WEBVTT 00:00:06.761 --> 00:00:10.560 ကမ္ဘာကျော် စာရေးဆရာကြီး Mark Twain တခါက ပြောဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ 00:00:10.560 --> 00:00:14.211 “အမှန်တရားက ဖိနပ်စီးနေတုန်း လောက်ပဲရှိဦးမယ် 00:00:14.211 --> 00:00:17.269 အလိမ်ညာတစ်ခုကတော့ ကမ္ဘာတစ်ခြမ်းကိုတောင် ရောက်နေလောက်ပြီ” တဲ့။ 00:00:17.269 --> 00:00:18.936 ရယ်ဖို့ကောင်းတာကတော့ 00:00:18.936 --> 00:00:22.985 Mark Twain က တကယ်ပဲ ဒါကို ပြောသလားဆိုတာကို သံသယဖြစ်စရာ အကြောင်းပြချက်ဖြစ်နေလို့ပါပဲ။ 00:00:22.985 --> 00:00:26.000 သူ့ဘာသူ ပြန်ထောက်ပြီးရွဲ့နေသလိုပါပဲ 00:00:26.000 --> 00:00:31.753 ဘယ်သူပဲပြောခဲ့ပြောခဲ့ ဒီနေ့ ဒီစကားက အရင်တုန်းကထက်ကို ပိုမှန်လွန်းနေပါတယ်။ 00:00:31.753 --> 00:00:35.180 လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက တစ်ကမ္ဘာလုံးရောက်နိုင်တဲ့ မီဒီယာတဲ့ထဲမှာ 00:00:35.180 --> 00:00:38.496 သတင်းဌာနအကြီးကြီးတွေ နဲ့ သူတို့ရဲ့ ကွန်ယက်တွေလောက်ပဲ ရှိတာပါ။ 00:00:38.496 --> 00:00:43.062 သူတို့က သတင်းနဲ့အချက်အလက်တွေကို စုဆောင်းဖို့ အင်အားရှိတယ်လေ။ 00:00:43.062 --> 00:00:45.722 သတင်းတွေကိုစုဆောင်းတင်ဆက်တဲ့ Reutersတို့Associated Press 00:00:45.722 --> 00:00:51.921 တို့လို သတင်းဌာနတွေက ယနေ့ခေတ်နဲ့ယှဉ်ရင် နည်းနေသေးတယ်လေ။ 00:00:51.921 --> 00:00:54.846 အခုခေတ်မှာ သတင်းအချက်အလက်တွေ ပျံ့နှံ့တဲ့ အရှိန်က 00:00:54.846 --> 00:01:00.623 သတင်းပတ်လည်ရိုက်တဲ့ဖြစ်စဉ်တစ်ခုကို ကောင်းကောင်း ဖန်တီးပေးလိုက်ပါတယ်။ 00:01:00.623 --> 00:01:04.225 အဲ့ဒါက ဘယ်လိုလဲဆိုတော့ သတင်းဌာန (A) က သတင်းမှားတစ်ခုကို ထုတ်ဝေလိုက်တယ်၊ 00:01:04.225 --> 00:01:06.916 သတင်းဌာန (B) က အဲ့ဒါကို ထပ်ထုတ်ဝေပြန်တယ်၊ 00:01:06.916 --> 00:01:12.807 ပြီးလည်းပြီးရော ဌာန (A) က ဌာန (B) ကို သူ့ရဲ့ သတင်းရင်းမြစ်အဖြစ် ပြန်ကိုးကားမိရော 00:01:12.807 --> 00:01:15.433 အဲ့ဒါကို သတင်းပတ်လည်ရိုက်တယ်လို့ သတ်မှတ်တာပေါ့။ 00:01:15.433 --> 00:01:17.871 သတင်းဌာန အများကြီးတွေက 00:01:17.871 --> 00:01:21.122 မှားနေတဲ့ သတင်းတစ်ပုဒ်ကိုပဲ ပတ်ပြီး အချင်းချင်းပြန်တင်ဆက်ကြနေတော့ 00:01:21.122 --> 00:01:27.414 တခြား သတင်းရေးသူအတွက်ကသတင်းဌာနတွေက အမှန်စစ်ပြီးပြီပဲ ထင်သွားတော့တာပေါ့။ 00:01:27.414 --> 00:01:32.678 ဥပမာပေးရရင် သိပ္ပံသုတေသနယောင်ယောင် စာနယ်ဇင်းတိုက်တစ်ခုက၁၉၉၈ ခုနှစ် စာစောင်မှာ 00:01:32.678 --> 00:01:36.667 ကာကွယ်ဆေးထိုးခြင်းက ကလေးတွေကို Autism ဖြစ်စေတယ်လို့ ရည်ညွန်းလိုက်ရာကနေ 00:01:36.667 --> 00:01:40.584 ကာကွယ်ဆေးဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီး ကို လှုံ့ဆော်လိုက်သလို ဖြစ်သွားပါတယ်။ 00:01:40.584 --> 00:01:44.697 အဲ့အကြောင်းကို စထုတ်ဝေတဲ့ စာစောင်ကို သိပ္ပံပညာရှင်အသိုင်းအဝိုင်းက လက်မခံကြောင်း 00:01:44.697 --> 00:01:47.173 အကြိမ်ကြိမ်ခါအခါ ပြောနေတဲ့ကြားထဲက ဖြစ်သွားတာပါ။ 00:01:47.173 --> 00:01:52.157 အခုဆိုရင် တမင် ကာကွယ်ဆေးမထိုးပဲထားတဲ့ ကလေးတွေဟာ အမေရိကမှာ 00:01:52.157 --> 00:01:56.007 အရင်တုန်းက လုံးဝနီးပါးချေမှုန်းပြီးဖြစ်တဲ့ ကူးစက်ရောဂါတွေကို ခံစားနေရပါတယ်။ 00:01:56.007 --> 00:01:58.803 တချို့ကူးစက်ရောဂါတွေကဆို အသက်ပါသေစေနိုင်ပါတယ်။ 00:01:58.803 --> 00:02:00.890 ဒီလောက်မဆိုးတဲ့ ဥပမာတစ်ခုကို ပြောရမယ်ဆိုရင် 00:02:00.890 --> 00:02:04.676 သတင်းအစစ်နဲ့ တူအောင် ရေးထားတဲ့ သရော်စာတွေကိုလည်း 00:02:04.676 --> 00:02:09.236 အတည်ရေးတဲ့ သတင်းဌာနတွေက ကောက်ယူသွားနိုင်ပါတယ်။ 00:02:09.236 --> 00:02:14.362 ဥပမာ၊ နာမည်ရ ဗြိတိသျှ ဆေးဂျာနယ်တစ်ခုမှာ လှောင်ပြောင်ရေးထားတဲ့ 00:02:14.362 --> 00:02:19.513 “မျိုးဆက်သစ်ကွန်ပြူတာဂိမ်းများကိုကစားနေသော ဆက်ကျော်သက်လူငယ်များတွင် အင်အားသုံးစွဲမှု" 00:02:19.513 --> 00:02:25.548 ဆောင်းပါးကို အတည်ရေးတဲ့သိပ္ပံစာနယ်ဇင်းတွေက အကြိမ်၄၀၀ကျော်လောက်ပြန်လည်ကိုးကားဖူးပါတယ်။ 00:02:25.548 --> 00:02:27.999 လူတိုင်းရေးနိုင်တဲ့Wikiလို စွယ်စုံကျမ်းလိုမျိုးကလည်း 00:02:27.999 --> 00:02:31.853 သတင်းပတ်လည်ရိုက်တာကို ပါဝင်ထောက်ပံ့သူများ ဖြစ်သွားလေ့ရှိပါတယ်။ 00:02:31.853 --> 00:02:35.869 သတင်းရေးတဲ့သူတွေက အဲ့လိုနေရာမျိုးက အမြန်ရတဲ့အချက်အလက်တွေကို မှီခိုတာများတော့ 00:02:35.869 --> 00:02:41.137 Wiki စာမျက်နှာက မစီစစ်ရသေးတဲ့ အချက်တစ်ခုက ထုတ်ဝေတဲ့ ဆောင်းပါးထဲပါဝင်သွားနိုင်ပါတယ်။ 00:02:41.137 --> 00:02:46.213 နောက်ကျတော့ အဲ့ဒီသတင်းဌာနကဆောင်ပါးကို စောစောက wiki စာမျက်နှာကကိုးကားရေးပြန်ရော 00:02:46.213 --> 00:02:49.038 အဲ့တော့ မှန်မမှန်ပြန်လိုက်စစ်ဖို့အတွက် ခက်ခဲတော့တာပေါ့။ 00:02:49.038 --> 00:02:51.517 ဆက်သွယ်ရေးနည်းပညာမှာ လတ်တလော တိုးတက်ပြောင်းလဲမှုတွေက 00:02:51.517 --> 00:02:53.436 သတင်းအချက်အလက်နဲ့ လူတွေကြားမှာရှိတဲ့ 00:02:53.436 --> 00:02:57.518 အတားအဆီးကို ဖယ်ရှားပြီး နှိုင်းမရတဲ့ ကောင်းကျိုးတွေပေးပါတယ်။ 00:02:57.518 --> 00:02:59.315 အဖြေမြန်ကိုလိုချင်တဲ့ တို့ရဲ့ဆန္ဒက 00:02:59.315 --> 00:03:03.335 ကျိုးကြောင်းခိုင်လုံမှုကို သေချာအောင် လုပ်ချင်တဲ့ဆန္ဒကိုလွှမ်းမိုးသွားနိုင်ပါတယ် 00:03:03.335 --> 00:03:07.574 အဲ့တော့ ဒီဘက်လိုက်မှုကို ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာပွားလိုက်တဲ့အခါမှာတော့ 00:03:07.574 --> 00:03:11.877 ချက်ချင်းဆိုသလို၊ပိုသတိရှိဖို့ကလိုနေပါပြီ 00:03:11.877 --> 00:03:13.832 ဂျင်းမီဒီယာတွေကို ရှောင်ရှားကာ 00:03:13.832 --> 00:03:16.980 မသင်္ကာစရာအချက်မျိုးကို ဝေဖန်ထာတာကို လိုက်ရှာတတ်အောင်လုပ်ပြီး 00:03:16.980 --> 00:03:22.088 သတင်းတစ်ခုရဲ့ ရင်းမြစ်အစကို လိုက်တာက မုသားတွေကို အရှိန်နှေးဖို့ ကူညီရာရောက်ပြီး 00:03:22.088 --> 00:03:25.360 အမှန်တရားကို ဖိနပ်စီးဖို့ အချိန်လေးနည်းနည်းပိုပေးနိုင်မှာပဲဖြစ်ပါတယ်