Return to Video

CRISPR အကြောင်း သင်သိဖို့ လိုသည်များ။

  • 0:01 - 0:03
    ကဲ အားလုံး CRISPR ကိုကြားဖူးသလား။
  • 0:04 - 0:06
    မကြားဖူးသေးရင်တော့ အံ့ဩမိမယ်။
  • 0:07 - 0:10
    အဲ့ဒါနည်းပညာတစ်ခုပါ။
    မျိုးရိုးဗီဇကိုပြောင်းဖို့ပါ။
  • 0:10 - 0:13
    ပြီးတော့မျိုးစုံလှည့်သုံးလို့ရသလို
    အငြင်းပွားစရာဖြစ်နေတော့
  • 0:13 - 0:16
    ဒါနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားစရာ
    ဆွေးနွေးမှုတွေလည်းပေါ်လာပြီ။
  • 0:17 - 0:19
    အမွှေးပွဆင်ကြီးကိုပြန်ခေါ်ကြမလား။
  • 0:19 - 0:22
    လူ့သန္ဓေသားကိုပြုပြင်မလား။
  • 0:22 - 0:24
    ပြီးတော့ ကျမ အကြိုက်ဆုံးတစ်ခု
  • 0:25 - 0:29
    လူသားတွေကို အန္တရာယ်ပေးတယ်လို့ယူဆတဲ့
    မျိုးစိတ်တခုလုံးကို ဒီနည်းပညာ
  • 0:29 - 0:31
    သုံးပြီးတော့ ကမ္ဘာပေါ်ကနေ
    အပြီးပျောက်သွားအောင်
  • 0:31 - 0:34
    ဘယ်လို တရားမျှအောင်
    အကြောင်းပြပြီး လုပ်မှာလဲ။
  • 0:35 - 0:39
    ဒီလို သိပ္ပံမျိုးက သူ့ကို ထိန်းကျောင်းတဲ့
    ဥပဒေစည်းမျဉ်းတွေထက်
  • 0:39 - 0:41
    မြန်မြန်တိုးတတ်နေတယ်။
  • 0:41 - 0:43
    ဒါကြောင့် ပြီးခဲ့တဲ့ ၆နှစ်လုံးလုံး
  • 0:43 - 0:46
    ဒီလိုနည်းပညာတွေနဲ့ သုံးလိုရပုံတွေကို
  • 0:46 - 0:49
    လူများနိုင်သမျှများများနားလည်စေဖို့ကို
  • 0:49 - 0:52
    ကျမရဲ့ စစ်ဆင်ရေးအဖြစ်ဆောင်ရွက်ခဲ့တာပါ။
  • 0:52 - 0:57
    အခုတော့ CRISPR က သတင်းကြီးတို့ရဲ့
    ဂရုစိုက်ခံရမှုကိုခံနေပြီ။
  • 0:57 - 1:01
    "လွယ်ကူတယ်" "စျေးပေါတယ်"ဆိုတာ
    ခဏခဏသုံးတဲ့စကားလုံးတွေလေ။
  • 1:02 - 1:06
    ကျမလုပ်ချင်တာက CRISPR ရဲ့ကောလဟာလနဲ့
    တကယ့်အချက်အလက်တွေကို
  • 1:06 - 1:10
    နည်းနည်းထပ်တူးဖော်ပြီး
    ပြောကြည့်ချင်တာပါ။
  • 1:11 - 1:13
    မျိုးရိုးဗီဇတစ်ခုကို CRISPR တော့မယ်ဆိုရင်
  • 1:14 - 1:16
    မင်းအရင်လုပ်ရမှာက DNA ကို
    အနာတရဖြစ်စေရပါမယ်။
  • 1:17 - 1:20
    အနာတရဖြစ်တယ်ဆိုတာ
