1 00:00:08,243 --> 00:00:12,673 ကျောက်ကပ်ထဲ တွေ့ခဲ့ရတဲ့ စံချိန်တင် ကျောက်ဟာ တစ်ကီလိုဂရမ်ကျော် လေးခဲ့ပါတယ် 2 00:00:12,673 --> 00:00:16,765 ၎င်းရဲ့အချင်းဟာ ၁၇ စင်တီမီတာ ဖြစ်ခဲ့ပါတယ်။ 3 00:00:16,765 --> 00:00:20,643 အုန်းသီးအရွယ်ရှိတဲ့ အဲဒီလို ကျောက်ကို လူနာဟာ မျိုချခဲ့တာ မဟုတ်ပါ။ 4 00:00:20,643 --> 00:00:23,464 ကျောက်ကပ် ကျောက်တွေဟာ ခန္ဓာကိုယ် အတွင်းမှာ ပေါ်လာတတ်ပါတယ်၊ 5 00:00:23,464 --> 00:00:28,704 ၎င်းတို့ကို ထုတ်ယူရေးကိစ္စဟာ သိပ်ကို နာကျင်တတ်ပါတယ်။ 6 00:00:28,704 --> 00:00:33,245 ကျောက်ကပ် ကျောက်ဆိုတာက ကျောက်ကပ်၊ ဆီးလမ်းကြောင်း၊ ဆီးအိမ်၊ 7 00:00:33,245 --> 00:00:34,345 ဆီးထွက်ရာ၊ 8 00:00:34,345 --> 00:00:35,254 စတဲ့နေရာတွေမှာ 9 00:00:35,254 --> 00:00:36,846 ပေါ်လာပြီး တည်နေနိုင်ပါတယ်။ 10 00:00:36,846 --> 00:00:39,595 ဆီးထဲမှာ ကယ်လစီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယံ 11 00:00:39,595 --> 00:00:40,485 oxalate၊ 12 00:00:40,485 --> 00:00:41,387 ပိုတက်စီယမ်, 13 00:00:41,387 --> 00:00:42,406 oxalate, 14 00:00:42,406 --> 00:00:43,476 uric acid နဲ့ 15 00:00:43,476 --> 00:00:45,487 ဖော့စဖိတ် စတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ 16 00:00:45,487 --> 00:00:48,017 အဲဒီလို အမှုန်တွေရဲ့ ပါဝင်မှုနှုန်းက သိပ်မြင့်မလားမယ်၊ 17 00:00:48,017 --> 00:00:51,725 ဒါမှမဟုတ် ဆီးထဲ အက်စစ်ဓာတ် ပြင်းလာမယယ် ဒါမှမဟုတ် အခြေခံသဘောကို ဆောင်လာပါက၊ 18 00:00:51,725 --> 00:00:56,635 အဲဒီအမှုန်တွေဟာ ပေါင်းစည်းလျက် ဓာတ်ဆားပွင့် ဖြစ်လာနိုင်ကြပါတယ်။ 19 00:00:56,635 --> 00:00:58,316 အဲဒီပြဿနာကို မကုစားဖြစ်လျှင်၊ 20 00:00:58,316 --> 00:01:03,907 အဲဒီဓာတ်ဆားပွင့်တွေဟာ ရက်သတ္တပါတ်များ၊ လများ ဒါမှမဟုတ် နှစ်တွေ အကြာတွင်၊ 21 00:01:03,907 --> 00:01:08,116 ရှာတွေ့လို့ရနိုင်တဲ့ ကျောက်တုံး ဖြစ်လာပါတယ်။ 22 00:01:08,116 --> 00:01:12,214 Calcium oxalate ဟာ အဲဒီလိုနည်းဖြင့် အများဆုံး ပေါ်လာတတ်တဲ့ ကျောက်မျိုးပါ။ 23 00:01:12,214 --> 00:01:16,657 ကျောက်ကပ် ကျောက်တွေ အားလုံးအနက် ၈၀% က အဲဒါမျိုးတွေပါ။ 24 00:01:16,657 --> 00:01:21,708 