00:03:01.037 "လမ်းလျှောက်လိုက်စမ်းပါ၊ ကျိုးတယ်ဆိုတာခြေထောက်ထဲမှာဖြစ်နေတာပါ"လို့ NOTE Paragraph 00:03:01.037 --> 00:03:02.852 (ရယ်သံများ) NOTE Paragraph 00:03:03.249 --> 00:03:06.107 ကိုယ်ခန္ဓာနဲ့စိတ်ကျန်းမာရေးကြားဟနေတဲ့ 00:03:06.131 --> 00:03:09.219 ကွက်လပ်ကလေးကိုပြန်ဖြည့်ဖို့အချိန်တန်ပါပြီ။ ကိုယ်ခန္ဓာ နဲ့ 00:03:09.243 --> 00:03:11.362 စိတ်ကျန်းမာရေးကို တန်းတူထားဖို့အချိန်ကျပါပြီ။ 00:03:12.385 --> 00:03:14.203 အမြွာတွေလိုပေါ့ NOTE Paragraph 00:03:15.148 --> 00:03:18.921 ပြောရင်းနဲ့မှ ကျွန်တော့် အမြွာညီ ကလည်း စ်တ်ပညာရှင်ပဲ 00:03:18.945 --> 00:03:21.376 ဒါဆို သူလည်းဆရာဝန်အစစ်မဟုတ်ဘူးပေါ့ NOTE Paragraph 00:03:21.400 --> 00:03:23.128 (ရယ်သံများ) NOTE Paragraph 00:03:23.708 --> 00:03:25.680 ကျွန်တော်တို့က တူတူသင်ယူခဲ့ရတာမဟုတ်ပါဘူး 00:03:25.704 --> 00:03:30.095 ကျွန်တော့်ဘဝမှာအခက်ခဲဆုံးလုပ်ခဲ့ရတာက 00:03:30.119 --> 00:03:32.865 စိတ်ပညာပါရဂူဘွဲ့အတွက် အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး 00:03:32.889 --> 00:03:34.776 နယူးယောက်မြို့ကိုသွားရတာပါပဲ 00:03:35.698 --> 00:03:38.661 ကျွန်တော်တို့ဘဝမှာ ပထမဆုံးအကြိမ် ခွဲခွာရခြင်းဖြစ်ခဲ့တယ် 00:03:38.685 --> 00:03:41.970 အဲဒီလိုခွဲခွာရခြင်းဟာ ကျွန်တော်တို့ ၂ယောက်လုံးအတွက်စိတ်မအီမသာဖြစ်စေတယ် 00:03:42.295 --> 00:03:45.542 ဒါပေမယ့် သူကတော့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ကျန်ခဲ့ပါတယ် 00:03:45.566 --> 00:03:47.551 ကျွန်တော်တော့နိုင်ငံခြားမှာ တစ်ယောက်တည်း 00:03:47.551 --> 00:03:49.971 ကျွန်တော်တို့ဟာတစ်ဦးကိုတစ်ဦး အရမ်းလွမ်းကြပါတယ် 00:03:49.995 --> 00:03:53.148 သို့သော် နိုင်ငံခြားဖုန်းခေါ်ဆိုခတွေက စျေးကြီးတော့ 00:03:53.172 --> 00:03:57.601 ကျွန်တော်တို့ဟာ ရက်သတ္တပတ်၁ပတ်ကို ၅မိနစ်ပဲဖုန်းပြောဖို့ တတ်နိုင်ပါတယ်။ 00:03:58.459 --> 00:03:59.985 ကျွန်တော်တို့မွေးနေ့ရောက်လာတော့ 00:04:00.009 --> 00:04:02.561 ပထမဆုံးအကြိမ်မွေးနေ့တူတူမကျင်းပရဘူးပေါ့ 00:04:02.585 --> 00:04:03.994 ဒါကြောင့် ပုံအောပြီးဖုန်းကို 00:04:03.994 --> 00:04:06.104 ဒီတပတ် ၁ဝမိနစ်ကြာအောင်ပြောကြမယ် ဆုံးဖြတ်ကြတယ် NOTE Paragraph 00:04:06.128 --> 00:04:07.421 (ရယ်သံများ) NOTE Paragraph 00:04:07.445 --> 00:04:11.509 မနက်ခင်းကျတော့ အခန်းထဲမှာ ဟိုဟိုဒီဒီလမ်းလျှောက်နေရင်း 00:04:11.604 --> 00:04:13.681 သူဖုန်းခေါ်လာမှာကိုစောင့်နေတယ် 00:04:14.103 --> 00:04:15.280 စောင့်နေတယ်... 00:04:15.817 --> 00:04:17.248 ဒါပေမဲ့ ဖုန်းမလာခဲ့ပါဘူး 00:04:17.915 --> 00:04:20.143 စံတော်ချိန်ကွာနေလို့ ကျွန်တော်ဒီလိုယူဆလိုက်တယ် 00:04:20.167 --> 00:04:22.915 "အိုကေ ဘော်ဒါတွေနဲ့ထွက်လည်နေတာ နေမှာ ပြီးရင်သူဆက်မှာပေါ့" 00:04:22.915 --> 00:04:24.647 ဖုန်းမရှိသေးလို့နေမှာပါ လို့ 00:04:24.805 --> 00:04:26.598 ဒါပေမဲ့ သူ့ဆီကဖုန်းမလာပါဘူး။ 00:04:27.041 --> 00:04:31.675 ဒါနဲ့ ဆယ်လတာဝေးကွာနေခဲ့ပြီး ကျွန်တော်စတင်သတိထားမိတာလာက 00:04:32.253 --> 00:04:35.088 ကျွန်တော်လွမ်းနေသလောက် သူမလွမ်းဘူးဆိုတာပဲ 00:04:36.028 --> 00:04:38.531 မနက်မှာဖုန်းခေါ်မယ်လို့သိနေပေမဲ့ 00:04:38.555 --> 00:04:43.070 အဲဒီညဟာကျွန်တော့်ဘဝအတွက်ဝမ်းအနည်းဆုံးနဲ့ အကြာဆုံးညတွေထဲကညတစ်ညဖြစ်ခဲ့တယ် 