WEBVTT 00:00:00.000 --> 00:00:14.000 (ဂီတသံ) 00:00:14.000 --> 00:00:16.070 ကျွန်တော်က အောင်မြင်မှုအကြောင်းကို ပြောသူဆိုတော့၊ 00:00:16.070 --> 00:00:19.540 လူတွေက မကြာခဏဆိုသလို ကျွန်တော့ကို "လှုံ့ဆော် ဟောပြောရေးသမား"လို့ ခေါ်ကြပါတယ်။ 00:00:19.540 --> 00:00:23.000 ကျွန်တော်ဟာ လှုံ့ဆော် ဟောပြောရေးသမား မဟုတ်တာကို အစမှာကို ပြောထားချင်ပါတယ်။ 00:00:23.000 --> 00:00:27.790 ကျွန်တော်ဟာ အရပ်အရ မမှီနိုင်ပါ။ 00:00:27.790 --> 00:00:29.730 ပြီးတော့ တစ်ယောက်ကိုမှ လှုံ့ဆော်နိုင်သူ မဟုတ်ပါ။ 00:00:29.730 --> 00:00:33.530 တကယ်တော့ ကျွန်တော့ လုပ်သားတွေက ကျွန်တော့ကို စိတ်ဓာတ်ကျဆင်းစေတဲ့ ဟောပြောရေးသမားလို့ ခေါ်ကြတယ်။ 00:00:33.530 --> 00:00:35.353 ကျွန်တော် အားထုတ်နေတာက အချက်အလက်တွေကို အသိပေး ဟောပြောနေခြင်းပါ။ 00:00:37.176 --> 00:00:39.000 ကျွန်တော်ဟာ အပြင်ထွက်လေ့လာခဲ့ပြီး အောင်မြင်မှု အကြောင်း အချက်တွေကို ရှာတွေ့ခဲ့တယ်၊ 00:00:39.000 --> 00:00:41.000 အဲဒါကို မျှဝေပေးဖို့ အခုဒီမှာ ရပ်နေပါတယ်။ 00:00:41.000 --> 00:00:44.030 ကျွန်တော့ရဲ့ အဲဒီလို ဘဝဇာတ်ကြောင်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက၊ လေယာဉ်ပေါ်မှာ စတင်ခဲ့ပါတယ်။ 00:00:44.030 --> 00:00:47.000 ကျွန်တော်ဟာ ကယ်လီဖိုနီယားမှာ ကျင်းပမယ့် TED ကွန်ဖရင့်ကို သွားနေတုန်းပါ။ 00:00:47.000 --> 00:00:50.000 ကျွန်တော်နဲ့ ကပ်လျက် ဆယ်ကျော် ကောင်မလေးတစ်ယောက် ထိုင်နေခဲ့တယ်၊ 00:00:50.000 --> 00:00:53.840 သူဟာ တကယ့်ကို ဆင်းရဲတဲ့ မိသားစုမှ ဖြစ်ခဲ့လို့ ဘဝထဲမှာ တစ်ခုခုကို အောင်မြင်ဖို့ လိုလားနေခဲ့တယ်။ 00:00:53.840 --> 00:00:57.100 ကျွန်တော့ ကွန်ပျူတာပေါ်မှာ အလုပ်များနေတုန်း သူဟာ မေးခွန်းတွေကို မေးနေပါတော့တယ်၊ 00:00:57.100 --> 00:01:00.520 အဲဒါနဲ့ လုံးဝမျှော်လင့်မရပဲ "ခင်ဗျားဟာ အောင်မြင်သူလား?"မေးလာတယ်။ 00:01:00.520 --> 00:01:03.000 ကျွန်တော်က၊ "မဟုတ်ဘူး၊ အောင်မြင်သူ မဟုတ်ဘူး"။ 00:01:03.000 --> 00:01:06.780 Terry Fox ကမှ ကျွန်တော့ ဟီရိုးကြီးပါ၊ သူဟာ အခုဆို အကြီးအကျယ် အလုပ်ဖြစ်နေပြီ။ 00:01:06.780 --> 00:01:09.800 သူဟာ ကင်ဆာကြောင့် ခြေတစ်ဘက် ဆုံးရှုံးလိုက်ရတယ်၊ အဲဒီနောက်မှာ သူဟာ မိုင်ထောင်ချီပြေးကာ 00:01:09.800 --> 00:01:12.440 ကင်ဆာ သုတေသနအတွက် ရန်ပုံငွေ သန်းချီ စုစည်းနိုင်ခဲ့တယ်။ 00:01:12.440 --> 00:01:15.230 ဒါမှမဟုတ် Bill Gates ဆိုပါစို့၊ ကိုယ်ပိုင် လေယာဉ်ကိုတောင် ပိုင်ထားသူလေ၊ 00:01:15.230 --> 00:01:18.200 သူဆိုရင် သူ့ကို မေးခွန်းတွေ မေးတတ်တဲ့ ကလေးမလေး ဘေးမှာထိုင်မနေပါဘူး။ 00:01:18.200 --> 00:01:20.000 (ရယ်မောသံများ) 00:01:20.000 --> 00:01:22.600 အဲဒီနောက်မှာ ကျွန်တော်ဟာ သူ့ကို လုပ်ကိုင်ခဲ့ဘူးတဲ့ ကိစ္စတစ်ချို့ကို ပြောပြတယ်။ 00:01:22.600 --> 00:01:26.310 ကျွန်တော် ဆက်သွယ်ပြောကြားရတာကို ကြိုက်တယ်၊ ဈေးကွက်တင်မှုဆိုင်ရာ ဆုတွေ ရရှိထားသူပါ။ 00:01:26.310 --> 00:01:29.890 ကျွန်တော်ဟာ ပြေးရတာကို ဝါသနာပါတယ်၊ ကျွန်တော့ရွယ်တူတွေ အကြားမှာ နိုင်တာရှိပါတယ်။ 00:01:29.890 --> 00:01:32.240 အသက် ၆၀ ကျော် အဖိုးအိုတွေ အကြားမှာလေ။ 00:01:32.240 --> 00:01:35.570 မာရသွန်အတွက် ကျွန်တော်ရဲ့ အမြန်ဆုံး စံနှုန်းက နှစ်နာရီ ၄၃ မိနစ်ပါ၊ 00:01:35.570 --> 00:01:39.430 ၂၆ မိုင်၊ တစ်နည်း ၄၂ ကီလိုမီတာကို ပြေးတာလေ။ 00:01:39.430 --> 00:01:42.000 ကျွန်တော် ကမ္ဘာ့တိုက်ကြီး ခုနှစ်ခုစလုံးပေါ်မှာ မာရသွန်တွေ အကြိမ် ၅၀ ကျော် ပြေးခဲ့သူပါ။ 00:01:42.000 --> 00:01:46.360 ဟောဒါက ကျွန်တော့ဇနီး နဲ့ ကျွန်တော် ပီရူးနိုင်ငံထဲက Machu Picchu ဒေသက Inca လမ်းကြောင်းပါ။ 00:01:46.360 --> 00:01:48.570 တိုက်ကြီး ခုနစ်ခုမှာ ပြေးခဲ့သူဖြစ်လာဖို့၊ 00:01:48.570 --> 00:01:51.000 ကျွန်တော်တို့ဟာ အန္တာတိတ်မှာ ပြေးဖို့ လိုခဲ့ပါတယ်။ 00:01:51.000 --> 00:01:55.450 ဒါပေမဲ့ အဲဒီကို ရောက်သွားတော့၊ အခြေအနေ သိပ်မကောင်းခဲ့လို့၊ စိတ်ငြိမ်အောင် လုပ်ခဲ့ရတယ်။ 00:01:55.450 --> 00:01:58.280 လှိုင်းတွေ မြင့်လွန်းခဲ့လို့ ကျွန်တော်တို့ဟာ ကမ်းပေါ်ကို မဆင်းနိုင်ခဲ့ကြပါ။ 00:01:58.280 --> 00:02:01.690 အဲဒါနဲ့ တောင်ဘက်ကို မိုင် ၂၀၀ လောက် လှော်ခဲ့ကြကာ ငြိမ်တဲ့ ပင်လယ်ကို ရှာခဲ့ရတယ်၊ 00:02:01.690 --> 00:02:04.540 ပြီးတော့ ၂၆ မိုင် မာရသွန်ကြီးကို 00:02:04.540 --> 00:02:06.000 လှေပေါ်မှာပဲ ပြေးခဲ့ရတယ်။ 00:02:06.000 --> 00:02:09.670 သေးငယ်တဲ့ လှေရဲ့ ကုန်းပတ်ပေါ်မှာ ၄၂၂ ပတ် ပတ်ပြေးခဲ့ကြတယ်။ 00:02:09.670 --> 00:02:12.800 ကျွန်တော့ဇနီး နဲ့ ကျွန်တော်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင် နှစ်လုံးကိုလည်း တက်ခဲ့ကြပါတယ်၊ 00:02:12.800 --> 00:02:14.740 တိုက်ကြီးတိုင်းထဲက အမြင့်ဆုံး တောင်တွေလေ။ 00:02:14.740 --> 00:02:18.020 အမေရိက တိုက်ကြီးထဲက အမြင့်ဆုံးတောင် Aconcagua ကို တက်ခဲ့ကြတယ်၊ 00:02:18.020 --> 00:02:20.530 ပြီးတော့ အာဖရိကတိုက်ထဲက အမြင့်ဆုံး Kilimanjaro လည်းပါတာပေါ့၊ 00:02:20.530 --> 00:02:24.470 စကားစပ်လာလို့၊ အမှန်ကို ဝန်ခံပြောရရင်၊ ကျွန်တော်ဟာ Kilimanjaro ခရီးကို လက်လွတ်လိုက်ရတယ်၊ 00:02:24.470 --> 00:02:28.500 ကျွန်တော်ဟာ အမြင့်ပိုင်းဆိုင်ရာ ရောဂါဖြစ်လာတယ်၊ ကျွန်တော့ဇနီးက စာနာဖေါ်တောင် မရခဲ့ဘူး၊ 00:02:28.500 --> 00:02:33.000 ကျွန်တော်က ရုန်းကန်နေတုန်း သူဟာ ထိပ်အထိ တက်ပြေးပြန်လာခဲ့တယ်။ 00:02:33.000 --> 00:02:37.990 ဒါပေမဲ့၊ ကျွန်တော်တို့ နှစ်ဦးဟာ၊ ၃၅ နှစ်ကျော်နေတာတောင်၊ ဘယ်သွားသွား အတူတူရှိနေတုန်းပဲ။ 00:02:37.990 --> 00:02:41.880 ကျွန်တော်စိတ်ထင် အဲဒါဟာ ဒီလိုအရွယ်အတွက် အောင်မြင်မှုပဲလို့ ထင်တယ်။ 00:02:41.880 --> 00:02:43.000 အဲဒါကို ကျွန်တော်က ကလေးမလေးကို ပြောပြခဲ့တယ်၊ 00:02:43.000 --> 00:02:46.000 "အန်ကယ်ကတော့ အောင်မြင်မှု တစ်ချို့ရှိတယ်လို့ ထင်တာပဲ။" 00:02:46.000 --> 00:02:49.860 ဒီလိုဆိုရင်၊ "ကောင်းပြီ၊ အန်ကယ်က သန်းကြွယ်သူဌေးလား?" 00:02:49.860 --> 00:02:51.490 အဲဒါကို ကျွန်တော်က ဘယ်လိုဖြေရမှန်း မသိ၊ 00:02:51.490 --> 00:02:54.550 ကျွန်တော်တို့ ခေတ်တုန်းက ငွေအကြောင်း ပြောဆိုမှုဟာ မကောင်းဘူးတို့ ထင်မှတ်ခဲ့ကြပါတယ်။ 00:02:54.550 --> 00:02:56.260 ဒါပေမဲ့၊ ကျွန်တော်ဟာ အမှန်ကိုအမှန်အတိုင်း ဖြေရန် ဆုံးဖြတ်လိုက်တယ်၊ 