0:00:05.122,0:00:08.313 Dracula ဟာ ကမ္ဘာ့အကျော်ကြားဆုံး[br]သွေးစုပ်ဖုတ်ကောင် ဘယ်လိုဖြစ်လာခဲ့သလဲ 0:00:08.313,0:00:12.473 သူ့ရဲ့ ဖန်တီးရှင်ကြီး ကြွေလွင့်ပြီး[br]နှစ်ပေါင်းရာချီကျော် ကြာသည်အထိ 0:00:12.473,0:00:18.173 Dracula ဟာ သမိုင်းမှာ အကျော်ကြားဆုံး[br]သွေးစုပ်ဖုတ်ကောင်အဖြစ် ရှင်သန်နေပါသေးတယ် 0:00:18.173,0:00:20.114 ဒါပေမဲ့ ဒီ Transylvanian ဝတ္ထုကတော့ 0:00:20.114,0:00:22.604 ပထမဦးဆုံး စိတ်ကူးယဉ်[br]သွေးစုပ်ဖုတ်ကောင်ဝတ္တု လည်းမဟုတ် 0:00:22.604,0:00:25.184 သူ့ခေတ်အခါက အကျော်ကြားဆုံးဝတ္တုလည်း[br]မဟုတ်ခဲ့တဲ့ ဝတ္တုဟာ 0:00:25.184,0:00:30.204 ကံကြမ္မာအလှည့်အပြောင်းကြောင့်သာမဟုတ်ခဲ့ရင်[br]မထင်မရှားအဖြစ်နဲ့ တိမ်မြုပ်သွားလောက်မှာပါ 0:00:30.204,0:00:34.184 Dracula ဇာတ်ကောင်ဟာ Bram Stoker ရဲ့ [br]၁၈၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ 0:00:34.184,0:00:35.924 နာမည်တူဝတ္တုမှာ စတင်ပါဝင်လာခဲ့ပါတယ် 0:00:35.924,0:00:39.315 သွေးစုပ်ဖုတ်ကောင်ဒဏ္ဍာရီတွေရဲ့ အစချီရာ[br]ဇာတ်လမ်းနဲ့တော့ မသက်ဆိုင်ခဲ့ပါဘူး 0:00:39.315,0:00:42.744 ရိုးရာပုံပြင်တွေမှာ သွေးစုပ်ဖုတ်ကောင်တွေ[br]တစ်စိတ်တစ်ဒေသ ပါရှိလာခဲ့တာဆိုရင် 0:00:42.744,0:00:44.484 အနည်းဆုံး နှစ် ၈၀၀ လောက် ရှိခဲ့ပါပြီ 0:00:44.484,0:00:47.984 စလဗ်ရိုးရာပုံပြင်တွေကနေ သွေးစုပ်ဖုတ်ကောင်[br]စကားလုံးကို မိတ်ဆက်ပေးခဲ့ပြီး 0:00:47.984,0:00:50.605 ရှေးဟောင်း ရုရှားဘာသာစကားမှာတော့[br]upir လို့ အမည်ရပါတယ် 0:00:50.605,0:00:54.735 အားလုံးသိထားကြတဲ့ ဝေါဟာရအရေးအသားကိုတော့[br]၁၁ ရာစုမှာ စတင်ညွှန်းဆိုခဲ့ပါတယ် 0:00:54.735,0:00:56.455 အရပ်ထဲက သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းဟာ 0:00:56.455,0:00:58.035 ခရစ်ယာန်ဘာသာထက် အလျင်ပေါ်ခဲ့ပြီး 0:00:58.035,0:01:02.804 အသင်းတော်က ဒိဋ္ဌိအယူဝါဒတွေကိုဖယ်ရှားပစ်ရေး[br]အားထုတ်တဲ့ကြားထဲက ရှိမြဲရှိနေခဲ့ပါတယ် 0:01:02.804,0:01:05.605 