Return to Video

အောင်မြင်ကြသူတို့ လိုက်နာကြတဲ့ အချက်ရှစ်ချက် - Richard St. John

  • 0:00 - 0:14
    (ဂီတသံ)
  • 0:14 - 0:16
    ကျွန်တော်က အောင်မြင်မှုအကြောင်းကို
    ပြောသူဆိုတော့၊
  • 0:16 - 0:20
    လူတွေက မကြာခဏဆိုသလို ကျွန်တော့ကို
    "လှုံ့ဆော် ဟောပြောရေးသမား"လို့ ခေါ်ကြပါတယ်။
  • 0:20 - 0:23
    ကျွန်တော်ဟာ လှုံ့ဆော် ဟောပြောရေးသမား
    မဟုတ်တာကို အစမှာကို ပြောထားချင်ပါတယ်။
  • 0:23 - 0:28
    ကျွန်တော်ဟာ အရပ်အရ မမှီနိုင်ပါ။
  • 0:28 - 0:30
    ပြီးတော့ တစ်ယောက်ကိုမှ
    လှုံ့ဆော်နိုင်သူ မဟုတ်ပါ။
  • 0:30 - 0:34
    တကယ်တော့ ကျွန်တော့ လုပ်သားတွေက ကျွန်တော့ကို
    စိတ်ဓာတ်ကျဆင်းစေတဲ့ ဟောပြောရေးသမားလို့ ခေါ်ကြတယ်။
  • 0:34 - 0:35
    ကျွန်တော် အားထုတ်နေတာက အချက်အလက်တွေကို
    အသိပေး ဟောပြောနေခြင်းပါ။
  • 0:37 - 0:39
    ကျွန်တော်ဟာ အပြင်ထွက်လေ့လာခဲ့ပြီး အောင်မြင်မှု
    အကြောင်း အချက်တွေကို ရှာတွေ့ခဲ့တယ်၊
  • 0:39 - 0:41
    အဲဒါကို မျှဝေပေးဖို့ အခုဒီမှာ ရပ်နေပါတယ်။
  • 0:41 - 0:44
    ကျွန်တော့ရဲ့ အဲဒီလို ဘဝဇာတ်ကြောင်းဟာ လွန်ခဲ့တဲ့
    ဆယ်နှစ်တုန်းက၊ လေယာဉ်ပေါ်မှာ စတင်ခဲ့ပါတယ်။
  • 0:44 - 0:47
    ကျွန်တော်ဟာ ကယ်လီဖိုနီယားမှာ ကျင်းပမယ့်
    TED ကွန်ဖရင့်ကို သွားနေတုန်းပါ။
  • 0:47 - 0:50
    ကျွန်တော်နဲ့ ကပ်လျက် ဆယ်ကျော်
    ကောင်မလေးတစ်ယောက် ထိုင်နေခဲ့တယ်၊
  • 0:50 - 0:54
    သူဟာ တကယ့်ကို ဆင်းရဲတဲ့ မိသားစုမှ ဖြစ်ခဲ့လို့
    ဘဝထဲမှာ တစ်ခုခုကို အောင်မြင်ဖို့ လိုလားနေခဲ့တယ်။
  • 0:54 - 0:57
    ကျွန်တော့ ကွန်ပျူတာပေါ်မှာ အလုပ်များနေတုန်း
    သူဟာ မေးခွန်းတွေကို မေးနေပါတော့တယ်၊
  • 0:57 - 1:01
    အဲဒါနဲ့ လုံးဝမျှော်လင့်မရပဲ
    "ခင်ဗျားဟာ အောင်မြင်သူလား?"မေးလာတယ်။
  • 1:01 - 1:03
