စိမ်းလန်းစိုပြေရေးကို လုပ်ကိုင်ကြပါစို့။
-
0:00 - 0:05ကြီးကျယ်တဲ့ ဖန်တီးမှု။ အထူးလိုအပ်နေချိန်မှာ ကျွန်တော်တို့ ကြီးကျယ်တဲ့ ဖန်တီးမှု လိုအပ်ပါတယ်
-
0:05 - 0:13ဆွေးနွေးပါမယ်၊ ကြီးကျယ်တဲ့ ဖန်တီးမှုဆိုတာ အံ့ဩစရာလည်းကောင်း၊ ဖြစ်နိုင်ခြေလည်းလုံးဝမရှိ၊ ယုတ္တိလည်းတန်သလို၊ ယုတ္တိမတန်ဘဲနဲ့လည်း စွမ်းအားကြီးမားတတ်ပါတယ်
-
0:13 - 0:17ကြီးကျယ်တဲ့ ဖန်တီးမှုဆိုတာ သည်းခံစိတ်ကို၊ ပြိုင်ဘက်ကင်းတဲ့ လွတ်လပ်စိတ်ကို ပျံ့နှံ့စေတယ်၊
-
0:17 - 0:20ပညာသင်ယူမှုကို ထက်မြက်တဲ့ အကြံဥာဏ်လို တောက်ပ လာစေတယ်
-
0:20 - 0:21(ရယ်မောသံများ)
-
0:21 - 0:25ကြီးကျယ်တဲ့ ဖန်တီးမှုက ချို့ငဲ့မှုဆိုတာကို မီးမောင်းထိုးပြပေးနိုင်သလို
-
0:25 - 0:29ဒီချို့ငဲ့မှုက အဲဒီလောက်ကြီး မဆိုးဘူးဆိုတာကိုလည်း ပြပေးနိုင်တယ်
-
0:29 - 0:32ကြီးကျယ်တဲ့ ဖန်တီးမှုက နိုင်ငံရေးသမားတွေကို အရွေးချယ်ခံရအောင် လုပ်ပေးနိုင်တယ်
-
0:32 - 0:35ဒါမှမဟုတ်ရင် လည်း န်ိုင်ငံရေးပါတီတွေကို အရွေးမခံရအောင် လုပ်ပေးနိုင်တယ်။
-
0:35 - 0:39ကြီးကျယ်တဲ့ ဖန်တီးမှုက စစ်မက်တွေကို ကြေကွဲဝမ်းနည်းစရာအဖြစ် မြင်လာစေနိုင်သလို ဗရွတ်ရွှတ်တ ဟာသဇာတ်လိုလည်း မြင်လာစေနိုင်တယ်
-
0:39 - 0:43ဖန်တီးမှုဆိုတာ ကျွန်တော်တို့ တီရှပ်တွေပေါ်ကို ဆောင်ပုဒ်တွေ တင်ပေးတဲ့
-
0:43 - 0:45ကျွန်တော်တို့ နှုတ်ခမ်းပေါ်ကို စကားစုတွေ တင်ပေးတဲ့ အကြံဥာဏ်တွေကို တီထွင်ပေးတဲ့အရာပါ
-
0:45 - 0:48ဖန်တီးမှုဆိုတာ ကျွန်တော်တို့အတွက် ရိုးရှင်းတဲ့လမ်းကို
-
0:48 - 0:50ထိုးဖောက်ဝင်ရောက်လို့မရတဲ့ စာရိတ္တ ဝင်္ကဘာထဲမှ ထွက်ရပ် လမ်းကြောင်းကိုရှာဖွေပေးတဲ့အရာပါ
-
0:50 - 0:55သိပ္ပံပညာဆိုတာ ထက်မြက်ပါတယ်၊ ဒါပေမယ့် ကြီးကျယ်တဲ့ ဖန်တီးမှုဆိုတာကတော့ သိရှိနိုင်မှုနည်းပေမဲ့
-
0:55 - 0:58မှော်ဆန်ပါတယ်၊ အခု ကျွန်တော်တို့ အဲဒီ မှော်ဆန်မှုကို လိုအပ်နေပါပြီ။
-
0:58 - 1:00ဒီအချိန်ဟာ အထူး လိုအပ်နေတဲ့ အချိန်ကာလပါ
-
1:00 - 1:02ကျွန်တော်တို့ရဲ့ ရာသီဥတုဟာ လျင်မြန်စွာပြောင်းလဲနေပါတယ်၊ အလွန်မှကို လျင်မြန်လွန်းပါတယ်
-
1:02 - 1:05ဖန်တီးမှုက ကောင်းကောင်းလုပ်တတ်တဲ့ အရာအတွက် ကြီးကျယ်တဲ့ ဖန်တီးမှုကို လိုအပ်နေပါပြီ
-
1:05 - 1:09အံ့ဩဖွယ် တီထွင်ဆန်းသစ်ထားတဲ့ ကြေညာချက်တွေနဲ့ ကျွန်တော်တို့ကို တမျိုးတဖုံ တွေးခေါ်လာအောင် ဆွပေးဖို့ပါ
-
1:09 - 1:11ကျွန်တော်တို့ကို ထူးထူးခြားခြား တုံ့ပြန်လာအောင် ဆွဲဆောင်ဖို့ပါ