    DNA ကြောင်လိမ်နှစ်ချောင်းပူးလုံး
  • 1:20 - 1:22
    ပြတ်ထွက်သွားတာပါ။
  • 1:22 - 1:25
    အဲ့ဒါပြီးရင်တော့ ဆဲလ်ပြုပြင်တဲ့
    လုပ်ငန်းစဉ်စတယ်။
  • 1:25 - 1:28
    သဘာဝမဟုတ်တဲ့
    ကျွန်မတို့လိုချင်တဲ့ ပြုပြင်မှုမျိုး
  • 1:28 - 1:30
    ရအောင် ဆဲလ်ပြုပြင်ဖြစ်စဉ်တွေကို
  • 1:30 - 1:32
    ထိန်းချုပ်ပါတယ်။
  • 1:32 - 1:33
    လုပ်ငန်းစဉ်က အဲ့လိုပါ။
  • 1:34 - 1:36
    အပိုင်း ၂ပိုင်းပါတဲ့ စနစ်ဖြစ်ပါတယ်။
  • 1:36 - 1:39
    မင်းမှာ Cas9 ပရိုးတင်းနဲ့
    guide RNA ဆိုတာရှိလိမ့်မယ်။
  • 1:39 - 1:42
    ကျမက guide RNA ကို
    ပဲ့ထိန်းဒုံးကျည်လိုစဉ်းစားတယ်။
  • 1:42 - 1:44
    Cas9 ကိုတော့ -
    လူမြင်သာအောင်ပြောချင်တယ်
  • 1:44 - 1:47
    Cas9 ကတော့ DNA ကို
    ဝါးချင်တဲ့
  • 1:47 - 1:49
    Pac-Man လေးပေါ့။
  • 1:49 - 1:53
    ဆိုတော့က guide RNA က
    သူ့နဲ့ ပုံစံတူအပိုင်းလေးမတွေ့ခင်ထိ
  • 1:53 - 1:56
    Cas9 မသောင်းကျန်းဖို့အတွက်
    အထိန်းဇက်ကြိုးလေးပေါ့။
  • 1:57 - 2:00
    အဲ့နှစ်မျိုးပေါင်းကို CRISPR လို့ခေါ်တာပါ။
  • 2:00 - 2:01
    ဒီစနစ်က ဘက်တီးရီးယားတွေရဲ့
  • 2:01 - 2:04
    သိပ်ရှေးကျတဲ့ ရောဂါကာကွယ်မှု
    စနစ်ကို ခိုးထားတာပါ။
  • 2:05 - 2:09
    အံဩစရာအပိုင်းက အက္ခရာ ၂၀ စာပဲရှိတဲ့
  • 2:10 - 2:12
    guide RNA က စနစ်ကို
  • 2:12 - 2:14
    ပစ်မှတ်ထားတဲ့အရာလေးပါ။
  • 2:15 - 2:17
    ဒါက ဒီဇိုင်းထွင်ရတာ လွယ်သလို
  • 2:17 - 2:19
    ဝယ်လို့လည်း စျေးပေါတယ်လေ။
  • 2:19 - 2:23
    guideRNA ပဲ ဒီစနစ်ထဲဖြုတ်တပ်လို့ရတာပါ။
  • 2:23 - 2:25
    ကျန်တာတွေက ဒီအတိုင်းပဲ။
  • 2:25 - 2:29
    ဒါက မှတ်ချက်ပြုရလောက်အောင် လွယ်ပြီး
    သိပ်အားသာတဲ့ စနစ်တခုဖြစ်စေတယ်။
  • 2:30 - 2:34
    guide RNA နဲ့ Cas9 တို့ပေါင်းပြီး
  • 2:34 - 2:36
    မျိုးရိုးဗီဇတလျှောက် ခုန်လွှားသွားကြတယ်။
  • 2:36 - 2:40
    guide RNA နဲ့ပုံစံတူတဲ့ နေရာရောက်ရင်
  • 2:40 - 2:43
