-
ကျွန်တော်တို့ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြောင်းလဲလာနေတဲ့ ကမ္ဘာကြီးမှာ နေပါတယ်။
-
မြို့ကြီးပြကြီးတွေဆီကို လူတွေ တစ်အုပ်တစ်မရွှေ့လာကြ...
-
မိုးမျှော်တိုက်ကြီးတွေမှာ ပြည့်ကျပ်လို့...
-
ဆင်းရဲသား ရပ်ကွက်တွေမှာရော ပြည့်လို့။
-
စက်သုံးဆီ၊ အစားအသောက်တွေ အတွက် လောဘတကြီး၊ အငမ်းမရရှာဖွေကြရင်း ...
-
မမျှော်လင့်ထားတဲ့ ရာသီဥတု ပြောင်းလဲမှုတွေ ကြုံရ၊
-
ဒီလိုနဲ့ပဲ ကမ္ဘာ့လူဦးရေဟာ တိုးသည်ထက် တိုးလာခဲ့ပေါ့။
-
စိတ်ပူကြရမှာလား။
-
ကြောက်ရွံ့နေကြရမှာလား။
-
ဘယ်လို လက်တွေ့ကျကျ အဖြေရှာရပါ့...
-
ကျွန်တော်တို့ရဲ့ ဒီကမ္ဘာကြီးမှာ လူပေါင်း ၇-ဘီလီယံ (သန်း ၇-ထောင်) နေထိုင်ကြတယ်။ မလှပပေဘူးလား။
-
သို့ပေမယ့် ကမ္ဘာကြီးရဲ့ အနာဂါတ်အရေး မျှော်တွေးမိကြတဲ့ အခါမှာတော့၊ တချို့ခမျာ ကြောက်ရွံ့ကြတယ်။
-
တချို့ကတော့ တွေးတောင် မတွေးဝံ့ကြဘူး။
-
ဒါပေမယ့် ကျွန်တော် အခုညမှာ ခင်ဗျားတို့ကို ပြောြပမယ်။ ဘာတွေတကယ် ဖြစ်မလဲဆိုတာကိုပါ...
-
ကျွန်တော့နာမည် Hans Rosling ပါ။ စာရင်းအင်းပြုစုသူ တစ်ဦးပါ။
-
NO, NO, NO, NO… မပိတ်ချလိုက်နဲ့ဦး။
-
(ရယ်မောသံများ) ဘာလို့ဆို နိုင်ငံအားလုံးဆီက ရတဲ့ နောက်ဆုံးပေါ် အချက်အလက်တွေနဲ့ ခင်ဗျားတို့ကို ကျွန်တော် ကမ္ဘာကြီးအကြောင်း ပုံစံသစ်နဲ့ ပြောပြပါ့မှာ မို့လို့ပါ။
-
ကျွန်တော်အခု ပြောြပမှာက ကမ္ဘာ့လူဦးရေ ဘယ်လိုပြောင်းလဲလိမ့်မလဲ ဆိုတာနဲ့
-
ဒီကနေ့ အချက်အလက်တွေကနေ အနာဂါတ်ကမ္ဘာကြီး ဘယ်လိုဖြစ်လာလိမ့်မလဲ ဆိုတာပါ။
-
ဧရာမစိန်ခေါ်မှုကြီးတွေကို ရှောင်လွှဲမရဘဲ၊ ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ။
-
ဒါပေမယ့် တော်သေးတာက အနာဂါတ်ဟာ သိပ်တော့ စိတ်ပျက်စရာ မဟုတ်ပါဘူး၊
-
လူသားတွေဟာ ခင်ဗျားတို့အတော်များများ ထင်ထားတာထက် ပိုပိုသာသာ စွမ်းဆောင်နိုင်ခဲ့လို့ပါပဲ။
-
-
-
-
မွေးကင်းစ ကလေးတွေ...
-
ဘုရားသခင် ကောင်းချီးပေးတော်မူတာလေးတွေ။
-
ဒါပေမယ့် လူဦးရေတွေ ထိန်းမရအောင် ဖြစ်နေပြီလို့ အများက ထင်ကြတယ်။
-
တချို့ဆို လူဦးရေဗုံးကြီး ပေါက်တော့မယ်လို့တောင် ပြောကြတယ်။
-
ဒါမှန်သလား။
-
ဒါဖြင့် ဒီနေ့ လူဦးရေဟာြဖင့် ဘယ်လိုဘယ်ပုံပါလိမ့်။ ဒီအခြေကို ဘယ်လိုရောက်လာခဲ့ သလဲ။
-
ကမ္ဘာပေါ်မှာ နေထိုင်အသက်ရှင်လာခဲ့ကြတဲ့ လူတိုင်းရဲ့ သမိုင်းကြောင်းကို ပြောပါမယ်။
-
အနည်းဆုံး လွန်ခဲ့တဲ့ နှစ်-၁၀၀၀ အတွင်းက စပြီးတော့...
-
ကဲ၊ ဆက်ကြစို့။
-
ကျွန်တော် ခင်ဗျားတို့ကို ဝင်ရိုး ၂-ခု ပေးမယ်။
-
ဒါကဖြင့် အချိန် (နှစ်ပေါင်း)... ဒါကတော့ ကမ္ဘာ့လူဦးရေ (ဘီလီယံ) ပါ။
-
ခရစ်တော် မပေါ်မီ လွန်ခဲ့တဲ့ နှစ်ပေါင်း-၁၀,၀၀၀ က ကနဦးလူသားတွေဟာ လယ်သမားတွေချည်း ဖြစ်ခဲ့စဥ် အချိန်တုန်းက
-
ကမ္ဘာ့လူဦးရေဟာ ၁၀-သန်း လောက်ပဲရှိမယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်များက ခန့်မှန်းထားပါတယ်။
-
ကြည့်ဦး... ၁၀-သန်း။ လက်တလော ဆွီဒင်လောက် ရှိတာပေါ့။
-
(ရယ်သံများ) ဆွိဒ်လူမျိုးတွေချည်း ရှိတဲ့ ကမ္ဘာပေါ့။
-
ဒါပေမယ့် နှစ်ထောင်ပေါင်းများစွာ ဖြတ်သန်းလာရာမှာတော့... လယ်သမားတွေ များလာ၊ အစာရေစာ နဲ့ လူသားတွေများလာလိုက်တာ၊ အင်အားကြီးတဲ့ တိုင်းပြည်ကြီးတွေ ပေါ်ထွန်းခဲ့ပါတယ်။
-
အီဂျစ်၊ တရုတ်၊ အိန္ဒိယ နဲ့ ... နောက်ဆုံးတော့ ဥရောပ။
-
လူဦးရေဆက်တော့ တိုးလာတုန်း။ ဒါပေမယ့် နှေးကွေးစွာပါပဲ။
-
နှစ်-၁,၈၀၀ မှာ ကျွန်တော် ရပ်လိုက်မယ်။
-
ဘာလို့လဲဆိုတော့ အဲဒီ့ ၁,၈၀၀-ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေဟာ ၁-ဘီလီယံအထိ ရှိလာပါပြီ။
-
မှန်းဆကြည့်ပါ... အဲဒီ့အချိန်အထိတိုင်အောင် နှစ်ထောင်ပေါင်းများစွာ ဖြတ်သန်းလာချိန်အတွင်းမှာ လူဦးရေတိုးနှုန်းဟာ အရမ်းသေးငယ်တဲ့ ရာခိုင်နှုန်းလေးပါပဲ။
-
ဒါပေမယ့် ၁,၈၀၀-ပြည့်အလွန်မှာတော့ စက်မှုတော်လှန်ရေးကြောင့် အရာအားလုံး ပြောင်းလဲလာခဲ့ပြီး၊ လူဦးရေတိုးနှုန်းဟာလည်း စတင်မြင့်မားလို့ လာခဲ့ပါတယ်။
-
နှစ်-၁၀၀ လောက်လေးအတွင်းမှာတင်၊ ၂-ဘီလီယံအထိ ရောက်လာခဲ့ပါတယ်။
-
အဲဒီ့နောက် ကျွန်တော် ကျောင်းနေတဲ့အချိန်မှာ၊ ၃-ဘီလီယံ။
-
ဒီကမ္ဘာကြီးဟာ လူတွေဒီထက်များများ လက်ခံနိုင်မှာမဟုတ်ပါဘူးလို့ လူအများက ဆိုခဲ့ကြတယ်။ အဲဒီအထဲ ပညာရှင်တွေတောင် ပါလိုက်သေး။
-
ဒါပေမယ့် တကယ်တမ်းမှာဖြင့်...
-
၄-ဘီလီယံဖြစ်လာတယ်။ နောက်တော့ ၅-ဘီလီယံ.. ၆-ဘီလီယံ... ၇-ဘီလီယံ...
-
မြင်အောင်ကြည့်ကြစမ်းပါ... ကမ္ဘာ့လူဦးရေ ထက်ဝက်လောက်ဟာ ကျွန်တော့် သက်တမ်းအတွင်းမှာတင် ထပ်တိုးလာတာပါ။
-
ဆက်လည်း တိုးမြဲတိုးလျက်ပါပဲ။
-
များမကြာမီ နှစ်များအတွင်း ပွားများလာတဲ့ လူဦးရေဟာဖြင့် အာရှ နိုင်ငံတွေမှာပါ။
-
ဒီမှာတွေ့ရသလိုမျိုး၊ ဘင်္ဂလားဒေ့ရှ်မှာဆို ကျွန်တော့်သက်တမ်းအတွင်းမှာ လူဦးရေ သုံးဆ တိုးခဲ့ပါတယ်။
-
သန်း-၅၀ ကနေ သန်း-၁၅၀ ကျော်သွားတဲ့ အထိပါ။
-
ကမ္ဘာ့လူဦးရေ အသိပ်သည်းဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။
-
မွန်းကျပ်နေတဲ့ မြို့တော် Dhaka မှာဆို လူဦးရေ ၁၅-သန်းအထိ ရှိနေပါပြီ။
-
တောရော မြို့ပါမကျန်၊ သူတို့ အရမ်းကို စိတ်ပူနေကြတာကတော့ မိသားစုအရွယ်အစားပါပဲ။
-
ဒါပေမယ့် ဒီကနေ့ ဘင်္ဂလားဒေ့ရှ် ဟာြဖင့် တဖြည်းဖြည်းချင်း ပြောင်းလဲလို့ လာပါပြီ။
-
ဒီက Khan မိသားစုလိုပါပဲ။ မိခင် Taslima, သမီး Tangina နဲ့ Sadia လေး၊
-
ဖခင် Hannan တို့လိုပါပဲ။
-
မိန်းမတွေ အပြင်တစ်ခါထွက်ရင် အရမ်းကြာတယ်။ ယောကျ်ားတွေကတော့ အဲလောက်မကြာဘူး။
-
မျက်နှာကို လက်နဲ့ ပွတ်ပွတ်နေမှတော့၊ ဘာဖြစ်လို့ လိမ်းနေတော့မှာလဲ။
-
Taslima (အမေ) ရော၊ Hannan (အဖေ) ပါ မိသားစုဝင်များတဲ့ မိသားစုတွေကနေ ဆင်းသက်လာကြတာပါ။
-
ဒါပေမယ့် သူတို့ကတော့ ကလေး ၂-ယောက်ဆို တော်ပြီလို့ ဆုံးဖြတ်ထားပါတယ်။
-
ဘင်္ဂလားဒေ့ရှ်မှာ နေရာတိုင်းကြားရတဲ့ ဆောင်ပုဒ်ကတော့...
