1 00:00:09,758 --> 00:00:11,650 သေပြီးနောက် ဘာဖြစ်သွားလဲ။ 2 00:00:11,650 --> 00:00:13,613 အေးငြိမ်းတဲ့ သုခဘုံတစ်ခု ရှိလား။ 3 00:00:13,613 --> 00:00:15,476 ထာဝရ ညှဉ်းပန်းမှုလား။ 4 00:00:15,476 --> 00:00:16,788 ဘဝ တစ်ဖန်ဖြစ်ခြင်းလား။ 5 00:00:16,788 --> 00:00:20,069 (သို့) ဖြစ်နိုင်တာက နတ္ထိလား။ 6 00:00:20,069 --> 00:00:23,569 ကောင်းပြီ။ တရုတ် ဧကရာဇ်တစ်ပါး တွေးတာကတော့ တမလွန်က ဘာဖြစ်ဖြစ် 7 00:00:23,569 --> 00:00:25,661 စစ်တပ်တစ်တပ် ခေါ်ဆောင်တာက ပိုနေသာတယ်တဲ့။ 8 00:00:25,661 --> 00:00:27,945 ဒါကို သိတာက ၁၉၇၄ ခုနှစ်မှာ လယ်သမားတွေဟာ 9 00:00:27,945 --> 00:00:30,449 ရွာလေးတစ်ရွာ အနီးက ရေတွင်း တစ်တွင်းကို တူးဖော်ရင်း 10 00:00:30,449 --> 00:00:35,032 ရှေးဟောင်းသုသေသန သမိုင်းမှ အရေးပါဆုံး တွေ့ရှိမှုတစ်ခုကို အမှတ်မထင် တွေ့ခဲ့တယ်၊ 11 00:00:35,032 --> 00:00:38,472 တိုက်ပွဲအတွက် အသင့်ဖြစ်နေတဲ့ ပကတိအရွယ် မြေစေး စစ်သား ၈၀၀၀ ကျော်ပါဝင်တဲ့ 12 00:00:38,472 --> 00:00:43,709 တရုတ်ဧကရာဇ်ရဲ့ သင်္ချိုင်းကို ဝန်းရံနေတဲ့ ဧရာမ မြေအောက် ခန်းဆောင်တွေပါ။ 13 00:00:43,709 --> 00:00:46,916 မြေအောက် စစ်တပ်ရဲ့ဇာတ်လမ်းက ခရစ်နှစ်မတိုင်မီ ၂၄၆ က 14 00:00:46,916 --> 00:00:50,931 အသက် ၁၃ နှစ်မှာ Qin ပြည်နယ်ရဲ့ ဘုရင်အဖြစ် အာဏာရလာတဲ့ 15 00:00:50,931 --> 00:00:52,864 Ying Zhengနဲ့ စခဲ့တာပါ။ 16 00:00:52,864 --> 00:00:54,343 ရည်မှန်းချက်ကြီးပြီး ရက်စက်တဲ့ 17 00:00:54,343 --> 00:00:57,237 သူဟာ စစ်ဖြစ်နေတဲ့ တိုင်းနိုင်ငံ ခုနှစ်ခုကို စုစည်းပြီးနောက် 18 00:00:57,237 --> 00:01:01,476 တရုတ်ပြည်ရဲ့ ပထမဆုံး ဧကရာဇ် ဖြစ်လာတဲ့အထိ ဆက်သွားခဲ့တယ်။ 19 00:01:01,476 --> 00:01:04,625 သူ့ရဲ့ ၃၆ နှစ်တာ အုပ်စိုးမှုမှာ အချိန်အတွယ်၊ အတိုင်းအတာတွေရဲ့ 20 00:01:04,625 --> 00:01:07,395 အများသုံး စနစ်တွေ၊ တရုတ်ပြည်အားလုံး အတွက် စံတစ်ခုတည်း 21 00:01:07,395 --> 00:01:11,207 သတ်မှတ်ထားတဲ့ အက္ခရာ၊ မဟာတံတိုင်းလို့ နောင်မှာ သိလာမယ့် 22 00:01:11,207 --> 00:01:16,345 ကာကွယ်ရေး အတားအဆီးတစ်ခု အပါအဝင် သမိုင်းတွင်တဲ့ အောင်မြင်မှုတွေ တွေ့ရတယ်။ 23 00:01:16,345 --> 00:01:19,145 ဒါပေမဲ့ ဖြစ်နိုင်တာက Qin Shi Huangdi သမိုင်းအမွေကာကွယ်ရာမှာ 24 00:01:19,145 --> 00:01:21,261 အားထုတ်မှု အမြောက်အမြား မြှုပ်နှံခဲ့တာက 25 00:01:21,261 --> 00:01:23,825 သူဟာ သူ့သေခြင်းနဲ့ ဥပါဒါန်ဖြစ်ခဲ့လို့ပါ။ 26 00:01:23,825 --> 00:01:26,843 သူ့နောက်ဆုံးနှစ်တွေမှာ အဂ္ဂိရတ်ဆရာတွေကို အရူးအမူး ခန့်အပ်ရင်း၊ 27 00:01:26,843 --> 00:01:30,194 သူ့ကို အမတအဖြစ် ရောက်ရှိဖို့ ကူညီမယ့် သက်စောင့်ဆေး ရှာဖွေရေးမှာ 28 00:01:30,194 --> 00:01:32,955 ခရီးသွားအဖွဲ့တွေကို တပ်ဖြန့်ရင်း ကုန်ဆုံးခဲ့တယ်။ 29 00:01:32,955 --> 00:01:35,076 သူ့အုပ်စိုးမှု ပထမနှစ် အစောပိုင်းကကို 30 00:01:35,076 --> 00:01:38,405 အထိမ်းအမှတ်တွေ၊ ရှေးအသုံးအဆောင်တွေ နောက်ဘဝမှာ သူနဲ့ အဖော်လိုက်ပါပြီး 31 00:01:38,405 --> 00:01:40,881 သူ့အုပ်ချုပ်မှု ဆက်ရှိဖို့ တပ်တစ်တပ်နဲ့ 32 00:01:40,881 --> 00:01:43,709 ဖြည့်ထားတဲ့ ဧရာမ မြေအောက် ရှေးသင်္ချိုင်းကြီးတစ်ခု 33 00:01:43,709 --> 00:01:45,986 ဆောက်လုပ်မှုနဲ့ စတင်ခဲ့တယ်။ 34 00:01:45,986 --> 00:01:49,681 ခမ်းနားလှတဲ့ စစ်တပ်ဟာ တိကျတဲ့ တိုက်ပွဲဝင် အနေအထားမှာ ရပ်နေဆဲဖြစ်ပြီး 35 00:01:49,681 --> 00:01:52,222 တွင်းပေါင်းမျာစွာ အနှံ့ ခွဲထားတယ်။ 36 00:01:52,222 --> 00:01:55,147 တစ်တွင်းက စစ်သည် ၆၀၀၀ ပါတဲ့ ပင်မ တပ်မတစ်ခုပါ။ 37 00:01:55,147 --> 00:01:57,592 တစ်ခုစီက ပေါင်ချိန် ရာပေါင်းများစွာ အလေးချိန်စီးတယ်။ 38 00:01:57,592 --> 00:02:03,019 ဒုတိယတစ်ခုက စစ်ရထား ၁၃၀ ကျော်နဲ့ မြင်း ၆၀၀ ကျော်ရှိပြီး 39 00:02:03,019 --> 00:02:05,935 တတိယတစ်ခုက အဆင့်မြင့် ဌာနချုပ်ကို ထည့်ထားတယ်။ 40 00:02:05,935 --> 00:02:08,503 စတုတ္ထ ဗလာတွင်းတစ်ခုက ဒီမဟာ စီမံကိန်းကြီးက 41 00:02:08,503 --> 00:02:11,333 ဧကရာဇ်မကွယ်လွန်မီ မပြီးစီး နိုင်ခဲ့တာကို