1 00:00:00,000 --> 00:00:14,000 (ဂီတသံ) 2 00:00:14,000 --> 00:00:16,070 ကျွန်တော်က အောင်မြင်မှုအကြောင်းကို ပြောသူဆိုတော့၊ 3 00:00:16,070 --> 00:00:19,540 လူတွေက မကြာခဏဆိုသလို ကျွန်တော့ကို "လှုံ့ဆော် ဟောပြောရေးသမား"လို့ ခေါ်ကြပါတယ်။ 4 00:00:19,540 --> 00:00:23,000 ကျွန်တော်ဟာ လှုံ့ဆော် ဟောပြောရေးသမား မဟုတ်တာကို အစမှာကို ပြောထားချင်ပါတယ်။ 5 00:00:23,000 --> 00:00:27,790 ကျွန်တော်ဟာ အရပ်အရ မမှီနိုင်ပါ။ 6 00:00:27,790 --> 00:00:29,730 ပြီးတော့ တစ်ယောက်ကိုမှ လှုံ့ဆော်နိုင်သူ မဟုတ်ပါ။ 7 00:00:29,730 --> 00:00:33,530 တကယ်တော့ ကျွန်တော့ လုပ်သားတွေက ကျွန်တော့ကို စိတ်ဓာတ်ကျဆင်းစေတဲ့ ဟောပြောရေးသမားလို့ ခေါ်ကြတယ်။ 8 00:00:33,530 --> 00:00:35,353 ကျွန်တော် အားထုတ်နေတာက အချက်အလက်တွေကို အသိပေး ဟောပြောနေခြင်းပါ။ 9 00:00:37,176 --> 00:00:39,000 ကျွန်တော်ဟာ အပြင်ထွက်လေ့လာခဲ့ပြီး အောင်မြင်မှု အကြောင်း အချက်တွေကို ရှာတွေ့ခဲ့တယ်၊ 10 00:00:39,000 --> 00:00:41,000 အဲဒါကို မျှဝေပေးဖို့ အခုဒီမှာ ရပ်နေပါတယ်။ 11 00:00:41,000 --> 00:00:44,030 ကျွန်တော့ရဲ့ အဲဒီလို ဘဝဇာတ်ကြောင်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက၊ လေယာဉ်ပေါ်မှာ စတင်ခဲ့ပါတယ်။ 12 00:00:44,030 --> 00:00:47,000 ကျွန်တော်ဟာ ကယ်လီဖိုနီယားမှာ ကျင်းပမယ့် TED ကွန်ဖရင့်ကို သွားနေတုန်းပါ။ 13 00:00:47,000 --> 00:00:50,000 ကျွန်တော်နဲ့ ကပ်လျက် ဆယ်ကျော် ကောင်မလေးတစ်ယောက် ထိုင်နေခဲ့တယ်၊ 14 00:00:50,000 --> 00:00:53,840 သူဟာ တကယ့်ကို ဆင်းရဲတဲ့ မိသားစုမှ ဖြစ်ခဲ့လို့ ဘဝထဲမှာ တစ်ခုခုကို အောင်မြင်ဖို့ လိုလားနေခဲ့တယ်။ 15 00:00:53,840 --> 00:00:57,100 ကျွန်တော့ ကွန်ပျူတာပေါ်မှာ အလုပ်များနေတုန်း သူဟာ မေးခွန်းတွေကို မေးနေပါတော့တယ်၊ 16 00:00:57,100 --> 00:01:00,520 အဲဒါနဲ့ လုံးဝမျှော်လင့်မရပဲ "ခင်ဗျားဟာ အောင်မြင်သူလား?"