Return to Video

စာနယ်ဇင်း လွတ်လပ်ခွင့် ဆိုတာဟာ ဘယ်လောက်များ လွတ်လပ်လို့လဲ။

  • 0:00 - 0:03
    ကဲ ဒါက James Risen ပါ။
  • 0:03 - 0:06
    The New York Times အတွက် Pulitzer
    ဆုရှင် သတင်းထောက်အဖြစ်
  • 0:06 - 0:08
    ခင်ဗျားတို့ သိချင်သိနေမယ်။
  • 0:08 - 0:10
    Edward Snowden ရဲ့အမည်ကို
    လူတိုင်းမသိခင် အချိန်များစွာက
  • 0:10 - 0:13
    NSA ဟာ အမေရိကန်တွေရဲ့
    ဖုန်းခေါ်ဆိုမှုတွေကို တရားမဝင်
  • 0:13 - 0:17
    ခိုးနားထောင်နေတယ်လို့ သူ အတိအလင်း
    ဖေါ်ပြတဲ့ စာအုပ်တစ်အုပ် Risen ရေးခဲ့တယ်။
  • 0:18 - 0:20
    ဒါပေမဲ့ ဒါက စာအုပ်ထဲက ပိုတောင်ကြာတဲ့
  • 0:20 - 0:22
    သက်ရောက်မှု ရှိနိုင်တဲ့ နောက်တစ်ခန်းပါ။
  • 0:22 - 0:27
    အဲဒီမှာ CIA ဟာ အီရန်ကို နျူကလိယ ဗုံး
    တစ်လုံးရဲ့ အသေးစိတ် အစီအစဉ်ကို တကယ်ပဲ
  • 0:27 - 0:30
    လွှဲပေးခဲ့တယ်ဆိုတဲ့ ဆိုးဝါးလှတဲ့
    US ထောက်လှမ်းရေး
  • 0:30 - 0:32
    လုပ်ဆောင်ချက်ကို သရုပ်ဖော်ထားပါတယ်။
  • 0:33 - 0:34
    ဒါက ရူးမိုက်တာပဲထင်ရင်
    သွားဖတ်ကြည့်ပါ။
  • 0:34 - 0:36
    ဒါက မယုံနိုင်စရာ အဖြစ်တစ်ခုပါ။
  • 0:36 - 0:39
    ဒီအခန်း မကြိုက်တဲ့သူတွေကို သိကြလား။
  • 0:39 - 0:40
    အမေရိကန် အစိုးရလေ။
  • 0:41 - 0:43
    နောက်ပိုင်း ဆယ်စုနှစ်တစ်ခုနီးပါး လုံးလုံး
  • 0:43 - 0:46
    Rise ဟာ US အစိုးရ စုံစမ်းစစ်ဆေးရေးရဲ့
    စဉ်းစားစရာဖြစ်ခဲ့တယ်၊
  • 0:46 - 0:48
    ဒီမှာ အစိုးရရှေ့နေတွေက
    သူစွပ်စွဲထားတဲ့ အထောက်အထား
  • 0:48 - 0:50
    တစ်ခုကို သက်သေခံဖို့ တောင်းဆိုကြတယ်။
  • 0:51 - 0:55
    ဒီတစ်လျှောက်မှာ သူဟာ US အစိုးရဲ့မကြာခင်က
    ပုံစံဖြစ်တဲ့ သတင်းပေးတွေကို တရားစွဲတာနဲ့
  • 0:55 - 0:58
    သတင်စာဆရာတွေကို စောင့်ကြည့်ခြင်း
    အတွက် မျက်နှာစာဖြစ်လာတယ်။
  • 0:59 - 1:00
    သိတယ်နော်၊ ပထမ ပြင်ဆင်ချက်တဲမှာ
  • 1:00 - 1:04
    စာနယ်ဇင်းဟာ အများအကျိုးအတွက်
