Return to Video

နေရောင်ခြည်ရဲ့ သက်တမ်းဟာ ကျွန်ုပ်တို့ ထင်တာထက် ပိုကြီးတယ် - Sten Odenwald

  • 0:07 - 0:10
    အလင်းဟာ နေရဲ့မျက်နှာပြင်မှနေပြီး
    ကျုပ်တို့ထံရောက်ဖို့
  • 0:10 - 0:13
    တဟုန်ထိုးပြေးလာတာ ရှစ်မိနစ်
    ကြာတာကို ခင်ဗျားတို့ သိမှာပါ၊
  • 0:13 - 0:15
    ဒီတော့ နေရဲ့ အတွင်းသားမှ နေမျက်နှာပြင်ထံ
  • 0:15 - 0:18
    ရောက်သွားဖို့ အတွက်ကော အလင်းရောင်ဟာ
    အချိန်ဘယ်လောက် ကြာမယ် ထင်ပါသလဲ။
  • 0:18 - 0:22
    စက္ကန့်အနည်းလား သို့မဟုတ်
    အများဆုံး.. တစ်မိနစ်လား။
  • 0:22 - 0:26
    ယုံကြည်ဖို့ မလွယ်ပေမဲ့၊ အဖြေကတော့
    နှစ် ထောင်ပေါင်းများစွာပါ။
  • 0:26 - 0:27
    အကြောင်းရင်းက ဒီလိုပါ။
  • 0:27 - 0:32
    Photonတွေကို နေရဲ့အတွင်းပိုင်း ဗဟိုချက်မှာ
    နျူးကလီးယား တုံ့ပြန်မှုဖြင့် ထုတ်ပါတယ်။
  • 0:32 - 0:38
    Photonတွေဟာ ဗဟိုချက်မှ စီးထွက်ရာတွင် ရုပ်
    ဒြပ်နဲ့ တုံ့ပြန်ရလို့ စွမ်းအင်ဆုံးရှုံးကာ
  • 0:38 - 0:41
    အလင်းရဲ့ လှိုင်းအလျား ပိုရှည်လျားလာပါတယ်။
  • 0:41 - 0:44
    အတွင်းပိုင်းမှာ ဂမ္မာရောင်ခြည်အဖြစ်
    စတင်ထွက်လာပေမဲ့
  • 0:44 - 0:50
    X ရောင်ခြည်၊ ခရမ်းလွန် သို့မဟုတ် မြင်နိုင်
    အလင်းနဲ့ မျက်နှာပြင်အနီးမှာ အဆုံးသတ်ပါတယ်။
  • 0:50 - 0:54
    သို့သော်လည်း ဒီခရီးက ရိုးရှင်းနေတာမျိုး၊
    ဖြောင့်တန်းနေမျိုး မဟုတ်ပါဘူး။
  • 0:54 - 1:02
    ပေါက်ဖွားချိန်မှစလို့ Protonနဲ့ မတိုက်ခင်
    Photon တစ်လုံးစီဟာ တစ်စက္ကန့်မှာ ကီလိုမီတာ
  • 1:02 - 1:07
    ၃၀၀,၀၀၀ နှုန်းဖြင့် ပြေးလာရင်း ပရိုတွန်နဲ့
    တိုက်မိပြီး ဦးတည်ချက် ပြောင်းသွားတတ်တယ်၊
  • 1:07 - 1:12
    ကျည်ဆံမှ ပြန်ကန်သလိုပဲ ၎င်းက တိုက်မိတဲ့
    လျှပ်စစ်ဆောင် အမှုန်တိုင်းမှ ကန်ထွက်တာပါ။
  • 1:12 - 1:15
    တစ်ချက်စီတိုက်ပြီးနောက် Photon ဟာ
    နေရဲ့ ဗဟိုမှ ဘယ်လောက် အဝေးကို ရောက်ကြောင်း
  • 1:15 - 1:17
    မေးခွန်းကိုတော့
  • 1:17 - 1:20
    Random Walk ပြဿနာလို့ ခေါ်ပါတယ်။
  • 1:20 - 1:23
    အဖြေကို ဒီပုံသေနည်းဖြင့်
    ဖော်ပြပေးနိုင်တယ်-
  • 1:23 - 1:28
    အကွာအဝေးဟာ ခြေလှမ်းအကျယ်နဲ့ ခြေလှမ်း
    အရေအတွက်ရဲ့ နှစ်ထပ်ကိန်းရင်ပါ။
  • 1:28 - 1:31
    ဒါဆို ခင်ဗျားသာ ခင်ဗျား အိမ်ရှေ့တံခါးမှ
    တစ်စက္ကန့်ကို တစ်မီတာနှုန်းနဲ့
  • 1:31 - 1:34
    ကျပန်းပုံစံမျိုး လှမ်းနေမယ်ဆိုရင်၊
  • 1:34 - 1:38
    တစ်ကီလိုမီတာပဲရှိတဲ့ ခရီးကို
    လျှောက်ဖို့ ခြေလှမ်း တစ်သန်းနဲ့
  • 1:38 - 1:41
