1 00:00:06,794 --> 00:00:10,400 အလင်းဟာ နေရဲ့မျက်နှာပြင်မှနေပြီး ကျုပ်တို့ထံရောက်ဖို့ 2 00:00:10,400 --> 00:00:13,213 တဟုန်ထိုးပြေးလာတာ ရှစ်မိနစ် ကြာတာကို ခင်ဗျားတို့ သိမှာပါ၊ 3 00:00:13,213 --> 00:00:15,116 ဒီတော့ နေရဲ့ အတွင်းသားမှ နေမျက်နှာပြင်ထံ 4 00:00:15,116 --> 00:00:18,453 ရောက်သွားဖို့ အတွက်ကော အလင်းရောင်ဟာ အချိန်ဘယ်လောက် ကြာမယ် ထင်ပါသလဲ။ 5 00:00:18,453 --> 00:00:21,539 စက္ကန့်အနည်းလား သို့မဟုတ် အများဆုံး.. တစ်မိနစ်လား။ 6 00:00:21,539 --> 00:00:25,977 ယုံကြည်ဖို့ မလွယ်ပေမဲ့၊ အဖြေကတော့ နှစ် ထောင်ပေါင်းများစွာပါ။ 7 00:00:25,977 --> 00:00:27,323 အကြောင်းရင်းက ဒီလိုပါ။ 8 00:00:27,323 --> 00:00:32,139 Photonတွေကို နေရဲ့အတွင်းပိုင်း ဗဟိုချက်မှာ နျူးကလီးယား တုံ့ပြန်မှုဖြင့် ထုတ်ပါတယ်။ 9 00:00:32,139 --> 00:00:37,564 Photonတွေဟာ ဗဟိုချက်မှ စီးထွက်ရာတွင် ရုပ် ဒြပ်နဲ့ တုံ့ပြန်ရလို့ စွမ်းအင်ဆုံးရှုံးကာ 10 00:00:37,564 --> 00:00:40,962 အလင်းရဲ့ လှိုင်းအလျား ပိုရှည်လျားလာပါတယ်။ 11 00:00:40,962 --> 00:00:43,637 အတွင်းပိုင်းမှာ ဂမ္မာရောင်ခြည်အဖြစ် စတင်ထွက်လာပေမဲ့ 12 00:00:43,637 --> 00:00:49,961 X ရောင်ခြည်၊ ခရမ်းလွန် သို့မဟုတ် မြင်နိုင် အလင်းနဲ့ မျက်နှာပြင်အနီးမှာ အဆုံးသတ်ပါတယ်။ 13 00:00:49,961 --> 00:00:54,356 သို့သော်လည်း ဒီခရီးက ရိုးရှင်းနေတာမျိုး၊ ဖြောင့်တန်းနေမျိုး မဟုတ်ပါဘူး။ 14 00:00:54,356 --> 00:01:01,712 ပေါက်ဖွားချိန်မှစလို့ Protonနဲ့ မတိုက်ခင် Photon တစ်လုံးစီဟာ တစ်စက္ကန့်မှာ ကီလိုမီတာ 15 00:01:01,712 --> 00:01:06,621 ၃၀၀,၀၀၀ နှုန်းဖြင့် ပြေးလာရင်း ပရိုတွန်နဲ့ တိုက်မိပြီး ဦးတည်ချက် ပြောင်းသွားတတ်တယ်၊ 16 00:01:06,621 --> 00:01:11,543 ကျည်ဆံမှ ပြန်ကန်သလိုပဲ ၎င်းက တိုက်မိတဲ့ လျှပ်စစ်ဆောင် အမှုန်တိုင်းမှ ကန်ထွက်တာပါ။ 17 00:01:11,543 --> 00:01:15,387 တစ်ချက်စီတိုက်ပြီးနောက် Photon ဟာ နေရဲ့ ဗဟိုမှ ဘယ်လောက် အဝေးကို ရောက်ကြောင်း 18 00:01:15,387 --> 00:01:17,251 မေးခွန်းကိုတော့ 19 00:01:17,251 --> 00:01:20,332 Random Walk ပြဿနာလို့ ခေါ်ပါတယ်။ 20 00:01:20,332 --> 00:01:22,586 အဖြေကို ဒီပုံသေနည်းဖြင့် ဖော်ပြပေးနိုင်တယ်- 21 00:01:22,586 --> 00:01:27,786 အကွာအဝေးဟာ ခြေလှမ်းအကျယ်နဲ့ ခြေလှမ်း အရေအတွက်ရဲ့ နှစ်ထပ်ကိန်းရင်ပါ။ 22 00:01:27,786 --> 00:01:31,198 ဒါဆို ခင်ဗျားသာ ခင်ဗျား အိမ်ရှေ့တံခါးမှ တစ်စက္ကန့်ကို တစ်မီတာနှုန်းနဲ့ 