Return to Video

ကွမ်တမ် မက္ကဲနစ်က ကမ္ဘာလုံးဆိုင်ရာ ပူနွေးခြင်းကို ရှင်းပြထားပုံ - Lieven Scheire

  • 0:06 - 0:08
    ကာဗွန်ဒိုင်အောက်ဆိုက်ဒ်က
  • 0:08 - 0:10
    ကမ္ဘာကြီးကို ပူနွေးလာစေနေတာ
    ခင်ဗျားတို့ ကြားမိနိုင်ပေမဲ့၊
  • 0:10 - 0:12
    အဲဒါ ဘယ်လို ဖြစ်လာတာပါလဲ။
  • 0:12 - 0:14
    ဖန်လုံအိမ်ကို ကာတဲ့ ဖန်သားလိုလား
    ဒါမှမဟုတ်
  • 0:14 - 0:16
    အပူကိုကာတဲ့ အလွှာတစ်ခုလိုလား။
  • 0:16 - 0:18
    အပြည့်အဝတော့ မဟုတ်ဘူးပေါ့။
  • 0:18 - 0:19
    အဖြေဟာ ကွမ်တမ်မက္ကနစ် သဘော
  • 0:19 - 0:22
    အနည်းအကျဉ်း ပါဝင်ပေမဲ့၊
    မစိုးရိမ်ကြလိုက်ပါနဲ့၊
  • 0:22 - 0:24
    တို့တွေ သက်တန့်နဲ့ စတင် ဆွေးနွေးကြမယ်။
  • 0:24 - 0:26
    အကယ်၍ သင်သာ
    prism မှ ခွဲဖြာထွက်လာတဲ့
  • 0:26 - 0:27
    နေရောင်ကို အနီးကပ် ကြည့်ခဲ့ရင်၊
  • 0:27 - 0:30
    ပျောက်သွားတဲ့ အရောင်အတွဲတွေ
    နေရာမှာ အမဲစင်းတွေကို မြင်ခဲ့မှာပါ။
  • 0:30 - 0:32
    ဒါတွေ ဘယ်ရောက်ကုန်ကြလဲ။
  • 0:32 - 0:33
    တို့မျက်လုံးဆီကို မရောက်ခင်၊
  • 0:33 - 0:35
    အမျိုးမျိုးသော ဓာတ်ငွေ့တွေက
  • 0:35 - 0:38
    ရောင်စဉ်ထဲက သက်ဆိုင်ရာ အပိုင်းတွေကို
    စုပ်ယူ လိုက်ကြတာပါ
  • 0:38 - 0:40
    ဥပမာ၊ အောက်စီဂျင်ဓာတ်ငွေ့က
  • 0:40 - 0:42
    အနီရင့် အလင်းတချို့ကို ဖြတ်ခနဲ့ ဆွဲယူမယ်၊
  • 0:42 - 0:45
    ဆိုဒီယမ်က အဝါရောင်
    လှိုင်းခွင်နှစ်ခုကို ဖမ်းယူထားမယ်။
  • 0:45 - 0:46
    ဒီဓါတ်ငွေ့တွေက အလင်းကို
  • 0:46 - 0:48
    ဘယ်နှယ်ကြောင့် အရောင်တွေကို
    ရွေးပြီး စုပ်ယူ ကြပါလဲ။
  • 0:48 - 0:51
    အဲဒါက တို့တွေ ကွမ်တမ်
    ပညာရပ်နယ်ထဲ ဝင်မိပါပြီ။
  • 0:51 - 0:54
    အက်တမ်နှင့် မော်လီကျူးတိုင်းမှာ
    ၎င်းတို့ရဲ့ အီလက်ထရွန်တွေအတွက်
  • 0:54 - 0:57
    သတ်မှတ်ထားတဲ့ ဖြစ်နိုင်တဲ့ စွမ်းအင်
    အခြေပြ ကိန်းဆိုတာ ရှိပါတယ်။
  • 0:57 - 0:59
    ၎င်းတို့ရဲ့ အီလက်ထရွန်တွေကို
    အခြေခံအဆင့်မှ
  • 0:59 - 1:00
    ပိုမြင့်တဲ့ အဆင့်တစ်ခုကို
  • 1:00 - 1:04
    ကူးပြောင်းဖို့၊ မော်လီကျူးဟာ စွမ်းအင်