-
"ကလေး ၂-ယောက်ထက် မပိုနဲ့၊ ၁-ယောက်တောင် များနေသေးတယ်။"
-
ကလေး ၂-ယောက်ပဲ မွေးထားတာ၊ ကျွန်တော် ကံကောင်းတယ်။
-
ဒီ့ထက်များရင် သူတို့ကို ကျွေးမွေးနိုင်မှာ မဟုတ်ဘူး။
-
၂-ယောက်ပဲဆိုတော့၊ သူတို့လိုတာ ဝယ်ပေးနိုင်တယ်လေ။
-
ကျွန်တော့် အိပ်ကပ်ထဲမှာ ဘာမှ မရှိတော့ဘူး။
-
Taslima (အမေ) နဲ့ Hannan (အဖေ) တို့ဟာ ကလေးအများကြီးမွေးတဲ့ ဓလေ့ထုံးတမ်းကနေ ခွဲထွက်လာကြတာပါ။
-
Taslima ဆိုရင်၊ ဒီကိစ္စကြောင့် အလုပ်တောင်ရသွား ပါသေးတယ်။
-
အစိုးရရဲ့ မိသားစုစီမံကိန်းဌာန အတွက် သူမအလုပ်လုပ်တယ်။
-
ရွာတိုင်းမှာ သူ့လိုမျိုး အလုပ်တွေ ရှိနေပြီ။
-
တစ်အိမ်တက်ဆင်း လျှောက်သွားပြီး၊ ကလေးလျှော့မွေးရေးအတွက် ကူညီပေးနေတယ်။
-
ညည်းနောက်ဆုံး သွေးဆင်းတာ ဘယ်တုန်းကလဲ။
-
၂၂-ရက်နေ့ကပါ။
-
ဒါဖြင့် ညည်းက သန္ဓေတားဆေးဘာညာတွေ မသုံးဘူးပေါ့။
-
ကိုယ်ဝန်ရသွားရင် ဒုက္ခပဲ။ အဲလို မထင်ဘူးလား။
-
ကျွန်မ ကိုယ်ဝန် လွယ်လွယ်နဲ့ မရပါဘူး။
-
ဟေ၊ ကလေး ၂-ယောက်တောင် ရထားပြီးသားလေ။
-
ကျွန်မမှာ ဆေးခန်းပြဖို့ အချိန်မရှိဘူး။
-
Taslima အလုပ်က အကြံဉာဏ်ပေးဖို့၊ ဟောပြောစည်းရုံးဖို့နဲ့၊ အဓိကအားဖြင့်
-
သန္ဓေတားနည်းမျိုးစုံ (condoms စသဖြင့်) ဝေပေးဖို့ပါ။
-
ရှင့်မှာ သမီး ၃-ယောက်တောင် ရှိပြီးသားလေ၊ တကယ်ပဲ ထပ်မွေးဦးမလို့လား။
-
ဒါကတော့ သူတို့အဖေရဲ့ သဘောပါ။
-
မွေးရမှာက ရှင်လေ... ဘာဖြစ်လို့ သူ့သဘော ဖြစ်ရမှာလဲ။
-
မီးနေသည်ဒုက္ခတွေကို ရှင်က ခံစားရမှာ။ သူမဟုတ်ဘူး။
-
မီးနေသည်ဒုက္ခတွေကို ဘယ်သူက ခံရမှာလဲ၊ ပြန်ပြော။
-
ကျွန်မပါ။ ဒါပေမယ့် သူကသားလေးတစ်ယောက်လောက် ထပ်လိုချင်တယ်ဆိုရင် ဘာတတ်နိုင်မှာလဲ။
-
ရော့၊ ဒီမှာ ဆေးတွေ။ ရာသီစလာတာနဲ့ သောက်...။
-
ပညာမတတ်တဲ့သူတွေဆိုတော့ သူတို့နားဝင်အောင်ပြောပြဖို့က မလွယ်ဘူး။
-
ဒါပေမယ့် ဒီကိစ္စ တဖြည်းဖြည်းချင်းပေါက်ရောက်သွားအောင်တော့ ကျွန်မတို့ လုပ်နေပါတယ်။
-
ကဲ၊ ကလေးလျှော့မွေးရေးအတွက် Taslima အနေနဲ့ရော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ရော ဘယ်အတိုင်းအတာအထိ အောင်မြင်ပြီလဲ။
-
မိန်းမတစ်ယောက်ကနေ မွေးတဲ့ ကလေးအရေအတွက်ကို...
-
ဆွီဒင်မှာ Gapminder Foundation ဆိုတဲ့ အဖွဲ့ကို ကျွန်တော်တို့ တည်ထောင်ခဲ့တယ်။
-
ရည်ရွယ်ချက်က ကမ္ဘာကြီးပေါ်က အချက်အလက်တွေကို လူတိုင်း နားလည်လာဖို့ပါ။
-
ဘင်္ဂလားဒေ့ရှ်က အခြေအနေ ဘယ်လိုရှိသလဲဆိုတာ ကျွန်တော် အခု ပြမယ်။
-
ဒီက ရေပြင်ညီမျဥ်းက ကလေးအရေအတွက်၊
-
၁ ကနေ ၂... ၇ ကနေ ၈...
-
ဒါကတော့ ဒေါင်လိုက်မျဥ်း၊ လူ့သက်တမ်း။
-
အသစ်မွေးတဲ့ ကလေးတွေ အသက်ဘယ်လောက်အထိ ရှည်မလဲပြတာ။
-
၃၀-ကနေ၊ ၉၀-အထိပြထားတယ်။
-
၁၉၇၂-ကနေ စကြည့်ကြမယ်။
-
ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးရခဲ့တဲ့၊ အရေးပါတဲ့ ခုနှစ်ပေါ့။
-
အဲဒီတုန်းက ဘင်္ဂလားဒေ့ရှ်က ဟိုနားမှာ။
-
မိန်းမတစ်ယောက်ကနေ ကလေး ၇-ယောက်မွေးခဲ့ပြီး၊
-
လူ့သက်တမ်းက ၅၀-ထက် နိမ့်ခဲ့တယ်။
-
ကဲ၊ အဲဒီတော့ လွတ်လပ်ရေးရပြီးကာလမှာ ဘယ်လိုရှိမလဲ။
-
ဘင်္ဂလားဒေ့ရှ်မှာ လူ့သက်တမ်း ရှည်လာသလား။ ကလေးယူတာ လျော့သွားသလား။
-
အချက်အလက်က ဒီမှာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ စမယ်။
-
သက်တမ်းရှည်လာသလို၊ ကလေးမွေးနှုန်းလည်း ကျလာ... ၆... ၅...
-
အသက်ပိုရှည်လာ... ၄... ၃...
-
၂ နားမှာ သူတို့ရောက်သွားတယ်။ ၂.၂ တိတိပါ။ သက်တမ်းက ၇၀-ပါ။
-
ဒါဟာဖြင့် အံ့မခန်းပါပဲ။ နှစ်ပေါင်း-၄၀ အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဟာ
-
၇ ကနေ၊ ၆... ၅... ၄... ၃... ၂...
-
ဘင်္ဂလားဒေ့ရှ်မှာဖြင့် မဖြစ်နိုင်ဘူးလို့ထင်ခဲ့တာတစ်ခု ဖြစ်လာခဲ့ပါပြီ။
-
ဘင်္ဂလားဒေ့ရှ်မှပဲလား။ ကောင်းပြီ၊ တစ်ကမ္ဘာလုံးကို ကြည့်ကြမယ်။
-
လွန်ခဲ့တဲ့ နှစ်-၅၀ ကို ပြန်သွားကြစို့၊ ၁၉၆၃-ခုနှစ်။
-
ဒါကတော့ နိုင်ငံအားလုံးပါ။
-
ဒီ အစိမ်းရောင်တွေက အမေရိက၊ မြောက် နဲ့ တောင်။ အဝါက ဥရောပ၊ အရှေ့ နဲ့ အနောက်။
-
အပြာက အာဖရိက၊ ဆာဟာရမြောက်ပိုင်း နဲ့ တောင်ပိုင်း။ အနီကတော့ အာရှ၊ အဲဒီထဲ ဩစတြေးလျ နဲ့ နယူးဇီလန် လည်းပါတယ်။
-
ပူဖောင်းအရွယ်က လူဦးရေပမာဏကို ပြတယ်။ ဒီမှာကြည့်...
-
အကြီးဆုံးတွေက တရုတ် နဲ့ အိန္ဒိယ။ ပြီးတော့ ဘင်္ဂလားဒေ့ရှ် က သူတို့နောက်က ကပ်လျက်...
-
၁၉၆၃-မှာ တစ်ကမ္ဘာလုံးက အမျိုးသမီးတွေရဲ့ ပျမ်းမျှ မွေးတဲ့ ကလေးအရေအတွက်ဟာ ၅-ယောက် ဖြစ်ပါတယ်။
-
ဒါပေမယ့် ကမ္ဘာကြီးရဲ့ မညီမျှမှုက သိပ်များတယ်။ မြင်ကြလား။
-
ဒီဘက်က နိုင်ငံတွေက ဖွံ့ဖြိုးပြီး နိုင်ငံတွေ... မိသားစုဝင်နည်းပြီး၊ အသက်ရှည်ကြပါတယ်။
-
ဟိုဘက်ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေပါ။ မိသားစုဝင်များပြီး၊ အသက်တိုကြပါတယ်။
-
အဲဒီ အစွန်း ၂-ဖက်ကြားမှာတော့ နိုင်ငံအနည်းအကျဥ်းပဲ ကျန်ပါတော့တယ်။
-
ဘာတွေဖြစ်ခဲ့သလဲ ဆက်ကြည့်ကြစို့။
-
တစ်ကမ္ဘာလုံးကို ပြန်ကြည့်မယ်။
-
ကဲ၊ ဒီမှာ...