ပိုတွေ့ခဲတဲ့ ဒီ့ပြင်ကျောက်ကပ် ကျောက်တွေက ကယ်လစီယမ်ဖော့စဖိတ်၊ ယူရစ်အက်စစ် ကျောက်ပါ။ 25 00:01:21,708 --> 00:01:23,777 နည်းနည်း ပုံစံမတူတဲ့ ကျောက်တစ်မျိုးကျတော့ 26 00:01:23,777 --> 00:01:27,528 မဂ္ဂနီဆီယမ် အမိုနီယံ ဖော့စဖိတ် ဒါမှမဟုတ် struvite ဒြပ်ပေါင်းစုမှ ပေါ်လာတတ်ပြီး 27 00:01:27,528 --> 00:01:31,258 ဘက်တီးရီးယား ရောဂါပိုးကူးစက်မှုကြောင့် ဖြစ်လာတတ်ပါတယ်။ 28 00:01:31,258 --> 00:01:35,169 ရှားရှားပါးပါး ကျောက်တစ်ချို့ဆိုရင် မျိုးရိုးဗီဇ ပြဿနာတွေကြောင့် နဲ့ အချို့သော 29 00:01:35,169 --> 00:01:38,489 သောက်ဆေးတွေကြောင့် ပေါ်လာနိုင်ကြပါတယ်။ 30 00:01:38,489 --> 00:01:44,099 ကျောက်ကပ် ကျောက် မရွေ့မချင်း ရှာမတွေ့တတ်ပါဘူး။ 31 00:01:44,099 --> 00:01:47,428 ကျောက် တစ်ခုက ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းကို ဖြတ်သွားတဲ့ အခါမှာ၊ 32 00:01:47,428 --> 00:01:52,469 ၎င်းရဲ့ ချွန်ထက်တဲ့ အနားတွေက ဆီးလမ်းကြောင်းရဲ့ နံရံတွေကို ခြစ်တတ်ပါတယ်။ 33 00:01:52,469 --> 00:01:57,481 အဲဒီ တစ်သျှူးတွေထဲက အာရုံကြောတွေက အရမ်းကို နာကျင်နေတဲ့ အချက်ပြမှုတွေကို 34 00:01:57,481 --> 00:01:59,802 အာရုံကြောစနစ်ထံသို့ စေလွှတ်ကြပါတယ်။ 35 00:01:59,802 --> 00:02:03,582 ပြီးတော့ အဲဒီလို ခြစ်ရာတွေကြောင့် ဆီးထဲမှာ သွေးတွေပါလာနိုင်ပါတယ်။ 36 00:02:03,582 --> 00:02:06,892 အဲဒီတချိန်တည်းမှာ မအီမသာဖြစ်မှု လက္ခဏာတွေ၊ ပျို့အန်ချင်တဲ့ လက္ခဏာတွေ 37 00:02:06,892 --> 00:02:07,734 တွေ့နိုင်ပါတယ်။ 38 00:02:07,734 --> 00:02:11,144 ပြီးတော့ ဆီးသွားရင် စပ်ဖျဉ်းဖျဉ်း နာကျင်တာ ခံစားရနိုင်ပါတယ်။ 39 00:02:11,144 --> 00:02:14,594 အဲဒီလို ကျောက်ဟာ ကြီးလွန်းလို ဆီးလမ်းကြောင်းကို ပိတ်ဆို့မိလိုက်ပါက၊ 40 00:02:14,594 --> 00:02:17,472 ကူးစက်ရောဂါ ဒါမှမဟုတ် နောက်ပြန် စီးဆင်းမှုကို ဖြစ်စေနိုင်ပြီး 41 00:02:17,472 --> 00:02:21,253 ကျောက်ကပ်များ ကိုယ်၌ကို ထိခိုက်စေနိုင်ပါတယ်။ 42 00:02:21,253 --> 00:02:24,124 ဒါပေမဲ့ ကျောက်ကပ် ကျောက်အများစုက ပြဿနာကို မဖန်တီးကြသလို 43 00:02:24,124 --> 00:02:27,353 စွက်ဖက် ကုသပေးရန် မလိုတတ်ပါ။ 44 00:02:27,353 --> 00:02:30,157 အချင်း