    လျှို့ဝှက်သတင်းကို ပုံနှိပ် ခွင့်ရှိတယ်လေ။
  • 1:04 - 1:09
    ဒါပေမဲ့ မီဒီယာက သတင်းတွေလည်း မယူနိုင်၊
    ယူရဲတဲ့ ယောက်ျား၊ မိန်းမတွေရဲ့ကိုယ်ပိုင်
  • 1:09 - 1:12
    လက္ခဏာတွေကို မကာကွယ်နိုင်ရင်
    ဒီလုပ်ပိုင်ခွင့်ကို ကျင့်သုံးဖို့က
  • 1:12 - 1:14
    မဖြစ်နိုင်ဘူးလေ။
  • 1:14 - 1:16
    ဒီတော့ အစိုးရက တံခါးလာခေါက်တော့
  • 1:16 - 1:19
    Risen က သူ့ရှေ့က သတ္တ်ရှိတဲ့သတင်း
    ထောက်များစွာ လုပ်ခဲ့တာ လုပ်တယ်၊
  • 1:19 - 1:20
    သူ ငြင်းဆိုတယ်၊
  • 1:20 - 1:22
    ဒီအစား ထောင်ကျခံမယ်လို့ ပြောခဲ့တယ်။
  • 1:23 - 1:26
    ဒါနဲ့ ၂၀၀၇ ကနေ ၂၀၁၅ အထိ Risen ဟာ
  • 1:26 - 1:28
    အစိုးရထောင်ကျခြင်းရဲ့
    ခြောက်လှန့်မှုအောက်မှာ နေခဲ့တယ်။
  • 1:29 - 1:33
    ဆိုလိုတာက အမှုမစစ်ခင် ရက်တွေမတိုင်ခင်ပဲ
    ထူးဆန်းတာတစ်ခု ဖြစ်ခဲ့တယ်။
  • 1:34 - 1:38
    ရုတ်တရက်ပဲ ဒါဟာ အရေးကြီးတဲ့ အမှုလို့
    တောင်းဆိုတဲ့ နှစ်တွေကြာအပြီးမှာ
  • 1:38 - 1:40
    အစိုးရက Risen ကိုတောင်းဆိုတာတွေကို
    လုံးလုံး ချလိုက်တယ်။
  • 1:41 - 1:43
    ဖြစ်သွားတာက လျှပ်စစ် စောင့်ကြပ်ရေးခေတ်မှာ
  • 1:43 - 1:46
    သတင်းထောက်တွေ၊ အထောက်အထားတွေ
    ဝှက်နိုင်တဲ့နေရာ မရှိသလောက်ပါ။
  • 1:47 - 1:51
    Risen ကိုသက်သေခံခိုင်းဖို့ ကြိုးစားတာ
    ပျက်ကွက်တာထက်
  • 1:51 - 1:54
    သူ့အစား သူ့ရဲ့ ဒစ်ဂျစ်တယ်
    စစ်ဆေးချက်ကို လုပ်နိုင်တာပဲလေ။
  • 1:55 - 1:57
    ဒီတော့ လုံးဝ လျှို့ဝှက်ပြီး
    သူ့ သဘောတူချက်မပါပဲနဲ့
  • 1:57 - 1:59
    အစိုးရရှေ့နေတွေက
    Risen ရဲ့ဖုန်းမှတ်တမ်းတွေ၊
  • 2:00 - 2:04
    သူ့ရဲ့ အီးမေးလ် မှတ်တမ်းတွေ၊
    ငွေကြေးနဲ့ ဘဏ်အချက်အလက်တွေ၊
  • 2:04 - 2:06
    ခရက်ဒစ်မှတ်တမ်းတွ၊ သူစီးတဲ့
  • 2:06 - 2:09
    ခရီးစဉ်စာရင်းပါတဲ့ ခရီးသွား
    မှတ်တမ်းတွေတောင် ယူကြတယ်။
  • 2:10 - 2:14
    Jeffery Sterling ၊Risen ရဲ့ စွပ်စွဲတဲ့
    အထောက်အထားနဲ့ CIA သတင်းပေးကို