-
ပူဖောင်းကြီးတွေ့လား။ အဲဒါ တရုတ်ပြည်။ သူတို့ ကျန်းမာရေးကောင်းလာပြီး၊
-
မိသားစု စီမံကိန်းတွေလုပ်လာကြတယ်။ မိသားစုဝင် နည်းလာပြီး၊ ဟိုဘက်ကပ်သွားတယ်။
-
နောက်ထပ်အစိမ်းရောင် ပူဖောင်းတစ်လုံး၊ သူက မက္ကဆီကို... ဟိုဘက်ရောက်သွားပြီ။
-
ဒါက ဘရာဇီးလ်၊ လက်တင်အမေရိကထဲက အစိမ်းတစ်လုံးပေါ့။
-
အိန္ဒိယက သူ့နောက်က။ အနီရောင် ပူဖောင်းကြီးတွေက အာရှနိုင်ငံတွေ... ဟိုဘက်ကို သွားနေတယ်။
-
အာဖရိကနိုင်ငံများစွာကတော့ ကလေးမွေးနှုန်း များပြားနေတုန်းပဲ။
-
ဟောဟိုမှာ ဘင်္ဂလားဒေ့ရှ်။ သူက အိန္ဒိယကို ကျော်တက်ပြီး၊ မိသားစုဝင် နည်းသွားပြီ။
-
နိုင်ငံအားလုံးနီးပါးဖြင့် ဒီနေရာအထိ ရောက်လို့လာပါပြီ။ အာဖရိကတောင် စပြီး ရွေ့လို့နေပါပြီ။
-
အိုး... ဒါကတော့ ဟေတီမှာ ငလျင်လှုပ်လိုက်လို့ပါ။
-
ကဲ၊ အခုတော့ အားလုံး အဲဒီ့နေရာ ရောက်သွားပြီ။ တကယ်ပဲ ပြောင်းလဲမှု တစ်ခုပါ။
-
ဒီနေ့အခါမှာ ကမ္ဘာ့ကလေးမွေးနှုန်းဟာ ၂.၅။
-
လွန်ခဲ့တဲ့ နှစ်-၅၀ တုန်းက ၅-အထိ မြင့်ခဲ့တယ်။
-
ကမ္ဘာကြီးဟာဖြင့် ပြောင်းလဲလို့လာနေပါပြီ။ အမျိုးသမီးတစ်ယောက်ကို ပျမ်းမျှကလေးမွေးနှုန်း ၅-ယောက်ကနေ ၂.၅ အထိ လျော့နည်းလာခဲ့ပါပြီ။
-
ဆက်ပြီးတော့လည်း ကျဆင်းလာလိမ့်ဦးမှာ။ တကယ့် အပြောင်းအလဲကြီး တစ်ခုပါ။
-
လူတွေက ထင်ကြမယ်... ဘင်္ဂလားဒေ့ရှ်နဲ့ အလားတူနိုင်ငံများဟာ ပေါက်ကွဲလုနီးနီး လူဦးရေပြဿနာဗုံးတစ်လုံးရဲ့ ဗဟိုချက်မ ပဲလို့။
-
ဒီလိုပြောရင်ဖြင့် မှားသည်ထက်မှားပေါ့။
-
ကျွန်တော့်အမြင်၊ Mrs. Taslima နဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက်များလို ကျန်းမာရေလုပ်သားတွေက
-
သူတို့ရဲ့ နိင်ငံတွေကို ဆယ်စုနှစ် အနည်းငယ်အတွင်း ဒီဘက်ကနေ ဟိုး... ဘက်ရောက်အောင်၊
-
ကျန်းမာပြီး၊ မိသားစုဝင် လျော့နည်းလာအောင် စွမ်းဆောင်နိုင်ခဲ့ကြတာဟာြဖင့် သမိုင်းမှာ သူရဲကောင်းတွေလိုပါပဲ။
-
ဒီလို ပြောင်းလဲဖြစ်ပျက်ခဲ့သမျှဟာ အံ့ဖွယ်ပါပဲ။
-
ကမ္ဘာကြီးဟာ အစွန်းနှစ်ဖက် အကွာဟကြီး မဟုတ်တော့ပါဘူး။
-
ဒါပေမယ့် ဒီအံ့ဖွယ် အပြောင်းအလဲကို လူတွေဘယ်လောက် သိကြပါသလဲ။
-
Gapminder မှာ ကျွန်တော်တို့ဟာ အချက်အလက်ကို ပြသရုံတင်မကဘဲ၊ ကမ္ဘာကြီးအကြောင်း လူတွေဘာကိုသိကြသလဲ၊ ဘာကို မသိသေးသလဲ ဆိုတာကိုလည်း တိုင်းတာကြပါတယ်။
-
အဲဒီတော့ ပထမဆုံး စစ်တမ်းကို ဆွီဒင်မှာ စကောက်ကြပါတယ်။ ရလဒ်တွေကတော့ စိတ်ပျက်ဖွယ်ပါပဲ။
-
ဒုတိယမြောက်စစ်တမ်းကို ဗြိတိန်မှာ လုပ်တယ်။ ဗြိတိသျှလူမျိုးတွေဟာ နေရာတိုင်းမှာ ရောက်နေကြတော့ အထူးမျှော်လင့်ခဲ့ကြတယ်။
-
သူတို့ရဲ့ အဖြေတွေ သိပ်ကောင်းမှာပဲလို့ ထင်ခဲ့ကြတယ်။
-
ပထမမေးခွန်းကတော့... ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးတစ်ယောက်ကနေ ကလေးဘယ်နှယောက် မွေးပါသလဲလို့။
-
မေးခွန်းတွေမှာ ရွေးစရာ ၄-မျိုးပါတယ်... ၂.၅၊ ၃.၅၊ ၄.၅ (သို့) ၅.၅...
-
ဗြိတိသျှတွေရဲ့ အဖြေကတော့...
-
ဒါပေမယ့် အဖြေမှန်က ၂.၅ ဆိုတာ ခင်ဗျားတို့ သိပြီးသားပါ။
-
ဗြိတိသျှတွေရဲ့ ၁၂ % ပဲ မှန်အောင်ဖြေနိုင်ကြတယ်။
-
အဲဒီတော့ ပညာသိပ်မတတ်တဲ့ သူတွေကြောင့်များ ရလဒ်မကောင်းတာလားဆိုပြီး၊
-
နာမည်ကြီး တက္ကသိုလ်တွေမှာ တက်ဖူးတဲ့ ဘွဲ့ရတွေကို သီးခြားခွဲထုတ်ပြီး မေးကြည့်တယ်။
-
ရလဒ်က ဒီမှာပါ။ (ရယ်သံများ...)
-
ပိုတောင်မှ ဆိုးသွားပါသေးတယ်ဗျာ။
-
အဲဒီတော့ဖြင့် ဗြိတိသျှတွေဟာ ကမ္ဘာကြီးအကြောင်း ဗဟုသုတနည်းနေပါသေးလားလို့တောင် ကောက်ချက်ချရမလားပဲ။
-
No, no!
-
ဒီမျောက်ဝံနဲ့ သူ့သူငယ်ချင်းတွေကို မေးခဲ့ရရင် ဘယ်လိုနေမလဲမသိ။
-
ငှက်ပျောသီးတွေပေါ်မှာ အဖြေတွေကို ရေးထားပြီး၊ သူတို့ကို တစ်လုံးချင်းစီ ရွေးထုတ်ခိုင်းခဲ့ရ အကောင်းသား။
-
ဒီလို ရလဒ်မျိုးတော့ ထွက်လာမှာလေ။
-
မျောက်ဝံတွေက ဘင်္ဂလားဒေ့ရှ်အကြောင်းတော့ မသိတာ အဟုတ်ပါပဲ။
-
သို့ပေမယ့် သူတို့ ကြုံရာကျပန်း ရွေးလိုက်တာကမှ ဗြိတိသျှတွေဖြေခိုင်းတာထက် ၂-ဆလောက် ပိုမှန်နေသေးတယ်။
-
ဗြိတိသျှလူမျိုး တစ်ဝက်ကျော်က ၄.၅ (သို့) အထက်မှာလို့ ထင်ကြတယ်။
-
ဒီပြဿနာဟာဖြင့် ဗဟုသုတ ခေါင်းပါးလို့ မဟုတ်ဘဲ၊ နဂိုမူလ ရှိရိုးစွဲ အယူအဆကြောင့်ပါပဲ။
-
ဗြိတိသျှတွေ မမှန်းဆနိုင်၊ ရမ်းသန်းမပြောနိင်တာက...
-
ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးတွေရဲ့ ပျမ်းမျှကလေး အရေအတွက်ဟာ ၂.၅ ဖြစ်တယ်ဆိုတာပါပဲ။ အမှန်က ၂.၂ အထိ ရောက်သွားခဲ့ပါပြီ။
-
ဗြိတိသျှတွေ မသိသေးတာက Taslima တို့ မိသားစုဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ပျမ်းမျှနှုန်း၊ အတွေ့ရဆုံး မိသားစု အရွယ်အစားဖြစ်တယ် ဆိုတာပါ။
-
အဲဒီမှာတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပါ။ ဘရာဇီးလ်မှာဆို ကလေး ၂-ယောက်ပဲ မွေးတော့တယ်။
-
ဗီယက်နမ်မှာ ကလေး ၂-ယောက် မိသားစုတွေ...
-
အိန္ဒိယမှာတောင် မိသားစုအရွယ်အစားဟာ ကလေး ၂-ယောက်မိသားစုတွေ ဖြစ်လာနေပါပြီ။
-
အာဖရိကတိုက်မှာဆို... Addis Ababa (အီသီယိုပီးယား မြို့တော်) လို မြို့ကြီးတွေမှာ...
-
Addis Ababa မှာ အမျိုးသမီးတစ်ဦးကို ကလေး ၂-ယောက်ပဲ မွေးကြတော့တယ်။
-
မွတ်စလင်၊ ဗုဒ္ဓဘာသာ၀င်၊ ဟိန္ဒူ၊ ခရစ်ယာန်... ဘာဘာသာဝင် ဖြစ်ဖြစ်ပါ။
-
ဘယ်ဘာသာ၊ ဘယ်ယဥ်ကျေးမှုဓလေ့ထုံးတမ်း၊ ဘယ်ကမ္ဘာ့အရပ်ဒေသတိုက်ကြီးဖြစ်ဖြစ်...
-
ကလေး ၂-ယောက် မိသားစုတွေ မဖြစ်လာဘူးဆိုတာ မရှိပါဘူး။
-
ဒီလိုမျိုး မိသားစုဝင်များတဲ့ ဧရာမမိသားစုတွေကနေ ကလေး ၂-ယောက် မိသားစုတွေအဖြစ် ပြောင်းလဲလာကြတာဟာဖြင့်...
-
ကျွန်တော် သက်ရှိထင်ရှားရှိစဥ်အတွင်းမှာ ဖြစ်လာခဲ့တဲ့ သိပ်ကိုအရေးပါတဲ့ အရာတစ်ခုပါပဲ။
-
လူ့သမိုင်းတစ်လျှောက်မှာ ဒါမျိုးဟာဖြင့် မကြုံစဖူး ထူးခြားလှပါတယ်။
-
ဘင်္ဂလားဒေ့ရှ်ကို ပြန်ကြည့်ကြစို့။
-
ဒီလို ဧရာမမိသားစုကြီးတွေမှသည် ပိစိကွေးမိသားစုများဖြစ်လာခဲ့တဲ့ သမိုင်းဝင် ဖြစ်အင်ရဲ့ ဇာစ်မြစ်ကို ရှာဖွေကြစို့။
-
မွတ်စလင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်က ၁၅-နှစ်သမီး Tanjina လို မိန်းကလေးအားလုံးနီးပါးဟာ ကျောင်းတက်ကြပါတယ်။
-
အစိုးရကလည်း သမီးမိန်းကလေးများကို အထက်တန်းထိအောင် ကျောင်းထားပေးတဲ့ မိသားစုများကို ပိုက်ဆံတောင် ပေးလိုက်သေးတယ်။
-
Tanjina တက်တဲ့ ကျောင်းမှာဆို မိန်းကလေးဦးရေက ယောက်ျားလေးဦးရေထက် များသွားပြီ။
-
ဒါဘယ်လို မိသားစုမျိုးလဲ၊ ကလေးတို့။
-
ဧရာမ မိသားစုကြီးပါ။
-
သူတို့ အစားအစာ မဝတဝပဲ စားရမယ်ဆို ဟုတ်သလား။ (ဟုတ်ပါတယ်။)
-
ဒီ ကျောင်းသင်ခန်းစာရဲ့ အဓိက အချက်ကို ကျော်မသွားပါနဲ့။
-
ဒါ ဘယ်လို မိသားစုလဲ။ (ပိစိကွေး မိသားစုပါ။)
-
သူတို့တွေ အခက်အခဲကြုံရမလား။
-
No!