00:04:44.717 --> 00:04:46.586 နောက်နေ့မနက်အိပ်ရာနိုးလာပြီး 00:04:46.688 --> 00:04:48.335 ဖုန်းကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ 00:04:48.359 --> 00:04:51.113 မနေ့ကဟိုဟိုဒီဒီလမ်းလျှောက်ရင်း ဖုန်းကြိုးကိုတိုက်မိသွားတာ 00:04:51.137 --> 00:04:52.814 တွေ့လိုက်တယ် 00:04:54.612 --> 00:04:56.263 အိပ်ရာကနေချက်ချင်းထ 00:04:56.287 --> 00:04:59.500 ၁စက္ကန့်ကြာတော့ ဖုန်းမြည်လာတယ် 00:04:59.764 --> 00:05:01.424 ကျွန်တော့်ညီဆီကဖုန်းပေါ့ 00:05:01.448 --> 00:05:03.116 ဟုတ်တယ် ဒီကောင်မူးများမူးနေလားမသိဘူး NOTE Paragraph 00:05:03.140 --> 00:05:05.344 (ရယ်သံများ) NOTE Paragraph 00:05:05.368 --> 00:05:08.618 သူ့ဘဝအတွက်လည်း ဝမ်းအနည်းဆုံးနဲ့ အကြာဆုံးသောညဖြစ်ခဲ့တာပဲ။ 00:05:08.926 --> 00:05:11.537 ဘာဖြစ်ခဲ့တယ်ဆိုတာကျွန်တော်ပြောပြဖို့ ကြိုးစားနေတုန်းသူက 00:05:11.561 --> 00:05:12.780 "ငါဖုန်းမခေါ်မှန်းသိရင် 00:05:12.804 --> 00:05:14.719 မင်းကဘာလို့ ငါ့ဆီကိုဖုန်းမဆက်လာတာလဲ 00:05:14.743 --> 00:05:17.559 ငါနားမလည်ဘူး" လို့ပြောတယ် 00:05:19.057 --> 00:05:20.237 သူမှန်တယ်လေ 00:05:20.761 --> 00:05:23.004 ကျွန်တော်ဘာလို့သူဆီ ဖုန်းမဆက်ခဲ့မိပါလိမ့်? 00:05:23.187 --> 00:05:24.861 ကျွန်တော့်အတွက်အဖြေမရှိခဲ့ပါဘူး။ 00:05:25.608 --> 00:05:27.059 သို့သော် ဒီနေ့တော့ဖြေနိုင်ပါပြီ 00:05:27.083 --> 00:05:28.404 ရိုးရိုးလေးပါပဲ။ 00:05:29.688 --> 00:05:30.861 အထီးကျန်ဆန်မှု။ NOTE Paragraph 00:05:31.948 --> 00:05:35.997 အထီးကျန်ဆန်တာကနက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတစ်ခုအဖြစ်ဖန်တီးပါတယ် 00:05:36.021 --> 00:05:39.708 အဲ့ဒဏ်ရာက အသိအမြင်တွေဝေဝါးစေတယ် အတွေးအခေါ်တွေ ရောထွေးစေတယ် 00:05:39.708 --> 00:05:44.958 အထီးကျန်ဆန်တာဟာ ပတ်ဝန်းကျင်က တကယ်ဂရုစိုက်ပေမယ့် ဂရုမစိုက်ဘူးလို့ 00:05:45.544 --> 00:05:48.328 ငါတို့စိတ်ကိုအယုံသွင်းပါတယ် အထီးကျန်ဆန်တာကသင့်နှလုံးသားကို 00:05:48.352 --> 00:05:52.442 ခံနိုင်တာထက်ပိုပြီးနာကျင်လာရတဲ့အခါ ငြင်းဆန်မှုတွေ စိတ်နှလုံးပူဆွေးမှုတွေက 00:05:52.466 --> 00:05:55.519 သင့်ကိုလွမ်းခြုံလိုက်တော့ လူတွေနဲ့ဆက်ဆံရမှာကိုကြောက်လာစေတယ် 00:05:56.432 --> 00:05:59.515 ကျွန်တော်ဟာတကယ်ကို အထီးကျန်ဆန်ခဲ့ရတယ်ဆိုပေမယ့် 00:05:59.539 --> 00:06:03.408 အချိန်တိုင်းလူတွေကကျွန်တော့်အနားမှာရှိပေး နေကြတော့လူတွေနဲ့ထိတွေရမှာမကြောက်တော့ဘူး 00:06:04.273 --> 00:06:07.892 သို့သော် အထီးကျန်ဆန်မှုကို ကိုယ့်ဘာသာကိုယ် အဓိပ္ပာယ်ဖွင့်ကြည့်တော့ 00:06:08.415 --> 00:06:14.179 အထီးကျန်တာဟာ သင်က သင့်ရဲ့ပတ်ဝန်းကျင်ကို ခံစားချက်အရ သို့ လူမှုရေးအရ 00:06:14.203 --> 00:06:15.361 အဆက်အသွယ်ဖြတ်တောက်တာပါပဲ 00:06:15.385 --> 00:06:16.542 ကျွန်တော်လည်းလုပ်ခဲ့တယ် 00:06:17.249 --> 00:06:22.515 အထီးကျန်ဆန်မှုအတွက်သုတေသနစာတမ်းတွေ အများကြီးရှိပါတယ် နောက်ပြီးအားလုံးက 00:06:22.599 --> 00:06:25.959 ကြောက်စရာကောင်းနေတယ် အထီးကျန်ဆန်တာကစိတ်မအီမသာရုံလေးမဟုတ်ဘူးနော် 00:06:25.977 --> 00:06:27.457 သင့်အသက်ကိုပါနုတ်သွားနိုင်တယ် 00:06:27.500 --> 00:06:28.960 ကျွန်တော် စနေတာမဟုတ်ဘူးနော် 00:06:28.984 --> 00:06:32.575 နာတာရှည်အထီးကျန်ဆန်နေသူက စောစောသေဖို့ 00:06:32.599 --> 00:06:34.495 ၁၄ရာနှုန်းပိုများပါတယ် 