ညွှန်းပါတယ်။ 42 00:02:11,333 --> 00:02:15,547 ထပ်မံပြီး အနီးအနားရှိ ခန်းမဆောင်တွေမှာ ဂီတပညာရှင်တွေနဲ့ ကျွမ်းဘားသမားတွေ၊ 43 00:02:15,547 --> 00:02:17,653 အလုပ်သမားတွေ၊အစိုးရအရာရှိတွေနဲ့ ဆန်းပြားတဲ့ 44 00:02:17,653 --> 00:02:19,554 တိရစ္ဆာန်တွေရဲ့ ရုပ်တုငယ်တွေ ပါဝင်တယ်။ 45 00:02:19,554 --> 00:02:22,991 ဧကရာဇ် Qin ဟာ စစ်ပွဲ သက်သက် ဆင်နွဲတယ် ဆိုတာထက် နောင်ဘဝအတွက် 46 00:02:22,991 --> 00:02:25,369 နောက်ထပ် အစီအစဉ်တွေရှိတာကို ညွှန်ပြနေတာပါ။ 47 00:02:25,369 --> 00:02:29,067 ရုပ်တုငယ်အားလုံးကို နီညိုရောင် မြေစေးတစ်မျိုးဖြစ်တဲ့ မြေနီထည် 48 00:02:29,067 --> 00:02:31,661 (သို့) မီးဖုတ် မြေသားကနေ ထုလုပ်ထားတယ်။ 49 00:02:31,661 --> 00:02:37,128 ဒါတွေ ဆောက်ဖို့ များစွာသောအလုပ်ရုံတွေနဲ့ အပြောအရအလုပ်ကြမ်းသမား ၇၂၀၀၀၀ကျော်ဟာ 50 00:02:37,128 --> 00:02:39,019 ဧကရာဇ်ရဲ့ ချောဆွဲတာခံရတယ်။ 51 00:02:39,019 --> 00:02:43,167 ဧကရာဇ်ရဲ့ စစ်တပ်ထဲက တကယ် ရဲမက်တွေအတိုင်း ရုပ်တုတွေကို တည်ဆောက်ဖို့ 52 00:02:43,167 --> 00:02:48,428 ကိုယ်ထည်တစ်ပိုင်းစီကို သီးခြားပုံသွင်းသူ လက်မှုပညာသည်အုပ်စုတွေ အပါအဝင်ပါ။ 53 00:02:48,428 --> 00:02:50,389 သူတို့ဟာ ရာထူးအရ မတ်တတ်ရပ်ကာ 54 00:02:50,389 --> 00:02:52,535 မတူညီတဲ့ လက်နက်တွေ၊ ဝတ်စုံတွေ၊ သိသာတဲ့ 55 00:02:52,535 --> 00:02:54,395 ဆံပင်ပုံစံတွေ မျက်နှာ အမူအရာတွေနဲ့ 56 00:02:54,395 --> 00:02:56,807 ထူးခြားတဲ့ နားရွက်တွေကိုတောင် ဖော်ပြတယ်။ 57 00:02:56,807 --> 00:02:59,835 မူလက ရဲမက်တစ်ဦးစီကို အရောင် တောက်တောက်တွေနဲ့ ဆေးခြယ်ခဲ့ပေမဲ့ 58 00:02:59,835 --> 00:03:03,142 လေနဲ့ ထိတွေ့မှုက ဆေးသားကို ခြောက်သွေ့၊ ကွာကျစေကာ 59 00:03:03,142 --> 00:03:05,967 မြေနီထည် အောက်ခံ သက်သက်ပဲ ကျန်နေတယ်။ 60 00:03:05,967 --> 00:03:09,568 ဒီအကြောင်းပြချက်အတွက် တစ်မိုင် မရှိတရှိ အကွာက နောက်ထပ် ခန်းမဆောင်ကို 61 00:03:09,568 --> 00:03:11,360 မတူးဖော်ရသေးတာပါ။ 62 00:03:11,360 --> 