Return to Video

တရုတ် မြေနီထည် စစ်သည်တော်များရဲ့ မယုံနိုင်စရာ သမိုင်း။ Megan Campisi and Pen-Pen Chen

  • 0:10 - 0:12
    သေပြီးနောက် ဘာဖြစ်သွားလဲ။
  • 0:12 - 0:14
    အေးငြိမ်းတဲ့ သုခဘုံတစ်ခု ရှိလား။
  • 0:14 - 0:15
    ထာဝရ ညှဉ်းပန်းမှုလား။
  • 0:15 - 0:17
    ဘဝ တစ်ဖန်ဖြစ်ခြင်းလား။
  • 0:17 - 0:20
    (သို့) ဖြစ်နိုင်တာက နတ္ထိလား။
  • 0:20 - 0:24
    ကောင်းပြီ။ တရုတ် ဧကရာဇ်တစ်ပါး တွေးတာကတော့
    တမလွန်က ဘာဖြစ်ဖြစ်
  • 0:24 - 0:26
    စစ်တပ်တစ်တပ်
    ခေါ်ဆောင်တာက ပိုနေသာတယ်တဲ့။
  • 0:26 - 0:28
    ဒါကို သိတာက ၁၉၇၄ ခုနှစ်မှာ လယ်သမားတွေဟာ
  • 0:28 - 0:30
    ရွာလေးတစ်ရွာ အနီးက ရေတွင်း
    တစ်တွင်းကို တူးဖော်ရင်း
  • 0:30 - 0:35
    ရှေးဟောင်းသုသေသန သမိုင်းမှ အရေးပါဆုံး
    တွေ့ရှိမှုတစ်ခုကို အမှတ်မထင် တွေ့ခဲ့တယ်၊
  • 0:35 - 0:38
    တိုက်ပွဲအတွက် အသင့်ဖြစ်နေတဲ့ ပကတိအရွယ်
    မြေစေး စစ်သား ၈၀၀၀ ကျော်ပါဝင်တဲ့
  • 0:38 - 0:44
    တရုတ်ဧကရာဇ်ရဲ့ သင်္ချိုင်းကို ဝန်းရံနေတဲ့
    ဧရာမ မြေအောက် ခန်းဆောင်တွေပါ။
  • 0:44 - 0:47
    မြေအောက် စစ်တပ်ရဲ့ဇာတ်လမ်းက
    ခရစ်နှစ်မတိုင်မီ ၂၄၆ က
  • 0:47 - 0:51
    အသက် ၁၃ နှစ်မှာ Qin ပြည်နယ်ရဲ့
    ဘုရင်အဖြစ် အာဏာရလာတဲ့
  • 0:51 - 0:53
    Ying Zhengနဲ့ စခဲ့တာပါ။
  • 0:53 - 0:54
    ရည်မှန်းချက်ကြီးပြီး ရက်စက်တဲ့
  • 0:54 - 0:57
    သူဟာ စစ်ဖြစ်နေတဲ့ တိုင်းနိုင်ငံ
    ခုနှစ်ခုကို စုစည်းပြီးနောက်
  • 0:57 - 1:01
    တရုတ်ပြည်ရဲ့ ပထမဆုံး ဧကရာဇ်
    ဖြစ်လာတဲ့အထိ ဆက်သွားခဲ့တယ်။
  • 1:01 - 1:05
    သူ့ရဲ့ ၃၆ နှစ်တာ အုပ်စိုးမှုမှာ
    အချိန်အတွယ်၊ အတိုင်းအတာတွေရဲ့
  • 1:05 - 1:07
    အများသုံး စနစ်တွေ၊ တရုတ်ပြည်အားလုံး
    အတွက် စံတစ်ခုတည်း
  • 1:07 - 1:11
    သတ်မှတ်ထားတဲ့ အက္ခရာ၊
    မဟာတံတိုင်းလို့ နောင်မှာ သိလာမယ့်
  • 1:11 - 1:16
    ကာကွယ်ရေး အတားအဆီးတစ်ခု အပါအဝင်
    သမိုင်းတွင်တဲ့ အောင်မြင်မှုတွေ တွေ့ရတယ်။
  • 1:16 - 1:19
    ဒါပေမဲ့ ဖြစ်နိုင်တာက Qin Shi Huangdi
