[Script Info] Title: [Events] Format: Layer, Start, End, Style, Name, MarginL, MarginR, MarginV, Effect, Text Dialogue: 0,0:00:00.00,0:00:14.00,Default,,0000,0000,0000,,(ဂီတသံ) Dialogue: 0,0:00:14.00,0:00:16.07,Default,,0000,0000,0000,,ကျွန်တော်က အောင်မြင်မှုအကြောင်းကို \Nပြောသူဆိုတော့၊ Dialogue: 0,0:00:16.07,0:00:19.54,Default,,0000,0000,0000,,လူတွေက မကြာခဏဆိုသလို ကျွန်တော့ကို\N"လှုံ့ဆော် ဟောပြောရေးသမား"လို့ ခေါ်ကြပါတယ်။ Dialogue: 0,0:00:19.54,0:00:23.00,Default,,0000,0000,0000,,ကျွန်တော်ဟာ လှုံ့ဆော် ဟောပြောရေးသမား \Nမဟုတ်တာကို အစမှာကို ပြောထားချင်ပါတယ်။ Dialogue: 0,0:00:23.00,0:00:27.79,Default,,0000,0000,0000,,ကျွန်တော်ဟာ အရပ်အရ မမှီနိုင်ပါ။ Dialogue: 0,0:00:27.79,0:00:29.73,Default,,0000,0000,0000,,ပြီးတော့ တစ်ယောက်ကိုမှ\Nလှုံ့ဆော်နိုင်သူ မဟုတ်ပါ။ Dialogue: 0,0:00:29.73,0:00:33.53,Default,,0000,0000,0000,,တကယ်တော့ ကျွန်တော့ လုပ်သားတွေက ကျွန်တော့ကို\Nစိတ်ဓာတ်ကျဆင်းစေတဲ့ ဟောပြောရေးသမားလို့ ခေါ်ကြတယ်။ Dialogue: 0,0:00:33.53,0:00:35.35,Default,,0000,0000,0000,,ကျွန်တော် အားထုတ်နေတာက အချက်အလက်တွေကို\Nအသိပေး ဟောပြောနေခြင်းပါ။ Dialogue: 0,0:00:37.18,0:00:39.00,Default,,0000,0000,0000,,ကျွန်တော်ဟာ အပြင်ထွက်လေ့လာခဲ့ပြီး အောင်မြင်မှု \Nအကြောင်း အချက်တွေကို ရှာတွေ့ခဲ့တယ်၊ Dialogue: 0,0:00:39.00,0:00:41.00,Default,,0000,0000,0000,,အဲဒါကို မျှဝေပေးဖို့ အခုဒီမှာ ရပ်နေပါတယ်။ Dialogue: 0,0:00:41.00,0:00:44.03,Default,,0000,0000,0000,,ကျွန်တော့ရဲ့ အဲဒီလို ဘဝဇာတ်ကြောင်းဟာ လွန်ခဲ့တဲ့ \Nဆယ်နှစ်တုန်းက၊ လေယာဉ်ပေါ်မှာ စတင်ခဲ့ပါတယ်။ Dialogue: 0,0:00:44.03,0:00:47.00,Default,,0000,0000,0000,,ကျွန်တော်ဟာ ကယ်လီဖိုနီယားမှာ ကျင်းပမယ့်\NTED ကွန်ဖရင့်ကို သွားနေတုန်းပါ။ Dialogue: 0,0:00:47.00,0:00:50.00,Default,,0000,0000,0000,,ကျွန်တော်နဲ့ ကပ်လျက် ဆယ်ကျော် \Nကောင်မလေးတစ်ယောက် ထိုင်နေခဲ့တယ်၊ Dialogue: 0,0:00:50.00,0:00:53.84,Default,,0000,0000,0000,,သူဟာ တကယ့်ကို ဆင်းရဲတဲ့ မိသားစုမှ ဖြစ်ခဲ့လို့\Nဘဝထဲမှာ တစ်ခုခုကို အောင်မြင်ဖို့ လိုလားနေခဲ့တယ်။ Dialogue: 0,0:00:53.84,0:00:57.10,Default,,0000,0000,0000,,ကျွန်တော့ ကွန်ပျူတာပေါ်မှာ အလုပ်များနေတုန်း\Nသူဟာ မေးခွန်းတွေကို မေးနေပါတော့တယ်၊ Dialogue: 0,0:00:57.10,0:01:00.52,Default,,0000,0000,0000,,အဲဒါနဲ့ လုံးဝမျှော်လင့်မရပဲ\N"ခင်ဗျားဟာ အောင်မြင်သူလား?"