မေးလာတယ်။ 17 00:01:00,520 --> 00:01:03,000 ကျွန်တော်က၊ "မဟုတ်ဘူး၊ အောင်မြင်သူ မဟုတ်ဘူး"။ 18 00:01:03,000 --> 00:01:06,780 Terry Fox ကမှ ကျွန်တော့ ဟီရိုးကြီးပါ၊ သူဟာ အခုဆို အကြီးအကျယ် အလုပ်ဖြစ်နေပြီ။ 19 00:01:06,780 --> 00:01:09,800 သူဟာ ကင်ဆာကြောင့် ခြေတစ်ဘက် ဆုံးရှုံးလိုက်ရတယ်၊ အဲဒီနောက်မှာ သူဟာ မိုင်ထောင်ချီပြေးကာ 20 00:01:09,800 --> 00:01:12,440 ကင်ဆာ သုတေသနအတွက် ရန်ပုံငွေ သန်းချီ စုစည်းနိုင်ခဲ့တယ်။ 21 00:01:12,440 --> 00:01:15,230 ဒါမှမဟုတ် Bill Gates ဆိုပါစို့၊ ကိုယ်ပိုင် လေယာဉ်ကိုတောင် ပိုင်ထားသူလေ၊ 22 00:01:15,230 --> 00:01:18,200 သူဆိုရင် သူ့ကို မေးခွန်းတွေ မေးတတ်တဲ့ ကလေးမလေး ဘေးမှာထိုင်မနေပါဘူး။ 23 00:01:18,200 --> 00:01:20,000 (ရယ်မောသံများ) 24 00:01:20,000 --> 00:01:22,600 အဲဒီနောက်မှာ ကျွန်တော်ဟာ သူ့ကို လုပ်ကိုင်ခဲ့ဘူးတဲ့ ကိစ္စတစ်ချို့ကို ပြောပြတယ်။ 25 00:01:22,600 --> 00:01:26,310 ကျွန်တော် ဆက်သွယ်ပြောကြားရတာကို ကြိုက်တယ်၊ ဈေးကွက်တင်မှုဆိုင်ရာ ဆုတွေ ရရှိထားသူပါ။ 26 00:01:26,310 --> 00:01:29,890 ကျွန်တော်ဟာ ပြေးရတာကို ဝါသနာပါတယ်၊ ကျွန်တော့ရွယ်တူတွေ အကြားမှာ နိုင်တာရှိပါတယ်။ 27 00:01:29,890 --> 00:01:32,240 အသက် ၆၀ ကျော် အဖိုးအိုတွေ အကြားမှာလေ။ 28 00:01:32,240 --> 00:01:35,570 မာရသွန်အတွက် ကျွန်တော်ရဲ့ အမြန်ဆုံး စံနှုန်းက နှစ်နာရီ ၄၃ မိနစ်ပါ၊ 29 00:01:35,570 --> 00:01:39,430 ၂၆ မိုင်၊ တစ်နည်း ၄၂ ကီလိုမီတာကို ပြေးတာလေ။ 30 00:01:39,430 --> 00:01:42,000 ကျွန်တော် ကမ္ဘာ့တိုက်ကြီး ခုနှစ်ခုစလုံးပေါ်မှာ မာရသွန်တွေ အကြိမ် ၅၀ ကျော် ပြေးခဲ့သူပါ။ 31 00:01:42,000 --> 00:01:46,360 ဟောဒါက ကျွန်တော့ဇနီး နဲ့ ကျွန်တော် ပီရူးနိုင်ငံထဲက Machu Picchu ဒေသက Inca လမ်းကြောင်းပါ။ 32 00:01:46,360 --> 00:01:48,570 တိုက်ကြီး ခုနစ်ခုမှာ ပြေးခဲ့သူဖြစ်လာဖို့၊ 33 00:01:48,570 --> 00:01:51,000 ကျွန်တော်တို့ဟာ အန္တာတိတ်မှာ ပြေးဖို့ လိုခဲ့ပါတယ်။ 34 00:01:51,000 --> 00:01:55,450 ဒါပေမဲ့ အဲဒီကို ရောက်သွားတော့၊ အခြေအနေ သိပ်မကောင်းခဲ့လို့၊ စိတ်ငြိမ်အောင် လုပ်ခဲ့ရတယ်။ 35 00:01:55,450 --> 00:01:58,280 လှိုင်းတွေ မြင့်လွန်းခဲ့လို့ ကျွန်တော်တို့ဟာ ကမ်းပေါ်ကို မဆင်းနိုင်ခဲ့ကြပါ။ 36 00:01:58,280 --> 00:02:01,690 အဲဒါနဲ့ တောင်ဘက်ကို မိုင် ၂၀၀ လောက် လှော်ခဲ့ကြကာ ငြိမ်တဲ့ ပင်လယ်ကို ရှာခဲ့ရတယ်၊ 37 00:02:01,690 --> 00:02:04,540 ပြီးတော့ ၂၆ မိုင် မာရသွန်ကြီးကို 38 00:02:04,540 --> 00:02:06,000 လှေပေါ်မှာပဲ ပြေးခဲ့ရတယ်။ 39 00:02:06,000 --> 00:02:09,670 သေးငယ်တဲ့ လှေရဲ့ ကုန်းပတ်ပေါ်မှာ ၄၂၂ ပတ် ပတ်ပြေးခဲ့ကြတယ်။ 40 00:02:09,670 --> 00:02:12,800 ကျွန်တော့ဇနီး နဲ့ ကျွန်တော်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင် နှစ်လုံးကိုလည်း တက်ခဲ့ကြပါတယ်၊ 41 00:02:12,800 --> 00:02:14,740 တိုက်ကြီးတိုင်းထဲက အမြင့်ဆုံး တောင်တွေလေ။ 42 00:02:14,740 --> 00:02:18,020 အမေရိက တိုက်ကြီးထဲက အမြင့်ဆုံးတောင် Aconcagua ကို တက်ခဲ့ကြတယ်၊ 43 00:02:18,020 --> 00:02:20,530 ပြီးတော့ အာဖရိကတိုက်ထဲက အမြင့်ဆုံး Kilimanjaro လည်းပါတာပေါ့၊ 44 00:02:20,530 --> 00:02:24,470 စကားစပ်လာလို့၊ အမှန်ကို ဝန်ခံပြောရရင်၊ ကျွန်တော်ဟာ Kilimanjaro ခရီးကို လက်လွတ်လိုက်ရတယ်၊ 45 00:02:24,470 --> 00:02:28,500 ကျွန်တော်ဟာ အမြင့်ပိုင်းဆိုင်ရာ ရောဂါဖြစ်လာတယ်၊ ကျွန်တော့ဇနီးက စာနာဖေါ်တောင် မရခဲ့ဘူး၊ 46 00:02:28,500 --> 00:02:33,000 ကျွန်တော်က ရုန်းကန်နေတုန်း သူဟာ ထိပ်အထိ တက်ပြေးပြန်လာခဲ့တယ်။ 47 00:02:33,000 --> 00:02:37,990 ဒါပေမဲ့၊ ကျွန်တော်တို့ နှစ်ဦးဟာ၊ ၃၅ နှစ်ကျော်နေတာတောင်၊ ဘယ်သွားသွား အတူတူရှိနေတုန်းပဲ။ 48 00:02:37,990 --> 00:02:41,880 ကျွန်တော်စိတ်ထင် အဲဒါဟာ ဒီလိုအရွယ်အတွက် အောင်မြင်မှုပဲလို့ ထင်တယ်။ 49 00:02:41,880 --> 00:02:43,000 အဲဒါကို ကျွန်တော်က ကလေးမလေးကို ပြောပြခဲ့တယ်၊ 50 00:02:43,000 --> 00:02:46,000 "အန်ကယ်ကတော့ အောင်မြင်မှု တစ်ချို့ရှိတယ်လို့ ထင်တာပဲ။" 51 00:02:46,000 --> 00:02:49,860 ဒီလိုဆိုရင်၊ "ကောင်းပြီ၊ အန်ကယ်က သန်းကြွယ်သူဌေးလား?" 52 00:02:49,860 --> 00:02:51,490 အဲဒါကို ကျွန်တော်က ဘယ်လိုဖြေရမှန်း မသိ၊ 53 00:02:51,490 --> 00:02:54,550 ကျွန်တော်တို့ ခေတ်တုန်းက ငွေအကြောင်း ပြောဆိုမှုဟာ မကောင်းဘူးတို့ ထင်မှတ်ခဲ့ကြပါတယ်။ 54 00:02:54,550 --> 00:02:56,260 ဒါပေမဲ့၊ ကျွန်တော်ဟာ အမှန်ကိုအမှန်အတိုင်း ဖြေရန် ဆုံးဖြတ်လိုက်တယ်၊ 55 00:02:56,260 --> 