Return to Video

ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခုကို ဖွင့်လှစ်ပြလိုက်တဲ့ ပနားမား စာရွက်စာတမ်းများ။ ရှေ့ဆက် ဘာဖြစ်လာမလဲ။

  • 0:02 - 0:05
    ဧပြီ ၃ ရက် ၂၀၁၆ မှာ သမိုင်းဝင် အကြီးဆုံး
    ဒေတာပေါက်ကြားမှုကို မြင်ခဲ့ရတယ်။
  • 0:06 - 0:09
    ပနားမား စာရွက်တွေက ချမ်းသာ၊
    သြဇာရှိသူတွေ အရမ်များတဲ့ငွေကို
  • 0:09 - 0:11
    နိုင်ငံခြား စာရင်းတွေမှာ
    ဖုံးထားတာကို ဖော်ပြခဲ့တယ်။
  • 0:12 - 0:14
    (ဒါက ဘာကို ဆိုလိုတာလဲ။)
  • 0:15 - 0:18
    ရှင်းပြဖို့ Global Witness က
    Robert Palmer ကို ဖုန်းဆက်ခဲ့။
  • 0:21 - 0:26
    ဒီတစ်ပတ်မှာ ပနားမား အခြေစိုက် Mossack
    Fonseca လို့ခေါ်တဲ့ ဥပဒေ လုပ်ငန်းတစ်ခုက
  • 0:26 - 0:29
    စာရွက်စာတမ်း ၁၁ သန်း ပေါက်ကြားမှုကနေ
    သတင်းဆောင်းပါးတွေ
  • 0:29 - 0:34
    တစ်ပုံတစ်ခေါင်းကြီး
    တစ်ပြိုင်နက် ထွက်ရှိခဲ့တယ်။
  • 0:34 - 0:39
    ပနားမားက ဒီစာရွက်စာတမ်းတွေဟာ သိုဝှက်တဲ့
    ပင်လယ်ရပ်ခြား ကုမ္ပဏီ မှတ်ပုံတင် ကမ္ဘာရဲ့
  • 0:39 - 0:42
    အပိုင်းလေးပေါ်က ဇာပုဝါကို မလိုက်တာပါ။
  • 0:42 - 0:47
    ဖောက်သည်တွေ၊ ဘဏ်တွေနဲ့ ရှေ့နေတွေဟာ
    Mossack Fonseca လို ကုမ္ပဏီတွေထဲ ဘယ်ပုံ
  • 0:47 - 0:49
    သွားတယ်ဆိုတဲ အတွင်းသဘောကို ရရှိတာပါ။
  • 0:49 - 0:52
    ပြောတာက "ကောင်းပြီ၊
    အမည်မဖော်လိုတဲ့ ကုမ္ပဏီတစ်ခု
  • 0:52 - 0:53
    လိုချင်တယ်၊ ပေးနိုင်မလား။"
  • 0:53 - 0:55
    ဒါနဲ့ တကယ်တော့ အီးလ်မေးတွေ မြင်လာရတယ်၊
  • 0:55 - 0:57
    သတင်းတိုတွေ ဖလှယ်တာ မြင်လာရတယ်။
  • 0:57 - 1:00
    ဒါအလုပ်လုပ်ပုံ၊ လည်ပတ်ပုံရဲ့
  • 1:00 - 1:01
    ယန္တရားကို မြင်လာရတယ်။
  • 1:01 - 1:05
    အခု ဒါက သိပ် မကြာသေးခင်က
    ဂယက်ရိုက်မှုတွေ စရှိနေပါပြီ။
  • 1:05 - 1:08
    Iceland ဝန်ကြီးချုပ် နှုတ်ထွက်လိုက်ရပြီ။
  • 1:08 - 1:09
    သတင်းရသေးတာက
  • 1:09 - 1:14
    ရက်စက်တဲ့ Syrian အာဏာရှင် Bashar Al-
    Assad ရဲ့အနွယ်တစ်ခုက နိုင်ငံခြားကုမ္ပဏီတွေ
  • 1:14 - 1:17
    ရှိသေးတယ်ဆိုတာပါ။
  • 1:17 - 1:22