-
1:11 - 1:14အားတက်စရာကောင်းတဲ့ ဖန်တီးမှု အပိုင်းအစလေးတွေနဲ့ပေါ့
-
1:14 - 1:17ဒါကတော့ ကျွန်တော်ကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ ပဏာမခြေလှမ်းဖြစ်တဲ့ အဲဒီလို အပိုင်းအစလေးပါ
-
1:17 - 1:20ဖန်တီးနိုင်စွမ်းကို အသုံးချပြီး လူတွေကို စိမ်းလန်းစိုပြည်ရေးသမားတွေ ဖြစ်လာအောင် ႕ တွန်းအားပေးလှုံ့ဆော်ဖို့ပါ
-
1:20 - 1:24ဗီဒီယို း အမျိုးသားအသံ း သိလား၊ ဒီနေ့ကားမောင်းသွားမယ့်အစား ကျွန်တော်က လမ်းလျှောက်ပြီးသွားမလို့
-
1:24 - 1:28နောက်ခံပြောပေးသူ၊ ဒီလိုနဲ့ သူလမ်းလျှောက်ပြီးသွားတယ်၊ သူလမ်းလျှောက်တဲ့အတွက် အရာဝတ္ထုတွေကို သူမြင်ခဲ့ရတယ်
-
1:28 - 1:32ကားမောင်းပြီးသာ သွားခဲ့ရင် ထူးဆန်းပြီး အံ့ဩစရာကောင်းတဲ့ အရာဝတ္ထုတွေကို သူမြင်ခဲ့ရမှာ မဟုတ်ပါဘူး
-
1:32 - 1:35ခြေထောက်ယားလို့ ကုတ်နေတဲ့ သမင်တစ်ကောင် နဲ့ ပျံသန်းနေတဲ့ မော်တော်ဆိုင်ကယ်ရယ်
-
1:35 - 1:40အဖေနဲ့သမီးတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ နံရံတစ်ခုရဲ့ ဒီဘက်မှာ၊ စက်ဘီးက ဟိုတစ်ဘက်မှာ
-
1:40 - 1:45ပြီးတော့ သူရပ်သွားတယ်၊ သူ့ရှေ့မှာ လမ်းလျှောက်နေတာက သူမပေါ့
-
1:45 - 1:47ကလေးဘဝတုန်းက သူနဲ့အတူ လယ်ကွင်းတွေထဲ့ဖြတ်ပြီး အတန်းလစ်ခဲ့ဖူးတဲ့ အမျိုးသမီး
-
1:48 - 1:49သူ့အသည်းကို ခွဲသွားခဲ့သူပါပဲ
-
1:49 - 1:51သေချာတယ်၊ သူမက အခု နည်းနည်းတော့ အသက်ကြီးနေပြီ
-
1:51 - 1:52အမှန်တော့ သူမက အသက်အရမ်းကို ကြီးနေပါပြီ
-
1:52 - 1:55ဒါပေမယ့် သူမပြန်လာတာနဲ့ ဟိုတုန်းက သူမအား ချစ်ခြင်းတွေကို ပြန်ခံစားလာရတယ်
-
1:55 - 1:58"ဖော့ဒ်" လို့ သူ ညင်သာစွာ ခေါ်လိုက်တယ်၊ အဲဒါက သူမ နာမည်ဖြစ်နေလို့ပါ
-
1:59 - 2:01"ဘာမှ ထပ်မပြောနေပါနဲ့တော့ ဂတ်စ်တီ" လို့ သူမက ပြောတယ်
-
2:01 - 2:02ဂတ်စ်တီဆိုတာ သူ့နာမည် ဖြစ်နေတယ်လေ
-
2:02 - 2:07"ဒီနေရာကနေ ကိုက် ၃၀၀ တိတိအကွာ နောက်တွဲယာဉ် တစ်ခုနဲ့ ကပ်လျက်
တဲကလေးတစ်ခု ရှိတာကို ကျွန်တော် သိတယ် -
2:07 - 2:10အဲဒီကိုသွားပြီး တဲထဲမှာ ချစ်ကြည်နူးရအောင်လားကွယ်" တဲ့
-
2:10 - 2:14ဖော့ဒ် အဝတ်တွေချွတ်လိုက်တယ်၊ သူမ ခြေတစ်ချောင်း ဖြန့်လိုက်တယ်၊
ပြီးတော့ နောက်ခြေတစ်ချောင်းပေါ့ -
2:14 - 2:18ဂတ်စ်တီက သူမဆီကို ရဲရဲဝံ့ဝံ့နဲ့ ဝင်သွားပြီး သူမနဲ့
စည်းချက်ကျကျ ချစ်တင်းနှောတယ် -
2:18 - 2:21အဲဒီအချိန်မှာ သူမက သူ့ကို ရုပ်ရှင် ရိုက်တယ်၊
