အသိစိတ်ဆိုတာဘာလဲ စက်တစ်ခုဟာ တကယ်ကိုတွေးခေါ်နိုင်ပါသလား စိတ်ဆိုတာ ဦးနှောက်ထဲမှာရှိတဲ့ နူရုံးတွေပဲလား ဒါမှမဟုတ် ဗဟိုမှာရှိနေတဲ့ မမြင်ရတဲ့ မီးပွားလေးတွေလား အများစုအတွက်တော့၊ ဒါတွေဟာ ဉာဏ်ရည်တုရဲ့ အနာဂတ်အတွက် အဓိကကျတဲ့ စဉ်းစားစရာတွေဖြစ်နေခဲ့တာပါ ဒါပေမယ့်ဗြိတိသျှသိပ္ပံပညာရှင် အလန်တျူးရင်းဟာ ပိုရှင်းတဲ့အရာတစ်ခုအတွက် ဒီမေးခွန်းအားလုံးကို လျစ်လျူရှုဖို့ဆုံးဖြတ်ခဲ့တယ် ကွန်ပျူတာတွေက လူလိုစကားပြောနိုင်မလား ဒီမေးခွန်းကနေ ဉာဏ်ရည်တုတွေကိုတိုင်းတာဖို့ တျူးရင်း test လို့ထင်ရှားလာစေမယ့် စိတ်ကူးတစ်ခု ဖော်ဆောင်ပေးခဲ့တယ် ၁၉၅၀ ကစာတမ်းဖြစ်တဲ့ "တွက်ချက်သောစက်နှင့် အသိဉာဏ်"ထဲမှာ တျူးရင်းက အောက်ပါ ဂိမ်းတစ်ခုကို အဆိုပြုခဲ့တယ် လူသား ဒိုင်လူကြီးတစ်ဦးက သူမမြင်ရတဲ့ ကစားသမားတွေကို စာနဲ့စကားပြောပြီး သူတို့တုံ့ပြန်မှုကို စစ်ဆေးရမယ် ဒီ စမ်သပ်မှုကို အောင်မြင်ဖို့ ၊ ကစားသမားတစ်ယောက်နေရာမှာ ရလဒ်ကိုမယ်မယ်ရရမပြောင်းလဲပဲ ကွန်ပျူတာတစ်ခုကို အစားထိုးရမယ် တစ်နည်းအားဖြင့်၊ ကွန်ပျူတာရဲ့ စကားပြောဆိုပုံက လူသားနဲ့အလွယ်တကူ ခွဲလို့မရဘူးဆိုရင် သူ့ကို ဉာဏ်ရည်ရှိတယ်လို့သတ်မှတ်မယ် တျူးရင်းက ၂၀၀၀ ခုနှစ်လောက်ဆိုရင် ၁၀၀ MB ရှိတဲ့မှတ်ဉာဏ်နဲ့စက်တွေက စမ်းသပ်မှု ကို အလွယ်ပဲအောင်မယ်လို့ ခန့်မှန်းခဲ့တယ် ဒါပေမယ့် သူခန့်မှန်းချက်ကစောလွန်းနေတယ် ယနေ့ ကွန်ပျူတာတွေမှာ ဒီထက်ပိုတဲ့ မှတ်ဉာဏ်အများအပြားရှိပေမည့်လို့ အနည်းငယ်ကပဲ ဒီလိုအောင်မြင်ခဲ့ပါသေးတယ် ဒီလိုအောင်ခဲ့တဲအရာတွေကလည်း အလွန်တွက်ချက်နိုင်မှု စွမ်းရည်ကို သုံးမယ့်အစား ဒိုင်တွေကို အရူးလုပ်တဲ့နည်းတွေကိုပဲ အာရုံစိုက်ခဲ့ကြလို့ဖြစ်ပါတယ် တကယ့် test အစစ်လို့မသတ်မှတ်ခဲ့ကြပေမည့် ပထမဆုံးအောင်မြင်သူလို့ တချို့က ပြောကြတာက ELIZAဆိုတဲ့ ပရိုဂရမ်ပါ တိုပြီး ရှင်းလင်းတဲ့ script လေးတစ်ခုနဲ့ စိတ်ပညာရှင်ပုံစံ အတုခိုးပြီး လူအများအပြားကို လှည့်စားခဲ့တယ် လူတွေကို စကားများများပြောခိုင်းပြီး သူတို့ရဲ့မေးခွန်းတွေကို ပြန်ပြတဲ့နည်းနဲ့ပေါ့ နောက်ထပ်PARRY ဆိုတဲ့ script ကတော့ ဆန့်ကျင်ဘက်ပဲ သံသယလွန်ကဲတဲ့ စိတ်ကစင့်ကလျား ရောဂါသည်ပုံကို အတုခိုးခဲ့တယ် စကားပြောတာကို ကြိုတင်အစီအစဉ်ချထားတဲ့ စွဲလန်းမှုတွေဆီကို ပြန်ခေါ်သွားတဲ့သူပေါ့ လူတွေကိုအရူးလုပ်ရာမှာ သူတို့အောင်မြင်မှုက စမ်းသပ်မှုရဲ့အားနည်းချက်ကို မီးထိုးပြတယ် လူသားတွေက ကိစ္စတော်တော်များများကို အသိဉာဏ်အဖြစ် မှတ်ယူကြတယ် တကယ်တော့ အသိဉာဏ်မဟုတ်ပါဘူး မည်သို့ပင်ဖြစ်စေ Loebner