မေးလာတယ်။ Dialogue: 0,0:01:00.52,0:01:03.00,Default,,0000,0000,0000,,ကျွန်တော်က၊ "မဟုတ်ဘူး၊ အောင်မြင်သူ မဟုတ်ဘူး"။ Dialogue: 0,0:01:03.00,0:01:06.78,Default,,0000,0000,0000,,Terry Fox ကမှ ကျွန်တော့ ဟီရိုးကြီးပါ၊\Nသူဟာ အခုဆို အကြီးအကျယ် အလုပ်ဖြစ်နေပြီ။ Dialogue: 0,0:01:06.78,0:01:09.80,Default,,0000,0000,0000,,သူဟာ ကင်ဆာကြောင့် ခြေတစ်ဘက် ဆုံးရှုံးလိုက်ရတယ်၊\Nအဲဒီနောက်မှာ သူဟာ မိုင်ထောင်ချီပြေးကာ Dialogue: 0,0:01:09.80,0:01:12.44,Default,,0000,0000,0000,,ကင်ဆာ သုတေသနအတွက်\Nရန်ပုံငွေ သန်းချီ စုစည်းနိုင်ခဲ့တယ်။ Dialogue: 0,0:01:12.44,0:01:15.23,Default,,0000,0000,0000,,ဒါမှမဟုတ် Bill Gates ဆိုပါစို့၊\Nကိုယ်ပိုင် လေယာဉ်ကိုတောင် ပိုင်ထားသူလေ၊ Dialogue: 0,0:01:15.23,0:01:18.20,Default,,0000,0000,0000,,သူဆိုရင် သူ့ကို မေးခွန်းတွေ မေးတတ်တဲ့\Nကလေးမလေး ဘေးမှာထိုင်မနေပါဘူး။ Dialogue: 0,0:01:18.20,0:01:20.00,Default,,0000,0000,0000,,(ရယ်မောသံများ) Dialogue: 0,0:01:20.00,0:01:22.60,Default,,0000,0000,0000,,အဲဒီနောက်မှာ ကျွန်တော်ဟာ သူ့ကို\Nလုပ်ကိုင်ခဲ့ဘူးတဲ့ ကိစ္စတစ်ချို့ကို ပြောပြတယ်။ Dialogue: 0,0:01:22.60,0:01:26.31,Default,,0000,0000,0000,,ကျွန်တော် ဆက်သွယ်ပြောကြားရတာကို ကြိုက်တယ်၊ ဈေးကွက်တင်မှုဆိုင်ရာ ဆုတွေ ရရှိထားသူပါ။ Dialogue: 0,0:01:26.31,0:01:29.89,Default,,0000,0000,0000,,ကျွန်တော်ဟာ ပြေးရတာကို ဝါသနာပါတယ်၊\Nကျွန်တော့ရွယ်တူတွေ အကြားမှာ နိုင်တာရှိပါတယ်။ Dialogue: 0,0:01:29.89,0:01:32.24,Default,,0000,0000,0000,,အသက် ၆၀ ကျော် အဖိုးအိုတွေ အကြားမှာလေ။ Dialogue: 0,0:01:32.24,0:01:35.57,Default,,0000,0000,0000,,မာရသွန်အတွက် ကျွန်တော်ရဲ့\Nအမြန်ဆုံး စံနှုန်းက နှစ်နာရီ ၄၃ မိနစ်ပါ၊ Dialogue: 0,0:01:35.57,0:01:39.43,Default,,0000,0000,0000,,၂၆ မိုင်၊ တစ်နည်း ၄၂ ကီလိုမီတာကို ပြေးတာလေ။ Dialogue: 0,0:01:39.43,0:01:42.00,Default,,0000,0000,0000,,ကျွန်တော် ကမ္ဘာ့တိုက်ကြီး ခုနှစ်ခုစလုံးပေါ်မှာ\Nမာရသွန်တွေ အကြိမ် ၅၀ ကျော် ပြေးခဲ့သူပါ။ Dialogue: 0,0:01:42.00,0:01:46.36,Default,,0000,0000,0000,,ဟောဒါက ကျွန်တော့ဇနီး နဲ့ ကျွန်တော် ပီရူးနိုင်ငံထဲက \NMachu Picchu ဒေသက Inca လမ်းကြောင်းပါ။ Dialogue: 0,0:01:46.36,0:01:48.57,Default,,0000,0000,0000,,တိုက်ကြီး ခုနစ်ခုမှာ ပြေးခဲ့သူဖြစ်လာဖို့၊ Dialogue: 0,0:01:48.57,0:01:51.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ အန္တာတိတ်မှာ \Nပြေးဖို့ လိုခဲ့ပါတယ်။ Dialogue: 0,0:01:51.00,0:01:55.45,Default,,0000,0000,0000,,ဒါပေမဲ့ အဲဒီကို ရောက်သွားတော့၊ အခြေအနေ\Nသိပ်မကောင်းခဲ့လို့၊ စိတ်ငြိမ်အောင် လုပ်ခဲ့ရတယ်။ Dialogue: 0,0:01:55.45,0:01:58.28,Default,,0000,0000,0000,,လှိုင်းတွေ မြင့်လွန်းခဲ့လို့ ကျွန်တော်တို့ဟာ\Nကမ်းပေါ်ကို မဆင်းနိုင်ခဲ့ကြပါ။ Dialogue: 