23 00:01:31,198 --> 00:01:33,753 ကျပန်းပုံစံမျိုး လှမ်းနေမယ်ဆိုရင်၊ 24 00:01:33,753 --> 00:01:37,835 တစ်ကီလိုမီတာပဲရှိတဲ့ ခရီးကို လျှောက်ဖို့ ခြေလှမ်း တစ်သန်းနဲ့ 25 00:01:37,835 --> 00:01:40,505 ဆယ့်တစ်ရက်အထိ ကြာပါလိမ့်မယ်။ 26 00:01:40,505 --> 00:01:45,357 ဒီတော့ နေရဲ့ ဗဟိုချက်တွင် ပေါ်ထွန်းလာတဲ့ Photon အနေနဲ့ ခင်ဗျားဆီ ရောက်ဖို့ 27 00:01:45,357 --> 00:01:47,313 အချိန် ဘယ်လောက် ကြာမလဲ။ 28 00:01:47,313 --> 00:01:49,055 ကျုပ်တို့က နေရဲ့ ဒြပ်ထုကို သိတော့ 29 00:01:49,055 --> 00:01:53,094 ၎င်းထဲရှိ Proton တွေရဲ့ အရေအတွက်ကို တွက်ဖို့ သုံးနိုင်ပါတယ်။ 30 00:01:53,094 --> 00:01:57,978 နေရဲ့ Proton တွေ အားလုံးဟာ သမမျှတစွာ ပြန့်နှံ့တယ်လို့ ယာယီယူဆလိုက်ရင် 31 00:01:57,978 --> 00:02:04,854 ၎င်းတို့ အကြားက ပျမ်းမျှအကွာဝေးဟာ ၁.၀x၁၀^-၁၀ မီတာ ရှိပါလိမ့်မယ်။ 32 00:02:04,854 --> 00:02:11,149 အတွင်းသားမှ နေမျက်မှာပြင်အထိ ကီလိုမီတာ ၆၉၀,၀၀၀ ကို ကျပန်း လျှောက်လှမ်းဖို့ 33 00:02:11,149 --> 00:02:17,730 ခြေလှမ်းပေါင်း ၃.၉ x ၁၀^၃၇ လိုအပ်မှာမို့ 34 00:02:17,730 --> 00:02:22,389 စုစုပေါင်း ခရီးသွားချိန်က နှစ်ပေါင်း ဘီလျံ ၄၀၀ ပါ။ 35 00:02:22,389 --> 00:02:24,662 အင်း၊ အဲဒါ မမှန်နိုင်ပါဘူး။ 36 00:02:24,662 --> 00:02:28,714 နေရဲ့ သက်တမ်းက ၄.၆ ဘီလျံပဲ ရှိတော့... ဘာများ မှားသွားပါလိမ့်။ 37 00:02:28,714 --> 00:02:30,255 နှစ်ချက်ရှိပါတယ်။ 38 00:02:30,255 --> 00:02:33,047 နေရဲ့ သိပ်သည်းမှုဟာ တကယ်တော့ တပြေးညီ မဟုတ်နိုင်သလို 39 00:02:33,047 --> 00:02:38,435 Photon တွေဟာ တိုက်မိတိုင်း Proton တချို့ကို ဆုံးရှုံးခဲ့ရတာ ရှိပါတယ်။ 40 00:02:38,435 --> 00:02:41,079 တကယ်တမ်းတော့ Photon ရဲ့ ခရီးစဉ် တစ်လျှောက်မှာ 41 00:02:41,079 --> 00:02:43,711 ပြောင်းလဲလျက် ရှိတတ်တဲ့ ၎င်းရဲ့ စွမ်းအင်ကမှ 42 00:02:43,711 --> 00:02:46,484 ၎င်းဟာ Proton နဲ့ တိုက်မိမယ့် အလားအလာကို ဆုံးဖြတ်ပေးပါတယ်။ 43 00:02:46,484 --> 00:02:48,070 သိပ်သည်းမှုဆိုတဲ့ မေးခွန်းကျတော့၊ 44 00:02:48,070 --> 00:02:51,707 ကျုပ်တို့ရဲ့ ပုံစံတွေက နေရဲ့ ဗဟိုချက်ဟာ ပူလောင်နေတာကို ဖော်ပြကြပြီး 45 00:02:51,707 --> 00:02:54,063 အဲဒီမှာမှ ပေါင်းစည်း ဓာတ်ပြုခြင်းတွေ ဖြစ်ပွားတာပါ။ 46 00:02:54,063 --> 00:02:56,553 အဲဒါကို ဝန်းရံထားတာက အပူဖြာထွက်တဲ့ ဇုန်၊ 47 00:02:56,553 --> 00:03:01,419 နောက်တစ်ထပ်က