00:02:56.260 --> 00:02:59.000 "ဟုတ်တယ်၊ အန်ကယ်ဟာ သန်းကြွယ်သူဌေးပါ၊ 00:02:59.000 --> 00:03:01.630 ဒါပေမဲ့ အဲဒါ ဘယ်လို ရလာခဲ့တာကို မသိဘူး၊ အန်ကယ်ဟာ ငွေကို လိုက်ရှာနေခဲ့သူ မဟုတ်ခဲ့ဘူး၊ 00:03:01.630 --> 00:03:03.430 ပြီးတော့ အဲဒါဟာ အန်ကယ်အတွက် သိပ်အရေးမကြီးခဲ့ဘူး။" 00:03:03.430 --> 00:03:06.020 ဒါနဲ့သူက၊ "အန်ကယ်အတွက် မဟုတ်နိုင်ပေမဲ့၊ ကျွန်မအတွက် အရေးကြီးတယ်၊ 00:03:06.020 --> 00:03:08.800 တစ်သက်လုံး ဆင်းရဲသူ မဖြစ်ချင်ဘူး၊ တစ်ခုခုကို အောင်မြင်ချင်တယ်၊ 00:03:08.800 --> 00:03:10.420 ဒါပေမဲ့၊ အဲဒါ ဘယ်တော့မှာမှ ဖြစ်လာမှာ မဟုတ်ပါဘူးလေ။" 00:03:10.420 --> 00:03:12.170 "ဘာဖြစ်လို့ ဖြစ်မလာမှာလဲ?" 00:03:12.170 --> 00:03:14.570 သူက၊ "အန်ကယ် မြင်ရတဲ့အတိုင်းပဲလေ၊ ကျွန်မ သိပ်တော်သူ မဟုတ်ဘူး။ 00:03:14.570 --> 00:03:16.500 ကျောင်းမှာလည်း အတော်ကြီး မဟုတ်ဘူး။" 00:03:16.500 --> 00:03:20.510 "အဲဒီတော့ ဘာဖြစ်ရမှာလဲ? အန်ကယ်လည်း မတော်ပါဘူး။ အထက်တန်းကျောင်း အောင်ဖို့ မနည်းကြီး လုပ်ခဲ့ရတာ။ 00:03:20.510 --> 00:03:22.860 အန်ကယ်နဲ့အတူ ဘာဆိုဘာမှန်း ပါလာခဲ့တာ မဟုတ်ဘူး။ 00:03:22.860 --> 00:03:26.740 အန်ကယ်ဟာ လူကြိုက်အများဆုံး ဒါမှမဟုတ် အောင်မြင်ဖို့ အလားအလာ အရှိဆုံးမဟုတ်ခဲ့ဘူး။ 00:03:26.740 --> 00:03:30.360 အန်ကယ် စလုပ်ကိုင်ခဲတဲ့ လုပ်ငန်းအသစ် တစ်သီကြီးဟာ ကျဆုံးဖို့သာ များခဲ့တာ။ 00:03:30.360 --> 00:03:32.490 ဒါပေမဲ့ အဆုံးပိုင်းမှာကျတော့ အန်ကယ့်အခြေအနေ ကောင်းလာခဲ့တယ်။ 00:03:32.490 --> 00:03:34.950 ဒီတော့ အန်ကယ်က လုပ်လို့ရနိုင်ခဲ့တယ်ဆိုတော့ နင်လည်း လုပ်နိုင်ရမှာပေါ့။" 00:03:34.950 --> 00:03:37.000 အဲဒီနောက်မှာ သူဟာ အကြီးမားဆုံး မေးခွန်းကို မေးလိုက်တယ်: 00:03:37.000 --> 00:03:40.790 "ကောင်းပြီ၊ အောင်မြင်မှုဆီကို တကယ် ခေါ်ဆောင်ပေးနိုင်တာက ဘာတွေလဲ?" 