Return to Video

ကျောက်ကပ် ကျောက်တည်မှုရဲ့ အ​ကြောင်းရင်းများ - Arash Shadman

  • 0:08 - 0:13
    ကျောက်ကပ်ထဲ တွေ့ခဲ့ရတဲ့ စံချိန်တင်
    ကျောက်ဟာ တစ်ကီလိုဂရမ်ကျော် လေးခဲ့ပါတယ်
  • 0:13 - 0:17
    ၎င်းရဲ့အချင်းဟာ ၁၇ စင်တီမီတာ ဖြစ်ခဲ့ပါတယ်။
  • 0:17 - 0:21
    အုန်းသီးအရွယ်ရှိတဲ့ အဲဒီလို ကျောက်ကို
    လူနာဟာ မျိုချခဲ့တာ မဟုတ်ပါ။
  • 0:21 - 0:23
    ကျောက်ကပ် ကျောက်တွေဟာ
    ခန္ဓာကိုယ် အတွင်းမှာ ပေါ်လာတတ်ပါတယ်၊
  • 0:23 - 0:29
    ၎င်းတို့ကို ထုတ်ယူရေးကိစ္စဟာ
    သိပ်ကို နာကျင်တတ်ပါတယ်။
  • 0:29 - 0:33
    ကျောက်ကပ် ကျောက်ဆိုတာက ကျောက်ကပ်၊
    ဆီးလမ်းကြောင်း၊ ဆီးအိမ်၊
  • 0:33 - 0:34
    ဆီးထွက်ရာ၊
  • 0:34 - 0:35
    စတဲ့နေရာတွေမှာ
  • 0:35 - 0:37
    ပေါ်လာပြီး တည်နေနိုင်ပါတယ်။
  • 0:37 - 0:40
    ဆီးထဲမှာ ကယ်လစီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယံ
  • 0:40 - 0:40
    oxalate၊
  • 0:40 - 0:41
    ပိုတက်စီယမ်,
  • 0:41 - 0:42
    oxalate,
  • 0:42 - 0:43
    uric acid နဲ့
  • 0:43 - 0:45
    ဖော့စဖိတ် စတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။
  • 0:45 - 0:48
    အဲဒီလို အမှုန်တွေရဲ့ ပါဝင်မှုနှုန်းက
    သိပ်မြင့်မလားမယ်၊
  • 0:48 - 0:52
    ဒါမှမဟုတ် ဆီးထဲ အက်စစ်ဓာတ် ပြင်းလာမယယ်
    ဒါမှမဟုတ် အခြေခံသဘောကို ဆောင်လာပါက၊
  • 0:52 - 0:57
    အဲဒီအမှုန်တွေဟာ ပေါင်းစည်းလျက်
    ဓာတ်ဆားပွင့် ဖြစ်လာနိုင်ကြပါတယ်။
  • 0:57 - 0:58
    အဲဒီပြဿနာကို မကုစားဖြစ်လျှင်၊
  • 0:58 - 1:04
    အဲဒီဓာတ်ဆားပွင့်တွေဟာ ရက်သတ္တပါတ်များ၊
    လများ ဒါမှမဟုတ် နှစ်တွေ အကြာတွင်၊
  • 1:04 - 1:08
    ရှာတွေ့လို့ရနိုင်တဲ့
    ကျောက်တုံး ဖြစ်လာပါတယ်။
  • 1:08 - 1:12
    Calcium oxalate ဟာ အဲဒီလိုနည်းဖြင့်
    အများဆုံး ပေါ်လာတတ်တဲ့ ကျောက်မျိုးပါ။
  • 1:12 - 1:17
    ကျောက်ကပ် ကျောက်တွေ အားလုံးအနက်
    ၈၀% က အဲဒါမျိုးတွေပါ။
  • 1:17 - 1:22
    ပိုတွေ့ခဲတဲ့ ဒီ့ပြင်ကျောက်ကပ် ကျောက်တွေက
    ကယ်လစီယမ်ဖော့စဖိတ်၊ ယူရစ်အက်စစ် ကျောက်ပါ။
  • 1:22 - 1:24
    နည်းနည်း ပုံစံမတူတဲ့
    ကျောက်တစ်မျိုးကျတော့
  • 1:24 - 1:28
    မဂ္ဂနီဆီယမ် အမိုနီယံ ဖော့စဖိတ် ဒါမှမဟုတ်
    struvite ဒြပ်ပေါင်းစုမှ ပေါ်လာတတ်ပြီး
  • 1:28 - 1:31
    ဘက်တီးရီးယား ရောဂါပိုးကူးစက်မှုကြောင့်
    ဖြစ်လာတတ်ပါတယ်။
  • 1:31 - 1:35
    ရှားရှားပါးပါး ကျောက်တစ်ချို့ဆိုရင်
    မျိုးရိုးဗီဇ ပြဿနာတွေကြောင့် နဲ့ အချို့သော
  • 1:35 - 1:38
    သောက်ဆေးတွေကြောင့် ပေါ်လာနိုင်ကြပါတယ်။
  • 1:38 - 1:44
    ကျောက်ကပ် ကျောက် မရွေ့မချင်း