  • 2:14 - 2:17
    စီရင်ချက်ချဖို့ သူတို့
    သုံးခဲ့တဲ့ အချက်အလက်တွေက ဒီထဲကပါ။
  • 2:18 - 2:20
    စိတ်မကောင်းစရာက ဒါက
    အများကြီးက တစ်ခုသာပါ။
  • 2:21 - 2:25
    သမ္မတ Obama က သတင်းပေးတွေကို
    ကာကွယ်ဖို့ မပြတ် ကတိပေးခဲ့တယ်၊
  • 2:25 - 2:28
    ဒီအစား သူ့ရဲ့ တရားရေးဋ္ဌာနက တရား
    စွဲထားတာက အခြား အုပ်ချုပ်ရေးတွေ
  • 2:28 - 2:31
    အားလုံးပေါင်းတာထက် ပိုများနေတယ်။
  • 2:31 - 2:33
    ဒါက ပြဿနာ ဘယ်လို
    ဖြစ်နိုင်တာ မြင်နိုင်ပါတယ်၊
  • 2:33 - 2:38
    အထူးသဖြင့် အစိုးရက ဘာက လျှို့ဝှက်ချက်
    လုပ်တာကို အများကြီး တွေးနေတာကြောင့်ပါ။
  • 2:39 - 2:43
    ၉/၁၁ တည်းက အမျိုးသားလုံခြုံရေးနဲ့
    ပတ်သက်တဲ့ ဖြစ်ရပ်လိုလိုတိုင်းဟာ
  • 2:43 - 2:46
    သတင်းပေးကနေ သတင်းစာဆရာဆီ
    လာတာရဲ့ ရလဒ်ဖြစ်ခဲ့ပါတယ်။
  • 2:47 - 2:50
    ပထမ ပြင်ဆင်ချက်ကို ကာကွယ်သင့်
    တယ်ဆိုတဲ့ အလုပ်ကို စာနယ်ဇင်းတွေ
  • 2:50 - 2:52
    မလုပ်နိုင်တာ မြင်ရတာကို မျက်ခုံးလှုပ်မိတာက
  • 2:52 - 2:55
    အစိုးရက လူတိုင်းကို စောင့်ကြည့်
    နိုင်စွမ်းကို ချဲ့ထားလို့ပါ။
  • 2:55 - 2:58
    ဒါပေမဲ့ နည်းပညာက အစိုးရကို
    သတင်းထောက်တွေရဲ့
  • 2:58 - 3:01
    လုပ်ပိုင်ခွင့်တွေကို
    တစ်ပတ်ရိုက်ဖို့ ခွင့်ပြုသလို
  • 3:01 - 3:03
    စာနယ်ဇင်းကလည်း သူတို့
    အထောက်အထားတွေ အရင်ထက်
  • 3:03 - 3:05
    ပိုကောင်းစွာ ကာကွယ်ဖို့
    နည်းပညာသုံးပါတယ်။
  • 3:06 - 3:09
    အချက်အလက်နောက်က သက်သေ
    ရပ်တည်တာထက် သူတို့နဲ့ စတင်
  • 3:09 - 3:11
    စကားပြောချိန်ကနေ စသုံးနိုင်ပါတယ်။
  • 3:12 - 3:14
    Risen သူ့စာအုပ် ရေးနေစဉ်က မရနိုင်တဲ့
  • 3:14 - 3:17
    ဆက်သွယ်ရေး ဆော့ဖ်ဝဲ အခုရှိနေပြီး
  • 3:17 - 3:21
    ပုံမှန် အီးမေးလ်၊ ဖုန်းခေါ်ဆိုမှုတွေထက်
    အများကြီးပို စောင့်ကြည့်တာ ခုခံနိုင်တယ်။
  • 3:22 - 3:26
    ဥပမာ ကိရိယာတစ်ခုက SecureDrop ပါ။