00:06:34.902 --> 00:06:36.267 တစ်ဆယ့်လေးရာခိုင်နှုန်းပါ 00:06:36.520 --> 00:06:39.099 အထီးကျန်ဆန်မှုဟာ သွေးကိုတိုးစေတယ် 00:06:39.099 --> 00:06:40.784 သွေးတွင်းအဆီဓာတ်တွေများစေပါတယ် 00:06:40.808 --> 00:06:44.533 ကိုယ်ခန္ဓာရဲ့ခုခံစွမ်းအားစနစ်ကိုတောင် ဖိနှိပ်ကာ 00:06:44.557 --> 00:06:48.589 ရောဂါဘယပေါင်းစုံကို လက်ယက်ခေါ်ပေးနေသေးတယ် 00:06:48.613 --> 00:06:52.151 တကယ်တော့ အားလုံးပေါင်းပြီးနိဂုံးချုပ်ပြောရရင် 00:06:52.175 --> 00:06:55.831 နာတာရှည်အထီးကျန်ဆန်နေသူဟာ သူ့ရဲ့ရေရှည်ကျန်းမာရေးအတွက်ကော 00:06:55.855 --> 00:06:58.624 အသက်ရှည်ဖို့အတွက်ပါ စီးကရက်သောက်တာလောက်နီးနီး 00:06:58.648 --> 00:06:59.996 အန္တရာယ်များပါတယ် 00:07:00.464 --> 00:07:04.571 အခုဆိုဆေးလိပ်ဗူးတွေမှာ သင့်ကိုသေစေနိုင်တယ် လို့သတိပေးစာတွေကပ်ထားပါတယ် 00:07:04.833 --> 00:07:06.777 ဒါပေမယ့် အထီးကျန်ဆန်မှုမှာတော့မကပ်ထားဘူး 00:07:07.335 --> 00:07:09.260 ဒါမို့ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ 00:07:09.284 --> 00:07:12.347 ကျန်းမာရေးကို ဦးစားပေးဖို့အရေးကြီးတာပေါ့ 00:07:12.371 --> 00:07:15.073 စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ ကျွန်တော်တို့လေ့ကျင့်ရပါတယ် 00:07:15.405 --> 00:07:18.182 ဘာကြောင့်လဲဆိုတော့ စိတ်ဒဏ်ရာကိုကျွန်တော်တို့မကုသနိုင်ဘူးလေ 00:07:18.182 --> 00:07:22.051 အကယ်၍သင်စိတ်ဒဏ်ရာရတာလုံး၀မသိခဲ့ဘူးဆိုရင် ခံစားချက်ပိုင်းဆိုင်ရာနာကျင်မှုကိုသတိရပါ 00:07:22.076 --> 00:07:24.920 အထီးကျန်ဆန်မှုဟာ ကျွန်တော်တို့ရဲ့အတွေးအမြင်တွေကို 00:07:24.944 --> 00:07:27.833 ကောက်ကွေးစေရုံတင်မကဘူး ကျွန်တော်တို့ကိုပါအမှားတွေလုပ်မိစေတယ် NOTE Paragraph 00:07:28.540 --> 00:07:30.803 ရှုံးနိမ့်မှုကလည်းအလားတူပါပဲ။ 00:07:31.568 --> 00:07:34.081 ကျွန်တော်ကလေးထိန်းကျောင်းတစ်ခုကို သွားလည်တော့ 00:07:34.105 --> 00:07:38.592 ကလေးသုံးယောက်ဟာ တူညီတဲ့ ပလပ်စတစ်ရုပ်လေးတွေနဲ့ကစားနေတာတွေ့ခဲ့တယ် 00:07:39.140 --> 00:07:43.179 အနီရောင်ခလုပ်လေးကိုတွန်းလိုက်ရင် ချစ်စရာခွေးရုပ်လေးထွက်လာတယ် 00:07:43.817 --> 00:07:48.388 မိန်းကလေးတစ်ယောက်က ခရမ်းရောင်ခလုပ်ကို ဆွဲလိုက်တွန်းလိုက်လုပ်နေတယ် 00:07:48.412 --> 00:07:51.206 ပြီးတော့ထိုင်ချလိုက်ပြီး အောက်နှုတ်ခမ်းတုန်တုန်နဲ့ 00:07:51.230 --> 00:07:53.005 အရုပ်ကိုကြည့်နေတယ် 00:07:53.029 --> 00:07:56.080 သူ့ဘေးနားကကောင်လေးကတော့ သူ့ရဲ့ဖြစ်ပျက်ပုံကိုကြည့်နေပြီး 00:07:56.104 --> 00:07:59.939 သူ့အရုပ်ပေါ်ကခလုပ်တွေကိုနှိပ်ကြည့်မနေ တော့ဘဲ မျက်ရည်ပေါက်ပေါက်ကျအောင်ငိုတော့တယ် 00:08:01.141 --> 00:08:04.583 အဲ့အချိန်မှာ နောက်ကောင်မလေးတစ်ယောက်က အနီရောင်ခလုပ်ကို တွန်းမမိမချင်း 00:08:04.607 --> 00:08:06.391 သူနားလည်သမျှကြိုးစားနေပါတယ် 00:08:06.415 --> 00:08:09.893 ချစ်စရာခွေးရုပ်လေးထွက်လာတော့ ပျော်ရွှင်စွာအော်ဟစ်ပါလေရော 00:08:10.421 --> 00:08:14.209 ဒါကြောင့် တူညီတဲ့ပလပ်စတစ်ရုပ်တွေနဲ့ ကလေး၃ယောက်ဟာ 00:08:14.233 --> 00:08:17.344 ရှုံးနိမ့်မှုကို ကွဲပြားစွာတုံ့ပြန်ကြပါတယ် 00:08:17.893 --> 00:08:21.788 ပထမကလေးနှစ်ယောက်ဟာ အနီရောင်ခလုပ်ကို အောင်မြင်စွာတွန်းနိုင်စွမ်းရှိပါတယ် 00:08:22.455 --> 00:08:25.566 ဒီလိုအောင်မြင်မှုမရအောင် တစ်ခုတည်းသောတားဆီးထားတဲ့အရာကတော့ 00:08:25.590 --> 00:08:29.265 အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးလေလို့ သူတို့ကိုလှည့်စားထားတဲ့စိတ် ပါပဲ 00:08:29.920 --> 00:08:33.624 လူကြီးတွေလည်းဒီလိုပါပဲ အချိန်တိုင်းလှည့်စားခံနေရပါတယ် 00:08:34.028 --> 00:08:39.181 တကယ်တော့ကျွန်တော်တို့မှာ စိတ်အနှောက်အယှက် ဖြစ်စရာတွေ ပြဿနာတွေပေါ်လာတိုင်း 00:08:39.205 --> 00:08:43.300 ထကြွလာတတ်တဲ့ မကောင်းတဲ့စိတ်ခံစားချက်နဲ့ ယုံကြည်မှုတွေရှိနေပါတယ် NOTE Paragraph 00:08:43.324 --> 00:08:46.180 သင်ဟာရှုံနိမ့်မှုကို ဘယ်လိုတုံ့ပြန်လဲဆိုတာ သတိထားမိပါသလား။ 00:08:46.783 --> 00:08:48.009 သတိထားမိသင့်ပါတယ်။ 00:08:48.033 --> 00:08:51.830 ဘာလို့လဲဆိုတော့ သင့်ကိုမလုပ်နိုင်လောက်ပါဘူးလို့ 00:08:51.830 --> 00:08:53.933 သင့်စိတ်ကိုအယုံသွင်းရင် သင်ယုံမိမှာမလို့ပဲ။ 00:08:53.943 --> 00:08:57.241 ရှုံးနိမ့်ခဲ့တဲ့ကလေးနှစ်ယောက်လိုပဲ သင်လည်းအားကိုးရာမဲ့ဖြစ်သွားလိမ့်မယ် 00:08:57.251 --> 00:09:01.010 နောက် သင်ကြိုးစားနေတာကိုရပ်ချင်ရပ်လိုက်မယ် (သို့)မကြိုးစားတော့ပဲနေချင်နေလိုက်မယ် 00:09:01.010 --> 00:09:04.003 ဒါဆို မအောင်မြင်နိုင်တော့ပါဘူးလို့ သင့်ကိုယ်သင် ပိုထင်လာလိမ့်မယ် 00:09:04.003 --> 00:09:08.561 ဒါကြောင့် လူတွေဟာသူတို့တကယ်ရှိရမယ့် စွမ်းရည်ထက်နိမ့်ပြီးလုပ်ဆောင်နေကြတာပါ 00:09:08.951 --> 00:09:12.235 ဘာလို့လဲဆိုတော့ ဘဝတစ်လျှောက် တစ်နေရာမှာ တခါတရံ ရှုံးနိမ့်မှုတစ်ခုဟာ 00:09:12.259 --> 00:09:15.687 သူတို့မအောင်မြင်နိုင်ဘူးလို့အယုံသွင်းတယ် နောက်ပြီး သူတို့က ယုံလိုက်ကြတယ် NOTE Paragraph 00:09:16.900 --> 00:09:21.160 ကျွန်တော်တို့ဟာတစုံတခုကိုယုံကြည်လိုက်ပြီ ဆိုရင်ပြန်ပြင်ဖို့အတော်ခဲယဉ်းသွားပါပြီ 00:09:21.831 --> 00:09:25.521 ကျွန်တော်ဒီသင်ခန်းစာကိုခက်ခဲစွာသင်ယူခဲ့ရတာ ကျွန်တော်နဲ့ကျွန်တော့်ညီ 00:09:25.521 --> 00:09:28.840 ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ညအမှောင်ထဲ 00:09:28.850 --> 00:09:31.070 ကားမောင်းတော့ ရဲကားက ကျွန်တော်တို့ကားကိုတားတယ် 00:09:31.094 --> 00:09:34.657 ဒီနယ်မြေမှာ လုယက်မှုတွေရှိတော့ သံသယဖြစ်ဖွယ်တွေရှာပါတယ် 00:09:34.681 --> 00:09:38.425 ရဲအရာရှိက ကားအနားကပ်လာပြီး သူ့ဓာတ်မီးက ကားမောင်းသူကိုထိုးလိုက်တယ် 00:09:38.839 --> 00:09:40.847 ကားရှေ့ခန်းမှာကျွန်တော့်ညီထိုင်တယ် 00:09:41.095 --> 00:09:42.365 နောက်မှာကျွန်တော်ပေါ့ 00:09:42.365 --> 00:09:44.933 ရဲအရာရှိက မျက်ဆန်ပြူးကြီးနဲ့ကြည့်ပြီး ဒီလိုပြောလိုက်တယ် 00:09:44.933 --> 00:09:47.254 မင်းမျက်နှာကိုငါအရင်က ဘယ်နေရာမှာတွေ့ဖူးတာပါလိမ့်? NOTE Paragraph 00:09:47.254 --> 00:09:49.761 (ရယ်သံများ) NOTE Paragraph 00:09:50.075 --> 00:09:51.226 ကျွန်တော်က 00:09:51.683 --> 00:09:53.358 ရှေ့ခုံမှာလေ လို့ပြောလိုက်တယ် NOTE Paragraph 00:09:53.382 --> 00:09:55.869 (ရယ်သံများ) NOTE Paragraph 00:09:55.995 --> 00:09:58.439 ဒါပေမဲ့ အဲ့လိုပြောလိုက်တာသူ့ဖို့ အဓိပ္ပါယ်မရှိစေဘဲ 00:09:58.439 --> 00:10:00.488 ကျွန်တော့်ကိုဆေးကြောင်နေတယ်လို့ သူထင်သွားတယ် NOTE Paragraph 00:10:00.512 --> 00:10:02.072 (ရယ်သံများ) NOTE Paragraph 00:10:02.096 --> 00:10:04.667 ဒါနဲ့ကားထဲကကျွန်တော့်ကိုဆွဲထုတ်ပြီး ရှာဖွေပါတော့တယ် 00:10:04.691 --> 00:10:06.518 ရဲကားနားခေါ်သွားပြီး 00:10:06.542 --> 00:10:10.042 ကျွန်တော့်မှာရဲမှုခင်းလုံးဝမရှိကြောင်း အတည်ပြုပြီးမှ 00:10:10.066 --> 00:10:13.576 ကျွန်တော့်အမြွာညီကားရှေ့မှာထိုင်နေတာ သူ့ကိုပြလိုက်တယ် 00:10:14.077 --> 00:10:16.189 ကျွန်တော်တို့ကားမောင်းထွက်သွား ပြီးတာတောင်မှ 00:10:16.213 --> 00:10:19.201 သူ့မျက်နှာကိုကြည့်လိုက်ရင် ကျွန်တော်တစ်ခုခုခိုးပြီး 00:10:19.225 --> 00:10:21.269 ထွက်ပြေးသွားတယ်လို့သူ့စိတ်ထဲထင်နေတုန်းပဲ NOTE Paragraph 00:10:21.293 --> 00:10:22.923 (ရယ်သံများ) NOTE Paragraph 00:10:22.923 --> 00:10:26.645 ကျွန်တော်တို့ရဲ့စိတ်ကတစ်ခါယုံမိပြီးသွားရင် ပြန်ပြင်ဖို့တော်တော်ခက်သွားပါတယ် 00:10:26.669 --> 00:10:30.109 ရှုံးနိမ့်ပြီးလို့ စိတ်ဓာတ်ကျတာတွေ လက်လျှော့လိုက်တာတွေဟာ 00:10:30.133 --> 00:10:31.820 သဘာဝကျလွန်းပါတယ် 00:10:31.844 --> 00:10:36.218 ဒါပေမဲ့ သင့်ကိုမအောင်မြင်နိုင်တော့ဘူးလို့ အယုံသွင်းတာကိုငြင်းဆန်နိုင်ပါတယ် 00:10:36.242 --> 00:10:39.090 အားကိုးရာမဲ့နေတဲ့ခံစားချက်ကို သင်ကိုယ်တိုင်ဖယ်ရှားရလိမ့်မယ် 00:10:39.114 --> 00:10:42.369 အခြေအနေပေါ်မူတည်ပြီး ကျွန်တော်တို့စိတ်ကို ထိန်းချုပ်ရပါလိမ့်မယ် 00:10:42.393 --> 00:10:44.985 အဲဒီလိုဆန့်ကျင်ဖက်သဘောဆောင်တဲ့ စက်ဝန်းတွေ မဖြစ်တည်ကပင် 00:10:45.009 --> 00:10:46.492 ကျွန်တော်တို့ဖြတ်ထားဖို့လိုတယ် NOTE Paragraph 00:10:46.492 --> 00:10:48.497 (စိတ်ပိုင်းဆိုင်ရာယိုစိမ့်မှု ရပ်တန့်ပစ်ပါ) NOTE Paragraph 00:10:48.497 --> 00:10:50.602 ကျွန်တော်တို့ရဲ့စိတ်နဲ့ခံစားချက်တွေဟာ 00:10:50.626 --> 00:10:53.967 ကျွန်တော်တို့ထင်သလို့ ကျွန်တော်တို့အပေါ်သစ္စာရှိတာမဟုတ်ပါဘူး 00:10:53.991 --> 00:10:56.833 သူတို့ဟာ စိတ်ဂနာမငြိမ်တဲ့သူငယ်ချင်းတွေနဲ့ တူတယ် 00:10:56.857 --> 00:11:01.540 တစ်မိနစ်လောက် အားပေးထောက်ခံနေပေမယ့် နောက်မိနစ်မှာစိတ်မချမ်းမြေ့စရာတွေဖြစ်စေတယ် 00:11:02.175 --> 00:11:05.858 ကျွန်တော်ဟာ အိမ်ထောင်သက်အနှစ်၂ဝလောက်ရှိတဲ့ 00:11:05.882 --> 00:11:08.287 ဆိုးဆိုးဝါးဝါး အိမ်ထောင်ကွဲထားတဲ့ 00:11:08.311 --> 00:11:10.548 အမျိုးသမီးတစ်ယောက်နဲ့အလုပ်တူတူလုပ်ဖူးတယ် 00:11:10.572 --> 00:11:12.965 သူမဟာ အွန်လိုင်းပေါ်မှာတွေ့တဲ့ အမျိုးသားတစ်ယောက်နဲ့ 00:11:12.965 --> 00:11:15.649 ပထမအကြိမ်တွေ့ဆုံဖို့အဆင်သင့်ဖြစ်နေပါပြီ သူဟာအောင်မြင်ပြီး 00:11:15.659 --> 00:11:18.795 ကြည့်ကောင်းတဲ့သူတစ်ယောက် အရေးကြီးဆုံးကသူမအတွက်အမှန်ကန်လို့ထင်ခဲ့တယ် 00:11:18.795 --> 00:11:21.577 ဒါမို့သူမစိတ်တွေလုပ်ရှားနေတယ် အ၀တ်အစားတစ်စုံအသစ်ဝယ်လိုက်တယ် 00:11:21.577 --> 00:11:25.332 သူတို့နှစ်ယောက်ဂုဏ်သရေရှိတဲ့နယူးယောက်က ဘားတစ်ခုမှာဆုံကြရင်းအဖျော်ယမကာသောက်ကြတယ် 00:11:25.332 --> 00:11:29.051 ဆုံကြပြီး ၁ဝမိနစ်လောက်နေတော့ အဲ့အမျိုးသားဟာ မတ်တပ်ထရပ်ကာ 00:11:29.051 --> 00:11:31.920 ကျွန်တော် ခင်ဗျားကိုစိတ်မဝင်စားဘူး လို့ပြောပြီးထွက်သွားတယ် 00:11:33.798 --> 00:11:36.913 ငြင်းပယ်ခြင်းဟာသိပ်ကိုနာကျင်လွန်းလှပါတယ် 00:11:37.200 --> 00:11:39.427 ဒီအမျိုးသမီးဟာမလှုပ်နိုင်အောင် နာကျင်ခဲ့ရပါတယ် 00:11:39.427 --> 00:11:41.801 သူလုပ်နိုင်ခဲ့တာက သူ့သူငယ်ချင်းဆီဖုန်းဆက်ဖို့ပဲ 00:11:42.198 --> 00:11:46.388 အဲ့မှာ သူငယ်ချင်းကပြောတယ် "ဟုတ်ပြီ မင်းကဘာကိုမျှော်လင့်နေတာလဲ 00:11:46.816 --> 00:11:50.088 