    ကျွန်တော်က၊ "မဟုတ်ဘူး၊ အောင်မြင်သူ မဟုတ်ဘူး"။
  • 1:03 - 1:07
    Terry Fox ကမှ ကျွန်တော့ ဟီရိုးကြီးပါ၊
    သူဟာ အခုဆို အကြီးအကျယ် အလုပ်ဖြစ်နေပြီ။
  • 1:07 - 1:10
    သူဟာ ကင်ဆာကြောင့် ခြေတစ်ဘက် ဆုံးရှုံးလိုက်ရတယ်၊
    အဲဒီနောက်မှာ သူဟာ မိုင်ထောင်ချီပြေးကာ
  • 1:10 - 1:12
    ကင်ဆာ သုတေသနအတွက်
    ရန်ပုံငွေ သန်းချီ စုစည်းနိုင်ခဲ့တယ်။
  • 1:12 - 1:15
    ဒါမှမဟုတ် Bill Gates ဆိုပါစို့၊
    ကိုယ်ပိုင် လေယာဉ်ကိုတောင် ပိုင်ထားသူလေ၊
  • 1:15 - 1:18
    သူဆိုရင် သူ့ကို မေးခွန်းတွေ မေးတတ်တဲ့
    ကလေးမလေး ဘေးမှာထိုင်မနေပါဘူး။
  • 1:18 - 1:20
    (ရယ်မောသံများ)
  • 1:20 - 1:23
    အဲဒီနောက်မှာ ကျွန်တော်ဟာ သူ့ကို
    လုပ်ကိုင်ခဲ့ဘူးတဲ့ ကိစ္စတစ်ချို့ကို ပြောပြတယ်။
  • 1:23 - 1:26
    ကျွန်တော် ဆက်သွယ်ပြောကြားရတာကို ကြိုက်တယ်၊ ဈေးကွက်တင်မှုဆိုင်ရာ ဆုတွေ ရရှိထားသူပါ။
  • 1:26 - 1:30
    ကျွန်တော်ဟာ ပြေးရတာကို ဝါသနာပါတယ်၊
    ကျွန်တော့ရွယ်တူတွေ အကြားမှာ နိုင်တာရှိပါတယ်။
  • 1:30 - 1:32
    အသက် ၆၀ ကျော် အဖိုးအိုတွေ အကြားမှာလေ။
  • 1:32 - 1:36
    မာရသွန်အတွက် ကျွန်တော်ရဲ့
    အမြန်ဆုံး စံနှုန်းက နှစ်နာရီ ၄၃ မိနစ်ပါ၊
  • 1:36 - 1:39
    ၂၆ မိုင်၊ တစ်နည်း ၄၂ ကီလိုမီတာကို ပြေးတာလေ။
  • 1:39 - 1:42
    ကျွန်တော် ကမ္ဘာ့တိုက်ကြီး ခုနှစ်ခုစလုံးပေါ်မှာ
    မာရသွန်တွေ အကြိမ် ၅၀ ကျော် ပြေးခဲ့သူပါ။
  • 1:42 - 1:46
    ဟောဒါက ကျွန်တော့ဇနီး နဲ့ ကျွန်တော် ပီရူးနိုင်ငံထဲက
    Machu Picchu ဒေသက Inca လမ်းကြောင်းပါ။
  • 1:46 - 1:49
    တိုက်ကြီး ခုနစ်ခုမှာ ပြေးခဲ့သူဖြစ်လာဖို့၊
  • 1:49 - 1:51
    ကျွန်တော်တို့ဟာ အန္တာတိတ်မှာ
    ပြေးဖို့ လိုခဲ့ပါတယ်။
  • 1:51 - 1:55
    ဒါပေမဲ့ အဲဒီကို ရောက်သွားတော့၊ အခြေအနေ