    ပမာဏအချို့ကို ရယူဖို့လိုပါတယ်။
  • 1:04 - 1:06
    ဒါထက် မပိုနိုင်၊ မလျော့နိုင်ပါ။
  • 1:06 - 1:08
    ၎င်းက ထိုစွမ်းအင်ကို အလင်းမှရယူပြီး၊
  • 1:08 - 1:11
    အဲဒီအလင်းက သင်ရေတွက်နိုင်တာထက်
    ပိုတဲ့ စွမ်းအင်အဆင့်များနဲ့ လာတာပါ။
  • 1:11 - 1:15
    အလင်းထဲတွင် ဖိုတွန် ခေါ်
    အမှုန်ငယ်လေးတွေ ပါရှိပြီး၊
  • 1:15 - 1:17
    ဖိုတွန် တစ်လုံးစီရဲ့ စွမ်းအင်ပမာဏဟာ
  • 1:17 - 1:19
    ၎င်းရဲ့ အရောင်နဲ့ ကိုက်ညီပါတယ်။
  • 1:19 - 1:22
    နီတဲ့အလင်းမှာ စွမ်းအင်ပိုနိမ့်ကာ၊
    ပိုရှည်တဲ့လှိုင်းအလျားတွေရှိတယ်
  • 1:22 - 1:26
    ခရမ်းရောင် အလင်းမှာ စွမ်းအင် ပိုမြင့်ပြီး၊
    ပိုတိုတဲ့လှိုင်းအလျားတွေရှိတယ်။
  • 1:26 - 1:29
    နေရောင်ခြည်က သက်တန့်ထဲရှိ
    ဖိုတွန်အမျိုးစုံကို ထုတ်လွှင့်ပေးတော့
  • 1:29 - 1:31
    ဓာတ်ငွေ့ မော်လီကျူး တစ်လုံးဟာ
  • 1:31 - 1:33
    မော်လီကျူးရဲ့ စွမ်းအင်ကို
    နောက်တဆင့်သို့ ကူးပြောင်းဖို့
  • 1:33 - 1:35
    လိုအပ်တဲ့ စွမ်းအင်ပမာဏ
    အတိအကျကို
  • 1:35 - 1:37
    သယ်ဆောင်တဲ့ ဖိုတွန်ကို ရွေးယူနိုင်ပါတယ်။
  • 1:37 - 1:39
    ဒီချိတ်တွဲမှု လုပ်ပြီးချိန်၌
  • 1:39 - 1:41
    မော်လီကျူးက ဖိုတွန်ရဲ့ စွမ်းအင်ကို
  • 1:41 - 1:42
    ရယူလိုက်လို့၊
  • 1:42 - 1:45
    ဖိုတွန် ကွယ်ပျောက်သွားကာ၊ သက်တန့်တွင်
    ဟာကွက် ပေါ်လာတတ်တယ်။
  • 1:45 - 1:48
    ဖိုတွန် သယ်လာတဲ့ စွမ်းအင်ဟာ
    များလွန်း ဒါမှမဟုတ် နည်းလွန်းရင်ဖြင့်
  • 1:48 - 1:49
    မော်လီကျူးအတွက် ဖိုတွန်ကို
  • 1:49 - 1:51
    လွတ်ပေးရုံကလွဲပြီး ရွေးစရာမရှိပါ။
  • 1:51 - 1:54
    အဲဒါကြောင့် ဖန်ထည်ကို
    ထုတ်ခြင်းပေါက် မြင်ကြရတာပါ။
  • 1:54 - 1:56
    ဖန်ထဲက အက်တမ်တွေဟာ
    မြင်နိုင်တဲ့ အလင်းထဲက
  • 1:56 - 1:58
    ဘယ်စွမ်းအင် အဆင့်များနဲ့မှ
    ကောင်းစွာ မချိတ်တွဲနိုင်လို့
  • 1:58 - 2:01
    ဖိုတွန်တွေ ကျော်ဖြတ်သွားကြတာပါ။
  • 2:01 - 2:04
    ဒီလိုဆို ဘယ်ဖိုတွန်တွေကို
    ကာဗွန်ဒိုင်အောက်ဆိုက် နှစ်သက်ပါလဲ။
  • 2:04 - 2:06
    ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကို
  • 2:06 - 2:08
    ရှင်းပြဖို့ တို့ရဲ့သက်တန့်ထဲက
    အနက်စင်း ဘယ်မှာလဲ။
  • 2:08 - 2:10
    အဲဒီမှာတော့ မရှိပါဘူး။
  • 2:10 - 2:12
    ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ နေမှ လာတဲ့အလင်းကို
  • 2:12 - 2:13
    တိုက်ရိုက် စုပ်မယူပါဘူး။
  • 2:13 - 2:15
    ၎င်းဟာ အာကာသထဲက လုံးဝကွဲပြားတဲ့
  • 2:15 - 2:16
    အရာထံမှ အလင်းကိုစုပ်ယူပါတယ်။
  • 2:16 - 2:19
    အလင်းကို ထုတ်လုပ်မပေးဘူးလို့ ထင်ရတဲ့
    အရာတစ်ခုဖြစ်တဲ့-
  • 2:19 - 2:20
    ကမ္ဘာမြေကြီးထံမှပါ။
  • 2:20 - 2:22
    ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ် ဘာဖြစ်လို့
  • 2:22 - 2:24
    အရောင် မတောက်ရတာလဲ ဆိုရင်တော့၊
  • 2:24 - 2:27
    အကြောင်းက ကမ္ဘာကြီးဟာ
    မြင်နိုင်တဲ့ အလင်းကို မထုတ်လွှတ်လို့ပါ။
  • 2:27 - 2:29
    ၎င်းဟာ အနီအောက် အလင်းကို ထုတ်လွှတ်ပါတယ်။
  • 2:29 - 2:31
    သက်တန့်အရောင်စုံ အပါအဝင်
  • 2:31 - 2:33
    တို့မျက်လုံးတွေ မြင်နိုင်တဲ့အလင်းဟာ
  • 2:33 - 2:35
    ပိုကြီးမားတဲ့ လျှပ်စစ်သံလိုက်
    ဖြာထွက်မှုရဲ့
  • 2:35 - 2:38
    ရောင်စဉ်ဖြစ်ပြီး၊ ၎င်းထဲမှာ
    ရေဒီယို လှိုင်းတွေ၊
  • 2:38 - 2:40
    မိုက်ခရိုဝေ့ လှိုင်းတွေ၊ အနီအောက်၊
  • 2:40 - 2:43
    ခရမ်းလွန်၊ ဓာတ်မှန်များနဲ့
    ဂါမာ ရောင်ခြည်များ
  • 2:43 - 2:45
    ပါဝင်ကြပါတယ်။
  • 2:45 - 2:48
    ဒါတွေကို အလင်းပါလို့ ယူဆမှုဟာ
    ထူးဆန်းနေသလို ထင်ရပေမဲ့၊
  • 2:48 - 2:49
    မြင်နိုင်တဲ့ အလင်းနဲ့ တခြားသော
  • 2:49 - 2:53
    လျှပ်စစ်သံလိုက် ဖြာထွက်ခြင်းတို့ဟာ
    အခြေခံအရ ဘယ်လိုမှ မခြားနားကြပါဘူး။
  • 2:53 - 2:54
    အဲဒါ အလားတူ စွမ်းအင်ဖြစ်ပြီး
  • 2:54 - 2:56
    အဆင့် မြင့်တာ နိမ့်တာသာ ကွာနိုင်ပါတယ်။
  • 2:56 - 2:58
    မြင်နိုင်တဲ့ အလင်းကို တို့ရဲ့
  • 2:58 - 3:02
    ကန့်သတ်ချက်တွေနဲ့ အဓိပ္ပါယ် သတ်မှတ်မှုဟာ
    နည်းနည်းလေး ရဲတင်းလွန်းပါတယ်။
  • 3:02 - 3:05
    တကယ်တော့ အနီအောက် အလင်းကို
    မြွေတွေ မြင်နိုင်ကြပြီး၊
  • 3:05 - 3:08
