နေရောင်ခြည်ရဲ့ သက်တမ်းဟာ ကျွန်ုပ်တို့ ထင်တာထက် ပိုကြီးတယ် - Sten Odenwald
-
0:07 - 0:10အလင်းဟာ နေရဲ့မျက်နှာပြင်မှနေပြီး
ကျုပ်တို့ထံရောက်ဖို့ -
0:10 - 0:13တဟုန်ထိုးပြေးလာတာ ရှစ်မိနစ်
ကြာတာကို ခင်ဗျားတို့ သိမှာပါ၊ -
0:13 - 0:15ဒီတော့ နေရဲ့ အတွင်းသားမှ နေမျက်နှာပြင်ထံ
-
0:15 - 0:18ရောက်သွားဖို့ အတွက်ကော အလင်းရောင်ဟာ
အချိန်ဘယ်လောက် ကြာမယ် ထင်ပါသလဲ။ -
0:18 - 0:22စက္ကန့်အနည်းလား သို့မဟုတ်
အများဆုံး.. တစ်မိနစ်လား။ -
0:22 - 0:26ယုံကြည်ဖို့ မလွယ်ပေမဲ့၊ အဖြေကတော့
နှစ် ထောင်ပေါင်းများစွာပါ။ -
0:26 - 0:27အကြောင်းရင်းက ဒီလိုပါ။
-
0:27 - 0:32Photonတွေကို နေရဲ့အတွင်းပိုင်း ဗဟိုချက်မှာ
နျူးကလီးယား တုံ့ပြန်မှုဖြင့် ထုတ်ပါတယ်။ -
0:32 - 0:38Photonတွေဟာ ဗဟိုချက်မှ စီးထွက်ရာတွင် ရုပ်
ဒြပ်နဲ့ တုံ့ပြန်ရလို့ စွမ်းအင်ဆုံးရှုံးကာ -
0:38 - 0:41အလင်းရဲ့ လှိုင်းအလျား ပိုရှည်လျားလာပါတယ်။
-
0:41 - 0:44အတွင်းပိုင်းမှာ ဂမ္မာရောင်ခြည်အဖြစ်
စတင်ထွက်လာပေမဲ့ -
0:44 - 0:50X ရောင်ခြည်၊ ခရမ်းလွန် သို့မဟုတ် မြင်နိုင်
အလင်းနဲ့ မျက်နှာပြင်အနီးမှာ အဆုံးသတ်ပါတယ်။ -
0:50 - 0:54သို့သော်လည်း ဒီခရီးက ရိုးရှင်းနေတာမျိုး၊
ဖြောင့်တန်းနေမျိုး မဟုတ်ပါဘူး။ -
0:54 - 1:02ပေါက်ဖွားချိန်မှစလို့ Protonနဲ့ မတိုက်ခင်
Photon တစ်လုံးစီဟာ တစ်စက္ကန့်မှာ ကီလိုမီတာ -
1:02 - 1:07၃၀၀,၀၀၀ နှုန်းဖြင့် ပြေးလာရင်း ပရိုတွန်နဲ့
တိုက်မိပြီး ဦးတည်ချက် ပြောင်းသွားတတ်တယ်၊ -
1:07 - 1:12ကျည်ဆံမှ ပြန်ကန်သလိုပဲ ၎င်းက တိုက်မိတဲ့
လျှပ်စစ်ဆောင် အမှုန်တိုင်းမှ ကန်ထွက်တာပါ။ -
1:12 - 1:15တစ်ချက်စီတိုက်ပြီးနောက် Photon ဟာ
နေရဲ့ ဗဟိုမှ ဘယ်လောက် အဝေးကို ရောက်ကြောင်း -
1:15 - 1:17မေးခွန်းကိုတော့
-
1:17 - 1:20Random Walk ပြဿနာလို့ ခေါ်ပါတယ်။
-
1:20 - 1:23အဖြေကို ဒီပုံသေနည်းဖြင့်
ဖော်ပြပေးနိုင်တယ်- -
1:23 - 1:28အကွာအဝေးဟာ ခြေလှမ်းအကျယ်နဲ့ ခြေလှမ်း
အရေအတွက်ရဲ့ နှစ်ထပ်ကိန်းရင်ပါ။ -
1:28 - 1:31ဒါဆို ခင်ဗျားသာ ခင်ဗျား အိမ်ရှေ့တံခါးမှ
တစ်စက္ကန့်ကို တစ်မီတာနှုန်းနဲ့ -
1:31 - 1:34ကျပန်းပုံစံမျိုး လှမ်းနေမယ်ဆိုရင်၊
-
1:34 - 1:38တစ်ကီလိုမီတာပဲရှိတဲ့ ခရီးကို
လျှောက်ဖို့ ခြေလှမ်း တစ်သန်းနဲ့ -
1:38 - 1:41ဆယ့်တစ်ရက်အထိ ကြာပါလိမ့်မယ်။
-
1:41 - 1:45ဒီတော့ နေရဲ့ ဗဟိုချက်တွင် ပေါ်ထွန်းလာတဲ့
Photon အနေနဲ့ ခင်ဗျားဆီ ရောက်ဖို့ -
1:45 - 1:47အချိန် ဘယ်လောက် ကြာမလဲ။
-
1:47 - 1:49ကျုပ်တို့က နေရဲ့ ဒြပ်ထုကို သိတော့
-
1:49 - 1:53၎င်းထဲရှိ Proton တွေရဲ့ အရေအတွက်ကို
တွက်ဖို့ သုံးနိုင်ပါတယ်။ -
