သတင်းအမှားတွေ ဘယ်လိုပျံ့နှံ့လဲ - Noah Tavlin
-
0:07 - 0:11ကမ္ဘာကျော် စာရေးဆရာကြီး Mark Twain
တခါက ပြောဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ -
0:11 - 0:14“အမှန်တရားက ဖိနပ်စီးနေတုန်း
လောက်ပဲရှိဦးမယ် -
0:14 - 0:17အလိမ်ညာတစ်ခုကတော့ ကမ္ဘာတစ်ခြမ်းကိုတောင်
ရောက်နေလောက်ပြီ” တဲ့။ -
0:17 - 0:19ရယ်ဖို့ကောင်းတာကတော့
-
0:19 - 0:23Mark Twain က တကယ်ပဲ ဒါကို ပြောသလားဆိုတာကို
သံသယဖြစ်စရာ အကြောင်းပြချက်ဖြစ်နေလို့ပါပဲ။ -
0:23 - 0:26သူ့ဘာသူ ပြန်ထောက်ပြီးရွဲ့နေသလိုပါပဲ
-
0:26 - 0:32ဘယ်သူပဲပြောခဲ့ပြောခဲ့ ဒီနေ့ ဒီစကားက
အရင်တုန်းကထက်ကို ပိုမှန်လွန်းနေပါတယ်။ -
0:32 - 0:35လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက
တစ်ကမ္ဘာလုံးရောက်နိုင်တဲ့ မီဒီယာတဲ့ထဲမှာ -
0:35 - 0:38သတင်းဌာနအကြီးကြီးတွေ နဲ့
သူတို့ရဲ့ ကွန်ယက်တွေလောက်ပဲ ရှိတာပါ။ -
0:38 - 0:43သူတို့က သတင်းနဲ့အချက်အလက်တွေကို
စုဆောင်းဖို့ အင်အားရှိတယ်လေ။ -
0:43 - 0:46သတင်းတွေကိုစုဆောင်းတင်ဆက်တဲ့
Reutersတို့Associated Press -
0:46 - 0:52တို့လို သတင်းဌာနတွေက ယနေ့ခေတ်နဲ့ယှဉ်ရင်
နည်းနေသေးတယ်လေ။ -
0:52 - 0:55အခုခေတ်မှာ သတင်းအချက်အလက်တွေ
ပျံ့နှံ့တဲ့ အရှိန်က -
0:55 - 1:01သတင်းပတ်လည်ရိုက်တဲ့ဖြစ်စဉ်တစ်ခုကို
ကောင်းကောင်း ဖန်တီးပေးလိုက်ပါတယ်။ -
1:01 - 1:04အဲ့ဒါက ဘယ်လိုလဲဆိုတော့ သတင်းဌာန (A) က
သတင်းမှားတစ်ခုကို ထုတ်ဝေလိုက်တယ်၊ -
1:04 - 1:07သတင်းဌာန (B) က အဲ့ဒါကို ထပ်ထုတ်ဝေပြန်တယ်၊
-
1:07 - 1:13ပြီးလည်းပြီးရော ဌာန (A) က ဌာန (B) ကို
သူ့ရဲ့ သတင်းရင်းမြစ်အဖြစ် ပြန်ကိုးကားမိရော -
1:13 - 1:15အဲ့ဒါကို သတင်းပတ်လည်ရိုက်တယ်လို့
သတ်မှတ်တာပေါ့။ -
1:15 - 1:18သတင်းဌာန အများကြီးတွေက
-
1:18 - 1:21မှားနေတဲ့ သတင်းတစ်ပုဒ်ကိုပဲ ပတ်ပြီး
အချင်းချင်းပြန်တင်ဆက်ကြနေတော့ -
1:21 - 1:27တခြား သတင်းရေးသူအတွက်ကသတင်းဌာနတွေက
အမှန်စစ်ပြီးပြီပဲ ထင်သွားတော့တာပေါ့။ -
1:27 - 1:33ဥပမာပေးရရင် သိပ္ပံသုတေသနယောင်ယောင်
စာနယ်ဇင်းတိုက်တစ်ခုက၁၉၉၈ ခုနှစ် စာစောင်မှာ -
1:33 - 1:37ကာကွယ်ဆေးထိုးခြင်းက ကလေးတွေကို
Autism ဖြစ်စေတယ်လို့ ရည်ညွန်းလိုက်ရာကနေ -