0,0:01:58.28,0:02:01.69,Default,,0000,0000,0000,,အဲဒါနဲ့ တောင်ဘက်ကို မိုင် ၂၀၀ လောက် လှော်ခဲ့ကြကာ\Nငြိမ်တဲ့ ပင်လယ်ကို ရှာခဲ့ရတယ်၊ Dialogue: 0,0:02:01.69,0:02:04.54,Default,,0000,0000,0000,,ပြီးတော့ ၂၆ မိုင် မာရသွန်ကြီးကို Dialogue: 0,0:02:04.54,0:02:06.00,Default,,0000,0000,0000,,လှေပေါ်မှာပဲ ပြေးခဲ့ရတယ်။ Dialogue: 0,0:02:06.00,0:02:09.67,Default,,0000,0000,0000,,သေးငယ်တဲ့ လှေရဲ့ ကုန်းပတ်ပေါ်မှာ\N၄၂၂ ပတ် ပတ်ပြေးခဲ့ကြတယ်။ Dialogue: 0,0:02:09.67,0:02:12.80,Default,,0000,0000,0000,,ကျွန်တော့ဇနီး နဲ့ ကျွန်တော်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်\Nနှစ်လုံးကိုလည်း တက်ခဲ့ကြပါတယ်၊ Dialogue: 0,0:02:12.80,0:02:14.74,Default,,0000,0000,0000,,တိုက်ကြီးတိုင်းထဲက အမြင့်ဆုံး တောင်တွေလေ။ Dialogue: 0,0:02:14.74,0:02:18.02,Default,,0000,0000,0000,,အမေရိက တိုက်ကြီးထဲက အမြင့်ဆုံးတောင်\NAconcagua ကို တက်ခဲ့ကြတယ်၊ Dialogue: 0,0:02:18.02,0:02:20.53,Default,,0000,0000,0000,,ပြီးတော့ အာဖရိကတိုက်ထဲက\Nအမြင့်ဆုံး Kilimanjaro လည်းပါတာပေါ့၊ Dialogue: 0,0:02:20.53,0:02:24.47,Default,,0000,0000,0000,,စကားစပ်လာလို့၊ အမှန်ကို ဝန်ခံပြောရရင်၊ ကျွန်တော်ဟာ \NKilimanjaro ခရီးကို လက်လွတ်လိုက်ရတယ်၊ Dialogue: 0,0:02:24.47,0:02:28.50,Default,,0000,0000,0000,,ကျွန်တော်ဟာ အမြင့်ပိုင်းဆိုင်ရာ ရောဂါဖြစ်လာတယ်၊ \Nကျွန်တော့ဇနီးက စာနာဖေါ်တောင် မရခဲ့ဘူး၊ Dialogue: 0,0:02:28.50,0:02:33.00,Default,,0000,0000,0000,,ကျွန်တော်က ရုန်းကန်နေတုန်း\Nသူဟာ ထိပ်အထိ တက်ပြေးပြန်လာခဲ့တယ်။ Dialogue: 0,0:02:33.00,0:02:37.99,Default,,0000,0000,0000,,ဒါပေမဲ့၊ ကျွန်တော်တို့ နှစ်ဦးဟာ၊ ၃၅ နှစ်ကျော်နေတာတောင်၊ ဘယ်သွားသွား အတူတူရှိနေတုန်းပဲ။ Dialogue: 0,0:02:37.99,0:02:41.88,Default,,0000,0000,0000,,ကျွန်တော်စိတ်ထင် အဲဒါဟာ ဒီလိုအရွယ်အတွက် \Nအောင်မြင်မှုပဲလို့ ထင်တယ်။ Dialogue: 0,0:02:41.88,0:02:43.00,Default,,0000,0000,0000,,အဲဒါကို ကျွန်တော်က ကလေးမလေးကို ပြောပြခဲ့တယ်၊ Dialogue: 0,0:02:43.00,0:02:46.00,Default,,0000,0000,0000,,"အန်ကယ်ကတော့ အောင်မြင်မှု \Nတစ်ချို့ရှိတယ်လို့ ထင်တာပဲ။" Dialogue: 0,0:02:46.00,0:02:49.86,Default,,0000,0000,0000,,ဒီလိုဆိုရင်၊ "ကောင်းပြီ၊ \Nအန်ကယ်က သန်းကြွယ်သူဌေးလား?" Dialogue: 0,0:02:49.86,0:02:51.49,Default,,0000,0000,0000,,အဲဒါကို ကျွန်တော်က ဘယ်လိုဖြေရမှန်း မသိ၊ Dialogue: 0,0:02:51.49,0:02:54.55,Default,,0000,0000,0000,,ကျွန်တော်တို့ ခေတ်တုန်းက ငွေအကြောင်း\Nပြောဆိုမှုဟာ မကောင်းဘူးတို့ ထင်မှတ်ခဲ့ကြပါတယ်။ Dialogue: 0,0:02:54.55,0:02:56.26,Default,,0000,0000,0000,,ဒါပေမဲ့၊ ကျွန်တော်ဟာ အမှန်ကိုအမှန်အတိုင်း\Nဖြေရန် ဆုံးဖြတ်လိုက်တယ်၊ Dialogue: 0,0:02:56.26,0:02:59.00,Default,,0000,0000,0000,,"ဟုတ်တယ်၊ အန်ကယ်ဟာ သန်းကြွယ်သူဌေးပါ၊ Dialogue: 0,0:02:59.00,0:03:01.63,Default,,0000,0000,0000,,ဒါပေမဲ့ အဲဒါ ဘယ်လို ရလာခဲ့တာကို မသိဘူး၊\Nအန်ကယ်ဟာ ငွေကို လိုက်ရှာနေခဲ့သူ မဟုတ်ခဲ့ဘူး၊ Dialogue: 0,0:03:01.63,0:03:03.43,Default,,0000,0000,0000,,ပြီးတော့ အဲဒါဟာ အန်ကယ်အတွက် \Nသိပ်အရေးမကြီးခဲ့ဘူး။" Dialogue: 0,0:03:03.43,0:03:06.02,Default,,0000,0000,0000,,ဒါနဲ့သူက၊ "အန်ကယ်အတွက် မဟုတ်နိုင်ပေမဲ့၊\Nကျွန်မအတွက် အရေးကြီးတယ်၊ Dialogue: 0,0:03:06.02,0:03:08.80,Default,,0000,0000,0000,,တစ်သက်လုံး ဆင်းရဲသူ မဖြစ်ချင်ဘူး၊\Nတစ်ခုခုကို အောင်မြင်ချင်တယ်၊ Dialogue: 0,0:03:08.80,0:03:10.42,Default,,0000,0000,0000,,ဒါပေမဲ့၊ အဲဒါ ဘယ်တော့မှာမှ \Nဖြစ်လာမှာ မဟုတ်ပါဘူးလေ။" Dialogue: 0,0:03:10.42,0:03:12.17,Default,,0000,0000,0000,,"ဘာဖြစ်လို့ ဖြစ်မလာမှာလဲ?" Dialogue: 0,0:03:12.17,0:03:14.57,Default,,0000,0000,0000,,သူက၊ "အန်ကယ် မြင်ရတဲ့အတိုင်းပဲလေ၊ \Nကျွန်မ သိပ်တော်သူ မဟုတ်ဘူး။ Dialogue: 0,0:03:14.57,0:03:16.50,Default,,0000,0000,0000,,ကျောင်းမှာလည်း အတော်ကြီး မဟုတ်ဘူး။" Dialogue: 0,0:03:16.50,0:03:20.51,Default,,0000,0000,0000,,"အဲဒီတော့ ဘာဖြစ်ရမှာလဲ? အန်ကယ်လည်း မတော်ပါဘူး။ အထက်တန်းကျောင်း အောင်ဖို့ မနည်းကြီး လုပ်ခဲ့ရတာ။ Dialogue: 0,0:03:20.51,0:03:22.86,Default,,0000,0000,0000,,အန်ကယ်နဲ့အတူ ဘာဆိုဘာမှန်း \Nပါလာခဲ့တာ မဟုတ်ဘူး။ Dialogue: 0,0:03:22.86,0:03:26.74,Default,,0000,0000,0000,,အန်ကယ်ဟာ လူကြိုက်အများဆုံး ဒါမှမဟုတ်\Nအောင်မြင်ဖို့ အလားအလာ အရှိဆုံးမဟုတ်ခဲ့ဘူး။ Dialogue: 0,0:03:26.74,0:03:30.36,Default,,0000,0000,0000,,အန်ကယ် စလုပ်ကိုင်ခဲတဲ့ လုပ်ငန်းအသစ် \Nတစ်သီကြီးဟာ ကျဆုံးဖို့သာ များခဲ့တာ။ Dialogue: 0,0:03:30.36,0:03:32.49,Default,,0000,0000,0000,,ဒါပေမဲ့ အဆုံးပိုင်းမှာကျတော့\Nအန်ကယ့်အခြေအနေ ကောင်းလာခဲ့တယ်။ Dialogue: 0,0:03:32.49,0:03:34.95,Default,,0000,0000,0000,,ဒီတော့ အန်ကယ်က လုပ်လို့ရနိုင်ခဲ့တယ်ဆိုတော့ \Nနင်လည်း လုပ်နိုင်ရမှာပေါ့။" Dialogue: 0,0:03:34.95,0:03:37.00,Default,,0000,0000,0000,,အဲဒီနောက်မှာ သူဟာ \Nအကြီးမားဆုံး မေးခွန်းကို မေးလိုက်တယ်: Dialogue: 0,0:03:37.00,0:03:40.79,Default,,0000,0000,0000,,"ကောင်းပြီ၊ အောင်မြင်မှုဆီကို\Nတကယ် ခေါ်ဆောင်ပေးနိုင်တာက ဘာတွေလဲ?" Dialogue: 0,0:03:40.79,0:03:43.48,Default,,0000,0000,0000,,ကျွန်တော်က "ဒုက္ခပဲ၊ \Nအန်ကယ် ဘယ်လိုလုပ် သိနိုင်မှာလဲ။ Dialogue: 