1 00:00:05,122 --> 00:00:08,313 Dracula ဟာ ကမ္ဘာ့အကျော်ကြားဆုံး သွေးစုပ်ဖုတ်ကောင် ဘယ်လိုဖြစ်လာခဲ့သလဲ 2 00:00:08,313 --> 00:00:12,473 သူ့ရဲ့ ဖန်တီးရှင်ကြီး ကြွေလွင့်ပြီး နှစ်ပေါင်းရာချီကျော် ကြာသည်အထိ 3 00:00:12,473 --> 00:00:18,173 Dracula ဟာ သမိုင်းမှာ အကျော်ကြားဆုံး သွေးစုပ်ဖုတ်ကောင်အဖြစ် ရှင်သန်နေပါသေးတယ် 4 00:00:18,173 --> 00:00:20,114 ဒါပေမဲ့ ဒီ Transylvanian ဝတ္ထုကတော့ 5 00:00:20,114 --> 00:00:22,604 ပထမဦးဆုံး စိတ်ကူးယဉ် သွေးစုပ်ဖုတ်ကောင်ဝတ္တု လည်းမဟုတ် 6 00:00:22,604 --> 00:00:25,184 သူ့ခေတ်အခါက အကျော်ကြားဆုံးဝတ္တုလည်း မဟုတ်ခဲ့တဲ့ ဝတ္တုဟာ 7 00:00:25,184 --> 00:00:30,204 ကံကြမ္မာအလှည့်အပြောင်းကြောင့်သာမဟုတ်ခဲ့ရင် မထင်မရှားအဖြစ်နဲ့ တိမ်မြုပ်သွားလောက်မှာပါ 8 00:00:30,204 --> 00:00:34,184 Dracula ဇာတ်ကောင်ဟာ Bram Stoker ရဲ့ ၁၈၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ 9 00:00:34,184 --> 00:00:35,924 နာမည်တူဝတ္တုမှာ စတင်ပါဝင်လာခဲ့ပါတယ် 10 00:00:35,924 --> 00:00:39,315 သွေးစုပ်ဖုတ်ကောင်ဒဏ္ဍာရီတွေရဲ့ အစချီရာ ဇာတ်လမ်းနဲ့တော့ မသက်ဆိုင်ခဲ့ပါဘူး 11 00:00:39,315 --> 00:00:42,744 ရိုးရာပုံပြင်တွေမှာ သွေးစုပ်ဖုတ်ကောင်တွေ တစ်စိတ်တစ်ဒေသ ပါရှိလာခဲ့တာဆိုရင် 12 00:00:42,744 --> 00:00:44,484 အနည်းဆုံး နှစ် ၈၀၀ လောက် ရှိခဲ့ပါပြီ 13 00:00:44,484 --> 00:00:47,984 စလဗ်ရိုးရာပုံပြင်တွေကနေ သွေးစုပ်ဖုတ်ကောင် စကားလုံးကို မိတ်ဆက်ပေးခဲ့ပြီး 14 00:00:47,984 --> 00:00:50,605 ရှေးဟောင်း ရုရှားဘာသာစကားမှာတော့ upir လို့ အမည်ရပါတယ် 15 00:00:50,605 --> 00:00:54,735 အားလုံးသိထားကြတဲ့ ဝေါဟာရအရေးအသားကိုတော့ ၁၁ ရာစုမှာ စတင်ညွှန်းဆိုခဲ့ပါတယ် 16 00:00:54,735 --> 00:00:56,455 အရပ်ထဲက သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းဟာ 17 00:00:56,455 --> 00:00:58,035 ခရစ်ယာန်ဘာသာထက် အလျင်ပေါ်ခဲ့ပြီး 18 00:00:58,035 --> 00:01:02,804 အသင်းတော်က ဒိဋ္ဌိအယူဝါဒတွေကိုဖယ်ရှားပစ်ရေး အားထုတ်တဲ့ကြားထဲက ရှိမြဲရှိနေခဲ့ပါတယ် 19 00:01:02,804 --> 00:01:05,605 