    ထိပ်တန်း တယောသမားဖြစ်တဲ့
    သူ့ငယ်သူငယ်ချင်းက တစ်ဆင့်
  • 1:22 - 1:26
    Russia သမ္မတ Vladimir Putin ဆီ ဦးတည်တဲ့
  • 1:26 - 1:29
    ဒေါ်လာ ၂ ဘီလီယံ စွတ်ကြောင်းရဲ့
  • 1:29 - 1:31
    စွပ်စွဲချက်တွေရှိတယ်။
  • 1:31 - 1:33
    အဲဒီမှာ လာမည့်သတင်းဆောင်းပါးစုနဲ့
    လာမည့် ပေါက်ကြား
  • 1:33 - 1:38
    စာရွက်စာတမ်းစု တွေနဲ့ ပတ်သက်ပြီး
    ရင်ဖိုရဦးမယ့် ချမ်းသာတဲ့
  • 1:38 - 1:40
    သီးခြား ပုဂ္ဂိုံလ်တွေ
    အများအပြား ရှိပါလိမ့်မယ်။
  • 1:40 - 1:45
    ကဲ ဒါက လျှို့ဝှက်သည်းဖို သူလျှို
    ဝတ္ထုတစ်ပုဒ်ရဲ့ဇာတ်ကွက် (သို့)
  • 1:45 - 1:46
    John Grisham ဝတ္ထုလို့ ထင်ရတယ်။
  • 1:46 - 1:50
    ခင်ဗျား၊ ကျွန်တော်၊ သာမန်လူတွေကနေ
    အရမ်း ဝေးနေပုံရတယ်။
  • 1:50 - 1:53
    ဒါကို ဘာလို့ ကျွန်တော်တို့
    ဂရုစိုက်သင့်တာလဲ။
  • 1:53 - 1:57
    ဒါပေမဲ့ အမှန်က ချမ်းသာတဲ့၊ အာဏာရှိတဲ့
    သီးခြား ပုဂ္ဂိုလ်တွေဟာ
  • 1:57 - 2:00
    သူတို့ငွေကို ပင်လယ်ရပ်ခြားမှာ
    သိမ်းနိုင်ပြီး
  • 2:00 - 2:02
    သူတို့ပေးသင့်တဲ့ အခွန်တွေကို မပေးတာပါ။
  • 2:02 - 2:06
    ဆိုလိုတာက အဓိကကျတဲ့ အများသုံး
    ဝန်ဆောင်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊
  • 2:06 - 2:10
    ပညာရေး၊ လမ်းတွေလိုမျိုးမှာ
    ပိုက်ဆံ လျော့နည်းနေတာပါ။
  • 2:10 - 2:12
    ဒါက ကျွန်တော်တို့အားလုံးက်ု ထိခိုက်ပါတယ်။
  • 2:12 - 2:15
    ကဲ ကျွန်တော့ရဲ့ Global Witness
    အဖွဲ့အစည်းအတွက်
  • 2:15 - 2:19
    ဒီအုတ်အော်သောင်းနင်း ဖော်ထုတ်ချက်က
    အံ့ဩလောက်ပါတယ်။
  • 2:19 - 2:23
    တစ်ဦးချင်းတွေဟာ ပင်လယ်ရပ်ခြား လျှို့ဝှက်
    မှု သူတို့ရဲ့ အဖိုးတန် ပိုင်ဆိုင်မှုတွေကို
  • 2:23 - 2:28
    ဖုံးကွယ်၊ ပုံဖျက်ဖို့ ဘယ်လိုသုံးနိုင်တာ
    ပြောနေတဲ့ ကမ္ဘာ့ မီဒီယာနဲ့ နိုင်ငံရေး
  • 2:28 - 2:31
    ခေါင်းဆောင်တွေ ကျွန်တော်တို့မှာ ရှိပါတယ်။
  • 2:31 - 2:35
    ကျွန်တော်တို့တွေ ဆယ်စုနှစ်တစ်ခုကြာ
    ပြောနေ၊ လှစ်ပြနေတဲ့ တစ်ခုခုပေါ့။
  • 2:35 - 2:40
    ကျွန်တော့အထင် လူအတော်များများက တစ်ကမ္ဘာ