    DNA ကြောင်လိမ်နှစ်ချောင်းပူးကြားထဲ
    ဝင်လိုက်ပြီး
  • 2:43 - 2:44
    ဆွဲဖြဲပစ်တယ်။
  • 2:45 - 2:47
    Cas9 က ထ ဖြတ်တယ်။
  • 2:48 - 2:49
    ရုတ်တရက်ဆိုသလိုပဲ။
  • 2:50 - 2:52
    ဆဲလ်တစ်ခုလုံးပြာယာခတ်သွားတယ်။
  • 2:52 - 2:54
    သူ့ရဲ့ DNA တစ်ချောင်းပြတ်သွားတာကိုး
  • 2:55 - 2:56
    အဲ့တော့ သူဘာလုပ်လဲ။
  • 2:56 - 2:59
    ပထမအဆင့် တုံ့ပြန်သူတွေကို ခေါ်တယ်။
  • 2:59 - 3:02
    အဓိကပြင်နည်း လမ်းကြောင်းကြီးနှစ်ခုရှိတယ်။
  • 3:02 - 3:07
    ပထမနည်းက DNA ကိုကောက်ကိုင်ပြီး
    အစနှစ်ဖက် ယူဆက်လိုက်တယ်။
  • 3:07 - 3:09
    တအားကောင်းတဲ့နည်းတော့ မဟုတ်ဘူး။
  • 3:09 - 3:12
    တစ်ခါတစ်လေ base တစ်ခု
    ကျန်ခဲ့တာတို့၊ ပိုနေတာတို့
  • 3:12 - 3:13
    ရှိတတ်လို့လေ။
  • 3:13 - 3:17
    ဒါက ဗီဇတစ်ခုကို ဖြတ်ဖို့
    အိုကေရုံနည်းလေးပေါ့။
  • 3:17 - 3:20
    ဒါပေမယ့် ဗီဇပြုပြင်ချင်ရင်
    ကျွန်မတို့ သုံးချင်တဲ့နည်းမဟုတ်ဘူး။
  • 3:20 - 3:23
    ဒုတိယ ပြင်နည်းက
    ပိုစိတ်ဝင်စားဖို့ကောင်းတယ်။
  • 3:23 - 3:25
    ဒီ ပြင်နည်းမှာ
  • 3:25 - 3:27
    ပုံတူ အပြိုင်ဘက်က DNA
    အစ တစ်ခုယူလိုက်တယ်။
  • 3:27 - 3:31
    ပြန်စဉ်းစားပါ။ လူတွေလို DNA
    နှစ်ခုပြိုင်ရှိတဲ့ သတ္တဝါတွေမှာ
  • 3:31 - 3:34
    ကျွန်မတို့ အဖေ၊ အမေ ကနေ
    မျိုးရိုးဗီဇတစ်ခုစီရကြတယ်။
  • 3:34 - 3:36
    ဒါဆိုတစ်ခုပျက်သွားရင်
  • 3:36 - 3:38
    တခြားဗီဇကလပ်စည်းကို သုံးပြီး
    ပြင်လို့ရတယ်။
  • 3:38 - 3:40
    ဒုတိယပြင်နည်းက အဲ့မှာစတာလေ။
  • 3:41 - 3:42
    ပြင်ပြီးသွားရင်
  • 3:42 - 3:44
    ဗီဇပြန်လုံခြုံသွားပြီ။
  • 3:45 - 3:46
    ဒီမှာ ကျွန်မတို့
    အကွက်ဆင်လို့ရတာက
  • 3:46 - 3:50
    နဂိုမဟုတ်တဲ့ DNA တစ်ခုကို
    ပေးကျွေးလို့ရတာပဲ။
  • 3:50 - 3:52
    အစွန်းနှစ်ဖက်မှာတူပြီး
  • 3:52 - 3:54
    အလယ်မှာ မတူတဲ့ တစ်ခုပေါ့။
  • 3:54 - 3:57
    အခု အလယ်မှာ မင်းကြိုက်တာ ထည့်လို့ရပြီ
  • 3:57 - 3:58
