Return to Video

ကာကွယ်ဆေးတွေ ဘယ်လိုအလုပ်လုပ်လဲ။ Kelwalin Dhanasarnsombut

  • 0:07 - 0:10
    ၁၉၇၆ မှာ သိပ္ပံပညာရှင် Edward Jenner က
  • 0:10 - 0:15
    နွားကျောက် ဗိုင်းရပ်စ်ဆီက ပစ္စည်းကို
    ၈နှစ်သားကောင်လေးတစ်ယောက်ကို ထိုးလိုက်တယ်
  • 0:15 - 0:18
    သေနိုင်လောက်တဲ့ ရေကျောက်ရောဂါ
    ဖြစ်ပွားနေတာတွေကနေပြီး
  • 0:18 - 0:23
    လူတွေကိုကယ်တယ်နိုင်လိမ့်မယ်ဆိုတဲ့
    အထင်တစ်ခုနဲ့ပေါ့
  • 0:23 - 0:25
    ဒါဟာအောင်မြင်ခဲ့တယ်
  • 0:25 - 0:28
    ၈နှစ်သားကောင်လေးက ရောဂါကနေ
    လွတ်မြောက်ခဲ့ပြီး
  • 0:28 - 0:31
    ဒါကတော့ ပထမဆုံးသော ကာကွယ်ဆေးဖြစ်ခဲ့တယ်
  • 0:31 - 0:33
    ဒါဘာကြောင့်များဖြစ်သွားတာလဲ
  • 0:33 - 0:35
    ကာကွယ်ဆေးတွေအလုပ်လုပ်ပုံနားလည်ဖို့ဆိုရင်
  • 0:35 - 0:39
    ကူးစက်တဲ့ရောဂါတွေကို ကျွန်တော်တို့
    ခန္ဓာကိုယ်က ဘယ်လို တိုက်ထုတ်လဲ
  • 0:39 - 0:41
    အရင်ဆုံး သိဖို့တော့လိုတယ်
  • 0:41 - 0:43
    ပြင်ပအကောင်တွေ ခန္ဓာကိုယ်ထဲဝင်လာရင်
  • 0:43 - 0:46
    ကိုယ်ခံအားစနစ်က ရှာဖွေပြီး
    ဖယ်ရှားပစ်နိုင်ဖို့ အတွက်
  • 0:46 - 0:50
    အစဉ်လိုက်တုံ့ပြန်မှုတွေကို အစပျိုးတယ်
  • 0:50 - 0:53
    ဒီလို ကိုယ်ခံအားစနစ် အလုပ်လုပ်နေတာကို
    ကျွန်ုပ်တို့တွေ့ကြုံရတဲ့
  • 0:53 - 0:58
    ချောင်းဆိုး၊နှာချေ၊ရောင်ယမ်းခြင်းနဲ့
    ဖျားနာခြင်းတွေက ဖော်ပြတယ်
  • 0:58 - 1:03
    bacteriaလို ခြိမ်းခြောက်တဲ့အရာတွေကို
    ဖမ်းယူ၊ ချုပ်နှောင်ပြီး ရှင်းထုတ်ပစ်တယ်
  • 1:03 - 1:08
    ဒီလိုပင်ကိုကိုယ်ခံအားက တုံ့ပြန်မှုတွေက
    လိုက်လျောညီထွေပြင်နိုင်တဲ့ကိုယ်ခံအား
  • 1:08 - 1:10
    လို့ခေါ်တဲ့ ဒုတိယခံစစ်ကြောင်းကို
    လည်း အစပြုပေးတယ်
  • 1:10 - 1:15
    ပိုးမွှားတွေကိုတိုက်ဖို့ အထူး B cells နဲ့
    T cells တွေကိုစုဆောင်းတယ်
  • 1:15 - 1:18
    ပြီးတော့ ကျုးကျော်သူတွေက ဘယ်လိုပုံရှိလဲ၊
  • 1:18 - 1:21
    ဘယ်လို ကောင်းကောင်းတိုက်ရမလဲဆိုတဲ့
    မှတ်ဉာဏ်တွေကိုဖန်တီးပြီး
  • 1:21 - 1:24
    သူတို့အကြောင်း အချက်အလက်
    ကိုလည်းမှတ်တမ်းတင်ထားတယ်
  • 1:24 - 1:26
    တူညီတဲ့ရောဂါပိုးက ပြန်ဝင်လာရင်တော့
  • 1:26 - 1:29
    ဘယ်လိုလုပ်ရမလဲသိတာက
    တော်တော် အသုံးတည့်ပါတယ်။
  • 1:29 - 1:34
    ဒီလိုပါးနပ်တဲ့တုံ့ပြန်ချက်ရှိပေမယ့်
    အန္တရာယ်ကတော့ပါဝင်ဆဲပါ
  • 1:34 - 1:37
    ရောဂါပိုးမွှားတွေကို ခန္ဓာကိုယ်က
    ဘယ်လိုတုံ့ပြန်ရမလဲနဲ့
  • 1:37 - 1:39
    ဒီလိုကာကွယ်မှုတွေတည်ဆောက်ဖို့ အချိန်လိုတယ်
  • 1:39 - 1:40
    နောက်ပြီးတော့
  • 1:40 - 1:43
    ဒီလိုဝင်ရောက်လာတဲ့အခါ ခန္ဓာကိုယ်က
    ပြန်တိုက်ဖို့ ငယ်လွန်း၊အားနည်းလွန်းရင်
  • 1:43 - 1:49