    လုံးဟာ ခေါင်းရှုပ်၊ စိတ်ရှုပ်စရာဖြစ်ပြီး
  • 2:40 - 2:45
    ပင်လယ်ရပ်ခြား ကုမ္ပဏီလောကမျိုး အလုပ်
    လုပ်ပုံက နားလည်ဖို့ခက်တယ်လို့ မြင်ကြတယ်။
  • 2:45 - 2:47
    ဒါကို ရုရှား အရုပ်လိုပဲလို့
    နည်းနည်း တွေးချင်မိတယ်။
  • 2:47 - 2:51
    ဒီတော့ အတွင်းမှာ နောက်
    ကုမ္ပဏီတစ်ခု ထပ်ဆင့်ထားပြီး
  • 2:51 - 2:53
    အဲဒီအတွင်းမှာ နောက်ကုမ္ပဏီတစ်ခု ရှိနေပြီး
  • 2:53 - 2:57
    ဒီနောက်ခံ တည်ဆောက်မှုတွေနောက်မှာ
    ဘယ်သူဆိုတာ နားလည်ဖို့ လုံးဝမဖြစ်နိုင်
  • 2:57 - 3:00
    သလောက် နီးပါး ဖြစ်နေပါတယ်။
  • 3:00 - 3:03
    ဥပဒေ အာဏာတည်ဖို့အတွက်
    ဒါမှမဟုတ် အခွန်အာဏာပိုင်တွေ၊
  • 3:03 - 3:06
    သတင်းစာဆရာတွေ၊ အရပ်လူ့အဖွဲ့အစည်းတွေဟာ
    ဘာဖြစ်နေတယ်ဆိုတာ
  • 3:06 - 3:08
    နားလည်ဖို့ အရမ်းကို ခက်ခဲနိုင်ပါတယ်၊
  • 3:08 - 3:10
    အမေရိကမှာ ဒီပြဿနာရဲ့
  • 3:10 - 3:13
    သတင်းပို့ချက်ဟာ ပိုနည်းနေတာကလည်း
    စိတ်ဝင်စားစရာ ကောင်းတယ်ထင်တယ်။
  • 3:13 - 3:17
    ဖြစ်နိုင်တာက US က တစ်ချို့ အထင်ကရ
    ပုဂ္ဂိုလ်တွေဟာ
  • 3:17 - 3:21
    ဒီအုတ်အော်သောင်းနင်း ဖော်ပြချက်၊
    မကောင်းသတင်းမှာ မပါဝင်ကြလို့ပါ။
  • 3:21 - 3:25
    ကဲ ဒါက ပင်လယ်ရပ်ခြား ကုမ္ပဏီမှာ
    သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ သိုဝှက်တဲ့
  • 3:25 - 3:28
    ချမ်းသာတဲ့ အမေရိကန်တွေမရှိလို့ မဟုတ်ပါဘူး။
  • 3:28 - 3:32
    ဒါက ပင်လယ်ရပ်ခြား ကုမ္ပဏီ
    လုပ်ဆောင်ပုံကြောင့်ပါ။
  • 3:32 - 3:35
    Mossback Fonseca မှာ
    အမေရိကန်ဖောက်သည် နည်းပါတယ်။
  • 3:36 - 3:39
    ထင်တာက ပေါက်ကြားမှုတွေဟာ
    Cayman Islands ဒါမှမဟုတ်
  • 3:39 - 3:42
    Delaware ကတောင် (သို့) Wyoming (သို့)
    Nevada က တွေ့ရတယ်ဆိုရင်
  • 3:42 - 3:48
    အမေရိကန်တွေကို ပြန်ချိတ်ဆက်တဲ့
    အမှုတွေနဲ့ နမူနာတွေ ပိုများပါလိမ့်မယ်။
  • 3:48 - 3:54
    တကယ်က အမေရိကန်ပြည်နယ်
    အများအပြားမှာ ကုမ္ပဏီတစ်ခုကို
  • 3:54 - 3:58
    ဖွင့်ဖို့အတွက် ပေးရတဲ့ အချက်တွေဟာ
    စာကြည့်တိုက် ကဒ်တစ်ခု ရဖို့ ပေးရတာထက်ကို
  • 3:58 - 4:01
    အချက်အလက် ပိုနည်းနေလို့ပါ။
  • 4:01 - 4:07
    အမေရိကက လျှို့ဝှက်မှုဆိုတာမျိုးက
    ကျောင်းခရိုင်တွေက ဝန်ထမ်းတွေကနေ
  • 4:07 - 4:09
    ကျောင်းသားများကို နှပ်ချခွင့်ပေးထားတာပါ။
  • 4:09 - 4:14
    ရိုက်စားတွေကနေ ပျော့ကွက်ရှိတဲ့ ရင်းနှီး
    မြှုပ်သူတွေကို နှပ်ချခွင့်ပေးထာတာပါ။
  • 4:14 - 4:18
    ဒါက ကျွန်တော်တို့ အားလုံးကို
    ထိခိုက်တဲ့ အပြုအမူမျိုးပါ။
  • 4:18 - 4:20
    အခု Global Witness မှာက
  • 4:20 - 4:23
    ဒါက တကယ်တမ်း လက်တွေ့မှာ ဘယ်ပုံ
    ပေါက်တယ်ဆိုတာကို မြင်ချင်တာပါ။
  • 4:23 - 4:26
    ဒါက တကယ်တမ်း ဘယ်လို လုပ်ဆောင်လဲ။
  • 4:26 - 4:27
    ဒါနဲ့ လုပ်ခဲ့ကြတာက
  • 4:27 - 4:33
    အမှတ် ၁၃ Manhattan ဥပဒေ လုပ်ငန်းတွေကို
    သူလျှို စုံစမ်းသူ ပို့ခဲ့တာပါ။
  • 4:34 - 4:38
    ကျွန်တော်တို့ စုံစမ်းသူက သံသယရှိတဲ့ ဘဏ္ဍာ
    ငွေတွေကို အမေရိကကို ရွေ့ပြောင်းကာ
  • 4:38 - 4:42
    အိမ်တစ်လုံး၊ ရွက်လှေတစ်စင်း၊
    ဂျက်လေယာဉ်တစ်စင်း ဝယ်ချင်တဲ့
  • 4:42 - 4:45
    အာဖရိကမှ ဝန်ကြီးယောင်ဆောင်ခဲ့တယ်။
  • 4:45 - 4:50
    တကယ့်ကို လန့်စရာကောင်းတာက
    ရှေ့နေတွေထဲက တစ်ယောက်ကပဲ
  • 4:50 - 4:55
    ဒီ သံသယရှိတဲ့ ဘဏ္ဍာငွေတွေကို
    ရွေ့ပြောင်းပုံကို ကျွန်တော်တို့ရဲ့
  • 4:55 - 4:57
    စုံစမ်းသူကို အကြံဉာဏ်ပေးခဲ့တာပါ။
  • 4:57 - 4:59
    ဒါအားလုံးဟာ ပဏာမ အစည်းအဝေတွေဖြစ်ပြီး
  • 4:59 - 5:01
    ဘယ်ရှေ့နေကမှ ကျွန်တော်တို့ကို
    ဖောက်သည်အဖြစ်
  • 5:01 - 5:03
    လက်မခံပဲ တကယ်ကျတော့
    ဘယ်ငွေမှ မရွေ့ပြောင်းခဲ့ဘူး။
  • 5:03 - 5:07
    စနစ်နဲ့ပဲ ပြဿနာကို ပြသခဲ့ပါတယ်။
  • 5:07 - 5:09
    ဒါကို တစ်ဦးချင်း ကိစ္စတွေအဖြစ်ပဲ
  • 5:09 - 5:12
    မတွေးကြပဲဖို့ကလည်း အရေးကြီးပါတယ်။
  • 5:12 - 5:14
    ဒါက ကျွန်တော်တို သူလျှိူစုံစမ်းသူကို
  • 5:14 - 5:18
    စကားပြောပြီး အကြံဉာဏ်တွေပေးတဲ့
    သီးခြားရှေ့နေတစ်ယောက်ပဲ မဟုတ်ပါဘူး။
  • 5:18 - 5:21
    မကောင်းသတင်းမှာ အမိခံလိုက်ရတဲ့
    အဆင့်မြင့် သီးခြား
  • 5:21 - 5:23
    နိုင်ငံရေးသမားပဲ မဟုတ်ပါဘူး။