    ဆဲလ်က အရူးလုပ်ခံရပြီ။
  • 3:58 - 4:00
    အက္ခရာတစ်လုံးပြောင်းလို့ရတယ်။
  • 4:00 - 4:02
    အက္ခရာတွေပယ်လို့ရတယ်။
  • 4:02 - 4:05
    ဒါ့ထက် အရေးကြီးဆုံးက
    DNAအသစ်တွေ ထည့်လို့ရတယ်။
  • 4:05 - 4:06
    Trojan မြင်းရုပ်ကြီးလို့ပေါ့။
  • 4:07 - 4:10
    CRISPR အထောက်အကူပြုမယ့်
    သိပ္ပံပညာမျိုးစုံ
  • 4:10 - 4:12
    တိုးတတ်မှု အရေအတွက်တစ်ခုအတွက်တော့
  • 4:12 - 4:15
    ဒါက သိပ်ကိုလန်းတော့မှာပေါ့။
  • 4:15 - 4:18
    ထူးခြားတဲ့ အပိုင်းက ပစ်မှတ်ထားတတ်တဲ့
    ဖြုတ်တပ်လို့ရတဲ့စနစ်ပေါ့။
  • 4:18 - 4:22
    ကျွန်မတို့တွေ DNAကို သတ္တဝါတွေထဲ
    သွပ်ထည့်နေတာ အတော်ကြာနေပြီမလား။
  • 4:22 - 4:24
    ဒီဖြုတ်တပ်လို့ရတဲ့
    ပစ်မှတ်ချိန်စနစ်ကြောင့်
  • 4:24 - 4:26
    ကျွန်မတို့ ထည့်ချင်တဲ့နေရာ
    အတိအကျမှာ ထည့်လို့ရတယ်။
  • 4:27 - 4:33
    ပြဿနာက ဒါက သိပ်စျေးပေါပြီး
    သိပ်လွယ်တယ်လို့
  • 4:33 - 4:35
    အပြောများကြတယ်။
  • 4:35 - 4:38
    ကျွန်မကလည်း လူထု
    ဓာတ်ခွဲခန်းတစ်ခုကို ဦးစီးတော့
  • 4:38 - 4:42
    ကျွန်မ လူတွေဆီက
    ဒီလို email တွေရလာတယ်။
  • 4:42 - 4:44
    "ဟေး ကျုပ် တစ်ညလောက်လာလို့ရလား။
  • 4:44 - 4:48
    ပြီးတော့ CRISPR လေးသုံးပြီး ကျုပ့်ဗီဇလေး
    ပြင်ရင်ပြင်ကြည့်တာပေါ့။"
  • 4:48 - 4:49
    (ရယ်သံများ)
  • 4:49 - 4:51
    တကယ်ကြီးလားလို့
  • 4:51 - 4:53
    ကျွန်မ ပြန်ပြောတယ် "မရနိုင်ဘူး"
  • 4:53 - 4:54
    (ရယ်သံများ)
  • 4:54 - 4:57
    "ဒါပေမယ့် စျေးပေါတယ် လွယ်တယ်လို့
    ကျုပ်ကြားထားတယ်။"
  • 4:57 - 4:59
    ကျွန်မတို့ ဒါကို နည်းနည်း
    ဆက်စူးစမ်းရအောင်
  • 4:59 - 5:01
    ဒီတော့ ဘယ်လောက်စျေးပေါလဲ။
  • 5:01 - 5:03
    ဟုတ်တယ်၊ ယှဉ်ကြည့်ရင်တော့
    စျေးပေါတယ်။
  • 5:04 - 5:07
    စမ်းသပ်မှုတစ်ခုအတွက် ပျမ်းမျှ
    ကုန်ကြမ်းကုန်ကျစရိတ်ကို
  • 5:07 - 5:10
    ဒေါ်လာ ထောင်ချီကုန်ရာကနေ
    ရာဂဏန်းထိလျော့စေတယ်၊
  • 5:10 - 5:12