    သမိုင်းအမွေကာကွယ်ရာမှာ
  • 1:19 - 1:21
    အားထုတ်မှု အမြောက်အမြား မြှုပ်နှံခဲ့တာက
  • 1:21 - 1:24
    သူဟာ သူ့သေခြင်းနဲ့ ဥပါဒါန်ဖြစ်ခဲ့လို့ပါ။
  • 1:24 - 1:27
    သူ့နောက်ဆုံးနှစ်တွေမှာ အဂ္ဂိရတ်ဆရာတွေကို
    အရူးအမူး ခန့်အပ်ရင်း၊
  • 1:27 - 1:30
    သူ့ကို အမတအဖြစ် ရောက်ရှိဖို့
    ကူညီမယ့် သက်စောင့်ဆေး ရှာဖွေရေးမှာ
  • 1:30 - 1:33
    ခရီးသွားအဖွဲ့တွေကို တပ်ဖြန့်ရင်း
    ကုန်ဆုံးခဲ့တယ်။
  • 1:33 - 1:35
    သူ့အုပ်စိုးမှု ပထမနှစ် အစောပိုင်းကကို
  • 1:35 - 1:38
    အထိမ်းအမှတ်တွေ၊ ရှေးအသုံးအဆောင်တွေ
    နောက်ဘဝမှာ သူနဲ့ အဖော်လိုက်ပါပြီး
  • 1:38 - 1:41
    သူ့အုပ်ချုပ်မှု ဆက်ရှိဖို့ တပ်တစ်တပ်နဲ့
  • 1:41 - 1:44
    ဖြည့်ထားတဲ့ ဧရာမ မြေအောက်
    ရှေးသင်္ချိုင်းကြီးတစ်ခု
  • 1:44 - 1:46
    ဆောက်လုပ်မှုနဲ့ စတင်ခဲ့တယ်။
  • 1:46 - 1:50
    ခမ်းနားလှတဲ့ စစ်တပ်ဟာ တိကျတဲ့
    တိုက်ပွဲဝင် အနေအထားမှာ ရပ်နေဆဲဖြစ်ပြီး
  • 1:50 - 1:52
    တွင်းပေါင်းမျာစွာ အနှံ့ ခွဲထားတယ်။
  • 1:52 - 1:55
    တစ်တွင်းက စစ်သည် ၆၀၀၀ ပါတဲ့
    ပင်မ တပ်မတစ်ခုပါ။
  • 1:55 - 1:58
    တစ်ခုစီက ပေါင်ချိန် ရာပေါင်းများစွာ
    အလေးချိန်စီးတယ်။
  • 1:58 - 2:03
    ဒုတိယတစ်ခုက စစ်ရထား ၁၃၀ ကျော်နဲ့
    မြင်း ၆၀၀ ကျော်ရှိပြီး
  • 2:03 - 2:06
    တတိယတစ်ခုက အဆင့်မြင့်
    ဌာနချုပ်ကို ထည့်ထားတယ်။
  • 2:06 - 2:09
    စတုတ္ထ ဗလာတွင်းတစ်ခုက
    ဒီမဟာ စီမံကိန်းကြီးက
  • 2:09 - 2:11
    ဧကရာဇ်မကွယ်လွန်မီ မပြီးစီး
    နိုင်ခဲ့တာကို ညွှန်းပါတယ်။
  • 2:11 - 2:16
    ထပ်မံပြီး အနီးအနားရှိ ခန်းမဆောင်တွေမှာ
    ဂီတပညာရှင်တွေနဲ့ ကျွမ်းဘားသမားတွေ၊
  • 2:16 - 2:18
    အလုပ်သမားတွေ၊အစိုးရအရာရှိတွေနဲ့
    ဆန်းပြားတဲ့
  • 2:18 - 2:20
    တိရစ္ဆာန်တွေရဲ့
    ရုပ်တုငယ်တွေ ပါဝင်တယ်။
  • 2:20 - 2:23
    ဧကရာဇ် Qin ဟာ စစ်ပွဲ သက်သက် ဆင်နွဲတယ်
    ဆိုတာထက် နောင်ဘဝအတွက်
  • 2:23 - 2:25
    နောက်ထပ် အစီအစဉ်တွေရှိတာကို ညွှန်ပြနေတာပါ။
  • 2:25 - 2:29
