Return to Video

တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်ချင်သလား။ သင့်ရဲ့ ကစားစရာတွေကနေ စတင်လိုက်ပါ။

  • 0:01 - 0:03
    ကျွန်မက မက်ကန်နာ ပို့(ပ်)ပါ။ ကျွန်မအသက်က (၁၄)နှစ်ပါ။
  • 0:03 - 0:05
    ကျွန်မအသက် (၁၃)နှစ်တုန်းက
  • 0:05 - 0:07
    ကစားစရာထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့
  • 0:07 - 0:09
    ဟက်စ်ဗရိုလို့ခေါ်တဲ့ ကစားစရာထုတ်လုပ်သူတွေကို
  • 0:09 - 0:11
    သူတို့ရဲ့ ရောင်းအားအကောင်းဆုံး ကစားစရာထုတ်ကုန်တစ်ခုကို
  • 0:11 - 0:13
    ဈေးကွက်တင် ရောင်းပုံကို ပြောင်းလဲဖို့သိမ်သွင်းစည်းရုံးနိုင်ခဲ့တယ်။
  • 0:13 - 0:15
    ဒါကြောင့် ဒီအကြောင်းအရာလေးကို ကျွန်မ ပြောပြပါရစေ။
  • 0:15 - 0:16
    ကဲ ဒီတော့ ကျွန်မမှာ ဂါဗင်ဆိုတဲ့မောင်လေးတစ်ယောက်ရှိတယ်။
  • 0:16 - 0:19
    ဒီအဖြစ်အပျက်တွေ ဖြစ်တုန်းက သူက(၄)နှစ်သားပဲ ရှိသေးတယ်။
  • 0:19 - 0:20
    သူကချက်ပြုတ်တာကို ဝါသနာပါတယ်။
  • 0:20 - 0:23
    သူက ရေခဲသေတ္တာထဲကနေ ချက်ပြုတ်စရာ
  • 0:23 - 0:25
    အမယ်စုံကို ယူယူပြီး ရောစပ်ချက်တတ်တယ်လေ။ ဒီလို သူရဲ့ စုပေါင်းစပ်ပေါင်းတွေဟာ
  • 0:25 - 0:26
    ဘယ်လိုမှစားလို့မရတဲ့ဟာတွေဆိုတာတော့ ပြောစရာတောင် မလိုပါဘူးလေ။
  • 0:26 - 0:29
    ဒါမှမဟုတ်ရင်လည်း တစ်ခါမှမမြင်သေးဘူးတဲ့ ခေါက်ဆွဲပွတွေ၊ ဒိန်ခဲတွေ လုပ်လုပ်နေတတ်တာပေါ့။
  • 0:29 - 0:32
    သူက စားဖိုမှုး အရမ်းဖြစ်ချင်ခဲ့တာလေ။
  • 0:32 - 0:36
    အဲဒီလို စားဖိုမှုးဖြစ်ချင်တဲ့ကောင်လေးအတွက် Easy-Bake Oven ဆိုတဲ့
  • 0:36 - 0:38
    "မုန့်ဖုတ်ဖိုလေး"ကလွဲလို့ ပိုကောင်းတဲ့လက်ဆောင် ရှိပါဦးမလား။ ဟုတ်တယ်နော်။
  • 0:38 - 0:40
    ကျွန်မဆိုလိုတာက ငယ်ငယ်တုန်းက ကျွန်မတို့အားလုံးဆီမှာ အဲဒါတွေရှိခဲ့ကြတာပဲလေ။
  • 0:40 - 0:42
    သူက အဲဒီတစ်ခုကို အရမ်းကို လိုချင်နေတာလေ။
  • 0:42 - 0:45
    ဒါပေမယ့် အဲဒီနောက်မယ် သူဟာတစ်စုံတစ်ခုကို နားလည်သဘောပေါက်လာတယ်။
  • 0:45 - 0:48
    ကြာ်ငြာတွေမှာ၊ပြီးတော့ "မုန့်ဖုတ်ဖိုလေး"ရဲ့ ဘူးခွံတွေပေါ်မှာ
  • 0:48 - 0:51
    ဟက်စ်ဗရိုက ဒီပစ္စည်းကို မိန်းခလေးတွေ သက်သက်အတွက် ဈေးကွက်တင်ရောင်းခဲ့တာပါ။
  • 0:51 - 0:53
    သူတို့ကြော်ငြာတဲ့နည်းက ဘူးခွံတွေပေါ်မှာ
  • 0:53 - 0:56
    ဒါမှမဟုတ် စီးပွားရေး ကြော်ငြာတွေမှာ မိန်းခလေးတွေကိုပဲ အသားပေး ဖေါ်ပြလေ့ရှိကြပြီးတော့
  • 0:56 - 0:58
    မုန့်ဖုတ်ဖိုတွေ တစ်ခုလုံးကိုလည်း ပန်းပွင်တွေ ဝေဝေဆာဆာနဲ့ ပုံနှိပ်ဖေါ်ပြတတ်ကြတယ်။
  • 0:58 - 1:01
    ပီးတော့ပန်းရောင်တောက်တောက်နဲ့ ခရမ်းရောင်လိုမျိုး အရမ်းကို
  • 1:01 - 1:05
    မိန်းခလေးဆန်တဲ့ အရောင်တွေ ဖြစ်နေတတ်တယ်၊ မဟုတ်လား။
  • 1:05 - 1:07
    အဲဒါကြောင့် ချက်ပြုတ်တယ် ဆိုတာဟာ
  • 1:07 - 1:10
    မိန်းခလေးတွေရဲ့ အလုပ်၊ ယောက်ျားလေးတွေအတွက် မဟုတ်ဘူးလို့ ထောက်ပြနေသလိုမျိုး ဖြစ်နေခဲ့တာပေါ့။
  • 1:10 - 1:12
    ဒါက ကျွန်မ မောင်လေးကို တော်တော်ကြီးကို စိတ်ပျက်စေတာပေါ့။
  • 1:12 - 1:15
    သူ့အနေနဲ့ သူဟာ စားဖိုမှုး တစ်ယောက် ဖြစ်ချင်စိတ် မရှိသင့်ဘူးဆိုတဲ့ အတွေးမျိုး ရောက်သွားစေခဲ့တာပေါ့။
  • 1:15 - 1:17
    ဘာဖြစ်လို့လဲဆိုတော့ ဒါဟာမိန်းခလေးတွေ လုပ်ကြတဲ့ကိစ္စ။
  • 1:17 - 1:19
    ချက်ပြုတ်ကြရမှာက မိန်းခလေးတွေ၊ ယာက်ျားလေးတွေ မဟုတ်ဘူး၊
  • 1:19 - 1:21
    ဘယ်လိုပဲဖြစ်ဖြစ် ဟက်စ်ဗရိုက အဲဒီလို ထောက်ပြသလို ဖြစ်နေခဲ့တာပဲလေ။
  • 1:21 - 1:23
    ကျွန်မစဉ်းစားမိတာက
  • 1:23 - 1:25
    "ဘုရားရေ၊ ဒါကိုပြောင်းလဲနိုင်တဲ့ နည်းလမ်းတစ်ခုလောက် ငါ့ဆီမှာ ရှိချင်လိုက်တာ။
  • 1:25 - 1:28
    ဟက်စ်ဗရိုကို ငါ့သဘောထားကို ဖွင့်ပြောပြချင်လိုက်တာ။
  • 1:28 - 1:30
    အဲဒီလိုဆိုရင် သူတို့လုပ်နေတဲ့ထဲက လွဲမှားနေတာက
  • 1:30 - 1:31
    အဲဒါကိုပြောင်းလဲလိုက်ဖို့
  • 1:31 - 1:33
    သူတိုကို တင်ပြနိုင်မယ်"ပေါ့။
  • 1:33 - 1:35
    နောက်ပြီး ကျွန်မဟာ အဲဒီမတိုင်ခင် လအနည်းငယ်ခန့်က
  • 1:35 - 1:36
    ကျွန်မ ဖတ်လိုက်ရတဲ့
  • 1:36 - 1:38
    Change.org လို့ခေါ်တဲ့ ဝက်(ဘ်)ဆိုဒ် အကြောင်းကို သတိရမိပါတယ်။
  • 1:38 - 1:41
    Change.org ဆိုတာကတော့
    မေတ္တာရပ်ခံချက်ကို ဖန်တီးလျက် အွန်းလိုင် မျှဝေပေးဖို့အတွက်
    အစီအစဉ်ကလေးတစ်ခုပါ။
  • 1:41 - 1:43
    အဲဒီမှာ သင့်အနေနဲ့ မေတ္တာရပ်ခံချက်တစ်ခုကို ဖန်တီးပြီး
  • 1:43 - 1:46
    ဒီလူမှုရေးဆက်သွယ်မှုဆိုင်ရာ ကွန်ယက်တွေ အားလုံးကနေတဆင့် မျှဝေလို့ရတာပေါ့။
  • 1:46 - 1:47
    Facebook ကဖြစ်ဖြစ်၊ Twitter ကဖြစ်ဖြစ်
  • 1:47 - 1:49
    YouTube ကဖြစ်ဖြစ်၊ Reddit ကဖြစ်ဖြစ်၊ Tumblr ကဖြစ်ဖြစ်ပေါ့။
  • 1:49 - 1:51
    ကိုယ့်ခေါင်းထဲမှာပေါ်လာသမျှ ဘာပဲဖြစ်ဖြစ်ပေါ့။
  • 1:51 - 1:52
    ဒီလိုနဲ့ပဲ You Tube ဗွီဒီယိုနဲ့အတူ
  • 1:52 - 1:56