0,0:03:43.48,0:03:46.50,Default,,0000,0000,0000,,တစ်နည်းနည်းနဲ့ အန်ကယ် လုပ်နိုင်ခဲ့ပေမဲ့၊\Nဘယ်လို လုပ်နိုင်ခဲ့တာကို မသိဘူး။" Dialogue: 0,0:03:46.50,0:03:49.00,Default,,0000,0000,0000,,အဲဒီနောက်မှာ ကျွန်တော်ဟာ လေယာဉ်ပေါ်မှ \Nဆင်းလိုက်ကာ TED ကွန်ဖရင့်ကို သွားခဲ့တယ်၊ Dialogue: 0,0:03:49.00,0:03:52.26,Default,,0000,0000,0000,,ကျွန်တော်ဟာ သိပ်ကို အောင်မြင်တဲ့လူတွေနဲ့\Nပြည့်နေတဲ့ ခန်းမကြီးထဲမှာ ရပ်နေခဲ့တယ်၊ Dialogue: 0,0:03:52.26,0:03:55.36,Default,,0000,0000,0000,,စီးပွားရေးလုပ်ငန်း၊ သိပ္ပံပညာ၊ \Nအနုပညာ၊ ကျန်းမာရေး၊ Dialogue: 0,0:03:55.36,0:03:58.63,Default,,0000,0000,0000,,နည်းပညာ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ \Nအကြားရပ်နေတုန်း ကျွန်တော် ဖြတ်ခနဲ တွေးမိတာက: Dialogue: 0,0:03:58.63,0:04:01.00,Default,,0000,0000,0000,,သူတို့ကို အောင်မြင်အောင် လုပ်ပေးခဲ့တာက\Nဘာလဲကို သူတို့ကို မေးကြည့်ရင်ကော၊ Dialogue: 0,0:04:01.00,0:04:04.67,Default,,0000,0000,0000,,လူတစ်ဦးစီကို အောင်မြင်ရေးဆီကို\Nရှေ့ဆောင်ခေါ်ပေးတာက ဘာတွေများပါလိမ့်? Dialogue: 0,0:04:04.67,0:04:08.41,Default,,0000,0000,0000,,အဲဒါနဲ့ ကျွန်တော်ဟာ အဲဒီလို ဧရာမပုဂ္ဂိုလ်ကြီးတွေကို\Nမေးကြည့်ဖို့ စိတ်လှုပ်ရှားနေခဲ့တယ်၊ Dialogue: 0,0:04:08.41,0:04:10.00,Default,,0000,0000,0000,,ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ \Nသံသယစိတ်လည်း ရှိနေခဲ့တယ်။ Dialogue: 0,0:04:10.00,0:04:12.96,Default,,0000,0000,0000,,အဲဒီလူတွေဟာ ကျွန်တော့်ကို ဘာဖြစ်လို့\Nပြောပြချင်ကြရမှာလဲ? Dialogue: 0,0:04:12.96,0:04:16.14,Default,,0000,0000,0000,,ကျွန်တော်ဟာ နာမည်ကြီး သတင်းစာဆရာမဟုတ်ဘူး။\Nသတင်းစာ တစ်ယောက်ကို မဟုတ်တာ။ Dialogue: 0,0:04:16.14,0:04:19.26,Default,,0000,0000,0000,,အဲဒါကြောင့်မို့လို့ စတောင်မစရသေး\Nအဲဒီစီမံကိန်းကို ရပ်စဲပစ်ဖို့ အသင့်ဖြစ်နေပြီ၊ Dialogue: 0,0:04:19.26,0:04:22.00,Default,,0000,0000,0000,,အဲဒီအချိန်မှာ တိုက်ဆိုင်လို့ ကျွန်တော့ဆီကို\Nမျက်နှာမူ လျှောက်လာတာက Ben Cohen ကိုယ်တိုင်ဗျ၊ Dialogue: 0,0:04:22.00,0:04:24.94,Default,,0000,0000,0000,,နာမည်ကြီး Ben and Jerry's ရေခဲမုန့်ကို\Nထူထောင်ခဲ့သူပါပဲ။ Dialogue: 0,0:04:24.94,0:04:27.98,Default,,0000,0000,0000,,အဲဒါနဲ့ အခုမေးရင်မေး၊ ဒါမှမဟုတ် ဘယ်တော့မှဖြစ်လာမှာ \Nမဟုတ်ဘူး ဆိုတာ နားလည်လိုက်တယ်၊ Dialogue: 0,0:04:27.98,0:04:31.59,Default,,0000,0000,0000,,သူ့ရှေ့မှာ ခုန်ရပ်လိုက်ကာ "Ben ခင်ဗျာ၊ \Nကျွန်တော့ဆီမှာပရိုဂျက် တစ်ခုရှိတယ်။ Dialogue: 0,0:04:31.59,0:04:33.41,Default,,0000,0000,0000,,ခင်ဗျားကို ဘာကိုမေးရမှန်းတောင် မသိဘူး၊ Dialogue: 