ကဲ အားလုံး CRISPR ကိုကြားဖူးသလား။ မကြားဖူးသေးရင်တော့ အံ့ဩမိမယ်။ အဲ့ဒါနည်းပညာတစ်ခုပါ။ မျိုးရိုးဗီဇကိုပြောင်းဖို့ပါ။ ပြီးတော့မျိုးစုံလှည့်သုံးလို့ရသလို အငြင်းပွားစရာဖြစ်နေတော့ ဒါနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားစရာ ဆွေးနွေးမှုတွေလည်းပေါ်လာပြီ။ အမွှေးပွဆင်ကြီးကိုပြန်ခေါ်ကြမလား။ လူ့သန္ဓေသားကိုပြုပြင်မလား။ ပြီးတော့ ကျမ အကြိုက်ဆုံးတစ်ခု လူသားတွေကို အန္တရာယ်ပေးတယ်လို့ယူဆတဲ့ မျိုးစိတ်တခုလုံးကို ဒီနည်းပညာ သုံးပြီးတော့ ကမ္ဘာပေါ်ကနေ အပြီးပျောက်သွားအောင် ဘယ်လို တရားမျှအောင် အကြောင်းပြပြီး လုပ်မှာလဲ။ ဒီလို သိပ္ပံမျိုးက သူ့ကို ထိန်းကျောင်းတဲ့ ဥပဒေစည်းမျဉ်းတွေထက် မြန်မြန်တိုးတတ်နေတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၆နှစ်လုံးလုံး ဒီလိုနည်းပညာတွေနဲ့ သုံးလိုရပုံတွေကို လူများနိုင်သမျှများများနားလည်စေဖို့ကို ကျမရဲ့ စစ်ဆင်ရေးအဖြစ်ဆောင်ရွက်ခဲ့တာပါ။ အခုတော့ CRISPR က သတင်းကြီးတို့ရဲ့ ဂရုစိုက်ခံရမှုကိုခံနေပြီ။ "လွယ်ကူတယ်" "စျေးပေါတယ်"ဆိုတာ ခဏခဏသုံးတဲ့စကားလုံးတွေလေ။ ကျမလုပ်ချင်တာက CRISPR ရဲ့ကောလဟာလနဲ့ တကယ့်အချက်အလက်တွေကို နည်းနည်းထပ်တူးဖော်ပြီး ပြောကြည့်ချင်တာပါ။ မျိုးရိုးဗီဇတစ်ခုကို CRISPR တော့မယ်ဆိုရင် မင်းအရင်လုပ်ရမှာက DNA ကို အနာတရဖြစ်စေရပါမယ်။ အနာတရဖြစ်တယ်ဆိုတာ DNA ကြောင်လိမ်နှစ်ချောင်းပူးလုံး ပြတ်ထွက်သွားတာပါ။ အဲ့ဒါပြီးရင်တော့ ဆဲလ်ပြုပြင်တဲ့ လုပ်ငန်းစဉ်စတယ်။ သဘာဝမဟုတ်တဲ့ ကျွန်မတို့လိုချင်တဲ့ ပြုပြင်မှုမျိုး ရအောင် ဆဲလ်ပြုပြင်ဖြစ်စဉ်တွေကို ထိန်းချုပ်ပါတယ်။ လုပ်ငန်းစဉ်က အဲ့လိုပါ။ အပိုင်း ၂ပိုင်းပါတဲ့ စနစ်ဖြစ်ပါတယ်။ မင်းမှာ Cas9 ပရိုးတင်းနဲ့ guide RNA ဆိုတာရှိလိမ့်မယ်။ ကျမက guide RNA ကို ပဲ့ထိန်းဒုံးကျည်လိုစဉ်းစားတယ်။ Cas9 ကိုတော့ - လူမြင်သာအောင်ပြောချင်တယ် Cas9 ကတော့ DNA ကို ဝါးချင်တဲ့ Pac-Man လေးပေါ့။ ဆိုတော့က guide RNA က သူ့နဲ့ ပုံစံတူအပိုင်းလေးမတွေ့ခင်ထိ Cas9 မသောင်းကျန်းဖို့အတွက် အထိန်းဇက်ကြိုးလေးပေါ့။ အဲ့နှစ်မျိုးပေါင်းကို CRISPR လို့ခေါ်တာပါ။ ဒီစနစ်က ဘက်တီးရီးယားတွေရဲ့ သိပ်ရှေးကျတဲ့ ရောဂါကာကွယ်မှု စနစ်ကို ခိုးထားတာပါ။ အံဩစရာအပိုင်းက အက္ခရာ ၂၀ စာပဲရှိတဲ့ guide RNA က စနစ်ကို ပစ်မှတ်ထားတဲ့အရာလေးပါ။ ဒါက ဒီဇိုင်းထွင်ရတာ လွယ်သလို ဝယ်လို့လည်း စျေးပေါတယ်လေ။ guideRNA ပဲ ဒီစနစ်ထဲဖြုတ်တပ်လို့ရတာပါ။ ကျန်တာတွေက ဒီအတိုင်းပဲ။ ဒါက မှတ်ချက်ပြုရလောက်အောင် လွယ်ပြီး သိပ်အားသာတဲ့ စနစ်တခုဖြစ်စေတယ်။ guide RNA နဲ့ Cas9 တို့ပေါင်းပြီး မျိုးရိုးဗီဇတလျှောက် ခုန်လွှားသွားကြတယ်။ guide RNA နဲ့ပုံစံတူတဲ့ နေရာရောက်ရင် DNA ကြောင်လိမ်နှစ်ချောင်းပူးကြားထဲ ဝင်လိုက်ပြီး ဆွဲဖြဲပစ်တယ်။ Cas9 က ထ ဖြတ်တယ်။ ရုတ်တရက်ဆိုသလိုပဲ။ ဆဲလ်တစ်ခုလုံးပြာယာခတ်သွားတယ်။ သူ့ရဲ့ DNA တစ်ချောင်းပြတ်သွားတာကိုး အဲ့တော့ သူဘာလုပ်လဲ။ ပထမအဆင့် တုံ့ပြန်သူတွေကို ခေါ်တယ်။ အဓိကပြင်နည်း လမ်းကြောင်းကြီးနှစ်ခုရှိတယ်။ ပထမနည်းက DNA ကိုကောက်ကိုင်ပြီး အစနှစ်ဖက် ယူဆက်လိုက်တယ်။ တအားကောင်းတဲ့နည်းတော့ မဟုတ်ဘူး။ တစ်ခါတစ်လေ base တစ်ခု ကျန်ခဲ့တာတို့၊ ပိုနေတာတို့ ရှိတတ်လို့လေ။ ဒါက ဗီဇတစ်ခုကို ဖြတ်ဖို့ အိုကေရုံနည်းလေးပေါ့။ ဒါပေမယ့် ဗီဇပြုပြင်ချင်ရင် ကျွန်မတို့ သုံးချင်တဲ့နည်းမဟုတ်ဘူး။ ဒုတိယ ပြင်နည်းက ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ ဒီ ပြင်နည်းမှာ ပုံတူ အပြိုင်ဘက်က DNA အစ တစ်ခုယူလိုက်တယ်။ ပြန်စဉ်းစားပါ။ လူတွေလို DNA နှစ်ခုပြိုင်ရှိတဲ့ သတ္တဝါတွေမှာ ကျွန်မတို့ အဖေ၊ အမေ ကနေ မျိုးရိုးဗီဇတစ်ခုစီရကြတယ်။ ဒါဆိုတစ်ခုပျက်သွားရင် တခြားဗီဇကလပ်စည်းကို သုံးပြီး ပြင်လို့ရတယ်။ ဒုတိယပြင်နည်းက အဲ့မှာစတာလေ။ ပြင်ပြီးသွားရင် ဗီဇပြန်လုံခြုံသွားပြီ။ ဒီမှာ ကျွန်မတို့ အကွက်ဆင်လို့ရတာက နဂိုမဟုတ်တဲ့ DNA တစ်ခုကို ပေးကျွေးလို့ရတာပဲ။ အစွန်းနှစ်ဖက်မှာတူပြီး အလယ်မှာ မတူတဲ့ တစ်ခုပေါ့။ အခု အလယ်မှာ မင်းကြိုက်တာ ထည့်လို့ရပြီ ဆဲလ်က အရူးလုပ်ခံရပြီ။ အက္ခရာတစ်လုံးပြောင်းလို့ရတယ်။ အက္ခရာတွေပယ်လို့ရတယ်။ ဒါ့ထက် အရေးကြီးဆုံးက