Return to Video

ကျူရင်းစစ်ဆေးမှု: ကွန်ပျူတာတစ်ခုက လူသားတစ်ယောက်ကို ကျော်တက်နိုင်မလား-Alex Gendler

  • 0:00 - 0:09
    အသိစိတ်ဆိုတာဘာလဲ
  • 0:09 - 0:12
    စက်တစ်ခုဟာ တကယ်ကိုတွေးခေါ်နိုင်ပါသလား
  • 0:12 - 0:15
    စိတ်ဆိုတာ ဦးနှောက်ထဲမှာရှိတဲ့
    နူရုံးတွေပဲလား
  • 0:15 - 0:19
    ဒါမှမဟုတ် ဗဟိုမှာရှိနေတဲ့
    မမြင်ရတဲ့ မီးပွားလေးတွေလား
  • 0:19 - 0:21
    အများစုအတွက်တော့၊ ဒါတွေဟာ
    ဉာဏ်ရည်တုရဲ့ အနာဂတ်အတွက်
  • 0:21 - 0:24
    အဓိကကျတဲ့ စဉ်းစားစရာတွေဖြစ်နေခဲ့တာပါ
  • 0:24 - 0:30
    ဒါပေမယ့်ဗြိတိသျှသိပ္ပံပညာရှင်
    အလန်တျူးရင်းဟာ ပိုရှင်းတဲ့အရာတစ်ခုအတွက်
  • 0:30 - 0:32
    ဒီမေးခွန်းအားလုံးကို
    လျစ်လျူရှုဖို့ဆုံးဖြတ်ခဲ့တယ်
  • 0:32 - 0:35
    ကွန်ပျူတာတွေက လူလိုစကားပြောနိုင်မလား
  • 0:35 - 0:39
    ဒီမေးခွန်းကနေ ဉာဏ်ရည်တုတွေကိုတိုင်းတာဖို့
  • 0:39 - 0:43
    တျူးရင်း test လို့ထင်ရှားလာစေမယ့်
    စိတ်ကူးတစ်ခု ဖော်ဆောင်ပေးခဲ့တယ်
  • 0:43 - 0:47
    ၁၉၅၀ ကစာတမ်းဖြစ်တဲ့
    "တွက်ချက်သောစက်နှင့် အသိဉာဏ်"ထဲမှာ
  • 0:47 - 0:50
    တျူးရင်းက အောက်ပါ ဂိမ်းတစ်ခုကို
    အဆိုပြုခဲ့တယ်
  • 0:50 - 0:54
    လူသား ဒိုင်လူကြီးတစ်ဦးက သူမမြင်ရတဲ့
    ကစားသမားတွေကို စာနဲ့စကားပြောပြီး
  • 0:54 - 0:56
    သူတို့တုံ့ပြန်မှုကို စစ်ဆေးရမယ်
  • 0:56 - 1:00
    ဒီ စမ်သပ်မှုကို အောင်မြင်ဖို့ ၊
    ကစားသမားတစ်ယောက်နေရာမှာ
  • 1:00 - 1:04
    ရလဒ်ကိုမယ်မယ်ရရမပြောင်းလဲပဲ
    ကွန်ပျူတာတစ်ခုကို အစားထိုးရမယ်
  • 1:04 - 1:07
    တစ်နည်းအားဖြင့်၊
    ကွန်ပျူတာရဲ့ စကားပြောဆိုပုံက
  • 1:07 - 1:13
    လူသားနဲ့အလွယ်တကူ ခွဲလို့မရဘူးဆိုရင်
    သူ့ကို ဉာဏ်ရည်ရှိတယ်လို့သတ်မှတ်မယ်
  • 1:13 - 1:15
    တျူးရင်းက ၂၀၀၀ ခုနှစ်လောက်ဆိုရင်
  • 1:15 - 1:21
    ၁၀၀ MB ရှိတဲ့မှတ်ဉာဏ်နဲ့စက်တွေက စမ်းသပ်မှု
    ကို အလွယ်ပဲအောင်မယ်လို့ ခန့်မှန်းခဲ့တယ်
  • 1:21 - 1:23