သွေးစုပ်ကောင်ဇာတ်လမ်းတွေဟာ[br]ဒီလိုအနာရောဂါတွေကို 0:01:05.605,0:01:07.755 အဓိပ္ပာယ်ကောက်လွဲတာကနေ စတင်ခဲ့ပါတယ် 0:01:07.755,0:01:08.846 ခွေးရူးပြန်ရောဂါ 0:01:08.846,0:01:10.106 ပယ်လဂရာရောဂါ နဲ့ 0:01:10.106,0:01:12.045 ဆွေးမြည့်ပျက်စီးခြင်း တွေကနေပေါ့ 0:01:12.045,0:01:15.375 ဆွေးမြည့်ပျက်စီးတာမှာ အစာအိမ်ထဲက[br]ဂတ်စ်တွေကြောင့် ခန္ဓာကိုယ်ဖောရောင်ပြီး 0:01:15.375,0:01:17.325 ပါးစပ်ကနေ သွေးယိုစိမ့်တာတွေ ဖြစ်တာကြောင့် 0:01:17.325,0:01:20.697 အလောင်းကောင်ဟာ အသက်ရှင်လျက်ရှိနေပြီး[br]အစာစားသုံးတဲ့ပုံ ပေါက်နေစေပါတယ် 0:01:20.697,0:01:23.156 သွေးစုပ်ဖုတ်ကောင်တွေကို[br]သာမန်ထက် ပိုရှည်လျားတဲ့ 0:01:23.156,0:01:25.843 သွားတွေ လက်သည်းတွေနဲ့[br]ဖော်ပြခဲ့ကြပါတယ် 0:01:25.843,0:01:28.037 ဒါဟာ သေရွာပြန် ဖြစ်စဉ်ကို[br]တားဆီးဖို့ ရည်ရွယ်တဲ့ 0:01:28.037,0:01:29.847 ရိုးရာအစီအရင်တွေကို[br]ပြုလုပ်လာစေခဲ့ပါတယ် 0:01:29.847,0:01:32.916 ရုပ်အလောင်းကို ကြက်သွန်ဖြူ သို့[br]ဘိန်းစေ့တွေနဲ့ သိပ်ပြီးဖြစ်ဖြစ် 0:01:32.916,0:01:34.535 ငုတ်တိုင်နဲ့ ထိုးစိုက်ပြီးဖြစ်ဖြစ် 0:01:34.535,0:01:35.587 မီးမြှိုက်ပြီးဖြစ်ဖြစ် 0:01:35.587,0:01:38.056 ကိုယ်အင်္ဂါဖြတ်တောက်ပြီးဖြစ်ဖြစ်[br]မြှုပ်နှံပြီးတော့ပါ 0:01:38.056,0:01:40.816 သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းဟာ ဒေသခံ[br]ဖြစ်ရပ်ဆန်းကျယ်တစ်ခုအဖြစ် 0:01:40.816,0:01:42.296 ဆက်ရှိနေတာမှာ ၁၈ ရာစုမတိုင်ခင် 0:01:42.296,0:01:45.917 ဆားဘီးယားနိုင်ငံဟာ အင်အားပြိုင်လျက်ရှိတဲ့[br]အာဏာရ အင်အားကြီးအစု ၂ စုဖြစ်တဲ့ 0:01:45.917,0:01:47.537 Habsburg ဘုရင့်အနွယ်ဝင်အုပ်စုနဲ့ 0:01:47.537,0:01:49.727 Ottoman အင်ပါယာအစုအကြား[br]ကြားညှပ်မိချိန်အထိပါပဲ 0:01:49.727,0:01:52.437 သြစတြီးယားစစ်သားတွေနဲ့ အစိုးရ[br]အရာရှိမင်းတွေဟာ ဒေသခံတွေရဲ့ 0:01:52.437,0:01:55.818 တစ်မူထူးခြားတဲ့ မြေမြှုပ်ခြင်းဓလေ့ကို[br]သတိပြုမိပြီး