  • 3:26 - 3:29
    အခမဲ့ရနိုင်တဲ့ သတင်းပေးသူ
    တင်လျှောက်တဲ့စနစ်ပါ။
  • 3:29 - 3:33
    အစကတော့ ကွယ်လွန်သူ အင်တာနက်
    အထင်ကရ Aaron Swartz ဖန်တီးခဲ့တာဖြစ်ပြီး
  • 3:33 - 3:35
    အခု တီထွင်တာက ကျွန်တော်
    အလုပ်လုပ်တဲ့ အကျိုးအမြတ်မယူတဲ့
  • 3:36 - 3:37
    Freedom of the Press Foundation
  • 3:38 - 3:39
    အီးမေးလ် ပို့တာအစား
  • 3:40 - 3:42
    ဟောဒီက The Washinto Post လို သတင်း
  • 3:42 - 3:44
    အဖွဲ့အစည်းရဲ့ ဝက်ဘ်ဆိုဒ်ကို သွားလိုက်ပါ။
  • 3:44 - 3:48
    အဲဒီကနေ စာရွက်စာတမ်းကို တင်တာ (သို့)
    အချက်အလက်ကို ကိုယ်ကြိုက်သလောက်
  • 3:48 - 3:50
    အခြား အဆက်အသွယ် ပုံစံမှာ ပို့နိုင်ပါတယ်။
  • 3:51 - 3:53
    ဒီနောက် ဒါကို စကားဝှက်အဖြစ်
    ပြောင်းကာ သတင်းအဖွဲ့အစည်းပဲ
  • 3:53 - 3:56
    ဝင်ကြည့်လို့ရတဲ့ ဆာဗာမှာ သိမ်းလိုက်ပါတယ်။
  • 3:56 - 4:00
    ဒီတော့ အစိုးရဟာ အချက်အလက်ကို
    လျှို့ဝှက်စွာ မတောင်းခံ နိုင်တော့ပဲ
  • 4:00 - 4:02
    သူတို့တောင်းခံမယ့် အချက်အလက် အများအပြားဟာ
  • 4:02 - 4:04
    ပထမနေရာမှာ မရှိနိုင်တော့ပါဘူး။
  • 4:04 - 4:07
    ဒါပေမဲ့ SecureDrop ဟာ ၂၁ ရာစု
    စာနယ်ဇင်း လွပ်လပ်ခွင့်
  • 4:07 - 4:10
    ကာကွယ်ခြင်း အတွက် တကယ့်
    ပဟေဠိရဲ့ အစိတ်အပိုင်းလေးပါ။
  • 4:11 - 4:13
    ကံမကောင်းတာက တစ်ကမ္ဘာလုံးက အစိုးရတွေဟာ
  • 4:13 - 4:16
    အားလုံး ဘေးကျစေတဲ့
    စောင့်ကြည့်ရေး နည်းစနစ်အသစ်တွေ
  • 4:16 - 4:17
    အတောမသတ် တီထွင်နေပါတယ်။
  • 4:18 - 4:21
    မမှန်မကန်လုပ်တာတွေကို
    ဖော်ပြဖို့ လမ်းကြောင်းပေးတဲ့
  • 4:21 - 4:23
    Edward Snowden လို နည်းပညာ
    နောကျေနေတဲ့ သတင်းပေးတွေပဲ
  • 4:23 - 4:27
    မဟုတ်တာ သေချာအောင် ရှေ့ဆက်လုပ်ဖို့က
    ကျွန်တော်တို့အပေါ် မူတည်ပါတယ်။
  • 4:27 - 4:32
    အရေးကြီးတာက ပြည့်သိပ်နေတဲ့ ဆေးရုံတွေ
    ကို ကျွန်တော်တို့ကို သတိပေးနေတဲ့
  • 4:32 - 4:35