    ရုပ်တုငယ်အားလုံးကို နီညိုရောင်
    မြေစေးတစ်မျိုးဖြစ်တဲ့ မြေနီထည်
  • 2:29 - 2:32
    (သို့) မီးဖုတ် မြေသားကနေ
    ထုလုပ်ထားတယ်။
  • 2:32 - 2:37
    ဒါတွေ ဆောက်ဖို့ များစွာသောအလုပ်ရုံတွေနဲ့
    အပြောအရအလုပ်ကြမ်းသမား ၇၂၀၀၀၀ကျော်ဟာ
  • 2:37 - 2:39
    ဧကရာဇ်ရဲ့ ချောဆွဲတာခံရတယ်။
  • 2:39 - 2:43
    ဧကရာဇ်ရဲ့ စစ်တပ်ထဲက တကယ် ရဲမက်တွေအတိုင်း
    ရုပ်တုတွေကို တည်ဆောက်ဖို့
  • 2:43 - 2:48
    ကိုယ်ထည်တစ်ပိုင်းစီကို သီးခြားပုံသွင်းသူ
    လက်မှုပညာသည်အုပ်စုတွေ အပါအဝင်ပါ။
  • 2:48 - 2:50
    သူတို့ဟာ ရာထူးအရ မတ်တတ်ရပ်ကာ
  • 2:50 - 2:53
    မတူညီတဲ့ လက်နက်တွေ၊
    ဝတ်စုံတွေ၊ သိသာတဲ့
  • 2:53 - 2:54
    ဆံပင်ပုံစံတွေ မျက်နှာ အမူအရာတွေနဲ့
  • 2:54 - 2:57
    ထူးခြားတဲ့ နားရွက်တွေကိုတောင်
    ဖော်ပြတယ်။
  • 2:57 - 3:00
    မူလက ရဲမက်တစ်ဦးစီကို အရောင်
    တောက်တောက်တွေနဲ့ ဆေးခြယ်ခဲ့ပေမဲ့
  • 3:00 - 3:03
    လေနဲ့ ထိတွေ့မှုက ဆေးသားကို
    ခြောက်သွေ့၊ ကွာကျစေကာ
  • 3:03 - 3:06
    မြေနီထည် အောက်ခံ သက်သက်ပဲ ကျန်နေတယ်။
  • 3:06 - 3:10
    ဒီအကြောင်းပြချက်အတွက် တစ်မိုင် မရှိတရှိ
    အကွာက နောက်ထပ် ခန်းမဆောင်ကို
  • 3:10 - 3:11
    မတူးဖော်ရသေးတာပါ။
  • 3:11 - 3:15
    ဒါက Qin Shi Huangdi ရဲ့ အုတ်ဂူ အစစ်ပါ။
  • 3:15 - 3:18
    အဖိုးတန် ကျောက်မျက်တွေနဲ့ ရှေးအသုံး
    အဆောင်တွေနဲ့ ကြေးတောင်တန်းတွေကို
  • 3:18 - 3:23
    ဖြတ်စီးနေတဲ့ ပြဒါးမြစ်တွေ
    တောင်ပါတယ်လို့ ဆိုကြတယ်။
  • 3:23 - 3:27
    ဒါပေမဲ့ အတွင်းရတနာတွေကို မထိခိုက်ဘဲ
    ဒါကို ဖော်ထုတ်ဖို့ နည်းတစ်ခု မတွေ့ခင်အထိ
  • 3:27 - 3:30
    အုတ်ဂူဟာ ပိတ်လျှက် ရှိနေပါတယ်။
  • 3:30 - 3:34
    နောက်ဆုံး ခရီးအတွက် အပေါင်းအဖော်
    လိုချင်တာက ဧကရာဇ် Qin တစ်ဦးတည်မဟုတ်ပါဘူး။
  • 3:34 - 3:39
    ရှေးအီဂျစ် အုတ်ဂူတွေမှာ စိတ်ကူးယဉ် နောင်ဘဝ
    ကိုယ်စားပြု မြေစေး ရုပ်တုငယ်တွေ ပါဝင်တယ်။
  • 3:39 - 3:42
    ဂျပန်ရဲ့ Kofun ကာလ သေသူတွေကို
    မြင်းတွေ၊ အိမ်တွေရဲ့
  • 3:42 - 3:44
    ရုပ်တုတွေနဲ့အတူ မြေမြှုပ်ပြီး
  • 3:44 - 3:47
    မက်ဆီကန် ကမ်းလွန်က​ြ
    Jaina ကျွန်းရဲ့ အုတ်ဂူတွေဟာ
  • 3:47 - 3:49
    ကြွေထည် ရုပ်တုငယ်တွေနဲ့ ပြည့်နေတယ်။
  • 3:49 - 3:51
    ကံကောင်းတော့ ရက်စက်တဲ့သူ ဖြစ်တဲ့အတိုင်း
  • 3:51 - 3:55
    ဧကရာဇ် Qin ဟာ အီဂျစ်၊ အနောက် အာဖရိက၊
    အနာတိုလီယာနဲ့ မြောက်အမေရိက အပိုင်းတွေနဲ့
  • 3:55 - 3:58
    အရင် Shang နဲ့ Zhou မင်းဆက်တွေအတွင်း
    တရုတ်မှာတောင် ကျင့်သုံးခဲ့သလို
  • 3:58 - 4:02
    သူ့နဲ့အတူလိုက်ပါဖို့ ရှင်နေတဲ့သူတွေကို
    စတေးခြင်းထက်
  • 4:02 - 4:04
    ဒီရည်ရွယ်ချက်အတွက်
  • 4:04 - 4:08
    အလုပ်အကျွေးတွေနဲ့ စစ်သည်တွေကို
    တည်ဆောက်ခိုင်းဖို့ ​ေရွးချယ်တာပါ။
  • 4:08 - 4:12
    ယနေ့ တစ်ကမ္ဘာလုံးက လူတွေဟာ ဒီကြံ့ခိုင်
    တဲ့စစ်သည်တွေကို ကြည့်ဖို ခရီးထွက်ကြတယ်။
  • 4:12 - 4:16
    လာမယ့်ရာစုတွေအတွက် သူတို့ရဲ့ စစ်ပွဲ
    အမိန့်တွေကို တိတ်တိတ်လေး စောင့်ရင်းပေါ့။
Title:
တရုတ် မြေနီထည် စစ်သည်တော်များရဲ့ မယုံနိုင်စရာ သမိုင်း။ Megan Campisi and Pen-Pen Chen
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/the-incredible-history-of-china-s-terracotta-warriors-megan-campisi-and-pen-pen-chen တွင် ကြည့်ရှုပါ။

၁၉၇၄ ခုနှစ်မှာ လယ်သမားတွေဟာ ရွာငယ်လေးတစ်ရွာ အနီးက ရေတွင်းတစ်တွင်းကို တူးဖော်ရင်း ရှေးဟောင်းသုသေသန သမိုင်းမှ အရေးပါဆုံး တွေ့ရှိမှုတွေထဲက တစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့တယ်၊ တိုက်ပွဲအတွက် အသင့်ဖြစ်နေတဲ့ ပကတိအရွယ်ရှိတဲ့ မြေစေး စစ်သား ၈၀၀၀ ကျော်ပါဝင်တဲ့ တရုတ် ဧကရာဇ်ရဲ့ သင်္ချိုင်းကို ဝန်းရံနေတဲ့ ဧရာမ မြေအောက် ခန်းဆောင်တွေပါ။ Megan Campisi နဲ့ Pen-Pen Chen တို့ကနေပြီး ဧကရာဇ် Qin Shi Huang ရဲ့ စိတ်ဝင်စားစရာ သမိုင်းကို မျှဝေထားပါတယ်။

သင်ခန်းစာကို Megan Campisi နှင့် Pen-Pen Chen တို့က ပြုစုပြီး လှုပ်ရှားမှု ပုံရိပ်များကို Zedem Media မှ ရိုက်ကူးထားပါသည်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:32

Burmese subtitles

Revisions