မှတ်တမ်းတင်ခဲ့ကြရာကနေ 0:01:55.818,0:01:58.816 သူတို့ရဲ့ အစီရင်ခံစာတွေဟာ [br]လူသိရှင်ကြား ပျံ့နှံ့သွားခဲ့ပါတော့တယ် 0:01:58.816,0:02:02.097 အကျိုးဆက်အနေနဲ့ သွေးစုပ်ဖုတ်ကောင်လို့[br]ဆိုလိုက်တာနဲ့ စိတ်ခြောက်ခြားပြီး 0:02:02.097,0:02:04.577 ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ခဲ့တာကြောင့်[br]၁၇၅၅ ခုနှစ်မှာ 0:02:04.577,0:02:07.928 သြစတြီးယားဧကရီဟာ နန်းတွင်းသမားတော်ကို[br]ပင့်ခေါ်ခိုင်းစေရတဲ့အထိပါပဲ 0:02:07.928,0:02:09.838 သမားတော်ကိုယ်တိုင် လေ့လာပြီးနောက်မှာတော့ 0:02:09.838,0:02:14.007 သိပ္ပံနည်းကျသေချာတဲ့ ချေပချက်ထုတ်ခဲ့ပြီး[br]ကောလာဟလတွေကို အဆုံးသတ်သွားစေခဲ့ပါတယ် 0:02:14.007,0:02:17.099 အထိတ်တလန့်ဖြစ်မှုတွေ လျော့ကျသွားပေမဲ့[br]သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းဟာ 0:02:17.099,0:02:19.998 အနောက်ဥရောပ အခြေစိုက်[br]စိတ်ကူးစိတ်သန်းကောင်းတဲ့ လက်ရာတွေဖြစ်တဲ့ 0:02:19.998,0:02:22.858 ၁၈၁၉ ခုနှစ်ထုတ်[br]The Vampyre ဆိုတဲ့ဝတ္ထု နဲ့ 0:02:22.858,0:02:25.108 Joseph Sheridan Le Fanu ရဲ့ လက်ရာဖြစ်တဲ့ 0:02:25.108,0:02:29.168 ၁၈၇၂ ခုနှစ်ထုတ် Carmilla ဝတ္ထုတွေမှာ[br]အမြစ်တွယ်သွားခဲ့ပါပြီ 0:02:29.168,0:02:31.877 ဒီစာအုပ်ဟာ အိုင်းရစ်လူမျိုး [br]သက်နုပြဇာတ်ဝေဖန်ရေးဆရာဖြစ်တဲ့ 0:02:31.877,0:02:34.817 Bram Stoker အပေါ်[br]အကြီးအကျယ်လွှမ်းမိုးလာမှာပါ 0:02:34.817,0:02:37.976 ဒပ်ဗလင်မြို့ဇာတိ [br]၁၈၄၇ ခုနှစ်ဖွားဖြစ်သူ Stoker ဟာ 0:02:37.976,0:02:39.719 အမည်မသိရောဂါတစ်ခု စွဲကပ်ခဲ့တာကြောင့် 0:02:39.719,0:02:43.439 အသက် ၇ နှစ် မပြည့်ခင်အထိ[br]အိပ်ရာထဲ လှဲနေခဲ့ရပါတယ် 0:02:43.439,0:02:46.210 အဲဒီကာလအတွင်းမှာပဲ သူ့ရဲ့အမေဟာ[br]သူ့ကို ရှေးရိုးပုံပြင်တွေနဲ့ 0:02:46.210,0:02:48.208 ကြောက်မက်ဖွယ် ဖြစ်ရပ်မှန်ပုံပြင်တွေအပါအဝင် 0:02:48.208,0:02:53.953 ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ရာ ၁၈၃၂ ခုနှစ်က [br]ကိုယ်တွေ့အဖြစ်အပျက်တွေကို ပြောပြခဲ့ပါတယ် 0:02:53.953,0:02:57.339 အဲဒီလိုပြောပြရာမှာ တောင်ပုံရာပုံ[br]အုတ်ဂူတွေမှာ အရှင်လတ်လတ်မြေမြှုပ်ခံရတဲ့ 0:02:57.339,0:02:59.099 ဒုက္ခသည်တွေအကြောင်းလည်း ပါဝင်ခဲ့ပါတယ် 0:02:59.099,0:03:00.909 သူ့ဘဝနှောင်းပိုင်းကာလမှာတော့ Stoker ဟာ 0:03:00.909,0:03:04.179 စိတ်ကူးယဉ် အချစ်ဇာတ်လမ်း နဲ့ [br]စွန့်စားခန်းဝတ္ထုတွေကို ရေးဖြစ်ခဲ့ပြီး 0:03:04.179,0:03:08.671 ၁၈၉၇ ခုနှစ်မှာတော့ Dracula ဆိုတဲ့[br]ဝတ္ထုကို ထုတ်ဝေခဲ့ပါတယ် 0:03:08.671,0:03:10.880 ဝတ္ထုပါ အဓိကဗီလိန်နဲ့ နာမည်တူဟာ 0:03:10.880,0:03:15.520 Vlad III Dracula ခေါ် Vlad[br]the Impaler ရဲ့ သမိုင်းနောက်ခံပုံရိပ်ကို 0:03:15.520,0:03:17.480 မှီငြမ်းထားတယ်လို့ ထင်မှတ်ရပေမဲ့လည်း 0:03:17.480,0:03:21.090 ဝတ္ထုပါ အကြောင်းအရာအရ[br]နာမည်တူ သုံးထားရုံမျှသာဖြစ်ပါတယ် 0:03:21.090,0:03:23.040 တခြားအကြောင်းအရာတွေနဲ့[br]ဇာတ်ကောင်တွေကိုတော့ 0:03:23.040,0:03:24.660 တိုက်ရိုက်တစ်နည်း သွယ်ဝိုက်၍တစ်ဖုံ 0:03:24.660,0:03:27.440 ဝိတိုရိယခေတ်မှာ ထွက်ရှိခဲ့တဲ့[br]စာပေလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ 0:03:27.440,0:03:30.382 The Mysterious Stranger ဝတ္ထုကို[br]မှီငြမ်းပြီး ဖန်တီးခဲ့ပါတယ် 0:03:30.382,0:03:34.510 ဝတ္ထု ထုတ်ဝေပြီးပြီးချင်းကာလမှာ[br]အောင်မြင်မှု အတန်အသင့်သာ ရရှိခဲ့ပြီး 0:03:34.510,0:03:37.842 Stoker ရဲ့ နာမည်အကြီးဆုံး[br]စာပေလက်ရာ မဖြစ်ခဲ့တဲ့အပြင် 0:03:37.842,0:03:42.280 ၁၉၁၂ ခုနှစ်ထုတ် နာရေးသတင်းမှာလည်း[br]အတိုချုပ်အနေနဲ့သာ ဖော်ပြခံခဲ့ရပါတယ် 0:03:42.280,0:03:44.229 ဒါပေမဲ့ စာမူ မူပိုင်ခွင့်ဆိုင်ရာ ရယူမှုဟာ 0:03:44.229,0:03:47.049 Dracula ဝတ္ထုရဲ့ ကံကြမ္မာကို[br]အပြီးတိုင်ပြောင်းလဲပေးနိုင်ပြီး 0:03:47.049,0:03:50.571 ထူးခြားတဲ့ဇာတ်ကောင်မျိုးကို နာမည်ကျော်[br]စာပေလက်ရာအဖြစ် တွန်းတင်ပေးနိုင်ပါတယ် 