    ပြီးတော့ အချိန်ကုန်လည်း အရမ်းသက်သာတယ်။
  • 5:12 - 5:14
    အပတ်ချီကြာရာကနေ ရက်ပိုင်းပဲကြာတော့တယ်။
  • 5:14 - 5:16
    သိပ်ကောင်းပါတယ်။
  • 5:16 - 5:18
    ပရော်ဖက်ရှင်နယ်အဆင့်
    ဓာတ်ခွဲခန်းတော့ လိုသေးတာပေါ့။
  • 5:18 - 5:22
    ဓာတ်ခွဲခန်းအပြင်မှာတော့ ဘာမှ
    ရေရေရာရာ လုပ်လို့ရမှာ မဟုတ်ဘူး။
  • 5:22 - 5:24
    ဒါမျိုးတွေကို မီးဖိုချောင်စားပွဲပေါ်မှာ
  • 5:24 - 5:27
    လုပ်လို့ရတယ်လို့ ပြောတဲ့သူတွေကို
    သွားမယုံနဲ့။
  • 5:27 - 5:32
    ဒီလိုအလုပ်မျိုးလုပ်ဖို့
    လွယ်တာ မဟုတ်ဘူး
  • 5:32 - 5:33
    မင်းတစ်ခုခု
    တီထွင်ခဲ့ရင်တောင်
  • 5:33 - 5:36
    အခုဖြစ်နေတဲ့မူပိုင်ခွင့် တိုက်ပွဲ
    အကြောင်းမပြောရသေးဘူး။
  • 5:36 - 5:43
    The Broad Institute နဲ့ UC Berkeley တို့
    ဒီမဟာ မူပိုင်ခွင့်တိုက်ပွဲကြီးထဲ ပါနေတယ်၊
  • 5:43 - 5:45
    ဖြစ်နေတာတွေကြည့်ရတာ
    သိပ်ကောင်းပါတယ်။
  • 5:45 - 5:48
    ဘာလို့လဲဆိုတော့ သူတို့က တစ်ခြားဘက်ကို
    စွပ်စွဲချက်တုတွေ တင်နေကြတာကိုး
  • 5:48 - 5:50
    ဒီတော့လူတွေတောင်ပြောကြတယ်။
  • 5:50 - 5:53
    "ဩော်ငါ့မှတ်စုစာအုပ်ကို
    ဒီနဲ့ဟိုမှာလက်မှတ်ထိုးထားတယ်"ပေါ့။
  • 5:53 - 5:55
    ဒါကနှစ်နဲ့ချီတောင်ပြေလည်မှာ မဟုတ်ဘူး၊
  • 5:55 - 5:57
    ပြေလည်သွားရင်တောင်
  • 5:57 - 5:59
    မင်းဒီဟာကိုသုံးဖို့အတွက်
    တစ်စုံတစ်ယောက်ကို
  • 5:59 - 6:01
    အခကြေးငွေ
    အကြီးကြီးပေးရတော့မယ်။
  • 6:01 - 6:03
    ဒီတော့ တကယ်ကောသက်သာရဲ့လား။
  • 6:03 - 6:08
    မင်းမှာ ဓာတ်ခွဲခန်းရှိပြီး အခြေခံ
    သုသေသနလောက်လုပ်ရင် စျေးပေါတာပေါ့။
  • 6:09 - 6:11
    လွယ်တာကကော။
    အဲ့လိုပြောတာလေးကိုကြည့်ရအောင်
  • 6:12 - 6:15
    မကောင်းဆိုးဝါးကအမြဲတမ်း
    အသေးစိတ်အချက်တွေထဲမှာပဲရှိတယ်
  • 6:16 - 6:19
    ကျမတို့ ဆဲလ်တွေ အကြောင်း
    တကယ်သိပ်မသိပါဘူး
  • 6:19 - 6:21
    သူတို့တွေက ဘူးမဲတွေလိုပဲ
    ရှိသေးတယ်
  • 6:21 - 6:26