    မတ္တာရပ်ခံချက် တစ်ခုကို ကျွန်မ ဖန်တီးလိုက်တာပေါ့။
  • 1:56 - 1:58
    ဒီမေတ္တာရပ်ခံချက်မှာ ကျွန်မ ဟက်စ်ဗရိုကုမ္ပဏီကို
  • 1:58 - 2:00
    သူတို့ပစ္စည်းကို ဈေးကွက်တင် ရောင်းပုံကို ပြောင်းလဲပစ်ဖို့ကို ကျွန်မ အဓိကထား တောင်းဆိုခဲ့တာပါ။
  • 2:00 - 2:03
    စီးပွားရေးကြော်ငြာတွေ၊ ဘူးခွံတွေပေါ်မှာ ယောက်ျားကလေး ပုံတွေကို
  • 2:03 - 2:05
    ထည့်သွင်းဖေါ်ပြပေးဖို့နဲ့ သူတို့ ထုတ်လုပ်သမျှ အားလုံးနီးပါးထဲမှာ
  • 2:05 - 2:08
    လိင်ခွဲခြားသတ်မှတ်တဲ့ အရောင်တွေကိုလျှော့ချပစ်ဖို့ပါ။
  • 2:08 - 2:11
    ဒီလိုနဲ့ မေတ္တာရပ်ခံပန်လွှာ တာထွက်လာပါတော့တယ်။
  • 2:11 - 2:14
    လုံးဝကို ယုံကြည်ဖို့ မလွယ်တဲ့ ကြောက်ခမန်းလိလိ အမြန်နှုန်းနဲ့ပါ။
  • 2:14 - 2:18
    တစ်နိုင်ငံလုံးမှာရှိတဲ့ သတင်းဋ္ဌာနတွေ၊
  • 2:18 - 2:21
    စာနယ်ဇင်းတွေက ကျွန်မကို လာပြီး တွေဆုံမေးမြန်းနေခဲ့ကြတာ အံ့ သြစရာပါပဲ။
  • 2:21 - 2:24
    (၃)ပတ်အတွင်း ဒါမှမဟုတ် (၃)ပတ်ခွဲလောက် အတွင်းမှာ၊
  • 2:24 - 2:29
    ဒီကျွန်မရဲ့ မေတ္တာရပ်ခံလွာကို ၀င်ပြီး လက်မှတ်ထိုးသူ (၄၆၀၀၀) ရှိလာပါတယ်။
  • 2:29 - 2:31
    (လက်ခုပ်သံများ)
  • 2:31 - 2:33
    ကျးဇူးတင်ပါတယ်ရှင်။
  • 2:33 - 2:35
    ဒီတော့ လုံးဝကို ယုံနိုင်ဖွယ်ရာ မဟုတ်တဲ့ကိစ္စ တစ်ခုဆိုတာတော့ ပြောစရာမလိုပါဘူးနော်။
  • 2:35 - 2:40
    နာက်ဆုံးမှာတော့ ဟက်စ်ဗရိုကို လူကြီးတွေကိုက
  • 2:40 - 2:41
    ကျွန်မကို သူတို့ရဲ့ရုံးချုပ်ကို ဖိတ်ကြားပြီး အနက်ရောင်၊ ငွေရောင်နဲ့ အပြာရောင်တွေပါတဲ့
  • 2:41 - 2:44
    သူတို့ရဲ့ထုတ်ကုန် အသစ်ဖြစ်တဲ့ မုန့်ဖုတ်ဖိုကို
  • 2:44 - 2:46
    ကျွန်မကို ဖွင့်ပြီးပြသလာတဲ့ အထိပါပဲ။
  • 2:46 - 2:48
    ဒါဟာဆိုရင် ကျွန်မဘဝရဲ့ အကောင်းဆုံး အခါသမယတွေထဲက တစ်ခုပါ။
  • 2:48 - 2:51
    ဒါဟာ "ဝီလီဝန်ကာနဲ့ ချောကလက်စက်ရုံ" လိုမျိုးပဲလေ။
  • 2:51 - 2:52
    "ဒီဖြစ်ရပ်က အံ့ သြစရာကြီးပါ။"
  • 2:52 - 2:54
    ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်မသဘောမပေါက်ခဲ့မိတာက
  • 2:54 - 2:56
    ကျွန်မဟာ တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်လာပြီ ဆိုတာကိုပါ။
  • 2:56 - 2:58
    ကျွန်မဟာ တစ်စုံတစ်ရာကို ပြောင်းလဲနိုင်စွမ်း ရှိတယ်ဆိုတာကိုပါ။
  • 2:58 - 3:01
    ကလေးလေး တစ်ယောက် အနေနဲ့တောင် ၊ ဒါမှမဟုတ် အထူးသဖြင့် ကလေးတစ်ယောက် ဖြစ်နေခဲ့လို့၊ ကျွန်မရဲ့ သဘောထားဟာ