  • 5:23 - 5:26
    ဒါက ချစားခြင်း၊ အခွန်ရှောင်ခြင်း
  • 5:26 - 5:32
    ဆင်းရဲမှုနဲ့ မတည်ငြိမ်မှု အမြစ်တွယ်နေတဲ့
    စနစ်တစ်ခုရဲ့လုပ်ဆောင်ပုံပါ။
  • 5:32 - 5:34
    ဒါကို ဖြေရှင်းဖို့
  • 5:34 - 5:35
    ကစားပွဲကို ပြောင်းဖို့လိုပါတယ်။
  • 5:35 - 5:38
    ဒီလို အပြုအမူတွေကို
    ပိုခက်ခဲအောင်လုပ်ဖို့ ကစားပွဲ
  • 5:38 - 5:40
    စည်းမျဉ်းတွေကို ပြောင်းဖို့လိုပါတယ်။
  • 5:40 - 5:43
    ဒါဟာ စိတ်ကုန်စရာ၊
    လက်မှိုင်ချစရာပုံပေါက်ပါတယ်၊
  • 5:43 - 5:45
    ကိုယ်ဘာမှကို မတတ်နိုင်တော့တာမျိုး၊
  • 5:45 - 5:47
    ဘာမှ မပြောင်းလဲနိုင်တော့တာမျိုး၊
  • 5:47 - 5:50
    အမြဲပဲ ချမ်းသာတဲ့ အာဏာရှိတဲ့ပုဂ္ဂိုလ်တွေ
    ရှိလိမ့်မယ်ဆိုတာမျိုးပါ။
  • 5:50 - 5:52
    ဒါပေမဲ့ သဘာဝ အကောင်းမြင်တစ်ယောက် အနေနဲ့
  • 5:52 - 5:56
    အပြောင်းအလဲတစ်ချို့ ရဖို့
    စနေတယ်လို့ မုချ မြင်ပါတယ်။
  • 5:56 - 5:58
    လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်ကျော်က
  • 5:58 - 6:01
    ကုမ္ပဏီပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင်
    ပိုကြီးမားတဲ့ ပွင့်လင်းမြင်သာမှုဆီကို
  • 6:02 - 6:03
    တကယ် တွန်းပို့တာကို မြင်ထားကြတယ်။
  • 6:04 - 6:06
    ဒီပြဿနာက နိုင်ငံရေး အစီအစဉ်မှာ
  • 6:06 - 6:09
    UK ဝန်ကြီးချုပ် David Cameron က
    ၂၀၁၃ ခုနှစ်က
  • 6:09 - 6:13
    Nothern Ireland မှာကျင်းပတဲ့ G 8
    ထိပ်သီးဆွေးနွေးပွဲ တင်သွင်းခဲ့တာပါ။
  • 6:14 - 6:18
    အဲဒီကတည်းက ဥရောပ သမဂ္ဂဟာ အမျိုးသား
    အဆင့်မှာ ဥရောပတစ်လွှားက
  • 6:18 - 6:20
    ကုမ္ပဏီတွေကို တကယ် ပိုင်ဆိုင်၊
  • 6:20 - 6:24
    ထိန်းချုပ်တဲ ဗဟို မှတ်ပုံတင်မှုကို
    ဖန်တီးဖို့ပါ။
  • 6:24 - 6:29
    ပြောတာတွေထဲက တစ်ခုက တကယ်ကျတော့
    US ဟာ နောက်ကောက်ကျနေတာပါ။
  • 6:29 - 6:32
    လွှတ်တော်နဲ့ ဆီးနိတ်မှာ
    တင်သွင်းခဲ့တဲ့ နှစ်ပါတီ
  • 6:32 - 6:34
    ဥပဒေပြဋ္ဌာန်းမှု ရှိခဲ့တယ်။
  • 6:34 - 6:37
    ဒါပေမဲ့ တိုးတက်မှုက ကျွန်တော်တို့
    မြင်ချင်သလောက် မရှိပါဘူး။
