Return to Video

Dracula ဟာ ဘယ်ပုံဘယ်နည်းနဲ့ ကမ္ဘာ့အကျော်ကြားဆုံးသွေးစုပ်ဖုတ်ကောင် ဖြစ်လာခဲ့သလဲ - Stanley Stepanic

  • 0:05 - 0:08
    Dracula ဟာ ကမ္ဘာ့အကျော်ကြားဆုံး
    သွေးစုပ်ဖုတ်ကောင် ဘယ်လိုဖြစ်လာခဲ့သလဲ
  • 0:08 - 0:12
    သူ့ရဲ့ ဖန်တီးရှင်ကြီး ကြွေလွင့်ပြီး
    နှစ်ပေါင်းရာချီကျော် ကြာသည်အထိ
  • 0:12 - 0:18
    Dracula ဟာ သမိုင်းမှာ အကျော်ကြားဆုံး
    သွေးစုပ်ဖုတ်ကောင်အဖြစ် ရှင်သန်နေပါသေးတယ်
  • 0:18 - 0:20
    ဒါပေမဲ့ ဒီ Transylvanian ဝတ္ထုကတော့
  • 0:20 - 0:23
    ပထမဦးဆုံး စိတ်ကူးယဉ်
    သွေးစုပ်ဖုတ်ကောင်ဝတ္တု လည်းမဟုတ်
  • 0:23 - 0:25
    သူ့ခေတ်အခါက အကျော်ကြားဆုံးဝတ္တုလည်း
    မဟုတ်ခဲ့တဲ့ ဝတ္တုဟာ
  • 0:25 - 0:30
    ကံကြမ္မာအလှည့်အပြောင်းကြောင့်သာမဟုတ်ခဲ့ရင်
    မထင်မရှားအဖြစ်နဲ့ တိမ်မြုပ်သွားလောက်မှာပါ
  • 0:30 - 0:34
    Dracula ဇာတ်ကောင်ဟာ Bram Stoker ရဲ့
    ၁၈၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့
  • 0:34 - 0:36
    နာမည်တူဝတ္တုမှာ စတင်ပါဝင်လာခဲ့ပါတယ်
  • 0:36 - 0:39
    သွေးစုပ်ဖုတ်ကောင်ဒဏ္ဍာရီတွေရဲ့ အစချီရာ
    ဇာတ်လမ်းနဲ့တော့ မသက်ဆိုင်ခဲ့ပါဘူး
  • 0:39 - 0:43
    ရိုးရာပုံပြင်တွေမှာ သွေးစုပ်ဖုတ်ကောင်တွေ
    တစ်စိတ်တစ်ဒေသ ပါရှိလာခဲ့တာဆိုရင်
  • 0:43 - 0:44
    အနည်းဆုံး နှစ် ၈၀၀ လောက် ရှိခဲ့ပါပြီ
  • 0:44 - 0:48
    စလဗ်ရိုးရာပုံပြင်တွေကနေ သွေးစုပ်ဖုတ်ကောင်
    စကားလုံးကို မိတ်ဆက်ပေးခဲ့ပြီး
  • 0:48 - 0:51
    ရှေးဟောင်း ရုရှားဘာသာစကားမှာတော့
    upir လို့ အမည်ရပါတယ်
  • 0:51 - 0:55
    အားလုံးသိထားကြတဲ့ ဝေါဟာရအရေးအသားကိုတော့
    ၁၁ ရာစုမှာ စတင်ညွှန်းဆိုခဲ့ပါတယ်
  • 0:55 - 0:56
    အရပ်ထဲက သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းဟာ
  • 0:56 - 0:58
    ခရစ်ယာန်ဘာသာထက် အလျင်ပေါ်ခဲ့ပြီး
  • 0:58 - 1:03
    အသင်းတော်က ဒိဋ္ဌိအယူဝါဒတွေကိုဖယ်ရှားပစ်ရေး
    အားထုတ်တဲ့ကြားထဲက ရှိမြဲရှိနေခဲ့ပါတယ်
  • 1:03 - 1:06
    သွေးစုပ်ကောင်ဇာတ်လမ်းတွေဟာ
    ဒီလိုအနာရောဂါတွေကို