  • 3:01 - 3:03
    အရေးပါတယ် ဆိုတာကိုပါ။ ရှင်တို့အားလုံးရဲ့ သဘောထားဟာလည်း အရေးပါပါတယ်။
  • 3:03 - 3:05
    အဲဒီလို ကိစ္စဟာ တကယ့်ကို မလွယ်လှတာကို ရှင်တို့ကို ကျွန်မ ပြောကြားလိုပါတယ်။
  • 3:05 - 3:06
    တကယ်ပဲ ကျွန်မအတွက် မလွယ်ကူခဲ့ပါဘူး။
  • 3:06 - 3:09
    ဘာဖြစ်လို့လဲဆိုတော့ အတားအဆီးအများကြီးကို ကျွန်မ ရင်ဆိုင်ခဲ့ရတာပါ။
  • 3:09 - 3:13
    လူတွေဟာ အွန်လိုင်းပေါ်မှာ၊ တစ်ခါတစ်ရံ လက်တွေ့ဘဝထဲမှာ တောင်မှပဲ
  • 3:13 - 3:16
    ကျွန်မနဲ့ ကျွန်မရဲ့မိသားစုကို မရိုမသေလုပ်ခဲ့ကြပြီး
  • 3:16 - 3:19
    ဒါကြီးတစ်ခုလုံးဟာ အချိန်ဖြုန်းတဲ့ ကိစ္စသက်သက်ကြီးလို့ ပြောဆိုခဲ့ကြသေးတယ်။
  • 3:19 - 3:20
    အဲဒါက ကျွန်မကို တော်တော်ကြီး စိတ်ဓါတ်ကျသွားစေတာပေါ့။
  • 3:20 - 3:23
    ပီးတော့လည်း တကယ့်ကို ကျွန်မမှာ သာဓကတွေရှိပါတယ်။
  • 3:23 - 3:26
    "သူတို့ရဲ့အသိတရားမဲ့မှုတွေကို ပြသတာထက် ပိုကောင်းတဲ့လက်စားချေမှု ဆိုတာ မရှိနိုင်လို့ပါပဲ။"
  • 3:26 - 3:28
    ကဲ ဒါဆိုကြည့် ကြရအောင်။
  • 3:28 - 3:30
    Liquidsore29 ဆိုတဲ့ အင်တာနက်သုံးစွဲသူ တစ်ယောက်ဆီကပါ။
  • 3:30 - 3:32
    သုံးစွဲသူ နာမည်တွေက စိတ်ဝင်စားစရာကောင်းတယ်။
  • 3:32 - 3:38
    "အမြင်ကပ်စရာကောင်းကာ အတွေးအခေါ် အသစ်တွေကို လက်ခံထားကြတဲ့ မေမေတွေကတော့ သူတို့သားတွေကို မိန်းမလျာ ဖြစ်အောင် လုပ်နေကြတယ်။ "
  • 3:38 - 3:41
    Liquidsore29 တကယ် အဲဒီလို ထင်သလား။ တကယ်ပဲလား။ ကောင်းပါပြီ။
  • 3:41 - 3:45
    Whiteboy77AGS ဆိုသူကတော့
  • 3:45 - 3:49
    "လူတွေအမြဲတမ်းလိုအပ်တာက တစ်ခုခု (ခွေးမ)ပါ။"
  • 3:49 - 3:51
    Jeffery Gutierrez ဆိုသူကတော့
  • 3:51 - 3:54
    "သွားစမ်းပါ။နင်လိုချင်တာက ပိုက်ဆံနဲ့ လူတွေ အာရုံပြုလာဖို့ သက်သက်ပဲဟာ။"
  • 3:54 - 3:56
    ဒီလို မှတ်ချက်ပေးမှုတွေက အနာဂတ်မှာ
  • 3:56 - 3:59
    ပာင်းလဲမှုတွေကို လုပ်ချင်နေတဲ့ ကျွန်မကို တကယ်ပဲ စိတ်ပျက်အားလျှော့စေခဲ့တာပေါ့။
  • 3:59 - 4:02
    ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတွေးမိတာက "လူတွေက အရေးမစိုက်ကြဘူး။
  • 4:02 - 4:04
    သူတို့က ဒါဟာအချိန်ဖြုန်းတာပဲ လို့ ထင်နေကြတယ်။
  • 4:04 - 4:08
    ပီးတော့ လူတွေဟာ ငါနဲ့ငါ့မိသားစုကို စော်ကားမော်ကား ပြုကြတော့မယ်"လို့ပေါ့။
  • 4:08 - 4:10
    ဒါက ကျွန်မကိုနာကျင်စေတာပေါ့။
  • 4:10 - 4:13
