ကမ္ဘာကျော် စာရေးဆရာကြီး Mark Twain
တခါက ပြောဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။
“အမှန်တရားက ဖိနပ်စီးနေတုန်း
လောက်ပဲရှိဦးမယ်
အလိမ်ညာတစ်ခုကတော့ ကမ္ဘာတစ်ခြမ်းကိုတောင်
ရောက်နေလောက်ပြီ” တဲ့။
ရယ်ဖို့ကောင်းတာကတော့
Mark Twain က တကယ်ပဲ ဒါကို ပြောသလားဆိုတာကို
သံသယဖြစ်စရာ အကြောင်းပြချက်ဖြစ်နေလို့ပါပဲ။
သူ့ဘာသူ ပြန်ထောက်ပြီးရွဲ့နေသလိုပါပဲ
ဘယ်သူပဲပြောခဲ့ပြောခဲ့ ဒီနေ့ ဒီစကားက
အရင်တုန်းကထက်ကို ပိုမှန်လွန်းနေပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက
တစ်ကမ္ဘာလုံးရောက်နိုင်တဲ့ မီဒီယာတဲ့ထဲမှာ
သတင်းဌာနအကြီးကြီးတွေ နဲ့
သူတို့ရဲ့ ကွန်ယက်တွေလောက်ပဲ ရှိတာပါ။
သူတို့က သတင်းနဲ့အချက်အလက်တွေကို
စုဆောင်းဖို့ အင်အားရှိတယ်လေ။
သတင်းတွေကိုစုဆောင်းတင်ဆက်တဲ့
Reutersတို့Associated Press
တို့လို သတင်းဌာနတွေက ယနေ့ခေတ်နဲ့ယှဉ်ရင်
နည်းနေသေးတယ်လေ။
အခုခေတ်မှာ သတင်းအချက်အလက်တွေ
ပျံ့နှံ့တဲ့ အရှိန်က
သတင်းပတ်လည်ရိုက်တဲ့ဖြစ်စဉ်တစ်ခုကို
ကောင်းကောင်း ဖန်တီးပေးလိုက်ပါတယ်။
အဲ့ဒါက ဘယ်လိုလဲဆိုတော့ သတင်းဌာန (A) က
သတင်းမှားတစ်ခုကို ထုတ်ဝေလိုက်တယ်၊
သတင်းဌာန (B) က အဲ့ဒါကို ထပ်ထုတ်ဝေပြန်တယ်၊
ပြီးလည်းပြီးရော ဌာန (A) က ဌာန (B) ကို
သူ့ရဲ့ သတင်းရင်းမြစ်အဖြစ် ပြန်ကိုးကားမိရော
အဲ့ဒါကို သတင်းပတ်လည်ရိုက်တယ်လို့
သတ်မှတ်တာပေါ့။
သတင်းဌာန အများကြီးတွေက
မှားနေတဲ့ သတင်းတစ်ပုဒ်ကိုပဲ ပတ်ပြီး
အချင်းချင်းပြန်တင်ဆက်ကြနေတော့
တခြား သတင်းရေးသူအတွက်ကသတင်းဌာနတွေက
အမှန်စစ်ပြီးပြီပဲ ထင်သွားတော့တာပေါ့။
ဥပမာပေးရရင် သိပ္ပံသုတေသနယောင်ယောင်
စာနယ်ဇင်းတိုက်တစ်ခုက၁၉၉၈ ခုနှစ် စာစောင်မှာ
ကာကွယ်ဆေးထိုးခြင်းက ကလေးတွေကို
Autism ဖြစ်စေတယ်လို့ ရည်ညွန်းလိုက်ရာကနေ
ကာကွယ်ဆေးဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီး
ကို လှုံ့ဆော်လိုက်သလို ဖြစ်သွားပါတယ်။
အဲ့အကြောင်းကို စထုတ်ဝေတဲ့ စာစောင်ကို
သိပ္ပံပညာရှင်အသိုင်းအဝိုင်းက လက်မခံကြောင်း
အကြိမ်ကြိမ်ခါအခါ ပြောနေတဲ့ကြားထဲက