မျက်နှာပြင် အထိရှိတဲ့ အပူလှည့်ကူးတဲ့ ဇုန် ပါ။ 48 00:03:01,419 --> 00:03:04,996 အတွင်းသားထဲက အရာတွေဟာ ခဲသတ္တုထက် ပိုပြီး သိပ်သည်းပေမဲ့၊ 49 00:03:04,996 --> 00:03:09,621 မျက်နှာပြင်အနီးရှိ ပူလောင်တဲ့ ပလပ်ဇမာ ကျတော့ သိပ်သည်းဆ တစ်သန်း လျော့နည်းပြီး 50 00:03:09,621 --> 00:03:12,382 အဲဒီအကြားမှာကျတော့ သိပ်သည်ဆဟာ ဆက်တိုက် ပြောင်းလဲသွားတာပါ။ 51 00:03:12,382 --> 00:03:15,570 photon-energy ဆက်သွယ်ချက်က ဒီလိုပါ။ 52 00:03:15,570 --> 00:03:18,738 စွမ်းအင်ပမာဏအနည်းငယ်ကို သယ်ဆောင်တဲ့ Photon တစ်လုံးအတွက်၊ 53 00:03:18,738 --> 00:03:21,352 Proton ဆိုတာ ဧရာမ ထိရောက်မှု ရှိတတ်လို့၊ 54 00:03:21,352 --> 00:03:24,884 အဲဒီလို photon ဟာ ပြန်ကန်ထုတ်ခံရဖို့ သိပ်ကို အလားအလာ များပါတယ်။ 55 00:03:24,884 --> 00:03:28,663 တချိန်တည်းမှာ စွမ်းအင်မြင့် photon အတွက် ကျပြန်တော့ ဆန့်ကျင်ဘက် အဆိုဟာ မှန်ပြီး၊ 56 00:03:28,663 --> 00:03:30,695 အဲဒီလို Proton တွေဟာ သိပ်ကို သေးငယ်ကြတယ်။ 57 00:03:30,695 --> 00:03:33,522 စထွက်လာကြတဲ့ photon တွေဟာ နေရဲ့မျက်နှာပြင်မှ ၎င်းတို့ 58 00:03:33,522 --> 00:03:37,001 နောက်ပိတ်ဆုံး ဖြာထွက်ချိန်နဲ့ နှိုင်းယှဉ်ရင် စွမ်းအင် သိပ်မြင့်မားပါတယ်။ 59 00:03:37,001 --> 00:03:42,099 အခု ဒီပြောင်းလဲနေတဲ့ ပမာဏတွေနှင့်အတူ ကျပန်း လမ်းလျှောက်မှု ညီမျှခြင်းကို 60 00:03:42,099 --> 00:03:46,464 တွက်ကြည့်ရန် ကွန်ပြူတာနဲ့ ရှုပ်ထွေးလှတဲ့ နေရဲ့ အတွင်းသားပုံစံကို အသုံးပြုရင် 61 00:03:46,464 --> 00:03:52,436 ယင်းက ၁၇၀,၀၀၀ နှစ် ဆိုတဲ့ ကိန်းဂဏန်းကို ထုတ်ပေးပါတယ်။ 62 00:03:52,436 --> 00:03:56,732 နေနဲ့ ဆိုင်တဲ့ အနာဂတ် တွေ့ရှိမှုတွေက ဒီ ကိန်းကို ပိုတိကျအောင် မွမ်းမံနိုင်တယ်။ 63 00:03:56,732 --> 00:03:59,425 ဒါပေမဲ့ ခုထိတော့.. ကျုပ်တို့ အကောင်းဆုံး နားလည်းထားတာက၊ 64 00:03:59,425 --> 00:04:01,913 ဒီနေ့ ကျုပ်တို့ မျက်လုံးကို ထိမှန်နေတဲ့ အလင်းရောင်ဟာ 65 00:04:01,913 --> 00:04:07,562 နေရဲ့ မျက်နှာပြင်သို့ ရှေ့ရှုသွားရင်း ဟိုတိုက်ဒီတိုက်နဲ့ နှစ် ၁၇၀,၀၀၀ ကြာခဲ့ကာ၊ 66 00:04:07,562 --> 00:04:10,613 ဟင်းလင်းပြင်ထဲ ကြာတဲ့ ရှစ်မိနစ်ကိုလည်း အဲဒီထဲ ထည့်ပေါင်းပေးရမယ်။ 67 00:04:10,613 --> 00:04:15,728 တနည်းအားဖြင့်၊ အဲဒီ photon ဟာ လွန်ခဲ့တဲ့ ရေခဲခေတ် နှစ်ခေတ်တုန်းက ခရီးစတင်ခဲ့လို့ 68 00:04:15,728 --> 00:04:20,434 လူသားတွေက အဝတ်ကို စဝတ်တတ်လာကြတဲ့ အချိန်လောက်တုန်းကပါပဲ။