WEBVTT 00:00:06.821 --> 00:00:10.809 ဂိမ်းရှိုးတစ်ခုထဲ ကိုယ်ရောက်နေရာ ဆုနှစ်ခု အကြားမှာ ရွေးရန်လိုတာ စိတ်ကူးကြည့်ပါ- 00:00:10.809 --> 00:00:12.438 စိန် တစ်ပွင့် 00:00:12.438 --> 00:00:14.378 သို့မဟုတ် ရေပုလင်း။ 00:00:14.378 --> 00:00:15.679 လွယ်ကူတဲ့ ရွေးချယ်မှုပါ။ 00:00:15.679 --> 00:00:18.028 စိန်တွေ ပိုပြီး တန်ဖိုး ရှိကြမှန်း ရှင်းနေတယ်။ 00:00:18.028 --> 00:00:20.523 အလားတူ ရွေးချယ်မှုကိုပဲ ထပ်ပြီး စဉ်းစားကြည့်ပါ၊ 00:00:20.523 --> 00:00:22.780 ဒီတချီတွင်၊ ခင်ဗျားဟာ ဂိမ်းရှိုးမှာ မဟုတ်ပါ၊ 00:00:22.780 --> 00:00:26.660 နေ့အတော်ကြာ သဲကန္တာရထဲ သွားနေရလို့ ရေငတ်ပြတ်နေသူပါ။ 00:00:26.660 --> 00:00:28.320 အဲဒီလိုဆို ရွေးတာ ပြောင်းသွားမလား။ 00:00:28.320 --> 00:00:31.830 ဘာဖြစ်လို့လဲ။ စိန်တွေဟာ တန်ဖိုး ပိုရှိနေတုန်းပဲ မဟုတ်လား။ 00:00:31.830 --> 00:00:34.260 အဲဒါ တန်ဖိုးရဲ့ ဝိရောဓိကြောင့်ပါ၊ 00:00:34.260 --> 00:00:38.228 အတော်ဆုံး စီးပွားရေး ပညာရှင် Adam Smith အဲဒါကို ရှင်းပြခဲ့ဘူးပါတယ်။ 00:00:38.228 --> 00:00:43.214 တန်ဖိုးကို ဆုံးဖြတ်ရမှုဟာ ထင်ရသလောက် မလွယ်ကူတာကို ထောက်ပြခဲ့ပါတယ်။ 00:00:43.214 --> 00:00:47.349 ဂိမ်းရှိုးထဲတွင်၊ ကျွန်ုပ်တို့ဟာ ပစ္စည်း တစ်ခုစီရဲ့ လဲလှယ်နိုင်တဲ့ တန်ဖိုးကို 00:00:47.349 --> 00:00:50.341 အဲဒါ့အတွက် နောင်တစ်ချိန်မှာ ဘာများ ရနိုင်မလဲကို စဉ်းစားကြပါတယ်။ 00:00:50.341 --> 00:00:52.990 ဒါပေမဲ့ သဲကန္တာရလို အရေးပေါ် အခြေအနေ ထဲမှာကျတော့၊ 00:00:52.990 --> 00:00:56.213 ၎င်းတို့ရဲ့ အရေးပါမှုကမှ သုံးနိုင်တဲ့ တန်ဖိုးပါ၊ 00:00:56.213 --> 00:00:59.250 ကိုယ်ရဲ့ လတ်တလော အခြေအနေထဲ ၎င်းတို့ရဲ့ အရေးပါမှုကို စဉ်းစားတယ်။ 00:00:59.250 --> 00:01:01.971 ကျွန်ုပ်တို့ဟာ တစ်ခုကိုသာ ရွေးနိုင်တာ မို့လို့ 00:01:01.971 --> 00:01:05.100 ကျွန်ုပ်တို့ဟာ ၎င်းတို့ရဲ့ အခွင့်အလမ်း ဆိုင်ရာ တန်ဖိုး 00:01:05.100 --> 00:01:08.460 သို့မဟုတ် အခြားရွေးစရာကို စွန့်လိုက်လို့ ဆုံးရှုံးသွားတာကို တွက်ရမယ်။ 00:01:08.460 --> 00:01:11.961 တကယ်တမ်းတွင်၊ သဲကန္တာရထဲမှ လုံးဝ မထွက်နိုင်ခဲ့ရင် စိန်ဟာ ဘယ်လောက်ပဲ 00:01:11.961 --> 00:01:14.572 တန်ဖိုးရှိရှိ ဘာမျှ အရေးပါမှ မဟုတ်ပါ။ 00:01:14.572 --> 00:01:17.532 