မင်းမှာတင်ပါးကြီးကြီးရှိတယ် မင်းမှာစိတ်ဝင်စားစရာစကားပြောဖို့မရှိဘူး 00:11:50.203 --> 00:11:52.737 ဘာလို့ချောမောခန့်ညားတဲ့ အမျိုးသားတစ်ယောက်က 00:11:53.051 --> 00:11:56.152 နင့်လို အရှုံးသမားတစ်ယောက်အနေနဲ့ ချိန်းရတာလဲ 00:11:56.152 --> 00:11:59.861 သိပ်ကိုကြမ်းကြုတ်တဲ့သူငယ်ချင်းပဲဆိုပြီး အံသြမှင်သက်သွားတယ်မလား။ဟုတ်တယ်။ 00:11:59.861 --> 00:12:03.183 သို့သော် အကယ်၍ အဲ့လိုပြောတာတွေက သူငယ်ချင်းမဟုတ်ဘူးလို့ကျွန်တော်ပြောရင် 00:12:03.183 --> 00:12:05.833 ခင်ဗျားတို့အဲ့လောက်ကြီးအံ့သြမှင်သက် နေတော့မှာမဟုတ်ဘူး 00:12:05.957 --> 00:12:07.973 အဲ့ဒီမျိုးသမီးက သူ့ဘာသာပြန်ပြောတာမျိုးပေါ့ 00:12:07.973 --> 00:12:10.964 အဲဒီလိုပဲ ကျွန်တော်တို့တွေကတစ်စုံတစ်ခုကို လုပ်လိုက်ကြတယ် 00:12:11.024 --> 00:12:13.227 အထူးသဖြင့် ငြင်းပယ်ခြင်းခံရပြီးတဲ့အခါပေါ့ 00:12:13.251 --> 00:12:16.570 ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမှားတွေ ချို့ယွင်းချက်တွေ 00:12:16.570 --> 00:12:18.860 ဖြစ်ချင်ခဲ့တာတွေ မဖြစ်ချင်ခဲ့တာတွေ ကို စတွေးတယ်၊ 00:12:18.860 --> 00:12:20.265 ကိုယ့်အမည်နာမတွေရေရွတ်တော့တယ် 00:12:20.289 --> 00:12:22.775 ကြမ်းကြမ်းတမ်းတမ်းမဟုတ်တောင် အဲဒီလိုလုပ်ကြတယ် 00:12:23.034 --> 00:12:24.896 ကျွန်တော်တို့လုပ်တာတွေကစိတ်ဝင်စားစရာပဲ 00:12:24.920 --> 00:12:27.783 ဘာလို့လဲဆိုတော့အတွင်းစိတ်ကထိခိုက်နေလို့ပဲ 00:12:28.189 --> 00:12:30.761 ဒါကိုမှ ဘာလို့ ထပ်ထပ်ပြီး ဖျက်ဆီးချင်ရတာလဲ။ 00:12:30.796 --> 00:12:33.858 ကျနော်တို့ဟာ ကိုယ်ခန္ဓာဒဏ်ရာကို ပိုဆိုးအောင် တမင်လုပ်လေ့မရှိဘူး၊ 00:12:33.882 --> 00:12:36.784 ဓားတစ်ချောင်းယူပြီး ဘယ်လောက် နက်အောင် လုပ်လို့ရမလဲ 00:12:36.808 --> 00:12:40.344 ဆိုပြီး ကိုယ့်လက်မောင်းကို လှီးဖြတ်မှာ မဟုတ်ပါဘူး NOTE Paragraph 00:12:40.368 --> 00:12:43.949 စိတ်ဒဏ်ရာတွေကိုကျတော့ အချိန်တိုင်း ကျွန်တော်တို့ အဲ့လိုပြုမူကြတယ် 00:12:43.973 --> 00:12:47.158 ဘာလို့လဲ။ ဘာလို့လဲဆို စိတ်ကျန်းမာရေးဆိုင်ရာအားနည်းနေလို့ပါ 00:12:47.302 --> 00:12:50.140 ဘာလို့လဲဆို ကျွန်တော်တို့ဟာ စိတ်ကျန်းမာရေးကိုဦးစားမပေးလို့ပဲ 00:12:50.862 --> 00:12:54.422 လေ့လာမှုပေါင်းဒါဇင်နဲ့ချီပြီးသိလာရတာက ကိုယ့်ဘာသာကိုယ်ယုံကြည်မှုနည်းလေလေ 00:12:54.446 --> 00:12:57.907 စိတ်ဖိစီးမှုတွေပူပန်သောကတွေများများလာပါတယ် 00:12:57.931 --> 00:13:00.715 အဲ့ဒါကြောင့်ကျဆုံးမှုတွေ ငြင်းပယ်မှုတွေကိုပိုခံစားရစေပါတယ် 00:13:00.854 --> 00:13:03.507 နောက်ပြီးပြန်ကောင်းဖို့အချိန်တွေအများကြီး ကြာပါလိမ့်မယ် 00:13:03.507 --> 00:13:06.759 ဒါကြောင့်ကျွန်တော်တို့ငြင်းပယ်ခံရပြီဆိုရင် ပထမဆုံးလုပ်သင့်တာကတော့ 00:13:06.783 --> 00:13:08.844 ကိုယ့်ရဲ့ယုံကြည်မှုကိုအားပေးဖို့ပါပဲ 00:13:08.868 --> 00:13:11.827 ငြင်းပယ်မှုတွေတိုက်ပွဲမဝင်ဘဲ အားပျော့သွားအောင်လုပ်လိုက်ပါ 00:13:13.180 --> 00:13:14.936 သင်စိတ်ပိုင်းဆိုင်ရာ နာကျင်နေတဲ့အခါ 00:13:15.459 --> 00:13:18.497 သူငယ်ချင်းကောင်းတစ်ယောက်ဆီက သင်မျှော်လင့်နေတဲ့ 00:13:18.521 --> 00:13:21.154 မေတ္တာအကြင်နာအတိုင်း သင့်ကိုသင် ပေးလိုက်ပါ NOTE Paragraph 00:13:21.361 --> 00:13:23.249 (သင့်တန်ဖိုး သင်ကာကွယ်ပါ) NOTE Paragraph 00:13:23.273 --> 00:13:27.574 ကျွန်တော်တို့ဆီမှာစိတ်ပိုင်းဆိုင်ရာ အကျင့်ဆိုးတွေရှိနေတတ်ပါတယ် ပြောင်းလဲပစ်ပါ 00:13:27.598 --> 00:13:31.816 အဆိုးဆုံးနဲ့ အဖြစ်များဆုံးသော အကျင့်ဆိုးတစ်ခုကတော့ စားမြုံပြန်ခြင်းပါပဲ 00:13:32.228 --> 00:13:34.728 စားမြုံပြန်တယ်ဆိုတာ အေးဆေးစဉ်းစားတွေးတောတာပေါ့ 00:13:34.752 --> 00:13:36.725 သင့်သူဌေးက သင့်ကိုအော်ငေါက်လိုက်တဲ့အခါ 00:13:36.725 --> 00:13:39.586 (သို့)သင့်ဆရာကသင့်ကိုအခန်းထဲ အသုံးမကျသူလို့ထင်အောင်လုပ်တဲ့အခါ 00:13:39.610 --> 00:13:41.859 (သို့)သင့်သူငယ်ချင်းနဲ့ အကြီးအကျယ်ရန်ဖြစ်တဲ့အခါ 00:13:41.883 --> 00:13:45.944 အဲ့ဒီဖြစ်စဉ်တွေကို ပြန်တွေးတောစဉ်းစားနေတာ ကိုရပ်တန့်ဖို့ 00:13:45.968 --> 00:13:48.357 ရက်အတော်ကြာ တခါတလေ ရက်သတ္တပတ်တွေထိကြာတတ်ပါတယ် 00:13:48.494 --> 00:13:52.177 အဲ့လိုစိတ်ရှုပ်စရာကောင်းတဲ့ဖြစ်စဉ်တွေကို စားမြုံပြန်နေတာဟာ အလွယ်တကူအကျင့်တစ်ခု 00:13:52.177 --> 00:13:55.426 ဖြစ်လာနိုင်ပြီးသိပ်ကိုရင်းနှီးမှုများပါတယ် ဘာလို့လဲဆိုတော့ 00:13:55.426 --> 00:14:00.151 သင့်အချိန်တွေကိုစိတ်ပျက်စရာကောင်းတဲ့ မကောင်းတဲ့အတွေးတွေပေါ်အာရုံထားလို့ပဲ 00:14:00.175 --> 00:14:03.124 အဲဒီတော့ သင့်ကိုသိသာတဲ့အန္တရာယ်တွေ ဖြစ်လာပါတယ် 00:14:03.148 --> 00:14:04.885 စိတ်ဓာတ်ကျစေတာတွေ 00:14:05.370 --> 00:14:06.636 အရက်သမားဖြစ်လာတာတွေ 00:14:06.660 --> 00:14:07.822 အစားအသောက်ပျက်လာတာ 00:14:07.846 --> 00:14:09.952 နှလုံးရောဂါလိုမျိုးတောင်မှဖြစ်လာနိုင်တယ် NOTE Paragraph 00:14:10.682 --> 00:14:11.874 ပြဿနာက 00:14:11.898 --> 00:14:15.839 စားမြုံပြန်ဖို့ဆော်သြတာဟာသိပ်ပြင်းထန်ပြီး သိပ်အရေးကြီးတဲ့အကျင်းဆိုးမို့ 00:14:15.863 --> 00:14:17.916 ဟန့်တားဖို့ခက်ခဲပါတယ် 00:14:18.324 --> 00:14:20.427 ကျွန်တော်ဟာဒါကိုအချက်တစ်ခုအနေနဲ့ သိခဲ့ပါတယ် 00:14:20.451 --> 00:14:23.987 တစ်နှစ်စွန်းစွန်းလောက်တုန်းက ကိုယ့်ဘာသာကိုယ် အဲ့အကျင့်ကိုဖန်တီးခဲ့တယ် 00:14:24.540 --> 00:14:30.101 ကျွန်တော့်အမြွာညီမှာ အဆင့် ၃အဆင့် သွေးကင်ဆာရှိနေတာသိလိုက်ရတယ် 00:14:30.965 --> 00:14:33.109 ကင်ဆာကအတော်အပျံ့မြန်တာပဲ 00:14:33.133 --> 00:14:36.199 ဒါနဲ့သူ့ခန္ဓာတစ်ခုလုံးအကျိတ်တွေထွက်လာပါရော 00:14:36.904 --> 00:14:40.260 နောက်သူ့ကိုကင်ဆာဆေးတွေစပေးပါတော့တယ် 00:14:41.627 --> 00:14:45.567 သူအဲဒီလိုဖြစ်နေတာကို ကျွန်တော်မတွေးဘဲမနေနိုင်ဘူး 00:14:46.226 --> 00:14:49.306 သူတစ်ခါလေးတောင်မှစောတကမတက်တောင်မှပဲ သူဘယ်လောက်ခံစားနေရမလဲလို့လည်း 00:14:50.322 --> 00:14:53.591 ကျွန်တော်မတွေးဘဲမနေနိုင်ပြန်ဘူး 00:14:54.070 --> 00:14:56.997 သူ့ဆီမှာအံ့သြစရာကောင်းလောက်တဲ့ သဘောထားကောင်းရှိနေခဲ့တယ် 00:14:57.021 --> 00:14:59.508 သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက သြချရလောက်တယ် 00:15:00.212 --> 00:15:04.327 ကျွန်တော်ကရုပ်ပိုင်းဆိုင်ရာကျန်းမာပေမယ့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတော့သုံစားမရဘူး 00:15:04.813 --> 00:15:06.544 ဒါပေမယ့်ဘာလုပ်ရမလဲဆိုတာ သိပါတယ် 00:15:06.568 --> 00:15:11.123 လေ့လာမှုတွေအရ ၂မိနစ်စာအာရုံအပြောင်းအလဲလေးကတောင်မှ 00:15:11.123 --> 00:15:13.697 ဒီအချိန်တွေမှာစားမြုံပြန်တာကို ချေဖျက်ဖို့လုံလောက်ပါတယ် 00:15:14.110 --> 00:15:17.758 ဒါကြောင့်ကျွန်တော်စိုးရိမ်ပူပန် သောကရောက်ပြီးအတွေးဆိုးတွေဝင်လာရင် 00:15:17.782 --> 00:15:22.137 