Return to Video

တန်ဖိုးရဲ့ ဝိရောဓိသဘောတရား - Akshita Agarwal

  • 0:07 - 0:11
    ဂိမ်းရှိုးတစ်ခုထဲ ကိုယ်ရောက်နေရာ ဆုနှစ်ခု
    အကြားမှာ ရွေးရန်လိုတာ စိတ်ကူးကြည့်ပါ-
  • 0:11 - 0:12
    စိန် တစ်ပွင့်
  • 0:12 - 0:14
    သို့မဟုတ် ရေပုလင်း။
  • 0:14 - 0:16
    လွယ်ကူတဲ့ ရွေးချယ်မှုပါ။
  • 0:16 - 0:18
    စိန်တွေ ပိုပြီး
    တန်ဖိုး ရှိကြမှန်း ရှင်းနေတယ်။
  • 0:18 - 0:21
    အလားတူ ရွေးချယ်မှုကိုပဲ
    ထပ်ပြီး စဉ်းစားကြည့်ပါ၊
  • 0:21 - 0:23
    ဒီတချီတွင်၊ ခင်ဗျားဟာ ဂိမ်းရှိုးမှာ
    မဟုတ်ပါ၊
  • 0:23 - 0:27
    နေ့အတော်ကြာ သဲကန္တာရထဲ သွားနေရလို့
    ရေငတ်ပြတ်နေသူပါ။
  • 0:27 - 0:28
    အဲဒီလိုဆို ရွေးတာ ပြောင်းသွားမလား။
  • 0:28 - 0:32
    ဘာဖြစ်လို့လဲ။ စိန်တွေဟာ တန်ဖိုး
    ပိုရှိနေတုန်းပဲ မဟုတ်လား။
  • 0:32 - 0:34
    အဲဒါ တန်ဖိုးရဲ့ ဝိရောဓိကြောင့်ပါ၊
  • 0:34 - 0:38
    အတော်ဆုံး စီးပွားရေး ပညာရှင် Adam Smith
    အဲဒါကို ရှင်းပြခဲ့ဘူးပါတယ်။
  • 0:38 - 0:43
    တန်ဖိုးကို ဆုံးဖြတ်ရမှုဟာ ထင်ရသလောက်
    မလွယ်ကူတာကို ထောက်ပြခဲ့ပါတယ်။
  • 0:43 - 0:47
    ဂိမ်းရှိုးထဲတွင်၊ ကျွန်ုပ်တို့ဟာ ပစ္စည်း
    တစ်ခုစီရဲ့ လဲလှယ်နိုင်တဲ့ တန်ဖိုးကို
  • 0:47 - 0:50
    အဲဒါ့အတွက် နောင်တစ်ချိန်မှာ ဘာများ
    ရနိုင်မလဲကို စဉ်းစားကြပါတယ်။
  • 0:50 - 0:53
    ဒါပေမဲ့ သဲကန္တာရလို အရေးပေါ်
    အခြေအနေ ထဲမှာကျတော့၊
  • 0:53 - 0:56
    ၎င်းတို့ရဲ့ အရေးပါမှုကမှ
    သုံးနိုင်တဲ့ တန်ဖိုးပါ၊
  • 0:56 - 0:59
    ကိုယ်ရဲ့ လတ်တလော အခြေအနေထဲ
    ၎င်းတို့ရဲ့ အရေးပါမှုကို စဉ်းစားတယ်။
  • 0:59 - 1:02
    ကျွန်ုပ်တို့ဟာ တစ်ခုကိုသာ
    ရွေးနိုင်တာ မို့လို့
  • 1:02 - 1:05
    ကျွန်ုပ်တို့ဟာ ၎င်းတို့ရဲ့ အခွင့်အလမ်း
    ဆိုင်ရာ တန်ဖိုး
  • 1:05 - 1:08
    သို့မဟုတ် အခြားရွေးစရာကို စွန့်လိုက်လို့
    ဆုံးရှုံးသွားတာကို တွက်ရမယ်။
  • 1:08 - 1:12
    တကယ်တမ်းတွင်၊ သဲကန္တာရထဲမှ လုံးဝ
    မထွက်နိုင်ခဲ့ရင် စိန်ဟာ ဘယ်လောက်ပဲ
  • 1:12 - 1:15
    တန်ဖိုးရှိရှိ ဘာမျှ အရေးပါမှ မဟုတ်ပါ။
  • 1:15 - 1:18
    မျက်မှောက်ခေတ် စီးပွားရေး ပညာရှင်အများက
    တန်ဖိုးရဲ့ ဝိရောဓိကို
  • 1:18 - 1:20
    သုံးနိုင်မှုကို၊ တစ်ခုခုက လူတစ်ဦးရဲ့
    လိုအပ်တာကို
  • 1:20 - 1:22
    ဘယ်လောက် အထိ ဖြည့်ဆည်းပေးနိုင်မလဲ
    ဆိုတာ
  • 1:22 - 1:26
    ထည့်တွက် စဉ်းစားစရာရန် ကြိုးပမ်းကြတယ်။
  • 1:26 - 1:29
    သုံးစွဲနိုင်မှုဟာ အခြေခံ လိုအပ်ချက်
    ဒါမှမဟုတ် အစားအစာမှအစ
  • 1:29 - 1:31
    စိတ်ကြိုက်သီချင်းနားထောင်ရလို့
    ပျော်မှုအဆုံး
  • 1:31 - 1:35
    တို့နဲ့ သက်ဆိုင်လျက် လူအမျိုးမျိုး
    အခြေအနေ အမျိုးမျိုးအတွက် ကွဲပြားမှာပါ။
  • 1:35 - 1:39
    ဈေးကွက် စီးပွားရေးထဲတွင် သုံးစွဲနိုင်မှု
    ခြေရာခံဖို့ လွယ်တဲ့ နည်း ရှိတယ်။
  • 1:39 - 1:41
    ရှင်းရှင်းလေးပါ၊
    ကိုယ်က ပေးရန် အသင့်ရှိတဲ့ ပမာဏက
  • 1:41 - 1:44
    တစ်ခုခုရဲ့ သုံးစွဲမှုကို ထင်ဟပ်ပါတယ်။
  • 1:44 - 1:46
    အခုတဖန်၊ ကိုယ့်ကို သဲကန္တာရတွင်
    စိတ်ကူးပါ၊
  • 1:46 - 1:50
    ဒီတချီတွင် ခင်ဗျားအား ငါးမိနစ်တိုင်းတွင်
    စိန်ပွင့် သို့မဟုတ် ရေပုလင်းကို