-
ပညာရေးက ထိရောက်မှုရှိပြီး၊ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတွေအတွက် အခွင့်အလန်းသစ်တွေလည်း ရှိလာနေပါပြီ။
-
မညီမျှမှုတွေ ရှိနေသေးပေမယ့်၊ အလုပ်အကိုင်တွေ ပိုများလာပြီး၊ Tanjina လေးဟာဖြင့် ရည်ရွယ်ချက် မြင့်မြင့်မားမား ထားနေပါပြီ။
-
သမီး ကျောင်းသွားရတာကို ကြိုက်တယ်။
-
အမေတို့ ခေတ်တုန်းက ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ အိမ်ထောင်ကျကြတယ်။
-
ပညာသင်ဖို့ဆိုတာ အခွင့်မသာခဲ့ဘူး။
-
ဒါပေမယ့် အခု သမီးတို့ခေတ်မှာ ဆရာဝန်လုပ်မလား၊ အင်ဂျင်နီယာ လုပ်မလား... အိပ်မက်ကြီးကြီး မက်လို့ရပြီ။
-
ဒီက အမျိုးသမီးငယ်တွေဟာ သူတို့ဘဝအတွက် အရင်ကနဲ့မတူညီဘဲ ဘယ်လိုလျှောက်လှမ်းရမလဲဆိုတာ ပိုပြီး သိလာကြပြီ။
-
အမေ ၁၇-နှစ်ကတည်းက အိမ်ထောင်ကျတယ်ဆိုတာကို စိတ်ထဲ မြင်ယောင်ကြည့်လို့ မရဘူး။
-
သူ့တုန်းကလိုဆို နောက် ၂-နှစ်နေရင် အိမ်ထောင်ပြုရပါပေါ့။ အိပ်မက်ထဲတောင် မမက်နိုင်ပါဘူး။
-
မဖြစ်နိုင်တာတွေ။
-
ကျွန်မတို့ ငယ်ငယ်တုန်းက နားမလည်ခဲ့ကြဘူး။
-
အခုခေတ်မှာတော့ လူတွေ ပိုပြီး သိမြင်လာကြပြီ။
-
ကဲ၊ ဒါဆို သမီး ဘယ်အရွယ်မှာ ယောက်ျားယူမယ် စိတ်ကူးလဲ။
-
၂၅...
-
ကျောင်းပြီးအောင် အရင်တက်၊ အလုပ်တစ်ခု ရအောင်ရှာ...
-
ဆရာဝန်ဖြစ်အောင် အရင်လုပ်...၊ ပြီးမှ အိမ်ထောင်ပြုဖြစ်မယ် ထင်တာပဲ။
-
သိပ်တော်တဲ့ သမီးလေး။
-
Taslima အနေနဲ့ သူ့သမီးလေး ၂-ယောက်ရဲ့ တောက်ပတဲ့ ရှေ့ရေးအတွက် မျှော်လင့်ချက်တွေပြည့်လို့နေတာကို ကြည့်ရတာ ဝမ်းသာစရာပါပဲ။
-
ဘင်္ဂလားဒေ့ရှ်က ပြောင်းလဲမှုရဲ့ နောက်ကွယ်က အရေးပါတဲ့ အချက်တစ်ခု ရှိပါတယ်။
-
ကလေး အသက်ရှင်ကျန်ရစ်နှုန်း အင်တိုက်အားတိုက် တိုးတက်လာလို့ပါပဲ။
-
(ဗလီမှ ဘုရားရှိခိုးသံ) အခု Ramadan ပါ။ မွတ်စလင်များရဲ့ ဥပုသ်သီတင်းဆောက်တည်ပြီး၊ ယုံကြည်ချက်တွေကို လက်တွေ့ကျင့်ကြံတဲ့ ကာလပါ။
-
ဒီလို မြင့်မြတ်တဲ့ကာလမှာ သူ့မိဘတွေ မိသားစုသင်္ချိုင်းကို ရှင်းလင်းနေတာကို Hanan ဟာ ဝင်ပြီး ကူညီပေးနေပါတယ်။
-
မြေကြီးတွေကို ရှင့်လက်နဲ့ ဖိချလိုက်ပါလား။
-
Hanan ရဲ့ မောင်နှမထဲက ၃-ယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတာ။ သူတို့ကို ဒီနေရာမှာ မြေမြှုပ်သင်္ဂြိုလ်ထားတယ်။
-
ဝမ်းရောဂါဖြစ်ပြီး သေသွားကြတာ။
-
ကျွန်တော်တို့ ဝမ်းနည်းလွန်းလို့၊ ငိုလိုက်ကြရတာဆိုတာ။
-
ဆရာဝန်တွေ ရှိခဲ့မယ်ဆိုရင်၊ သူတို့ကို ကုသပေးနိုင်ခဲ့မှာ...
-
တစ်ယောက်ယောက်တော့ မသေဘဲ ကျန်ခဲ့မှာ...
-
ကျွန်တော်တို့ ဘယ်လိုလုပ် မေ့နိုင်မှာလဲ။ အသက်ရှင်နေသရွေ့တော့ သူတို့ကို သတိရနေမှာပါ။
-
Hanan ရဲ့ မိဘတွေ ငယ်ရွယ်စဥ် ခေတ်တုန်းကဆို
-
ဘင်္ဂလားဒေ့ရှ်က ကလေး ၅-ယောက်မှာ ၁-ယောက်ဟာ အသက် ၅-နှစ် မပြည့်ခင်မှာ သေဆုံးခဲ့ကြရပါတယ်။
-
မိသားစုတိုင်းဟာ ကလေးတွေ သေကုန်မလားဆိုတဲ့ အတွေးနဲ့ စိတ်ထဲ တထင့်ထင့် ကြောက်ရွံ့ခဲ့ကြရပါတယ်။
-
ကလေး တစ်ယောက်မွေးပြီး၊ နောက်တစ်ယောက်ကို ဆက်တိုက်မွေးထားနိုင်မှ
-
တစ်ယောက်သေသွားရင်၊ ကျန်နေဦးမှာပေါ့။
-
အဲဒီတုန်းက အဲလိုလေ။
-
ကလေးတွေ အရမ်းများနေပြီလား၊ သူတို့ အနာဂါတ် ဘယ်လိုဖြစ်မလဲ... ဆိုတာတွေကို ကျွန်တော်တို့ မတွေးခဲ့ကြဘူး။
-
လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်ဟာ အခြေခံကျန်းမာရေး၊ အထူးသဖြင့် ကလေးရှင်ကျန်ရစ်နှုန်းမှာ တကယ့်ကိုပဲ တိုးတက်မှု ရှိခဲ့ပါတယ်။
-
ကာကွယ်ဆေး၊ ရောဂါကုသမှု၊ အာဟာရ နဲ့ သန့်ရှင်းမှု...
-
ဒါတွေက ကလေး သန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။
-
ကလေးမိဘတွေအနေနဲ့ သူတို့ရဲ့ ကလေးတွေ ဆက်လက် အသက်ရှင်နေဦးမယ်ဆိုတာကို သိမြင်လာကြတဲ့အခါမှာတော့...
-
မိသားစုစီမံကိန်း မလုပ်ချင်တော့လောက်အောင် ပိတ်ပင်နေတဲ့ အတားအဆီးများဟာ နောက်ဆုံးမှာတော့ မရှိတော့ပါဘူး။
-
ဒါကာြမို့ (Dhaka)ရဲ့ ဆင်းရဲသားရပ်ကွက်များမှာတောင် အမျိုးသမီးများရဲ့ ပျမ်းမျှကလေးယူနှုန်းက ၂-ယောက်ပဲ ရှိပါတော့တယ်။
-
ကလေးတွေ အသက်ရှင်ကျန်ရစ်နှုန်းဟာ အရာရာကို ပြောင်းလဲစေပါတယ်။
-
သမိုင်းကို ပြန်ပြောင်းကြည့်ကြစို့။
-
၁၈၀၀-ပြည့်နှစ်မတိုင်မီက ကမ္ဘာမှာ လူဦးရေဟာ ဘာကြောင့် ဖြည်းဖြည်းပဲ တိုးခဲ့ရတာတုန်း။
-
သမိုင်းမှတ်တမ်းများကို ပြန်ကြည့်ရင်၊ ပျမ်းမျှအားဖြင့်...
-
မိဘ ၂-ပါးက ကလေး ၆-ယောက်လောက် မွေးကြပါတယ်။
-
ဒါကိုကြည့်ရင် လူဦးရေ အရမ်းတိုးလာသယောင် ထင်ရပေမယ့်၊ ဘာ့ကြောင့်များ တကယ်တမ်းမှာ မတိုးလာခဲ့ပါလိမ့်။
-
ဘာ့ကြောင့်လဲဆိုတော့ ကလေး ၁... ၂... ၃... ၄-ယောက်ဟာ မိဘဖြစ်မယ့်အရွယ်ကို မရောက်ခင်မှာ သေသွားခဲ့ကြလို့ပါ။
-
အရင်ခေတ်က လူတွေဟာ ဂေဟဗေဒဟန်ချက်နဲ့ ညီအောင်၊ သဘာဝတရားနဲ့ လိုက်လျောညီထွေအောင် ဘယ်တော့မှ နေလို့မရခဲ့ကြပါဘူး။
-
ဂေဟဗေဒဟန်ချက်က သဘာဝတရားကို မျက်နှာသာပိုပေးလို့ သူတို့ သေကျေခဲ့ကြရပါတယ်။
-
အလွန်ပဲ ဝမ်းနည်းစရာပါ။
-
ဒါပေမယ့် စက်မှုတော်လှန်ရေးခေတ်မှာ ဒါဟာ စပြီးပြောင်းလဲခဲ့ပါတယ်။
-
ဝင်ငွေ ပိုကောင်း၊ စားနပ်ရိက္ခာ ပိုပေါများပြီး၊ ပိုက်နဲ့သွယ်ယူလို့ရတဲ့ ရေ၊ သန့်ရှင်းမှု၊ ဆပ်ပြာ၊ ဆေးပညာ တိုးတက်လာမှု... စသဖြင့်
-
ဒီတိုးတက်မှုတွေနဲ့အတူ လူဦးရေ ဘာကြောင့်တိုးလာသလဲ။ ကလေးတွေ ပိုမွေးခဲ့ကြလို့များလား။
-
မဟုတ်ပါဘူး။ ၁၉၆၃-မှာ ကျွန်တော် ကျောင်းသားဘဝပေါ့။ တစ်ကမ္ဘာလုံးမှာ အမျိုးသမီးတစ်ယောက် ကလေးမွေးဖွားနှုန်းဟာ ၅-ယောက်အထိ ကျဆင်းလာပါတယ်။
-
ဒါဖြင့် လူဦးရေ အလျင်အမြန် တိုးလာခဲ့တဲ့ အကြောင်းရင်းကတော့ ကလေးတွေ အသက်ရှင်ကျန်ရစ်နှုန်း မြင့်မားလာလို့ပါပဲ။
-
အဲဒီ့အချိန်မှာ ၄-ယောက်ရှင်ပါတယ်။
-
ဒါပေမယ့် ကလေး ၅-ယောက်မှာ တစ်ယောက်ကျ သေဆုံးနေတာဟာဖြင့် ကြောက်ရွံ့ဖွယ်ပါ။
-
လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်းမှာတော့ နိုင်ငံအတော်များများဟာ ကလေး အသက်ရှင်ကျန်ရစ်နှုန်း နဲ့ မိသားစုစီမံကိန်းမှာ ခုန်ပျံကျော်လွှားပြီး တိုးတက်လာခဲ့ပါတယ်။
-
ဒါကြောင့် လက်ကျန်စာရင်း အသစ်ဖြစ်လို့လာပါတယ်။
-
မိဘ ၂-ပါးကနေ ပျမ်းမျှ ကလေး ၂-ယောက် အသက်ရှင်ကျန်လို့ လာပါတယ်။
-
ဒီလို လက်ကျန်ဦးရေဟာဖြင့် ပျော်ရွှင်ဖွယ်ကောင်းပါတယ်။
-
ဒီနေ့ကမ္ဘာမှာ ဒါဟာ သာမန် မိသားစုများရဲ့ အခြေအနေလို ဖြစ်လာပါတယ်။
-
အနာဂါတ်မှာကော ဘယ်လိုဖြစ်လာမလဲ။
-
အနာဂါတ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းဆုံးအလားအလာကို ပြပါမယ်။
-
ကုလသမဂ္ဂ လူဦးရေဌာနခွဲက လူဦးရေစာရင်းကောက်ပညာရှင်များရဲ့ အဆိုအရ...