  • 1:06 - 1:08
    အဓိပ္ပာယ်ကောက်လွဲတာကနေ စတင်ခဲ့ပါတယ်
  • 1:08 - 1:09
    ခွေးရူးပြန်ရောဂါ
  • 1:09 - 1:10
    ပယ်လဂရာရောဂါ နဲ့
  • 1:10 - 1:12
    ဆွေးမြည့်ပျက်စီးခြင်း တွေကနေပေါ့
  • 1:12 - 1:15
    ဆွေးမြည့်ပျက်စီးတာမှာ အစာအိမ်ထဲက
    ဂတ်စ်တွေကြောင့် ခန္ဓာကိုယ်ဖောရောင်ပြီး
  • 1:15 - 1:17
    ပါးစပ်ကနေ သွေးယိုစိမ့်တာတွေ ဖြစ်တာကြောင့်
  • 1:17 - 1:21
    အလောင်းကောင်ဟာ အသက်ရှင်လျက်ရှိနေပြီး
    အစာစားသုံးတဲ့ပုံ ပေါက်နေစေပါတယ်
  • 1:21 - 1:23
    သွေးစုပ်ဖုတ်ကောင်တွေကို
    သာမန်ထက် ပိုရှည်လျားတဲ့
  • 1:23 - 1:26
    သွားတွေ လက်သည်းတွေနဲ့
    ဖော်ပြခဲ့ကြပါတယ်
  • 1:26 - 1:28
    ဒါဟာ သေရွာပြန် ဖြစ်စဉ်ကို
    တားဆီးဖို့ ရည်ရွယ်တဲ့
  • 1:28 - 1:30
    ရိုးရာအစီအရင်တွေကို
    ပြုလုပ်လာစေခဲ့ပါတယ်
  • 1:30 - 1:33
    ရုပ်အလောင်းကို ကြက်သွန်ဖြူ သို့
    ဘိန်းစေ့တွေနဲ့ သိပ်ပြီးဖြစ်ဖြစ်
  • 1:33 - 1:35
    ငုတ်တိုင်နဲ့ ထိုးစိုက်ပြီးဖြစ်ဖြစ်
  • 1:35 - 1:36
    မီးမြှိုက်ပြီးဖြစ်ဖြစ်
  • 1:36 - 1:38
    ကိုယ်အင်္ဂါဖြတ်တောက်ပြီးဖြစ်ဖြစ်
    မြှုပ်နှံပြီးတော့ပါ
  • 1:38 - 1:41
    သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းဟာ ဒေသခံ
    ဖြစ်ရပ်ဆန်းကျယ်တစ်ခုအဖြစ်
  • 1:41 - 1:42
    ဆက်ရှိနေတာမှာ ၁၈ ရာစုမတိုင်ခင်
  • 1:42 - 1:46
    ဆားဘီးယားနိုင်ငံဟာ အင်အားပြိုင်လျက်ရှိတဲ့
    အာဏာရ အင်အားကြီးအစု ၂ စုဖြစ်တဲ့
  • 1:46 - 1:48
    Habsburg ဘုရင့်အနွယ်ဝင်အုပ်စုနဲ့
  • 1:48 - 1:50
    Ottoman အင်ပါယာအစုအကြား
    ကြားညှပ်မိချိန်အထိပါပဲ
  • 1:50 - 1:52
    သြစတြီးယားစစ်သားတွေနဲ့ အစိုးရ
    အရာရှိမင်းတွေဟာ ဒေသခံတွေရဲ့
  • 1:52 - 1:56
    တစ်မူထူးခြားတဲ့ မြေမြှုပ်ခြင်းဓလေ့ကို
    သတိပြုမိပြီး မှတ်တမ်းတင်ခဲ့ကြရာကနေ
  • 1:56 - 1:59
    သူတို့ရဲ့ အစီရင်ခံစာတွေဟာ
    လူသိရှင်ကြား ပျံ့နှံ့သွားခဲ့ပါတော့တယ်
  • 1:59 - 2:02
    အကျိုးဆက်အနေနဲ့ သွေးစုပ်ဖုတ်ကောင်လို့
    ဆိုလိုက်တာနဲ့ စိတ်ခြောက်ခြားပြီး
  • 2:02 - 2:05
    ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ခဲ့တာကြောင့်
    ၁၇၅၅ ခုနှစ်မှာ
  • 2:05 - 2:08
    သြစတြီးယားဧကရီဟာ နန်းတွင်းသမားတော်ကို
    ပင့်ခေါ်ခိုင်းစေရတဲ့အထိပါပဲ
  • 2:08 - 2:10
    သမားတော်ကိုယ်တိုင် လေ့လာပြီးနောက်မှာတော့
  • 2:10 - 2:14
    သိပ္ပံနည်းကျသေချာတဲ့ ချေပချက်ထုတ်ခဲ့ပြီး
    ကောလာဟလတွေကို အဆုံးသတ်သွားစေခဲ့ပါတယ်
  • 2:14 - 2:17
    အထိတ်တလန့်ဖြစ်မှုတွေ လျော့ကျသွားပေမဲ့
    သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းဟာ
  • 2:17 - 2:20
    အနောက်ဥရောပ အခြေစိုက်
    စိတ်ကူးစိတ်သန်းကောင်းတဲ့ လက်ရာတွေဖြစ်တဲ့
  • 2:20 - 2:23
    ၁၈၁၉ ခုနှစ်ထုတ်
    The Vampyre ဆိုတဲ့ဝတ္ထု နဲ့
  • 2:23 - 2:25
    Joseph Sheridan Le Fanu ရဲ့ လက်ရာဖြစ်တဲ့
  • 2:25 - 2:29
    ၁၈၇၂ ခုနှစ်ထုတ် Carmilla ဝတ္ထုတွေမှာ
    အမြစ်တွယ်သွားခဲ့ပါပြီ
  • 2:29 - 2:32
    ဒီစာအုပ်ဟာ အိုင်းရစ်လူမျိုး
    သက်နုပြဇာတ်ဝေဖန်ရေးဆရာဖြစ်တဲ့
  • 2:32 - 2:35
    Bram Stoker အပေါ်
    အကြီးအကျယ်လွှမ်းမိုးလာမှာပါ
  • 2:35 - 2:38
    ဒပ်ဗလင်မြို့ဇာတိ
    ၁၈၄၇ ခုနှစ်ဖွားဖြစ်သူ Stoker ဟာ
  • 2:38 - 2:40
    အမည်မသိရောဂါတစ်ခု စွဲကပ်ခဲ့တာကြောင့်
  • 2:40 - 2:43
    အသက် ၇ နှစ် မပြည့်ခင်အထိ
    အိပ်ရာထဲ လှဲနေခဲ့ရပါတယ်
  • 2:43 - 2:46
    အဲဒီကာလအတွင်းမှာပဲ သူ့ရဲ့အမေဟာ
    သူ့ကို ရှေးရိုးပုံပြင်တွေနဲ့
  • 2:46 - 2:48
    ကြောက်မက်ဖွယ် ဖြစ်ရပ်မှန်ပုံပြင်တွေအပါအဝင်
  • 2:48 - 2:54
    ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ရာ ၁၈၃၂ ခုနှစ်က
    ကိုယ်တွေ့အဖြစ်အပျက်တွေကို ပြောပြခဲ့ပါတယ်
  • 2:54 - 2:57
    အဲဒီလိုပြောပြရာမှာ တောင်ပုံရာပုံ
    အုတ်ဂူတွေမှာ အရှင်လတ်လတ်မြေမြှုပ်ခံရတဲ့
  • 2:57 - 2:59
    ဒုက္ခသည်တွေအကြောင်းလည်း ပါဝင်ခဲ့ပါတယ်
  • 2:59 - 3:01
    သူ့ဘဝနှောင်းပိုင်းကာလမှာတော့ Stoker ဟာ
  • 3:01 - 3:04
    စိတ်ကူးယဉ် အချစ်ဇာတ်လမ်း နဲ့
    စွန့်စားခန်းဝတ္ထုတွေကို ရေးဖြစ်ခဲ့ပြီး
  • 3:04 - 3:09
    ၁၈၉၇ ခုနှစ်မှာတော့ Dracula ဆိုတဲ့