    ဆယ့်တစ်ရက်အထိ ကြာပါလိမ့်မယ်။
  • 1:41 - 1:45
    ဒီတော့ နေရဲ့ ဗဟိုချက်တွင် ပေါ်ထွန်းလာတဲ့
    Photon အနေနဲ့ ခင်ဗျားဆီ ရောက်ဖို့
  • 1:45 - 1:47
    အချိန် ဘယ်လောက် ကြာမလဲ။
  • 1:47 - 1:49
    ကျုပ်တို့က နေရဲ့ ဒြပ်ထုကို သိတော့
  • 1:49 - 1:53
    ၎င်းထဲရှိ Proton တွေရဲ့ အရေအတွက်ကို
    တွက်ဖို့ သုံးနိုင်ပါတယ်။
  • 1:53 - 1:58
    နေရဲ့ Proton တွေ အားလုံးဟာ သမမျှတစွာ
    ပြန့်နှံ့တယ်လို့ ယာယီယူဆလိုက်ရင်
  • 1:58 - 2:05
    ၎င်းတို့ အကြားက ပျမ်းမျှအကွာဝေးဟာ
    ၁.၀x၁၀^-၁၀ မီတာ ရှိပါလိမ့်မယ်။
  • 2:05 - 2:11
    အတွင်းသားမှ နေမျက်မှာပြင်အထိ ကီလိုမီတာ
    ၆၉၀,၀၀၀ ကို ကျပန်း လျှောက်လှမ်းဖို့
  • 2:11 - 2:18
    ခြေလှမ်းပေါင်း ၃.၉ x ၁၀^၃၇ လိုအပ်မှာမို့
  • 2:18 - 2:22
    စုစုပေါင်း ခရီးသွားချိန်က
    နှစ်ပေါင်း ဘီလျံ ၄၀၀ ပါ။
  • 2:22 - 2:25
    အင်း၊ အဲဒါ မမှန်နိုင်ပါဘူး။
  • 2:25 - 2:29
    နေရဲ့ သက်တမ်းက ၄.၆ ဘီလျံပဲ ရှိတော့...
    ဘာများ မှားသွားပါလိမ့်။
  • 2:29 - 2:30
    နှစ်ချက်ရှိပါတယ်။
  • 2:30 - 2:33
    နေရဲ့ သိပ်သည်းမှုဟာ တကယ်တော့ တပြေးညီ
    မဟုတ်နိုင်သလို
  • 2:33 - 2:38
    Photon တွေဟာ တိုက်မိတိုင်း
    Proton တချို့ကို ဆုံးရှုံးခဲ့ရတာ ရှိပါတယ်။
  • 2:38 - 2:41
    တကယ်တမ်းတော့ Photon ရဲ့ ခရီးစဉ်
    တစ်လျှောက်မှာ
  • 2:41 - 2:44
    ပြောင်းလဲလျက် ရှိတတ်တဲ့
    ၎င်းရဲ့ စွမ်းအင်ကမှ
  • 2:44 - 2:46
    ၎င်းဟာ Proton နဲ့ တိုက်မိမယ့် အလားအလာကို
    ဆုံးဖြတ်ပေးပါတယ်။
  • 2:46 - 2:48
    သိပ်သည်းမှုဆိုတဲ့ မေးခွန်းကျတော့၊
  • 2:48 - 2:52
    ကျုပ်တို့ရဲ့ ပုံစံတွေက နေရဲ့ ဗဟိုချက်ဟာ
    ပူလောင်နေတာကို ဖော်ပြကြပြီး
  • 2:52 - 2:54
    အဲဒီမှာမှ ပေါင်းစည်း ဓာတ်ပြုခြင်းတွေ
    ဖြစ်ပွားတာပါ။
  • 2:54 - 2:57
    အဲဒါကို ဝန်းရံထားတာက အပူဖြာထွက်တဲ့ ဇုန်၊
  • 2:57 - 3:01
    နောက်တစ်ထပ်က မျက်နှာပြင် အထိရှိတဲ့
    အပူလှည့်ကူးတဲ့ ဇုန် ပါ။
  • 3:01 - 3:05
    အတွင်းသားထဲက အရာတွေဟာ ခဲသတ္တုထက်
    ပိုပြီး သိပ်သည်းပေမဲ့၊
  • 3:05 - 3:10
    မျက်နှာပြင်အနီးရှိ ပူလောင်တဲ့ ပလပ်ဇမာ
    ကျတော့ သိပ်သည်းဆ တစ်သန်း လျော့နည်းပြီး
  • 3:10 - 3:12
    အဲဒီအကြားမှာကျတော့ သိပ်သည်ဆဟာ
    ဆက်တိုက် ပြောင်းလဲသွားတာပါ။
  • 3:12 - 3:16
    photon-energy ဆက်သွယ်ချက်က ဒီလိုပါ။
  • 3:16 - 3:19
    စွမ်းအင်ပမာဏအနည်းငယ်ကို သယ်ဆောင်တဲ့
    Photon တစ်လုံးအတွက်၊
  • 3:19 - 3:21