DNAအသစ်တွေ ထည့်လို့ရတယ်။ Trojan မြင်းရုပ်ကြီးလို့ပေါ့။ CRISPR အထောက်အကူပြုမယ့် သိပ္ပံပညာမျိုးစုံ တိုးတတ်မှု အရေအတွက်တစ်ခုအတွက်တော့ ဒါက သိပ်ကိုလန်းတော့မှာပေါ့။ ထူးခြားတဲ့ အပိုင်းက ပစ်မှတ်ထားတတ်တဲ့ ဖြုတ်တပ်လို့ရတဲ့စနစ်ပေါ့။ ကျွန်မတို့တွေ DNAကို သတ္တဝါတွေထဲ သွပ်ထည့်နေတာ အတော်ကြာနေပြီမလား။ ဒီဖြုတ်တပ်လို့ရတဲ့ ပစ်မှတ်ချိန်စနစ်ကြောင့် ကျွန်မတို့ ထည့်ချင်တဲ့နေရာ အတိအကျမှာ ထည့်လို့ရတယ်။ ပြဿနာက ဒါက သိပ်စျေးပေါပြီး သိပ်လွယ်တယ်လို့ အပြောများကြတယ်။ ကျွန်မကလည်း လူထု ဓာတ်ခွဲခန်းတစ်ခုကို ဦးစီးတော့ ကျွန်မ လူတွေဆီက ဒီလို email တွေရလာတယ်။ "ဟေး ကျုပ် တစ်ညလောက်လာလို့ရလား။ ပြီးတော့ CRISPR လေးသုံးပြီး ကျုပ့်ဗီဇလေး ပြင်ရင်ပြင်ကြည့်တာပေါ့။" (ရယ်သံများ) တကယ်ကြီးလားလို့ ကျွန်မ ပြန်ပြောတယ် "မရနိုင်ဘူး" (ရယ်သံများ) "ဒါပေမယ့် စျေးပေါတယ် လွယ်တယ်လို့ ကျုပ်ကြားထားတယ်။" ကျွန်မတို့ ဒါကို နည်းနည်း ဆက်စူးစမ်းရအောင် ဒီတော့ ဘယ်လောက်စျေးပေါလဲ။ ဟုတ်တယ်၊ ယှဉ်ကြည့်ရင်တော့ စျေးပေါတယ်။ စမ်းသပ်မှုတစ်ခုအတွက် ပျမ်းမျှ ကုန်ကြမ်းကုန်ကျစရိတ်ကို ဒေါ်လာ ထောင်ချီကုန်ရာကနေ ရာဂဏန်းထိလျော့စေတယ်၊ ပြီးတော့ အချိန်ကုန်လည်း အရမ်းသက်သာတယ်။ အပတ်ချီကြာရာကနေ ရက်ပိုင်းပဲကြာတော့တယ်။ သိပ်ကောင်းပါတယ်။ ပရော်ဖက်ရှင်နယ်အဆင့် ဓာတ်ခွဲခန်းတော့ လိုသေးတာပေါ့။ ဓာတ်ခွဲခန်းအပြင်မှာတော့ ဘာမှ ရေရေရာရာ လုပ်လို့ရမှာ မဟုတ်ဘူး။ ဒါမျိုးတွေကို မီးဖိုချောင်စားပွဲပေါ်မှာ လုပ်လို့ရတယ်လို့ ပြောတဲ့သူတွေကို သွားမယုံနဲ့။ ဒီလိုအလုပ်မျိုးလုပ်ဖို့ လွယ်တာ မဟုတ်ဘူး မင်းတစ်ခုခု တီထွင်ခဲ့ရင်တောင် အခုဖြစ်နေတဲ့မူပိုင်ခွင့် တိုက်ပွဲ အကြောင်းမပြောရသေးဘူး။ The Broad Institute နဲ့ UC Berkeley တို့ ဒီမဟာ မူပိုင်ခွင့်တိုက်ပွဲကြီးထဲ ပါနေတယ်၊ ဖြစ်နေတာတွေကြည့်ရတာ သိပ်ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က တစ်ခြားဘက်ကို စွပ်စွဲချက်တုတွေ တင်နေကြတာကိုး ဒီတော့လူတွေတောင်ပြောကြတယ်။ "ဩော်ငါ့မှတ်စုစာအုပ်ကို