    ဥပမာ ဘာလို့ တစ်ချို့ guide RNA တွေက
    အရမ်းအလုပ်ဖြစ်ပြီး
  • 6:26 - 6:28
    တစ်ချို့တွေက မဖြစ်လဲ မသိဘူး။
  • 6:28 - 6:31
    တစ်ချို့ဆဲလ်တွေက ပြင်နည်းတစ်နည်းကို
    လုပ်ချင်ပြီးတစ်ချို့ တွေက
  • 6:31 - 6:34
    တစ်ခြားနည်းကိုမှ ဘာလို့
    သုံးနေလဲ မသိဘူး
  • 6:34 - 6:36
    ပြီးတော့ ဒါတွေအပြင် ပထမဆုံး
  • 6:36 - 6:38
    ဒီစနစ်ကြီးကို ဆဲလ်ထဲဝင်အောင်
    ဘယ်လိုလုပ်မလဲဆိုတဲ့ပြဿနာကြီး
  • 6:38 - 6:40
    တစ်ခုလုံးရှိသေးတယ်။
  • 6:40 - 6:42
    ဖန်ပြားလေးပေါ်မှာတော့
    သိပ်မခက်ပါဘူး။
  • 6:42 - 6:44
    သတ္တဝါ တစ်ကောင်လုံးကို
    မင်းစမ်းမယ်ဆိုရင်တော့
  • 6:44 - 6:46
    တကယ် ခက်ခဲပြီ။
  • 6:46 - 6:49
    သွေးတို့ ရိုးတွင်းချဉ်ဆီတို့လိုဟာတွေ
    သုံးရင်တော့ OK ပါတယ် ---
  • 6:49 - 6:52
    သုသေသနတွေအများကြီးရဲ့
    လက်ရှိပစ်မှတ် တွေပဲလေ။
  • 6:52 - 6:54
    သူတို့တွေ သွေးကင်ဆာဖြစ်နေတဲ့
    ကောင်မလေးတချို့ကို
  • 6:54 - 6:56
    ကယ်ခဲ့တဲ့ ဇာတ်လမ်းကြီးတောင်ရှိတယ်
  • 6:56 - 6:58
    သွေးတွေကိုထုတ်ပြီး
    CRISPR ရဲ့ရှေ့ပြေးနည်းပညာနဲ့
  • 6:58 - 7:00
    ပြုပြင်ပြီး ပြန်ထည့်ပြီးတော့ပေါ့။
  • 7:01 - 7:04
    ဒါက လူတွေလုပ်ကြမယ့်
    သုသေသန လမ်းစဉ်တစ်ခုပေါ့။
  • 7:04 - 7:06
    ဒါပေမယ့် ခုလောလောဆယ်
    မင်း ခန္ဓာကိုယ်ထဲ ထည့်ချင်ရင်
  • 7:06 - 7:08
    ဗိုင်းရပ်စ်တစ်ကောင်ကောင်တော့
    သုံးရလောက်တယ်။
  • 7:08 - 7:11
    ဗိုင်းရပ်စ်တစ်ကောင်ကိုယူ၊
    CRISPR ကိုအဲ့ထဲထည့်
  • 7:11 - 7:13
    ဗိုင်းရပ်စ်ကို ဆဲလ်ကိုကူးစက်ခိုင်း။
  • 7:13 - 7:15
    ဗိုင်းရပ်စ် ဆဲလ်ထဲရောက်သွားပြီးရင်
  • 7:15 - 7:17
    ရေရှည်နောက်ဆက်တွဲ
    ဘာတွေလာမလဲ မသိသေးဘူး
  • 7:17 - 7:20
    CRISPR မှာ ပစ်မှတ်နဲ့မဆိုင်တဲ့
    အကျိုးဆက် ရှိတယ်။
  • 7:20 - 7:23
    ရာခိုင်နှုန်း သေးသေးလေးဆိုပေမယ့်
    ရှိနေတာပဲလေ။
  • 7:23 - 7:26
    အချိန်တွေကြာရင်
    ဘာတွေဖြစ်လာနိုင်လဲ။