    လာမယ့် ဝါရင့် ကျန်းမာရေး စောင့်
    ရှောက်မှု သတင်းပေးတွေကို ကာကွယ်တာ၊
  • 4:36 - 4:38
    (သို့) Flint က ညစ်ပတ်တဲ့ ရေတွေအကြောင်း
  • 4:38 - 4:41
    အသံပေး နှိုးဆော်တဲ့ လာမယ့်
    ပတ်ဝန်းကျင်ဆိုင်ရာ လုပ်သား
  • 4:41 - 4:43
    (သို့) လာမယ့် ငွေကြေး ဘေးကျပ်နံကျပ်
  • 4:43 - 4:45
    ကာလကို သတိပေးတဲ့ Wall Street အတွင်းလူပေါ့။
  • 4:46 - 4:50
    တကယ်တော့ ဒီကိရိယာတွေကို မှုခင်းတွေ
    ဖော်ပြတဲ့ သတ္တိရှိတဲ့ ယောက်ျား၊ မိန်းမတွေ
  • 4:50 - 4:52
    ကိုကာကွယ်ဖို့ပဲ ဆောက်တာမဟုတ်ပဲ
  • 4:52 - 4:55
    ဖွဲ့စည်းပုံအောက်က လုပ်ပိုင်ခွင့်အားလုံး
    ကိုကာကွယ်ဖို့ပါ ရည်ရွယ်တာပါ။
  • 4:55 - 4:57
    ကျေးဇူးတင်ပါတယ်။
  • 4:57 - 5:00
    (လက်ခုပ်သံများ)
Title:
စာနယ်ဇင်း လွတ်လပ်ခွင့် ဆိုတာဟာ ဘယ်လောက်များ လွတ်လပ်လို့လဲ။
Speaker:
Trevor Timm
Description:

အမေရိကန်ပြည်ထောင်စုမှာ ပထမ ပြင်ဆင်ချက်ကနေ ကာကွယ်ပေးထားတဲ့ စာနယ်ဇင်းတွေမှာ အများပြည်သူ သိဖို့လိုအပ်တဲ့ လျှို့ဝှက် သတင်းအချက်လက်တွေကို ထုတ်ဝေဖြန်ချီခွင့်တစ်ရပ်ရှိပါတယ်။ အစိုးရကနေ စောင့်ကြပ်ကြည့်ရှုမှုဟာ တရားမဝင် လျှို့ဝှက်သတင်းပေးသူတွေအတွက် (၉/၁၁ ကတည်းကစပြီး အမျိုးသား လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တိုင်းလိုလိုနဲ့ ပတ်သက်တဲ့ အထောက်အထား) သတင်းအချက်အလက်မျှဝေဖို့ တိုးကာတိုးကာ ပိုပြီး အန္တရာယ်များအောင်လုပ်ထားတာပါ၊
တိကျပြီး အသိအြမင်ပေးတဲ့ ဒီဟောပြောချက်မှာ Freedom of the Press Foundation တွဲဖက်တည်ထောင်သူနဲ့ TED ဝိုင်းတော်သားဖြစ်တဲ့ Trevor Timm ကနေပြီး ရာဇဝတ်မှုနဲ့ မတရားမှုတွေကို ဖော်ထုတ်တဲ့ တစ်ဦးချင်းတွေကို အစိုးရက အရေးယူတာရဲ့ သိပ်မကြာသေးတဲ့ သမိုင်းကို ခြေရာခံထားပြီး အဆိုပါ လူများကို လုံခြံစွာနဲ့ အမည်ဖော်ပြခြင်းမရှိပဲ လုပ်ဆောင်ဖို့ရာ ထောက်ပံ့ပေးနိုင်တဲ့ နည်းပညာကို ထောက်ခံပြောဆိုထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
05:13

Burmese subtitles

Revisions