သွေးစုပ်ကောင်ဇာတ်လမ်းတွေဟာ ဒီလိုအနာရောဂါတွေကို 20 00:01:05,605 --> 00:01:07,755 အဓိပ္ပာယ်ကောက်လွဲတာကနေ စတင်ခဲ့ပါတယ် 21 00:01:07,755 --> 00:01:08,846 ခွေးရူးပြန်ရောဂါ 22 00:01:08,846 --> 00:01:10,106 ပယ်လဂရာရောဂါ နဲ့ 23 00:01:10,106 --> 00:01:12,045 ဆွေးမြည့်ပျက်စီးခြင်း တွေကနေပေါ့ 24 00:01:12,045 --> 00:01:15,375 ဆွေးမြည့်ပျက်စီးတာမှာ အစာအိမ်ထဲက ဂတ်စ်တွေကြောင့် ခန္ဓာကိုယ်ဖောရောင်ပြီး 25 00:01:15,375 --> 00:01:17,325 ပါးစပ်ကနေ သွေးယိုစိမ့်တာတွေ ဖြစ်တာကြောင့် 26 00:01:17,325 --> 00:01:20,697 အလောင်းကောင်ဟာ အသက်ရှင်လျက်ရှိနေပြီး အစာစားသုံးတဲ့ပုံ ပေါက်နေစေပါတယ် 27 00:01:20,697 --> 00:01:23,156 သွေးစုပ်ဖုတ်ကောင်တွေကို သာမန်ထက် ပိုရှည်လျားတဲ့ 28 00:01:23,156 --> 00:01:25,843 သွားတွေ လက်သည်းတွေနဲ့ ဖော်ပြခဲ့ကြပါတယ် 29 00:01:25,843 --> 00:01:28,037 ဒါဟာ သေရွာပြန် ဖြစ်စဉ်ကို တားဆီးဖို့ ရည်ရွယ်တဲ့ 30 00:01:28,037 --> 00:01:29,847 ရိုးရာအစီအရင်တွေကို ပြုလုပ်လာစေခဲ့ပါတယ် 31 00:01:29,847 --> 00:01:32,916 ရုပ်အလောင်းကို ကြက်သွန်ဖြူ သို့ ဘိန်းစေ့တွေနဲ့ သိပ်ပြီးဖြစ်ဖြစ် 32 00:01:32,916 --> 00:01:34,535 ငုတ်တိုင်နဲ့ ထိုးစိုက်ပြီးဖြစ်ဖြစ် 33 00:01:34,535 --> 00:01:35,587 မီးမြှိုက်ပြီးဖြစ်ဖြစ် 34 00:01:35,587 --> 00:01:38,056 ကိုယ်အင်္ဂါဖြတ်တောက်ပြီးဖြစ်ဖြစ် မြှုပ်နှံပြီးတော့ပါ 35 00:01:38,056 --> 00:01:40,816 သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းဟာ ဒေသခံ ဖြစ်ရပ်ဆန်းကျယ်တစ်ခုအဖြစ် 36 00:01:40,816 --> 00:01:42,296 ဆက်ရှိနေတာမှာ ၁၈ ရာစုမတိုင်ခင် 37 00:01:42,296 --> 00:01:45,917 ဆားဘီးယားနိုင်ငံဟာ အင်အားပြိုင်လျက်ရှိတဲ့ အာဏာရ အင်အားကြီးအစု ၂ စုဖြစ်တဲ့ 38 00:01:45,917 --> 00:01:47,537 Habsburg ဘုရင့်အနွယ်ဝင်အုပ်စုနဲ့ 39 00:01:47,537 --> 00:01:49,727 Ottoman အင်ပါယာအစုအကြား ကြားညှပ်မိချိန်အထိပါပဲ 40 00:01:49,727 --> 00:01:52,437 သြစတြီးယားစစ်သားတွေနဲ့ အစိုးရ အရာရှိမင်းတွေဟာ ဒေသခံတွေရဲ့ 41 00:01:52,437 --> 00:01:55,818 တစ်မူထူးခြားတဲ့ မြေမြှုပ်ခြင်းဓလေ့ကို သတိပြုမိပြီး မှတ်တမ်းတင်ခဲ့ကြရာကနေ 42 00:01:55,818 --> 00:01:58,816 သူတို့ရဲ့ အစီရင်ခံစာတွေဟာ လူသိရှင်ကြား ပျံ့နှံ့သွားခဲ့ပါတော့တယ် 43 00:01:58,816 --> 00:02:02,097 အကျိုးဆက်အနေနဲ့ သွေးစုပ်ဖုတ်ကောင်လို့ ဆိုလိုက်တာနဲ့ စိတ်ခြောက်ခြားပြီး 44 00:02:02,097 --> 00:02:04,577 ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ခဲ့တာကြောင့် ၁၇၅၅ ခုနှစ်မှာ 45 00:02:04,577 --> 00:02:07,928 သြစတြီးယားဧကရီဟာ နန်းတွင်းသမားတော်ကို ပင့်ခေါ်ခိုင်းစေရတဲ့အထိပါပဲ 46 00:02:07,928 --> 00:02:09,838 သမားတော်ကိုယ်တိုင် လေ့လာပြီးနောက်မှာတော့ 47 00:02:09,838 --> 00:02:14,007 သိပ္ပံနည်းကျသေချာတဲ့ ချေပချက်ထုတ်ခဲ့ပြီး ကောလာဟလတွေကို အဆုံးသတ်သွားစေခဲ့ပါတယ် 48 00:02:14,007 --> 00:02:17,099 အထိတ်တလန့်ဖြစ်မှုတွေ လျော့ကျသွားပေမဲ့ သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းဟာ 49 00:02:17,099 --> 00:02:19,998 အနောက်ဥရောပ အခြေစိုက် စိတ်ကူးစိတ်သန်းကောင်းတဲ့ လက်ရာတွေဖြစ်တဲ့ 50 00:02:19,998 --> 00:02:22,858 ၁၈၁၉ ခုနှစ်ထုတ် The Vampyre ဆိုတဲ့ဝတ္ထု နဲ့ 51 00:02:22,858 --> 00:02:25,108 Joseph Sheridan Le Fanu ရဲ့ လက်ရာဖြစ်တဲ့ 52 00:02:25,108 --> 00:02:29,168 ၁၈၇၂ ခုနှစ်ထုတ် Carmilla ဝတ္ထုတွေမှာ အမြစ်တွယ်သွားခဲ့ပါပြီ 53 00:02:29,168 --> 00:02:31,877 ဒီစာအုပ်ဟာ အိုင်းရစ်လူမျိုး သက်နုပြဇာတ်ဝေဖန်ရေးဆရာဖြစ်တဲ့ 54 00:02:31,877 --> 00:02:34,817 Bram Stoker အပေါ် အကြီးအကျယ်လွှမ်းမိုးလာမှာပါ 55 00:02:34,817 --> 00:02:37,976 ဒပ်ဗလင်မြို့ဇာတိ ၁၈၄၇ ခုနှစ်ဖွားဖြစ်သူ Stoker ဟာ 56 00:02:37,976 --> 00:02:39,719 အမည်မသိရောဂါတစ်ခု စွဲကပ်ခဲ့တာကြောင့် 57 00:02:39,719 --> 00:02:43,439 အသက် ၇ နှစ် မပြည့်ခင်အထိ အိပ်ရာထဲ လှဲနေခဲ့ရပါတယ် 58 00:02:43,439 --> 00:02:46,210 အဲဒီကာလအတွင်းမှာပဲ သူ့ရဲ့အမေဟာ သူ့ကို ရှေးရိုးပုံပြင်တွေနဲ့ 59 00:02:46,210 --> 00:02:48,208 ကြောက်မက်ဖွယ် ဖြစ်ရပ်မှန်ပုံပြင်တွေအပါအဝင် 60 00:02:48,208 --> 00:02:53,953 ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ရာ ၁၈၃၂ ခုနှစ်က ကိုယ်တွေ့အဖြစ်အပျက်တွေကို ပြောပြခဲ့ပါတယ် 61 00:02:53,953 --> 00:02:57,339 အဲဒီလိုပြောပြရာမှာ တောင်ပုံရာပုံ အုတ်ဂူတွေမှာ အရှင်လတ်လတ်မြေမြှုပ်ခံရတဲ့ 62 00:02:57,339 --> 00:02:59,099 ဒုက္ခသည်တွေအကြောင်းလည်း ပါဝင်ခဲ့ပါတယ် 63 00:02:59,099 --> 00:03:00,909 သူ့ဘဝနှောင်းပိုင်းကာလမှာတော့ Stoker ဟာ 64 00:03:00,909 --> 00:03:04,179 စိတ်ကူးယဉ် အချစ်ဇာတ်လမ်း နဲ့ စွန့်စားခန်းဝတ္ထုတွေကို ရေးဖြစ်ခဲ့ပြီး 65 00:03:04,179 --> 00:03:08,671 ၁၈၉၇ ခုနှစ်မှာတော့ Dracula ဆိုတဲ့ ဝတ္ထုကို ထုတ်ဝေခဲ့ပါတယ် 66 00:03:08,671 --> 00:03:10,880 ဝတ္ထုပါ အဓိကဗီလိန်နဲ့ နာမည်တူဟာ 67 00:03:10,880 --> 00:03:15,520 Vlad III Dracula ခေါ် Vlad the Impaler ရဲ့ သမိုင်းနောက်ခံပုံရိပ်ကို 68 00:03:15,520 --> 00:03:17,480 မှီငြမ်းထားတယ်လို့ ထင်မှတ်ရပေမဲ့လည်း 69 00:03:17,480 --> 00:03:21,090 ဝတ္ထုပါ အကြောင်းအရာအရ နာမည်တူ သုံးထားရုံမျှသာဖြစ်ပါတယ် 70 00:03:21,090 --> 00:03:23,040 တခြားအကြောင်းအရာတွေနဲ့ ဇာတ်ကောင်တွေကိုတော့ 71 00:03:23,040 --> 00:03:24,660 တိုက်ရိုက်တစ်နည်း သွယ်ဝိုက်၍တစ်ဖုံ 72 00:03:24,660 --> 00:03:27,440 ဝိတိုရိယခေတ်မှာ ထွက်ရှိခဲ့တဲ့ စာပေလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ 73 00:03:27,440 --> 00:03:30,382 The Mysterious Stranger ဝတ္ထုကို မှီငြမ်းပြီး ဖန်တီးခဲ့ပါတယ် 74 00:03:30,382 --> 00:03:34,510 ဝတ္ထု ထုတ်ဝေပြီးပြီးချင်းကာလမှာ အောင်မြင်မှု အတန်အသင့်သာ ရရှိခဲ့ပြီး 75 00:03:34,510 --> 00:03:37,842 Stoker ရဲ့ နာမည်အကြီးဆုံး စာပေလက်ရာ မဖြစ်ခဲ့တဲ့အပြင် 76 00:03:37,842 --> 00:03:42,280 ၁၉၁၂ ခုနှစ်ထုတ် နာရေးသတင်းမှာလည်း အတိုချုပ်အနေနဲ့သာ ဖော်ပြခံခဲ့ရပါတယ် 77 00:03:42,280 --> 00:03:44,229 ဒါပေမဲ့ စာမူ မူပိုင်ခွင့်ဆိုင်ရာ ရယူမှုဟာ 78 00:03:44,229 --> 00:03:47,049 Dracula ဝတ္ထုရဲ့ ကံကြမ္မာကို အပြီးတိုင်ပြောင်းလဲပေးနိုင်ပြီး 79 00:03:47,049 --> 00:03:50,571 ထူးခြားတဲ့ဇာတ်ကောင်မျိုးကို နာမည်ကျော် စာပေလက်ရာအဖြစ် တွန်းတင်ပေးနိုင်ပါတယ် 