Return to Video

သတင်းအမှားတွေ ဘယ်လိုပျံ့နှံ့လဲ - Noah Tavlin

  • 0:07 - 0:11
    ကမ္ဘာကျော် စာရေးဆရာကြီး Mark Twain
    တခါက ပြောဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။
  • 0:11 - 0:14
    “အမှန်တရားက ဖိနပ်စီးနေတုန်း
    လောက်ပဲရှိဦးမယ်
  • 0:14 - 0:17
    အလိမ်ညာတစ်ခုကတော့ ကမ္ဘာတစ်ခြမ်းကိုတောင်
    ရောက်နေလောက်ပြီ” တဲ့။
  • 0:17 - 0:19
    ရယ်ဖို့ကောင်းတာကတော့
  • 0:19 - 0:23
    Mark Twain က တကယ်ပဲ ဒါကို ပြောသလားဆိုတာကို
    သံသယဖြစ်စရာ အကြောင်းပြချက်ဖြစ်နေလို့ပါပဲ။
  • 0:23 - 0:26
    သူ့ဘာသူ ပြန်ထောက်ပြီးရွဲ့နေသလိုပါပဲ
  • 0:26 - 0:32
    ဘယ်သူပဲပြောခဲ့ပြောခဲ့ ဒီနေ့ ဒီစကားက
    အရင်တုန်းကထက်ကို ပိုမှန်လွန်းနေပါတယ်။
  • 0:32 - 0:35
    လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက
    တစ်ကမ္ဘာလုံးရောက်နိုင်တဲ့ မီဒီယာတဲ့ထဲမှာ
  • 0:35 - 0:38
    သတင်းဌာနအကြီးကြီးတွေ နဲ့
    သူတို့ရဲ့ ကွန်ယက်တွေလောက်ပဲ ရှိတာပါ။
  • 0:38 - 0:43
    သူတို့က သတင်းနဲ့အချက်အလက်တွေကို
    စုဆောင်းဖို့ အင်အားရှိတယ်လေ။
  • 0:43 - 0:46
    သတင်းတွေကိုစုဆောင်းတင်ဆက်တဲ့
    Reutersတို့Associated Press
  • 0:46 - 0:52
    တို့လို သတင်းဌာနတွေက ယနေ့ခေတ်နဲ့ယှဉ်ရင်
    နည်းနေသေးတယ်လေ။
  • 0:52 - 0:55
    အခုခေတ်မှာ သတင်းအချက်အလက်တွေ
    ပျံ့နှံ့တဲ့ အရှိန်က
  • 0:55 - 1:01
    သတင်းပတ်လည်ရိုက်တဲ့ဖြစ်စဉ်တစ်ခုကို
    ကောင်းကောင်း ဖန်တီးပေးလိုက်ပါတယ်။
  • 1:01 - 1:04
    အဲ့ဒါက ဘယ်လိုလဲဆိုတော့ သတင်းဌာန (A) က
    သတင်းမှားတစ်ခုကို ထုတ်ဝေလိုက်တယ်၊
  • 1:04 - 1:07
    သတင်းဌာန (B) က အဲ့ဒါကို ထပ်ထုတ်ဝေပြန်တယ်၊
  • 1:07 - 1:13
    ပြီးလည်းပြီးရော ဌာန (A) က ဌာန (B) ကို
    သူ့ရဲ့ သတင်းရင်းမြစ်အဖြစ် ပြန်ကိုးကားမိရော
  • 1:13 - 1:15
    အဲ့ဒါကို သတင်းပတ်လည်ရိုက်တယ်လို့
    သတ်မှတ်တာပေါ့။
  • 1:15 - 1:18
    သတင်းဌာန အများကြီးတွေက
  • 1:18 - 1:21
    မှားနေတဲ့ သတင်းတစ်ပုဒ်ကိုပဲ ပတ်ပြီး
    အချင်းချင်းပြန်တင်ဆက်ကြနေတော့
  • 1:21 - 1:27
    တခြား သတင်းရေးသူအတွက်ကသတင်းဌာနတွေက
    အမှန်စစ်ပြီးပြီပဲ ထင်သွားတော့တာပေါ့။
  • 1:27 - 1:33
    ဥပမာပေးရရင် သိပ္ပံသုတေသနယောင်ယောင်
    စာနယ်ဇင်းတိုက်တစ်ခုက၁၉၉၈ ခုနှစ် စာစောင်မှာ
  • 1:33 - 1:37
    ကာကွယ်ဆေးထိုးခြင်းက ကလေးတွေကို
    Autism ဖြစ်စေတယ်လို့ ရည်ညွန်းလိုက်ရာကနေ
  • 1:37 - 1:41
    ကာကွယ်ဆေးဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီး
    ကို လှုံ့ဆော်လိုက်သလို ဖြစ်သွားပါတယ်။
  • 1:41 - 1:45
    အဲ့အကြောင်းကို စထုတ်ဝေတဲ့ စာစောင်ကို
    သိပ္ပံပညာရှင်အသိုင်းအဝိုင်းက လက်မခံကြောင်း
  • 1:45 - 1:47
    အကြိမ်ကြိမ်ခါအခါ ပြောနေတဲ့ကြားထဲက