မျက်မှောက်ခေတ် စီးပွားရေး ပညာရှင်အများက တန်ဖိုးရဲ့ ဝိရောဓိကို 00:01:17.532 --> 00:01:20.032 သုံးနိုင်မှုကို၊ တစ်ခုခုက လူတစ်ဦးရဲ့ လိုအပ်တာကို 00:01:20.032 --> 00:01:22.071 ဘယ်လောက် အထိ ဖြည့်ဆည်းပေးနိုင်မလဲ ဆိုတာ 00:01:22.071 --> 00:01:25.573 ထည့်တွက် စဉ်းစားစရာရန် ကြိုးပမ်းကြတယ်။ 00:01:25.573 --> 00:01:28.580 သုံးစွဲနိုင်မှုဟာ အခြေခံ လိုအပ်ချက် ဒါမှမဟုတ် အစားအစာမှအစ 00:01:28.580 --> 00:01:30.782 စိတ်ကြိုက်သီချင်းနားထောင်ရလို့ ပျော်မှုအဆုံး 00:01:30.782 --> 00:01:35.051 တို့နဲ့ သက်ဆိုင်လျက် လူအမျိုးမျိုး အခြေအနေ အမျိုးမျိုးအတွက် ကွဲပြားမှာပါ။ 00:01:35.051 --> 00:01:38.534 ဈေးကွက် စီးပွားရေးထဲတွင် သုံးစွဲနိုင်မှု ခြေရာခံဖို့ လွယ်တဲ့ နည်း ရှိတယ်။ 00:01:38.534 --> 00:01:41.422 ရှင်းရှင်းလေးပါ၊ ကိုယ်က ပေးရန် အသင့်ရှိတဲ့ ပမာဏက 00:01:41.422 --> 00:01:44.262 တစ်ခုခုရဲ့ သုံးစွဲမှုကို ထင်ဟပ်ပါတယ်။ 00:01:44.262 --> 00:01:46.433 အခုတဖန်၊ ကိုယ့်ကို သဲကန္တာရတွင် စိတ်ကူးပါ၊ 00:01:46.433 --> 00:01:50.251 ဒီတချီတွင် ခင်ဗျားအား ငါးမိနစ်တိုင်းတွင် စိန်ပွင့် သို့မဟုတ် ရေပုလင်းကို 00:01:50.251 --> 00:01:52.033 ကမ်းလှမ်းသွားမှာပါ။။ 00:01:52.033 --> 00:01:55.691 လူအများစုလိုပဲ၊ ခင်ဗျားဟာ ခရီးပြီးရန် လုံလောက်တဲ့ ရေပုလင်းတွေကို ယူမှာပါ၊ 00:01:55.691 --> 00:01:58.793 အဲဒီနောက်မှာ သယ်နိုင်စွမ်း ရှိသလောက် စိန်တွေကို ယူကြမှာပါ။ 00:01:58.793 --> 00:02:01.293 အဆုံးစွန်း သုံးနိုင်မှု လို့ ခေါ်တာရဲ့ ကြောင့်ပါ၊ 00:02:01.293 --> 00:02:04.162 ကျွန်ုပ်တို့က စိန်တွေ နဲ့ ရေ အကြား ရွေးကြရာတွင်၊ 00:02:04.162 --> 00:02:07.472 ထပ်ရလာတဲ့ ရေပုလင်းတိုင်းထံမှ ရရှိတဲ့ သုံးနိုင်မှုကို 00:02:07.472 --> 00:02:09.612 ထပ်ရလာတဲ့ စိန်ပွင့်တိုင်းနဲ့ နှိုင်းကြည့်တယ်။ 00:02:09.612 --> 00:02:12.532 ကမ်းလှမ်းချက် ပြုလုပ်တိုင်းမှာ အဲဒီလို လုပ်ကြတာပါ။ 00:02:12.532 --> 00:02:16.123 ပထမဦးဆုံး ရေပုလင်းဟာ ဘယ်လောက်များတဲ့ စိန်တွေထက်ကို ပိုတန်ဖိုးရှိခဲ့တယ်၊ 00:02:16.123 --> 00:02:19.023 ဒါပေမဲ့၊ နောက်မှာ ခင်ဗျားထံတွင် လိုသလောက် ရေရှိလာတယ်။ 00:02:19.023 --> 00:02:22.291 ခဏအကြာတွင် ထပ်ရတဲ့ ရေပုလင်းတိုင်းဟာ ဝန်ထုပ်ကြီး ဖြစ်လာတော့တယ်။ 00:02:22.291 --> 