    သိပ်မကောင်းခဲ့လို့၊ စိတ်ငြိမ်အောင် လုပ်ခဲ့ရတယ်။
  • 1:55 - 1:58
    လှိုင်းတွေ မြင့်လွန်းခဲ့လို့ ကျွန်တော်တို့ဟာ
    ကမ်းပေါ်ကို မဆင်းနိုင်ခဲ့ကြပါ။
  • 1:58 - 2:02
    အဲဒါနဲ့ တောင်ဘက်ကို မိုင် ၂၀၀ လောက် လှော်ခဲ့ကြကာ
    ငြိမ်တဲ့ ပင်လယ်ကို ရှာခဲ့ရတယ်၊
  • 2:02 - 2:05
    ပြီးတော့ ၂၆ မိုင် မာရသွန်ကြီးကို
  • 2:05 - 2:06
    လှေပေါ်မှာပဲ ပြေးခဲ့ရတယ်။
  • 2:06 - 2:10
    သေးငယ်တဲ့ လှေရဲ့ ကုန်းပတ်ပေါ်မှာ
    ၄၂၂ ပတ် ပတ်ပြေးခဲ့ကြတယ်။
  • 2:10 - 2:13
    ကျွန်တော့ဇနီး နဲ့ ကျွန်တော်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်
    နှစ်လုံးကိုလည်း တက်ခဲ့ကြပါတယ်၊
  • 2:13 - 2:15
    တိုက်ကြီးတိုင်းထဲက အမြင့်ဆုံး တောင်တွေလေ။
  • 2:15 - 2:18
    အမေရိက တိုက်ကြီးထဲက အမြင့်ဆုံးတောင်
    Aconcagua ကို တက်ခဲ့ကြတယ်၊
  • 2:18 - 2:21
    ပြီးတော့ အာဖရိကတိုက်ထဲက
    အမြင့်ဆုံး Kilimanjaro လည်းပါတာပေါ့၊
  • 2:21 - 2:24
    စကားစပ်လာလို့၊ အမှန်ကို ဝန်ခံပြောရရင်၊ ကျွန်တော်ဟာ
    Kilimanjaro ခရီးကို လက်လွတ်လိုက်ရတယ်၊
  • 2:24 - 2:28
    ကျွန်တော်ဟာ အမြင့်ပိုင်းဆိုင်ရာ ရောဂါဖြစ်လာတယ်၊
    ကျွန်တော့ဇနီးက စာနာဖေါ်တောင် မရခဲ့ဘူး၊
  • 2:28 - 2:33
    ကျွန်တော်က ရုန်းကန်နေတုန်း
    သူဟာ ထိပ်အထိ တက်ပြေးပြန်လာခဲ့တယ်။
  • 2:33 - 2:38
    ဒါပေမဲ့၊ ကျွန်တော်တို့ နှစ်ဦးဟာ၊ ၃၅ နှစ်ကျော်နေတာတောင်၊ ဘယ်သွားသွား အတူတူရှိနေတုန်းပဲ။
  • 2:38 - 2:42
    ကျွန်တော်စိတ်ထင် အဲဒါဟာ ဒီလိုအရွယ်အတွက်
    အောင်မြင်မှုပဲလို့ ထင်တယ်။
  • 2:42 - 2:43
    အဲဒါကို ကျွန်တော်က ကလေးမလေးကို ပြောပြခဲ့တယ်၊
  • 2:43 - 2:46
    "အန်ကယ်ကတော့ အောင်မြင်မှု
    တစ်ချို့ရှိတယ်လို့ ထင်တာပဲ။"
  • 2:46 - 2:50
    ဒီလိုဆိုရင်၊ "ကောင်းပြီ၊
    အန်ကယ်က သန်းကြွယ်သူဌေးလား?"