ဖြစ်သွားတာပါ။
အခုဆိုရင် တမင် ကာကွယ်ဆေးမထိုးပဲထားတဲ့
ကလေးတွေဟာ အမေရိကမှာ
အရင်တုန်းက လုံးဝနီးပါးချေမှုန်းပြီးဖြစ်တဲ့
ကူးစက်ရောဂါတွေကို ခံစားနေရပါတယ်။
တချို့ကူးစက်ရောဂါတွေကဆို
အသက်ပါသေစေနိုင်ပါတယ်။
ဒီလောက်မဆိုးတဲ့
ဥပမာတစ်ခုကို ပြောရမယ်ဆိုရင်
သတင်းအစစ်နဲ့ တူအောင် ရေးထားတဲ့
သရော်စာတွေကိုလည်း
အတည်ရေးတဲ့ သတင်းဌာနတွေက
ကောက်ယူသွားနိုင်ပါတယ်။
ဥပမာ၊ နာမည်ရ ဗြိတိသျှ ဆေးဂျာနယ်တစ်ခုမှာ
လှောင်ပြောင်ရေးထားတဲ့
“မျိုးဆက်သစ်ကွန်ပြူတာဂိမ်းများကိုကစားနေသော
ဆက်ကျော်သက်လူငယ်များတွင် အင်အားသုံးစွဲမှု"
ဆောင်းပါးကို အတည်ရေးတဲ့သိပ္ပံစာနယ်ဇင်းတွေက
အကြိမ်၄၀၀ကျော်လောက်ပြန်လည်ကိုးကားဖူးပါတယ်။
လူတိုင်းရေးနိုင်တဲ့Wikiလို
စွယ်စုံကျမ်းလိုမျိုးကလည်း
သတင်းပတ်လည်ရိုက်တာကို
ပါဝင်ထောက်ပံ့သူများ ဖြစ်သွားလေ့ရှိပါတယ်။
သတင်းရေးတဲ့သူတွေက အဲ့လိုနေရာမျိုးက
အမြန်ရတဲ့အချက်အလက်တွေကို မှီခိုတာများတော့
Wiki စာမျက်နှာက မစီစစ်ရသေးတဲ့ အချက်တစ်ခုက
ထုတ်ဝေတဲ့ ဆောင်းပါးထဲပါဝင်သွားနိုင်ပါတယ်။
နောက်ကျတော့ အဲ့ဒီသတင်းဌာနကဆောင်ပါးကို
စောစောက wiki စာမျက်နှာကကိုးကားရေးပြန်ရော
အဲ့တော့ မှန်မမှန်ပြန်လိုက်စစ်ဖို့အတွက်
ခက်ခဲတော့တာပေါ့။
ဆက်သွယ်ရေးနည်းပညာမှာ
လတ်တလော တိုးတက်ပြောင်းလဲမှုတွေက
သတင်းအချက်အလက်နဲ့ လူတွေကြားမှာရှိတဲ့
အတားအဆီးကို ဖယ်ရှားပြီး
နှိုင်းမရတဲ့ ကောင်းကျိုးတွေပေးပါတယ်။
အဖြေမြန်ကိုလိုချင်တဲ့ တို့ရဲ့ဆန္ဒက
ကျိုးကြောင်းခိုင်လုံမှုကို သေချာအောင်
လုပ်ချင်တဲ့ဆန္ဒကိုလွှမ်းမိုးသွားနိုင်ပါတယ်
အဲ့တော့ ဒီဘက်လိုက်မှုကို ကမ္ဘာတစ်ဝှမ်းက
လူသန်းပေါင်းများစွာပွားလိုက်တဲ့အခါမှာတော့
ချက်ချင်းဆိုသလို၊ပိုသတိရှိဖို့ကလိုနေပါပြီ
ဂျင်းမီဒီယာတွေကို ရှောင်ရှားကာ
မသင်္ကာစရာအချက်မျိုးကို
ဝေဖန်ထာတာကို လိုက်ရှာတတ်အောင်လုပ်ပြီး
သတင်းတစ်ခုရဲ့ ရင်းမြစ်အစကို လိုက်တာက
မုသားတွေကို အရှိန်နှေးဖို့ ကူညီရာရောက်ပြီး
အမှန်တရားကို ဖိနပ်စီးဖို့
အချိန်လေးနည်းနည်းပိုပေးနိုင်မှာပဲဖြစ်ပါတယ်