80 00:03:50,571 --> 00:03:53,911 ၁၉၂၂ ခုနှစ်မှာတော့ ဂျာမန်ရုပ်ရှင် စတူဒီယိုကြီးတစ်ခုကနေ Dracula ဝတ္ထုကို 81 00:03:53,911 --> 00:03:57,231 ဂန္ထဝင်တွင်သွားစေမယ့် အသံတိတ်ရုပ်ရှင် Nosferatu အဖြစ် 82 00:03:57,231 --> 00:03:59,451 မူပိုင်ခ ပေးအပ်ခဲ့ခြင်းမရှိဘဲ ဖန်တီးခဲ့ပါတယ် 83 00:03:59,451 --> 00:04:02,932 ဇာတ်ကောင်နာမည်တွေနဲ့ ထူးမခြားနား ဇာတ်ကွက်လေးတွေကို ပြောင်းလိုက်တာကလွဲလို့ 84 00:04:02,932 --> 00:04:04,562 တုနှိုင်းထားမှန်း သိသာခဲ့တာကြောင့် 85 00:04:04,562 --> 00:04:07,632 စတူဒီယိုဟာ ဒေဝါလီခံရသည်အထိ တရားစွဲဆိုခံခဲ့ရပါတယ် 86 00:04:07,632 --> 00:04:09,585 နောက်ထပ် ကူးယူခံရမှုတွေကနေ ကာကွယ်ဖို့အတွက် 87 00:04:09,585 --> 00:04:11,202 ကွယ်လွန်သူ Stoker ရဲ့ ဇနီးဖြစ်သူဟာ 88 00:04:11,202 --> 00:04:13,062 Dracula ဝတ္ထုကို ပြဇာတ်အဖြစ် တင်ဆက်တာမှာ 89 00:04:13,062 --> 00:04:14,972 မူပိုင်ခွင့်ဖြန့်ချိဖို့ ဆုံးဖြတ်ခဲ့ပြီး 90 00:04:14,972 --> 00:04:19,460 အတွင်းမိတ်ဆွေ Hamilton Deane ကို ထုတ်လုပ်ခွင့်ပေးခဲ့ပါတယ် 91 00:04:19,460 --> 00:04:22,753 Deane ရဲ့ ပြဇာတ်ဇာတ်ညွှန်းမှာ မူရင်းနဲ့ ကွဲထွက်တာတွေရှိခဲ့ပေမဲ့လည်း 92 00:04:22,753 --> 00:04:26,924 ဘရော့ဒ်ဝေးပြဇာတ်ရုံကြီးမှာ Bela Lugosi ရဲ့ ဖျော်ဖြေတင်ဆက်ခဲ့မှု ကျေးဇူးနဲ့ 93 00:04:26,924 --> 00:04:29,163 ဂန္ထဝင် စာရင်းဝင်ခဲ့ပါတယ် 94 00:04:29,163 --> 00:04:31,733 Lugosi ဟာ Universal ရုပ်ရှင်ကုမ္ပဏီရဲ့ ၁၉၃၁ ခုနှစ်ထွက် 95 00:04:31,733 --> 00:04:33,853 ရုပ်ရှင်ဗားရှင်းမှာလည်း ပါဝင်ခဲ့ပြီး 96 00:04:33,853 --> 00:04:37,512 သူ့ရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ကောင်ကို အားဖြည့်ပေးခဲ့ပါတယ် 97 00:04:37,512 --> 00:04:41,083 အဲဒီအချိန်ကစပြီး Dracula ဇာတ်ကောင်ဟာ မရေမတွက်နိုင်တဲ့ ကိုးကားချက်တွေကြားမှာ 98 00:04:41,083 --> 00:04:42,573 တစ်ဖန်ပြန်လည် အသက်ဝင်လာခဲ့ပြီး 99 00:04:42,573 --> 00:04:46,943 စာမျက်နှာတွေထဲက အညတရဖြစ်တည်မှုထက်သာလွန်တဲ့ အဆုံးအစမဲ့ဘဝကို ရှာဖွေတွေ့ရှိသွားပါတော့တယ်