00:03:14,773 ဒါက Qin Shi Huangdi ရဲ့ အုတ်ဂူ အစစ်ပါ။ 63 00:03:14,773 --> 00:03:18,491 အဖိုးတန် ကျောက်မျက်တွေနဲ့ ရှေးအသုံး အဆောင်တွေနဲ့ ကြေးတောင်တန်းတွေကို 64 00:03:18,491 --> 00:03:22,864 ဖြတ်စီးနေတဲ့ ပြဒါးမြစ်တွေ တောင်ပါတယ်လို့ ဆိုကြတယ်။ 65 00:03:22,864 --> 00:03:26,713 ဒါပေမဲ့ အတွင်းရတနာတွေကို မထိခိုက်ဘဲ ဒါကို ဖော်ထုတ်ဖို့ နည်းတစ်ခု မတွေ့ခင်အထိ 66 00:03:26,713 --> 00:03:30,019 အုတ်ဂူဟာ ပိတ်လျှက် ရှိနေပါတယ်။ 67 00:03:30,019 --> 00:03:33,660 နောက်ဆုံး ခရီးအတွက် အပေါင်းအဖော် လိုချင်တာက ဧကရာဇ် Qin တစ်ဦးတည်မဟုတ်ပါဘူး။ 68 00:03:33,660 --> 00:03:38,711 ရှေးအီဂျစ် အုတ်ဂူတွေမှာ စိတ်ကူးယဉ် နောင်ဘဝ ကိုယ်စားပြု မြေစေး ရုပ်တုငယ်တွေ ပါဝင်တယ်။ 69 00:03:38,711 --> 00:03:41,577 ဂျပန်ရဲ့ Kofun ကာလ သေသူတွေကို မြင်းတွေ၊ အိမ်တွေရဲ့ 70 00:03:41,577 --> 00:03:43,786 ရုပ်တုတွေနဲ့အတူ မြေမြှုပ်ပြီး 71 00:03:43,786 --> 00:03:46,514 မက်ဆီကန် ကမ်းလွန်က​ြ Jaina ကျွန်းရဲ့ အုတ်ဂူတွေဟာ 72 00:03:46,514 --> 00:03:48,571 ကြွေထည် ရုပ်တုငယ်တွေနဲ့ ပြည့်နေတယ်။ 73 00:03:48,571 --> 00:03:51,373 ကံကောင်းတော့ ရက်စက်တဲ့သူ ဖြစ်တဲ့အတိုင်း 74 00:03:51,373 --> 00:03:55,076 ဧကရာဇ် Qin ဟာ အီဂျစ်၊ အနောက် အာဖရိက၊ အနာတိုလီယာနဲ့ မြောက်အမေရိက အပိုင်းတွေနဲ့ 75 00:03:55,076 --> 00:03:58,337 အရင် Shang နဲ့ Zhou မင်းဆက်တွေအတွင်း တရုတ်မှာတောင် ကျင့်သုံးခဲ့သလို 76 00:03:58,337 --> 00:04:02,192 သူ့နဲ့အတူလိုက်ပါဖို့ ရှင်နေတဲ့သူတွေကို စတေးခြင်းထက် 77 00:04:02,192 --> 00:04:03,956 ဒီရည်ရွယ်ချက်အတွက် 78 00:04:03,956 --> 00:04:07,816 အလုပ်အကျွေးတွေနဲ့ စစ်သည်တွေကို တည်ဆောက်ခိုင်းဖို့ ​ေရွးချယ်တာပါ။ 79 00:04:07,816 --> 00:04:12,127 ယနေ့ တစ်ကမ္ဘာလုံးက လူတွေဟာ ဒီကြံ့ခိုင် တဲ့စစ်သည်တွေကို ကြည့်ဖို ခရီးထွက်ကြတယ်။ 80 00:04:12,127 --> 00:04:15,775 လာမယ့်ရာစုတွေအတွက် သူတို့ရဲ့ စစ်ပွဲ အမိန့်တွေကို တိတ်တိတ်လေး စောင့်ရင်းပေါ့။