    ရောဂါပိုးက ပြင်းထန်တဲ့အခါ
    ဆိုးဝါးတဲ့အန္တရာယ်ကြုံရနိုင်တယ်
  • 1:49 - 1:52
    ဒီလိုဆို ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို
    ဘယ်သူမှမဖျားခင်
  • 1:52 - 1:55
    အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်နိုင်ရင်ကော..
  • 1:55 - 1:57
    ကာကွယ်ဆေးတွေဒီနေရာမှာ ဖြစ်ပေါ်လာတာပါ
  • 1:57 - 2:01
    ခန္ဓာကိုယ်က သူ့ဘာသာ ခုခံ
    တိုက်ခိုက်တဲ့ သဘောတရားကို သုံးပြီး
  • 2:01 - 2:06
    ပညာရှင်တွေက လူသားတွေကို ရောဂါတွေရဲ့
    စွမ်းအားပြည့်နဲ့မထိတွေ့စေပဲ ကာကွယ်ဆေးနဲ့
  • 2:06 - 2:10
    ခန္ဓာကိုယ်ရဲ့လိုက်လျောညီထွေ ပြင်နိုင်တဲ့
    ကိုယ်ခံအား ကိုဖြစ်ပေါ်စေတယ်
  • 2:10 - 2:14
    ဒီကနေ ကာကွယ်ဆေးမျိုးစုံကို
    တစ်ခုတစ်မျိုးစီလုပ်ဆောင်တဲ့
  • 2:14 - 2:16
    မတူညီတဲ့အမျိုးအစားတွေအဖြစ် ခွဲလိုက်တယ်
  • 2:16 - 2:20
    အရင်ဆုံး၊ ကျွန်တော်တို့မှာ
    Live attenuated vaccine ရှိတယ်
  • 2:20 - 2:25
    ဒါကို ပိုအားပျော့ပြီး အန္တရာယ်မပြုနိုင်
    တဲ့ ရောဂါပိုးကိုယ်တိုင်နဲ့လုပ်ထားတယ်
  • 2:25 - 2:29
    နောက်တော့ ကျွန်တော်တို့ဆီမှာ သတ်ထားတဲ့
    ပိုးမွှားတွေပါတဲ့inactive vaccine ရှိတယ်
  • 2:29 - 2:33
    ကာကွယ်ဆေး နှစ်မျိုးလုံးမှာ အားလျှော့ထား
    အသက်မသွင်းထားတာက
  • 2:33 - 2:36
    ရောဂါဖြစ်စေတဲ့ပိုးတွေကို လုံးဝရောဂါကြီး
    မဖြစ်သွားအောင် သေချာစေတယ်
  • 2:36 - 2:40
    ရောဂါဖြစ်ချိန်မှာလိုပဲ သူတို့တွေက
    ကိုယ်ခံအားတုံ့ပြန်မှုကို အစပြုပေးတယ်
  • 2:40 - 2:42
    ပြင်ဆင်နေချိန်မှာ ရောဂါဖြစ်ပစ္စည်းရဲ့
  • 2:42 - 2:46
    မှတ်တမ်းပြုလုပ်ပြီး ခန္ဓာကိုယ်ကို
    တိုက်ခိုက်ပုံမှတ်မိအောင်သင်တယ်
  • 2:46 - 2:51
    မကောင်းတာကတော့ live attenuated vaccine
    ကပြုလုပ်ရခက်တယ်
  • 2:51 - 2:53
    သူတို့က အသက်ရှင်နေသေးပြီး
    အင်အားရှိနေသေးလို့
  • 2:53 - 2:57
    ကိုယ်ခံအားနည်းသူတွေက သုံးလို့မရဘူး
  • 2:57 - 3:01
    inactive vaccines တွေက တော့
    သိပ်ကြာကြာမခံဘူး
  • 3:01 - 3:04
    နောက်တစ်ခုကတော့ subunit vaccine ပါ
  • 3:04 - 3:08
    ရောဂါဖြစ်ပစ္စည်းရဲ့ antigen
    တစ်ခုကနေပဲပြုလုပ်တယ်
  • 3:08 - 3:12
    အဲဒီအစိတ်အပိုင်းကနေပဲ
    ကိုယ်ခံအားစနစ်ဖြစ်ထွန်းစေတယ်
  • 3:12 - 3:15
    antigen ရဲ့ အထူးအစိတ်အပိုင်း
    proteins တို့ polysaccharides တို့ကိုပဲ
  • 3:15 - 3:17
    သီးခြားခွဲတာတောင်မှ
  • 3:17 - 3:22
    ဒီကာကွယ်ဆေးတွေက တုံ့ပြန်မှုတစ်ချို့
    ကို အားပေးသေးတယ်
  • 3:22 - 3:26
    DNA vaccine လို့ခေါ်တဲ့ ကာကွယ်ဆေး
    အသစ်တစ်မျိုးကို
  • 3:26 - 3:27
    ပညာရှင်တွေက တည်ဆောက်နေပါပြီ
  • 3:27 - 3:32
    တိကျတဲ့ ရောဂါပိုးအတွက် ကိုယ်ခံအား
    တုံ့ပြန့်မှုကိုခန္ဓာကိုယ်က ဖန်တီးဖို့
  • 3:32 - 3:37
    ဒီကာကွယ်ဆေးက တိကျတဲ့ antigen ကိုပြုလုပ်တဲ့
    genes ကို သီးသန့်ခွဲထုတ်လိုက်တယ်
  • 3:37 - 3:39
    လူ့ခန္ဓာကိုယ်ထဲ ကာကွယ်ဆေး
    ထိုးလိုက်ချိန်မှာပါ
  • 3:39 - 3:43
    ဒီ genes တွေက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို
    antigen ထုတ်ခိုင်းပြီး
  • 3:43 - 3:45
    ပိုသန်မာတဲ့ ကိုယ်ခံအားတုံ့ပြန်မှုကို
    ဖြစ်စေတယ်
  • 3:45 - 3:48
    နောက်လာတဲ့ ဘယ်လိုခြိမ်းခြောက်မှု
    အတွက်မဆို ပြင်ဆင်ထားတာပေါ့။
  • 3:48 - 3:51
    ဒီကာကွယ်ဆေးမှာ တိကျတဲ့ ဗီဇပစ္စည်းပဲ
    ပါတဲ့အတွက်
  • 3:51 - 3:55
    ရောဂါအဖြစ် ပြောင်းသွားစေနိုင်ပြီး လူနာကို
    ထိခိုက်စေနိုင်တဲ့
  • 3:55 - 3:59
    ရောဂါဖြစ်စေတဲ့ ပစ္စည်းရဲ့ အခြားသော
    အစိတ်အပိုင်းဘာမှမပါဝင်ဘူး
  • 3:59 - 4:01
    ဒီကာကွယ်ဆေးသာအောင်မြင်ခဲ့ရင်
  • 4:01 - 4:04
    ကျွန်တော်တို့က ထိုးဖောက်ဝင်လာမယ့်
    ရောဂါပိုးတွေအတွက်
  • 4:04 - 4:06
    ပိုကောင်းတဲ့ ကုသမှုတွေကို
    တည်ဆောက်နိုင်လိမ့်မယ်
  • 4:06 - 4:08
    လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကခေတ်သစ်
    ဆေးပညာကို
  • 4:08 - 4:12
    လှုံ့ဆော်ပေးခဲ့တဲ့ Edward Jennerရဲ့
    အံ့သြဖွယ်တွေ့ရှိချက်လိုပေါ့
  • 4:12 - 4:14
    ကာကွယ်ဆေးတွေတည်ဆောက်မှုကို ဆက်လုပ်နေတာက
  • 4:14 - 4:17
    HIV, အီဘိုလာနဲ့ ငှက်ဖျား လို
    ရောဂါမျိုးတွေကိုတောင်
  • 4:17 - 4:18
    တစ်နေ့မှာ
  • 4:18 - 4:20
    ကုသခွင့်ပြုပါလိမ့်မယ်။
Title:
ကာကွယ်ဆေးတွေ ဘယ်လိုအလုပ်လုပ်လဲ။ Kelwalin Dhanasarnsombut
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed-ted.com/lessons/how-do-vaccines-work-kelWalin-dhanasarnsombut တွင်ကြည့်ပါ။
ပထမဆုံး ကာကွယ်ဆေးကို အင်္ဂလိပ် ဆေးပညာရှင် နဲ့သိပ္ပံပညာရှင် Edward Jenner က
နွားကျောက် ဗိုင်းရပ်စ် အနည်းငယ်ကို လူငယ်လေးတစ်ယောက်အတွက် ရေကျောက်ဗိုင်းရပပ်စ်မှ ကာကွယ်ဖို့ အောင်မြင်စွာထိုးနိုင်ခဲ့တာကနေ စဖန်တီးခဲ့တယ်။
ဒီ အလိုလို တန်ပြန် တဲ့ဖြစ်စဉ်က ဘယ်လိုများ လုပ်သလဲ။
သင်ခန်းစာကို Kelwalin Dhanasarnsombut ကပြုစုပြီး သက်ဝင်လှုပ်ရှားပုံများကို Cinematic မှဖန်တီးပါသည်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:36
  • ပြင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ.

  • ပြင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ.

  • ခင်ဗျားရဲ့ ဘာသာပြန်ပေးမှုကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး ပြန်ဆိုပြီး ကျွန်တော်တို့ မြန်မာဘာသာစကား ရပ်တည်ဖို့ အတူတူကြိုးစားကြရအောင်ပါ။

Burmese subtitles

Revisions