    ဒါပေမယ့် သူခန့်မှန်းချက်ကစောလွန်းနေတယ်
  • 1:23 - 1:26
    ယနေ့ ကွန်ပျူတာတွေမှာ ဒီထက်ပိုတဲ့
    မှတ်ဉာဏ်အများအပြားရှိပေမည့်လို့
  • 1:26 - 1:28
    အနည်းငယ်ကပဲ ဒီလိုအောင်မြင်ခဲ့ပါသေးတယ်
  • 1:28 - 1:29
    ဒီလိုအောင်ခဲ့တဲအရာတွေကလည်း
  • 1:29 - 1:33
    အလွန်တွက်ချက်နိုင်မှု စွမ်းရည်ကို
    သုံးမယ့်အစား ဒိုင်တွေကို
  • 1:33 - 1:36
    အရူးလုပ်တဲ့နည်းတွေကိုပဲ
    အာရုံစိုက်ခဲ့ကြလို့ဖြစ်ပါတယ်
  • 1:36 - 1:39
    တကယ့် test အစစ်လို့မသတ်မှတ်ခဲ့ကြပေမည့်
  • 1:39 - 1:44
    ပထမဆုံးအောင်မြင်သူလို့ တချို့က ပြောကြတာက
    ELIZAဆိုတဲ့ ပရိုဂရမ်ပါ
  • 1:44 - 1:46
    တိုပြီး ရှင်းလင်းတဲ့ script လေးတစ်ခုနဲ့
  • 1:46 - 1:50
    စိတ်ပညာရှင်ပုံစံ အတုခိုးပြီး
    လူအများအပြားကို လှည့်စားခဲ့တယ်
  • 1:50 - 1:52
    လူတွေကို စကားများများပြောခိုင်းပြီး
  • 1:52 - 1:56
    သူတို့ရဲ့မေးခွန်းတွေကို
    ပြန်ပြတဲ့နည်းနဲ့ပေါ့
  • 1:56 - 1:59
    နောက်ထပ်PARRY ဆိုတဲ့ script ကတော့
    ဆန့်ကျင်ဘက်ပဲ
  • 1:59 - 2:02
    သံသယလွန်ကဲတဲ့ စိတ်ကစင့်ကလျား
    ရောဂါသည်ပုံကို အတုခိုးခဲ့တယ်
  • 2:02 - 2:08
    စကားပြောတာကို ကြိုတင်အစီအစဉ်ချထားတဲ့
    စွဲလန်းမှုတွေဆီကို ပြန်ခေါ်သွားတဲ့သူပေါ့
  • 2:08 - 2:13
    လူတွေကိုအရူးလုပ်ရာမှာ သူတို့အောင်မြင်မှုက
    စမ်းသပ်မှုရဲ့အားနည်းချက်ကို မီးထိုးပြတယ်
  • 2:13 - 2:17
    လူသားတွေက ကိစ္စတော်တော်များများကို
    အသိဉာဏ်အဖြစ် မှတ်ယူကြတယ်
  • 2:17 - 2:21
    တကယ်တော့ အသိဉာဏ်မဟုတ်ပါဘူး
  • 2:21 - 2:24
    မည်သို့ပင်ဖြစ်စေ Loebner ဆုလိုမျိုးနှစ်စဉ်
    ပြိုင်ပွဲတေွဟာ
  • 2:24 - 2:26
    စစ်ဆေးနည်းတွေကိုပို ပုံစံကျလာစေပါတယ်
  • 2:26 - 2:28
    ဒိုင်တွေက မစခင်မှာ
    သူတို့နဲ့စကားပြောဖော်
  • 2:28 - 2:32
    အချို့က စက်တွေဖြစ်တယ်ဆိုတာကို
    ကြိုသိထားကြတယ်
  • 2:32 - 2:34
    အရည်အသွေးတွေ တိုးတက်လာစဉ်မှာပဲ
  • 2:34 - 2:39