00:03:40.790 --> 00:03:43.480 ကျွန်တော်က "ဒုက္ခပဲ၊ အန်ကယ် ဘယ်လိုလုပ် သိနိုင်မှာလဲ။ 00:03:43.480 --> 00:03:46.500 တစ်နည်းနည်းနဲ့ အန်ကယ် လုပ်နိုင်ခဲ့ပေမဲ့၊ ဘယ်လို လုပ်နိုင်ခဲ့တာကို မသိဘူး။" 00:03:46.500 --> 00:03:49.000 အဲဒီနောက်မှာ ကျွန်တော်ဟာ လေယာဉ်ပေါ်မှ ဆင်းလိုက်ကာ TED ကွန်ဖရင့်ကို သွားခဲ့တယ်၊ 00:03:49.000 --> 00:03:52.260 ကျွန်တော်ဟာ သိပ်ကို အောင်မြင်တဲ့လူတွေနဲ့ ပြည့်နေတဲ့ ခန်းမကြီးထဲမှာ ရပ်နေခဲ့တယ်၊ 00:03:52.260 --> 00:03:55.360 စီးပွားရေးလုပ်ငန်း၊ သိပ္ပံပညာ၊ အနုပညာ၊ ကျန်းမာရေး၊ 00:03:55.360 --> 00:03:58.630 နည်းပညာ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ အကြားရပ်နေတုန်း ကျွန်တော် ဖြတ်ခနဲ တွေးမိတာက: 00:03:58.630 --> 00:04:01.000 သူတို့ကို အောင်မြင်အောင် လုပ်ပေးခဲ့တာက ဘာလဲကို သူတို့ကို မေးကြည့်ရင်ကော၊ 00:04:01.000 --> 00:04:04.670 လူတစ်ဦးစီကို အောင်မြင်ရေးဆီကို ရှေ့ဆောင်ခေါ်ပေးတာက ဘာတွေများပါလိမ့်? 00:04:04.670 --> 00:04:08.410 အဲဒါနဲ့ ကျွန်တော်ဟာ အဲဒီလို ဧရာမပုဂ္ဂိုလ်ကြီးတွေကို မေးကြည့်ဖို့ စိတ်လှုပ်ရှားနေခဲ့တယ်၊ 00:04:08.410 --> 00:04:10.000 ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ သံသယစိတ်လည်း ရှိနေခဲ့တယ်။ 00:04:10.000 --> 00:04:12.960 အဲဒီလူတွေဟာ ကျွန်တော့်ကို ဘာဖြစ်လို့ ပြောပြချင်ကြရမှာလဲ? 00:04:12.960 --> 00:04:16.140 ကျွန်တော်ဟာ နာမည်ကြီး သတင်းစာဆရာမဟုတ်ဘူး။ သတင်းစာ တစ်ယောက်ကို မဟုတ်တာ။ 00:04:16.140 --> 00:04:19.260 အဲဒါကြောင့်မို့လို့ စတောင်မစရသေး အဲဒီစီမံကိန်းကို ရပ်စဲပစ်ဖို့ အသင့်ဖြစ်နေပြီ၊ 00:04:19.260 --> 00:04:22.000 အဲဒီအချိန်မှာ တိုက်ဆိုင်လို့ ကျွန်တော့ဆီကို မျက်နှာမူ လျှောက်လာတာက Ben Cohen ကိုယ်တိုင်ဗျ၊ 00:04:22.000 --> 00:04:24.940 နာမည်ကြီး Ben and Jerry's ရေခဲမုန့်ကို ထူထောင်ခဲ့သူပါပဲ။ 00:04:24.940 --> 00:04:27.980 အဲဒါနဲ့ အခုမေးရင်မေး၊ ဒါမှမဟုတ် ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ နားလည်လိုက်တယ်၊ 00:04:27.980 --> 00:04:31.590 သူ့ရှေ့မှာ ခုန်ရပ်လိုက်ကာ "Ben ခင်ဗျာ၊ ကျွန်တော့ဆီမှာပရိုဂျက် တစ်ခုရှိတယ်။ 00:04:31.590 --> 00:04:33.410 ခင်ဗျားကို ဘာကိုမေးရမှန်းတောင် မသိဘူး၊ 00:04:33.410 --> 00:04:35.580 ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားကို အောင်မြင်အောင် လုပ်ပေးခဲ့တာက ဘာများလဲ?" 