-
ဒီလိုတွေ့ရပါတယ်။
-
အစမှာ တိုးသည်ထက်တိုးလာပြီး၊ ၈-အထိရောက်... ပြီးတော့ ၉... ဆက်ပြီးတိုးလာတာ ဒီကိုရောက်ပါပြီ။
-
ဒါပေမယ့်၊ နှေးသွားပြီ။
-
ဒီရာစုနှစ် အကုန်မှာ ဆက်မတိုးတော့ဘဲ၊ တန့်သွားပြီ။
-
အနီးကပ် ချဲ့ကြည့်ရင်၊ တွေ့ရမှာက...
-
လူဦးရေ ပြန်လျော့ကျမယ့် အရိပ်အယောင်ကို မျှော်လင့်နိုင်ပါပြီ။ လူဦးရေ အလျင်အမြန်တိုးခြင်းရဲ့ နိဂုံးသတ်ပါပဲ။
-
ဒါပေမယ့် ဒီလို ခန့်မှန်းတာဟာြဖင့် လွဲချော်သွားတာလည်း ဖြစ်နိုင်ချေရှိပါတယ်။
-
သေချာတာ တစ်ခုက ဒီရာစုနှစ် အကုန်မှာ လူဦးရေဆက်မတိုးတော့ဘဲ၊ ရပ်သွားတော့မယ်။
-
ဒါဟာြဖင့် ကလေးမွေးဖွားနှုန်း ကျဆင်းလာတာရဲ့ ထူးခြားပြောင်မြောက်တဲ့ အကျိုးပါပဲ။
-
ဒီမှာ ပြန်ကြည့်ရင်...
-
ကမ္ဘာပေါ်က ကလေးအရေအတွက်ကို ပြမယ်။
-
အသက် ၁၅-နှစ်အောက် ကလေးအရေအတွက်ပါ။
-
ဒီမှာကြည့်။
-
ဒီမှာ ကလေးအရေအတွက် ဖြည်းဖြည်းချင်း တိုးလာတယ်၊ ပြီးတော့ တိုးတာ မြန်လာတယ်။
-
ရာစုနှစ် ပြောင်းချိန်မှာ...
-
ကမ္ဘာပေါ်မှာ ကလေး ၂-ဘီလီယံ ရှိလာခဲ့ပါပြီ။
-
ကျွန်တော့် အဖို့တော့ အဲဒီနှစ်ဟာ မြေးဦးလေး Doris ကို မွေးဖွားခဲ့တဲ့ နှစ်ဖြစ်လို့၊ အရေးပါတဲ့ နှစ်တစ်ပဲပေ့ါ။
-
ကမ္ဘာပေါ်က ကလေးတွေအတွက် သိပ်ကို ထူးခြားတဲ့ အချိန်မှာ သူမကို မွေးခဲ့တာပေါ့။
-
လူဦးရေ စာရင်းအင်းကို အထူးပြုလေ့လာသူတွေ ခန့်မှန်းတာကတော့... အဲဒီနှစ်က စပြီး
-
ကမ္ဘာပေါ်က ကလေးတွေရဲ့ အရေအတွက်ဟာ ဒီလိုမျိုး ဖြစ်လာမယ်တဲ့။
-
ထပ်တိုးစရာတော့ မရှိတော့ပါဘူးတဲ့။
-
ဒီရာစုနှစ် အကုန်မှာလည်း ကမ္ဘာပေါ်က ကလေးဦးရေဟာ ၂-ဘီလီယံပဲ ဖြစ်နေဦးမယ်တဲ့။
-
Doris ကို မွေးဖွားတဲ့ အချိန်မှာတုန်းက ကမ္ဘာပေါ်မှာ ကလေးတွေ အမွေးဖွားဆုံး၊ အထွတ်အထိပ်အချိန် ဖြစ်ခဲ့ပါတယ်။
-
ကလေးတွေ ထပ်မများလာတော့ပါဘူး။
-
ဒါဖြင့် ခင်ဗျားတို့ စိတ်ရှုပ်ကုန်ပြီလား။
-
ကလေးတွေ ထပ်မတိုးဘဲ၊ ဘယ်လိုကြောင့် လူဦးရေ တိုးလာရသလဲ... စသဖြင့်ပေါ့။
-
ဒီ လူကြီးတွေက ဘယ်က ရောက်လာကြသလဲ။
-
ဒါကို ရှင်းပြနိုင်ဖို့ ကိန်းဂဏန်းတွေကို ခဏ အသာထားပြီး
-
ပညာပေးဖို့ ရည်ရွယ်ပြုလုပ်ထားတဲ့ ဒီ အရုပ်လေးတွေကို ပြပါမယ်။
-
ပရိသတ်ကြီးရေ... ကမ္ဘာပေါ်က လူဦးရေကို ဒီမှာ ပြမယ်။
-
ဖော့တုံးလေးတွေ စီရီပြီးတော့ ပြပါမယ်။
-
ဒီဖော့ တစ်တုံးဟာ ၁-ဘီလီယံ၊
-
နှစ်တုံးပေါင်းတော့ ကမ္ဘာပေါ်က ကလေး ၂-ဘီလီယံပေါ့။
-
ပြီးတော့ အသက် ၁၅-နှစ်ကနေ ၃၀-အတွင်း ၂-ဘီလီယံ၊
-
ဒါ အကြမ်းဖျင်းယူထားတဲ့ ဂဏန်းတွေပါ။
-
အသက် ၃၀-ကနေ ၄၅-အထိက ၁-ဘီလီယံ၊
-
အသက် ၄၅-ကနေ ၆၀-အထိက ၁-ဘီလီယံ၊
-
ပြီးတော့ ကျွန်တော့်အတုံး... ၆၀-ကျော်နဲ့ အထက်ပေါ့။ ထိပ်ဆုံးမှာ ရှိနေပါတယ်။
-
ယနေ့ ကမ္ဘာပေါ်က လူဦးရေက ဒီလိုမျိုးပါ။
-
ဒီ ဖော့တုံးအပုံကို ကြည့်ရင် ထိပ်ပိုင်းမှာ ၃-ဘီလီယံ ကွာဟနေတယ်။
-
ပျောက်နေတဲ့အထဲက တချို့က သေသွားလို့ပါ။
-
ပျောက်နေတဲ့အထဲက အများစုဟာ မမွေးဖြစ်လို့၊
-
၁၉၈၀-မတိုင်မီက ကမ္ဘာပေါ်မှာ ကလေးဦးရေ သိပ်နည်းပါးသေးလို့ပါပဲ။
-
ဆိုလိုတာက ကလေးမွေးတဲ့ အမျိုးသမီးဦးရေ နည်းပါခဲ့လို့ပါ။
-
ဒီ ဖော့တုံးပုံက ဒီကနေ့ ရှိနေတာကို ပြပါတယ်။
-
အနာဂါတ်မှာ ဘာဖြစ်မှာလဲ။
-
ကျွန်တော့လို အဘိုးကြီးတွေ ဘာဖြစ်မှာလဲ။
-
သေမှာ...
-
ဟုတ်ပါတယ်။ ဆေးရုံမှာ အလုပ်လုပ်တဲ့သူတွေ ပရိတ်သတ်ထဲ ရှိနေပါတယ်။ (ရယ်သံများ)
-
သူတို့ သေပါတယ်။
-
ရှင်ကျန်ရစ်သူတွေက အသက် ၁၅-နှစ်ကြီးလာတယ်။ ကလေး ၂-ဘီလီယံထပ်မွေးကြတယ်။
-
ဒီလူတွေ အသက်ကြီးပြီ။ သေချိန်တန်ပြီ။
-
ရှင်ကျန်ရစ်သူတွေက အသက် ၁၅-နှစ် ထပ်ကြီးလာကြတယ်၊ သူတို့ကနေ ကလေး ၂-ဘီလီယံ ထပ်မွေးတယ်။
-
ဒီလူတွေ သေမယ်၊ ကျန်ရစ်သူတွေ အသက် ၁၅-နှစ် ထပ်ကြီးလာမယ်၊ ကလေး ၂-ဘီလီယံ ထပ်မွေးမယ်။
-
အား...
-
ကလေးတွေ ထပ်တိုးမလာဘဲ...
-
အသက်တွေ ပိုရှည်မလာဘဲ...
-
ကျွန်တော်တို့ လူပေါင်း ၃-ဘီလီယံလောက် ပိုများလာမယ်။ လူကြီးတွေ ပိုမိုများပြားလာမယ်၊
-
လူငယ်မျိုးဆက်တွေ မြောက်မြားစွာကနေ ကြီးပြင်းလာတဲ့ အတွက်ကြောင့်ပါ။
-
အသေးစိတ် ထပ်ဖြည့်ပြောရရင်၊ ကျွန်တော့်လို အသက်ကြီးတဲ့ သူတွေအတွက် သတင်းကောင်း တစ်ခုပါ...
-
အသက်ကြီးသူတွေ နောက်ထပ် နည်းနည်း အသက်ပိုရှည်လာကြမယ်လို့ ခန့်မှန်းကြပါတယ်။
-
ဒီတော့ ထိပ်ပိုင်းမှာ ၁-ဘီလီယံ ထပ်တည့်ရတော့မယ်။
-
အဲဒီ့ အုပ်စုထဲ ကျွန်တော်လည်း ပါလိမ့်မယ်လို့ အသည်းအသန် မျှော်လင့်ပါတယ်။
-
ဒါမှလည်း ကျွန်တော် အသက်ရှင်နေပြီး၊ နှစ်စဥ် စာရင်းအင်း အချက်အလက်တွေကို တင်ပြနိုင်မှာမို့ပါ။
-
ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်အတွက် စိတ်ပူပန်နေတဲ့ လှုပ်ရှားတက်ကြွသူများနဲ့ တွေ့ဆုံပြီး စကားပြောကြည့်ရာမှာတော့...
-
ကမ္ဘာ့လူဦးရေကို ၈-ဘီလီယံအရောက်မှာ ရပ်တန့်ပစ်ရတော့မယ်လို့ ဆိုကြပါတယ်။
-
ကလေးအရေအတွက် အများဆုံးကာလကို ရောက်ခဲ့ပြီဆိုတာကို သူတို့နဲ့ စကားစပြောစမှာ သူတို့ မသိသေးပါဘူး။
-
ဒီကလေးတွေ ကြီးပြင်းလာတာကြောင့် လူကြီးဦးရေ ပိုများလာရပြီး၊
-
လူဦးရေဟာ မတိုးသာ မဆုတ်သာဘဲ၊ ဒီမျှနဲ့ပဲ အဆုံးသတ်သွားမယ်ဆိုတာကို သူတို့ သတိမပြုမိပါဘူး။
-
ဒါီတော့ လူဦးရေ ဘယ်လောက်များလာမှာလဲ ကျွန်တော်တို့ သိပြီ။ ဒီလူတွေ ဘယ်နေရာ ဘယ်ဒေသမှာ ပါလိမ့်။
-
ယခုနဲ့ အနာဂါတ်မှာ...