  • 7:26 - 7:28
    ဒါတွေကပေါ့သေးသေး
    မေးခွန်းတွေ မဟုတ်ဘူး
  • 7:28 - 7:31
    ဒါတွေ ဖြေရှင်းဖို့ကြိုးစားနေတဲ့
    သိပ္ပံပညာရှင်တွေရှိတယ်။
  • 7:31 - 7:33
    အချိန်တန်ရင် ပြေလည်သွားမယ်လို့
    မျှော်လင့်ရတာပဲ
  • 7:33 - 7:37
    ဒါပေမယ့် ဒါက အခုတပ် အခုပွင့်
    လုံးဝမဟုတ်ဘူး။
  • 7:37 - 7:39
    ကဲ၊ တကယ်ရော လွယ်ရဲ့လား။
  • 7:39 - 7:43
    အင်း၊ မင်းရဲ့ နည်းစနစ်တစ်ခုခု
    နှစ်အနည်းငယ်ကြာ စမ်းသပ်ကြည့်ရင်
  • 7:43 - 7:45
    ဖြစ်တာပေါ့။
  • 7:45 - 7:48
    အခု တခြားတစ်ခုကတော့
  • 7:48 - 7:54
    ကျမတို့တွေ တစ်ခုခုကို ဖြစ်မြောက်အောင်
    မျိုးရိုးဗီဇရဲ့ ဘယ်နေတစ်ရာကိုပြောင်းရမလဲ
  • 7:54 - 7:57
    ဆိုတာကို သိပ်မသိသေးဘူး။
  • 7:57 - 7:59
    ကျမတို့တွေအဝေးကြီးလိုသေးတယ်။
  • 7:59 - 8:02
    ဝက်ကို တောင်ပံပေါက်ဖို့
    ဘယ်လိုလုပ်ရမလဲ ဒါမှမဟုတ်
  • 8:02 - 8:05
    ခြေထောက်ပိုတစ်ချောင်း
    ခြေထောက်ပိုတစ်ချောင်း ဆိုကျေနပ်တယ်။
  • 8:05 - 8:07
    ဒီလိုဆို မိုက်တယ်နော်။
  • 8:07 - 8:08
    ဒါပေမယ့် ခုကတော့
  • 8:08 - 8:13
    CRISPR ကို သိပ္ပံပညာရှင်
    ထောင်ပေါင်းထောင်ပေါင်းများစွာ သုံးနေကြတယ်။
  • 8:13 - 8:15
    တကယ့် တကယ်
    အရေးပါတာတွေ လုပ်ဖို့
  • 8:15 - 8:21
    ဥပမာ တိရိစ္ဆာန်တွေမှာ ရောဂါမော်ဒယ်
    ကောင်းကောင်းရအောင်
  • 8:21 - 8:26
    ဒါမှမဟုတ် တန်ဖိုးရှိတဲ့ ဓာတုပစ္စည်းတွေထုတ်
    လမ်းစဉ်တွေ ရှာပြီး
  • 8:26 - 8:30
    စက်မှုအဆင့်ထုတ်လုပ်မှုနဲ့
    ဆေးထုတ်စက်တွေဆီရောက်ဖို့ ဒါမှမဟုတ်
  • 8:30 - 8:33
    ဗီဇတွေက ဘာလုပ်ကြတာလဲဆိုတဲ့
    အခြေခံ သုသေသနတွေပေါ့။
  • 8:34 - 8:37
    ဒါက ကျမတို့တွေပြောသင့်တဲ့
    CRISPR ဇာတ်လမ်းပါ။
  • 8:37 - 8:40
    နောက်ပြီး ကျမမကြိုက်တာက
    CRISPRရဲ့လူစိတ်ဝင်စားမှုများတဲ့ အပိုင်းက
  • 8:40 - 8:42
    အရေးပါတာတွေကို
    ဖုံးပစ်လိုက်တာပဲ။
  • 8:42 - 8:47
    သိပ္ပံပညာရှင် အများကြီးက CRISPR
    ပေါ်ပေါက်အောင် ကြိုးစားလုပ်ခဲ့ရတယ်။
  • 8:47 - 8:48
    ကျမကို စိတ်ဝင်စားစေတာက
  • 8:48 - 8:53
    ဒီသိပ္ပံပညာရှင်တွေကို
    လူထုက ပံ့ပိုးနေတာပဲ။
  • 8:53 - 8:55
    စဉ်းစားကြည့်ပါ။
  • 8:55 - 8:59
    လူထု ရာခိုင်နှုန်းတစ်ခုရဲ့
    အချိန်တွေ အားလုံး သုံးပြီး သုသေသန
  • 8:59 - 9:02
    လုပ်နိုင်စေတဲ့ အခြေခံအင်အားနဲ့
    အဆောက်အဦးတွေ ကျမတို့မှာ ရှိတယ်။
  • 9:03 - 9:06
    ဒါက ကျမတို့တွေအားလုံးကို CRISPR
    တီထွင်သူတွေ ဖြစ်စေတယ်
  • 9:07 - 9:11
    ကျမတို့အားလုံးကို CRISPR
    သိုးထိန်းတွေ ဖြစ်စေတယ်လို့လည်း ပြောချင်တယ်
  • 9:11 - 9:13
    အားလုံးမှာ တာဝန်ရှိတယ်
  • 9:14 - 9:18
    ဒါကြောင့် ဒီလိုနည်းပညာတွေကို တကယ်
    လေ့လာဖို့ ကျမတိုက်တွန်းချင်တယ်
  • 9:18 - 9:20
    ဘာလို့လဲဆိုတော အဲ့လိုမှသာ
  • 9:20 - 9:25
    ဒီလိုနည်းပညာတွေရဲ့
    တိုးတက်မှုတွေ၊ အသုံးတွေ၊
  • 9:25 - 9:27
    ပြီးတော့ နောက်ဆုံးမှာ ကမ္ဘာကြီးနဲ့
  • 9:27 - 9:31
    ကျမတို့အတွက်ရလဒ်က အကောင်းပဲဖြစ်ဖို့
    ဆိုတာသေချာစေဖို့ အတွက်
  • 9:31 - 9:34
    လမ်းညွှန်ထိန်းကျောင်းနိုင်မှာပါ။
  • 9:35 - 9:36
    ကျေးဇူးတင်ပါတယ်
  • 9:36 - 9:40
    (လက်ခုပ်သံများ)
Title:
CRISPR အကြောင်း သင်သိဖို့ လိုသည်များ။
Speaker:
Ellen Jorgensen
Description:

အမွှေးပွဆင်ကြီးတွေကို ပြန်ခေါ်ကြမလား။ လူ့သန္ဓေသားတွေကို ပြုပြင်မလား။ လူသားတွေကို အန္တရာယ်ပေးတယ်လို့ယူဆတဲ့ မျိုးစိတ်တွေတစ်ခုလုံးကို အပြုတ်ရှင်းပစ်မလား။ မျိုးရိုးဗီဇပြုပြင်တဲ့နည်းပညာ CRISPR က ဒီလို ပုံမှန်ထက်ထူးတဲ့ မေးခွန်းတွေကို အသက်ဝင်စေပါတယ် -- ဒါပေမယ့် ဘယ်လိုလဲ? သိပ္ပံပညာရှင် နဲ့ လူထု ဓာတ်ခွဲခန်း အားပေးသူ Ellen Jorgensen က CRISPR ရဲ့ ကောလဟာလ နဲ့ အမှန်အခြေအနေတွေကို သိပ္ပံပညာရှင်မဟုတ်တဲ့ ကျွန်တော်တို့တွေကို တက်ကြွမှုမလွန်ကဲပဲ ရှင်းပြဖို့ စစ်ဆင်ရေးလာပါပြီ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
09:53

Burmese subtitles

Revisions Compare revisions