အခြားတစ်ခုကိုအာရုံစိုက်ဖို့ဖိအားပေးခဲ့တယ် အတွေးဆိုးတွေမရှိတော့တဲ့အချိန်အထိပေါ့ 00:15:22.161 --> 00:15:26.626 တစ်ပါတ်အတွင်းကျွန်တော်အတွေးတွေ ပြောင်းသွားခဲ့တယ် 00:15:26.650 --> 00:15:29.378 နောက်ပြီးအကောင်းမြင်တတ်လာပြီး မျှော်လင့်ချက်ထားတတ်လာတယ် NOTE Paragraph 00:15:29.509 --> 00:15:31.243 (အတွေးဆိုးတွေကိုတိုက်ထုတ်ပစ်လိုက်ပါ) NOTE Paragraph 00:15:31.267 --> 00:15:35.710 ကျွန်တော့်ညီကိုကင်ဆာဆေးပေးပြီး ၉ပတ်ကြာတော့ ကွန်ပြူတာဓာတ်မှန်ရိုက်တယ် 00:15:36.167 --> 00:15:38.524 သူ့အဖြေတွေရလာတော့ ကျွန်တော်သူ့ဘေးမှာရှိနေတယ် 00:15:39.125 --> 00:15:40.964 အကျိတ်တွေပြုတ်ပြုတ်ပြုန်းကုန်ပါပြီ 00:15:42.297 --> 00:15:45.271 သူနောက်ထပ် ကင်ဆာဆေး၃ခါစာခံယူရဦးမယ်ဆိုပေမယ့် 00:15:45.295 --> 00:15:47.255 သူနေပြန်ကောင်းလာပြီးဆိုတာသိလိုက်ရတယ် 00:15:47.659 --> 00:15:50.518 ဒီဓာတ်ပုံလေးကလွန်ခဲ့တဲ့ ၂ပတ်ကရိုက်ထားတာပါ NOTE Paragraph 00:15:53.807 --> 00:15:56.312 သင်အထီးကျန်ဆန်နေတာကို အရေးယူလိုက်တာ 00:15:56.848 --> 00:15:59.698 ရှုံးနိမ့်မှုအတွက်တုန့်ပြန်မှုတွေ အမျိုးမျိုးပြောင်းလိုက်တာ 00:16:00.225 --> 00:16:02.621 သင့်တန်ဖိုးကို သင်ကာကွယ်တာ 00:16:02.645 --> 00:16:04.927 အတွေးဆိုးအတွေးညစ်တွေကို တိုက်ထုတ်ပစ်တာတွေဟာ 00:16:04.951 --> 00:16:08.180 သင့်ရဲ့စိတ်ဒဏ်ရာတွေကို မပျောက်ကင်းစေနိုင်ပါဘူး 00:16:08.204 --> 00:16:10.763 စိတ်ဓာတ်ကြံ့ခိုင်အောင်တည်ဆောက်ပါ 00:16:10.787 --> 00:16:12.015 မွေးမြူပါ 00:16:12.774 --> 00:16:16.720 လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်ကလူတွေဟာ တကိုယ်ရည်သန့်ရှင်းကိုလုပ်ဆောင်လာကြတယ် 00:16:17.267 --> 00:16:21.518 လူ့သက်တမ်းရှည်နှုန်းလည်း ဆယ်စုနှစ်အတွင်း 00:16:21.542 --> 00:16:23.260 ၅ဝရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့တယ် 00:16:23.947 --> 00:16:28.036 အကယ်၍ကျွန်တော်တို့သာစိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးကိုစတင်လေ့ကျင်မယ်ဆိုရင် 00:16:28.060 --> 00:16:31.369 ကျွန်တော်တို့ ပျော်ရွှင်မှုတွေကလည်း တဟုန်ထိုးတိုးတက်လာမှာယုံကြည်ပါတယ် NOTE Paragraph 00:16:31.624 --> 00:16:34.257 အကယ်၍သာလူတိုင်း စိတ်ပိုင်းဆိုင်ရာကျန်းမာနေကြမယ်ဆိုရင် 00:16:34.281 --> 00:16:36.817 ကမ္ဘာကြီးကဘယ်လိုဖြစ်နေမလဲလို့ စိတ်ကူးကြည့်ဖူးလား။ 00:16:36.841 --> 00:16:39.762 အထီးကျန်ဆန်မှုတွေနည်းလာရင် စိတ်ဓာတ်ကျတာတွေနည်းလာရင် 00:16:40.240 --> 00:16:42.967 လူတွေကရှုံးနိမ့်မှုကိုဘယ်လိုကျော်လွှားရမယ် ဆိုတာသိလာကြရင် 00:16:43.224 --> 00:16:46.489 သူတို့ဘဝကို သူတို့ကျေနပ်ပြီး ပိုအားပေးလာကြရင် 00:16:46.513 --> 00:16:48.914 သူတို့ဘဝတွေဟာပိုပျော်လာပြီး ပြီးပြည့်စုံလာရင် 00:16:49.760 --> 00:16:53.037 အဲဒီလိုကမ္ဘာမျိုးက ကျွန်တော်နေချင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ 00:16:54.021 --> 00:16:57.707 ကျွန်တော့်ညီလည်းဒီလိုကမ္ဘာလေးမှာ နေချင်မှာပါပဲ 00:16:58.366 --> 00:17:02.866 သင်ဗဟုသုတတွေရပြီး ရိုးရှင်းတဲ့အကျင့်အချို့ကိုပြင်မယ်ဆိုရင် 00:17:03.551 --> 00:17:07.021 ကျွန်တော်တို့အားလုံး နေနိုင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ 00:17:07.367 --> 00:17:08.747 အားလုံးကိုကျေးဇူးတင်ပါတယ် 00:17:08.747 --> 00:17:11.267 (လက်ခုပ်သံများ)