1:37 - 1:41ကာကွယ်ဆေးဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီး
ကို လှုံ့ဆော်လိုက်သလို ဖြစ်သွားပါတယ်။ -
1:41 - 1:45အဲ့အကြောင်းကို စထုတ်ဝေတဲ့ စာစောင်ကို
သိပ္ပံပညာရှင်အသိုင်းအဝိုင်းက လက်မခံကြောင်း -
1:45 - 1:47အကြိမ်ကြိမ်ခါအခါ ပြောနေတဲ့ကြားထဲက
ဖြစ်သွားတာပါ။ -
1:47 - 1:52အခုဆိုရင် တမင် ကာကွယ်ဆေးမထိုးပဲထားတဲ့
ကလေးတွေဟာ အမေရိကမှာ -
1:52 - 1:56အရင်တုန်းက လုံးဝနီးပါးချေမှုန်းပြီးဖြစ်တဲ့
ကူးစက်ရောဂါတွေကို ခံစားနေရပါတယ်။ -
1:56 - 1:59တချို့ကူးစက်ရောဂါတွေကဆို
အသက်ပါသေစေနိုင်ပါတယ်။ -
1:59 - 2:01ဒီလောက်မဆိုးတဲ့
ဥပမာတစ်ခုကို ပြောရမယ်ဆိုရင် -
2:01 - 2:05သတင်းအစစ်နဲ့ တူအောင် ရေးထားတဲ့
သရော်စာတွေကိုလည်း -
2:05 - 2:09အတည်ရေးတဲ့ သတင်းဌာနတွေက
ကောက်ယူသွားနိုင်ပါတယ်။ -
2:09 - 2:14ဥပမာ၊ နာမည်ရ ဗြိတိသျှ ဆေးဂျာနယ်တစ်ခုမှာ
လှောင်ပြောင်ရေးထားတဲ့ -
2:14 - 2:20“မျိုးဆက်သစ်ကွန်ပြူတာဂိမ်းများကိုကစားနေသော
ဆက်ကျော်သက်လူငယ်များတွင် အင်အားသုံးစွဲမှု" -
2:20 - 2:26ဆောင်းပါးကို အတည်ရေးတဲ့သိပ္ပံစာနယ်ဇင်းတွေက
အကြိမ်၄၀၀ကျော်လောက်ပြန်လည်ကိုးကားဖူးပါတယ်။ -
2:26 - 2:28လူတိုင်းရေးနိုင်တဲ့Wikiလို
စွယ်စုံကျမ်းလိုမျိုးကလည်း -
2:28 - 2:32သတင်းပတ်လည်ရိုက်တာကို
ပါဝင်ထောက်ပံ့သူများ ဖြစ်သွားလေ့ရှိပါတယ်။ -
2:32 - 2:36သတင်းရေးတဲ့သူတွေက အဲ့လိုနေရာမျိုးက
အမြန်ရတဲ့အချက်အလက်တွေကို မှီခိုတာများတော့ -
2:36 - 2:41Wiki စာမျက်နှာက မစီစစ်ရသေးတဲ့ အချက်တစ်ခုက
ထုတ်ဝေတဲ့ ဆောင်းပါးထဲပါဝင်သွားနိုင်ပါတယ်။ -
2:41 - 2:46နောက်ကျတော့ အဲ့ဒီသတင်းဌာနကဆောင်ပါးကို
စောစောက wiki စာမျက်နှာကကိုးကားရေးပြန်ရော -
2:46 - 2:49အဲ့တော့ မှန်မမှန်ပြန်လိုက်စစ်ဖို့အတွက်
ခက်ခဲတော့တာပေါ့။ -
2:49 - 2:52ဆက်သွယ်ရေးနည်းပညာမှာ
လတ်တလော တိုးတက်ပြောင်းလဲမှုတွေက -
2:52 - 2:53သတင်းအချက်အလက်နဲ့ လူတွေကြားမှာရှိတဲ့
-
2:53 - 2:58အတားအဆီးကို ဖယ်ရှားပြီး
နှိုင်းမရတဲ့ ကောင်းကျိုးတွေပေးပါတယ်။ -
2:58 - 2:59အဖြေမြန်ကိုလိုချင်တဲ့ တို့ရဲ့ဆန္ဒက
-
2:59 - 3:03ကျိုးကြောင်းခိုင်လုံမှုကို သေချာအောင်
လုပ်ချင်တဲ့ဆန္ဒကိုလွှမ်းမိုးသွားနိုင်ပါတယ် -