သူမက လိင်ဆက်ဆံတဲ့ဟာတွေကို အပျော်တမ်း ရုပ်ရှင် ရိုက်ကူးသူဖြစ်နေတာကိုး -
2:21 - 2:23မြေကြီးဟာ သူတို့နှစ်ယောက်လုံးအတွက် လှုပ်ခါသွားတယ်
-
2:23 - 2:26ပြီးတော့ သူတို့တွေ ပျော်ပျော်ရွှင်ရွှင်နဲ့
အတူတကွ ထာဝရ နေသွားကြတယ် -
2:26 - 2:31ဒါတွေအားလုံးက အဲဒီနေ့မှာ သူလမ်လျှောက်သွားဖို့ ဆုံးဖြတ်ခဲ့လို့ပါ
-
2:32 - 2:42(လက်ခုပ်အားပေးသံများ)
-
2:42 - 2:45အန်ဒီဟော့စ်ဘောမ် း ကျွန်တော်တို့မှာ သိပ္ပံပညာ ရှိနေပြီ၊
ကျွန်တော်တို့ ငြင်းခုံဆွေးနွေးလို့လဲပြီးပြီ -
2:45 - 2:47ကျင့်ဝတ်စည်းကမ်းတွေက ညှိနှိုင်းပြောင်းလဲလို့ ရပါသေးတယ်
-
2:47 - 2:49ဒါတွေအားလုံးကို ယူပြီး
-
2:49 - 2:51ရိုးရှင်း ပြတ်သားအောင် လုပ်ပေးဖို့ ကြီးကျယ်တဲ့ ဖန်တီးမှု လိုအပ်ပါတယ်
-
2:51 - 2:55ဒီကျင့်ဝတ်စည်းကမ်းတွေကို ချိတ်ဆက်ပေးဖို့ရယ်၊
လူတွေ လုပ်ဆောင်ချင်လာအောင် လုပ်ဖို့ရယ် ဖန်တီးမှုလိုပါတယ် -
2:55 - 2:57ဒါကြောင့် ဒါဟာ နှိုးဆော်ချက်ပါ၊ မေတ္တာရပ်ခံချက်ပါ
-
2:57 - 2:59မယုံနိုင်လောက်အောင် ပင်ကိုယ်စွမ်းရည်တွေ ပြည့်၀ကြတဲ့
TED အသိုင်းအဝိုင်း ကိုရည်ရွယ်ပါတယ် -
2:59 - 3:01ရာသီဥတုပြောင်းလဲမှုကို ဖန်တီးမှုနဲ့ ဆန့်ကျင် တုံ့ပြန်ကြရအောင်လားဗျာ
-
3:01 - 3:03ပြီးတော့ အခုကို စလုပ်ကိုင်ကြရအောင်၊ ကျေးဇူးတင်ပါတယ်။
-
3:03 - 3:04(လက်ခုပ်အားပေးသံများ)
- Title:
- စိမ်းလန်းစိုပြေရေးကို လုပ်ကိုင်ကြပါစို့။
- Speaker:
- Andy Hobsbawm
- Description:
-
အန်ဒီဟော့စ်ဘောမ် က ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလုပ်ကြရန်နှင့် ယင်းမှ ရရှိနိုင်သော ဘေးပန်း အကျိုးကျေးဇူးအချို့ကို ရှင်းပြထားသည့် ကြော်ငြာလှုံ့ဆော်ချက် တစ်ရပ်ကို မျှဝေထားပါသည်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 03:04
Myo Aung edited Burmese subtitles for Do the green thing | ||
Myo Aung edited Burmese subtitles for Do the green thing | ||
Myo Aung edited Burmese subtitles for Do the green thing | ||
Myo Aung edited Burmese subtitles for Do the green thing | ||
Dimitra Papageorgiou approved Burmese subtitles for Do the green thing | ||
Myo Aung accepted Burmese subtitles for Do the green thing | ||
Myo Aung edited Burmese subtitles for Do the green thing | ||
Myo Aung edited Burmese subtitles for Do the green thing |