ဆုလိုမျိုးနှစ်စဉ် ပြိုင်ပွဲတေွဟာ စစ်ဆေးနည်းတွေကိုပို ပုံစံကျလာစေပါတယ် ဒိုင်တွေက မစခင်မှာ သူတို့နဲ့စကားပြောဖော် အချို့က စက်တွေဖြစ်တယ်ဆိုတာကို ကြိုသိထားကြတယ် အရည်အသွေးတွေ တိုးတက်လာစဉ်မှာပဲ ချက်ဘော့ ပရိုဂရမ်တော်တော်များများကELIZAနဲ့ PARRY လိုမျိုး ဗျုဟာတွေသုံးလာကြတယ် ၁၉၉၇ရဲ့ အောင်နိုင်သူ Catherine က အံ့အားသင့်ဖွယ်အာရုံစိုက်မှုနဲ့ စကားပြောဆိုမှုကို လုပ်ဆောင်နိုင်ခဲ့တယ် ဒါပေမယ့် ဒိုင်တွေကသာ Bill Clinton အကြောင်းကို အများစုပြောမယ်ဆိုရင်ပေါ့ ပိုပြီးလတ်တလောဖြစ်တဲ့အောင်နိုင်သူ Eugene Goostmanကဆိုရင် ၁၃နှစ်သားယူကရိန်းလူကလေးအဖြစ် အသွင်ယူခဲ့တယ် ဒါကြောင့်ဒိုင်တွေက သူ့ရဲ့ကို့ရို့ကားယားသဒ္ဒါနဲ့ အချိတ်အဆက်မရှိတဲ့စကားတွေကို ဘာသာစကားနဲ့ယဉ်ကေျးမှုအတားအဆီးကြောင့် ဆိုပြီးမှတ်ယူခဲ့တယ် အဲဒီအချိန်မှာ၊ အခြားပရိုဂရမ်တွေဖြစ်တဲ့ Cleverbotက အကောင်းဆုံးတုံ့ပြန်မှုကို ဆုံးဖြတ်နိုင်ရန် တကယ်စကားပြောထားတဲ့ ဒေတာဘေ့စ်ကို စိစစ်ပိုင်းခြားနည်းအားဖြင့် မတူညီတဲ့ချဉ်းကပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ် အချို့က အချိန်ကြာလာတာနဲ့အမျှ ပိုကောင်းလာအောင် ယခင်ပြောထားတဲ့စကားဝိုင်းတွေက မှတ်ဉာဏ်တွေကိုသိမ်းထားကြတယ် Cleverbot ရဲ့ တုံ့ပြန်မှုတစ်ခုချင်းစီက တကယ့်လူသားနဲ့တူပေမယ့် ပင်ကိုယ်စရိုက်တသမှတ်တည်း မရှိပဲ ခေါင်းစဉ်အသစ်တွေဆိုရင် မလုပ်ဆောင်နိုင်တာကတော့ ကျိန်းသေပါပဲ တျူးရင်းခေတ်က လူတွေက ခန့်မှန်းနိုင်ခဲ့တာက ယနေ့ခေတ်ကွန်ပျူတာတွေဟာ အာကာသယာဉ်တွေကို မောင်းနှင်တာ သိမ်မွေ့တဲ့ ခွဲစိတ်မှုတွေလုပ်ဆောင်တာ ကြီးမားတဲ့ ညီမျှခြင်းတွေ ဖြေရှင်းနိုင်မယ်ပေါ့။ ဒါပေမဲ့ အခြေခံစကားပြောတတ်ဖို့တော့ ရုန်းကန်ရတုန်းပဲလား လူသားဘာသာစကားဟာ အကြီးဆုံးအဘိဓာန်ကတောင် မဖော်ပြနိုင်တဲ့ အံ့သြလောက်အောင် ရှုပ်ထွေးတဲ့အရာဖြစ်ပုံရပါတယ် ချက်ဘော့တွေကို ရိုးရှင်းတဲ့စကားဆက်ဖြစ်တဲ့ "အမ်.."နဲ့ မှန်ကန်တဲ့အဖြေမရှိတဲ့ မေးခွန်းတွေက တွေးရခက်စေပါတယ် ရိုးရှင်းတဲ့ စကားပြောဝါကျဖြစ်တဲ့ "ငါ ရေခဲသေတ္တာထဲက ဖျော်ရည်ကိုယူပြီးသူ့ကို ပေးလိုက်တယ် ဒါပေမယ့်.ရက်စွဲကိုကြည့်ဖို့မေ့သွားတယ်" ဆိုတာမျိုးက နားလည်ဖို့ အတွင်းသိစိတ်နဲ့ ဗဟုသုတတွေအများကြီး ရှိထားဖို့လိုပါတယ် မှတ်ဉာဏ်တွေတိုးတာနဲ့ တွက်ချက်မှုစွမ်းအားတွေတိုးတာထက် လူသားစကားပြောတာကို အသွင်ဆောင်ဖန်တီးတာက ပိုမယ့်ပုံပါ တျူးရင်းရဲ့ရည်မှန်းချက်ကို နီးလာတာနဲ့အမျှ အသိစိတ်နဲ့ပတ်သက်တဲ့ ဒီလိုကြီးမားတဲ့ မေးခွန်းတွေကို ရင်ဆိုင်ရဖို့ရှိပါလိမ့်မယ်