    ခရမ်းလွန်အလင်းကိုကျတော့
    ငှက်တွေ မြင်နိုင်ကြပါတယ်။
  • 3:08 - 3:10
    အကယ်၍ တို့ မျက်လုံးတွေကို
    ၁၉၀၀ မက်ဂါဟဇ် ရှိ
  • 3:10 - 3:12
    အလင်းကို မြင်ရအောင် စီမံပေထားခဲ့ရင်
    မိုဘိုင်းဖုန်းဟာ
  • 3:12 - 3:14
    ဓာတ်မီးလို လင်းနေလျက်၊
  • 3:14 - 3:15
    ဆဲလ်ဖုန်း မျှော်စင်ဟာ
  • 3:15 - 3:17
    ဧရာမ မီးအိမ်ကြီးသဖွယ်
    မြင်တွေ့လာကြရမှာပါ။
  • 3:17 - 3:19
    ကမ္ဘာမြေဟာ အနီအောက်
    အလင်း ထုတ်လွှတ်ခြင်းရဲ့
  • 3:19 - 3:21
    အကြောင်းရင်းက ပကတိ
    သုညအပူချိန် အထက်မှ
  • 3:21 - 3:24
    အရာမှန်သမျှ အလင်းကို
    ထုတ်လွှတ်ကြလို့ပါ။
  • 3:24 - 3:27
    ဒါကို အပူဆိုင်ရာ ဖြာထွက်ခြင်းလို့
    ခေါ်ပါတယ်။
  • 3:27 - 3:28
    အရာ၀တ္ထု တစ်ခု ပူလာလေ
  • 3:28 - 3:31
    ကြိမ်နှုန်းပိုမြင့်တဲ့ အလင်းကို ထုတ်လေပါ။
  • 3:31 - 3:33
    သင်က သံစကို အပူတိုက်တဲ့အခါ
  • 3:33 - 3:36
    ၎င်းက အနီအောက် အလင်း ကြိမ်နှုန်းတွေ
    တိုးတိုးပြီး ထုတ်လွှတ်ပေးပါမယ်၊
  • 3:36 - 3:40
    ဒါနဲ့ အပူချိန် ၄၅၀ ဒီဂရီ ဆဲလ်စီးယပ်
    ဝန်းကျင်မှာ ကျတော့၊
  • 3:40 - 3:43
    ၎င်းရဲ့ အလင်းဟာ မြင်နိုင်တဲ့
    ရောင်စဉ်ထဲ ရောက်လာပါမယ်။
  • 3:43 - 3:45
    အစမှာ နီရဲပုံ မြင်ရမယ်။
  • 3:45 - 3:47
    ပြီးတော့ နောက်ထပ်ရတဲ့
  • 3:47 - 3:48
    အပူကြောင့် ၎င်းဟာ မြင်နိုင်တဲ့
  • 3:48 - 3:51
    အလင်းကြိမ်နှုန်းအားလုံးပါတဲ့
    အဖြူရောင်ဖြင့် တောက်ပ လာတော့မယ်။
  • 3:51 - 3:53
    ဒါက ပုံမှန် မီးသီးတွေကို
  • 3:53 - 3:54
    ပုံစံထုတ်ခဲ့ပုံ ဖြစ်ခဲ့လို့
  • 3:54 - 3:56
    အလေအလွင့် များလွန်းကြတာပါ။
  • 3:56 - 4:00
    မီးသီးတွေ ထုတ်လွှတ်တဲ့ အလင်းရဲ့
    ၉၅%ကို တို့မျက်လုံးတွေ မမြင်ရပါဘူး။
  • 4:00 - 4:02
    ၎င်းဟာ အပူစွမ်းအင်အဖြစ် လွင့်စင်သွားတယ်။
  • 4:02 - 4:05
    လေထုထဲမှာ ဖန်လုံအိမ်မှ ဓာတ်ငွေ့
    မော်လီကျူးတွေသာ
  • 4:05 - 4:07
    မရှိခဲ့ကြရင် ကမ္ဘာ့ အနီအောက်
    ဖြာထွက်မှုတွေဟာ
  • 4:07 - 4:09
    အာကာသထဲကို လွတ်ထွက်သွားခဲ့ကြမှာပါ။
  • 4:09 - 4:12
