1 00:00:00,000 --> 00:00:09,034 အသိစိတ်ဆိုတာဘာလဲ 2 00:00:09,034 --> 00:00:11,828 စက်တစ်ခုဟာ တကယ်ကိုတွေးခေါ်နိုင်ပါသလား 3 00:00:11,828 --> 00:00:15,114 စိတ်ဆိုတာ ဦးနှောက်ထဲမှာရှိတဲ့ နူရုံးတွေပဲလား 4 00:00:15,114 --> 00:00:18,757 ဒါမှမဟုတ် ဗဟိုမှာရှိနေတဲ့ မမြင်ရတဲ့ မီးပွားလေးတွေလား 5 00:00:18,757 --> 00:00:21,325 အများစုအတွက်တော့၊ ဒါတွေဟာ ဉာဏ်ရည်တုရဲ့ အနာဂတ်အတွက် 6 00:00:21,325 --> 00:00:24,352 အဓိကကျတဲ့ စဉ်းစားစရာတွေဖြစ်နေခဲ့တာပါ 7 00:00:24,352 --> 00:00:29,539 ဒါပေမယ့်ဗြိတိသျှသိပ္ပံပညာရှင် အလန်တျူးရင်းဟာ ပိုရှင်းတဲ့အရာတစ်ခုအတွက် 8 00:00:29,539 --> 00:00:31,850 ဒီမေးခွန်းအားလုံးကို လျစ်လျူရှုဖို့ဆုံးဖြတ်ခဲ့တယ် 9 00:00:31,850 --> 00:00:35,269 ကွန်ပျူတာတွေက လူလိုစကားပြောနိုင်မလား 10 00:00:35,269 --> 00:00:39,265 ဒီမေးခွန်းကနေ ဉာဏ်ရည်တုတွေကိုတိုင်းတာဖို့ 11 00:00:39,265 --> 00:00:43,316 တျူးရင်း test လို့ထင်ရှားလာစေမယ့် စိတ်ကူးတစ်ခု ဖော်ဆောင်ပေးခဲ့တယ် 12 00:00:43,316 --> 00:00:47,341 ၁၉၅၀ ကစာတမ်းဖြစ်တဲ့ "တွက်ချက်သောစက်နှင့် အသိဉာဏ်"ထဲမှာ 13 00:00:47,341 --> 00:00:49,814 တျူးရင်းက အောက်ပါ ဂိမ်းတစ်ခုကို အဆိုပြုခဲ့တယ် 14 00:00:49,814 --> 00:00:53,906 လူသား ဒိုင်လူကြီးတစ်ဦးက သူမမြင်ရတဲ့ ကစားသမားတွေကို စာနဲ့စကားပြောပြီး 15 00:00:53,906 --> 00:00:56,382 သူတို့တုံ့ပြန်မှုကို စစ်ဆေးရမယ် 16 00:00:56,382 --> 00:01:00,409 ဒီ စမ်သပ်မှုကို အောင်မြင်ဖို့ ၊ ကစားသမားတစ်ယောက်နေရာမှာ 17 00:01:00,409 --> 00:01:03,857 ရလဒ်ကိုမယ်မယ်ရရမပြောင်းလဲပဲ ကွန်ပျူတာတစ်ခုကို အစားထိုးရမယ် 18 00:01:03,857 --> 00:01:06,816 တစ်နည်းအားဖြင့်၊ ကွန်ပျူတာရဲ့ စကားပြောဆိုပုံက 19 00:01:06,816 --> 00:01:12,513 လူသားနဲ့အလွယ်တကူ ခွဲလို့မရဘူးဆိုရင် သူ့ကို ဉာဏ်ရည်ရှိတယ်လို့သတ်မှတ်မယ် 20 00:01:12,513 --> 00:01:14,667 တျူးရင်းက ၂၀၀၀ ခုနှစ်လောက်ဆိုရင် 21 00:01:14,667 --> 00:01:20,622 ၁၀၀ MB ရှိတဲ့မှတ်ဉာဏ်နဲ့စက်တွေက စမ်းသပ်မှု ကို အလွယ်ပဲအောင်မယ်လို့ ခန့်မှန်းခဲ့တယ် 22 00:01:20,622 --> 00:01:22,786 ဒါပေမယ့် သူခန့်မှန်းချက်ကစောလွန်းနေတယ် 23 00:01:22,786 --> 00:01:25,840 ယနေ့ ကွန်ပျူတာတွေမှာ ဒီထက်ပိုတဲ့ မှတ်ဉာဏ်အများအပြားရှိပေမည့်လို့ 24 00:01:25,840 --> 00:01:27,643 အနည်းငယ်ကပဲ ဒီလိုအောင်မြင်ခဲ့ပါသေးတယ် 25 00:01:27,643 --> 00:01:29,438 ဒီလိုအောင်ခဲ့တဲအရာတွေကလည်း 26 00:01:29,438 --> 00:01:33,208 အလွန်တွက်ချက်နိုင်မှု စွမ်းရည်ကို သုံးမယ့်အစား ဒိုင်တွေကို 27 00:01:33,208 --> 00:01:36,174 အရူးလုပ်တဲ့နည်းတွေကိုပဲ အာရုံစိုက်ခဲ့ကြလို့ဖြစ်ပါတယ် 28 00:01:36,174 --> 00:01:39,096 တကယ့် test အစစ်လို့မသတ်မှတ်ခဲ့ကြပေမည့် 29 00:01:39,096 --> 00:01:43,865 ပထမဆုံးအောင်မြင်သူလို့ တချို့က ပြောကြတာက ELIZAဆိုတဲ့ ပရိုဂရမ်ပါ 30 00:01:43,865 --> 00:01:46,412 တိုပြီး ရှင်းလင်းတဲ့ script လေးတစ်ခုနဲ့ 31 00:01:46,412 --> 00:01:50,434 စိတ်ပညာရှင်ပုံစံ အတုခိုးပြီး လူအများအပြားကို လှည့်စားခဲ့တယ် 32 00:01:50,434 --> 00:01:52,395 လူတွေကို စကားများများပြောခိုင်းပြီး 33 00:01:52,395 --> 00:01:55,905 သူတို့ရဲ့မေးခွန်းတွေကို ပြန်ပြတဲ့နည်းနဲ့ပေါ့ 34 00:01:55,905 --> 00:01:59,412 နောက်ထပ်PARRY ဆိုတဲ့ script ကတော့ ဆန့်ကျင်ဘက်ပဲ 35 00:01:59,412 --> 00:02:02,213 သံသယလွန်ကဲတဲ့ စိတ်ကစင့်ကလျား ရောဂါသည်ပုံကို အတုခိုးခဲ့တယ် 36 00:02:02,213 --> 00:02:07,939 စကားပြောတာကို ကြိုတင်အစီအစဉ်ချထားတဲ့ စွဲလန်းမှုတွေဆီကို ပြန်ခေါ်သွားတဲ့သူပေါ့ 37 00:02:07,939 --> 00:02:12,803 လူတွေကိုအရူးလုပ်ရာမှာ သူတို့အောင်မြင်မှုက စမ်းသပ်မှုရဲ့အားနည်းချက်ကို မီးထိုးပြတယ် 38 00:02:12,803 --> 00:02:17,433 လူသားတွေက ကိစ္စတော်တော်များများကို အသိဉာဏ်အဖြစ် မှတ်ယူကြတယ် 39 00:02:17,433 --> 00:02:21,076 တကယ်တော့ အသိဉာဏ်မဟုတ်ပါဘူး 40 00:02:21,076 --> 00:02:24,289 မည်သို့ပင်ဖြစ်စေ Loebner ဆုလိုမျိုးနှစ်စဉ် ပြိုင်ပွဲတေွဟာ 41 00:02:24,289 --> 00:02:26,009 စစ်ဆေးနည်းတွေကိုပို ပုံစံကျလာစေပါတယ် 42 00:02:26,009 --> 00:02:28,155 ဒိုင်တွေက မစခင်မှာ သူတို့နဲ့စကားပြောဖော် 43 00:02:28,155 --> 00:02:32,019 အချို့က စက်တွေဖြစ်တယ်ဆိုတာကို ကြိုသိထားကြတယ် 44 00:02:32,019 --> 00:02:33,920 အရည်အသွေးတွေ တိုးတက်လာစဉ်မှာပဲ 45 00:02:33,920 --> 00:02:39,096 ချက်ဘော့ ပရိုဂရမ်တော်တော်များများကELIZAနဲ့ PARRY လိုမျိုး ဗျုဟာတွေသုံးလာကြတယ် 46 00:02:39,096 --> 00:02:41,132 ၁၉၉၇ရဲ့ အောင်နိုင်သူ Catherine က 47 00:02:41,132 --> 00:02:45,213 အံ့အားသင့်ဖွယ်အာရုံစိုက်မှုနဲ့ စကားပြောဆိုမှုကို လုပ်ဆောင်နိုင်ခဲ့တယ် 48 00:02:45,213 --> 00:02:49,175 ဒါပေမယ့် ဒိုင်တွေကသာ Bill Clinton အကြောင်းကို အများစုပြောမယ်ဆိုရင်ပေါ့ 49 00:02:49,175 --> 00:02:51,813 ပိုပြီးလတ်တလောဖြစ်တဲ့အောင်နိုင်သူ Eugene Goostmanကဆိုရင် 50 00:02:51,813 --> 00:02:55,549 ၁၃နှစ်သားယူကရိန်းလူကလေးအဖြစ် အသွင်ယူခဲ့တယ် 51 00:02:55,549 --> 00:02:59,570 ဒါကြောင့်ဒိုင်တွေက သူ့ရဲ့ကို့ရို့ကားယားသဒ္ဒါနဲ့ အချိတ်အဆက်မရှိတဲ့စကားတွေကို 52 00:02:59,570 --> 00:03:02,916 ဘာသာစကားနဲ့ယဉ်ကေျးမှုအတားအဆီးကြောင့် ဆိုပြီးမှတ်ယူခဲ့တယ် 53 