00:04:35.580 --> 00:04:38.210 "ရပါတယ်၊ လာပါ၊ ကော်ဖီ သောက်ကြရအောင်။" 00:04:38.210 --> 00:04:40.950 ကော်ဖီ နဲ့ ရေခဲမုန့်ကို သောက်သုံးနေစဉ် Ben ဟာ သူ့အကြောင်းကို ပြောပြတယ်။ 00:04:40.950 --> 00:04:43.120 အဲဒီနောက်မှာ ဆယ်နှစ်ကုန်သွားလို့ ကျွန်တော်တို့ အခု တွေ့ဆုံနေကြရတာပါ၊ 00:04:43.120 --> 00:04:45.580 ကျွန်တော်ဟာ အောင်မြင်တဲ့ လူတွေ ၅၀၀ ကျော်ကို တွေ့ဆုံမေးမြန်းကြည့်ခဲ့ပါပြီ၊ 00:04:45.580 --> 00:04:49.070 လူချင်း တွေ့ဆုံလျက် အောင်မြင်မှု ပုံပြင်တွေ ထောင်ချီကို စုစည်းနိုင်ခဲ့ပါတယ်။ 00:04:49.070 --> 00:04:53.320 နယ်ပယ်အသီးသီးထဲက အောင်မြင်မှုတွေထဲက တူတဲ့အချက်တွေကို ရှာလိုခဲ့ပါတယ်၊ 00:04:53.320 --> 00:04:57.240 အဲဒါကြောင့်မို့လို့ ကျွန်တော်ဟာ A မှ Z အထိ ရာထူးမျိုးစုံမှာ ရှိသူတို့ကို တွေ့ဆုံခဲ့တယ်၊ 00:04:57.240 --> 00:05:00.850 ဒါတွေကတော့ အက္ခရာ A ထဲက သူတွေပါ၊ 00:05:00.850 --> 00:05:02.760 ကိစ္စအများစုထဲမှာ လူတစ်ယောက်မကခဲ့ပါ။ 00:05:02.760 --> 00:05:05.000 ကျွန်တော်ဟာ ကျော်ကြားကြတဲ့ စာရင်းကိုင် ခြောက်ဦးကို တွေ့ဆုံမေးကြည့်ခဲ့တယ်၊ 00:05:05.000 --> 00:05:08.770 ကုမ္ပဏီကြီးကို စစ်ဆေးတဲ့လူ ငါးဦး၊ အာကာသထဲ ရောက်ခဲ့ဘူးကြတဲ့ အာကာသယာဉ်မှူး ငါးဦး၊ 00:05:08.770 --> 00:05:11.930 အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆုရ အကယ်ဒမီဆုရှင် လေးဦး၊ 00:05:11.930 --> 00:05:14.590 ကမ္ဘာ့ထိပ်သီး နက္ခတရူပဗေဒ ပညာရှင် သုံးဦး၊ 00:05:14.590 --> 00:05:16.580 ကမ္ဘာ့နာမည်ကြီး ဗိသုကာပညာရှင် ခြောက်ဦး၊ 00:05:16.580 --> 00:05:20.000 ပြီးတော့၊ နိုဘယ်ဆုရှင် လေးဦးလည်း ပါကြသေးတယ်။ 00:05:20.000 --> 00:05:23.480 သူတို့ဟာ A ထဲက မဟုတ်ပေမဲ့၊ အားတက်စရာကြီး ပါပဲ။ 00:05:23.480 --> 00:05:26.370 ဒီနေရာကနေပြီး ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း 00:05:26.370 --> 00:05:29.780 တွေ့ဆုံမေးမြန်းနိုင်ခဲ့တဲ့ အဲဒီလို