00:02:59,000 "ဟုတ်တယ်၊ အန်ကယ်ဟာ သန်းကြွယ်သူဌေးပါ၊ 56 00:02:59,000 --> 00:03:01,630 ဒါပေမဲ့ အဲဒါ ဘယ်လို ရလာခဲ့တာကို မသိဘူး၊ အန်ကယ်ဟာ ငွေကို လိုက်ရှာနေခဲ့သူ မဟုတ်ခဲ့ဘူး၊ 57 00:03:01,630 --> 00:03:03,430 ပြီးတော့ အဲဒါဟာ အန်ကယ်အတွက် သိပ်အရေးမကြီးခဲ့ဘူး။" 58 00:03:03,430 --> 00:03:06,020 ဒါနဲ့သူက၊ "အန်ကယ်အတွက် မဟုတ်နိုင်ပေမဲ့၊ ကျွန်မအတွက် အရေးကြီးတယ်၊ 59 00:03:06,020 --> 00:03:08,800 တစ်သက်လုံး ဆင်းရဲသူ မဖြစ်ချင်ဘူး၊ တစ်ခုခုကို အောင်မြင်ချင်တယ်၊ 60 00:03:08,800 --> 00:03:10,420 ဒါပေမဲ့၊ အဲဒါ ဘယ်တော့မှာမှ ဖြစ်လာမှာ မဟုတ်ပါဘူးလေ။" 61 00:03:10,420 --> 00:03:12,170 "ဘာဖြစ်လို့ ဖြစ်မလာမှာလဲ?" 62 00:03:12,170 --> 00:03:14,570 သူက၊ "အန်ကယ် မြင်ရတဲ့အတိုင်းပဲလေ၊ ကျွန်မ သိပ်တော်သူ မဟုတ်ဘူး။ 63 00:03:14,570 --> 00:03:16,500 ကျောင်းမှာလည်း အတော်ကြီး မဟုတ်ဘူး။" 64 00:03:16,500 --> 00:03:20,510 "အဲဒီတော့ ဘာဖြစ်ရမှာလဲ? အန်ကယ်လည်း မတော်ပါဘူး။ အထက်တန်းကျောင်း အောင်ဖို့ မနည်းကြီး လုပ်ခဲ့ရတာ။ 65 00:03:20,510 --> 00:03:22,860 အန်ကယ်နဲ့အတူ ဘာဆိုဘာမှန်း ပါလာခဲ့တာ မဟုတ်ဘူး။ 66 00:03:22,860 --> 00:03:26,740 အန်ကယ်ဟာ လူကြိုက်အများဆုံး ဒါမှမဟုတ် အောင်မြင်ဖို့ အလားအလာ အရှိဆုံးမဟုတ်ခဲ့ဘူး။ 67 00:03:26,740 --> 00:03:30,360 အန်ကယ် စလုပ်ကိုင်ခဲတဲ့ လုပ်ငန်းအသစ် တစ်သီကြီးဟာ ကျဆုံးဖို့သာ များခဲ့တာ။ 68 00:03:30,360 --> 00:03:32,490 ဒါပေမဲ့ အဆုံးပိုင်းမှာကျတော့ အန်ကယ့်အခြေအနေ ကောင်းလာခဲ့တယ်။ 69 00:03:32,490 --> 00:03:34,950 ဒီတော့ အန်ကယ်က လုပ်လို့ရနိုင်ခဲ့တယ်ဆိုတော့ နင်လည်း လုပ်နိုင်ရမှာပေါ့။" 70 00:03:34,950 --> 00:03:37,000 အဲဒီနောက်မှာ သူဟာ အကြီးမားဆုံး မေးခွန်းကို မေးလိုက်တယ်: 71 00:03:37,000 --> 00:03:40,790 "ကောင်းပြီ၊ အောင်မြင်မှုဆီကို တကယ် ခေါ်ဆောင်ပေးနိုင်တာက ဘာတွေလဲ?" 