    အောက်စီဂျင်ဓာတ်ငွေ့က အနီရင့်ဖိုတွန်ကို
    လိုလားသလိုပဲ
  • 4:12 - 4:15
    ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့
    အခြားဖန်လုံအိမ်ဓာတ်ငွေ့တွေက
  • 4:15 - 4:17
    အနီအောက်ဖိုတွန်တွေနဲ့ ချိတ်ဆက်လိုကြတယ်။
  • 4:17 - 4:19
    ၎င်းတို့က ဓာတ်ငွေ့မော်လီကျူးတွေကို
  • 4:19 - 4:22
    စွမ်းအင်ပိုမြင့်ရာထံ ကူးပြောင်းဖို့
    မှန်ကန်တဲ့ စွမ်းအင် ပမာဏကို ပေးကြတယ်။
  • 4:22 - 4:24
    ကာဗွန်ဒိုင်အောက်ဆိုဒ်က
  • 4:24 - 4:27
    အနီအောက် ဖိုတွန်ကို စုပ်ယူပြီး
    ခဏအကြာ၌
  • 4:27 - 4:29
    ယခင် စွမ်းအင်ဆင့်ထံ ပြန်ဆင်းသွားလျက်၊
  • 4:29 - 4:32
    ဖိုတွန်ကို ရောက်ရာပေါက်ရာသို့
    ပြန်လည် စွန့်ထုတ်ပစ်မှာပါ။
  • 4:32 - 4:34
    အဲဒီစွမ်းအင်ထဲက တချို့ဟာ
    နောက်ပိုင်းတွင်
  • 4:34 - 4:36
    ကမ္ဘာ့မျက်နှာမြင်ထံ ပြန်ရောက်လာကြလို့
  • 4:36 - 4:38
    ပူနွေးခြင်းကို ဖြစ်စေတာပါ။
  • 4:38 - 4:39
    လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုများလေ
  • 4:39 - 4:41
    အနီအောက်ဖိုတွန်တွေ မြေပြင်ပေါ်
  • 4:41 - 4:44
    ပြန်ဆင်းနိုင်ခြေ များလေဖြစ်ပြီး
  • 4:44 - 4:45
    တို့ရဲ့ ရာသီဥတုကို ပြောင်းလဲစေမှာပါ။
Title:
ကွမ်တမ် မက္ကဲနစ်က ကမ္ဘာလုံးဆိုင်ရာ ပူနွေးခြင်းကို ရှင်းပြထားပုံ - Lieven Scheire
Speaker:
Lieven Scheire
Description:

သင်ခန်းစာ အပြည့်အစုံကြည့်ရန်၊ http://ed.ted.com/lessons/how-quantum-mechanics-explains-global-warming-lieven-scheire

ကာဗွန်ဒိုင်အာက်ဆိုဒ်က ကမ္ဘာမြေကို ပူနွေးလာစေတဲ့ အကြောင်း သင်တို့ ကြားမိထားနိုင်ပါတယ်။ ဒါပေမဲ့ တိတိကျကျ အဲဒါကို ဘယ်လို ဖြစ်စေနေတာလဲ။ ကမ္ဘာလုံးဆိုင်ရာ ပူနွေးခြင်းနောက်ကွယ်မှ သိပ္ပံသဘောတရားကို ဖော်ပြဖို့ Lieven Scheire က သက်တန့်ရယ် မီးသီးရယ် ကွမ်တမ် ရူပဗေဒ နည်းတချို့ကို သုံးပြီး တင်ပြထားပါတယ်။

သင်ခန်းစာတင်ဆက်သူ-Lieven Scheire၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်-STK Films။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:01

Burmese subtitles

Revisions Compare revisions