0,0:04:33.41,0:04:35.58,Default,,0000,0000,0000,,ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားကို အောင်မြင်အောင်\Nလုပ်ပေးခဲ့တာက ဘာများလဲ?" Dialogue: 0,0:04:35.58,0:04:38.21,Default,,0000,0000,0000,,"ရပါတယ်၊ လာပါ၊ ကော်ဖီ သောက်ကြရအောင်။" Dialogue: 0,0:04:38.21,0:04:40.95,Default,,0000,0000,0000,,ကော်ဖီ နဲ့ ရေခဲမုန့်ကို သောက်သုံးနေစဉ်\NBen ဟာ သူ့အကြောင်းကို ပြောပြတယ်။ Dialogue: 0,0:04:40.95,0:04:43.12,Default,,0000,0000,0000,,အဲဒီနောက်မှာ ဆယ်နှစ်ကုန်သွားလို့ \Nကျွန်တော်တို့ အခု တွေ့ဆုံနေကြရတာပါ၊ Dialogue: 0,0:04:43.12,0:04:45.58,Default,,0000,0000,0000,,ကျွန်တော်ဟာ အောင်မြင်တဲ့ လူတွေ\N၅၀၀ ကျော်ကို တွေ့ဆုံမေးမြန်းကြည့်ခဲ့ပါပြီ၊ Dialogue: 0,0:04:45.58,0:04:49.07,Default,,0000,0000,0000,,လူချင်း တွေ့ဆုံလျက် အောင်မြင်မှု\Nပုံပြင်တွေ ထောင်ချီကို စုစည်းနိုင်ခဲ့ပါတယ်။ Dialogue: 0,0:04:49.07,0:04:53.32,Default,,0000,0000,0000,,နယ်ပယ်အသီးသီးထဲက အောင်မြင်မှုတွေထဲက \Nတူတဲ့အချက်တွေကို ရှာလိုခဲ့ပါတယ်၊ Dialogue: 0,0:04:53.32,0:04:57.24,Default,,0000,0000,0000,,အဲဒါကြောင့်မို့လို့ ကျွန်တော်ဟာ A မှ Z အထိ\Nရာထူးမျိုးစုံမှာ ရှိသူတို့ကို တွေ့ဆုံခဲ့တယ်၊ Dialogue: 0,0:04:57.24,0:05:00.85,Default,,0000,0000,0000,,ဒါတွေကတော့ အက္ခရာ A ထဲက သူတွေပါ၊ Dialogue: 0,0:05:00.85,0:05:02.76,Default,,0000,0000,0000,,ကိစ္စအများစုထဲမှာ လူတစ်ယောက်မကခဲ့ပါ။ Dialogue: 0,0:05:02.76,0:05:05.00,Default,,0000,0000,0000,,ကျွန်တော်ဟာ ကျော်ကြားကြတဲ့ စာရင်းကိုင်\Nခြောက်ဦးကို တွေ့ဆုံမေးကြည့်ခဲ့တယ်၊ Dialogue: 0,0:05:05.00,0:05:08.77,Default,,0000,0000,0000,,ကုမ္ပဏီကြီးကို စစ်ဆေးတဲ့လူ ငါးဦး၊ အာကာသထဲ\Nရောက်ခဲ့ဘူးကြတဲ့ အာကာသယာဉ်မှူး ငါးဦး၊ Dialogue: 0,0:05:08.77,0:05:11.93,Default,,0000,0000,0000,,အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆုရ\Nအကယ်ဒမီဆုရှင် လေးဦး၊ Dialogue: 0,0:05:11.93,0:05:14.59,Default,,0000,0000,0000,,ကမ္ဘာ့ထိပ်သီး နက္ခတရူပဗေဒ ပညာရှင် သုံးဦး၊ Dialogue: 0,0:05:14.59,0:05:16.58,Default,,0000,0000,0000,,ကမ္ဘာ့နာမည်ကြီး ဗိသုကာပညာရှင် ခြောက်ဦး၊ Dialogue: 0,0:05:16.58,0:05:20.00,Default,,0000,0000,0000,,ပြီးတော့၊ နိုဘယ်ဆုရှင် လေးဦးလည်း ပါကြသေးတယ်။ Dialogue: 0,0:05:20.00,0:05:23.48,Default,,0000,0000,0000,,သူတို့ဟာ A ထဲက မဟုတ်ပေမဲ့၊\Nအားတက်စရာကြီး ပါပဲ။ Dialogue: 0,0:05:23.48,0:05:26.37,Default,,0000,0000,0000,,ဒီနေရာကနေပြီး ကျွန်တော်ဟာ \Nလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း Dialogue: 