မဟာပုဂ္ဂိုလ်ကြီးတွေ အားလုံးကို ကျေးဇူးတင်လိုတာကို ပြောလိုပါတယ်။ 00:05:29.780 --> 00:05:33.590 ဒါတွေဟာ တကယ့်ကို သူတို့ရဲ့ အထ္ထုပတ္တိတွေပါ၊ ကျွန်တော်က သတင်းပါးပေးသူမျှပါ။ 00:05:33.590 --> 00:05:36.000 တကယ့်အားထုတ်ခဲ့ရတဲ့အချက်က သူတို့နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို 00:05:36.000 --> 00:05:39.250 စကားလုံး တစ်လုံးချင်းစီ၊ တစ်ကြောင်းချင်းစီ၊ ဆန်းစစ်လေ့လာမှုပါပဲ၊ 00:05:39.250 --> 00:05:43.350 သူတို့ကို အောင်မြင်အောင် ကူပေးခဲ့တယ်လို့ သူတို့ဆိုခဲ့တာတွေကို ခွဲခြားစီပေးဖို့ ဖြစ်ခဲ့တယ်။ 00:05:43.350 --> 00:05:45.530 အဲဒီနောက်မှာ လူတွေအများစုရဲ့ အောင်မြင်မှုဆိုင်ရာ 00:05:45.530 --> 00:05:47.780 ဧရာမ အချက်ကြီးတွေကို တွေ့မြင်လာနိုင်ပါတော့တယ်။ 00:05:47.780 --> 00:05:50.750 ကျွန်တော်ဟာ စာလုံးတွေ သန်းပေါင်းများစွာတို့ကို ယူပြီး လေ့လာဆန်းစစ်ခဲ့ရပါတယ်။ 00:05:50.750 --> 00:05:53.000 အဲဒါ ဘယ်လောက်ကြီးမားတဲ့ အလုပ်ဖြစ်မှန်း ခင်ဗျားတို့ နားလည်ကြရဲ့လား? 00:05:53.000 --> 00:05:55.890 နေ့ရော ညာမှာပါ ကျွန်တော် တစ်ချိန်လုံး လုပ်နေတာက-- ခွဲခြမ်း ဆန်းစစ်မှုပါပဲ။ 00:05:55.890 --> 00:05:59.570 ကျွန်တော်ဟာ နောက်တစ်ခါများ လေယာဉ်ပေါ်မှာ ခုနကလိုမျိုး ကလေးကို တွေ့ခဲ့ရရင်... 00:05:59.570 --> 00:06:02.000 ကျွန်တော်ဟာ အဲဒီကလေးမလေးကို ကျေးဇူးတင်လိုပါတယ်။ 00:06:02.000 --> 00:06:05.740 ကျွန်တော်ရဲ့ ဘဝဟာ ပျော်စရာကြီး ဖြစ်ခဲ့မှာမဟုတ်ဘဲ စိတ်ဝင်စားစရာ လူတွေကိုလည်း တွေ့ဆုံခဲ့မှာ မဟုတ်ပါဘူး။ 00:06:05.740 --> 00:06:08.330 အခုတော့ သူမေးလိုက်တဲ့ မေးခွန်းကို ကျွန်တော် ဖြေနိုင်ပါပြီ။ 00:06:08.330 --> 00:06:12.240 အဲဒီ အောင်မြင်တဲ့ လူတွေ အားလုံးထဲက အောင်မြင်ရေး အချက်ကြီး ရှစ်ချက်ကို တွေ့ထားပါပြီ၊ 00:06:12.240 --> 00:06:14.240 မဟာပုဂ္ဂိုလ်ဖြစ်ဖို့ ရှစ်ချက်ပါပဲ: 00:06:14.240 --> 00:06:16.920 ကိုယ်လုပ်ကိုင်တာကို မြတ်နိုးပါ၊ အားထုတ် လုပ်ကိုင်ပါ၊ 00:06:16.920 --> 00:06:19.000 အရာတိုင်းကို မဟုတ်ဘဲ အရာတစ်ခုတည်းကိုသာ အာရုံပြုပါ၊ 00:06:19.000 --> 00:06:22.640 ကိုယ့်ကိုကိုယ် တွန်းပေးနေပါ၊ ကောင်းမွန်တဲ့ အယူအဆတွေကို ကြံဆနေပါ၊ 00:06:22.640 --> 00:06:24.790 ကိုယ့်ကိုကိုယ်၊ ကိုယ်လုပ်ကိုင်နေတာကို မြှင့်တင်နေပါ၊ 00:06:24.790 --> 00:06:29.810 အခြားသူတို့အား တန်ဖိုးရှိတာ တစ်ခုခုကို လုပ်ကျွေးပါ၊ အောင်မြင်မှုဟာ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ပါ၊ 00:06:29.810 --> 00:06:33.250 ပြီးတော့ ဇွဲလုံ့လရှိပါ၊ နေ့ချင်းညချင်း ရတဲ့ အောင်မြင်မှုမျိုး မရှိနိုင်လို့ပါ။ 00:06:33.250 --> 00:06:35.000 ဘာဖြစ်လို့ အဲဒါတွေကိုမှ ကောက်ယူရခဲ့တာလဲ? 00:06:35.000 --> 00:06:38.750 ကျွန်တော့လုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုတွေထဲက အချက်တွေကို ချရေးလိုက်တော့၊ 00:06:38.750 --> 00:06:41.000 အခြားအချက်တွေနဲ့ စာရင် ခုနက ပြောခဲ့တဲ့ ရှစ်ချက်တွေကမှ 00:06:41.000 --> 00:06:42.000 သူတို့ကို အများဆုံးကူပေးခဲ့တာလို့ သူတို့ ထောက်ပြခဲ့ကြလို့ပါ။ 00:06:42.000 --> 00:06:45.890 အဲဒီ အချက်ရှစ်ချက်တို့ကမှ တကယ့်ကို အောင်မြင်မှုရဲ့ မဏ္ဍိုင်ကြီး ဖြစ်ခဲ့ကာ၊ 00:06:45.890 --> 00:06:48.000 ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် 00:06:48.000 --> 00:06:51.100 လိုအပ်တဲ့ အထူးကျွမ်းကျင်မှုတွေကို သုံးပြီး တည်ဆောက်ဖို့အတွက် အုတ်မြစ်ကြီးပါပဲ။ 00:06:51.100 --> 00:06:54.620 နည်းပညာပိုင်း ကျွမ်းကျင်မှုများ၊ ဆန်းစစ်ရေး ကျွမ်းကျင်မှုများ၊ အများပြည်သူဆိုင်ရာ ကျွမ်းကျင်မှုများ၊ 00:06:54.620 --> 00:06:58.000 ဖန်တီးတီထွင်ရေး ကျွမ်းကျင်မှုများ -- များလှတဲ့ အခြားသော ကျွမ်းကျင်မှုများကို ကျွန်တော်တို့ ထပ်လောင်းထည့်ပေးနိုင်တယ်၊ 00:06:58.000 --> 00:07:00.000 ကိုယ့်နယ်ပယ် အလိုက်ပေါ့လေ။ 00:07:00.000 --> 00:07:02.000 ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဟာ ဘယ်နယ်ပယ်ထဲမှာ ရှိနေနေ၊ 00:07:02.000 --> 00:07:06.000 ခုနက ပြောပြခဲ့တဲ့ အချက်ရှစ်ချက်တို့ဟာ အောင်မြင်မှုရဲ့ မဏ္ဍိုင်ကြီး ဖြစ်နေမှာ သေချာတယ်။ 00:07:06.000 --> 00:07:09.000 (လက်ခုပ်သံများ)