    Proton ဆိုတာ ဧရာမ ထိရောက်မှု ရှိတတ်လို့၊
  • 3:21 - 3:25
    အဲဒီလို photon ဟာ ပြန်ကန်ထုတ်ခံရဖို့
    သိပ်ကို အလားအလာ များပါတယ်။
  • 3:25 - 3:29
    တချိန်တည်းမှာ စွမ်းအင်မြင့် photon အတွက်
    ကျပြန်တော့ ဆန့်ကျင်ဘက် အဆိုဟာ မှန်ပြီး၊
  • 3:29 - 3:31
    အဲဒီလို Proton တွေဟာ သိပ်ကို သေးငယ်ကြတယ်။
  • 3:31 - 3:34
    စထွက်လာကြတဲ့ photon တွေဟာ
    နေရဲ့မျက်နှာပြင်မှ ၎င်းတို့
  • 3:34 - 3:37
    နောက်ပိတ်ဆုံး ဖြာထွက်ချိန်နဲ့
    နှိုင်းယှဉ်ရင် စွမ်းအင် သိပ်မြင့်မားပါတယ်။
  • 3:37 - 3:42
    အခု ဒီပြောင်းလဲနေတဲ့ ပမာဏတွေနှင့်အတူ
    ကျပန်း လမ်းလျှောက်မှု ညီမျှခြင်းကို
  • 3:42 - 3:46
    တွက်ကြည့်ရန် ကွန်ပြူတာနဲ့ ရှုပ်ထွေးလှတဲ့
    နေရဲ့ အတွင်းသားပုံစံကို အသုံးပြုရင်
  • 3:46 - 3:52
    ယင်းက ၁၇၀,၀၀၀ နှစ် ဆိုတဲ့ ကိန်းဂဏန်းကို
    ထုတ်ပေးပါတယ်။
  • 3:52 - 3:57
    နေနဲ့ ဆိုင်တဲ့ အနာဂတ် တွေ့ရှိမှုတွေက
    ဒီ ကိန်းကို ပိုတိကျအောင် မွမ်းမံနိုင်တယ်။
  • 3:57 - 3:59
    ဒါပေမဲ့ ခုထိတော့.. ကျုပ်တို့ အကောင်းဆုံး
    နားလည်းထားတာက၊
  • 3:59 - 4:02
    ဒီနေ့ ကျုပ်တို့ မျက်လုံးကို
    ထိမှန်နေတဲ့ အလင်းရောင်ဟာ
  • 4:02 - 4:08
    နေရဲ့ မျက်နှာပြင်သို့ ရှေ့ရှုသွားရင်း
    ဟိုတိုက်ဒီတိုက်နဲ့ နှစ် ၁၇၀,၀၀၀ ကြာခဲ့ကာ၊
  • 4:08 - 4:11
    ဟင်းလင်းပြင်ထဲ ကြာတဲ့ ရှစ်မိနစ်ကိုလည်း
    အဲဒီထဲ ထည့်ပေါင်းပေးရမယ်။
  • 4:11 - 4:16
    တနည်းအားဖြင့်၊ အဲဒီ photon ဟာ လွန်ခဲ့တဲ့
    ရေခဲခေတ် နှစ်ခေတ်တုန်းက ခရီးစတင်ခဲ့လို့
  • 4:16 - 4:20
    လူသားတွေက အဝတ်ကို စဝတ်တတ်လာကြတဲ့
    အချိန်လောက်တုန်းကပါပဲ။
Title:
နေရောင်ခြည်ရဲ့ သက်တမ်းဟာ ကျွန်ုပ်တို့ ထင်တာထက် ပိုကြီးတယ် - Sten Odenwald
Description:

သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/sunlight-is-way-older-than-you-think-sten-odenwald။

အလင်းရောင်ဟာ နေမျက်နှာပြင်မှ ကမ္ဘာထံရောက်ရှိဖို့ အချိန် ၈ မိနစ် စွန်းစွန်းကြာပါတယ်။ ဒါပေမဲ့ ဒီအလင်းဟာ နေရဲ့အတွင်းသား ထဲမှနေပြီး ၎င်းရဲ့ မျက်နှာပြင်ထံရောက်ဖို့ အချိန်ဘယ်လောက်ကြာပါသလဲ။ အံအားသင့်စရာပါပဲ၊ အဖြေက နှစ်ပေါင်း ထောင်ချီပါတယ်။ အကျိုးအကြောင်းကိုတော့ random walk ပြဿနာကို သရုပ်ဖော်လျက် Sten Odenwald ကရှင်းပြထားပါတယ်။

သင်ခန်းစာတင်ဆက်သူ- Sten Odenwald၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်- TOTEM Studio။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed

Burmese subtitles

Revisions