3:03 - 3:08အဲ့တော့ ဒီဘက်လိုက်မှုကို ကမ္ဘာတစ်ဝှမ်းက
လူသန်းပေါင်းများစွာပွားလိုက်တဲ့အခါမှာတော့ -
3:08 - 3:12ချက်ချင်းဆိုသလို၊ပိုသတိရှိဖို့ကလိုနေပါပြီ
-
3:12 - 3:14ဂျင်းမီဒီယာတွေကို ရှောင်ရှားကာ
-
3:14 - 3:17မသင်္ကာစရာအချက်မျိုးကို
ဝေဖန်ထာတာကို လိုက်ရှာတတ်အောင်လုပ်ပြီး -
3:17 - 3:22သတင်းတစ်ခုရဲ့ ရင်းမြစ်အစကို လိုက်တာက
မုသားတွေကို အရှိန်နှေးဖို့ ကူညီရာရောက်ပြီး -
3:22 - 3:25အမှန်တရားကို ဖိနပ်စီးဖို့
အချိန်လေးနည်းနည်းပိုပေးနိုင်မှာပဲဖြစ်ပါတယ်
- Title:
- သတင်းအမှားတွေ ဘယ်လိုပျံ့နှံ့လဲ - Noah Tavlin
- Description:
-
သင်ခန်စားအပြည့်အစုံကြည့်ရန် : http://ed.ted.com/lessons/how-false-news-can-spread-noah-tavli
လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက တစ်ကမ္ဘာလုံးရောက်နိုင်တဲ့ မီဒီယာတဲ့ထဲမှာ သတင်းဌာနအကြီးကြီးတွေ နဲ့ သူတို့ရဲ့ ကွန်ယက်တွေလောက်ပဲ ရှိတာပါ။ သူတို့က သတင်းနဲ့အချက်အလက်တွေကို
စုဆောင်းဖို့ အင်အားရှိတယ်လေ။ သတင်းတွေကိုစုဆောင်းတင်ဆက်တဲ့ Reutersတို့Associated Press တို့လို သတင်းဌာနတွေက ယနေ့ခေတ်နဲ့ယှဉ်ရင် နည်းနေသေးတယ်လေ။ အခုခေတ်မှာ သတင်းအချက်အလက်တွေ ပျံ့နှံ့တဲ့ အရှိန်က သတင်းပတ်လည်ရိုက်တဲ့ဖြစ်စဉ်တစ်ခုကို ကောင်းကောင်း ဖန်တီးပေးလိုက်ပါတယ်။ Noah Tavlin က ဒီဖြစ်စဉ်အကြောင်းကို ရှင်းပြထားပါတယ် - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 03:42
sann tint approved Burmese subtitles for How false news can spread - Noah Tavlin | ||
sann tint edited Burmese subtitles for How false news can spread - Noah Tavlin | ||
sann tint accepted Burmese subtitles for How false news can spread - Noah Tavlin | ||
sann tint edited Burmese subtitles for How false news can spread - Noah Tavlin | ||
Nyein Chan Ko Ko edited Burmese subtitles for How false news can spread - Noah Tavlin | ||
Nyein Chan Ko Ko edited Burmese subtitles for How false news can spread - Noah Tavlin | ||
Nyein Chan Ko Ko edited Burmese subtitles for How false news can spread - Noah Tavlin |