-
ဒါက ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီး။ အဲဒီမှာ လူပေါင်း ၇-ဘီလီယံ ရှိတယ်။
-
၇-ဘီလီယံထဲက၊ ၁-ဘီလီယံဟာ အမေရိကတိုက်၊ တောင်/မြောက် မှာ ရှိတယ်။
-
ဥရောပတိုက်မှာ ၁-ဘီလီယံ။ အာဖရိကတိုက်မှာ ၁-ဘီလီယံ။
-
အာရှတိုက်မှာ ၄-ဘီလီယံ။
-
ဒါက ဒီကနေ့ မှာပါ။ ဒါကို ဘယ်လို မှတ်ထားမလဲ။
-
လွယ်ပါတယ်။ ဒီလို ကိန်းဂဏန်းတွေနဲ့ ပြပါ့မယ်။
-
ကမ္ဘာကြီးရဲ့ လျှို့ဝှက်ဂဏန်း (PIN code) ကို ၁၁၁၄ လို့ ဆိုကြပါစို့။
-
ရာစုနှစ် အလယ် အရောက်မှာ ဘာဖြစ်မလဲ။
-
ကျွန်တော်တို့ အကြမ်းဖျင်း သိပြီးသားပါ။
-
ဥရောပတိုက်... မတိုးပါ။ ဥရောပလူဦးရေဟာ ကျတောင်လာနေပါပြီ။
-
အမေရိကတိုက်... အနည်းငယ်ပိုများလာမယ်။ တိုးလာတဲ့ အများစုက လက်တင်အမေရိကက သက်ကြီးပင်စင်စား အရွယ်တွေပါ။
-
ဒီတော့ အတူတူပါပဲ။ သိပ်မပြောင်းသွားပါဘူး။
-
အာရှတိုက်မှာ ၁-ဘီလီယံ ပိုများလာမယ်။
-
ဒီ့နောက်မှာတော့ အာရှတိုက်မှာ လူဦးရေ မတိုးတော့ပါဘူး။
-
အာဖရိကတိုက်မှာ နောက်ထပ် နှစ် ၄၀-ရောက်ရင် လူဦးရေ ၂-ဆ ဖြစ်လာြပီး၊ ၂-ဘီလီယံ အထိရောက်မယ်။
-
ကဲ... ရာစုနှစ် အကုန်မှာ...
-
ကျွန်တော်တို့ သိတဲ့အတိုင်းပဲ၊ ဥရောပတိုက်မှာ မတိုးပါ။ အမေရိကတိုက်မှာ မတိုးပါ။ အာရှတိုက်မှာ မတိုးပါ။
-
ဒါပေမယ့် အာဖရိကတိုက်မှာတော့ အခုရရှိထားတဲ့ အချက်အလက်တွေအရ လူဦးရေ နောက်ထပ် ၂-ဆ တိုးပါမယ်။
-
အာဖရိကတိုက်မှာ လူဦးရေ ၄-ဘီလီယံ ဖြစ်လာပါလိမ့်မယ်။
-
၂၁၀၀-ပြည့်နှစ်မှာ နောက်ဆုံး PIN code က ၁၁၄၅ ဖြစ်လာမယ်။
-
ဒါကြောင့် ၂၁၀၀-ပြည့်နှစ်မှာ ကမ္ဘာကြီးဟာ ပြောင်းလဲသွားမှာပါ။
-
အိုမင်းနေတဲ့ အနောက်ကမ္ဘာ (old west) လို့ ကျွန်တော်တို့ ခေါ်ကြတဲ့
-
အနောက်ဥရောပနဲ့ မြောက်အမေရိက မှာ နေထိုင်ကြသူတွေဟာ အဲဒီ့အချိန်မှာ ကမ္ဘာ့လူဦးရေရဲ့ ၁၀% ထက် လျော့နည်းသွားမှာပါ။
-
ကမ္ဘာ့လူဦးရေရဲ့ ၈၀% ဟာ အာရှနဲ့ အာဖရိကတိုက်မှာ ရှိလာမှာပါ။
-
ဒီအခြေအနေကို ထိန်းထားနိုင်ဖို့ အရင်းအမြစ်တွေ လုံလောက်ရဲ့လား။
-
ဒါ တကယ့်ကို စိန်ခေါ်မှုကြီး တစ်ခုပေါ့။ ဘာမှ အလိုအလျောက် မရပါဘူး။
-
ကျွန်တော့အထင် ဒီလူတွေအကုန် အတူတကွနေနိင်ဖို့ ဖြစ်နိင်ချေ ရှိပါတယ်။
-
အာရှတိုက်မှာ ငြိမ်းချမ်းကြွယ်ဝပြီး၊ လူဦးရေ ၅-ဘီလီယံနေထိုင်ဖို့ ဖြစ်နိုင်ချေ အသေအချာ ရှိပါတယ်။
-
ဂျပန်၊ တောင်ကိုရီးယား နဲ့ တခြားနိုင်ငံတွေဟာ ကြွယ်ဝချမ်းသာနေပါပြီ။
-
သူတို့နောက်မှာ လမ်းကြောင်းပေါ် လိုက်လာကြတာကတော့ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ တခြားအာရှနိုင်ငံများ ဖြစ်ပါတယ်။
-
ဆင်းရဲတဲ့ အာရှနိုင်ငံများမှာတောင် လူတွေရဲ့ ဘဝတွေဟာ တင့်တောင့်တင့်တည်ရှိလာကြပါပြီ။
-
ဒါပေမယ့် ၄-ဘီလီယံအထိများပြားလာမယ့် အာဖရိကတိုက်ရဲ့ အနာဂါတ်က ဘာဖြစ်မလဲ။
-
အများစုဟာဖြင့် ဆိုးဆိုးဝါးဝါး ဆင်းရဲ မနေကြတော့ဘူးလား။
-
အာဖရိကမှာ အဆုံးစွန်အထိ ဆင်းရဲကြတာကို ကျွန်တော် တွေ့ဖူးပါတယ်။
-
လွန်ခဲ့တဲ့ နှစ်-၃၀ လောက်က ကျွန်တော်ဆရာဝန်လုပ်ခဲ့စဥ်က ဘဝတစ်လျှောက်လုံးမှာ ၂-နှစ်လောက် အပြင်းထန်ဆုံးကြုံခဲ့ရတယ်။
-
အာဖရိက အရှေ့ဘက် ကမ်းခြေပေါ်က အရမ်းဆင်းရဲတဲ့ မိုဇမ်ဘစ်နိုင်ငံ (Mozambique) မှာပါ။
-
ပေါ်တူဂီနယ်ချဲ့တွေကို အချိန်အတော်ကြာ တိုက်ထုတ်ပြီးမှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံပါ။
-
အဲဒီက လူ ၃-သိန်းလောက်ကို ဆေးကုသပေးတဲ့ နိုင်ငံခြားသား ဆရာဝန် ၂-ယောက်ထဲမှာမှ ကျွန်တော်က တစ်ယောက်ပေါ့။
-
ဒီဆေးရုံမှာပါ။ ကျွန်တော့်မိန်းမက ဝမ်းဆွဲဆရာမ အဖြစ် အလုပ်လုပ်ပါတယ်။
-
ဆေးရုံဝန်ထမ်းအားလုံးပေါင်းမှ ဒါပဲရှိပါတယ်။
-
ကုတ်အင်္ကျီ အဖြူနဲ့သူတွေက ကိုလိုနီခေတ်မှာ အသက်မွေးဝမ်းကျောင်း သင်တန်း အနည်းဆုံး ၁-နှစ် တက်ထားသူတွေပါ။
-
ကျန်တဲ့အထဲက အတော်များများကတော့ စာအရေးအဖတ်လေးတောင်မှ မတတ်ကြပါဘူး။
-
သို့ပေမယ့် သူတို့ စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး ကြိုးစားကြပါတယ်။
-
လာပြတဲ့ လူနာတွေက အဆင်းရဲတကာ့ အဆင်းရဲဆုံးထဲက ဆိုးဝါးတဲ့ ရောဂါသည်တွေပါ။
-
လုံလောက်တဲ့ ဝန်ထမ်း အရင်းအမြစ်ကလည်း မရှိ။
-
ကျွန်တော်ကလည်း ငယ်တုန်းဆိုတော့ ကျွမ်းကျင်မှုမရှိ။ လူနာတွေရဲ့ လိုအပ်ချက်တွေကို မဖြည့်တင်းပေးနိုင်။
-
မိုဇမ်ဘစ်နိုင်ငံ (Mozambique) ဟာ ဒီကနေ့အထိ အရမ်းကို ဆင်းရဲနေတုန်းပါပဲ။
-
ဒါပေမယ့် ကျွန်တော်ရှိခဲ့စဥ် လွန်ခဲ့တဲ့နှစ်-၃၀ ကထက် အများကြီး တိုးတက်လာပါတယ်။
-
လွန်ခဲ့တဲ့ နှစ်-၃၀ တုန်းက ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ မြို့မှာ ဆေးရုံအသစ်တစ်ခု ရှိလာပြီ။
-
ဆေးရုံအသစ်က အများကြီးပိုကြီးတယ်။ ဆရာဝန် ၁၅-ယောက်ရှိပြီး၊ အဲဒီအထဲက ၁၁-ယောက်ဟာ မိုဇမ်ဘစ်နိုင်ငံသားတွေပါ။
-
ဝန်ထမ်းအားလုံးဟာ သင်တန်းပေး၊ လေ့ကျင့်ထားသူတွေပါ။
-
ဆေးရုံညွှန်ကြားရေးမှူးက သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာ ကာရှီမို (Dr. Cashimo) ဖြစ်ပါတယ်။
-
အရာအားလုံးက ဖော်ပြနေတာက...
-
အမြွှာပူးလေးတွေ...
-
ဖြစ်တယ်ဆိုတာပါပဲ။
-
အဲဒီက အပြောင်းအလဲကတော့ အံ့ဖွယ်ပါပဲ။
-
မတော်တဆ ထိခိုက်ဒဏ်ရာ နဲ့ အရေးပေါ်ဌာန၊
-
ကလေးဆေးပညာဌာန၊ အရိုးအထူးကုဌာနတွေ ရှိနေပြီ။
-
ဓာတ်ခွဲခန်း အကြီးစားတွေနဲ့ ၂၄-နာရီ ဖွင့်တဲ့ ဆေးဆိုင်တစ်ခုလည်း ရှိနေပြီ။
-
ကလေးကို ဗိုက်ခွဲမွေးတာလည်း မကြာခဏ ဆိုသလိုပါပဲ၊ ဒါမျိုးက ကျွန်တော်အရင် ရှိတုန်းကဆို မဖြစ်နိုင်တဲ့ အရာတစ်ခုပေါ့။
-
ယနေ့မှာတော့ ကျွမ်းကျင်ပညာရှင်တွေ အဖွဲ့တစ်ခု ရှိနေပြီ။
-
သူတို့ရဲ့ ခွဲစိတ်ခန်းကလည်း ကမ္ဘာ့တခြားနေရာတွေကလို ပစ္စည်းစုံလင်စွာနဲ့...