1:53 - 1:58နေရဲ့ Proton တွေ အားလုံးဟာ သမမျှတစွာ
ပြန့်နှံ့တယ်လို့ ယာယီယူဆလိုက်ရင် -
1:58 - 2:05၎င်းတို့ အကြားက ပျမ်းမျှအကွာဝေးဟာ
၁.၀x၁၀^-၁၀ မီတာ ရှိပါလိမ့်မယ်။ -
2:05 - 2:11အတွင်းသားမှ နေမျက်မှာပြင်အထိ ကီလိုမီတာ
၆၉၀,၀၀၀ ကို ကျပန်း လျှောက်လှမ်းဖို့ -
2:11 - 2:18ခြေလှမ်းပေါင်း ၃.၉ x ၁၀^၃၇ လိုအပ်မှာမို့
-
2:18 - 2:22စုစုပေါင်း ခရီးသွားချိန်က
နှစ်ပေါင်း ဘီလျံ ၄၀၀ ပါ။ -
2:22 - 2:25အင်း၊ အဲဒါ မမှန်နိုင်ပါဘူး။
-
2:25 - 2:29နေရဲ့ သက်တမ်းက ၄.၆ ဘီလျံပဲ ရှိတော့...
ဘာများ မှားသွားပါလိမ့်။ -
2:29 - 2:30နှစ်ချက်ရှိပါတယ်။
-
2:30 - 2:33နေရဲ့ သိပ်သည်းမှုဟာ တကယ်တော့ တပြေးညီ
မဟုတ်နိုင်သလို -
2:33 - 2:38Photon တွေဟာ တိုက်မိတိုင်း
Proton တချို့ကို ဆုံးရှုံးခဲ့ရတာ ရှိပါတယ်။ -
2:38 - 2:41တကယ်တမ်းတော့ Photon ရဲ့ ခရီးစဉ်
တစ်လျှောက်မှာ -
2:41 - 2:44ပြောင်းလဲလျက် ရှိတတ်တဲ့
၎င်းရဲ့ စွမ်းအင်ကမှ -
2:44 - 2:46၎င်းဟာ Proton နဲ့ တိုက်မိမယ့် အလားအလာကို
ဆုံးဖြတ်ပေးပါတယ်။ -
2:46 - 2:48သိပ်သည်းမှုဆိုတဲ့ မေးခွန်းကျတော့၊
-
2:48 - 2:52ကျုပ်တို့ရဲ့ ပုံစံတွေက နေရဲ့ ဗဟိုချက်ဟာ
ပူလောင်နေတာကို ဖော်ပြကြပြီး -
2:52 - 2:54အဲဒီမှာမှ ပေါင်းစည်း ဓာတ်ပြုခြင်းတွေ
ဖြစ်ပွားတာပါ။ -
2:54 - 2:57အဲဒါကို ဝန်းရံထားတာက အပူဖြာထွက်တဲ့ ဇုန်၊
-
2:57 - 3:01နောက်တစ်ထပ်က မျက်နှာပြင် အထိရှိတဲ့
အပူလှည့်ကူးတဲ့ ဇုန် ပါ။ -
3:01 - 3:05အတွင်းသားထဲက အရာတွေဟာ ခဲသတ္တုထက်
ပိုပြီး သိပ်သည်းပေမဲ့၊ -
3:05 - 3:10မျက်နှာပြင်အနီးရှိ ပူလောင်တဲ့ ပလပ်ဇမာ
ကျတော့ သိပ်သည်းဆ တစ်သန်း လျော့နည်းပြီး -
3:10 - 3:12အဲဒီအကြားမှာကျတော့ သိပ်သည်ဆဟာ
ဆက်တိုက် ပြောင်းလဲသွားတာပါ။ -
3:12 - 3:16photon-energy ဆက်သွယ်ချက်က ဒီလိုပါ။
-
3:16 - 3:19စွမ်းအင်ပမာဏအနည်းငယ်ကို သယ်ဆောင်တဲ့
Photon တစ်လုံးအတွက်၊ -
3:19 - 3:21Proton ဆိုတာ ဧရာမ ထိရောက်မှု ရှိတတ်လို့၊
-
3:21 - 3:25အဲဒီလို photon ဟာ ပြန်ကန်ထုတ်ခံရဖို့
သိပ်ကို အလားအလာ များပါတယ်။ -
3:25 - 3:29တချိန်တည်းမှာ စွမ်းအင်မြင့် photon အတွက်
ကျပြန်တော့ ဆန့်ကျင်ဘက် အဆိုဟာ မှန်ပြီး၊ -
3:29 - 3:31အဲဒီလို Proton တွေဟာ သိပ်ကို သေးငယ်ကြတယ်။
-
3:31 - 3:34စထွက်လာကြတဲ့ photon တွေဟာ
နေရဲ့မျက်နှာပြင်မှ ၎င်းတို့ -
3:34 - 3:37နောက်ပိတ်ဆုံး ဖြာထွက်ချိန်နဲ့
နှိုင်းယှဉ်ရင် စွမ်းအင် သိပ်မြင့်မားပါတယ်။ -
3:37 - 3:42အခု ဒီပြောင်းလဲနေတဲ့ ပမာဏတွေနှင့်အတူ
ကျပန်း လမ်းလျှောက်မှု ညီမျှခြင်းကို -
3:42 - 3:46တွက်ကြည့်ရန် ကွန်ပြူတာနဲ့ ရှုပ်ထွေးလှတဲ့
နေရဲ့ အတွင်းသားပုံစံကို အသုံးပြုရင် -