  • 2:50 - 2:51
    အဲဒါကို ကျွန်တော်က ဘယ်လိုဖြေရမှန်း မသိ၊
  • 2:51 - 2:55
    ကျွန်တော်တို့ ခေတ်တုန်းက ငွေအကြောင်း
    ပြောဆိုမှုဟာ မကောင်းဘူးတို့ ထင်မှတ်ခဲ့ကြပါတယ်။
  • 2:55 - 2:56
    ဒါပေမဲ့၊ ကျွန်တော်ဟာ အမှန်ကိုအမှန်အတိုင်း
    ဖြေရန် ဆုံးဖြတ်လိုက်တယ်၊
  • 2:56 - 2:59
    "ဟုတ်တယ်၊ အန်ကယ်ဟာ သန်းကြွယ်သူဌေးပါ၊
  • 2:59 - 3:02
    ဒါပေမဲ့ အဲဒါ ဘယ်လို ရလာခဲ့တာကို မသိဘူး၊
    အန်ကယ်ဟာ ငွေကို လိုက်ရှာနေခဲ့သူ မဟုတ်ခဲ့ဘူး၊
  • 3:02 - 3:03
    ပြီးတော့ အဲဒါဟာ အန်ကယ်အတွက်
    သိပ်အရေးမကြီးခဲ့ဘူး။"
  • 3:03 - 3:06
    ဒါနဲ့သူက၊ "အန်ကယ်အတွက် မဟုတ်နိုင်ပေမဲ့၊
    ကျွန်မအတွက် အရေးကြီးတယ်၊
  • 3:06 - 3:09
    တစ်သက်လုံး ဆင်းရဲသူ မဖြစ်ချင်ဘူး၊
    တစ်ခုခုကို အောင်မြင်ချင်တယ်၊
  • 3:09 - 3:10
    ဒါပေမဲ့၊ အဲဒါ ဘယ်တော့မှာမှ
    ဖြစ်လာမှာ မဟုတ်ပါဘူးလေ။"
  • 3:10 - 3:12
    "ဘာဖြစ်လို့ ဖြစ်မလာမှာလဲ?"
  • 3:12 - 3:15
    သူက၊ "အန်ကယ် မြင်ရတဲ့အတိုင်းပဲလေ၊
    ကျွန်မ သိပ်တော်သူ မဟုတ်ဘူး။
  • 3:15 - 3:16
    ကျောင်းမှာလည်း အတော်ကြီး မဟုတ်ဘူး။"
  • 3:16 - 3:21
    "အဲဒီတော့ ဘာဖြစ်ရမှာလဲ? အန်ကယ်လည်း မတော်ပါဘူး။ အထက်တန်းကျောင်း အောင်ဖို့ မနည်းကြီး လုပ်ခဲ့ရတာ။
  • 3:21 - 3:23
    အန်ကယ်နဲ့အတူ ဘာဆိုဘာမှန်း
    ပါလာခဲ့တာ မဟုတ်ဘူး။
  • 3:23 - 3:27
    အန်ကယ်ဟာ လူကြိုက်အများဆုံး ဒါမှမဟုတ်
    အောင်မြင်ဖို့ အလားအလာ အရှိဆုံးမဟုတ်ခဲ့ဘူး။
  • 3:27 - 3:30
    အန်ကယ် စလုပ်ကိုင်ခဲတဲ့ လုပ်ငန်းအသစ်
    တစ်သီကြီးဟာ ကျဆုံးဖို့သာ များခဲ့တာ။
  • 3:30 - 3:32
    ဒါပေမဲ့ အဆုံးပိုင်းမှာကျတော့
    အန်ကယ့်အခြေအနေ ကောင်းလာခဲ့တယ်။
  • 3:32 - 3:35
    ဒီတော့ အန်ကယ်က လုပ်လို့ရနိုင်ခဲ့တယ်ဆိုတော့
    နင်လည်း လုပ်နိုင်ရမှာပေါ့။"
  • 3:35 - 3:37
    အဲဒီနောက်မှာ သူဟာ
    အကြီးမားဆုံး မေးခွန်းကို မေးလိုက်တယ်:
  • 3:37 - 3:41
    "ကောင်းပြီ၊ အောင်မြင်မှုဆီကို
    တကယ် ခေါ်ဆောင်ပေးနိုင်တာက ဘာတွေလဲ?"