    ဝတ္ထုကို ထုတ်ဝေခဲ့ပါတယ်
  • 3:09 - 3:11
    ဝတ္ထုပါ အဓိကဗီလိန်နဲ့ နာမည်တူဟာ
  • 3:11 - 3:16
    Vlad III Dracula ခေါ် Vlad
    the Impaler ရဲ့ သမိုင်းနောက်ခံပုံရိပ်ကို
  • 3:16 - 3:17
    မှီငြမ်းထားတယ်လို့ ထင်မှတ်ရပေမဲ့လည်း
  • 3:17 - 3:21
    ဝတ္ထုပါ အကြောင်းအရာအရ
    နာမည်တူ သုံးထားရုံမျှသာဖြစ်ပါတယ်
  • 3:21 - 3:23
    တခြားအကြောင်းအရာတွေနဲ့
    ဇာတ်ကောင်တွေကိုတော့
  • 3:23 - 3:25
    တိုက်ရိုက်တစ်နည်း သွယ်ဝိုက်၍တစ်ဖုံ
  • 3:25 - 3:27
    ဝိတိုရိယခေတ်မှာ ထွက်ရှိခဲ့တဲ့
    စာပေလက်ရာတွေထဲက တစ်ခုဖြစ်တဲ့
  • 3:27 - 3:30
    The Mysterious Stranger ဝတ္ထုကို
    မှီငြမ်းပြီး ဖန်တီးခဲ့ပါတယ်
  • 3:30 - 3:35
    ဝတ္ထု ထုတ်ဝေပြီးပြီးချင်းကာလမှာ
    အောင်မြင်မှု အတန်အသင့်သာ ရရှိခဲ့ပြီး
  • 3:35 - 3:38
    Stoker ရဲ့ နာမည်အကြီးဆုံး
    စာပေလက်ရာ မဖြစ်ခဲ့တဲ့အပြင်
  • 3:38 - 3:42
    ၁၉၁၂ ခုနှစ်ထုတ် နာရေးသတင်းမှာလည်း
    အတိုချုပ်အနေနဲ့သာ ဖော်ပြခံခဲ့ရပါတယ်
  • 3:42 - 3:44
    ဒါပေမဲ့ စာမူ မူပိုင်ခွင့်ဆိုင်ရာ ရယူမှုဟာ
  • 3:44 - 3:47
    Dracula ဝတ္ထုရဲ့ ကံကြမ္မာကို
    အပြီးတိုင်ပြောင်းလဲပေးနိုင်ပြီး
  • 3:47 - 3:51
    ထူးခြားတဲ့ဇာတ်ကောင်မျိုးကို နာမည်ကျော်
    စာပေလက်ရာအဖြစ် တွန်းတင်ပေးနိုင်ပါတယ်
  • 3:51 - 3:54
    ၁၉၂၂ ခုနှစ်မှာတော့ ဂျာမန်ရုပ်ရှင်
    စတူဒီယိုကြီးတစ်ခုကနေ Dracula ဝတ္ထုကို
  • 3:54 - 3:57
    ဂန္ထဝင်တွင်သွားစေမယ့် အသံတိတ်ရုပ်ရှင်
    Nosferatu အဖြစ်
  • 3:57 - 3:59
    မူပိုင်ခ ပေးအပ်ခဲ့ခြင်းမရှိဘဲ
    ဖန်တီးခဲ့ပါတယ်
  • 3:59 - 4:03
    ဇာတ်ကောင်နာမည်တွေနဲ့ ထူးမခြားနား
    ဇာတ်ကွက်လေးတွေကို ပြောင်းလိုက်တာကလွဲလို့
  • 4:03 - 4:05
    တုနှိုင်းထားမှန်း သိသာခဲ့တာကြောင့်
  • 4:05 - 4:08
    စတူဒီယိုဟာ ဒေဝါလီခံရသည်အထိ
    တရားစွဲဆိုခံခဲ့ရပါတယ်
  • 4:08 - 4:10
    နောက်ထပ် ကူးယူခံရမှုတွေကနေ
    ကာကွယ်ဖို့အတွက်
  • 4:10 - 4:11
    ကွယ်လွန်သူ Stoker ရဲ့ ဇနီးဖြစ်သူဟာ
  • 4:11 - 4:13
    Dracula ဝတ္ထုကို
    ပြဇာတ်အဖြစ် တင်ဆက်တာမှာ