ဒီနဲ့ဟိုမှာလက်မှတ်ထိုးထားတယ်"ပေါ့။ ဒါကနှစ်နဲ့ချီတောင်ပြေလည်မှာ မဟုတ်ဘူး၊ ပြေလည်သွားရင်တောင် မင်းဒီဟာကိုသုံးဖို့အတွက် တစ်စုံတစ်ယောက်ကို အခကြေးငွေ အကြီးကြီးပေးရတော့မယ်။ ဒီတော့ တကယ်ကောသက်သာရဲ့လား။ မင်းမှာ ဓာတ်ခွဲခန်းရှိပြီး အခြေခံ သုသေသနလောက်လုပ်ရင် စျေးပေါတာပေါ့။ လွယ်တာကကော။ အဲ့လိုပြောတာလေးကိုကြည့်ရအောင် မကောင်းဆိုးဝါးကအမြဲတမ်း အသေးစိတ်အချက်တွေထဲမှာပဲရှိတယ် ကျမတို့ ဆဲလ်တွေ အကြောင်း တကယ်သိပ်မသိပါဘူး သူတို့တွေက ဘူးမဲတွေလိုပဲ ရှိသေးတယ် ဥပမာ ဘာလို့ တစ်ချို့ guide RNA တွေက အရမ်းအလုပ်ဖြစ်ပြီး တစ်ချို့တွေက မဖြစ်လဲ မသိဘူး။ တစ်ချို့ဆဲလ်တွေက ပြင်နည်းတစ်နည်းကို လုပ်ချင်ပြီးတစ်ချို့ တွေက တစ်ခြားနည်းကိုမှ ဘာလို့ သုံးနေလဲ မသိဘူး ပြီးတော့ ဒါတွေအပြင် ပထမဆုံး ဒီစနစ်ကြီးကို ဆဲလ်ထဲဝင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ပြဿနာကြီး တစ်ခုလုံးရှိသေးတယ်။ ဖန်ပြားလေးပေါ်မှာတော့ သိပ်မခက်ပါဘူး။ သတ္တဝါ တစ်ကောင်လုံးကို မင်းစမ်းမယ်ဆိုရင်တော့ တကယ် ခက်ခဲပြီ။ သွေးတို့ ရိုးတွင်းချဉ်ဆီတို့လိုဟာတွေ သုံးရင်တော့ OK ပါတယ် --- သုသေသနတွေအများကြီးရဲ့ လက်ရှိပစ်မှတ် တွေပဲလေ။ သူတို့တွေ သွေးကင်ဆာဖြစ်နေတဲ့ ကောင်မလေးတချို့ကို ကယ်ခဲ့တဲ့ ဇာတ်လမ်းကြီးတောင်ရှိတယ် သွေးတွေကိုထုတ်ပြီး CRISPR ရဲ့ရှေ့ပြေးနည်းပညာနဲ့ ပြုပြင်ပြီး ပြန်ထည့်ပြီးတော့ပေါ့။ ဒါက လူတွေလုပ်ကြမယ့် သုသေသန လမ်းစဉ်တစ်ခုပေါ့။ ဒါပေမယ့် ခုလောလောဆယ် မင်း ခန္ဓာကိုယ်ထဲ ထည့်ချင်ရင် ဗိုင်းရပ်စ်တစ်ကောင်ကောင်တော့ သုံးရလောက်တယ်။ ဗိုင်းရပ်စ်တစ်ကောင်ကိုယူ၊ CRISPR ကိုအဲ့ထဲထည့် ဗိုင်းရပ်စ်ကို ဆဲလ်ကိုကူးစက်ခိုင်း။ ဗိုင်းရပ်စ် ဆဲလ်ထဲရောက်သွားပြီးရင် ရေရှည်နောက်ဆက်တွဲ ဘာတွေလာမလဲ မသိသေးဘူး CRISPR မှာ ပစ်မှတ်နဲ့မဆိုင်တဲ့ အကျိုးဆက် ရှိတယ်။ ရာခိုင်နှုန်း သေးသေးလေးဆိုပေမယ့် ရှိနေတာပဲလေ။ အချိန်တွေကြာရင် ဘာတွေဖြစ်လာနိုင်လဲ။ ဒါတွေကပေါ့သေးသေး မေးခွန်းတွေ မဟုတ်ဘူး ဒါတွေ ဖြေရှင်းဖို့ကြိုးစားနေတဲ့ သိပ္ပံပညာရှင်တွေရှိတယ်။ အချိန်တန်ရင် ပြေလည်သွားမယ်လို့ မျှော်လင့်ရတာပဲ ဒါပေမယ့် ဒါက အခုတပ် အခုပွင့် လုံးဝမဟုတ်ဘူး။ ကဲ၊ တကယ်ရော လွယ်ရဲ့လား။ အင်း၊ မင်းရဲ့ နည်းစနစ်တစ်ခုခု နှစ်အနည်းငယ်ကြာ စမ်းသပ်ကြည့်ရင် ဖြစ်တာပေါ့။ အခု တခြားတစ်ခုကတော့ ကျမတို့တွေ တစ်ခုခုကို ဖြစ်မြောက်အောင် မျိုးရိုးဗီဇရဲ့ ဘယ်နေတစ်ရာကိုပြောင်းရမလဲ ဆိုတာကို သိပ်မသိသေးဘူး။ ကျမတို့တွေအဝေးကြီးလိုသေးတယ်။ ဝက်ကို တောင်ပံပေါက်ဖို့ ဘယ်လိုလုပ်ရမလဲ ဒါမှမဟုတ် ခြေထောက်ပိုတစ်ချောင်း ခြေထောက်ပိုတစ်ချောင်း ဆိုကျေနပ်တယ်။ ဒီလိုဆို မိုက်တယ်နော်။ ဒါပေမယ့် ခုကတော့ CRISPR ကို သိပ္ပံပညာရှင် ထောင်ပေါင်းထောင်ပေါင်းများစွာ သုံးနေကြတယ်။ တကယ့် တကယ် အရေးပါတာတွေ လုပ်ဖို့ ဥပမာ တိရိစ္ဆာန်တွေမှာ ရောဂါမော်ဒယ် ကောင်းကောင်းရအောင် ဒါမှမဟုတ် တန်ဖိုးရှိတဲ့ ဓာတုပစ္စည်းတွေထုတ် လမ်းစဉ်တွေ ရှာပြီး စက်မှုအဆင့်ထုတ်လုပ်မှုနဲ့ ဆေးထုတ်စက်တွေဆီရောက်ဖို့ ဒါမှမဟုတ် ဗီဇတွေက ဘာလုပ်ကြတာလဲဆိုတဲ့ အခြေခံ သုသေသနတွေပေါ့။ ဒါက ကျမတို့တွေပြောသင့်တဲ့ CRISPR ဇာတ်လမ်းပါ။ နောက်ပြီး ကျမမကြိုက်တာက CRISPRရဲ့လူစိတ်ဝင်စားမှုများတဲ့ အပိုင်းက အရေးပါတာတွေကို ဖုံးပစ်လိုက်တာပဲ။ သိပ္ပံပညာရှင် အများကြီးက CRISPR ပေါ်ပေါက်အောင် ကြိုးစားလုပ်ခဲ့ရတယ်။ ကျမကို စိတ်ဝင်စားစေတာက ဒီသိပ္ပံပညာရှင်တွေကို လူထုက ပံ့ပိုးနေတာပဲ။ စဉ်းစားကြည့်ပါ။ လူထု ရာခိုင်နှုန်းတစ်ခုရဲ့ အချိန်တွေ အားလုံး သုံးပြီး သုသေသန လုပ်နိုင်စေတဲ့ အခြေခံအင်အားနဲ့ အဆောက်အဦးတွေ ကျမတို့မှာ ရှိတယ်။ ဒါက ကျမတို့တွေအားလုံးကို CRISPR တီထွင်သူတွေ ဖြစ်စေတယ် ကျမတို့အားလုံးကို CRISPR သိုးထိန်းတွေ ဖြစ်စေတယ်လို့လည်း ပြောချင်တယ် အားလုံးမှာ တာဝန်ရှိတယ် ဒါကြောင့် ဒီလိုနည်းပညာတွေကို တကယ် လေ့လာဖို့ ကျမတိုက်တွန်းချင်တယ် ဘာလို့လဲဆိုတော အဲ့လိုမှသာ ဒီလိုနည်းပညာတွေရဲ့ တိုးတက်မှုတွေ၊ အသုံးတွေ၊ ပြီးတော့ နောက်ဆုံးမှာ ကမ္ဘာကြီးနဲ့ ကျမတို့အတွက်ရလဒ်က အကောင်းပဲဖြစ်ဖို့ ဆိုတာသေချာစေဖို့ အတွက် လမ်းညွှန်ထိန်းကျောင်းနိုင်မှာပါ။ ကျေးဇူးတင်ပါတယ် (လက်ခုပ်သံများ)