00:03:02,916 --> 00:03:07,135 အဲဒီအချိန်မှာ၊ အခြားပရိုဂရမ်တွေဖြစ်တဲ့ Cleverbotက အကောင်းဆုံးတုံ့ပြန်မှုကို 54 00:03:07,135 --> 00:03:11,740 ဆုံးဖြတ်နိုင်ရန် တကယ်စကားပြောထားတဲ့ ဒေတာဘေ့စ်ကို စိစစ်ပိုင်းခြားနည်းအားဖြင့် 55 00:03:11,740 --> 00:03:14,281 မတူညီတဲ့ချဉ်းကပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ် 56 00:03:14,281 --> 00:03:17,530 အချို့က အချိန်ကြာလာတာနဲ့အမျှ ပိုကောင်းလာအောင် 57 00:03:17,530 --> 00:03:20,915 ယခင်ပြောထားတဲ့စကားဝိုင်းတွေက မှတ်ဉာဏ်တွေကိုသိမ်းထားကြတယ် 58 00:03:20,915 --> 00:03:25,066 Cleverbot ရဲ့ တုံ့ပြန်မှုတစ်ခုချင်းစီက တကယ့်လူသားနဲ့တူပေမယ့် 59 00:03:25,066 --> 00:03:27,092 ပင်ကိုယ်စရိုက်တသမှတ်တည်း မရှိပဲ 60 00:03:27,092 --> 00:03:30,245 ခေါင်းစဉ်အသစ်တွေဆိုရင် မလုပ်ဆောင်နိုင်တာကတော့ 61 00:03:30,245 --> 00:03:32,858 ကျိန်းသေပါပဲ 62 00:03:32,858 --> 00:03:36,112 တျူးရင်းခေတ်က လူတွေက ခန့်မှန်းနိုင်ခဲ့တာက ယနေ့ခေတ်ကွန်ပျူတာတွေဟာ 63 00:03:36,112 --> 00:03:38,201 အာကာသယာဉ်တွေကို မောင်းနှင်တာ 64 00:03:38,201 --> 00:03:40,518 သိမ်မွေ့တဲ့ ခွဲစိတ်မှုတွေလုပ်ဆောင်တာ 65 00:03:40,518 --> 00:03:42,807 ကြီးမားတဲ့ ညီမျှခြင်းတွေ ဖြေရှင်းနိုင်မယ်ပေါ့။ 66 00:03:42,807 --> 00:03:46,310 ဒါပေမဲ့ အခြေခံစကားပြောတတ်ဖို့တော့ ရုန်းကန်ရတုန်းပဲလား 67 00:03:46,310 --> 00:03:49,819 လူသားဘာသာစကားဟာ အကြီးဆုံးအဘိဓာန်ကတောင် မဖော်ပြနိုင်တဲ့ 68 00:03:49,819 --> 00:03:53,524 အံ့သြလောက်အောင် ရှုပ်ထွေးတဲ့အရာဖြစ်ပုံရပါတယ် 69 00:03:53,524 --> 00:03:57,993 ချက်ဘော့တွေကို ရိုးရှင်းတဲ့စကားဆက်ဖြစ်တဲ့ "အမ်.."နဲ့ 70 00:03:57,993 --> 00:04:00,415 မှန်ကန်တဲ့အဖြေမရှိတဲ့ မေးခွန်းတွေက တွေးရခက်စေပါတယ် 71 00:04:00,415 --> 00:04:02,315 ရိုးရှင်းတဲ့ စကားပြောဝါကျဖြစ်တဲ့ 72 00:04:02,315 --> 00:04:05,595 "ငါ ရေခဲသေတ္တာထဲက ဖျော်ရည်ကိုယူပြီးသူ့ကို ပေးလိုက်တယ် 73 00:04:05,595 --> 00:04:07,406 ဒါပေမယ့်.ရက်စွဲကိုကြည့်ဖို့မေ့သွားတယ်" 74 00:04:07,406 --> 00:04:12,872 ဆိုတာမျိုးက နားလည်ဖို့ အတွင်းသိစိတ်နဲ့ ဗဟုသုတတွေအများကြီး ရှိထားဖို့လိုပါတယ် 75 00:04:12,872 --> 00:04:15,503 မှတ်ဉာဏ်တွေတိုးတာနဲ့ တွက်ချက်မှုစွမ်းအားတွေတိုးတာထက် 76 00:04:15,503 --> 00:04:19,112 လူသားစကားပြောတာကို အသွင်ဆောင်ဖန်တီးတာက ပိုမယ့်ပုံပါ 77 00:04:19,112 --> 00:04:21,623 တျူးရင်းရဲ့ရည်မှန်းချက်ကို နီးလာတာနဲ့အမျှ 78 00:04:21,623 --> 00:04:26,483 အသိစိတ်နဲ့ပတ်သက်တဲ့ ဒီလိုကြီးမားတဲ့ မေးခွန်းတွေကို ရင်ဆိုင်ရဖို့ရှိပါလိမ့်မယ်