ငါးမီလီမီတာထက် သေးတဲ့ ထုထယ်မျိုးဆိုရင် 45 00:02:30,157 --> 00:02:33,685 သူတို့ဘာသာသူတို့ ခန္ဓာကိုယ်ထဲက နေပြီး ထွက်သွားကြမှာပါ။ 46 00:02:33,685 --> 00:02:37,415 အဲဒီလို ထွက်သွားမှု မြန်ဆန်လာစေရန် ဆရာဝန်က ရေကို တအားသောက်ပေးရန် 47 00:02:37,415 --> 00:02:39,895 အကြံပေးတတ်ပြီး နာကျင်မှု 48 00:02:39,895 --> 00:02:43,385 သက်သာစေရန် ဆေးတချို့ကို သောက်ခိုင်းနိုင်ပါတယ်။ 49 00:02:43,385 --> 00:02:47,165 ကျောက်က နည်းနည်းလေး ပိုကြီးရင်၊ alpha blocker ကဲ့သို့ ဆေးတွေက 50 00:02:47,165 --> 00:02:50,326 ဆီးလမ်းကြောင်း တလျှောက် ကြွက်သားတွေကို ပြေလျော့လာစေခြင်းဖြင့် 51 00:02:50,326 --> 00:02:54,126 ၎င်းတို့ကို လွယ်ကူစွာ ထွက်သွားအောက် ထောက်ကူပေးနိုင်ကြပါတယ်။ 52 00:02:54,126 --> 00:02:56,406 potassium citrate ဆိုတဲ့ နောက်ဆေး တစ်မျိုးကျတော့ 53 00:02:56,406 --> 00:03:02,987 ဆီးရဲ့ အက်စစ်ဓာတ်ကို လျှော့ချပေးခြင်းဖြင့် ကျောက်တွေ ကျေပျက်သွားစေနိုင်ပါတယ်။ 54 00:03:02,987 --> 00:03:06,197 တစ်ဆယ်မီလီမီတာအထိ ရှိကြတဲ့ အလတ်စား ကျောက်များကိစ္စမျိုးမှာ၊ 55 00:03:06,197 --> 00:03:10,577 တစ်ခုလုပ်နိုင်တာက အသံလှိုင်းများဖြင့် ချေဖျက်ပစ်မှု ဖြစ်ပါတယ်။ 56 00:03:10,577 --> 00:03:16,226 ကျောက်ဆီကို တိုက်ရိုက် ဦးတည်ပေးထားတဲ့ အသံလွန်စွမ်းအင်တွေရဲ့ 57 00:03:16,226 --> 00:03:21,708 Extracorporeal shock wave lithotripsy ကို သုံးရနိုင်ပါတယ်။ 58 00:03:21,708 --> 00:03:25,369 အဲဒါက ကျောက်ကိုယ်၌ထဲမှာကို တုန်ခါမှုကို ဖန်တီးပေးလျက် 59 00:03:25,369 --> 00:03:29,149 ပူဖောင်းလေးတွေဖြင့် ထိုးဆွပေးပါတယ်။ 60 00:03:29,149 --> 00:03:33,127 အဲဒီလို စွမ်းအားတွေကို ပေါင်းစပ်လိုက်မှုက ကျောက်ကို သေးအောင် ကျိတ်ခွဲပစ်ပါတယ်။ 61 00:03:33,127 --> 00:03:37,149 ၎င်းတို့ဟာ ခန္ဓာကိုယ်ထဲကနေပြီး ပိုလွယ်ကူစွာ ထွက်သွားနိုင်ကြမှာပါ။ 62 00:03:37,149 --> 00:03:40,108 ဒါပေမဲ့ ကျောက်က သိပ်ကိုကြီးနေရင် အသံနည်းဖြင့် ကျိတ်ခွဲနည်းဟာ 63 00:03:40,108 --> 00:03:42,565 အလုပ်ကောင်းကောင်း မဖြစ်နိုင်ပါ။ 64 00:03:42,565 --> 00:03:47,050 အဲဒါကြောင့် တခါတရံတွင် ဆေးကုသမှုများဖြင့် ကူးပေးရန် လိုပါမယ်။ 65 00:03:47,050 --> 00:03:53,071 စတင့်ခေါ် အမာစားပြွန်လေးကို ဆီးလမ်း ကြောင်းမှာ ထည့်ပေးပြီး ချဲ့ပေးနိုင်ပါတယ်။ 66 00:03:53,071 --> 00:03:57,550 ကျောက်ကို ခွဲစိတ်ပစ်ရန် optical အမျှင်နဲ့ လေဆာစေ့ဆော်ချက်ကို ပို့လွှတ်နိုင်ပါတယ်။ 67 00:03:57,550 --> 00:04:00,980 ကျောက်တွေကို ခွဲစိတ်နည်းဖြင့်လည်း ထုတ်ယူပေးလို့ ရနိုင်ပါသေးတယ်။ 68 00:04:00,980 --> 00:04:04,489 လူနာရဲ့ နောက်ကျော ဒါမှဟမုတ် ပေါင်ခြံထဲမှ ခွဲစိတ်ရနိုင်ပါတယ်။ 69 00:04:04,489 --> 00:04:07,991 အဲဒီလို ကျောက်ကပ် ကျောက်တွေ ဖြစ်မလာ အောင် ရှောင်ရှားလို့ကို မရနိုင်ဘူးလား။ 70 00:04:07,991 --> 00:04:09,821 အဲဒီလို ဖြစ်ဖို့ အလားအလာရှိပုံရသူကို 71 00:04:09,821 --> 00:04:12,600 ဆရာဝန်တွေက ရေကို များများ သောက်ပေးဖို့ အကြံပြုပါလိမ့်မယ်၊ 72 00:04:12,600 --> 00:04:15,651 နာကျင်ဖွယ်ရာ ကျောက်တွေကို ဖန်တီးပေးကြတဲ့ calcium oxalate နဲ့ 73 00:04:15,651 --> 00:04:20,615 အခြားဒြပ်ပေါင်းတွေထဲ ရေကို ထည့်ရောပေးကြပါလိမ့်မယ်။ 74 00:04:20,615 --> 00:04:21,878 အာလူးကြော်၊ 75 00:04:21,878 --> 00:04:22,932 ဟင်းနုနွယ်ရွက်၊ 76 00:04:22,932 --> 00:04:23,744 ရူဗတ်၊ 77 00:04:23,744 --> 00:04:26,280 နဲ့ သကြားမုန်လာ လိုအရာများထဲမှာ oxalate များတတ်လို့၊ 78 00:04:26,280 --> 00:04:29,847 ဆရာဝန်တွေက စားသုံးမှု ကန့်သတ်ရန် အကြံပေးပါလိမ့်မယ်။ 79 00:04:29,847 --> 00:04:32,432 ခုနက ကျောက်တွေထဲမှာ ကယ်လစီယမ်ကို မကြာခဏ တွေ့ရတတ်ပေမဲ့၊ 80 00:04:32,432 --> 00:04:36,281 အစားအစာနဲ့ ယမကာများထဲက ကယ်လစီယမ်ကျတော့ လက်တွေ့တွင် 81 00:04:36,281 --> 00:04:39,101 အစားလမ်းကြောင်း တလျှောက်မှာ oxalate အနေနဲ့ 82 00:04:39,101 --> 00:04:42,593 ကျောက်ကပ်ဆီကို မရောက်မီတွင် စုပ်ယူပစ်ခြင်းဖြင့် ကူပေးနိုင်ပါတယ်။ 83 00:04:42,593 --> 00:04:46,222 ခင်ဗျားဆီမှာ ကျောက်ကပ် ကျောက် တွေ့ရလျှင် ခင်ဗျားဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ 84 00:04:46,222 --> 00:04:49,163 ကျောက်တည်မှုနှုန်းဟာ မြင့်တက်လာနေကြောင်း ဒေတာက ထောက်ပြနေပေမဲ့၊ 85 00:04:49,163 --> 00:04:53,602 ကမ္ဘာ့စံချိန်ကိုတော့ အနီးဆုံး အနာဂတ်တွင် ရိုက်ချိုးဖြစ်မယ်လို့ မထင်ရပါဘူး။