    ရှာမတွေ့တတ်ပါဘူး။
  • 1:44 - 1:47
    ကျောက် တစ်ခုက ကျောက်ကပ်နဲ့
    ဆီးလမ်းကြောင်းကို ဖြတ်သွားတဲ့ အခါမှာ၊
  • 1:47 - 1:52
    ၎င်းရဲ့ ချွန်ထက်တဲ့ အနားတွေက
    ဆီးလမ်းကြောင်းရဲ့ နံရံတွေကို ခြစ်တတ်ပါတယ်။
  • 1:52 - 1:57
    အဲဒီ တစ်သျှူးတွေထဲက အာရုံကြောတွေက
    အရမ်းကို နာကျင်နေတဲ့ အချက်ပြမှုတွေကို
  • 1:57 - 2:00
    အာရုံကြောစနစ်ထံသို့ စေလွှတ်ကြပါတယ်။
  • 2:00 - 2:04
    ပြီးတော့ အဲဒီလို ခြစ်ရာတွေကြောင့်
    ဆီးထဲမှာ သွေးတွေပါလာနိုင်ပါတယ်။
  • 2:04 - 2:07
    အဲဒီတချိန်တည်းမှာ မအီမသာဖြစ်မှု
    လက္ခဏာတွေ၊ ပျို့အန်ချင်တဲ့ လက္ခဏာတွေ
  • 2:07 - 2:08
    တွေ့နိုင်ပါတယ်။
  • 2:08 - 2:11
    ပြီးတော့ ဆီးသွားရင်
    စပ်ဖျဉ်းဖျဉ်း နာကျင်တာ ခံစားရနိုင်ပါတယ်။
  • 2:11 - 2:15
    အဲဒီလို ကျောက်ဟာ ကြီးလွန်းလို
    ဆီးလမ်းကြောင်းကို ပိတ်ဆို့မိလိုက်ပါက၊
  • 2:15 - 2:17
    ကူးစက်ရောဂါ ဒါမှမဟုတ် နောက်ပြန်
    စီးဆင်းမှုကို ဖြစ်စေနိုင်ပြီး
  • 2:17 - 2:21
    ကျောက်ကပ်များ ကိုယ်၌ကို
    ထိခိုက်စေနိုင်ပါတယ်။
  • 2:21 - 2:24
    ဒါပေမဲ့ ကျောက်ကပ် ကျောက်အများစုက
    ပြဿနာကို မဖန်တီးကြသလို
  • 2:24 - 2:27
    စွက်ဖက် ကုသပေးရန် မလိုတတ်ပါ။
  • 2:27 - 2:30
    အချင်း ငါးမီလီမီတာထက် သေးတဲ့
    ထုထယ်မျိုးဆိုရင်
  • 2:30 - 2:34
    သူတို့ဘာသာသူတို့ ခန္ဓာကိုယ်ထဲက
    နေပြီး ထွက်သွားကြမှာပါ။
  • 2:34 - 2:37
    အဲဒီလို ထွက်သွားမှု မြန်ဆန်လာစေရန်
    ဆရာဝန်က ရေကို တအားသောက်ပေးရန်
  • 2:37 - 2:40
    အကြံပေးတတ်ပြီး နာကျင်မှု
  • 2:40 - 2:43
    သက်သာစေရန် ဆေးတချို့ကို
    သောက်ခိုင်းနိုင်ပါတယ်။
  • 2:43 - 2:47
    ကျောက်က နည်းနည်းလေး ပိုကြီးရင်၊
    alpha blocker ကဲ့သို့ ဆေးတွေက
  • 2:47 - 2:50
    ဆီးလမ်းကြောင်း တလျှောက် ကြွက်သားတွေကို
    ပြေလျော့လာစေခြင်းဖြင့်
  • 2:50 - 2:54
    ၎င်းတို့ကို လွယ်ကူစွာ ထွက်သွားအောက်
    ထောက်ကူပေးနိုင်ကြပါတယ်။
  • 2:54 - 2:56
    potassium citrate ဆိုတဲ့ နောက်ဆေး
    တစ်မျိုးကျတော့
  • 2:56 - 3:03
    ဆီးရဲ့ အက်စစ်ဓာတ်ကို လျှော့ချပေးခြင်းဖြင့်
    ကျောက်တွေ ကျေပျက်သွားစေနိုင်ပါတယ်။
  • 3:03 - 3:06
    တစ်ဆယ်မီလီမီတာအထိ ရှိကြတဲ့ အလတ်စား
    ကျောက်များကိစ္စမျိုးမှာ၊
  • 3:06 - 3:11
    တစ်ခုလုပ်နိုင်တာက အသံလှိုင်းများဖြင့်
    ချေဖျက်ပစ်မှု ဖြစ်ပါတယ်။
  • 3:11 - 3:16
    ကျောက်ဆီကို တိုက်ရိုက် ဦးတည်ပေးထားတဲ့
    အသံလွန်စွမ်းအင်တွေရဲ့
  • 3:16 - 3:22
    Extracorporeal shock wave lithotripsy
    ကို သုံးရနိုင်ပါတယ်။
  • 3:22 - 3:25
    အဲဒါက ကျောက်ကိုယ်၌ထဲမှာကို
    တုန်ခါမှုကို ဖန်တီးပေးလျက်