3:46 - 3:52ယင်းက ၁၇၀,၀၀၀ နှစ် ဆိုတဲ့ ကိန်းဂဏန်းကို
ထုတ်ပေးပါတယ်။ -
3:52 - 3:57နေနဲ့ ဆိုင်တဲ့ အနာဂတ် တွေ့ရှိမှုတွေက
ဒီ ကိန်းကို ပိုတိကျအောင် မွမ်းမံနိုင်တယ်။ -
3:57 - 3:59ဒါပေမဲ့ ခုထိတော့.. ကျုပ်တို့ အကောင်းဆုံး
နားလည်းထားတာက၊ -
3:59 - 4:02ဒီနေ့ ကျုပ်တို့ မျက်လုံးကို
ထိမှန်နေတဲ့ အလင်းရောင်ဟာ -
4:02 - 4:08နေရဲ့ မျက်နှာပြင်သို့ ရှေ့ရှုသွားရင်း
ဟိုတိုက်ဒီတိုက်နဲ့ နှစ် ၁၇၀,၀၀၀ ကြာခဲ့ကာ၊ -
4:08 - 4:11ဟင်းလင်းပြင်ထဲ ကြာတဲ့ ရှစ်မိနစ်ကိုလည်း
အဲဒီထဲ ထည့်ပေါင်းပေးရမယ်။ -
4:11 - 4:16တနည်းအားဖြင့်၊ အဲဒီ photon ဟာ လွန်ခဲ့တဲ့
ရေခဲခေတ် နှစ်ခေတ်တုန်းက ခရီးစတင်ခဲ့လို့ -
4:16 - 4:20လူသားတွေက အဝတ်ကို စဝတ်တတ်လာကြတဲ့
အချိန်လောက်တုန်းကပါပဲ။
- Title:
- နေရောင်ခြည်ရဲ့ သက်တမ်းဟာ ကျွန်ုပ်တို့ ထင်တာထက် ပိုကြီးတယ် - Sten Odenwald
- Description:
-
သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/sunlight-is-way-older-than-you-think-sten-odenwald။
အလင်းရောင်ဟာ နေမျက်နှာပြင်မှ ကမ္ဘာထံရောက်ရှိဖို့ အချိန် ၈ မိနစ် စွန်းစွန်းကြာပါတယ်။ ဒါပေမဲ့ ဒီအလင်းဟာ နေရဲ့အတွင်းသား ထဲမှနေပြီး ၎င်းရဲ့ မျက်နှာပြင်ထံရောက်ဖို့ အချိန်ဘယ်လောက်ကြာပါသလဲ။ အံအားသင့်စရာပါပဲ၊ အဖြေက နှစ်ပေါင်း ထောင်ချီပါတယ်။ အကျိုးအကြောင်းကိုတော့ random walk ပြဿနာကို သရုပ်ဖော်လျက် Sten Odenwald ကရှင်းပြထားပါတယ်။
သင်ခန်းစာတင်ဆက်သူ- Sten Odenwald၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်- TOTEM Studio။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
Myo Aung approved Burmese subtitles for Sunlight is way older than you think - Sten Odenwald | ||
Myo Aung edited Burmese subtitles for Sunlight is way older than you think - Sten Odenwald | ||
Myo Aung accepted Burmese subtitles for Sunlight is way older than you think - Sten Odenwald | ||
Myo Aung edited Burmese subtitles for Sunlight is way older than you think - Sten Odenwald | ||
Tun Lin Aung + 1 edited Burmese subtitles for Sunlight is way older than you think - Sten Odenwald | ||
Tun Lin Aung + 1 edited Burmese subtitles for Sunlight is way older than you think - Sten Odenwald | ||
Tun Lin Aung + 1 edited Burmese subtitles for Sunlight is way older than you think - Sten Odenwald | ||
Tun Lin Aung + 1 edited Burmese subtitles for Sunlight is way older than you think - Sten Odenwald |