  • 3:41 - 3:43
    ကျွန်တော်က "ဒုက္ခပဲ၊
    အန်ကယ် ဘယ်လိုလုပ် သိနိုင်မှာလဲ။
  • 3:43 - 3:46
    တစ်နည်းနည်းနဲ့ အန်ကယ် လုပ်နိုင်ခဲ့ပေမဲ့၊
    ဘယ်လို လုပ်နိုင်ခဲ့တာကို မသိဘူး။"
  • 3:46 - 3:49
    အဲဒီနောက်မှာ ကျွန်တော်ဟာ လေယာဉ်ပေါ်မှ
    ဆင်းလိုက်ကာ TED ကွန်ဖရင့်ကို သွားခဲ့တယ်၊
  • 3:49 - 3:52
    ကျွန်တော်ဟာ သိပ်ကို အောင်မြင်တဲ့လူတွေနဲ့
    ပြည့်နေတဲ့ ခန်းမကြီးထဲမှာ ရပ်နေခဲ့တယ်၊
  • 3:52 - 3:55
    စီးပွားရေးလုပ်ငန်း၊ သိပ္ပံပညာ၊
    အနုပညာ၊ ကျန်းမာရေး၊
  • 3:55 - 3:59
    နည်းပညာ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ
    အကြားရပ်နေတုန်း ကျွန်တော် ဖြတ်ခနဲ တွေးမိတာက:
  • 3:59 - 4:01
    သူတို့ကို အောင်မြင်အောင် လုပ်ပေးခဲ့တာက
    ဘာလဲကို သူတို့ကို မေးကြည့်ရင်ကော၊
  • 4:01 - 4:05
    လူတစ်ဦးစီကို အောင်မြင်ရေးဆီကို
    ရှေ့ဆောင်ခေါ်ပေးတာက ဘာတွေများပါလိမ့်?
  • 4:05 - 4:08
    အဲဒါနဲ့ ကျွန်တော်ဟာ အဲဒီလို ဧရာမပုဂ္ဂိုလ်ကြီးတွေကို
    မေးကြည့်ဖို့ စိတ်လှုပ်ရှားနေခဲ့တယ်၊
  • 4:08 - 4:10
    ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ
    သံသယစိတ်လည်း ရှိနေခဲ့တယ်။
  • 4:10 - 4:13
    အဲဒီလူတွေဟာ ကျွန်တော့်ကို ဘာဖြစ်လို့
    ပြောပြချင်ကြရမှာလဲ?
  • 4:13 - 4:16
    ကျွန်တော်ဟာ နာမည်ကြီး သတင်းစာဆရာမဟုတ်ဘူး။
    သတင်းစာ တစ်ယောက်ကို မဟုတ်တာ။
  • 4:16 - 4:19
    အဲဒါကြောင့်မို့လို့ စတောင်မစရသေး
    အဲဒီစီမံကိန်းကို ရပ်စဲပစ်ဖို့ အသင့်ဖြစ်နေပြီ၊
  • 4:19 - 4:22
    အဲဒီအချိန်မှာ တိုက်ဆိုင်လို့ ကျွန်တော့ဆီကို
    မျက်နှာမူ လျှောက်လာတာက Ben Cohen ကိုယ်တိုင်ဗျ၊
  • 4:22 - 4:25
    နာမည်ကြီး Ben and Jerry's ရေခဲမုန့်ကို
    ထူထောင်ခဲ့သူပါပဲ။
  • 4:25 - 4:28
    အဲဒါနဲ့ အခုမေးရင်မေး၊ ဒါမှမဟုတ် ဘယ်တော့မှဖြစ်လာမှာ
    မဟုတ်ဘူး ဆိုတာ နားလည်လိုက်တယ်၊
  • 4:28 - 4:32
    သူ့ရှေ့မှာ ခုန်ရပ်လိုက်ကာ "Ben ခင်ဗျာ၊
    ကျွန်တော့ဆီမှာပရိုဂျက် တစ်ခုရှိတယ်။
  • 4:32 - 4:33
    ခင်ဗျားကို ဘာကိုမေးရမှန်းတောင် မသိဘူး၊
  • 4:33 - 4:36
    ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားကို အောင်မြင်အောင်
    လုပ်ပေးခဲ့တာက ဘာများလဲ?"