-
အရာအားလုံးဟာ အရမ်းကို တိုးတက်လာခဲ့ပါတယ်။
-
ဒီကနေ့ မိုဇမ်ဘစ်မှာ မွေးတဲ့ကလေးတွေဟာ ပိုမိုတောက်ပတဲ့ အနာဂတ်ရှိလာသင့်ပါတယ်။
-
ကျန်းမာရေးပိုကောင်းလာတာကြောင့်ရော၊ စီးပွားရေး အလျင်အမြန်တိုးတက်လာတာကြောင့်ရော ပေါ့။
-
ဆိပ်ကမ်းများနဲ့ ဈေးများမှာ လူရှုပ်လိုက်တာများ...
-
စက်မှုလုပ်ငန်းအသစ်တွေကြောင့် အလုပ်အသစ်တွေလည်း ရှိလာခဲ့ပါြပီ။
-
ဒီသတင်းကောင်းဟာဖြင့် မြို့တွေပေါ်မှာပဲလားလို့ ခင်ဗျားတို့ တွေးကောင်းတွေးမိမယ်။
-
အမှန်ပါပဲ။
-
လူနေများတဲ့ ကျေးလက်ဒေသကတော့ အဆိုးရွားဆုံး စိန်ခေါ်မှုကို ကြုံကြရပါတယ်။
-
ဒါပေမယ့် အစစအရာရာ ပြောင်းလဲလို့ လာနေပါပြီ။
-
မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်း၊ တောကြိုအုံကြားက Mogovolas ဆိုတဲ့ ဒေသမှာပေါ့။
-
အဲဒီမှာ Olivia, Andre နဲ့ သူတို့ရဲ့ မိသားစုလေး နေထိုင်ကြပါတယ်။
-
ကမ္ဘာပေါ်က တခြား ဆင်းရဲတဲ့လူတွေလိုပါပဲ၊ Olivia နဲ့ Andre တို့ဟာ လယ်သမားတွေ ဖြစ်ပါတယ်။
-
ကိုယ်စိုက်တာ ကိုယ်တိုင်စားပြီး၊ မှီတင်းနေထိုင်ကြတာလေ။
-
မနက် ၄-နာရီထိုးပါပြီ... တစ်နေ့တာ အလုပ်များက ဆင့်ခေါ်နေပါပြီ။
-
Andre ဟာ လယ်ထဲကို တန်းသွားပါတယ်။
-
Olivia ကတော့ ရေခပ်ဆင်းတယ်။
-
နှစ်ယောက်စလုံး မိုင်ပေါင်းများစွာ လမ်းလျှောက်သွားရတာပါ။
-
"ကျွန်တော် အဲဒီကို ရောက်ဖို့ ၂-နာရီကြာ လမ်းလျှောက်ရတယ်။"
-
"လူများရင် ၂-နာရီလောက် ကြာတယ်။"
-
"ကျွန်မ အိမ်ပြန်ရောက်ပြီဆို ပင်ပန်းပြီး၊ ဗိုက်ဆာရော..."
-
တခြားနည်းနဲ့ သွားလို့ကလည်း မရတော့၊ အားလုံးကို လူနဲ့ သယ်ရတယ်။
-
Olivia နဲ့ Andre မှာ ကလေး ၈-ယောက်ရှိတယ်။
-
အာဖရိတိုက်ရဲ့ ကျေးလက်ဒေသအများစုမှာ ကလေးမွေးဖွားနှုန်း မြင့်မားနေတုန်းပါပဲ။
-
အဆင်းရဲဆုံး မိသားစုများကနေ ပါးစပ်ပေါက် အများဆုံးကို ကျွေးမွေးရတာလေ။
-
ဒီမိသားစုမှာ အသုံးမလိုတဲ့ အရာမှန်သမျှ သူတို့ ရောင်းချပစ်တာပဲ။
-
"ကျွန်တော် တကယ့်ကိုပဲ ရုန်းကန်လှုပ်ရှား နေရတာ..."
-
"သီးနှံမျိုးစုံကို စိုက်တယ်၊ ဒါတောင်..."
-
"ကလေးတွေအတွက် လောက်ငအောင် မရှာပေးနိုင်ဘူး။"
-
စီးပွားရေးတိုးတက်လာတာက ကျေးလက်ဒေသအထိ တဖြည်းဖြည်း ရောက်လို့လာနေပါတယ်။
-
"ဒီအိမ်အမိုးလေးရဖို့ ၃-နှစ်လောက် ပိုက်ဆံစုခဲ့ရတယ်။"
-
အခုတော့ Andre ဟာ သူ့အတွက် အရာအားလုံး ပြောင်းလဲစေမယ်လို့ ယုံကြည်တဲ့အရာ တစ်ခုအတွက် တာစူနေပါပြီ။
-
"ကျွန်တော် စက်ဘီးတစ်စီးတော့ အရေးပေါ် လိုနေပါပြီ။ သူမရှိဘဲ ဘယ်ခရီးမှ မရောက်ဘူးလေ။"
-
စက်ဘီးဟာ တောနေဆင်းရဲသားများအတွက် သူတို့ဘဝကို အကြီးအကျယ် ပြောင်းလဲစေနိုင်ပါတယ်။
-
နာရီများစွာ အချိန်ကုန်သက်သာစေပြီး၊ အလုပ်တွေ ပြီးမြောက်နိုင်စေပါတယ်။
-
စက်ဘီးရှိရင် လေးလံတဲ့ ကုန်ပစ္စည်းတွေကို ဈေးရောက်အောင် သယ်ဆောင်နိင်ပါတယ်...
-
ပိုက်ဆံလည်း ပိုရှာနိင်မှာပေါ့။
-
စက်ဘီးနဲ့ အလုပ်လည်း ထွက်ရှာနိုင်တယ်။
-
နေထိုင်မကောင်း ဖြစ်ရင်လည်း ဆေးခန်းကို အချိန်မီ သွားနိုင်တာပေါ့။
-
"စက်ဘီးတစ်စီးသာရှိမယ်ဆိုရင် ကျွန်တော်သိပ်ပျော်မှာပဲ။..."
-
"စက်ဘီးမရှိတဲ့ အိမ်ဟာ အိမ်လို့ မဆိုနိုင်ပါဘူး။"
-
Andre နဲ့ Olivia တို့ဟာ ရတဲ့ဝင်ငွေထဲက ဖယ်ပြီးစုနေတာ ၂-နှစ်လောက် ရှိပါပြီ။ ငွေမပြည့်နိုင်သေးပါဘူး။
-
သူတို့အခု ရိတ်သိမ်းနေတဲ့ နှမ်းစေ့တွေက အရမ်းကို အရေးပါတယ်။
-
ဈေးကောင်းရရင်၊ အဲဒီပိုက်ဆံ ပြည့်ပြီ။
-
Andre နဲ့ Olivia တို့ဟာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်ခုမှာ နေကြတာပါ။
-
သူတို့နေတဲ့ ကျေးလက်က နိုင်ငံထဲမှာ အဆင်းရဲဆုံးဒေသပါ။
-
ဒါြဖင့် သူတို့လိုမျိုး ဆင်းဆင်းရဲရဲနေနေကြတဲ့သူတွေ ကမ္ဘာပေါ်မှာ ဘယ်လောက်များ ရှိနေမလဲ။
-
ကျွန်တော် ခင်ဗျားတို့ကို ဒီလို ပေတံကိုက်တံနဲ့ ပြမယ်။
-
လွယ်ပါတယ်။ ဆင်းရဲ...ချမ်းသာ... ပေါ့။
-
အဲဒီအောက်မှာ လူပေါင်း ၇-ဘီလီယံကို ပြထားတယ်။
-
လွယ်လွယ်မြင်နိုင်အောင် ဆင်းရဲ၊ ချမ်းသာ စဥ်ပြီး ပြထားတယ်။
-
ကဲ၊ အချမ်းသာဆုံး ဘီလီယံအုပ်စုထဲက တစ်နေ့ဝင်ငွေဒေါ်လာ ဘယ်လောက်များသလဲ။
-
ဒီမယ်ကြည့်...။
-
အိုး...
-
တက်လာပြီ.... တက်လာပြီ...။
-
အိုး၊ ယိုး... ယိုး... ယိုး...
-
မီတောင် မမီနိုင်တော့ဘူး။ တစ်နေ့ကို ဒေါ်လာ-၁၀၀။
-
အလယ်က ဘီလီယံအုပ်စုကို ကြည့်ကြဦးစို့။ သူတို့ ဘယ်လောက် ဝင်သလဲ။
-
၁၀-ဒေါ်လာ အထိပါပဲ။
-
ပြီးတော့ အဆင်းရဲဆုံး ဘီလီယံအုပ်စုကို ကြည့်ကြမယ်။ သူတို့ ဘယ်လောက် ဝင်သလဲ။
-
ဟုတ်ပြီ။
-
၁-ဒေါ်လာပဲ။
-
ဒါကတော့ ဒီနေ့ကမ္ဘာကြီးရဲ့ ကွာဟချက်ပါပဲ။
-
စီးပွားရေးပညာရှင်များက၊ သူတို့အခေါ် အင်မတန်ကို ဆင်းရဲတဲ့ မျဥ်းတစ်ကြောင်း ဆွဲပြတယ်။
-
၁-ဒေါ်လာ ကျော်လေးအထက်မှာ။
-
သင့်မိသားစု ဝမ်းရေးကို အနိုင်နိုင် ဖြည့်တင်းနိုင်ရုံ ပမာဏလေးပါ၊ နေ့စဥ် ဒီလို လုံလောက်မယ်လို့ မသေချာတဲ့ ဘဝပေါ့။
-
၁-ဘီလီယံဟာြဖင့် ဒီမျဥ်းအောက်မှာ သိသာစွာ ရှိနေပါတယ်။
-
နောက်ထပ် ၁-ဘီလီယံက ဒီမျဥ်းပေါ်မှာ ရှိနေပါတယ်။
-
ကျန်တဲ့လူတွေကတော့ ဒီမျဥ်း အထက်မှာပါ။
-
အဆင်းရဲဆုံးလူတွေဟာ စီးဖို့ဖိနပ်ကိုတောင် အနိုင်နိုင် ဝယ်ကြရပါတယ်။
-
ဖိနပ်ရပြီဆိုရင်၊ နောက်တစ်ဆင့်က စက်ဘီးဝယ်ဖို့ ပိုက်ဆံစုကြပါတယ်။
-
Andre နဲ့ Olivia တို့ဟာ ဒီအုပ်စုထဲကပါ။
-
စက်ဘီးရှိပြီဆိုရင်၊ မော်တော်ဆိုင်ကယ်...
-
မော်တော်ဆိုင်ကယ်ပြီးတော့၊ ကားဝယ်ဖို့ပါ။
-
ကျွန်တော့်မိသားစုရဲ့ ပထမဆုံးကားကတော့ မီးခိုးရောင် Volkswagen လေးပါ။
-
ကားဝယ်အပြီး၊ ပထမဆုံးအနေနဲ့ နော်ဝေကို အပန်းဖြေခရီး ထွက်ခဲ့ကြတယ်။ နော်ဝေက ဆွီဒင်ထက် အများကြီး ပိုလှပလို့ပါ။ (ရယ်သံများ...)