    ချက်ဘော့ ပရိုဂရမ်တော်တော်များများကELIZAနဲ့
    PARRY လိုမျိုး ဗျုဟာတွေသုံးလာကြတယ်
  • 2:39 - 2:41
    ၁၉၉၇ရဲ့ အောင်နိုင်သူ Catherine က
  • 2:41 - 2:45
    အံ့အားသင့်ဖွယ်အာရုံစိုက်မှုနဲ့
    စကားပြောဆိုမှုကို လုပ်ဆောင်နိုင်ခဲ့တယ်
  • 2:45 - 2:49
    ဒါပေမယ့် ဒိုင်တွေကသာ Bill Clinton
    အကြောင်းကို အများစုပြောမယ်ဆိုရင်ပေါ့
  • 2:49 - 2:52
    ပိုပြီးလတ်တလောဖြစ်တဲ့အောင်နိုင်သူ
    Eugene Goostmanကဆိုရင်
  • 2:52 - 2:56
    ၁၃နှစ်သားယူကရိန်းလူကလေးအဖြစ်
    အသွင်ယူခဲ့တယ်
  • 2:56 - 3:00
    ဒါကြောင့်ဒိုင်တွေက သူ့ရဲ့ကို့ရို့ကားယားသဒ္ဒါနဲ့
    အချိတ်အဆက်မရှိတဲ့စကားတွေကို
  • 3:00 - 3:03
    ဘာသာစကားနဲ့ယဉ်ကေျးမှုအတားအဆီးကြောင့်
    ဆိုပြီးမှတ်ယူခဲ့တယ်
  • 3:03 - 3:07
    အဲဒီအချိန်မှာ၊ အခြားပရိုဂရမ်တွေဖြစ်တဲ့
    Cleverbotက အကောင်းဆုံးတုံ့ပြန်မှုကို
  • 3:07 - 3:12
    ဆုံးဖြတ်နိုင်ရန် တကယ်စကားပြောထားတဲ့
    ဒေတာဘေ့စ်ကို စိစစ်ပိုင်းခြားနည်းအားဖြင့်
  • 3:12 - 3:14
    မတူညီတဲ့ချဉ်းကပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်
  • 3:14 - 3:18
    အချို့က အချိန်ကြာလာတာနဲ့အမျှ
    ပိုကောင်းလာအောင်
  • 3:18 - 3:21
    ယခင်ပြောထားတဲ့စကားဝိုင်းတွေက
    မှတ်ဉာဏ်တွေကိုသိမ်းထားကြတယ်
  • 3:21 - 3:25
    Cleverbot ရဲ့ တုံ့ပြန်မှုတစ်ခုချင်းစီက
    တကယ့်လူသားနဲ့တူပေမယ့်
  • 3:25 - 3:27
    ပင်ကိုယ်စရိုက်တသမှတ်တည်း မရှိပဲ
  • 3:27 - 3:30
    ခေါင်းစဉ်အသစ်တွေဆိုရင်
    မလုပ်ဆောင်နိုင်တာကတော့
  • 3:30 - 3:33
    ကျိန်းသေပါပဲ
  • 3:33 - 3:36
    တျူးရင်းခေတ်က လူတွေက ခန့်မှန်းနိုင်ခဲ့တာက
    ယနေ့ခေတ်ကွန်ပျူတာတွေဟာ
  • 3:36 - 3:38
    အာကာသယာဉ်တွေကို မောင်းနှင်တာ
  • 3:38 - 3:41
    သိမ်မွေ့တဲ့ ခွဲစိတ်မှုတွေလုပ်ဆောင်တာ
  • 3:41 - 3:43
    ကြီးမားတဲ့ ညီမျှခြင်းတွေ
    ဖြေရှင်းနိုင်မယ်ပေါ့။
  • 3:43 - 3:46
    ဒါပေမဲ့ အခြေခံစကားပြောတတ်ဖို့တော့