72 00:03:40,790 --> 00:03:43,480 ကျွန်တော်က "ဒုက္ခပဲ၊ အန်ကယ် ဘယ်လိုလုပ် သိနိုင်မှာလဲ။ 73 00:03:43,480 --> 00:03:46,500 တစ်နည်းနည်းနဲ့ အန်ကယ် လုပ်နိုင်ခဲ့ပေမဲ့၊ ဘယ်လို လုပ်နိုင်ခဲ့တာကို မသိဘူး။" 74 00:03:46,500 --> 00:03:49,000 အဲဒီနောက်မှာ ကျွန်တော်ဟာ လေယာဉ်ပေါ်မှ ဆင်းလိုက်ကာ TED ကွန်ဖရင့်ကို သွားခဲ့တယ်၊ 75 00:03:49,000 --> 00:03:52,260 ကျွန်တော်ဟာ သိပ်ကို အောင်မြင်တဲ့လူတွေနဲ့ ပြည့်နေတဲ့ ခန်းမကြီးထဲမှာ ရပ်နေခဲ့တယ်၊ 76 00:03:52,260 --> 00:03:55,360 စီးပွားရေးလုပ်ငန်း၊ သိပ္ပံပညာ၊ အနုပညာ၊ ကျန်းမာရေး၊ 77 00:03:55,360 --> 00:03:58,630 နည်းပညာ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ အကြားရပ်နေတုန်း ကျွန်တော် ဖြတ်ခနဲ တွေးမိတာက: 78 00:03:58,630 --> 00:04:01,000 သူတို့ကို အောင်မြင်အောင် လုပ်ပေးခဲ့တာက ဘာလဲကို သူတို့ကို မေးကြည့်ရင်ကော၊ 79 00:04:01,000 --> 00:04:04,670 လူတစ်ဦးစီကို အောင်မြင်ရေးဆီကို ရှေ့ဆောင်ခေါ်ပေးတာက ဘာတွေများပါလိမ့်? 80 00:04:04,670 --> 00:04:08,410 အဲဒါနဲ့ ကျွန်တော်ဟာ အဲဒီလို ဧရာမပုဂ္ဂိုလ်ကြီးတွေကို မေးကြည့်ဖို့ စိတ်လှုပ်ရှားနေခဲ့တယ်၊ 81 00:04:08,410 --> 00:04:10,000 ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ သံသယစိတ်လည်း ရှိနေခဲ့တယ်။ 82 00:04:10,000 --> 00:04:12,960 အဲဒီလူတွေဟာ ကျွန်တော့်ကို ဘာဖြစ်လို့ ပြောပြချင်ကြရမှာလဲ? 83 00:04:12,960 --> 00:04:16,140 ကျွန်တော်ဟာ နာမည်ကြီး သတင်းစာဆရာမဟုတ်ဘူး။ သတင်းစာ တစ်ယောက်ကို မဟုတ်တာ။ 84 00:04:16,140 --> 00:04:19,260 အဲဒါကြောင့်မို့လို့ စတောင်မစရသေး အဲဒီစီမံကိန်းကို ရပ်စဲပစ်ဖို့ အသင့်ဖြစ်နေပြီ၊ 85 00:04:19,260 --> 00:04:22,000 အဲဒီအချိန်မှာ တိုက်ဆိုင်လို့ ကျွန်တော့ဆီကို မျက်နှာမူ လျှောက်လာတာက Ben Cohen ကိုယ်တိုင်ဗျ၊ 86 00:04:22,000 --> 00:04:24,940 နာမည်ကြီး Ben and Jerry's ရေခဲမုန့်ကို ထူထောင်ခဲ့သူပါပဲ။ 87 00:04:24,940 --> 00:04:27,980 အဲဒါနဲ့ အခုမေးရင်မေး၊ ဒါမှမဟုတ် ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ နားလည်လိုက်တယ်၊ 88 00:04:27,980 --> 00:04:31,590 သူ့ရှေ့မှာ ခုန်ရပ်လိုက်ကာ "Ben ခင်ဗျာ၊ ကျွန်တော့ဆီမှာပရိုဂျက် တစ်ခုရှိတယ်။ 89 00:04:31,590 --> 00:04:33,410 ခင်ဗျားကို ဘာကိုမေးရမှန်းတောင် မသိဘူး၊ 90 00:04:33,410 --> 00:04:35,580 ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားကို အောင်မြင်အောင် လုပ်ပေးခဲ့တာက ဘာများလဲ?" 