  • 3:25 - 3:29
    ပူဖောင်းလေးတွေဖြင့် ထိုးဆွပေးပါတယ်။
  • 3:29 - 3:33
    အဲဒီလို စွမ်းအားတွေကို ပေါင်းစပ်လိုက်မှုက
    ကျောက်ကို သေးအောင် ကျိတ်ခွဲပစ်ပါတယ်။
  • 3:33 - 3:37
    ၎င်းတို့ဟာ ခန္ဓာကိုယ်ထဲကနေပြီး
    ပိုလွယ်ကူစွာ ထွက်သွားနိုင်ကြမှာပါ။
  • 3:37 - 3:40
    ဒါပေမဲ့ ကျောက်က သိပ်ကိုကြီးနေရင်
    အသံနည်းဖြင့် ကျိတ်ခွဲနည်းဟာ
  • 3:40 - 3:43
    အလုပ်ကောင်းကောင်း မဖြစ်နိုင်ပါ။
  • 3:43 - 3:47
    အဲဒါကြောင့် တခါတရံတွင်
    ဆေးကုသမှုများဖြင့် ကူးပေးရန် လိုပါမယ်။
  • 3:47 - 3:53
    စတင့်ခေါ် အမာစားပြွန်လေးကို ဆီးလမ်း
    ကြောင်းမှာ ထည့်ပေးပြီး ချဲ့ပေးနိုင်ပါတယ်။
  • 3:53 - 3:58
    ကျောက်ကို ခွဲစိတ်ပစ်ရန် optical အမျှင်နဲ့
    လေဆာစေ့ဆော်ချက်ကို ပို့လွှတ်နိုင်ပါတယ်။
  • 3:58 - 4:01
    ကျောက်တွေကို ခွဲစိတ်နည်းဖြင့်လည်း
    ထုတ်ယူပေးလို့ ရနိုင်ပါသေးတယ်။
  • 4:01 - 4:04
    လူနာရဲ့ နောက်ကျော ဒါမှဟမုတ် ပေါင်ခြံထဲမှ
    ခွဲစိတ်ရနိုင်ပါတယ်။
  • 4:04 - 4:08
    အဲဒီလို ကျောက်ကပ် ကျောက်တွေ ဖြစ်မလာ
    အောင် ရှောင်ရှားလို့ကို မရနိုင်ဘူးလား။
  • 4:08 - 4:10
    အဲဒီလို ဖြစ်ဖို့ အလားအလာရှိပုံရသူကို
  • 4:10 - 4:13
    ဆရာဝန်တွေက ရေကို များများ
    သောက်ပေးဖို့ အကြံပြုပါလိမ့်မယ်၊
  • 4:13 - 4:16
    နာကျင်ဖွယ်ရာ ကျောက်တွေကို
    ဖန်တီးပေးကြတဲ့ calcium oxalate နဲ့
  • 4:16 - 4:21
    အခြားဒြပ်ပေါင်းတွေထဲ ရေကို
    ထည့်ရောပေးကြပါလိမ့်မယ်။
  • 4:21 - 4:22
    အာလူးကြော်၊
  • 4:22 - 4:23
    ဟင်းနုနွယ်ရွက်၊
  • 4:23 - 4:24
    ရူဗတ်၊
  • 4:24 - 4:26
    နဲ့ သကြားမုန်လာ လိုအရာများထဲမှာ
    oxalate များတတ်လို့၊
  • 4:26 - 4:30
    ဆရာဝန်တွေက စားသုံးမှု
    ကန့်သတ်ရန် အကြံပေးပါလိမ့်မယ်။
  • 4:30 - 4:32
    ခုနက ကျောက်တွေထဲမှာ ကယ်လစီယမ်ကို
    မကြာခဏ တွေ့ရတတ်ပေမဲ့၊
  • 4:32 - 4:36
    အစားအစာနဲ့ ယမကာများထဲက
    ကယ်လစီယမ်ကျတော့ လက်တွေ့တွင်
  • 4:36 - 4:39
    အစားလမ်းကြောင်း တလျှောက်မှာ
    oxalate အနေနဲ့
  • 4:39 - 4:43
    ကျောက်ကပ်ဆီကို မရောက်မီတွင်
    စုပ်ယူပစ်ခြင်းဖြင့် ကူပေးနိုင်ပါတယ်။
  • 4:43 - 4:46
    ခင်ဗျားဆီမှာ ကျောက်ကပ် ကျောက် တွေ့ရလျှင်
    ခင်ဗျားဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။
  • 4:46 - 4:49
    ကျောက်တည်မှုနှုန်းဟာ မြင့်တက်လာနေကြောင်း
    ဒေတာက ထောက်ပြနေပေမဲ့၊
  • 4:49 - 4:54
    ကမ္ဘာ့စံချိန်ကိုတော့ အနီးဆုံး အနာဂတ်တွင်
    ရိုက်ချိုးဖြစ်မယ်လို့ မထင်ရပါဘူး။
Title:
ကျောက်ကပ် ကျောက်တည်မှုရဲ့ အ​ကြောင်းရင်းများ - Arash Shadman
Description:

သင်ခန်းစာ အပြည့်အစုံကို ကြည့်ရန် - http://ed.ted.com/lessons/what-causes-kidney-stones-arash-shadman

ကျောက်ကပ်ထဲ တွေ့ခဲ့ရတဲ့ စံချိန်တင် ကျောက်ဟာ တစ်ကီလိုဂရမ်ကျော် လေးခဲ့ပြီး အချင်း ၁၇ စင်တီမီတာ ကျော်ခဲ့ပါတယ်။ အုန်းသီးအရွယ်ရှိတဲ့ အဲဒီလို ကျောက်ကို လူနာဟာ မျိုချခဲ့တာ မဟုတ်ပါ၊ ကျောက်ကပ် ကျောက်ဆိုတာ ခန္ဓာကိုယ် အတွင်းမှာ ပေါ်လာတတ်တာပါ။ ဒီတော့ ၎င်းတို့ အဲဒီလို ကြီးလာကြတာ ဘာကြောင့်လဲ၊ ပြီးတော့ ၎င်းတို့ ထွက်တဲ့ အခါမှာ အရမ်းကို နာကျင်တာက ဘာကြောင့်လဲ။ Arash Shadman အဲဒီ ကျောက်ကပ် ကျောက်တွေ အကြောင်းကို သိပ္ပံနည်းကျကျနဲ့ ရှင်းပြပေးထားပါတယ်။

Arash Shadman ရဲ့ သင်ခန်းစာကို TED-Ed အဖွဲ့က လှုပ်ရှားပုံများဖြင့် တက်ဆင်ပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:15

Burmese subtitles

Revisions