    "အနာဂတ်မှာ အပြောင်းအလဲတွေ ပြုလုပ်လိုခြင်းရဲ့ အဓိကအချက်က ဘာလဲ" ဆိုပြီး ကျွန်မ တွေးလာရပါတယ်။
  • 4:13 - 4:15
    အဲဒီတချိန်တည်းမှာ ကျွန်မတစ်ခုခုကို စတင်နားလည်လာပါတယ်။
  • 4:15 - 4:18
    "မုန်းတတ်သူကတော့ မုန်းနေမှာပဲ။"
  • 4:18 - 4:20
    ကျွန်မနဲ့အတူ လိုက်ဆိုကြပါ။ တစ်၊ နှစ်၊ သုံး ။
  • 4:20 - 4:22
    "မုန်းတတ်သူကတော့ မုန်းနေမှာပဲ။"
  • 4:22 - 4:24
    ဒါကြောင့် ကိုယ့်ကို မုန်းနေသူတွေ မုန်းကြပါစေ။
  • 4:24 - 4:26
    ဘာလုပ်ရမယ် ဆိုတာကို သင်သိပါတယ်။ သင့် ပြောင်းလဲချင်တာကို လုပ်ပါ။
  • 4:26 - 4:28
    ရှင်တို့ လုပ်နိုင်တယ်ဆိုတာကို ကျွန်မ သိထားလို့ပါ။
  • 4:28 - 4:29
    ဒီမှာ ရှိနေတဲ့ ပရိတ်သတ်ထဲကို ကျွန်မ လှမ်းကြည့်လိုက်တော့
  • 4:29 - 4:31
    လူ (၄၀၀) ကို တွေ့မြင်ရတယ်။
  • 4:31 - 4:34
    ဒီကို ရှင်တို့ အားလုံး လာခဲ့ကြတာက အပြောင်းအလဲတစ်ခုခုကို ဘယ်လို လုပ်နိုင်သလဲဆိုတာကို သိချင်ကြလို့ပါ။
  • 4:34 - 4:37
    ရှင်တို့အားလုံး အိမ်မှာ ကြည့်နေသူတွေရော တတ်နိုင်ကြပါတယ်။
  • 4:37 - 4:41
    ဘာဖြစ်လို့လဲဆိုတော့ သင်တို့ ယုံကြည်နေတဲ့ အရာတွေ အများကြီးရှိကာ သင်တို့ အဲဒါတွေကို လုပ်နိုင်လို့ပါ။
  • 4:41 - 4:44
    ပီးတော့ အဲဒါကို လူမှုဆက်သွယ်ရေး မီဒီယာတွေ အားလုံးမှတဆင့် ဖလှယ်နိုင်ပါတယ်။
  • 4:44 - 4:46
    Facebook ကဖြစ်ဖြစ်၊ Twitter ကဖြစ်ဖြစ်၊ Youtube ကဖြစ်ဖြစ်၊ Redditကဖြစ်ဖြစ်၊ Tumblr ကဖြစ်ဖြစ်ပေါ့။
  • 4:46 - 4:48
    သင်စဉ်းစားလို့ရတဲ့ အခြား ဘယ်မီဒီယာမဆိုပါ။
  • 4:48 - 4:50
    ပီးတော့ သင်တို့ဟာ အဲဒီ အပြောင်းအလဲကို လုပ်နိုင်စွမ်းရှိပါတယ်။
  • 4:50 - 4:51
    ကိုယ်ယုံကြည်တာကို စွဲကိုင်လျက်၊
  • 4:51 - 4:54
    အဲဒါကို ကိုယ့်အရေးတော်ပုံကြီးလို သတ်မှတ်ကာ ပြောင်းလဲမှုကို လုပ်ဆောင်ပါ။
  • 4:54 - 4:57
    ရှင်တို့ အားလုံး ဒီနေ့တစ်နေ့လုံး နားထောင်လာခဲ့ကြရတာက မီးပွားကလေးတစ်ခု အကြောင်းပါ။
  • 4:57 - 4:59
    အားလုံးအနေနဲ့ ကိုယ့်ဆီမှာကိန်းအောင်းနေတဲ့ အဲဒီလို မီးပွားကလေးကို အသုံးချပြီး
  • 4:59 - 5:01
    မီးတောက်အဖြစ် ထွန်းတောက်လာအောင် ပြောင်းလဲလိုက်ကြပါ။
  • 5:01 - 5:03
    ကျးဇူးတင်ပါတယ်ရှင်။
  • 5:03 - 5:05
    (လက်ခုပ်သံများ)
Title:
တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်ချင်သလား။ သင့်ရဲ့ ကစားစရာတွေကနေ စတင်လိုက်ပါ။
Speaker:
မက်ကန်နာ ပို့(ပ်)
Description:

မက်ကန်နာ ပို့(ပ်) ရဲ့မောင်လေးက ချက်ပြုတ်တာကိုဝါသနာပါတယ်။ဒါပေမယ့် Easy -Bake Oven ဆိုတဲ့ မုန့်ဖုတ်ဖိုကို အသုံးပြုဖို့ အတွက်တော့သောကရောက်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက မိန်းကလေး ကစားစရာတစ်ခုဖြစ်နေလို့ပါပဲ။ ဒါကြောင့် ပို့(ပ်)က သူမအသက် (၁၃)နှစ်မှာ ဟက်စ်ဗရိုလို့ခေါ်တဲ့ အမေရိကန်ကစားစရာ ကုမ္ပဏီ အတွက် သူတို့ရဲ့ကစားစရာပေါ်က အစဉ်အလာ ပန်းရောင်နဲ့ ခရမ်းရောင် အရောင်စနစ်ကို ပြောင်းလဲပြီး ၎င်းရဲ့ရုပ်သံဈေးကွက်မှာ ယောက်ျားလေးတွေကိုပါ ဖြည့််သွင်းပေါင်းစပ်ပေးဖို့အတွက် အွန်လိုင်းပန်ကြားလွာတစ်ခုကို စတင်ခဲ့ပါတယ်။ အားတက်ဖွယ်ရာကောင်းတဲ့ ပြောဆိုဆွေးနွေးမှုထဲမှာ ပို့(ပ်)က ကျား၊မ ခွဲခြားမှုမရှိတဲ့ ကစားစရာတွေအတွက် ရပ်တည်ချက်ကို တင်ပြထားပြီး၊အားအင်မဲ့နေတဲ့ ကလေးတွေအားလုံးကို တက်တက်ကြွကြွ လုပ်ဆောင်ဖို့ နှိုးဆော်ထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
05:22
  • The Original Burmese translation was well done! I tried my best to edit only some places.
    Aun