  • 1:50 - 1:52
    ကမ်းလှမ်းသွားမှာပါ။။
  • 1:52 - 1:56
    လူအများစုလိုပဲ၊ ခင်ဗျားဟာ ခရီးပြီးရန်
    လုံလောက်တဲ့ ရေပုလင်းတွေကို ယူမှာပါ၊
  • 1:56 - 1:59
    အဲဒီနောက်မှာ သယ်နိုင်စွမ်း ရှိသလောက်
    စိန်တွေကို ယူကြမှာပါ။
  • 1:59 - 2:01
    အဆုံးစွန်း သုံးနိုင်မှု လို့ ခေါ်တာရဲ့
    ကြောင့်ပါ၊
  • 2:01 - 2:04
    ကျွန်ုပ်တို့က စိန်တွေ နဲ့ ရေ အကြား
    ရွေးကြရာတွင်၊
  • 2:04 - 2:07
    ထပ်ရလာတဲ့ ရေပုလင်းတိုင်းထံမှ ရရှိတဲ့
    သုံးနိုင်မှုကို
  • 2:07 - 2:10
    ထပ်ရလာတဲ့ စိန်ပွင့်တိုင်းနဲ့
    နှိုင်းကြည့်တယ်။
  • 2:10 - 2:13
    ကမ်းလှမ်းချက် ပြုလုပ်တိုင်းမှာ
    အဲဒီလို လုပ်ကြတာပါ။
  • 2:13 - 2:16
    ပထမဦးဆုံး ရေပုလင်းဟာ ဘယ်လောက်များတဲ့
    စိန်တွေထက်ကို ပိုတန်ဖိုးရှိခဲ့တယ်၊
  • 2:16 - 2:19
    ဒါပေမဲ့၊ နောက်မှာ ခင်ဗျားထံတွင်
    လိုသလောက် ရေရှိလာတယ်။
  • 2:19 - 2:22
    ခဏအကြာတွင် ထပ်ရတဲ့ ရေပုလင်းတိုင်းဟာ
    ဝန်ထုပ်ကြီး ဖြစ်လာတော့တယ်။
  • 2:22 - 2:25
    အဲဒီအချိန်မှာ ခင်ဗျားဟာ ရေအစား
    စိန်တွေကို ရွေးလာတာပါ။
  • 2:25 - 2:27
    အဲဒါဟာ လိုအပ်လှတဲ့ အရာများနဲ့သာ
    ဆိုင်တာ မကပါ။
  • 2:27 - 2:30
    အရာအများစုကို ကိုယ်က ပိုရယူလာလေလေ၊
  • 2:30 - 2:34
    ထပ်ရလာတဲ့ အရာတိုင်းဟာ နည်းနည်း အသုံးဝင်
    ဒါမှမဟုတ် ပျော်စရာ ဖြစ်လာတတ်တယ်။
  • 2:34 - 2:37
    အဲဒါကို အဆုံးစွန် သုံးနိုင်မှု ဥပဒေသလို့
    ခေါ်ကြပါတယ်။
  • 2:37 - 2:41
    ခင်ဗျားဟာ ကြိုက်တဲ့ စားစရာကို
    သုံးထုပ် လေးထုပ် ဝယ်နိုင်ပေမဲ့၊
  • 2:41 - 2:43
    လေးခုမြောက်က အော့အန် လာစေမှာပါ၊
  • 2:43 - 2:46
    တစ်ရာမြောက် ဆိုရင် မစားနိုင်ခင်
    ပုပ်သိုးသွားပါလိမ့်မယ်။
  • 2:46 - 2:49
    ဒါမှမဟုတ် ခင်ဗျားဟာ ရုပ်ရှင် တစ်ခုတည်းကို
    ငြီးငွေ့သွားတဲ့ အထိ ဒါမှမဟုတ်
  • 2:49 - 2:51
    ငွေကုန်သွားတဲ့အထိ ကြည့်နိုင်တယ်။
  • 2:51 - 2:53
    ဒါမှမဟုတ်၊ နောက် ရုပ်ရှင်လက်မှတ်
    ဝယ်ရန်
  • 2:53 - 2:57
    အဆုံးစွန်သုံးနိုင်မှုဟာ သုည ဖြစ်လာမယ့်
    နေရာကို ခင်ဗျား ရောက်လာမယ်။
  • 2:57 - 3:01
    သုံးတည့်မှုဟာ ဝယ်ကြတဲ့ အရာများနဲ့သာမက
    ဆုံးဖြတ်ချက်များနဲ့လည်း ဆိုင်တယ်။
  • 3:01 - 3:05
    အဲဒါကို အများဆုံး ဖြစ်စေလျက် ကိုယ်ရတာ
    နည်းနည်းလာခြင်းကို ရှောင်ဖို့
  • 3:05 - 3:09
    ကျွန်ုပ်တို့ဟာ အချိန် နဲ့ အရင်းအမြစ်တွေ
    သုံးစွဲပုံကို ပြောင်းလဲကြရပါတယ်။
  • 3:09 - 3:11
    အဓိက လိုအပ်ချက်တွေ ပြည့်မီလာရင်၊
  • 3:11 - 3:13
    ကျွန်ုပ်တို့ဟာ အသုံးတည့်မှ ဒါမှမဟုတ်
    ပျော်စရာ
  • 3:13 - 3:16
    ကောင်းမှသာ ရွေးချယ်မှုထဲကို
    ရင်းနှီးကြတယ်။
  • 3:16 - 3:20
    လက်တွေ့ဘဝထဲတွင် ကျွန်ုပ်တို့ထဲက တစ်ဦးဦး
    အထိရောက်ဆုံး သုံနိုင်မှုကျတော့
  • 3:20 - 3:21
    အခြားကိစ္စပါ။
  • 3:21 - 3:25
    ဒါပေမဲ့၊ တကယ့်တန်ဖိုးရဲ့ ဇာတ်မြစ်ဟာ
    ကျွန်ုပ်တို့ မျှဝေကြတဲ့ လိုအပ်ချက်တွေ၊
  • 3:25 - 3:27
    ခံစားကြတဲ့ အရာတွေ၊
  • 3:27 - 3:28
    ပြုလုပ်ကြတဲ့ ရွေးချယ်မှုများ
  • 3:28 - 3:31
    တို့ကိုသာ ရင်းမြစ်ခံတာကို မှတ်မိသင့်ပါတယ်။
Title:
တန်ဖိုးရဲ့ ဝိရောဓိသဘောတရား - Akshita Agarwal
Speaker:
Akshita Agarwal
Description:

ဒီသင်ခန်းစာ အပြည့်အဝကို ကြည့်ရန် - http://ed.ted.com/lessons/the-paradox-of-value-akshita-agarwal

ကိုယ့်ကိုကိုယ် ရှိုးတစ်ခုထဲ ပါဝင်နေစဉ် ဆုနှစ်ခု၊ စိန် သို့မဟုတ် ရေပုလင်း၊ အထဲမှ တစ်ခုကို ရွေးရန် လိုအပ်လာတာကို စိတ်ကူးကြည့်ပါ။ စိန်တွေဟာ ပိုပြီး တန်ဖိုးရှိကြလို့ လွယ်ကူစွာနဲ့ စိန်ကို ရွေးချယ်လိုမှန်း ထင်ရှားပါတယ်။ ဒါပေမဲ့၊ သဲကန္တာရထဲတွင်၊ နေ့အတော်ကြာ သွားလာခဲ့တဲ့ နောက်မှာ၊ ရေငတ်ပြတ်နေချိန်မှာ အလားတူပဲ ရွေဖို့ ကမ်းလှမ်းခံရရင်၊ ရွေးချယ်မှုဟာ ပြောင်းသွားမှာ သေချာပါတယ်။ ဘာဖြစ်လို့လဲ။ စိန်ဟာ ပိုပြီး တန်ဖိုး ရှိနေတုန်းပဲ မဟုတ်လား။ Akshita Agarwal က တန်ဖိုးရဲ့ အဲဒီလို ဝိရောဓိသဘောတရားကို ရှင်းပြထားပါတယ်။
Akshita Agarwal ရဲ့ သင်ခန်းစာကို Qa'ed Mai မှ အသက်သွင်း လှုပ်ရှားအောင် လုပ်ပေးခဲ့တာပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:46
sann tint approved Burmese subtitles for The paradox of value
sann tint edited Burmese subtitles for The paradox of value
sann tint accepted Burmese subtitles for The paradox of value
sann tint edited Burmese subtitles for The paradox of value
Myo Aung edited Burmese subtitles for The paradox of value
Myo Aung edited Burmese subtitles for The paradox of value
Myo Aung edited Burmese subtitles for The paradox of value

Burmese subtitles

Revisions