    ဖြစ်သွားတာပါ။
  • 1:47 - 1:52
    အခုဆိုရင် တမင် ကာကွယ်ဆေးမထိုးပဲထားတဲ့
    ကလေးတွေဟာ အမေရိကမှာ
  • 1:52 - 1:56
    အရင်တုန်းက လုံးဝနီးပါးချေမှုန်းပြီးဖြစ်တဲ့
    ကူးစက်ရောဂါတွေကို ခံစားနေရပါတယ်။
  • 1:56 - 1:59
    တချို့ကူးစက်ရောဂါတွေကဆို
    အသက်ပါသေစေနိုင်ပါတယ်။
  • 1:59 - 2:01
    ဒီလောက်မဆိုးတဲ့
    ဥပမာတစ်ခုကို ပြောရမယ်ဆိုရင်
  • 2:01 - 2:05
    သတင်းအစစ်နဲ့ တူအောင် ရေးထားတဲ့
    သရော်စာတွေကိုလည်း
  • 2:05 - 2:09
    အတည်ရေးတဲ့ သတင်းဌာနတွေက
    ကောက်ယူသွားနိုင်ပါတယ်။
  • 2:09 - 2:14
    ဥပမာ၊ နာမည်ရ ဗြိတိသျှ ဆေးဂျာနယ်တစ်ခုမှာ
    လှောင်ပြောင်ရေးထားတဲ့
  • 2:14 - 2:20
    “မျိုးဆက်သစ်ကွန်ပြူတာဂိမ်းများကိုကစားနေသော
    ဆက်ကျော်သက်လူငယ်များတွင် အင်အားသုံးစွဲမှု"
  • 2:20 - 2:26
    ဆောင်းပါးကို အတည်ရေးတဲ့သိပ္ပံစာနယ်ဇင်းတွေက
    အကြိမ်၄၀၀ကျော်လောက်ပြန်လည်ကိုးကားဖူးပါတယ်။
  • 2:26 - 2:28
    လူတိုင်းရေးနိုင်တဲ့Wikiလို
    စွယ်စုံကျမ်းလိုမျိုးကလည်း
  • 2:28 - 2:32
    သတင်းပတ်လည်ရိုက်တာကို
    ပါဝင်ထောက်ပံ့သူများ ဖြစ်သွားလေ့ရှိပါတယ်။
  • 2:32 - 2:36
    သတင်းရေးတဲ့သူတွေက အဲ့လိုနေရာမျိုးက
    အမြန်ရတဲ့အချက်အလက်တွေကို မှီခိုတာများတော့
  • 2:36 - 2:41
    Wiki စာမျက်နှာက မစီစစ်ရသေးတဲ့ အချက်တစ်ခုက
    ထုတ်ဝေတဲ့ ဆောင်းပါးထဲပါဝင်သွားနိုင်ပါတယ်။
  • 2:41 - 2:46
    နောက်ကျတော့ အဲ့ဒီသတင်းဌာနကဆောင်ပါးကို
    စောစောက wiki စာမျက်နှာကကိုးကားရေးပြန်ရော
  • 2:46 - 2:49
    အဲ့တော့ မှန်မမှန်ပြန်လိုက်စစ်ဖို့အတွက်
    ခက်ခဲတော့တာပေါ့။
  • 2:49 - 2:52
    ဆက်သွယ်ရေးနည်းပညာမှာ
    လတ်တလော တိုးတက်ပြောင်းလဲမှုတွေက
  • 2:52 - 2:53
    သတင်းအချက်အလက်နဲ့ လူတွေကြားမှာရှိတဲ့
  • 2:53 - 2:58
    အတားအဆီးကို ဖယ်ရှားပြီး
    နှိုင်းမရတဲ့ ကောင်းကျိုးတွေပေးပါတယ်။
  • 2:58 - 2:59
    အဖြေမြန်ကိုလိုချင်တဲ့ တို့ရဲ့ဆန္ဒက
  • 2:59 - 3:03
    ကျိုးကြောင်းခိုင်လုံမှုကို သေချာအောင်
    လုပ်ချင်တဲ့ဆန္ဒကိုလွှမ်းမိုးသွားနိုင်ပါတယ်
  • 3:03 - 3:08
    အဲ့တော့ ဒီဘက်လိုက်မှုကို ကမ္ဘာတစ်ဝှမ်းက
    လူသန်းပေါင်းများစွာပွားလိုက်တဲ့အခါမှာတော့
  • 3:08 - 3:12
    ချက်ချင်းဆိုသလို၊ပိုသတိရှိဖို့ကလိုနေပါပြီ
  • 3:12 - 3:14
    ဂျင်းမီဒီယာတွေကို ရှောင်ရှားကာ
  • 3:14 - 3:17
    မသင်္ကာစရာအချက်မျိုးကို
    ဝေဖန်ထာတာကို လိုက်ရှာတတ်အောင်လုပ်ပြီး
  • 3:17 - 3:22
    သတင်းတစ်ခုရဲ့ ရင်းမြစ်အစကို လိုက်တာက
    မုသားတွေကို အရှိန်နှေးဖို့ ကူညီရာရောက်ပြီး
  • 3:22 - 3:25
    အမှန်တရားကို ဖိနပ်စီးဖို့
    အချိန်လေးနည်းနည်းပိုပေးနိုင်မှာပဲဖြစ်ပါတယ်
Title:
သတင်းအမှားတွေ ဘယ်လိုပျံ့နှံ့လဲ - Noah Tavlin
Description:

သင်ခန်စားအပြည့်အစုံကြည့်ရန် : http://ed.ted.com/lessons/how-false-news-can-spread-noah-tavli
လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက တစ်ကမ္ဘာလုံးရောက်နိုင်တဲ့ မီဒီယာတဲ့ထဲမှာ သတင်းဌာနအကြီးကြီးတွေ နဲ့ သူတို့ရဲ့ ကွန်ယက်တွေလောက်ပဲ ရှိတာပါ။ သူတို့က သတင်းနဲ့အချက်အလက်တွေကို
စုဆောင်းဖို့ အင်အားရှိတယ်လေ။ သတင်းတွေကိုစုဆောင်းတင်ဆက်တဲ့ Reutersတို့Associated Press တို့လို သတင်းဌာနတွေက ယနေ့ခေတ်နဲ့ယှဉ်ရင် နည်းနေသေးတယ်လေ။ အခုခေတ်မှာ သတင်းအချက်အလက်တွေ ပျံ့နှံ့တဲ့ အရှိန်က သတင်းပတ်လည်ရိုက်တဲ့ဖြစ်စဉ်တစ်ခုကို ကောင်းကောင်း ဖန်တီးပေးလိုက်ပါတယ်။ Noah Tavlin က ဒီဖြစ်စဉ်အကြောင်းကို ရှင်းပြထားပါတယ်

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:42

Burmese subtitles

Revisions