91 00:04:35,580 --> 00:04:38,210 "ရပါတယ်၊ လာပါ၊ ကော်ဖီ သောက်ကြရအောင်။" 92 00:04:38,210 --> 00:04:40,950 ကော်ဖီ နဲ့ ရေခဲမုန့်ကို သောက်သုံးနေစဉ် Ben ဟာ သူ့အကြောင်းကို ပြောပြတယ်။ 93 00:04:40,950 --> 00:04:43,120 အဲဒီနောက်မှာ ဆယ်နှစ်ကုန်သွားလို့ ကျွန်တော်တို့ အခု တွေ့ဆုံနေကြရတာပါ၊ 94 00:04:43,120 --> 00:04:45,580 ကျွန်တော်ဟာ အောင်မြင်တဲ့ လူတွေ ၅၀၀ ကျော်ကို တွေ့ဆုံမေးမြန်းကြည့်ခဲ့ပါပြီ၊ 95 00:04:45,580 --> 00:04:49,070 လူချင်း တွေ့ဆုံလျက် အောင်မြင်မှု ပုံပြင်တွေ ထောင်ချီကို စုစည်းနိုင်ခဲ့ပါတယ်။ 96 00:04:49,070 --> 00:04:53,320 နယ်ပယ်အသီးသီးထဲက အောင်မြင်မှုတွေထဲက တူတဲ့အချက်တွေကို ရှာလိုခဲ့ပါတယ်၊ 97 00:04:53,320 --> 00:04:57,240 အဲဒါကြောင့်မို့လို့ ကျွန်တော်ဟာ A မှ Z အထိ ရာထူးမျိုးစုံမှာ ရှိသူတို့ကို တွေ့ဆုံခဲ့တယ်၊ 98 00:04:57,240 --> 00:05:00,850 ဒါတွေကတော့ အက္ခရာ A ထဲက သူတွေပါ၊ 99 00:05:00,850 --> 00:05:02,760 ကိစ္စအများစုထဲမှာ လူတစ်ယောက်မကခဲ့ပါ။ 100 00:05:02,760 --> 00:05:05,000 ကျွန်တော်ဟာ ကျော်ကြားကြတဲ့ စာရင်းကိုင် ခြောက်ဦးကို တွေ့ဆုံမေးကြည့်ခဲ့တယ်၊ 101 00:05:05,000 --> 00:05:08,770 ကုမ္ပဏီကြီးကို စစ်ဆေးတဲ့လူ ငါးဦး၊ အာကာသထဲ ရောက်ခဲ့ဘူးကြတဲ့ အာကာသယာဉ်မှူး ငါးဦး၊ 102 00:05:08,770 --> 00:05:11,930 အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆုရ အကယ်ဒမီဆုရှင် လေးဦး၊ 103 00:05:11,930 --> 00:05:14,590 ကမ္ဘာ့ထိပ်သီး နက္ခတရူပဗေဒ ပညာရှင် သုံးဦး၊ 104 00:05:14,590 --> 00:05:16,580 ကမ္ဘာ့နာမည်ကြီး ဗိသုကာပညာရှင် ခြောက်ဦး၊ 105 00:05:16,580 --> 00:05:20,000 ပြီးတော့၊ နိုဘယ်ဆုရှင် လေးဦးလည်း ပါကြသေးတယ်။ 106 00:05:20,000 --> 00:05:23,480 သူတို့ဟာ A ထဲက မဟုတ်ပေမဲ့၊ အားတက်စရာကြီး ပါပဲ။ 107 00:05:23,480 --> 00:05:26,370 ဒီနေရာကနေပြီး ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း 108 00:05:26,370 --> 00:05:29,780 တွေ့ဆုံမေးမြန်းနိုင်ခဲ့တဲ့ အဲဒီလို မဟာပုဂ္ဂိုလ်ကြီးတွေ အားလုံးကို