  • thank you for your review !

  • Dear Sann Tint,
    For me it was firs time I tried to review for TED Talks. I had some technical problems in reviewing online, therefore I did my review in MS Word file. Then uploaded. Please, tell me could you manage to make the final version?

    In fact, my Burmese name is Myo Aung, I am an old man of age 69!

  • Thank you very much k o myo aung but the problem is that I saw some codes in every line of my translation texts and I just submitted it without edition them ! so could you please review it again so that I could edit my final version ! wishing you best and le'ts work together to develop the landguage !

  • I hope now it is OK!

  • yes , thank you very much Ko Nyo Aung and wishing you best ! what project are you working on ? let me know if you have any problems ! see you !

  • မနေ့က ကျွန်တော် Frederic Kaplan How I built an information time machin ကို ဘာသာပြန်ပြီးသွားတယ်။ အမှတ်တမဲ့ တလိုင်း မပြန်ဘဲ ကျန်သွားတယ်။ ဒီအွန်လိုင်းမှာ ဘာသာပြန်ရတာ မကျွမ်းသေးလို့ ကသီကအောက် ဖြစ်တာ ရှိတယ်။
    ပြီးတော့ ကျွန်တော်က မြန်မာ၃ဖွန့်ကို သုံးနေကျမို့ သုံးဖို့ ကြိုးစားပေမဲ့ မရဖြစ်နေတယ်။
    တကယ်တော့ ကျွန်တော်က အွန်လိုင်းမှတဆင့် ဘာသာပြန်လုပ်နေသူပါ။ အားတဲ့ အခါ ဒီမှာ ကူညီဘာသာပြန်နေတာပါ။

  • Hi sann tint!

    Once I am working in Amara just for last some days, it seems I do not know all the rules for helping with this kind of translation and reviewing. Can you tell me where can I find such rules or advice for Burmese translation and review?

    Myo Aung

Burmese subtitles

Revisions Compare revisions