  • 4:36 - 4:38
    "ရပါတယ်၊ လာပါ၊ ကော်ဖီ သောက်ကြရအောင်။"
  • 4:38 - 4:41
    ကော်ဖီ နဲ့ ရေခဲမုန့်ကို သောက်သုံးနေစဉ်
    Ben ဟာ သူ့အကြောင်းကို ပြောပြတယ်။
  • 4:41 - 4:43
    အဲဒီနောက်မှာ ဆယ်နှစ်ကုန်သွားလို့
    ကျွန်တော်တို့ အခု တွေ့ဆုံနေကြရတာပါ၊
  • 4:43 - 4:46
    ကျွန်တော်ဟာ အောင်မြင်တဲ့ လူတွေ
    ၅၀၀ ကျော်ကို တွေ့ဆုံမေးမြန်းကြည့်ခဲ့ပါပြီ၊
  • 4:46 - 4:49
    လူချင်း တွေ့ဆုံလျက် အောင်မြင်မှု
    ပုံပြင်တွေ ထောင်ချီကို စုစည်းနိုင်ခဲ့ပါတယ်။
  • 4:49 - 4:53
    နယ်ပယ်အသီးသီးထဲက အောင်မြင်မှုတွေထဲက
    တူတဲ့အချက်တွေကို ရှာလိုခဲ့ပါတယ်၊
  • 4:53 - 4:57
    အဲဒါကြောင့်မို့လို့ ကျွန်တော်ဟာ A မှ Z အထိ
    ရာထူးမျိုးစုံမှာ ရှိသူတို့ကို တွေ့ဆုံခဲ့တယ်၊
  • 4:57 - 5:01
    ဒါတွေကတော့ အက္ခရာ A ထဲက သူတွေပါ၊
  • 5:01 - 5:03
    ကိစ္စအများစုထဲမှာ လူတစ်ယောက်မကခဲ့ပါ။
  • 5:03 - 5:05
    ကျွန်တော်ဟာ ကျော်ကြားကြတဲ့ စာရင်းကိုင်
    ခြောက်ဦးကို တွေ့ဆုံမေးကြည့်ခဲ့တယ်၊
  • 5:05 - 5:09
    ကုမ္ပဏီကြီးကို စစ်ဆေးတဲ့လူ ငါးဦး၊ အာကာသထဲ
    ရောက်ခဲ့ဘူးကြတဲ့ အာကာသယာဉ်မှူး ငါးဦး၊
  • 5:09 - 5:12
    အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆုရ
    အကယ်ဒမီဆုရှင် လေးဦး၊
  • 5:12 - 5:15
    ကမ္ဘာ့ထိပ်သီး နက္ခတရူပဗေဒ ပညာရှင် သုံးဦး၊
  • 5:15 - 5:17
    ကမ္ဘာ့နာမည်ကြီး ဗိသုကာပညာရှင် ခြောက်ဦး၊
  • 5:17 - 5:20
    ပြီးတော့၊ နိုဘယ်ဆုရှင် လေးဦးလည်း ပါကြသေးတယ်။
  • 5:20 - 5:23
    သူတို့ဟာ A ထဲက မဟုတ်ပေမဲ့၊
    အားတက်စရာကြီး ပါပဲ။
  • 5:23 - 5:26
    ဒီနေရာကနေပြီး ကျွန်တော်ဟာ
    လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း
  • 5:26 - 5:30
    တွေ့ဆုံမေးမြန်းနိုင်ခဲ့တဲ့ အဲဒီလို မဟာပုဂ္ဂိုလ်ကြီးတွေ
    အားလုံးကို ကျေးဇူးတင်လိုတာကို ပြောလိုပါတယ်။
  • 5:30 - 5:34
    ဒါတွေဟာ တကယ့်ကို သူတို့ရဲ့ အထ္ထုပတ္တိတွေပါ၊
    ကျွန်တော်က သတင်းပါးပေးသူမျှပါ။
  • 5:34 - 5:36
    တကယ့်အားထုတ်ခဲ့ရတဲ့အချက်က
    သူတို့နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို
  • 5:36 - 5:39