    ရုန်းကန်ရတုန်းပဲလား
  • 3:46 - 3:50
    လူသားဘာသာစကားဟာ
    အကြီးဆုံးအဘိဓာန်ကတောင် မဖော်ပြနိုင်တဲ့
  • 3:50 - 3:54
    အံ့သြလောက်အောင်
    ရှုပ်ထွေးတဲ့အရာဖြစ်ပုံရပါတယ်
  • 3:54 - 3:58
    ချက်ဘော့တွေကို ရိုးရှင်းတဲ့စကားဆက်ဖြစ်တဲ့
    "အမ်.."နဲ့
  • 3:58 - 4:00
    မှန်ကန်တဲ့အဖြေမရှိတဲ့ မေးခွန်းတွေက
    တွေးရခက်စေပါတယ်
  • 4:00 - 4:02
    ရိုးရှင်းတဲ့ စကားပြောဝါကျဖြစ်တဲ့
  • 4:02 - 4:06
    "ငါ ရေခဲသေတ္တာထဲက
    ဖျော်ရည်ကိုယူပြီးသူ့ကို ပေးလိုက်တယ်
  • 4:06 - 4:07
    ဒါပေမယ့်.ရက်စွဲကိုကြည့်ဖို့မေ့သွားတယ်"
  • 4:07 - 4:13
    ဆိုတာမျိုးက နားလည်ဖို့ အတွင်းသိစိတ်နဲ့
    ဗဟုသုတတွေအများကြီး ရှိထားဖို့လိုပါတယ်
  • 4:13 - 4:16
    မှတ်ဉာဏ်တွေတိုးတာနဲ့
    တွက်ချက်မှုစွမ်းအားတွေတိုးတာထက်
  • 4:16 - 4:19
    လူသားစကားပြောတာကို
    အသွင်ဆောင်ဖန်တီးတာက ပိုမယ့်ပုံပါ
  • 4:19 - 4:22
    တျူးရင်းရဲ့ရည်မှန်းချက်ကို နီးလာတာနဲ့အမျှ
  • 4:22 - 4:26
    အသိစိတ်နဲ့ပတ်သက်တဲ့ ဒီလိုကြီးမားတဲ့
    မေးခွန်းတွေကို ရင်ဆိုင်ရဖို့ရှိပါလိမ့်မယ်
Title:
ကျူရင်းစစ်ဆေးမှု: ကွန်ပျူတာတစ်ခုက လူသားတစ်ယောက်ကို ကျော်တက်နိုင်မလား-Alex Gendler
Description:

သင်ခန်းစာအပြည့်အစုံကို ကြည့်ရန် http://ed.ted.com/lessons/the-turing-test-can-a-computer-pass-for-a-human-alex-gendler
အသိစိတ်ဆိုတာဘာလဲ၊ စက်အတုတွေဟာ တကယ်တွေးခေါ်နိုင်သလား၊
ဒါက ဉာဏ်ရည်တုတွေရဲ့ အနာဂတ်အတွက် အဓိကကျတဲ့ တွေးတော စရာဖြစ်လာပါတယ်။
ဒါပေမယ့် ဗြိတိသျှ သိပ္ပံပညာရှင် အလန် တျူးရင်းက ဒီမေးခွန်းတွေကို ရိုးရှင်းတဲ့တစ်ခုအဖြစ် ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တယ်။
ကွန်ပျူတာတွေက လူလိုစကားပြောနိုင်မလား၊
Alex Gendler က တျူးရင်း test အကြောင်းနဲ့ သူ့ရဲ့ အံ့အားသင့်ဖွယ်ရလဒ်တွေကို ဖော်ပြထားပါတယ်

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:43

Burmese subtitles

Revisions Compare revisions