ကျေးဇူးတင်လိုတာကို ပြောလိုပါတယ်။ 109 00:05:29,780 --> 00:05:33,590 ဒါတွေဟာ တကယ့်ကို သူတို့ရဲ့ အထ္ထုပတ္တိတွေပါ၊ ကျွန်တော်က သတင်းပါးပေးသူမျှပါ။ 110 00:05:33,590 --> 00:05:36,000 တကယ့်အားထုတ်ခဲ့ရတဲ့အချက်က သူတို့နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို 111 00:05:36,000 --> 00:05:39,250 စကားလုံး တစ်လုံးချင်းစီ၊ တစ်ကြောင်းချင်းစီ၊ ဆန်းစစ်လေ့လာမှုပါပဲ၊ 112 00:05:39,250 --> 00:05:43,350 သူတို့ကို အောင်မြင်အောင် ကူပေးခဲ့တယ်လို့ သူတို့ဆိုခဲ့တာတွေကို ခွဲခြားစီပေးဖို့ ဖြစ်ခဲ့တယ်။ 113 00:05:43,350 --> 00:05:45,530 အဲဒီနောက်မှာ လူတွေအများစုရဲ့ အောင်မြင်မှုဆိုင်ရာ 114 00:05:45,530 --> 00:05:47,780 ဧရာမ အချက်ကြီးတွေကို တွေ့မြင်လာနိုင်ပါတော့တယ်။ 115 00:05:47,780 --> 00:05:50,750 ကျွန်တော်ဟာ စာလုံးတွေ သန်းပေါင်းများစွာတို့ကို ယူပြီး လေ့လာဆန်းစစ်ခဲ့ရပါတယ်။ 116 00:05:50,750 --> 00:05:53,000 အဲဒါ ဘယ်လောက်ကြီးမားတဲ့ အလုပ်ဖြစ်မှန်း ခင်ဗျားတို့ နားလည်ကြရဲ့လား? 117 00:05:53,000 --> 00:05:55,890 နေ့ရော ညာမှာပါ ကျွန်တော် တစ်ချိန်လုံး လုပ်နေတာက-- ခွဲခြမ်း ဆန်းစစ်မှုပါပဲ။ 118 00:05:55,890 --> 00:05:59,570 ကျွန်တော်ဟာ နောက်တစ်ခါများ လေယာဉ်ပေါ်မှာ ခုနကလိုမျိုး ကလေးကို တွေ့ခဲ့ရရင်... 119 00:05:59,570 --> 00:06:02,000 ကျွန်တော်ဟာ အဲဒီကလေးမလေးကို ကျေးဇူးတင်လိုပါတယ်။ 120 00:06:02,000 --> 00:06:05,740 ကျွန်တော်ရဲ့ ဘဝဟာ ပျော်စရာကြီး ဖြစ်ခဲ့မှာမဟုတ်ဘဲ စိတ်ဝင်စားစရာ လူတွေကိုလည်း တွေ့ဆုံခဲ့မှာ မဟုတ်ပါဘူး။ 121 00:06:05,740 --> 00:06:08,330 အခုတော့ သူမေးလိုက်တဲ့ မေးခွန်းကို ကျွန်တော် ဖြေနိုင်ပါပြီ။ 122 00:06:08,330 --> 00:06:12,240 အဲဒီ အောင်မြင်တဲ့ လူတွေ အားလုံးထဲက အောင်မြင်ရေး အချက်ကြီး ရှစ်ချက်ကို တွေ့ထားပါပြီ၊ 123 00:06:12,240 --> 00:06:14,240 မဟာပုဂ္ဂိုလ်ဖြစ်ဖို့ ရှစ်ချက်ပါပဲ: 124 00:06:14,240 --> 00:06:16,920 ကိုယ်လုပ်ကိုင်တာကို မြတ်နိုးပါ၊ အားထုတ် လုပ်ကိုင်ပါ၊ 125 00:06:16,920 --> 00:06:19,000 အရာတိုင်းကို မဟုတ်ဘဲ အရာတစ်ခုတည်းကိုသာ အာရုံပြုပါ၊ 126 00:06:19,000 --> 00:06:22,640 ကိုယ့်ကိုကိုယ် တွန်းပေးနေပါ၊ ကောင်းမွန်တဲ့ အယူအဆတွေကို ကြံဆနေပါ၊ 127 00:06:22,640 --> 00:06:24,790 ကိုယ့်ကိုကိုယ်၊ ကိုယ်လုပ်ကိုင်နေတာကို မြှင့်တင်နေပါ၊ 128 00:06:24,790 --> 00:06:29,810 အခြားသူတို့အား တန်ဖိုးရှိတာ တစ်ခုခုကို လုပ်ကျွေးပါ၊ အောင်မြင်မှုဟာ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ပါ၊ 129 00:06:29,810 --> 00:06:33,250 ပြီးတော့ ဇွဲလုံ့လရှိပါ၊ နေ့ချင်းညချင်း ရတဲ့ အောင်မြင်မှုမျိုး မရှိနိုင်လို့ပါ။ 130 00:06:33,250 --> 00:06:35,000 ဘာဖြစ်လို့ အဲဒါတွေကိုမှ ကောက်ယူရခဲ့တာလဲ? 131 00:06:35,000 --> 00:06:38,750 ကျွန်တော့လုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုတွေထဲက အချက်တွေကို ချရေးလိုက်တော့၊ 132 00:06:38,750 --> 00:06:41,000 အခြားအချက်တွေနဲ့ စာရင် ခုနက ပြောခဲ့တဲ့ ရှစ်ချက်တွေကမှ 133 00:06:41,000 --> 00:06:42,000 သူတို့ကို အများဆုံးကူပေးခဲ့တာလို့ သူတို့ ထောက်ပြခဲ့ကြလို့ပါ။ 134 00:06:42,000 --> 00:06:45,890 အဲဒီ အချက်ရှစ်ချက်တို့ကမှ တကယ့်ကို အောင်မြင်မှုရဲ့ မဏ္ဍိုင်ကြီး ဖြစ်ခဲ့ကာ၊ 135 00:06:45,890 --> 00:06:48,000 ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် 136 00:06:48,000 --> 00:06:51,100 လိုအပ်တဲ့ အထူးကျွမ်းကျင်မှုတွေကို သုံးပြီး တည်ဆောက်ဖို့အတွက် အုတ်မြစ်ကြီးပါပဲ။ 137 00:06:51,100 --> 00:06:54,620 နည်းပညာပိုင်း ကျွမ်းကျင်မှုများ၊ ဆန်းစစ်ရေး ကျွမ်းကျင်မှုများ၊ အများပြည်သူဆိုင်ရာ ကျွမ်းကျင်မှုများ၊ 138 00:06:54,620 --> 00:06:58,000 ဖန်တီးတီထွင်ရေး ကျွမ်းကျင်မှုများ -- များလှတဲ့ အခြားသော ကျွမ်းကျင်မှုများကို ကျွန်တော်တို့ ထပ်လောင်းထည့်ပေးနိုင်တယ်၊ 139 00:06:58,000 --> 00:07:00,000 ကိုယ့်နယ်ပယ် အလိုက်ပေါ့လေ။ 140 00:07:00,000 --> 00:07:02,000 ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဟာ ဘယ်နယ်ပယ်ထဲမှာ ရှိနေနေ၊ 141 00:07:02,000 --> 00:07:06,000 ခုနက ပြောပြခဲ့တဲ့ အချက်ရှစ်ချက်တို့ဟာ အောင်မြင်မှုရဲ့ မဏ္ဍိုင်ကြီး ဖြစ်နေမှာ သေချာတယ်။ 142 00:07:06,000 --> 00:07:09,000 (လက်ခုပ်သံများ)