0,0:05:26.37,0:05:29.78,Default,,0000,0000,0000,,တွေ့ဆုံမေးမြန်းနိုင်ခဲ့တဲ့ အဲဒီလို မဟာပုဂ္ဂိုလ်ကြီးတွေ\Nအားလုံးကို ကျေးဇူးတင်လိုတာကို ပြောလိုပါတယ်။ Dialogue: 0,0:05:29.78,0:05:33.59,Default,,0000,0000,0000,,ဒါတွေဟာ တကယ့်ကို သူတို့ရဲ့ အထ္ထုပတ္တိတွေပါ၊\Nကျွန်တော်က သတင်းပါးပေးသူမျှပါ။ Dialogue: 0,0:05:33.59,0:05:36.00,Default,,0000,0000,0000,,တကယ့်အားထုတ်ခဲ့ရတဲ့အချက်က\Nသူတို့နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို Dialogue: 0,0:05:36.00,0:05:39.25,Default,,0000,0000,0000,,စကားလုံး တစ်လုံးချင်းစီ၊ တစ်ကြောင်းချင်းစီ၊\Nဆန်းစစ်လေ့လာမှုပါပဲ၊ Dialogue: 0,0:05:39.25,0:05:43.35,Default,,0000,0000,0000,,သူတို့ကို အောင်မြင်အောင် ကူပေးခဲ့တယ်လို့ \Nသူတို့ဆိုခဲ့တာတွေကို ခွဲခြားစီပေးဖို့ ဖြစ်ခဲ့တယ်။ Dialogue: 0,0:05:43.35,0:05:45.53,Default,,0000,0000,0000,,အဲဒီနောက်မှာ လူတွေအများစုရဲ့ \Nအောင်မြင်မှုဆိုင်ရာ Dialogue: 0,0:05:45.53,0:05:47.78,Default,,0000,0000,0000,,ဧရာမ အချက်ကြီးတွေကို \Nတွေ့မြင်လာနိုင်ပါတော့တယ်။ Dialogue: 0,0:05:47.78,0:05:50.75,Default,,0000,0000,0000,,ကျွန်တော်ဟာ စာလုံးတွေ သန်းပေါင်းများစွာတို့ကို\Nယူပြီး လေ့လာဆန်းစစ်ခဲ့ရပါတယ်။ Dialogue: 0,0:05:50.75,0:05:53.00,Default,,0000,0000,0000,,အဲဒါ ဘယ်လောက်ကြီးမားတဲ့\Nအလုပ်ဖြစ်မှန်း ခင်ဗျားတို့ နားလည်ကြရဲ့လား? Dialogue: 0,0:05:53.00,0:05:55.89,Default,,0000,0000,0000,,နေ့ရော ညာမှာပါ ကျွန်တော် တစ်ချိန်လုံး \Nလုပ်နေတာက-- ခွဲခြမ်း ဆန်းစစ်မှုပါပဲ။ Dialogue: 0,0:05:55.89,0:05:59.57,Default,,0000,0000,0000,,ကျွန်တော်ဟာ နောက်တစ်ခါများ လေယာဉ်ပေါ်မှာ \Nခုနကလိုမျိုး ကလေးကို တွေ့ခဲ့ရရင်... Dialogue: 0,0:05:59.57,0:06:02.00,Default,,0000,0000,0000,,ကျွန်တော်ဟာ အဲဒီကလေးမလေးကို \Nကျေးဇူးတင်လိုပါတယ်။ Dialogue: 0,0:06:02.00,0:06:05.74,Default,,0000,0000,0000,,ကျွန်တော်ရဲ့ ဘဝဟာ ပျော်စရာကြီး ဖြစ်ခဲ့မှာမဟုတ်ဘဲ \Nစိတ်ဝင်စားစရာ လူတွေကိုလည်း တွေ့ဆုံခဲ့မှာ မဟုတ်ပါဘူး။ Dialogue: 0,0:06:05.74,0:06:08.33,Default,,0000,0000,0000,,အခုတော့ သူမေးလိုက်တဲ့ မေးခွန်းကို\Nကျွန်တော် ဖြေနိုင်ပါပြီ။ Dialogue: 0,0:06:08.33,0:06:12.24,Default,,0000,0000,0000,,အဲဒီ အောင်မြင်တဲ့ လူတွေ အားလုံးထဲက\Nအောင်မြင်ရေး အချက်ကြီး ရှစ်ချက်ကို တွေ့ထားပါပြီ၊ Dialogue: 0,0:06:12.24,0:06:14.24,Default,,0000,0000,0000,,မဟာပုဂ္ဂိုလ်ဖြစ်ဖို့ ရှစ်ချက်ပါပဲ: Dialogue: 0,0:06:14.24,0:06:16.92,Default,,0000,0000,0000,,ကိုယ်လုပ်ကိုင်တာကို မြတ်နိုးပါ၊ \Nအားထုတ် လုပ်ကိုင်ပါ၊ Dialogue: 0,0:06:16.92,0:06:19.00,Default,,0000,0000,0000,,အရာတိုင်းကို မဟုတ်ဘဲ \Nအရာတစ်ခုတည်းကိုသာ အာရုံပြုပါ၊ Dialogue: 0,0:06:19.00,0:06:22.64,Default,,0000,0000,0000,,ကိုယ့်ကိုကိုယ် တွန်းပေးနေပါ၊\Nကောင်းမွန်တဲ့ အယူအဆတွေကို ကြံဆနေပါ၊ Dialogue: 0,0:06:22.64,0:06:24.79,Default,,0000,0000,0000,,ကိုယ့်ကိုကိုယ်၊ \Nကိုယ်လုပ်ကိုင်နေတာကို မြှင့်တင်နေပါ၊ Dialogue: 0,0:06:24.79,0:06:29.81,Default,,0000,0000,0000,,အခြားသူတို့အား တန်ဖိုးရှိတာ တစ်ခုခုကို လုပ်ကျွေးပါ၊ \Nအောင်မြင်မှုဟာ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ပါ၊ Dialogue: 0,0:06:29.81,0:06:33.25,Default,,0000,0000,0000,,ပြီးတော့ ဇွဲလုံ့လရှိပါ၊ နေ့ချင်းညချင်း ရတဲ့\Nအောင်မြင်မှုမျိုး မရှိနိုင်လို့ပါ။ Dialogue: 0,0:06:33.25,0:06:35.00,Default,,0000,0000,0000,,ဘာဖြစ်လို့ အဲဒါတွေကိုမှ ကောက်ယူရခဲ့တာလဲ? Dialogue: 0,0:06:35.00,0:06:38.75,Default,,0000,0000,0000,,ကျွန်တော့လုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုတွေထဲက \Nအချက်တွေကို ချရေးလိုက်တော့၊ Dialogue: 0,0:06:38.75,0:06:41.00,Default,,0000,0000,0000,,အခြားအချက်တွေနဲ့ စာရင် \Nခုနက ပြောခဲ့တဲ့ ရှစ်ချက်တွေကမှ Dialogue: 0,0:06:41.00,0:06:42.00,Default,,0000,0000,0000,,သူတို့ကို အများဆုံးကူပေးခဲ့တာလို့ \Nသူတို့ ထောက်ပြခဲ့ကြလို့ပါ။ Dialogue: 0,0:06:42.00,0:06:45.89,Default,,0000,0000,0000,,အဲဒီ အချက်ရှစ်ချက်တို့ကမှ တကယ့်ကို\Nအောင်မြင်မှုရဲ့ မဏ္ဍိုင်ကြီး ဖြစ်ခဲ့ကာ၊ Dialogue: 0,0:06:45.89,0:06:48.00,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ \Nသက်ဆိုင်ရာ နယ်ပယ်အလိုက် Dialogue: 0,0:06:48.00,0:06:51.10,Default,,0000,0000,0000,,လိုအပ်တဲ့ အထူးကျွမ်းကျင်မှုတွေကို သုံးပြီး\Nတည်ဆောက်ဖို့အတွက် အုတ်မြစ်ကြီးပါပဲ။ Dialogue: 0,0:06:51.10,0:06:54.62,Default,,0000,0000,0000,,နည်းပညာပိုင်း ကျွမ်းကျင်မှုများ၊ ဆန်းစစ်ရေး \Nကျွမ်းကျင်မှုများ၊ အများပြည်သူဆိုင်ရာ ကျွမ်းကျင်မှုများ၊ Dialogue: 0,0:06:54.62,0:06:58.00,Default,,0000,0000,0000,,ဖန်တီးတီထွင်ရေး ကျွမ်းကျင်မှုများ -- များလှတဲ့ အခြားသော\Nကျွမ်းကျင်မှုများကို ကျွန်တော်တို့ ထပ်လောင်းထည့်ပေးနိုင်တယ်၊ Dialogue: 0,0:06:58.00,0:07:00.00,Default,,0000,0000,0000,,ကိုယ့်နယ်ပယ် အလိုက်ပေါ့လေ။ Dialogue: 0,0:07:00.00,0:07:02.00,Default,,0000,0000,0000,,ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဟာ \Nဘယ်နယ်ပယ်ထဲမှာ ရှိနေနေ၊ Dialogue: 0,0:07:02.00,0:07:06.00,Default,,0000,0000,0000,,ခုနက ပြောပြခဲ့တဲ့ အချက်ရှစ်ချက်တို့ဟာ\Nအောင်မြင်မှုရဲ့ မဏ္ဍိုင်ကြီး ဖြစ်နေမှာ သေချာတယ်။ Dialogue: 0,0:07:06.00,0:07:09.00,Default,,0000,0000,0000,,(လက်ခုပ်သံများ)