    စကားလုံး တစ်လုံးချင်းစီ၊ တစ်ကြောင်းချင်းစီ၊
    ဆန်းစစ်လေ့လာမှုပါပဲ၊
  • 5:39 - 5:43
    သူတို့ကို အောင်မြင်အောင် ကူပေးခဲ့တယ်လို့
    သူတို့ဆိုခဲ့တာတွေကို ခွဲခြားစီပေးဖို့ ဖြစ်ခဲ့တယ်။
  • 5:43 - 5:46
    အဲဒီနောက်မှာ လူတွေအများစုရဲ့
    အောင်မြင်မှုဆိုင်ရာ
  • 5:46 - 5:48
    ဧရာမ အချက်ကြီးတွေကို
    တွေ့မြင်လာနိုင်ပါတော့တယ်။
  • 5:48 - 5:51
    ကျွန်တော်ဟာ စာလုံးတွေ သန်းပေါင်းများစွာတို့ကို
    ယူပြီး လေ့လာဆန်းစစ်ခဲ့ရပါတယ်။
  • 5:51 - 5:53
    အဲဒါ ဘယ်လောက်ကြီးမားတဲ့
    အလုပ်ဖြစ်မှန်း ခင်ဗျားတို့ နားလည်ကြရဲ့လား?
  • 5:53 - 5:56
    နေ့ရော ညာမှာပါ ကျွန်တော် တစ်ချိန်လုံး
    လုပ်နေတာက-- ခွဲခြမ်း ဆန်းစစ်မှုပါပဲ။
  • 5:56 - 6:00
    ကျွန်တော်ဟာ နောက်တစ်ခါများ လေယာဉ်ပေါ်မှာ
    ခုနကလိုမျိုး ကလေးကို တွေ့ခဲ့ရရင်...
  • 6:00 - 6:02
    ကျွန်တော်ဟာ အဲဒီကလေးမလေးကို
    ကျေးဇူးတင်လိုပါတယ်။
  • 6:02 - 6:06
    ကျွန်တော်ရဲ့ ဘဝဟာ ပျော်စရာကြီး ဖြစ်ခဲ့မှာမဟုတ်ဘဲ
    စိတ်ဝင်စားစရာ လူတွေကိုလည်း တွေ့ဆုံခဲ့မှာ မဟုတ်ပါဘူး။
  • 6:06 - 6:08
    အခုတော့ သူမေးလိုက်တဲ့ မေးခွန်းကို
    ကျွန်တော် ဖြေနိုင်ပါပြီ။
  • 6:08 - 6:12
    အဲဒီ အောင်မြင်တဲ့ လူတွေ အားလုံးထဲက
    အောင်မြင်ရေး အချက်ကြီး ရှစ်ချက်ကို တွေ့ထားပါပြီ၊
  • 6:12 - 6:14
    မဟာပုဂ္ဂိုလ်ဖြစ်ဖို့ ရှစ်ချက်ပါပဲ:
  • 6:14 - 6:17
    ကိုယ်လုပ်ကိုင်တာကို မြတ်နိုးပါ၊
    အားထုတ် လုပ်ကိုင်ပါ၊
  • 6:17 - 6:19
    အရာတိုင်းကို မဟုတ်ဘဲ
    အရာတစ်ခုတည်းကိုသာ အာရုံပြုပါ၊
  • 6:19 - 6:23
    ကိုယ့်ကိုကိုယ် တွန်းပေးနေပါ၊
    ကောင်းမွန်တဲ့ အယူအဆတွေကို ကြံဆနေပါ၊
  • 6:23 - 6:25
    ကိုယ့်ကိုကိုယ်၊
    ကိုယ်လုပ်ကိုင်နေတာကို မြှင့်တင်နေပါ၊
  • 6:25 - 6:30
    အခြားသူတို့အား တန်ဖိုးရှိတာ တစ်ခုခုကို လုပ်ကျွေးပါ၊
    အောင်မြင်မှုဟာ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ပါ၊
  • 6:30 - 6:33
    ပြီးတော့ ဇွဲလုံ့လရှိပါ၊ နေ့ချင်းညချင်း ရတဲ့
    အောင်မြင်မှုမျိုး မရှိနိုင်လို့ပါ။
  • 6:33 - 6:35
    ဘာဖြစ်လို့ အဲဒါတွေကိုမှ ကောက်ယူရခဲ့တာလဲ?