0:03:50.571,0:03:53.911 ၁၉၂၂ ခုနှစ်မှာတော့ ဂျာမန်ရုပ်ရှင်[br]စတူဒီယိုကြီးတစ်ခုကနေ Dracula ဝတ္ထုကို 0:03:53.911,0:03:57.231 ဂန္ထဝင်တွင်သွားစေမယ့် အသံတိတ်ရုပ်ရှင် [br]Nosferatu အဖြစ် 0:03:57.231,0:03:59.451 မူပိုင်ခ ပေးအပ်ခဲ့ခြင်းမရှိဘဲ[br]ဖန်တီးခဲ့ပါတယ် 0:03:59.451,0:04:02.932 ဇာတ်ကောင်နာမည်တွေနဲ့ ထူးမခြားနား[br]ဇာတ်ကွက်လေးတွေကို ပြောင်းလိုက်တာကလွဲလို့ 0:04:02.932,0:04:04.562 တုနှိုင်းထားမှန်း သိသာခဲ့တာကြောင့် 0:04:04.562,0:04:07.632 စတူဒီယိုဟာ ဒေဝါလီခံရသည်အထိ[br]တရားစွဲဆိုခံခဲ့ရပါတယ် 0:04:07.632,0:04:09.585 နောက်ထပ် ကူးယူခံရမှုတွေကနေ[br]ကာကွယ်ဖို့အတွက် 0:04:09.585,0:04:11.202 ကွယ်လွန်သူ Stoker ရဲ့ ဇနီးဖြစ်သူဟာ 0:04:11.202,0:04:13.062 Dracula ဝတ္ထုကို[br]ပြဇာတ်အဖြစ် တင်ဆက်တာမှာ 0:04:13.062,0:04:14.972 မူပိုင်ခွင့်ဖြန့်ချိဖို့ ဆုံးဖြတ်ခဲ့ပြီး 0:04:14.972,0:04:19.460 အတွင်းမိတ်ဆွေ Hamilton Deane ကို[br]ထုတ်လုပ်ခွင့်ပေးခဲ့ပါတယ် 0:04:19.460,0:04:22.753 Deane ရဲ့ ပြဇာတ်ဇာတ်ညွှန်းမှာ[br]မူရင်းနဲ့ ကွဲထွက်တာတွေရှိခဲ့ပေမဲ့လည်း 0:04:22.753,0:04:26.924 ဘရော့ဒ်ဝေးပြဇာတ်ရုံကြီးမှာ Bela Lugosi [br]ရဲ့ ဖျော်ဖြေတင်ဆက်ခဲ့မှု ကျေးဇူးနဲ့ 0:04:26.924,0:04:29.163 ဂန္ထဝင် စာရင်းဝင်ခဲ့ပါတယ် 0:04:29.163,0:04:31.733 Lugosi ဟာ Universal ရုပ်ရှင်ကုမ္ပဏီရဲ့ [br]၁၉၃၁ ခုနှစ်ထွက် 0:04:31.733,0:04:33.853 ရုပ်ရှင်ဗားရှင်းမှာလည်း ပါဝင်ခဲ့ပြီး 0:04:33.853,0:04:37.512 သူ့ရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့[br]ဇာတ်ကောင်ကို အားဖြည့်ပေးခဲ့ပါတယ် 0:04:37.512,0:04:41.083 အဲဒီအချိန်ကစပြီး Dracula ဇာတ်ကောင်ဟာ[br]မရေမတွက်နိုင်တဲ့ ကိုးကားချက်တွေကြားမှာ 0:04:41.083,0:04:42.573 တစ်ဖန်ပြန်လည် အသက်ဝင်လာခဲ့ပြီး 0:04:42.573,0:04:46.943 စာမျက်နှာတွေထဲက အညတရဖြစ်တည်မှုထက်သာလွန်တဲ့[br]အဆုံးအစမဲ့ဘဝကို ရှာဖွေတွေ့ရှိသွားပါတော့တယ်