  • 4:13 - 4:15
    မူပိုင်ခွင့်ဖြန့်ချိဖို့ ဆုံးဖြတ်ခဲ့ပြီး
  • 4:15 - 4:19
    အတွင်းမိတ်ဆွေ Hamilton Deane ကို
    ထုတ်လုပ်ခွင့်ပေးခဲ့ပါတယ်
  • 4:19 - 4:23
    Deane ရဲ့ ပြဇာတ်ဇာတ်ညွှန်းမှာ
    မူရင်းနဲ့ ကွဲထွက်တာတွေရှိခဲ့ပေမဲ့လည်း
  • 4:23 - 4:27
    ဘရော့ဒ်ဝေးပြဇာတ်ရုံကြီးမှာ Bela Lugosi
    ရဲ့ ဖျော်ဖြေတင်ဆက်ခဲ့မှု ကျေးဇူးနဲ့
  • 4:27 - 4:29
    ဂန္ထဝင် စာရင်းဝင်ခဲ့ပါတယ်
  • 4:29 - 4:32
    Lugosi ဟာ Universal ရုပ်ရှင်ကုမ္ပဏီရဲ့
    ၁၉၃၁ ခုနှစ်ထွက်
  • 4:32 - 4:34
    ရုပ်ရှင်ဗားရှင်းမှာလည်း ပါဝင်ခဲ့ပြီး
  • 4:34 - 4:38
    သူ့ရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့
    ဇာတ်ကောင်ကို အားဖြည့်ပေးခဲ့ပါတယ်
  • 4:38 - 4:41
    အဲဒီအချိန်ကစပြီး Dracula ဇာတ်ကောင်ဟာ
    မရေမတွက်နိုင်တဲ့ ကိုးကားချက်တွေကြားမှာ
  • 4:41 - 4:43
    တစ်ဖန်ပြန်လည် အသက်ဝင်လာခဲ့ပြီး
  • 4:43 - 4:47
    စာမျက်နှာတွေထဲက အညတရဖြစ်တည်မှုထက်သာလွန်တဲ့
    အဆုံးအစမဲ့ဘဝကို ရှာဖွေတွေ့ရှိသွားပါတော့တယ်
Title:
Dracula ဟာ ဘယ်ပုံဘယ်နည်းနဲ့ ကမ္ဘာ့အကျော်ကြားဆုံးသွေးစုပ်ဖုတ်ကောင် ဖြစ်လာခဲ့သလဲ - Stanley Stepanic
Description:

Dracula ဟာ သူ့ရဲ့ဖန်တီးသူ ကြွေလွင့်ပြီး နှစ်ပေါင်းရာချီကျော်ကြာတဲ့အထိ သမိုင်းမှာ အကျော်ကြားဆုံး သွေးစုပ်ဖုတ်ကောင်အဖြစ် ဆက်လက်ရှင်သန်နေလျက်ပါပဲ။ ဒါပေမဲ့ ပထမဦးဆုံး စိတ်ကူးယဉ် သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းလည်းမဟုတ်၊ သူ့ခေတ်အခါက အကျော်ကြားဆုံးလည်းမဟုတ်ခဲ့တဲ့ ဒီ Transylvanian ဝတ္ထုဟာ ကံကြမ္မာအလှည့်အပြောင်းကြောင့်သာမဟုတ်ခဲ့ရင် မထင်မရှားအဖြစ်နဲ့ တိမ်မြှုပ်သွားလောက်မှာပါ။ စာမူမူပိုင်ခွင့်ဆိုင်ရာ ရယူမှုဟာ Bram Stoker ရဲ့ ဇာတ်ကောင်ကို ထင်ရှားကျော်ကြားတဲ့ စာပေလက်ရာအဖြစ် ဘယ်ပုံဘယ်နည်းနဲ့ တွန်းတင်ပေးခဲ့သလဲဆိုတာကို Stanley Stepanic က ရှင်းလင်းပြသထားပါတယ်။

Lesson by Stanley Stepanic, animation by Phuong Mai NGUYEN.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:06

Burmese subtitles

Revisions