  • 6:35 - 6:39
    ကျွန်တော့လုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုတွေထဲက
    အချက်တွေကို ချရေးလိုက်တော့၊
  • 6:39 - 6:41
    အခြားအချက်တွေနဲ့ စာရင်
    ခုနက ပြောခဲ့တဲ့ ရှစ်ချက်တွေကမှ
  • 6:41 - 6:42
    သူတို့ကို အများဆုံးကူပေးခဲ့တာလို့
    သူတို့ ထောက်ပြခဲ့ကြလို့ပါ။
  • 6:42 - 6:46
    အဲဒီ အချက်ရှစ်ချက်တို့ကမှ တကယ့်ကို
    အောင်မြင်မှုရဲ့ မဏ္ဍိုင်ကြီး ဖြစ်ခဲ့ကာ၊
  • 6:46 - 6:48
    ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့
    သက်ဆိုင်ရာ နယ်ပယ်အလိုက်
  • 6:48 - 6:51
    လိုအပ်တဲ့ အထူးကျွမ်းကျင်မှုတွေကို သုံးပြီး
    တည်ဆောက်ဖို့အတွက် အုတ်မြစ်ကြီးပါပဲ။
  • 6:51 - 6:55
    နည်းပညာပိုင်း ကျွမ်းကျင်မှုများ၊ ဆန်းစစ်ရေး
    ကျွမ်းကျင်မှုများ၊ အများပြည်သူဆိုင်ရာ ကျွမ်းကျင်မှုများ၊
  • 6:55 - 6:58
    ဖန်တီးတီထွင်ရေး ကျွမ်းကျင်မှုများ -- များလှတဲ့ အခြားသော
    ကျွမ်းကျင်မှုများကို ကျွန်တော်တို့ ထပ်လောင်းထည့်ပေးနိုင်တယ်၊
  • 6:58 - 7:00
    ကိုယ့်နယ်ပယ် အလိုက်ပေါ့လေ။
  • 7:00 - 7:02
    ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဟာ
    ဘယ်နယ်ပယ်ထဲမှာ ရှိနေနေ၊
  • 7:02 - 7:06
    ခုနက ပြောပြခဲ့တဲ့ အချက်ရှစ်ချက်တို့ဟာ
    အောင်မြင်မှုရဲ့ မဏ္ဍိုင်ကြီး ဖြစ်နေမှာ သေချာတယ်။
  • 7:06 - 7:09
    (လက်ခုပ်သံများ)
Title:
အောင်မြင်ကြသူတို့ လိုက်နာကြတဲ့ အချက်ရှစ်ချက် - Richard St. John
Description:

Richard St. John က ဆယ်နှစ် ကြာအောင် လူ ၅၀၀ ကျော်ကို လူချင်းတွေ့ဆုံမေးမြန်းခဲ့ကာ သုတေသနပြလုပ်ခဲ့တဲ့ နောက်မှာ ကမ္ဘာ့တဝှမ်းက အောင်မြင်ကြသူတို့ လိုက်နာခဲ့ကြတဲ့ တူတဲ့ အချက်ရှစ်ချက်ကို စုစည်းတင်ပြ ထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
07:18

Burmese subtitles

Revisions