  • 6:37 - 6:40
    ဒီတော့ ပနားမား ပေါက်ကြားမှုတွေမှာ
    တကယ်ကို မြင်ချင်ပါတယ်၊
  • 6:40 - 6:44
    ဒီ နိုင်ငံခြား မှတ်ပုံတင်မှုထဲကို
    ချောင်းကြည့်မှုကြီးကို
  • 6:44 - 6:49
    US နဲ့ တစ်ကမ္ဘာလုံးမှာ ပွင့်လာတဲ့
    နည်းတစ်နည်းအနေနဲ့ အသုံးပြုနိုင်ပါတယ်။
  • 6:49 - 6:54
    Global Witness ထဲက ကျွန်တော်တို့ အနေနဲ့
    အပြောင်းအလဲအတွက် အခါသမယတစ်ခုပါ။
  • 6:54 - 6:58
    လျှို့ဝှက်တဲ့ ကုမ္ပဏီတွေ နောက်ကွယ်က
    ကိုယ်ပိုင် လက္ခဏာကို
  • 6:58 - 7:01
    ဖုံးကွယ်ခြင်းကို သာမန်လူတွေ
  • 7:01 - 7:03
    စိတ်တို ဒေါသထွက်လာအောင်
    လုပ်ရပါမယ်။
  • 7:03 - 7:07
    စီးပွားရေး ခေါင်းဆောင်တွေ
    ထရပ်လျက် "ဒီလိုမျိုး လျှို့ဝှက်မှုဟာ
  • 7:07 - 7:10
    စီးပွားရေးအတွက် မကောင်းဘူး" လို့
    ပြောစေလိုပါတယ်။
  • 7:10 - 7:14
    နိုင်ငံရေး ခေါင်းဆောင်တွေဟာ
    ပြဿနာကို အသိအမှတ်ပြုပြီး
  • 7:14 - 7:19
    ဒီလို လျှို့ဝှက်မှုကို ဖွင့်ချဖို့ ဥပဒေ
    ပြောင်းလဲရန် နှစ်မြှပ်ဖို့ လိုပါတယ်။
  • 7:20 - 7:23
    လက်တွဲ လုပ်ကြပါက လက်ရှိ
    အခွန်ရှောင်မှုကို ခွင့်ပြုတဲ့
  • 7:23 - 7:26
    လျှို့ဝှက်မှု၊ ချစားမှု၊ တိုးပွားဖို့
    ငွေကြေးခဝါချမှုတွေကို
  • 7:26 - 7:29
    အဆုံးသတ်နိုင်မှာပါ။
Title:
ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခုကို ဖွင့်လှစ်ပြလိုက်တဲ့ ပနားမား စာရွက်စာတမ်းများ။ ရှေ့ဆက် ဘာဖြစ်လာမလဲ။
Speaker:
Robert Palmer
Description:

ဧပြီလ ၃ ရက် ၂၀၁၆ ခုမှာ သမိုင်းထဲ အကြီးမားဆုံး ဒေတာပေါက်ကြားမှုကြီးတစ်ခုကို ကျွန်တော်တို့ မြင်လိုက်ရပါတယ်။
ပနားမား စာရွက်စာတမ်းတွေဟာ ချမ်းသာပြီး သြဇာအာဏာရှိတဲ့ လူတွေကနေပြီး အင်မတန်များပြားတဲ့ ပမာဏရှိတဲ့ ငွေတွေကို ပင်လယ်ရပ်ခြား မှတ်ပုံတင် စာရင်းတွေမှာ ဖုံးကွယ်ထားတာကို ဖော်ဟပြခဲ့ပါတယ်။ ဒါပေမဲ့ ဒါအားလုံးရဲ့ ဆိုလိုချက်က ဘာလဲ။ သိရှိဖို့အတွက် ကျွန်တော်တို့က Global Witness (ကမ္ဘာလုံးဆိုင်ရာ သက်သေခံ) မှ Robert Palmer ကို ဖုန်းဆက်ခဲ့ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
07:49

Burmese subtitles

Revisions