00:02:25.013 အဲဒီအချိန်မှာ ခင်ဗျားဟာ ရေအစား စိန်တွေကို ရွေးလာတာပါ။ 00:02:25.013 --> 00:02:27.313 အဲဒါဟာ လိုအပ်လှတဲ့ အရာများနဲ့သာ ဆိုင်တာ မကပါ။ 00:02:27.313 --> 00:02:30.253 အရာအများစုကို ကိုယ်က ပိုရယူလာလေလေ၊ 00:02:30.253 --> 00:02:34.214 ထပ်ရလာတဲ့ အရာတိုင်းဟာ နည်းနည်း အသုံးဝင် ဒါမှမဟုတ် ပျော်စရာ ဖြစ်လာတတ်တယ်။ 00:02:34.214 --> 00:02:37.344 အဲဒါကို အဆုံးစွန် သုံးနိုင်မှု ဥပဒေသလို့ ခေါ်ကြပါတယ်။ 00:02:37.344 --> 00:02:40.654 ခင်ဗျားဟာ ကြိုက်တဲ့ စားစရာကို သုံးထုပ် လေးထုပ် ဝယ်နိုင်ပေမဲ့၊ 00:02:40.654 --> 00:02:42.764 လေးခုမြောက်က အော့အန် လာစေမှာပါ၊ 00:02:42.764 --> 00:02:45.654 တစ်ရာမြောက် ဆိုရင် မစားနိုင်ခင် ပုပ်သိုးသွားပါလိမ့်မယ်။ 00:02:45.654 --> 00:02:49.344 ဒါမှမဟုတ် ခင်ဗျားဟာ ရုပ်ရှင် တစ်ခုတည်းကို ငြီးငွေ့သွားတဲ့ အထိ ဒါမှမဟုတ် 00:02:49.344 --> 00:02:50.925 ငွေကုန်သွားတဲ့အထိ ကြည့်နိုင်တယ်။ 00:02:50.925 --> 00:02:52.973 ဒါမှမဟုတ်၊ နောက် ရုပ်ရှင်လက်မှတ် ဝယ်ရန် 00:02:52.973 --> 00:02:57.284 အဆုံးစွန်သုံးနိုင်မှုဟာ သုည ဖြစ်လာမယ့် နေရာကို ခင်ဗျား ရောက်လာမယ်။ 00:02:57.284 --> 00:03:01.479 သုံးတည့်မှုဟာ ဝယ်ကြတဲ့ အရာများနဲ့သာမက ဆုံးဖြတ်ချက်များနဲ့လည်း ဆိုင်တယ်။ 00:03:01.479 --> 00:03:05.324 အဲဒါကို အများဆုံး ဖြစ်စေလျက် ကိုယ်ရတာ နည်းနည်းလာခြင်းကို ရှောင်ဖို့ 00:03:05.324 --> 00:03:08.753 ကျွန်ုပ်တို့ဟာ အချိန် နဲ့ အရင်းအမြစ်တွေ သုံးစွဲပုံကို ပြောင်းလဲကြရပါတယ်။ 00:03:08.753 --> 00:03:10.614 အဓိက လိုအပ်ချက်တွေ ပြည့်မီလာရင်၊ 00:03:10.614 --> 00:03:13.005 ကျွန်ုပ်တို့ဟာ အသုံးတည့်မှ ဒါမှမဟုတ် ပျော်စရာ 00:03:13.005 --> 00:03:15.855 ကောင်းမှသာ ရွေးချယ်မှုထဲကို ရင်းနှီးကြတယ်။ 00:03:15.855 --> 00:03:19.755 လက်တွေ့ဘဝထဲတွင် ကျွန်ုပ်တို့ထဲက တစ်ဦးဦး အထိရောက်ဆုံး သုံနိုင်မှုကျတော့ 00:03:19.755 --> 00:03:21.383 အခြားကိစ္စပါ။ 00:03:21.383 --> 00:03:25.235 ဒါပေမဲ့၊ တကယ့်တန်ဖိုးရဲ့ ဇာတ်မြစ်ဟာ ကျွန်ုပ်တို့ မျှဝေကြတဲ့ လိုအပ်ချက်တွေ၊ 00:03:25.235 --> 00:03:26.685 ခံစားကြတဲ့ အရာတွေ၊ 00:03:26.685 --> 00:03:28.016 ပြုလုပ်ကြတဲ့ ရွေးချယ်မှုများ 00:03:28.099 --> 00:03:31.019 တို့ကိုသာ ရင်းမြစ်ခံတာကို မှတ်မိသင့်ပါတယ်။