-
ပျော်စရာ အရမ်းကောင်းတဲ့ ခရီးစဥ် တစ်ခုပါပဲ။
-
ကျွန်တော်က ဒီအုပ်စုထဲမှာ ပါပါတယ်။ အချမ်းသာဆုံး ဘီလီယံအုပ်စုဝင်များလိုပဲ၊ လေယာဥ်ပျံစီးပြီး အပန်းဖြေခရီး ထွက်နိုင်လို့ပါပဲ။
-
လေယာဥ်စီးနိုင်တဲ့သူတွေထက် အများကြီး ပိုချမ်းသာတဲ့သူတွေလည်း ရှိသေးတာပေါ့။
-
တစ်ချို့များ ဘယ်လောက်ချမ်းသာသလဲဆိုရင်၊ အာကာသထဲ ခရီးထွက်ဖို့အထိတောင် စဥ်းစားနေကြပါြပီ။
-
လေယာဥ်စီးနိုင်သူနဲ့ ဟောဟိုဘက်က အချမ်းသားဆုံးသူတွေ ဝင်ငွေကွာဟမှုဟာ...
-
လေယာဥ်စီးနိုင်သူတွေနဲ့ အဆင်းရဲဆုံးအုပ်စုဝင်များကြား ကွာခြားသလိုပါပဲ။
-
ဟိုဘက် ဒီဘက် ကွာခြားမှု အတူတူပါ။
-
အရေးအကြီးဆုံး အချက်ကတော့...
-
ဒါကို ပြဖို့ လှေကားလိုပါတယ်။
-
တစ်ခါတလေမှာ ဟောင်းနွမ်းနေပေမယ့် အသုံးဝင်ဆဲ နည်းပညာ လိုအပ်ပါတယ်။
-
ဒီမှာကြည့်...
-
အပေါ်ကို တက်နေပါပြီ၊... အခုတော့ ထိပ်ဆုံးကို ရောက်ပါပြီ။
-
ဒေါ်လာ-၁၀၀ နေ့စဥ်ဝင်တဲ့ ကျွန်တော်တို့အတွက် ပြဿနာကတော့၊ အောက်ကို ပြန်ငုံ့ကြည့်ရင်...
-
၁၀-ဒေါ်လာဝင်သူတွေနဲ့ ၁-ဒေါ်လာ ဝင်သူတွေကို ဆင်းရဲတာ အတူတူပဲလို့ မြင်နေခြင်းပါ။
-
ကွာြခားချက်ကို ကျွန်တော်တို့ မမြင်ပါဘူး။
-
လူတိုင်း အတူတူပဲ၊ နေထိုင်သုံးစွဲကြတယ်လို့ ထင်ရတယ်လေ။
-
ပြောကြမှာပေါ့... "အိုး... သူတို့အားလုံး ဆင်းရဲတာပါလား..." လို့။
-
ကျွန်တော် အသေအချာ ပြောနိုင်တာကတော့...
-
အဲဒီ့ဆင်းရဲတဲ့အုပ်စုဝင်တွေနဲ့ တွေ့ဖူး၊ စကားပြောဖူးတယ်။
-
သူတို့ဘဝမှာ ၁-ဒေါ်လာဝင်တာကနေ ၁၀-ဒေါ်လာအထိဖြစ်လာမယ်ဆိုရင် ဘယ်လို ပြောင်းလဲသွားမလဲဆိုတာကို သူတို့ ကောင်းကောင်း သိကြပါတယ်။
-
ဝင်ငွေ ၁၀-ဆ ဖြစ်လာတာပါ။
-
ဒါဟာ ကြီးမားတဲ့ ပြောင်းလဲမှုပါ။
-
ဒါကို နားလည်နိုင်ဖို့ Olivia နဲ့ Andre တို့ ဘာတွေ ကြိုးပမ်းနေသလဲ ကြည့်ကြပါစို့။
-
ဒီမျဥ်းနေရာကနေ လျှောက်လှမ်းမယ့် သူတို့ရဲ့ ခြေလှမ်းလေးတိုင်းဟာ...
-
ဖိနပ်ကနေ စက်ဘီး။
-
အဝေးက ကြည့်ရင် ပြောင်းလဲမှုက သေးသေးလေး။ ဒါပေမယ့် သူတို့ ဘဝမှာ အကြီးအကျယ် ပြောင်းလဲတာပါ။
-
Andre နဲ့ Olivia တို့အတွက် စက်ဘီးရပြီးသွားရင် သူတို့ဘဝ ပိုမိုကောင်းမွန် ကြွယ်ဝစေမယ့် လမ်းခရီးကို မြန်မြန်သွားနိုင်မှာပါ။
-
လပေါင်းများစွာ အချိန်ယူ စိုက်ပျိုးခဲ့ရတဲ့ နှမ်းတွေ ရောင်းဖို့ Andre နဲ့ Olivia တို့ ဒီကနေ့ ပြင်ဆင်နေပါပြီ။
-
"နှမ်းဈေးက ၂၅-မက်တီကယ် (မိုဇမ်ဘစ်ငွေကြေး)ပါ။"
-
"ဒီနှစ်မှာ ဈေးပိုကောင်းတယ်။"
-
"၄၀/၄၅ -မက်တီကယ် လောက် ရမယ်လို့ မျှော်မှန်းထားတယ်။"
-
သင့်တော်တဲ့ ဈေးရဖို့အတွက် Andre နဲ့ Olivia တို့ သတိထားရမယ်။
-
"တစ်ချို့ ဝယ်လက်တွေက အလေးခိုးတယ်။"
-
"ကိုယ့်ဘာသာ ချိန်ရင် ၁၀-ကီလိုရှိတယ်။"
-
"ဒါကို ဝယ်လက်တွေဆီ ယူသွားရင်၊ ၇- ကီလို၊ ၈-ကီလိုပဲ ရှိတယ် ပြောကြမှာ။"
-
Andre ကတော့ ဈေးရောင်းထွက်တော့မှာပါ။
-
သီးနှံတွေကို ဈေးအထိ သယ်ဆောင်ဖို့ သူများအကူအညီယူရတာ ဒါနောက်ဆုံးပဲလို့ သူမျှော်လင့်ထားပါတယ်။
-
Andre သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုတယ်။
-
"ဟေ့... ကိုယ့်လူ၊ သေသေချာချာ တွက်နော်..."
-
ဈေးတည့်သွားပြီ။ Andre တစ်ယောက် ပျော်နေပါပြီ။
-
"ကျွန်တော် အခု ဒီပိုက်ဆံကို သုံးစရာရှိတယ်။"
-
မိသားစုတွေ အလုပ်ကြိုးစား လာခဲ့ကြတဲ့အတွက် အခုတော့ စံစားရပြီပေါ့။
-
ဈေးသွားဖို့ကို Andre တစ်ယောက် တစ်မနက်လုံး လမ်းလျှောက်ခဲ့ရတယ်။
-
အခုတော့ တစ်နာရီအတွင်း စက်ဘီးလေးနဲ့ အိမ်ကိုရောက်နိုင်ပြီလေ။
-
"ရှင် စက်ဘီးဝယ်လာတယ်ပေါ့။"
-
"ဟုတ်တယ်၊ အချစ်ရေ... စက်ဘီးဝယ်ခဲ့တယ်။"
-
စက်ဘီးအသစ်ကလေးကိုဖြင့် စတင် အသုံးပြုနေပါပြီ။
-
ကလေးတွေက ရေခပ်ဆင်းတဲ့အခါ သုံးတယ်။
-
Andre က သီးနှံတွေ ဈေးကို အရောက်ပို့တဲ့အခါ သုံးတယ်။
-
အရေးကြီးတဲ့ဟာ တစ်ခုက... Olivia နဲ့ Andre တို့ လွယ်လွယ်နဲ့ စာသွားသင်နိုင်ပါပြီ။
-
သင်္ချာနဲ့ စာရေးစာဖတ် သင်ယူလို့ရပြီ။
-
"မိန်းမနဲ့ ကလေးတွေအတွက် မော်တော်ဆိုင်ကယ် ဝယ်ဖို့ ပိုက်ဆံစုရမယ်။"
-
"ဒါကတော့ ကျွန်တော် နောက်ထပ် လိုချင်တာပါ။"
-
Olivia နဲ့ Andre တို့ ဆင်းရဲတွင်းထဲကနေ စက်ဘီးလေးကို စီးလို့ ထွက်လာတာကို ကြည့်ရတာ အင်မတန် ကြည်နူးစရာပါပဲ။
-
စာအရေးအဖတ်သင်ဖို့ သူတို့ စက်ဘီးစီးပြီး သွားနိုင်ပြီလေ။
-
ပညာရေးဟာ လူသားတွေနဲ့ တိုင်းပြည်တွေ တိုးတက်လာဖို့အတွက် အရေးပါတဲ့ အရာပါ။
-
ဒါပေမယ့် ကမ္ဘာပေါ်မှာ ပညာရေးနဲ့ ပတ်သက်လို့ ဘာတွေ တကယ်ဖြစ်ခဲ့သလဲဆိုတာ လူဘယ်လောက်များများ သိကြမလဲ။
-
ဗြိတိသျှလူမျိုးတို့ လစ်လျူရှုခဲ့သမျှ ဆိုတဲ့ စစ်တမ်းကို ဆက်ကောက်ဖို့ အချိန်ရောက်ပြီ။
-
ဒီမယ်ကြည့်...။
-
ဒီကနေ့ ကမ္ဘာပေါ်မှာ စာရေးစာဖတ်တတ်သူ ဘယ်လောက်ရာခိုင်နှုန်းရှိသလဲ လို့ ကျွန်တော်တို့ မေးကြည့်တယ်။
-
ဒါကိုပဲ ပရိတ်သတ်ကို မေးကြည့်ချင်တယ်။ ၂၀-ရာနှုန်းလို့ ထင်တဲ့သူ လက်ထောင်...။
-
၄၀-ရာနှုန်း။
-
၆၀-ရာနှုန်း။
-
၈၀-ရာနှုန်း၊ အား... အား... အား...။
-
ဒါကဖြင့် ဗြိတိသျှတွေရဲ့ အဖြေ။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
အလွန်အမင်း ဆင်းရဲမွဲတေတဲ့ စိမ်ခေါ်မှုတွေ များစွာကိုတော့ ဖြေရှင်းနိုင်ခဲ့ပါပြီ။
-
ကျွန်တော်တို့ ခေတ်မှာ ဒီဆင်းရဲမွဲတေမှုကို အပြီးတိုင် အဆုံးသတ်နိုင်ဖို့ ပထမဆုံး အချိန်အခါပါပဲ။
-
လူဦးရေတိုးပွားလာတဲ့ စိမ်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းလို့ ရသွားပါပြီ။
-
ကလေးအရေအတွက်လည်း တိုးမလာတော့ဘဲ၊ ရပ်တန့်သွားပါပြီ။
-
-
-
-
-
-
ကျွန်တော် ကိုယ့်ကိုယ်ကို အကောင်းချည်းမြင်တဲ့သူလို့ မဆိုချင်ပါဘူး။
-
ဒါပေမယ့် ကျွန်တော်ဟာ ဖြစ်နိုင်ချေကို ယုံကြည်သူတစ်ဦးပါ။
-
ပြောချင်တာကတော့ ကမ္ဘာကြီးဟာ အများတကာထင်တာထက်တော့ ပိုပိုကောင်းမွန်လာနေပြီ ဆိုတာပါပဲ။
-
ကျေးဇူးတင်ပါတယ်။